၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်၊ လေယာဉ်ကွင်းအတွင်း Golden Myanmar Air Way (GMA) လေကြောင်းမှ လေယာဉ်အမှတ် XY-AGT ၊ လေယာဉ်အမျိုးအစား A-320 သည် Push Backယာဉ်ဖြင့်တွန်း၍နေရာရွှေ့ပြောင်းရန်
ဆောင်ရွက်စဉ်ဘီးလိမ့်သွားပြီး လေယာဉ်ဦးပိုင်းဖြင့် အနီးတွင်
ရပ်ထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI)၊
လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်၏ ယာဘက်နောက်ပိုင်းတံခါးနေရာအား ၀င်ရောက်တိုက်မိခဲ့ပါသည်။
အဆိုပါလေယာဉ်တိုက်မိမှုကြောင့် GMA လေယာဉ်၏ဦးပိုင်းနှင့် MAI လေယာဉ်၏ယာဘက် နောက်ပိုင်းတံခါးတို့ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment