ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Thursday, October 9, 2014

ထိုင်း ၀န်ကြီးချုပ်အား ဆန္ဒထုတ်ဖော်ရန် ရန်ကုန်တိုင်း အစိုးရ ခွင့်မပြု



ြ  မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် ခွင့်တောင်းရာ ရန်ကုန်တိုင်း အစိုးရ က ပယ်ချလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွဒ်သည် မနက်ဖြန်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ၎င်းတို့နိုင်ငံသားများနှင့်တွေ့ဆုံရန် စီစဉ် ထားပြီး၊ ၀န်ကြီးချုပ် လာချိန်၌ မြန်မာများက လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး အရေး ဆန္ဒထုတ်ဖော်ရန် ခွင့်တောင်းရာ ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က ခွင့်မပြုကြောင်း ဆန္ဒပြပွဲ စီစဉ်သူ ဦးနေမျိုးဇင်၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ထိုင်းသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခွင့်မရ သဖြင့် ရန်ကုန် မြို့တော် ခန်းမရှေ့၌ မနေ့ဖြန် မနက် ၈ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုဆန္ဒထုတ်ဖော် ပွဲသို့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ်လိုသူ တိုင်းရင်းသားများ၊ အဖွဲ့အစည်းများ အား လုံးက ပါဝင်ပူးပေါင်းကြရန်လည်း ဦးနေမျိုးဇင် က ဖိတ်ခေါ်ထားသည်။
ရန်ကုန်တိုင်း ဒေသ ကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း
 

Wednesday, October 8, 2014

နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့်နှင့် အနောက်တံခါးပြဿနာ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသားစိစစ်ခံလိုသည့် ဘင်္ဂါလီအရေအတွက်က တိုးလာနေသည်။ ဘင်္ဂါလီရာဂဏန်းမှာ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် အသီးသီးရရှိသွားပြီဖြစ်သည်။
ရခိုင်တိုင်းရင်းသားများက ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ပေးရန် အစဉ်တစ်စိုက်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် တိကျမှန်ကန်စွာ စိစစ်ပေးရန် ရခိုင်တိုင်းရင်းသားများက တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့်ညီညွတ်၍ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ရရှိသူများကိုလည်း ကန့်ကွက်စရာမရှိဟုဆိုသည်။
သို့သော် ယင်းဥပဒေနှင့် မညီညွတ်သူများကိုမူ ထိန်းသိမ်းရေးစခန်းများတွင်ထားရှိပြီး တတိယနိုင်ငံများသို့ ပို့ဆောင်ရန်လည်း ရခိုင်အမျိုးသားရေးအင်အားစုများက တောင်းဆိုထားခဲ့သည်။
ရခိုင်ပဋိပက္ခဖြစ်ပွားပြီး ၂ နှစ်ခန့်အကြာတွင်တော့ အစိုးရက မြေပုံမြို့နယ်ကို ရှေ့ပြေးစီမံကိန်းအဖြစ်သတ်မှတ်၍ ၁၉၈၂ နိုင်ငံသားဥပဒေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ပြဿနာများ ပြေလည်စေရန် ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအကြံပြုချက်များထဲတွင် ၁၉၈၂ နိုင်ငံသားဥပဒေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဆိုသည့် အချက်တစ်ချက်ပါဝင်သည်။
ဝေဖန်မှုများလည်းရှိခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေကို အစိုးရအနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ စောင့်ကြည့်ရမည့်ကိစ္စတစ်ခု ဖြစ်လာသည်။
‘‘ဘင်္ဂါလီလို့ ခံယူသူတွေကိုတော့ ဥပဒေအရ တိတိကျကျ ဆောင်ရွက်နိုင်မယ်လို့ ယူဆတယ်’’ဟု စစ်တွေမြို့မိမြို့ဖဦးသန်းထွန်းကဆိုသည်။
မြေပုံမြို့နယ်တွင် ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ လျှောက်လွှာတင်သွင်းသူ ၁၀၉၄ ဦးရှိသည်။ မြေပုံမြို့နယ်တွင် ဘင်္ဂါလီဦးရေစုစုပေါင်း သုံးထောင်ခန့်ရှိသည်ဟု ဒေသတွင်းအဖွဲ့အစည်းများက ဆိုသည်။
ယင်းလျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်စိစစ်ခဲ့ရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦးနှင့် နိုင်ငံသားပြုခွင့် ၁၆၉ ဦး ရရှိခဲ့သည်။ ၎င်းတို့၏ သားသမီးများသည်လည်း အလိုအလျှောက် နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ကိုရရှိမည်ဖြစ်သည်။ ဒေသခံရခိုင်တိုင်းရင်းသားများကမူ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ရသူများတွင် သက်သေအထောက်အထားမခိုင်လုံသူများ၊ တိုင်းရင်းသားစကားမတတ်ကျွမ်းသူများ ပါဝင်နေကြောင်း ဝေဖန်ပြောဆိုကန့်ကွက်ခဲ့ကြသည်။
ယင်းကဲ့သို့ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်များပေးအပ်ပြီးနောက် မြေပုံမြို့နယ်တွင် ၁၉၈၂ ဥပဒေဖြင့် စိစစ်ရန် လူဦးရေ ၁၂၀ ခန့်က ထပ်မံလျှောက်လွှာတင်သွင်းခဲ့သည်။ ထို့အပြင် ဘင်္ဂါလီလူဦးရေ သုံးသိန်းခန့်ရှိသော ဘူးသီးတောင်မြို့နယ်တွင်လည်း ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို အောက်တိုဘာလအတွင်း ဆက်လက်ပြုလုပ်သွားမည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုသည်။
အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုကြသည်။ ကုလအဖွဲ့အပါအ၀င် နိုင်ငံတကာမှ ၁၉၈၂ ခုနှစ်ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာလူမျိုးများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်အတွက် အကြိမ်ကြိမ်ဖိအားပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများက ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မြန်မာနိုင်ငံတွင်မရှိကြောင်းနှင့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ရန်မလိုအပ်ကြောင်း အတိအလင်းပြောကြားထားသည်။
ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီအချို့ကလည်း ၁၉၈၂ ဥပဒေသည် လူ့အခွင့်အရေးနှင့်ဆန့်ကျင်နေပြီး နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကိုအခြေခံ၍ ဖြေရှင်းဆောင်ရွက်မှသာ ရခိုင်ပြဿနာကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
 ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းအပါအ၀င် ရခိုင်ပြဿနာကို ကိုင်တွယ်ရာတွင် နိုင်ငံတကာဖိအားပေးမှုများရှိပြီး ယင်းဖိအားများကြောင့်ပင် အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်နေရကြောင်း လေ့လာသူများက သုံးသပ်သည်။
 နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သော ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာတွင်မူ ပြဿနာများဖြေရှင်းနိုင်ရန် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို စနစ်တကျ မှန်ကန်စွာ အသုံးပြုသွားရမည်ဖြစ်သည်။ နိုင်ငံတကာမှ ၁၉၈၂ ဥပဒေသည် ဘင်္ဂါလီလူမျိုးများကို တစ်ဖက်သက် တရားဝင်ဖိနှိပ်နိုင်သည်ဟု ပြောဆိုသော်လည်း ယင်းဥပဒေကို စနစ်တကျအကောင်အထည်ဖော်သွားပါက လက်ရှိပြဿနာအများစုကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း အကြံပြုထားသည်။
၁၉၈၂ ခုနှစ် ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ဆယ်စုနှစ်ကာလအတွင်း မြန်မာနိုင်ငံနယ်နိမိတ်၌ ရှစ်နှစ်ဆက်တိုက် တစ်ဆက်တည်းနေထိုင်သူ၏ တတိယမျိုးဆက်သည် နိုင်ငံသားပြုခွင့်ရမည်ဖြစ်သည်။ ထို့အပြင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၄၃ တွင် နိုင်ငံသားပြုခွင့်ရရှိသူသည် တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုး တတ်ကျွမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရခိုင်အမျိုးသားရေးအင်အားစုများကမူ ပြီးခဲ့သည့်သန်းခေါင်စာရင်းအတွေ့အကြုံနှင့် နှိုင်းယှဉ်၍ ၁၉၈၂ ဥပဒေကို ရခိုင်ပြည်နယ်တစ်ခုလုံးတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မလွယ်ကူနိုင်ကြောင်း သုံးသပ်သည်။ ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးအများစုမှာ ရိုဟင်ဂျာဟုသာဖြေဆို၍ စာရင်းမကောက်ယူနိုင်ခဲ့ပေ။
စစ်တွေမြို့မိမြို့ဖ ဦးသာမွန်က ‘‘သိပ်မမျှော်လင့်ဘူး။ ဘင်္ဂါလီတွေများတဲ့နေရာမှာ သိပ်အောင်မြင်မယ်မထင်ဘူး။ အခုဟာက အခွင့်အရေးရမယ့်သူကိုခယပြီး လျှောက်ပါလို့ပြောနေရတဲ့ သဘောဖြစ်နေတယ်’’ဟု ဆိုသည်။
၁၉၈၂ ဥပဒေဖြင့် ဆောင်ရွက်ရာတွင် ဘင်္ဂါလီဟုပြောဆိုသူများကိုသာ စိစစ်မည်ဖြစ်ပြီး ရိုဟင်ဂျာဆိုသူများကို စိစစ်ခြင်းပြုလုပ်မည်မဟုတ်ပေ။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁ ဒသမ ၀၉ သန်းခန့်ရှိရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အားလုံးနီးပါးက ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့ကြသည်။ ယင်းအတွက်ကြောင့်ပင် ၁၉၈၂ ဥပဒေနှင့် စစ်ဆေးအပြီး ဘင်္ဂါလီဟုမခံယူသူများကို မည်သို့ဆောင်ရွက်မည်ဆိုသည်မှာ အရေးကြီးကိစ္စဖြစ်လာသည်။
‘‘အစိုးရမှာရှိတဲ့ အခွင့်အာဏာအပြည့်အ၀သုံးပြီး လုပ်နိုင်မယ်လို့ ယူဆတယ်။ ရိုဟင်ဂျာဆိုတဲ့သူတွေကိစ္စကို ပြတ်သားထိရောက်စွာကိုင်တွယ်ဖို့လိုတယ်’’ဟု ဦးသန်းထွန်းမှတ်ချက်ပြုသည်။

