Saturday, April 12, 2014
ဘန်ကောက်မြို့ ဆူကူဗစ် ၁၅ လမ်းတွင် ရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင်
တစ်ခုမှ ပတ်စပို့နှင့် ၀တ် ပါမစ် အပြည့် အစုံရှိသည့် မြန်မာ
အလုပ်သမား၆ဦးအား ယမန်နေ့က နယ်မြေပုလိပ်များ ဖမ်းဆီးခဲ့ရာ
တစ်ဦးလျှင်ဘတ်ငါးသောင်းပေးမှ ပြန်လွှတ်ပေး မည်ဟု ပြောဆိုကြောင်းသိရသည်။
ပန်းရံအလုပ်လုပ်နေကြသည့် ချစ်ကိုကို၊ ဦးကြည်ခင်၊ ဦးမြင့်ဦး၊
စိုးမိုးအောင်၊ ကိုဦး၊ မသိန်းသိန်းအေး၊ တို့အား ယမန်နေ့ နေလည် ၁နာရီ ခန့်က
လုမ္ဗဏီ ရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အတူတူဖမ်းဆီးခံခဲ့ရသော်လည်း
၂နှစ် အရွယ် ကလေးရှိသဖြင့်ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မသင်းသင်းမွှေး
ကပြောသည်။
“သမီးတို့မှာ ဘတ် တစ်သောင်းအကုန်ခံပြီး ပတ်စပို့နဲ့ဝတ်ပါမစ်စာအုပ်လုပ်
ထားတယ်၊ ပုလိပ်လည်းဖမ်းတယ်၊ နယ်ကျော်စာရွက်မလုပ်ထားဘူး၊ သူဌေး က
အကြောင်းကြားထားတာမရှိဘူးဆိုပြီး ဖမ်းတယ်လို့ ပြောပါတယ်။
တစ်ယောက်ကိုဘတ်ငါးသောင်းမပေးရင် ထောင်၄၈ ရက်ချမယ်လို့ပြောတယ်။
မြန်မာသံရုံးကလည်းအကူညီမပေးဘူး။ ပန်းရံဆိုဒ် သူဌေးကလည်းဘာမှ မကူညီဘူး”
ဟုပြောသည်။
အလုပ်သမားများဖမ်းဆီးငွေညှစ်ခံရခြင်းနှင့် ပတ်သက်၍ဘန်ကောက်
မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT
အတွင်းရေးမှူး ကိုခိုင်ကြီး က“တရားဝင်အလုပ်သမားတစ်ယောက်ကိုဖမ်းတာနဲ့
မြန်မာသံရုံး
ကလိုက်လံဖြေရှင်းပြီးတော့ထိုင်းအလုပ်သမားဝန်ကြီး၊ထိုင်းရဲချုပ်နဲ့ထိုင်းအစိုးရ
တို့ကို အသိပေးရမယ်၊ နေ့တိုင်းဖမ်းရင် နေ့တိုင်းအစိုးရချင်းစ
ကားပြောရမယ်။ ဒါမှထိုင်းပုလိပ် တွေဟာ မြန်မာအလုပ်သမားတွေကို မြန်မာအစိုးရက
သတိ ထားစောင့်ကြည့်နေတယ်၊
ငါတို့ဖမ်းစားချင် တိုင်းဖမ်းစားလို့ မဖြစ်တော့ဘူး။ မျက်နှာပူစရာဖြစ်မယ်
ဆိုတဲ့အသိမျိုးဝင်အောင် မြန်မာသံရုံးက လုပ်ပြဖို့လိုနေ ပြီ။ မဟာချိုင်မှာ
ပုလိပ်ဖမ်းစားတာကို ကျနော်တို့အဖွဲ့ ဓါတ်ပုံနဲ့ VDO ရိုက်ပြီး တော့
သံရုံးနဲ့ပူးပေါင်းပြီး ထိုင်းရဲဌာနချုပ်ကို တင်ပြဖူး တယ်၊ ဆန္ဒပြပွဲနဲ့
တိုက် ဆိုင်သွားလို့ထင်တယ်၊ အရေးယူတာမတွေ့ရဘူး။” ဟုပြောသည်။
ထိုင်းအလုပ်သမားဥပဒေတွင် အလုပ်လုပ်ခွင့်ပါမစ်ပါ အတိုင်းအလုပ်
လုပ်ရမည်ဖြစ်သည်။ အပြောင်း အရွှေ့ကိစ္စများကို လုပ်ငန်းရှင်အသစ်က လုပ်
ရမည်ဖြစ်သည်။ အလုပ်လုပ်ခွင့်ကို အလုပ်သမားပြောင်းလို၍ ပြောင်းလို့မရ
ပေ။ အလုပ်ရှင်က နယ်မြေအလုပ်သမားရုံးတွင် ပြောင်းရမည်ဖြစ်သည်။
စာရွက်စာတမ်းပြောင်း ရွှေ့ထားခြင်းမရှိခြင်းမှာ အလုပ်သမားအပြစ်မဟုတ်ပဲ
အလုပ်သမားကိုခိုင်းစေနေသည့် လုပ်ငန်းရှင်တွင်သာ တာဝန်ရှိပါသည်။ သို့ရာတွင်
ထိုင်းပုလိပ်များ ထိုင်းနိုင်ငံတွင် ကျင့်သုံးနေသည့်မူမှာ သူဌေးမှား လည်း
မြန်မာအလုပ်သမားခံ၊ အလုပ်သမားမှားလည်းအလုပ်သမားခံ၊ ပတ်စပို့
ရှိလည်းဖမ်းစားမှာပဲ ဟူ၍ဖြစ်နေလေသည်။
Saturday, April 12, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment