Saturday, April 13, 2014
တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံစဉ် နိုင်ငံတော် က
တရားမ၀င်သတ်မှတ်ထားတဲ့ လူမျိုးနာမည်ကို ပြော ဆိုတာကြောင့်
ကောက်ခံခြင်းမပြုဘဲ ချန်ထားခဲ့သူတွေကို လာမယ့်နှစ်လအတွင်း နိုင်ငံတော်က
တရားဝင်လက်ခံ ထားတဲ့ တခြားလူမျိုးစုအမည်နဲ့ ပြန်လည်ထည့်သွင်းမယ် ဆိုရင်
ဆောင်ရွက်ပေးသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက
ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်က တရားမ၀င်လို့
သတ်မှတ်ထားတဲ့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုအမည်ကို ထည့်သွင်းလိုသူတွေကို
စာရင်းကောက်ခံခြင်းမပြုဘဲ ချန်ထားခဲ့တာကို အခွင့်အရေးပြန်ပေးတာဖြစ်တယ်လို့
လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်
ဦးမြင့်ကြိုင်က ပြောပါတယ်။
"ခင်ဗျားတို့ လက်ရှိ လူမျိုးအမည်မှန်ကို ရေးရင်ရေး၊ မရေးရင် ကျနော်တို့
မရေးသွင်းဘူးလို့ပြောတယ်၊ လူမျိုးအမည်မှန်ကို တကယ်လို့ သူတို့ကမရေးရင်
သန်းခေါင်စာရင်းဥပဒေအရ အရေးယူရတော့မယ်၊ အရေးယူရတော့မည်ဆိုရင် ကျနော်တို့
တိုင်းသူပြည်သားတွေအများကြီး အရေးယူခံရမည့် အနေအထားရှိတယ်၊ ဒါ့ကြောင့်
ရိုဟင်ဂျာလို့ ပြောတဲ့လူတွေကို ကျနော်တို့က ကျော်သွားခဲ့တယ်၊ အဲဒီဟာတွေကို
သူတို့ကို ပြန်ပြီးစဉ်းစားဖို့ အချိန်ပေးထားတယ်၊ တချို့လည်း
သန်းခေါင်စာရင်းကောက် ပြီးသွားပေမဲ့ သန်းခေါင်စာရင်း
ကွပ်ကဲမှုရုံးတွေမှာလာပြီးတော့ သူတို့ကို ဘင်္ဂါလီအနေနဲ့ပဲ ကောက်ခံပါဆိုပြီး
သူတို့ရဲ့အထောက်အထားတွေပြပြီး ဘင်္ဂါလီအနေနဲ့ စာရင်းသွင်းနေတဲ့
အိမ်ထောင်စုတွေလည်း သွင်းနေတယ်၊ အဲဒါကို ကျနော်တို့ ၆ ပတ်ကနေ၊ ဂ ပတ်အထိ
သည်းခြင်းခံပြီး စောင့်ပြီးယူနေတယ်"
အလားတူ တချို့ပြည်နယ်တွေမှာ လုံခြုံရေးအရ စာရင်းကောက်ခံခြင်းမပြုနိုင်တဲ့
ဒေသတွေအတွက်လည်း သန်းခေါင်စာရင်း ဆက်လက်ကောက်ခံနိုင်ဖို့
အချိန်ပေးထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
Sunday, April 13, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment