ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 30, 2014

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား အရေးယူမည်

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား အသရေဖျက်မှု၊ ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမှု၊ နိုင်ငံသားကဒ်ပြားလိမ်လည်ရယူမှု စသည့် စွဲချက်များဖြင့် တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလီလူမျိုးတစ်ဦးဖြစ်သော ဦးရွှေမောင်သည် နိုင်ငံသားမှတ်ပုံတင် ရရှိရေးကို လိမ်လှည့်စာရင်းသွင်း ရယူထားခြင်း ရှိ-မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံတော်သိက္ခာကျဆင်းစေရန် သတင်းဌာနများနှင့်...

စင်တင်တေးသံရှင်(၂)ဦး ပဲခူး မဇင်းဆည်တွင် ရေနစ်သေဆုံး

ပဲခူးမြို့၊ အမှတ်(၂) ရဲစခန်းပိုင် ဥဿာမြို့သစ် (၁)ရပ်ကွက် မဇင်းဆည်တွင် (၃၀.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်း ရရှိပါတယ်။ သေဆုံးသူနှစ်ဦးမှာ Forwed စားသောက်ဆိုင် စင်တင်တေးဂီတ ၊ အဆိုရှင်များ ဖြစ်သည့် ဥဿာမြို့ သစ်ရပ်ကွက်ကြီး(၂)နေသူ မစံရှား(၁၈)နှစ် နှင့် မကြိုးကြာ(၁၈)နှစ် ဖြစ်ပါတယ်။ အဆိုပါ သေဆုံးသူနှစ်ဦးဟာ မနေ့ ညနေ ၄ နာရီခွဲခန့် က တစ်ဆိုင်တည်း အတူလုပ်သူ  မချမ်းမြစောဝင်း(၂၃)နှစ်...

ဘင်္ဂ္လားဒေ့ရှ် အစ္စလာမစ် ပါတီ ဥက္ကဋ္ဌ သေဒဏ်ကျ

ဘင်္ဂ္လားဒေ့ရှ် နိုင်ငံမှာ အကြီးဆုံး အစ္စလာမစ် ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီ ဥက္ကဋ္ဌဌကို လက်နက် မှောင်ခိုမှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။ ပါတီ ဥက္ကဋ္ဌဌ ဖြစ်သူ မော်ရှာ ရာမန် နီဇာမီ (Motiur Rahman Nizami) နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီးဟောင်း တစ်ယောက် အပါအဝင် တခြား အမျိုးသား ၁၃ ယောက်ကို ၂၀ဝ၄ ခုနှစ်က အိန္ဒိယ နိုင်ငံ အာသံ ပြည်နယ်က ခွဲထွက်ရေး သူပုန်တွေဆီ လက်နက် ၄ ထောင်ကျော် မှောင်ခို ရောင်းချ ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။ မစ္စတာ နီဇာမီကတော့ သူ့ကို...

ဆက်သွယ်ရေး လေလံအောင်ထားတဲ့ ကုမ္ပဏီနှစ်ခုကို လိုင်စင်ထုတ်ပေး

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး လုပ်ငန်းလုပ်ခွင့် လေလံ အောင် မြင်ထားတဲ့ နော်ဝေနိုင်ငံက တယ်လီနော ကုမ္ပဏီနဲ့ ကာတာနိုင်ငံက အူရီဒူး ကုမ္ပဏီတို့ကို သက်ဆိုင်ရာက ဒီနေ့ လိုင်စင်ထုတ်ပေး တော့မယ်လို့  သိရပါတယ်။ အူရီဒူးကုမ္ပဏီ အတွက်လိုင်စင်ကို ဒီနေ့ ကြာသပတေးနေ့မှာ နေပြည်တော်မှာ ထုတ်ပေးမှာဖြစ်တယ်လို့  မြန်မာအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုကြောင်းနဲ့  တယ်လီနော ကုမ္ပဏီ အတွက်လိုင်စင်ကိုတော့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပေးမှာဖြစ်တယ်လို့  နောက်ထပ်အရာရှိကြီးတစ်ဦးက...

မူးယစ်ဆေးသုံးသည့် ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို အရေးယူ ထောင်ချ

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲတဲ့ ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။ ဒုရဲအုပ်တဦး အပါအ၀င် တပ်ကြပ်တပ်သား အဆင့်ဆင့်ကို အရေးယူ အပြစ်ပေး လိုက်တယ်လို့ သူက ပြောပါတယ်။ “အများစုကတော့ အခြားဆင့်တွေပဲ။ တပ်သားတို့၊ ဒုတပ်ကြပ်တို့၊ တပ်ကြပ်တို့ ဒီလိုတွေ ပါတာပေါ့။ အခု ပြစ်ဒဏ်ချတဲ့အထဲမှာတော့ အရာရှိအငယ်၊ ဒုရဲအုပ်အဆင့်ကတော့ ၁ ယောက် ပါတယ်။ သူတို့ကို...

မြစ်ကြီးနားမြို့တွင် ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များတွေ့ရှိ

 မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်း ဇန်န၀ါရီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များ၌ ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည် ၀တ်ဆင်သူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်-အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်အဖွဲ့မှ လိုက်လံ ၀ယ်ယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ မြစ်ကြီးနားမြို့ပေါ်ရှိ အထည်ဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ အထည်ဆိုင်များကို အဆိုပါ ပါတိတ်လုံချည်များအား ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၉၆၉...

မလေးရှားတွင် အကျဉ်းကျ မြန်မာများ တစ်လတစ်ကြိမ် နေရပ်ပြန်ခေါ် မည်ဟုဆို

မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသည့် မြန်မာများကို တစ်လတစ်ကြိမ်နှုန်းဖြင့် နေရပ်ပြန်ခေါ်ရန် စီစဉ်ထားကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာလုပ်သား ၁၄၀ ကျော်ကို နေရပ်ခေါ်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သီတဂူ အထောက်အဖွဲ့ (မလေးရှား) မှ အတွင်းရေးမှူး ဒေါက်တာမြတ်သူက ပြောကြားသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့က နေရပ်ပြန်ခေါ်လာသည့် အကျဉ်းကျခံ မြန်မာလုပ်သား ၁၄၁ ဦးတွင် အမျိုးအသား ၁၀ ဦး ပါဝင်သည်။ အဆိုပါ မြန်မာများကို...

မလေးရှားနိုင်ငံတွင် အကျဉ်းကျခံခဲ့ရသူ ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံခြင်း

မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦးသည် သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာစဉ် အကျဉ်းကျခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သား ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံးမေးမြန်းချက်များကို ကောက်နုတ် ဖော်ပြပါသည်။ Voice : မလေးရှားကို ဘယ်လိုလမ်းကြောင်းနဲ့ သွားတာလဲ။ KWN : သွားတုန်းက အမှန်သွားတာ။ လေယာဉ်နဲ့ပေါ့။ အေဂျင့်က အချိုရည်စက်ရုံမှာ...

အီရန် နိုင်ငံအတွက် သူလျှို လုပ်ပေးရန် ကမ်းလှမ်းခြင်း ခံခဲ့ရသည့် အစ္စရေး နိုင်ငံသားအား ထောင်ဒဏ်ချမှတ်

  အစ္စရေး နိုင်ငံမှ လျှို့ဝှက်သတင်း အချက်အလက် များကို အီရန် နိုင်ငံအတွက် ထောက်လှမ်းပေးရန် ကမ်းလှမ်း ခံခဲ့ရသည့် အစ္စရေး နိုင်ငံသား တစ်ဦးကို ၎င်းနိုင်ငံရှိ တရားရုံး တစ်ခုက ထောင်ဒဏ် လေးနှစ်ခွဲထိ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ရစ်မက်ခ်ဘာဂျဲလ် အမည်ရှိ အသက် ၄၆ နှစ်အရွယ် အဆိုပါ အမျိုးသားသည် အစ္စရေး အစိုးရကို ဆန့်ကျင်သည့် Neturei Karta အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး နိုင်ငံ၏ ရန်သူအပေါ် အကူအညီ ပေးမှု၊ နိုင်ငံတော် သစ္စာဖောက်မှု...

မြန်မာအမျိုးသားကွန်ယက်၏ ၅၉(စ) ထောက်ခံပွဲနှင့်ပတ်သက်ပြီး NLD ပါတီမှ ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦး၏ ပြောကြားချက်များအပေါ် ပြည်သူများဒေါသထွက်လျက်ရှိ

ရန်ကုန်၊ ဇန်န၀ါရီ ၃၀ မြန်မာအမျိုးသားကွန်ယက်က ဦးဆောင်၍ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်စိန်မှန်ကွင်း၌ ဆန္ဒဖော်ထုတ်ရန် စီစဉ်လျက်ရှိရာ NLD ပါတီဝင်များက ထိပ်တိုက်ရင်ဆိုင်ရေးအတွက် NLD ပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးထင်လင်းဦး ဦးစီး၍ လှုပ်ရှားရန် ကြိုတင်စီစဉ်လျက်ရှိရာ ယင်းအစီ အစဉ်အပေါ် ပြည်သူများက အမျက်ထွက်နေကြောင်း သိရှိရသည်။ မြန်မာအမျိုးသားကွန်ယက်၏ လုပ်ဆောင်ချက်မှာ စီးချင်းပွဲတစ်ခုလို ဖြစ်၍ ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်ကြောင်း NLD ပါတီ၏ အခြေခံဥပဒေ...

ဒုချီးရားတန်းကျေးရွာ မီးလောင်မှုဖြစ်ရပ်မှန် ပြန်ကြားရေးက ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီးပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို သတင်းထုတ်ပြန်ပါတယ်။ မောင်တောမြို့ ဒုချီးရားတန်း အနေက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန် စစ်တွေ၊ ဇန်န၀ါရီ ၂၉ မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်န၀ါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့...

 
Twitter Bird Gadget