မြန်မာနိုင်ငံနှင့်အတူ သင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲလျက်ရှိသော
အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရေသဘင်ပွဲတော်စတင်ကျင်းပသည့် ပထမ ၃
ရက်မြောက်နေ့မှာပင် မော်တော်ယဉ်မတော်မဆ မှုများကြောင့် လူ ပေါင်း ၁၆၁ ဦး
သေဆုံးကာ ၊ ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
ရေသဘင်ပွဲတော်ကိုဆင်နွှဲလေ့ရှိသော ဧပြီလ၏ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်းကို
အန္တရာယ်ရက်များအဖြစ်သတ်မှတ်ကာ ယဉ်မတော်တဆမှုများလျော့ချနိုင်ရန်အတွက်
ဆောင်ရွက်ခဲ့သော်လည်း ယမန်နေ့ တစ်ရက် တည်းမှာပင် ယဉ်မတော်တဆမှုများကြောင့်
လူပေါင်း ၅၉ ဦးသေဆုံးကာ ၇၄၇ ဦးဒဏ်ရာရရှိခဲ့သည်။ သင်္ကြန် (ဆွန်ခရမ်)
ပွဲတော်ကျင်းပစဉ်အတွင်းဖြစ်ပွားခဲ့သော ယဉ်မတော်တဆမှုများ၏ အဓိက
အကြောင်းအရင်းများမှာ အရက်သေစာသောက်စားမောင်းနှင်ခြင်းနှင့်
အရှိန်ပြင်းမောင်းနှင်ခြင်းကြောင့်ဟုသိရသည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဌာန
၏ထုတ်ပြန်ချက်များအရ ဆွန်ခရမ် (သင်္ကြန်) ပွဲတော်စတင်ကျင်းပသည့်နေ့မှ စတင်ကာ
ပထမ ၃ ရက်အတွင်းယဉ်မတော်တဆမှုပေါင်း ၁၅၃၉ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၁
ဦးသေဆုံးကာ ၁၆၄၀ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယဉ်မတော်တဆမှုများ၏ အဓိက
အကြောင်းအရင်းအဖြစ် အရက်သေစာ သောက်စားမှုက ၄၂.၃၈ ရာခိုင်နှုန်းဖြင့်
ရပ်တည်လျက်ရှိပြီး အရှိန်လွန်မောင်း နှင်မှုကြောင့်ဖြစ်ပွားရသည့်
ယဉ်မတော်တဆမှုများမှာ ၂၃.၉၅ ရာခိုင်နှုန်းဖြစ်သည်။ ဒါ့အပြင်
ယဉ်မတော်တဆမှုများ၏ ၇၆.၃၅ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်
ကယ်များနှင့်ပတ်သတ်မှုများရှိနေပြီး ၁၄.၈၁ ရာခိုင်နှုန်းမှာ
ကုန်တင်ယဉ်များနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Monday, April 14, 2014
ယဉ်မတော်တဆမှုများကြောင့် ၁၆၁ ဦးသေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိထားသည့် ထိုင်းသင်္ကြန်ပွဲတော်
Tuesday, April 15, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment