Wednesday, April 30, 2014

အမြန်လမ်းမကြီးတွင် အမြန်နှုန်းတိုင်း ကိရိယာများ တပ်ဆင်


ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ယဉ်အန္တရာယ် လျော့နည်းရေးကို ရည်ရွယ်ပြီး အမြန်နှုန်းတိုင်း ကိရိယာများကို တပ်ဆင်နေတာဆိုရင်ဖြင့် ယနေ့ဆိုရင် အမြန်လမ်းမကြီးရဲ့ ရန်ကုန် - နေပြည်တော်
အခြမ်းမှာ ၁၀ ခု တပ်ဆင်လို့ ပြီးသွားပြီ ဖြစ်ပါတယ်။ နေပြည်တော် - မန္တလေး အခြမ်းမှာတော့ နောက်ထပ် ၁၀ ခုကို ယနေ့ ဆက်လက်တပ်ဆင်သွားဖို့ ရှိတယ်လို့ Ygn News ကို ကိုညီညီအေးက facebook မှ သတင်းပေးပို့လာပါတယ်။
ဆက်လက်ပြီး ကိုညီညီအေးမှ ယခင်ကလည်း ယခုကဲ့သို့ ၈ခု တပ်ဆင်ဖူးကြောင်း၊ ၎င်းတို့အနက်မှ နှစ်ခုခန့်က ဘတ္တရီများ ခိုးယူခံရဖူးကြောင်း အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

အရင်​တုန်းက ၈​နေရာ အစမ်းတပ်​ဖူး​သေးတယ်
၂​နေရာ​လောက်​က ဘက်​ထရီ ဖြုတ်​ခိုးခံရတယ်

၎င်း ကိရိယာများ အလုပ်လုပ်ပုံကိုလည်း Ygn News မှ ဆက်လက်၍ မေးမြန်းခဲ့ပါတယ်။ ၎င်း အမြန်နှုန်းတိုင်း ကိရိယာများမှာ ၎င်းတို့ကို တပ်ဆင်ထားသည့်နေရာသို့ ကားမရောက်မီ မီတာ ၁၀၀ ခန့်ကပင် မိုက်ခရိုဝေ့ဗ် (micro wave) ထုတ်လွှတ်ပြီး အမြန်နှုန်းကို တိုင်းတာနိုင်ကြောင်း၊ ကား၏ အမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၀၀ အထက်ကျော်ပါက အမြန်နှုန်း ဒိုင်ခွက်တွင် အနီရောင်ဖြင့် ပြသမည်ဖြစ်ပြီး ၁၀၀ အောက်ဆိုပါက အစိမ်းရောင်ဖြင့် ပြသမည်ဟု သိရပါသည်။

တစ်နာရီ ကီလိုမီတာ ၁၀၀ အထက်ကျော်လွန်သေား ကားများကို အရေးယူရန် ရှိ/မရှိ မေးမြန်ခဲ့ရာ

ရှိပါတယ်​ ၁၀၀​ကျော်​​မောင်းသွားရင်​ နီးစပ်​ရာ toll gate က ​စောင့်​ဖမ်းပါတယ်
လော​လောဆယ်​ ​တော့ အမြဲတန်းမဟုတ်​​သေးဘူး​ပေါ့
ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
အမြန်နှုန်းများကို ၃ လအထိ နေ့စွဲနှင့် အချိန်အလိုက် မှတ်သားထားပေးနိုင်မှာ ဖြစ်ပြီးတော့ မှတ်သားထားတဲ့ အမြန်နှုန်းစာရင်းကို computer မှတစ်ဆင့် ပြန်လည် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။





0 comments:

Post a Comment

 
Twitter Bird Gadget