Monday, October 6, 2014

‘ကလေးတွေကို အခမဲ့ အချိန်ပို သင်ပေးခဲ့ပါတယ်။ ကျောင်းတက်ချိန်က မနက် ၉ နာရီ၊ ကျွန်တော်က ၆ နာရီခွဲကစပြီး သင်ပေးတယ်’’

ဆရာဦးသန်းလှိုင် (ဓာတ်ပုံ − မင်းသားလေး)
၂၀၁၄ ခုနှစ် အောက်တိုဘာ ၅ ရက်သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါသည်။ ထိုနေ့အခမ်းအနားတွင်လည်း နာငါးနာနှင့် ပြည့်စုံမှုတို့ကြောင့် နိုင်ငံတော်မှ လူမှုထူးချွန်ဆု ချီးမြှင့်အပ်နှင်းခြင်း ခံရသူ ဆရာသုံးဦး ပေါ်ထွက်လာခဲ့ရာ ဆရာဦးသန်းလှိုင်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါသည်။
ဆရာဦးသန်းလှိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာတွင် တာဝန်ထမ်းဆောင်ရင်း မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြောင်းရွှေ့ချိန်တွင်၎င်း၏ တပည့်များသာမက ကျောင်းသားမိဘများကပါ လာရောက်နှုတ်ဆက်ကြရင်း ဆရာတစ်ယောက်ဆုံးရှုံးမှုကို ခံစားရသော တပည့်များနှင့် မိဘများ၏ နှုတ်ဆက်ဝမ်းနည်းငိုကြွေးမှု ဓာတ်ပုံများ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့သွားခဲ့ရာမှ ထင်ရှားလာခဲ့သူဖြစ်ပါသည်။
ဆရာဦးသန်းလှိုင်နှင့် တွေ့ ဆုံခိုက် မေးမြန်းဖြစ်ခဲ့သည်များကို 7Day Daily ပရိသတ်များထံ ပြန်လည်မျှဝေလိုက်ရပါသည်။
ကမ္ဘာ့ဆရာများနေ့မှာ အခုလိုလူမှုထူးချွန်ဆုချီးမြှင့်ခြင်းခံရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ပြောပြပေးပါဆရာ။
ကျွန်တော့်ရဲ့ မေတ္တာ၊ စေတနာနဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်တော့်အတွက် မှန်ပမာ ရောင်ပြန်ဟပ်တယ်လို့ ခံစားရပါတယ်။  ကမ္ဘာ့ဆရာများနေ့မှာ တွေ့ရတဲ့ ဆရာကြီးတွေကို စံနမူနာယူပြီး တိုးတက်အောင် လုပ်ဆောင်သွားပါ့မယ်။ ကျွန်တော်နဲ့ ဘ၀တူဆရာများကိုလည်း ဒီလိုလုပ်ဆောင်ပြီး ဆုတွေ၊ အောင်မြင်မှုတွေရစေချင်ပါတယ်။
အခုတစ်လောဆရာ့အကြောင်းတွေ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် မှာ တော်တော်တွေ့ရတယ်။ ဆရာ့ကို ၀ိုင်းပြီး ဂုဏ်ပြုအမွှမ်းတင်ကြတယ်။ အဲဒီအပေါ်မှာ ဆရာ ဘာများပြောချင်ပါသလဲ။
ကျွန်တော်ကျောင်းဆရာ စ ဖြစ်တာကတော့ ၁၉၉၂ ခုနှစ်ကပါ။ ဆရာစဖြစ်တဲ့ အချိန်ကစပြီး အရင်းခံကတော့ မေတ္တာတရား ပေါ့နော်။ စာအုပ်စာပေတွေ စဖတ်ခဲ့ပါတယ်။ ကျောင်းသုံးကျောင်းမှာ တာဝန်ထမ်းဆောင်တော့ အရင်ဆုံးတာဝန်ထမ်းဆောင်ခဲ့တာက စစ်ကိုင်းတိုင်း ဒေသကြီး ပင်လယ်ဘူးမြို့နယ် အလကတောင်တောမှာ မူလတန်းကျောင်းဆရာပေါ့နော်။ အဲဒီမှာ စပြီး စာသင်ခဲ့ရပါတယ်။ တောင်တောကျောင်းက ကျွန်တော့်ရဲ့ တပည့်တွေကလည်း ကျွန်တော့်ရဲ့ မေတ္တာဖြင့် သင်ကြားပို့ချပေးခဲ့မှုကြောင့် ကျောင်းပြောင်း နှုတ်ဆက်တဲ့အချိန်မှာလည်း ခုလိုပဲ ငိုကြွေးနှုတ်ဆက်မှု တွေ့ကြုံခဲ့ရပါတယ်။ နောက်တစ်ကျောင်းကတော့ ချောင်းဦး မြို့နယ် အမက ဗုံတိုဆိုတဲ့ ကျောင်းလေးကို ကျွန်တော် ရောက်ခဲ့ပါတယ်။ အဲဒီကျောင်းလေးကိုလည်း တကယ့်ကို ကျွန်တော့်ရဲ့ အိမ်လေးပမာ သဘောထားပြီး ပြုစုပျိုးထောင်ခဲ့ပါတယ်။ တပည့်တွေကိုလည်း မေတ္တာတရားရှေ့ထားကာ သင်ကြားပေးခဲ့ပါတယ်။ နောက် ရောက်ခဲ့တာကတော့ အမက ဆူးလေကုန်းပါ။ အလယ်တန်းပြ ဆရာအနေနဲ့ ရောက်ခဲ့ပါတယ်။
ကလေးတွေကို ပညာရေးအနေနဲ့ အခမဲ့အပိုချိန် သင်ကြားပေးခဲ့တာတွေလည်းရှိတယ်လို့သိရတယ်။ အဲဒီအကြောင်းလေး ပြောပြာပေး ပါဦးဆရာ။
ရွာမှာရှိတဲ့ လူမှုရေးအသင်းလေးနဲ့ ကျွန်တော် တော်တော်လေးကို ပါဝင်လုပ်ဆောင်ခဲ့သလို အဲဒီရွာမှာ ကလေးတွေကို အခမဲ့ အပိုချိန်သင်ပေးခဲ့ပါတယ်။ ကျောင်းတက်ချိန်က မနက် ၉ နာရီ။ ကျွန်တော်က မနက်မိုးလင်း ၆ နာရီခွဲကစပြီး သင်ပေးတယ်။ ကလေးတွေက ဝေလီဝေလင်းဆိုတာနဲ့ ရောက်လာပါတယ်။ ဘယ်အတန်းလာလာ လာတဲ့ကလေးကို သင်ပေးပါတယ်။ ညနေ ၃ နာရီခွဲ ကျောင်းဆင်းတဲ့အခါ တစ်နာရီအနားပေးတယ်။ ကလေးတွေ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ပါ။ အားကစားလုပ်ခိုင်းတယ်။ ညနေ ၄ နာရီခွဲမှာ မူလတန်း အထက်ဆင့် သုံးတန်းနဲ့ လေးတန်းကို စာသင်ပေးပါတယ်။ ညနေ ထမင်းစားချိန်ဆို ရွာက လာပို့ပေးတယ်။ ညမှာ ၆နာရီခွဲ၊ ၇နာရီကနေ ၉နာရီအထိ ရွာကမီးပေးတယ်။ မီးပေးတဲ့အချိန် မူလတန်း အထက်ဆင့်၊ အလယ်တန်းနဲ့ အထက်တန်းအားလုံးကို စာဖတ်ဝိုင်းလေးလုပ်ပေးတယ်။ အဲဒီ စာဖတ်ဝိုင်းလေးလည်း အောင်မြင်ခဲ့ပါတယ်။
ဆရာ့အနေနဲ့ တခြား ဘာများပြောချင်ပါလဲ။
ဆရာဆိုတာ မေတ္တာရှင်၊ အကြင်နာ၊ မုဒိတာရှင်၊ စေတနာရှင်၊ ၀ါသနာရှင်ဆိုတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် တိုးတက်လာမှာပါ။ ကျွန်တော်နဲ့ ဘ၀တူ ဆရာ၊ ဆရာမများအနေနဲ့ ကိုယ် တာဝန်ကျရာ ဒေသမှာ အားတက်သရော ဆောင်ရွက်ကြမယ်။ ကျောင်းသားတွေ၊ မိဘတွေကို နွေးထွေးတဲ့ မေတ္တာတွေ ပေးမယ်ဆိုရင် မေတ္တာတရားရှေ့ထားပြီး သင်ကြားပေးမယ်ဆိုရင် အောင်မြင်မှာ လက်ခတ်မလွဲပါပဲ။

ဧရာဝတီတိုင်းတွင် ဆင်စွယ်ခိုးဂိုဏ်းဟု ယူဆရသူ ၇ ဦး စစ်တပ်ကဖမ်းမိ

ဆင်ခိုးဂိုဏ်း, ဧရာဝတီတိုင်း , တပ်မတော် , ရဲ တပ်ဖွဲ့, ဆင်စွယ်ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ဆင်သတ်၍ အစွယ်ဖြတ်ယူသည့် ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ယမန်နေ့က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းတခုက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ငပုတောမြို့နယ် ငရုပ်ကောင်း မြို့နယ်ခွဲ ကွင်းဘတ်ကျေးရွာအုပ်စုအနီး ဘောကြိုးတောင်ကြောအတွင်း၌ ဆင်စွယ်များ၊ ဆင်သားရေများနှင့်အတူ တွေ့ရှိရသည့်အတွက် ခြေလျင်တပ်ရင်း(ခလရ) – ၃၈ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး နေထွန်းလှိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားကြောင်း ဧရာဝတီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ “ဆင်သတ်တဲ့တရားခံ ၇ ဦး ဖမ်းမိထားပါတယ်။ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိတာကို ကျနော်တို့ဆီ လွှဲပြောင်းပေးအပ်တာ ဖြစ်ပါတယ်။ ဒီအမှုကို ဆက်လက်စုံစမ်းနေဆဲပါ”ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်သူက ဧရာဝတီကို ပြောသည်။
ရဲတပ်ဖွဲ့က လွှဲပြောင်းရယူထိန်းသိမ်းထားသူ ၇ ဦးမှာ ငရုပ်ကောင်းမြို့နယ်မှ ဒေသခံ ဦးမျိုးအောင်၊ ဦးဆံရှည် (ခ) ချစ်ကိုကို၊ ဦးစန်းမြင့် တို့ ဖြစ်ပြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့နယ်ခွဲမှ ဦးခင်မောင်ဇော်၊ ဦးနိုင်ကြီး (ခ) နိုင်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးသန်းလှိုင် တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ ဆင်စွယ် ၄ ချောင်း၊ ဆင်သားရေအခြောက် ပိဿာချိန် ၄၂၀ ခန့်၊ ဒူးလေး ၂ လက်၊ မြားတံ ၁၉ ချောင်း၊ ဆင်ဦးစီး ဓား ၁ ချောင်း၊ သံဘောစေ့ အကြီးအသေး ၃၆ လုံးနှင့် CDMA ဖုန်း ၁ လုံး သိမ်းဆည်း ရမိကြောင်း တိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ လူ ၇ ဦးကို တောဆင်ရိုင်း အထီး ၁ ကောင်အား လုပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အစွယ် ထုတ်ယူခြင်း၊ အရေခွံအခြောက်လှန်းယူခြင်းများ ပြုလုပ်နေသည့် ဦးဆံရှည်၏တဲတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများအနက် ဦးခင်မောင်ဇော်အား လုပ်သေနတ်များ ဖော်ထုတ်ရရှိရေးအတွက် ဗိုလ်မှူး နေထွိန်းလှိုင် ဦးစီးသည့်အဖွဲ့မှ လမ်းပြအဖြစ်ခေါ်ဆောင်ပြီး တောအတွင်း ရှာဖွေလျက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖမ်းဆီးရမိသူများကို ငရုပ်ကောင်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်နေသည့် ကွင်းဆက် တရားခံများကို ဆက်လက် ဖော်ထုတ်အရေးယူရန် ငပုတောမြို့နယ် ရဲမှူး ဦးဆောင်သည့် အထူးအဖွဲ့ ဖွဲ့စည်းထားကြောင်း ဧရာဝတီ တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်နိုင်မိုးက ပြောသည်။
“ဒီအမှုနဲ့ပတ်သက်လို့ ကွင်းဆက်တရားခံတွေဖြစ်တဲ့ သယ်တဲ့လူတွေ၊ ဖြန့်တဲ့လူတွေ၊ ရောင်းတာကို ပြန်ဝယ်တဲ့လူတွေကို ဖော် ထုတ် သွားမှာပါ။ ဒီကြားထဲမှာ သူတို့ ဆင်ဘယ်နှစ်ကောင် ပစ်ထားသေးလဲပေါ့။ ဒါတွေကိုလည်း စစ်ဆေးမှာပါ။ ရှေ့မှာလည်း ဆင် သတ်မှုတွေရှိခဲ့တော့ အဲဒါတွေနဲ့ အခုဖမ်းထားသူတွေ ဆက်စပ်မှုရှိသလား စစ်ဆေးဖော်ထုတ်တာတွေ လုပ်ကြမှာပါ”ဟုလည်း ၎င်းက ပြောပြသည်။
ဆင်သတ်မှုများမှာ ၂၀၁၂ ခုနှစ် သြဂုတ်လက စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး တောဆင်များ အသတ်ခံနေရသည့် ကြိုးဝိုင်းများမှာ ငပုတောမြို့နယ်ရှိ ဆင်မ၊ မြစ်တရာနှင့် ဆင်မှုံ ကြိုးဝိုင်းများ ဖြစ်သည်။
၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဆင်သတ်မှုများကို ငပုတောစခန်းတွင် ၁ မှု၊ ဟိုင်းကြီးကျွန်းစခန်းတွင် ၁ မှု၊ ငရုပ် ကောင်း စခန်းတွင် ၂ မှု၊ တောင်ကလေး စခန်းတွင် ၁ မှုဖြင့် အသီးသီးအမှုဖွင့်ထားသည်။
ယင်းအမှု ၅ မှုအနက် တောင်ကလေးရဲစခန်းက ဖော်ထုတ်သည့် ၁ မှုသာ တရားခံ ၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ကျန် ၄ မှုမှာ ပေါ်ပေါက်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
“ဆင်သတ်မှုတွေ ဖော်ထုတ်ရာမှာ ဆင်တွေကို ဂိုဏ်းဖွဲ့ပြီး သတ်ဖြတ်အစွယ်ယူနေတဲ့ ဆင်စွယ်ခိုးဂိုဏ်းကို အဓိက ဖော်ထုတ်စေချင် ပါတယ်။ တကယ်တမ်း ဆင်သတ်ပြီး အစွယ်ဖြတ်ယူနေသူတွေက တနယ်တကျေးကပါ။ အခုက ဆင်သတ်မှုဆိုရင် ငွေလေး အနည်း အပါးရလို့ လမ်းပြမိတဲ့ ဒေသခံတွေ အဖမ်းခံရ၊ မျက်မြင်တွေ့တဲ့လူတွေ အစစ်ဆေးခံရနဲ့ ဒေသခံတွေပဲ ဒုက္ခရောက်ရတာမျိုး မဖြစ်စေချင်ပါဘူး”ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။
ဆင်စွယ် အရောင်းအ၀ယ်ဈေးကွက်တွင် ဆင်စွယ်ကို ပိဿာဖြင့် ချိန်တွယ်ရောင်းဝယ်ကြပြီး ဆင်စွယ် ၁ ပိဿာကို ဧရာဝတီတိုင်း အတွင်း၌ ကျပ် ၆ သိန်းမှ ၁၂ သိန်းအထိ ပေါက်ဈေးရှိကြောင်း၊ လာရောက်ဝယ်ယူသူများမှာ ရန်ကုန်မြို့မှ ဆင်းလာတတ်ကြပြီး ကားကြီး ကားကောင်းများဖြင့် ဆင်စွယ်များကို ခိုးဝှက်၍သယ်ယူလေ့ရှိကြောင်း မှောင်ခိုဈေးကွက် သတင်းများက ဆိုသည်။
ဆင်စွယ်တချောင်းမှာ အနည်းဆုံး ၁၀ ပိဿာမှ ၁၅ ပိဿာအထိ အလေးချိန် ရှိသဖြင့် ဆင်စွယ်တချောင်းတန်ဖိုးမှာ တရားမ၀င် မှောင်ခို ဈေးကွက်တွင် ကျပ် သိန်း ၆၀ (အမေရိကန် ဒေါ်လာ ၇၀၅၈) မှ သိန်း ၁၀၀ (ဒေါ်လာ ၁၁၇၆၅) ကျော်အထိ ပေါက်ဈေးရှိနေပြီး ထိုင်းနှင့်တရုတ် နိုင်ငံများသို့ တရားမ၀င် မှောင်ခိုလမ်းကြောင်းဖြင့် သယ်ပို့ရောင်းချကြောင်း သိရသည်။

Sunday, October 5, 2014

SSPP/SSA အား မြန်မာ့တပ်မတော် အပြင်းအထန် တိုက်ခိုက် သေကျေ ကျဆုံးမှုများ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား မြန်မာ့ တပ်မတော် စစ်အင်အား တိုးဖြည့် တိုက်ခိုက်သောကြောင့် တိုက်ပွဲများ တခြားမြို့နယ်သို့ ပျံ့လာနေပြီ ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။
အောက်တိုဘာ ၄ ရက်နေ့တွင် မြန်မာအစိုးရတပ် စစ်သည်အင် အား ထောင် ဂဏန်းသည် ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အင်အားတိုးဖြည့် လှုပ်ရှားလာ သော ကြောင့် တိုက်ပွဲများ မိုင်းရယ်-ကျေးသီးကားလမ်းပေါ်ရှိ SSPP ၏ နမ့်ပုတ်တပ်စခန်း ၊ လွယ်ကုန် လွယ် ကျိုင်း တပ်စခန်းအထိ ပျံ့နှံ့လာကြောင်း၊ ယမန်နေ့ တိုက်ပွဲကြောင့် မြန်မာ့ တပ်မတော် ဘက်က ၁၀ ဦး သေဆုံး ၊ ၂၀ ထက်မနည်းဒဏ်ရာရရှိကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်ကလည်း ၃ ဦး ကျဆုံးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများက ပြောသည်။

“မွန်းလွဲ၂ နာရီ မိုင်းရယ်တောင်ဘက်က လွယ်ကျူစိ ဘက်မှာ မြန်မာစစ်ကား တစီးဗုံးကွဲ မီးလောင် တယ်။ စစ်သား ၅ ဦးသေ၊ ၁၀ ဦးကျော်ဒဏ်ရာရတယ်။ ပွဲချင်းပြီး က ၄ ယောက်လေ။ ဒဏ်ရာရသူတွေ ထဲက နားလီရွာ ခေါက်ဆွဲဆိုင် အရောက် မှာ ၁ ယောက်ထပ်သေတယ်။ ၄ နာရီ ၄၅ မိနစ် နမ့်ပုတ် နှင့်ကျေး သီးကြား လမ်းမပေါ် ပန်စယ့်ဘက်မှာတော့ ည ၇ ခွဲအထိ ပစ်ခတ်ကြတယ်။ ” ဟု အမည် မဖေါ်လိုသည့် ရှေ့တန်းတပ်မှူး တဦးကပြော သည်။

“ကျနော်တို့ကို အလုံးအရင်းနဲ့လာတိုက်တယ်။ လက်နက်ကြီးတွေအများ အပြားသယ်လာပြီး ကျနော် တို့ကို လာထုတယ်။ လက်နက်ကြီး အဓိကသုံးတာ သူတို့က။ ခင်ဗျားစဉ်းစားကြည့်လေ ကျနော်တို့ဆီ အလုံးအရင်းအင်အားတွေနဲ့ လာတိုက်တယ်။ ကျနော်တို့ဘက်ကလည်း သူတို့အင်အား ထပ်မဖြည့် နိုင်အောင် လမ်းမှာ ဖြတ်တိုက်ရတော့တာပေါ့။ ဒါ ကျနော်တို့ဒေသကို ကျနော်တို့ ကာကွယ် တာလေ။ ဗမာပြည်ကို ကျနော်တို့ သွားတိုက်နေတာ မဟုတ်ဘူး။ အဲ - ကျနော်တို့ နေစရာစခန်းမရှိတော့ရင်တော့ သွားတိုက်ရမှာဘဲ။ ” ဟု တိုက်ပွဲဝင် တပ်မှူး တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားကြပြီးဖြစ်သည်။ ထို့ကြောင့် သျှမ်းပြည်တပ်မတော် SSPP/SSA အပေါ် ထိုးစစ်ဆင်နေ မှု ရပ်ဆိုင်းပေးရန် ဘန်ကောက်ရောက် သျှမ်းခေါင်းဆောင်များက စုပေါင်းကာ နိုင်ငံတော် သမ္မတထံ ယမန်နေ့က စာရေးတောင်းဆိုသည်။


ဓါတ်ပုံ- မြန်မာ့တပ်မတော်၏ လက်နက်ကြီးများ

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အားပေးထောက်ခံမှုအများအပြားရရှိခဲ့သည့် လက်ထောက် ကျောင်းအုပ်တစ်ဦးကို နိုင်ငံတော်အဆင့် ''လူမှုထူးချွန်ဆရာ''အဖြစ် ရွေးချယ်

ရန်ကုန်၊ အောက်တိုဘာ ၃။
လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အားပေးထောက်ခံမှု အများအပြား ရရှိခဲ့သည့် လက်ထောက်ကျောင်း အုပ်တစ်ဦးကို နိုင်ငံအဆင့် ''လူမှုထူး ချွန်ဆရာ''ဆုချီးမြှင့်ရန် ရွေးချယ် လိုက်ပြီဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် နှစ်ဦးသာ ချီးမြှင့်သည့် ''လူမှုထူးချွန်ဆရာ''ဆု နှစ်ဆုအနက် တစ်ဆုရွေးချယ်ခြင်း ခံထားရသည့် ဆရာဦးသန်းလှိုင် (B.A.,Geo;) မှာ ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာမှ လက်ထောက် ကျောင်းအုပ် တစ်ဦးဖြစ်ကြောင်း သိ ရသည်။
''ဟုတ်ပါတယ်၊ ဒီဆုရတယ်ဆို တာကို စစ်ကိုင်းတိုင်းပညာရေးမှူးရုံး ကနေ မြို့နယ်ပညာရေးမှူးရုံးကို အကြောင်းကြားပြီး အဲဒီကနေတစ် ဆင့် ကျွန်တော့်ဆီကို အောက်တို ဘာ ၂ရက် ညနေက အကြောင်း ကြားလာတာပါ။ ကိုယ်လုပ်ခဲ့တဲ့လုပ် ငန်းတွေကနေ ဒီလိုဆုရတာကို ဝမ်း သာပီတိ ဖြစ်မိပါတယ်''ဟု ဆရာ ဦးသန်းလှိုင်က ပြောသည်။
ဆူးလေကုန်းကျေးရွာ အမှတ် (၅၉) အခြေခံပညာမူလတန်းလက် ထောက်ကျောင်းအုပ်ဖြစ်သူ ဆရာ ဦးသန်းလှိုင်သည် မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာသို့ ပြောင်းရွှေ့ မိန့်ကျခဲ့ပြီး ဆရာဦးသန်းလှိုင်အား ဂုဏ်ပြုနှုတ်ဆက်ပွဲပြုလုပ်သော စက် တင်ဘာ ၂၉ရက်တွင် တပည့်များ သာမက ကျေးရွာသူ၊ ကျေးရွာသား များကပါ ဝမ်းနည်းနေကြပုံမြင်ကွင်း ကို မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီး လူမှုကွန်ရက်စာမျက်နှာများ တွင် တင်ထားခဲ့ရာ ယင်းပုံများသည် လူမှုကွန်ရက်သုံးစွဲသူများမှ ထပ်ဆင့် Share ပြုလုပ်ကြသောကြောင့် သက် ဆိုင်ရာပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူအဆင့်ဆင့်တို့မှသိရှိ ရာက ယခုကဲ့သို့ ''လူမှုထူးချွန်ဆရာ'' ဆုပေးအပ်ချီးမြှင့်ရန် အရွေးချယ်ခံ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
''ကိုယ်က ဝမ်းနဲ့လွယ်ပြီးမမွေး ရပေမယ့် ကိုယ့်ရဲ့သားသမီးတွေလို တပည့်တွေကို အရင်းနှီးဆုံးမေတ္တာ တရားတွေနဲ့ ယနေ့အချိန်အထိ ကျွန် တော် စာသင်ပေးတယ်။ ပြီးတော့ ကျွန်တော် တာဝန်ကျတဲ့ကျေးရွာမှာ ရွာသူရွာသားတွေနဲ့ တစ်စိတ် တစ် ဝမ်းထဲဖြစ်အောင်၊ စိတ်ဝမ်း မကွဲ အောင် နေတယ်။ လူမှုရေးလုပ်ငန်း တွေမှာလဲ ကျွန်တော်တတ်နိုင်သ လောက် ပါဝင်ခဲ့ပါတယ်'' ဟု ဆရာ ဦးသန်းလှိုင်က ပြောသည်။
ဆရာဦးသန်းလှိုင်သည် ပညာ ရေးဝန်ထမ်းအဖြစ် ၁၉၉၂ခုနှစ်မှစ တင်တာဝန်ထမ်းဆောင်ခဲ့ပြီး ချောင်းဦး မြို့နယ်သို့ မူလတန်းပြအဖြစ် ၁၉၉၇ ခုနှစ်တွင် ရောက်ရှိခဲ့ကြောင်း၊ ရှစ်နှစ် တာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆူး လေကုန်းကျေးရွာ အမှတ်(၅၉)အခြေ ခံပညာမူလတန်းကျောင်းတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၄ခုနှစ်အထိ လက် ထောက်ကျောင်းအုပ်အဖြစ် တာဝန် ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးသန်းလှိုင်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက ''သူရဲ့ရပ်ရွာအ ပေါ်စေတနာထားခဲ့တာတွေက နှုတ် ဆက်ပွဲမှာ ပေါ်လာတော့ ဒါတွေကို ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် လူကြီး တွေသိကုန်တယ်။ ဒါနဲ့ တိုက်တိုက် ဆိုင်ဆိုင် ဆရာများနေ့အခမ်းအနား လုပ်မှာနဲ့ဆိုတော့ ဆုရွေးချယ်ရေးအ ဖွဲ့တွေက သူ့အကြောင်းကို အဆင့် ဆင့်စုံစမ်းပြီး ပညာရေးမှူးတွေရဲ့ ထောက်ခံချက်တွေနဲ့ တင်ပြကြတော့ အထက်က တာဝန်ရှိသူတွေက အ တည်ပြုချက်ရယူပြီး အဆင့်ဆင့် သူ ဒီဆုရတာကို အကြောင်းကြား ပေးခဲ့တာပါ''ဟု ပြောသည်။
ယင်းကို သက်ဆိုင်ရာတာဝန် ရှိသူအဆင့်ဆင့်မှ ဆရာတစ်ဦးက တပည့်များအပေါ် ထားရှိသည့် စေ တနာ၊ တပည့်များက ဆရာအပေါ် ထားရှိသည့် ကျေးဇူးတရားနှင့် သံ ယောဇဉ်ဟူသည့် မြန်မာ့လူမှုအဖွဲ့ အစည်း၏ ပြယုဂ်၊ ကျေးရွာလူထု သက်ကြီး၊ သက်ငယ်ပါမကျန် ကျေး ရွာဖွံ့ဖြိုးရေးနှင့် ပရဟိတလုပ်ငန်း များကြောင့် ခွဲခွာပြောင်းရွှေ့သွားရ သည့်အချိန်တွင် ဆရာ့အပေါ်တွင် နှမြောတသဖြစ်ရသည့် သံယောဇဉ် ပြယုဂ်တို့ကို အသိအမှတ်ပြုခဲ့သည်။
ကမ္ဘာ့ဆရာများနေ့အခမ်းအ နားကြီးကို ၂ဝဝ၂ခုနှစ်မှစတင်ကာ နှစ်စဉ် အောက်တိုဘာ ၅ရက်နေ့ တွင် ကျင်းပလေ့ရှိကာ ယခုနှစ်တွင် ကျင်းပမည့် ယင်းအခမ်းအနားတွင် တစ်နိုင်ငံလုံးတွင် နှစ်ဦးသာ ချီးမြှင့် သည့် ''လူမှုထူးချွန်ဆရာ''ဆုများကို ချီးမြှင့်သွားမည်ဖြစ်သည်။

(ဒီမိုကရေစိတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Yangon Media Group's photo.
Yangon Media Group's photo.


နိုင်ငံပေါင်း ၂၄ နိုင်ငံကို e-Visa စနစ် ထပ်မံခွင့်ပြု

ရန်ကုန် ၊ ၆-၁၀-၂၀၁၄
စက်တင်ဘာ ၁ ရက်မှ စတင် အသုံးပြုခဲ့သော အွန်လိုင်းဗီဇာ ( e-Visa ) စနစ်ကို အောက်တိုဘာ ၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ထပ်မံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

တိုးချဲ့ ပေးလိုက်သော နိုင်ငံများ၌ မြန်မာ နိုင်ငံသို့ ခရီးသည် အဝင်နည်းသော ပီရူး၊ ပနားမား နှင့် မွန်ဂိုလီးယား စသော နိုင်ငံများ ပါဝင်ကြောင်း သိရသည်။ အွန်လိုင်းဗီဇာ e-Visa စနစ် ဆောင်ရွက်ရာတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံအပြင် ခရီးသွား လာရောက်မှု အပေါ် မူတည်ပြီး နိုင်ငံများ ထပ်မံ တိုးချဲ့ပေးရန် ခရီးသွား လုပ်ငန်းရှင်များ က လိုအပ်သော နိုင်ငံများကို သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ စက်တင်ဘာ ၂၃ ရက်က တင်ပြခဲ့ ကြသည်။

လက်ရှိတွင် လာအို ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား နှင့် အင်ဒိုနီးရှား တို့သည် မြန်မာနိုင်ငံ နှင့် ဗီဇာ ကင်းလွတ်ခွင့် အပြန်အလှန် ရရှိထားသော နိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဝင်ရောက်မှုမှာ သြဂုတ်လကုန် အထိ နှစ်သန်း နီးပါးရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ဧည့်သည် အ၀င် သုံးသန်းကျော် ၀င်ရောက် မည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခန့်မှန်း ထားကြောင်း သိရသည်။




အာဆီယံ-ကုလထိပ်သီးအစည်းအဝေးတက်ရန် ဘန်ကီမွန်းမြန်မာနိုင်ငံလာမည်

ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း(MARTIAL TREZZINI/ EPA)
ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း သည် လာမည့်နိုဝင်ဘာ ၁၁ ရက်တွင် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့တက် ရောက်ရန် မြန်မာ့နိုင်ငံသို့ လာ ရောက်မည်ဖြစ်ပြီး သမ္မတဦးသိန်း စိန်အပါအဝင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အာဆီယံ-ကုလသမဂ္ဂထိပ် သီးအစည်းအဝေးမှာ အာဆီယံ အစည်းအဝေးများအတွင်း ပုံမှန် ကျင်းပလေ့မရှိသော်လည်း ဘန် ကီမွန်း၏ အဆိုပြုချက်အရ အာ ဆီယံဥက္ကဋ္ဌမြန်မာက အစည်း အဝေးဖြစ်မြောက်ရန် ညှိနှိုင်းစီစဉ် ပေးခြင်းဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။
‘‘မနှစ်က ဘရူနိုင်းအာဆီယံ ဥက္ကဋ္ဌကာလမှာ အာဆီယံ-ကုလ ထိပ်သီးလုပ်တယ်။ အဲဒီတုန်းက ဘန်ကီမွန်းက မြန်မာအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့နှစ်ကျရင်လည်း ဒီ ထိပ်သီးအစည်းအဝေးလုပ်ချင် တယ်လို့ အဆိုပြုထားတဲ့အတွက် မြန်မာကအဖွဲ့ဝင်နိုင်ငံတွေနဲ့ ညှိ နှိုင်းပေးတာဖြစ်တယ်။ ဒီအစည်း အဝေးမှာတော့ ကုလနဲ့ အာဆီယံ ကိစ္စကိုပဲ သီးသန့်ဆွေးနွေးမယ်။ မြန်မာ့နိုင်ငံရေးကိစ္စကတော့ သမ္မတကြီးကို သီးသန့်တွေ့တဲ့အခါ ဆွေးနွေးကောင်းဆွေးနွေးပါလိမ့် မယ်’’ဟု ၎င်းက ပြောသည်။
ဘန်ကီမွန်းသည် နာဂစ်မုန် တိုင်းအပြီး ၂၀၀၈ ခုနှစ်တွင်တစ် ကြိမ်၊ ရွေးကောက်ပွဲအပြီး ဦးသိန်း စိန်အစိုးရသစ်တက်လာခဲ့သည့် ၂၀၁၂ မေလတွင်တစ်ကြိမ် မြန် မာနိုင်ငံသို့လာရောက်ခဲ့ပြီး ပြည် ထောင်စုလွှတ်တော် တတိယပုံ မှန်အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားထားသည်။ ထိုစဉ်က ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ ကု လသမဂ္ဂနှင့် အစိုးရတို့ပူးပေါင်း ဆောင်ရွက်သည့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးစီမံကိန်းကိုလည်း သွားရောက်လေ့လာခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ဘာ သာရေးတင်းမာမှုများကြောင့် ပြု ပြင်ပြောင်းလဲရေး ထိခိုက်နိုင်ပြီး ရွေးကောက်ပွဲကျင်းပရေးအတွက် အခက်အခဲ အတားအဆီးများ ရှိနေကြောင်း ဘန်ကီမွန်းက ပြီး ခဲ့သည့်ရက်ပိုင်း နယူးယောက် မြို့တွင်ပြုလုပ်ခဲ့သည့် ကုလအ ထွေထွေညီလာခံ၌ ပြောကြားခဲ့ သည်။
ထို့အပြင် ယခုရက်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက လည်း စောင့်ကြည့်စိုးရိမ်မှုများ ရှိနေသည်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လွှတ်တော်၏ အ ခန်းကဏ္ဍမှာလည်း အရေးပါပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များကို ကုလသမဂ္ဂက နီးကပ်စွာစောင့်ကြည့် နေကြောင်း ဘန်ကီမွန်းက ကုလ ညီလာခံ၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန် ယူထားသည့် တစ်နှစ်အတွင်း ကျင်းပရန်ကျန်သေးသည့် အာဆီ ယံထိပ်သီးအစည်းအဝေးကို နိုဝင် ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်များနှင့် ဆွေး နွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီး ယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ အမေရိကန်နှင့် ရုရှားတို့မှ နိုင်ငံ ခေါင်းဆောင်များတက်ရောက် ကြမည်ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဖိတ်ကြား ထားသော်လည်း တက်ရောက်ရန် အကြောင်းပြန်ကြားခြင်းမရှိသေး ကြောင်း အာဆီယံရေးရာဦးစီး ဌာနမှ သတင်းရရှိသည်။

Saturday, October 4, 2014

မြဝတီမြို့ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင် အချို့ကို ဖမ်းဆီး

မြ၀တီမြို့တွင် လုံခြုံရေးယူနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
မြဝတီမြို့တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်အမျိုးသားလေးဦးနှင့်အမျိုးသမီးသုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ လက်ပစ်ဗုံး၊သေနတ်၊ ခဲယမ်းများနှင့်   စိတ်ကြွဆေးများ သိမ်းဆည်းခဲ့ကြောင်း  သတင်းရရှိသည်။
မြဝတီမြို့ အမှတ် (၂)နှင့် (၄)ရပ်ကွက်အတွင်းရှိ လက်နက် ကိုင်တပ်ဖွဲ့များ၏အိမ်များသို့ ဝင် ရောက်ရှာဖွေခြင်းဖြစ်ပြီး လက်ပစ်ဗုံးခုနစ်လုံး၊ သေနတ်တစ်လက်နှင့် ကျည်ဆန်များအပြင် စိတ်ကြွဆေးပြား ၂,၀၀၀ နီးပါးသိမ်းဆည်းနိုင်ခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိတစ်ဦးကပြော သည်။
အမှတ်(၂)ရပ်ကွက်ရှိ အိမ် တစ်အိမ်မှ လက်ပစ်ဗုံးခြောက်လုံး နှင့် ယမ်းအချို့သိမ်းခဲ့သည့်ဖြစ်စဉ် တွင် ဖမ်းဆီးထားသည့်အမျိုးသား တစ်ဦးမှာ အမျိုးသားဒီမိုကရက် တစ်တပ်မတော် (DNA)မှ ဗိုလ် ကြီးအဆင့်ရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသော်လည်း ကျန်သောသူများနှင့်ပတ်သက်၍ အတိအကျပြောဆိုခြင်းမရှိပေ။

‘‘ယောက်ျားတွေကတော့ မရှိတော့ဘူးပေါ့။ မိန်းမတွေပဲ အိမ်မှာတွေ့တော့ မိန်းမတွေပဲ ဖမ်းလာရတာ။ ဘယ်သူ့ဟာမှန်း ကိုခွဲမရသေးဘူး။ ဘယ်သူမှဝန် မခံတော့  အားလုံးဆွဲရတာပဲ။ အကုန်လုံးကိုအရေးယူဖို့ တိုင်စာ ရေးရတာပေါ့။ ဝန်ခံတဲ့လူမရှိရင်’’ ဟုအမှတ် (၄)ရပ်ကွက်တွင် အမျိုးသမီးသုံးဦးဖမ်းဆီးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ရှင်းပြသည်။

ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သူများ မှာ အမှတ် (၂)ရပ်ကွက်မှ အမျိုး
သားတစ်ဦး၊ အမှတ် (၄)ရပ်ကွက်မှ အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးဖြစ်ပြီး ၎င်းတို့ကိုလက်နက်ဥပဒေ၊မူးယစ်ဥပဒေတို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
အစိုးရတပ်နှင့် မွန်၊ ကရင် ပြည်နယ်အခြေစိုက်လက်နက် ကိုင်အဖွဲ့တို့ တင်းမာမှုများဖြစ်ပွားပြီးနောက်အစိုးရတပ်က လက်နက်ကိုင်အဖွဲ့ဝင်များနေထိုင်ရာရပ် ကွက်များကိုဝင်၍ မူးယစ်ဆေးနှင့် လက်နက်များဆက်တိုက်ဖမ်းဆီးနေသည်။  နှစ်ဖက်တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ခေါင်းဆောင်ပိုင်းဆွေးနွေးရန် စီစဉ်နေကာ ဒီကေဘီအေမှ ဗိုလ်ကြီး စောစိုးမြင့်ကလည်း ညှိနှိုင်းသော နည်းလမ်းဖြင့်သာပြေလည်အောင် ဖြေရှင်းလိုကြောင်းပြောသည်။

ဆရာဝန်လင်မယားနှိပ်စက်ခြင်းခံရသော အိမ်အကူမိန်းကလေးကို ၀ိတိုရိယဆေးရုံ အခမဲ့ခွဲစိတ်ပေးမည်

နှိပ်စက်ခံခဲ့ရသော အိမ်အကူမိန်းကလေးကိုတွေ့ရစဉ်(ဓာတ်ပုံ − အောင်သစ်လွင်)
ဆရာဝန်လင်မယား၏ နှိပ်စက်မှုကြောင့် ဒဏ်ရာများရရှိခဲ့ သူ  အိမ်အကူကလေးငယ် မသန်း သန်းစိုး၏မျက်နှာကို အမေရိကန်နိုင်ငံ ဆရာဝန်ကြီးများက အခမဲ့ခွဲ စိတ်ကုသရန် လာရောက်ကြည့် ရှုရန်ရှိကြောင်း ၀ိတိုရိယဆေး ရုံကြီးမှ သတင်းရရှိသည်။
‘‘ဆရာဝန်တွေက ကလေး ကို သူတို့အနေနဲ့ ခွဲစိတ်လို့ရနိုင်၊ မရနိုင် အရင်ကြည့်မယ်။ မသန်း သန်းစိုးကို ခွဲပေးလို့ရ၊ မရကတော့မသေချာသေးဘူး။ စမ်းသပ်တာ ရော၊ ခွဲစိတ်ဖြစ်ခဲ့မယ်ဆိုရင်ရော အကုန်အခမဲ့လုပ်ပေးမှာပါ’’ဟု ၀ိတိုရိယဆေးရုံမှတာဝန်ရှိသူ ဒေါက်တာပြည့်ဖြိုးဆွေကပြောသည်။
အမေရိကန်ဆရာဝန်ကြီး များခွဲစိတ်ရန် အဆင်ပြေခြင်းမရှိပါက ပြည်တွင်းဆရာဝန်ကြီးများနှင့်ခွဲစိတ်နိုင်ရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဝိတိုရိယဆေးရုံအစီအစဉ် ဖြင့် အမေရိကန်ဆရာဝန်ကြီးများနှင့် ပူးပေါင်းကာ နှာခေါင်းကွဲ၊အာခေါင်ကွဲကလေးများအား ခွဲစိတ်ရန် လာရောက်ချိန်တွင် မ သန်းသန်းစိုး၏ ဒဏ်ရာအနေအ ထားကိုကြည့်ကာ ၎င်းတို့အနေ ဖြင့် ခွဲစိတ်နိုင်ခြင်း ရှိ၊ မရှိ ကြည့်ရှုသွားမည်ဖြစ်သည်။
‘‘ခွဲပေးမယ်ဆိုရင်တော့ အ ရမ်းဝမ်းသာတာပေါ့။ ကလေးအ ခြေအနေနဲ့ဆို ဘယ်လိုမှကုဖို့မဖြစ်နိုင်တဲ့ အခြေအနေလေ။ ဒဏ်ရာ တွေက လူတောထဲမ၀င်ရဲအောင် ဖြစ်နေပြီ’’ဟု မသန်းသန်းစိုး၏ ဦးလေးဖြစ်သူက ပြောသည်။
မသန်းသန်းစိုးသည် အိမ်ရှင် ဆရာဝန်လင်မယားနှိပ်စက်မှုများကြောင့် မွေးရာပါနှုတ်ခမ်းကွဲပုံစံ သို့ ရောက်ရှိသွားပြီး ရိုက်နှက်မှု များကြောင့် လက်များကျိုးကာ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းသူ တစ် ဦးအသွင်သို့ ရောက်ရှိနေသည်။
မသန်းသန်းစိုးကို နှိပ်စက်မှု ဖြင့် ဆရာဝန်လင်မယားကို ပုဒ်မသုံးခုဖြင့် တရားစွဲထားပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ယင်း ဆရာဝန်လင်မယားအား စစ်ဆေးလျက်ရှိကြောင်း စခန်းမှူး ရဲအုပ် ၀င်းဋ္ဌေးကဆိုသည်။
အသက် (၁၄) နှစ်သာရှိသေးသော မသန်းသန်းစိုးသည် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် မြောက်ဥက္ကလာပဆေးရုံဝန်ထမ်း ဆရာဝန်လင်မယားအိမ်၌ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် သြဂုတ်လအထိ အိမ် အကူလုပ်ကိုင်ခဲ့သည်။

Friday, October 3, 2014

အမ်ပီတီဆင်းမ်ကတ်ဝယ်ရန် နေရာရောင်းစားသော ဈေးကွက်ဖြစ်ပေါ်

ဂျန်းရှင်းစကွဲတွင် အမ်ပီတီဆင်းမ်ကတ်များ ၀ယ်ယူရန် စောင့်ဆိုင်းနေသူများ(ဓာတ်ပုံ-ကျော်ဇင်သန်း)
မြန်မာ့ဆက်သွယ်ရေး ဖုန်းဆင်းမ်ကတ်များ ရောင်းချ ပေးရာတွင် ညလုံးပေါက်တန်းစီ စောင့်ဆိုင်းသူများက ဦးထား သည့်နေရာများကို တစ်ဆင့်ပြန် လည်ရောင်းချမှုများ ပေါ်ပေါက် နေကြောင်း သတင်းရရှိသည်။
‘‘မနက် ၂ နာရီကတည်းကလာတန်းစီကြတဲ့ လူတွေက မိုးလင်းတော့ နေရာကောင်းကို သုံး ထောင်၊ ငါးထောင်ဆိုပြီး ပြန်ရောင်းနေကြတာ’’ ကမာရွတ်မြို့နယ် ဂျန်းရှင်းစကွဲဈေးဝယ်စင်တာရှေ့တွင် အမ်ပီတီဆင်းမ်ကတ်ဝယ်ယူရန် လာရောက်တန်းစီသူတစ်ဦးက ပြောသည်။
ဖုန်းကတ်တန်ဖိုးမှာ ၁၅၀၀ ကျပ်ဖြစ်သော်လည်း တန်းစီသည့်နေရာများအား ပြန်လည် ရောင်းချဈေးက ပိုများသဖြင့် အမှန် တကယ်ဖုန်းကတ်လိုချင်သူထက် မှောင်ခိုရောင်းချလိုသူများသာ ဖြစ်နိုင်ကြောင်း လှိုင်သာယာမြို့ နယ်မှ ကမာရွတ်မြို့နယ် ဂျန်းရှင်း စကွဲဈေးဝယ်စင်တာတွင် ဆင်းမ် ကတ်လာရောက်တန်းစီ ၀ယ်ယူ သူ အမျိုးသားတစ်ဦးက ဆိုသည်။

ညအိပ်ကာ ကြိုတင်တန်းစီး ၍ နေရာများ ပြန်လည်ရောင်းမှု မှာ  ပန်းဆိုးတန်းနှင့် ရွှေဂုံတိုင်မြို့ နယ်ရှိ  အမ်ပီတီဆင်းမ်ကတ် ရောင်းချရာ   နေရာအချို့တွင် လည်း ဖြစ်ပွားခဲ့ကြောင်း အမ်ပီ တီဆင်းမ်ကတ်များကိုယ်စား လှယ်အဖြစ်  ပြန်လည်ရောင်းချ ခွင့် ရရှိထားသည့် E-Lite မှ အရောင်းဝန်ထမ်းတစ်ဦးက ပြော သည်။

 ‘‘လူအရမ်းများလာတယ်။ တိုးဝှေ့ကြတယ်။ ရဲတွေနဲ့လုံခြုံ ရေးတွေလည်း ထိန်းလို့ကို မရ တော့ ဖုန်းကတ်ထုပ်ကိုကိုင်ပြီး ရောင်းတဲ့အချိန် ဘာလုပ်ရမှန်းကို မသိတော့ဘူး’’ဟု အထက်ပါဝန် ထမ်းက ၎င်း၏အခက်အခဲကို ပြောသည်။
 အမ်ပီတီဆင်းမ်ကတ်များ ကို စက်တင်ဘာ ၁ ရက်မှစ၍ လက်လီအရောင်းဆိုင်များတွင် စတင်ရောင်းချပေးခဲ့ပြီး ၂၀၁၄ နှစ်ကုန်တွင် ဆင်မ်းကတ်ပေါင်း ငါးသန်းအထိ ရောင်းချပေးသွား ရန် ရည်ရွယ်ထားသည်။ သို့ သော် လက်ရှိတွင် ဆိုင်အနည်း ငယ်၌သာ ၀ယ်ယူ၍ရပြီး လိုအပ်သလောက် မရနိုင်သေးပေ။ မှောင်ခိုဈေးကွက်များ ဖြစ်ပေါ် နေသော အရောင်းဆိုင်အချို့တွင် ဆင်းမ်ကတ်တစ်ခုလျှင် ဈေးအများဆုံး ကျပ် ၂၅,၀၀၀ အထိ ဈေးတင် ရောင်းချမှုများရှိသည်။
  လက်ရှိတွင် အမ်ပီတီ ဆင်းမ်ကတ်များကို နိုင်ငံတစ်ဝန်း ရှိ မြို့နယ်ပေါင်း ၂၄၀ ကျော်တွင် အရောင်းကိုယ်စားလှယ်  တစ် သောင်းကျော်ဖြင့် ဖြန့်ချိရောင်းချ ပေးလျက်ရှိပြီး ဈေးကွက်လိုအပ် ချက်ပေါ်မူတည်၍ ထပ်မံတိုးချဲ့ သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးက ဆိုသည်။
 မြန်မာ့ဆက်သွယ်ရေး၏ နောက်ဆုံးသတင်းထုတ်ပြန်ချက် အရ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် မေလအထိ  နိုင်ငံတစ်ဝန်းတွင် မိုဘိုင်းဖုန်းအလုံးရေ ကိုးသန်း ကျော်အထိ ရောင်းချပေးခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး ရခိုင် ဒုက္ခသည်များအရေးတို့ကို အိုဘားမားနှင့် ဦးသိန်းစိန်ဆွေးနွေးမည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်သမ္မတအိုဘားမားနှင့်တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ−အီးပီအေ)
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အရေးတို့ကို သမ္မတဦးသိန်းစိန် နှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီကပြောကြား သည်။
ထို့ပြင် မြန်မာ−အမေရိကန်နှစ်နိုင်ငံကြား နောက်ဆုံးတွေ့ဆုံ စဉ်က သဘောတူထားသည့် ကတိကဝတ်များ၊ အာမခံချက်များကို မြန်မာအစိုးရအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍လည်း ဆွေး နွေးမည်ဖြစ်ကြောင်း ဂျွန်ကယ်ရီ ကပြောသည်။
စက်တင်ဘာ ၃၀ ရက်က နယူးယောက်မြို့ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပြု လုပ်ခဲ့သော မြန်မာ−အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အိုဘားမား၏ မြန်မာပြည်ခရီးစဉ် နှင့်ပတ်သက်၍ ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။
‘‘လာမယ့် တစ်လကျော် ကျော်လောက်မှာ သမ္မတအိုဘား မား မြန်မာနိုင်ငံကိုလာရောက်မှာ ဖြစ်တယ်။ နေပြည်တော်မှာကျင်း ပမယ့် အရှေ့အာရှထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက် ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဒေသဆိုင်ရာအရေးကိစ္စတွေ အပြင် ရွေးကောက်ပွဲလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေးနဲ့ ရခိုင်ပြည် နယ်တွင်းက ဒုက္ခသည်တွေအရေး ကို ဆွေးနွေးဖို့ရှိပါတယ်။ ဒါ့အပြင်နှစ်နိုင်ငံကြား နောက်ဆုံးအစည်း အဝေးမှာ သဘောတူထားတဲ့ ကတိကဝတ်တွေကို ဖော်ဆောင် နေတာတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးမှာဖြစ်ပါတယ်’’ဟု ဂျွန် ကယ်ရီက  ပြောကြားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနဝက်ဘ်ဆိုက်တွင်ဖော်ပြထား သည်။
နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျွန်ကယ်ရီတို့ တွေ့ဆုံစဉ် အမေရိကန်အစိုးရ အနေဖြင့် ယူနတီသတင်းထောက် များဖမ်းဆီးခံထားရမှုနှင့် ရခိုင်ပဋိ ပက္ခမှာ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်ကြောင်း အဓိက ထောက်ပြပြောကြားထားသည်။ လက်ရှိတွင် နောက်ဆုံးဆွေးနွေး ထားသည့် ယင်းနှစ်ချက်ထဲမှ ယူနတီသတင်းထောက်များကို အစိုးရက ထောင်ဆယ်နှစ်မှ သုံး နှစ် လျှော့ချ၍ခုနစ်နှစ်သို့အယူခံပြင်ဆင် အမိန့်ချခဲ့သည်။ ရခိုင်ပဋိပက္ခကိုလည်း အစိုးရက အာရုံစိုက်နေပြီး အပြစ်တင်မစောရန် ဦးဝဏ္ဏမောင်လွင်က ကုလညီလာခံ၌ ပြောကြားခဲ့ပြီးဖြစ်သည်။
အရှေ့အာရှထိပ်သီးအစည်းအဝေးကာလအတွင်း သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမား တို့ သီးသန့်တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကြား  အထောက်အကူပြုစေရန်    ဆွေးနွေးမည့် အချက်များကို ယခုကတည်းက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ကြိုတင်ပြင်ဆင်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် နှစ်ဦး လုံးကပြောကြားခဲ့သည်။
‘‘ဂျွန်ကယ်ရီပြောသလိုပဲ အာဆီယံနဲ့ပတ်သက်လို့ အကျိုး ဖြစ်ထွန်းတဲ့ဆွေးနွေးမှုတွေပြုလုပ် ခဲ့ပါတယ်။ ဒါဟာ ဒီနှစ်လအတွင်း မှာ အမေရိကန်အစိုးရနဲ့ ကျွန် တော်တို့သုံးကြိမ်မြောက်တွေ့ဆုံ ခြင်းလည်းဖြစ်ပါတယ်။ နေပြည် တော်မှာ     လာမယ့်အာဆီယံ အစည်းအဝေးမှာလည်း နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုတွေ ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြောကြား သည်။
သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ၂၀၁၂ခုနှစ် နိုဝင်ဘာက    ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး   ယခု  ၂  နှစ် အကြာ နိုဝင်ဘာတွင် အာဆီယံထိပ်သီးအစည်းအဝေး၌ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒုတိယ အကြိမ် လာရောက်မည်ဖြစ်သည်။

