Wednesday, April 30, 2014

၂ဝ၁၄ ရန်ကုန်မီးမပျက်ဖို့ ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ အာမခံလိုက်ပြီ


၂ဝ၁၄ နွေရာသီတင်မက နှစ်ကုန်အထိ လျှပ်စစ်မီး ၂၄နာရီ အပြည့်အဝရဖို့ စီမံကိန်းတွေရှိတာကြောင့် ရန်ကုန် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးက မီးမပျက်တော့ဘူးလို့ အာမခံလိုက်ပါတယ်။ တကယ်ပဲ ရန်ကုန်မှာ မီးမပျက်ခဲ့ဘူးလား။

စက်မှုဇုန်တွေ၊ ရေခဲစက်နဲ့ အအေးခန်းစက်ရုံတွေအပါအဝင် ဘာသာရေး အဆောက်အဦးနဲ့ ဆေးရုံတွေကိုပါ ဒီနှစ် မီးအပြည့်အဝပေးနိုင်မယ်လို့ ဧပြီလ ၂၉ရက်နေ့က စက်ရုံပိုင်ရှင်တွေနဲ့ လျှပ်စစ်ဖြန့်ဖြူးရေးဌာနတို့ တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။

ပို့ကုန်လုပ်ငန်းတွေဖြစ်တဲ့ အအေးခန်းစက်ရုံတွေ လျှပ်စစ်မီးအပြည့်အဝရဖို့ အဓိကကျနေတာကြောင့် ဒီလို အပြည့်အဝရဖို့ အာမခံခဲ့ပြီး ယူနစ်အလိုက် လျှပ်စစ်ဓာတ်အားခကို ၁ဝရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ၂ဝ၁၅မှာတော့ ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွေက နှစ်ရှည်စီမံကိန်းအဖြစ်ရှိနေပြီး ပြည်ပကနေ ဓာတုဓာတ်ငွေ့တစ်မျိုးကိုဝယ်ပြီး မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့အဖြစ် ထုတ်ယူဖို့ ကြိုးစားနေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံကနေ တစ်ယူနစ် ကျပ် ၇ဝနဲ့ ပြန်ဝယ်နေရပြီး မြဝတီမြို့ကိုလည်း ဖြန့်ဖြူးပေးနေရတာကြောင့် ရခိုင်ပြည်နယ်အပါအဝင် ကျန်ဒေသတွေကို လျှပ်စစ်မီးအပြည့်ပေးဖို့ တိုးချဲ့ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ လာမယ့် မေလဆန်းမှာတော့ အင်းစိန်ရွာမမှာရှိတဲ့ ထိုင်းနိုင်ငံက လှူဒါန်းထားတဲ့ ၁၂ဝ မဂါဝပ် တာဘိုင်ကနေ ရန်ကုန်ကို လျှပ်စစ်မီး ဖြန့်ဖြူးတော့မယ်လို့လည်း ဆိုပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget