အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော် Kabul Museum အဝင် ခန်းမထဲက မြသပိတ်တော်ကြီးဟာ…
ဘုရားဖူး တရုတ်ဘုန်းတော်ကြီး Fa Hien နဲ့ Hiuen Tsang တို့အပြင် …
တခြား ၃ ရာစုနဲ့ ၉ ရာစုလောက်တွေဆီက ဘုရားဖူးခရီးသည်တွေရဲ့ မှတ်တမ်းနဲ့ …
သူတို့ရဲ့ မျက်မြင်တွေ့ရှိခဲ့တဲ့မှတ်တမ်းများအရ ဗုဒ္ဓရဲ့ သပိတ်တော်ကြီးဆိုတာ သေချာသလောက်ဖြစ်နေပါတယ်…။
၂၀၀၁ နှစ်မှာ မွတ်ဆလင် အကြမ်းဖက်တာလီဘန်တွေဟာ …
ဘာမီယန်တောင်ကြားက ကမ္ဘာ့ အကြီးဆုံးရပ်တော်မူနှစ်ဆူကို …
အချိန်ကြာမြင့်စွာ အခက်အခဲအမျိုးမျိုး ခေတ်မီ ဖေါက်ခွဲရေးပညာရှင် များ …ပစ္စည်းကရိယာများနဲ့ဖျက်ဆီးခဲ့တာအောင်မြင်တာနဲ့ တဆက်ထဲ …
မြို့တော် ကဘူး Kabul ရှေးဟောင်းပြတိုက်ထဲက ဗုဒ္ဓအမွေအနှစ်များကို ဖျက်ဆီးဖို့အမိန်ထုတ်ပြီး စိတ်တိုင်းကျ အစဖျောက်ခဲ့ပေမဲ့…
ပြတိုက်ရဲ့ ဝင်ဝင်ခြင်း လူအများ စိတ်အဝင်စားဆုံးဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ သပိတ်တော်ကို ဘယ်လိုမှ ဖျက်ဆီးလို့ မရခဲ့ပါဘူး…ဒါကြောင့်လည်း ပြတိုက်ထဲမှာ ယနေ့ထိကျန်ရှိနေရတာဖြစ်ပါတယ်…။
သပိတ်တော်ဟာ အရွယ်အစားအားဖြင့် အတော်အသင့်ကြီးမားပါတယ်…။
စက်ဝိုင်းခြမ်းပုံ ကျောက်တစ်တုံးထဲဖြစ်ပြီး …
စိမ်းညိုရောင် ဂရက်နိုက် (Granite) ကျောက်သားမျိုးပါ…။
၅.၇ ပေ …အချင်းရှိပြီး
အနားက ပျမ်းမျှ ၁၈ စင်တီမီတာ…ရှိပါသတဲ့…။
သပိတ်တော်ရဲ့ အလယ်နဲ့ အောက်ခြေတွေက ပိုထူပါသတဲ့…။
ကွဲကြောင်း အက်ကြောင်း အပွန်းအပဲ့ တစ်စက်မှ မရှိပါဘူးတဲ့...။
ဒါပေမဲ့...အနားစွန်းတွေမှာ လက်တဝါးစာ မသိမသာ အရာထင်နေတာတွေတော့ ဖျော့ဖျော့လေးတွေ့နိုင်ပါသတဲ့…။
အောက်ခြေကတော့ လှပတဲ့ ပဒုံမာကြာငုံသလို ပုံဖေါ်ထားပါသတဲ့…။
ကိုယ်ထည်မှာ ကိုရမ်ကျမ်းစာ ၆တန်းလောက် ရေးထိုးခြင်းခံထားရပါသတဲ့…။
အတွင်းဘက်မှာလည်း တချို့စာပိုဒ်များ ရေးသွင်းထားပါသတဲ့…။
သပိတ်တော်ဟာ ၃၅၀-၄၀၀ကီလို လောက်လေးတာမို့ မ ယူဖို့ မလွယ်လှပါဘူးတဲ့…။
သုတေသီတွေရဲ့ အဆိုအရ… အစ္စလာမ်မစ် အုပ်စိုးသူများဟာ သပိတ်တော်ကို …
နန်းတော်တစ်ခုကနေ တစ်ခု… ဗလီတစ်ခုကနေတစ်ခုပြောင်းရွှေ့ခဲ့ကြပြီး …
ကိုရမ်ကျမ်းစာရေးသွင်းခဲ့ကြကြောင်း… ၁၉ရာစုခေတ်တွေဆီက ဗြိတိသျှအရာရှိတွေတောင် မြင်ခဲ့ဘူး ဘာသာပြန်ဖို့ ကြိုးစားခဲ့ဘူးတယ်လို့ဆိုပါတယ်…။
၁၉၈၀ အာဖဂန် ပြည်တွင်းစစ်အပြီးမှာ သမ္မတ Najibullah က Kandahar မှာရှိတဲ့ Sultan Ways Baba ရဲ့ နန်းတော်ကနေ ကဘူးပြတိုက်ထဲကို ပြောင်းခဲ့ခြင်းပါ…။
အခု အိန္ဒိယအစိုးရက ပြန်ပေးဖို့တောင်းဆိုနေသလို… နီပေါနိုင်ငံသားများကလည်း သူတို့ပိုင်ဆိုင်လိုကြလို့ အရေးဆိုနေကြပါပြီ…။

0 comments:
Post a Comment