Sunday, April 20, 2014

အမှိုက်ကောက်ခြင်းတားမြစ်ခံထားရသည့် နာရေးကူညီမှုအသင်း အမှိုက်ပြန်ကောက်မည်

 

ရန်ကုန်စည်ပင်သာယာ ရေးကော်မတီမှ
အမှိုက်မကောက် ရန် တားမြစ်ထားသည့်
နာရေး ကူညီမှုအသင်းသည် ယင်းအ သင်း
တည်ရှိရာ မြောက်ဒဂုံတွင် အမှိုက်ကောက်ခြင်း
ကို ပြန်လည် ဆောင်ရွက်မည်ဟု သတင်းရရှိ သည်။


နာရေးကူညီမှုအသင်းသည် ယင်းအသင်းတည်ရှိရာ မြောက် ဒဂုံ ၄၂ ရပ်ကွက်တွင် အမှိုက် ကောက်ခြင်း၊ အမှိုက်စို၊ အမှိုက် ခြောက်ခွဲခြားစွန့်ပစ်ခြင်း လုပ်ငန်း များကို စတင်ဆောင်ရွက်သွား မည်ဖြစ်ပြီး ယင်းနေရာများတွင် လုပ်ဆောင်ပြီးပါက မြောက်ဒဂုံ မြို့နယ်ရှိ ရပ်ကွက်များတွင်ပါ ဆက်လက်လုပ်ဆောင်သွားမည် ဟု နာရေးကူညီမှုအသင်းမှ အုပ် ချုပ်ရေးမှူးဒေါ်ဧရာမောင်မောင် က ပြောသည်။

‘‘အရင်ဆုံးမြောက်ဒဂုံကို စံပြရပ်ကွက်ဖြစ်အောင် လုပ်မယ်။ ပြီးမှတခြား မြို့နယ်တွေ ဆက်လုပ်မယ်။ အဓိကကတော့ အများပြည်သူ ပူးပေါင်းပါဝင်ပြီး စည်းကမ်းရှိရှိ လုပ်မှဖြစ်မှာ’’ဟု ၎င်းကပြောသည်။

အမှိုက်ကောက်ခြင်း၊ အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြား စွန့်ပစ်ခြင်းလုပ်ငန်းများကို မကြာမီ ရက်ပိုင်းအတွင်း နာရေးကူညီမှု အသင်းကဦးဆောင်ပြီး ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု၎င်းက ဆက်လက်ပြောကြားသည်။

နာရေးကူညီမှုအသင်းသည် ၂၀၁၃ ၊ မေလ ၁၁ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ပန်းဆိုး တန်းဆိပ်ကမ်းဧရိယာအတွင်း အမှိုက်ကောက်ခြင်း၊ တံမြက်စည်းလှည်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် ကျောက် တံတားမြို့နယ် မဟာဗန္ဓုလလမ်း တစ်လျှောက် အမှိုက်ကောက်ရန် လုပ်ဆောင်နေစဉ် ရန်ကုန်စည် ပင်သာယာရေးကော်မတီ၊ ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သန့် ရှင်းရေးဌာနမှ တားဆီးခြင်း ခံခဲ့ ရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget