Tuesday, April 15, 2014

နိုင်ငံခြားဖြစ်အရက်များ အတုပြုလုပ်ကာ လိမ်လည်ရောင်းချသူအား ဖမ်းဆီးအရေးယူ

Tuesday, April 15, 2014




ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် သန်လျင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် နိုင်ငံခြားဖြစ် အရက်များအတုပြုလုပ်ကာ လိမ်လည်ရောင်းချနေ
ကြောင်း၊ နိုင်ငံခြားဖြစ်အရက်နှင့်ဘီယာများ လက်ဝယ်ထားရှိဖြန့်ဖြူးရောင်းချ
နေကြောင်းသတင်းအရ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၃) ရပ်ကွက်၊ ဗိုလ်ဗလလမ်း၊ အမှတ်(၁၀၆)နေ ဒေါ်ကြည်ဝင်း၊ (၅၉)နှစ်၊ (ဘ)ဦးတင်အေး
၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ နေအိမ်ခြေရင်းစတိုခန်းအတွင်းမှ
နိုင်ငံခြားဖြစ် အရက်အတုများပြုလုပ်ရာတွင် အသုံးပြုသည့် နိုင်ငံခြားဖြစ်
အရက်တံဆိပ်မျိုးစုံပါပုလင်းခွံ(၃၄၀)လုံး၊ အရက်ရောစပ်ရာတွင် အသုံးပြု သည့် လီတာအမှတ်အသားများပါ ပုလင်းခွံ(၂၀)လုံး၊ အတုပြုလုပ်ထားသည့်
အရက်များ၊ နိုင်ငံခြားဖြစ် အရက်ပုလင်းတံဆိပ်မျိုးစုံပါ ကတ်တူဘူးခွံများ၊
ဂျော်နီဝေါကားအရက်တံဆိပ်စာရွက်ကြီးနှင့် အ၀ါရောင်အမှတ်တံဆိပ်
(၃၂၀၀)ခု၊ A-2 Tax Paid စာတမ်းပါ အကောက်ခွန်စာရွက်ငယ်(၂၀၀)ခု၊ ပါကင်ပိတ်ရာတွင်အသုံးပြုသည့် Gun (၂)ခု၊ ကော်ချောင်း(၅)ချောင်း၊ ခဲတို့ရာတွင်အသုံးပြုသည့် ဂေါက်တံ(၁)ချောင်း၊ ရေစစ်၊ ကန်တော့များနှင့် အကောက်ခွန်မဲ့ ဟန်နီကယ်ဘီယာ(၄၈၀)ဖာ၊ ချီးယားဘီယာ(၁၅)ဖာတို့ကို
တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ထိုသို့သိမ်းဆည်းရမိသဖြင့် ဒေါ်ကြည်ဝင်းကို သန်လျင်မြို့မရဲစခန်း
(ပ)၂၅၇/၂၀၁၄၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့်လည်းကောင်း၊ (ပ)၂၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၂၀/၄၆၈ ဖြင့်လည်းကောင်း အမှုများ ဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

 
Twitter Bird Gadget