Wednesday, October 1, 2014

နိုင်ငံခြားဘဏ် ၉ ခု မြန်မာ ဖွင့်ခွင့်ပြု

 
မြန်မာနိုင်ငံမှာ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ စင်္ကာပူ၊ ထိုင်းနဲ့ မလေးရှား စတဲ့ နိုင်ငံတွေက ဘဏ်ကြီး ၉ ခုကို ဖွင့်ခွင့် ပြု လိုက်ပါတယ်။
အဲဒီ ဘဏ်ကြီးတွေ ထဲမှာ Tokyo-Mitsubishi UFJ အပါအဝင် ဂျပန်ရဲ့ အကြီးဆုံးဘဏ် ၃ ခု၊ သြစတြေးလျရဲ့ ANZ ဘဏ်၊ တရုတ် စက်မှုလက်မှုနဲ့ ကူးသန်း ရောင်းဝယ်ရေး ဘဏ်၊ စင်ကာပူက OCBC ဘဏ်၊ ထိုင်းက ဘန်ကောက်ဘဏ်၊ မလေးရှားက Malayan Banking Berhard စတဲ့ ဘဏ်တွေ ပါဝင်ပါတယ်။

ဒီဘဏ်တွေ အနေနဲ့ ဘဏ်ခွဲ တခုစီ ဖွင့်ခွင့်ရှိပြီး မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံနေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို နိုင်ငံခြားငွေ ချေးငှားခွင့် ရမှာ ဖြစ်ပါတယ်။

  မြန်မာ ကုမ္ပဏီတွေကို နိုင်ငံခြားငွေ ချေးငှားရာမှာတော့ ဒေသခံ ဘဏ်တွေက တဆင့် ပူးပေါင်း လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဂျပန်က မြေအများဆုံးငှားရမ်းထား

သီလ၀ါ အထူးစီးပွားရေးဇုန် အဆင့်(A) အခြေခံအဆောက်အဦများ စတင်ဆောက်လုပ်နေသည်ကို သြဂုတ်လက တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများက မြေအများဆုံး ငှားရမ်းထားကြောင်း သတင်းရရှိသည်။

သီလ၀ါအထူးစီးပွားရေးဇုန် တွင် ဂျပန်ကုမ္ပဏီ ခြောက်ခုနှင့် ထိုင်းကုမ္ပဏီတစ်ခုက မြေဟက် တာ ၂၃ဒသမ၇ တွင် စက်ရုံတည် ဆောက်ရန် စီစဉ်ထားပြီး ၂၀၁၅ နှစ်လယ်တွင် တည်ဆောက်ပြီးနိုင် ကြောင်း သီလ၀ါအထူးစီးပွားရေး ဇုန် ဟိုးဒင်းအများပိုင်ကုမ္ပဏီလီ မိတက်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။ ‘‘စက်ရုံတွေ ဘာတွေ ဆောက်ဖို့ မြေငှားမှုအာမခံတွေ ဘာတွေတောင်တင်ပြီးပြီ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။

သီလ၀ါအထူးစီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံရန် မြေငှားရမ်း ထားသော ကုမ္ပဏီများထဲ၌ ဂျပန်က အများဆုံးဖြစ်နေပြီး ထိုင်ဝမ်က ဒုတိယ၊ ထိုင်းနိုင်ငံက တတိယလိုက်နေသည်။
သီလ၀ါအထူးစီးပွားရေးဇုန် တွင် ဂျပန်နိုင်ငံ၏ လက်ရှိရင်းနှီး မြှုပ်နှံမှုပမာဏမှာ ဂျပန်နိုင်ငံက ၁၀ ရာခိုင်နှုန်း ထိုင်ဝမ်က ၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှ ၂ ရာခိုင်နှုန်းနှင့် အမေရိကန်၊ ဆွီဒင်၊ တရုတ်၊ မြန်မာနိုင်ငံတို့က ၁ ရာ ခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထားကြောင်း စာရင်းများက ဖော်ပြသည်။
သီလ၀ါအထူးစီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများ မှာ စတီးလ်ပိုက်ထုတ်လုပ်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ အလူ မီနီယံလုပ်ငန်း၊ သစ်အချောထည် ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ အ ထည်ချုပ်လုပ်ငန်းတို့ပါဝင်ကြောင်းမြန်မာသီလ၀ါအထူး စီးပွားရေးဇုန် ဟိုးဒင်းအများပိုင် ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာတစ်ဦးက ပြောကြားသည်။
သီလ၀ါအထူးစီးပွားရေးဇုန် ကို မြေဟက်တာလေးရာတွင် စတင်အကောင်ထည်ဖော်ရာ၌ ပထမအဆင့်၊ ဒုတိယ အဆင့်ဟူ၍ နှစ်ဆင့်ခွဲထားသည်။ ပထမအဆင့်ကို မြေစတင်ငှားရမ်းရန် ကြေညာရာတွင် နိုင်ငံပေါင်းစုံမှ ရင်းနှီးမြှုပ်နှံရန်အတွက် လေ့လာစုံစမ်းသည့် ကုမ္ပဏီပေါင်း ၂၅၁ ခုထိရှိခဲ့သည်။ ယင်းတို့ထဲမှ ကုမ္ပဏီပေါင်း ၅၁ ခုက ၀ယ်ယူရန် (Letterof Intend) ရေးထိုးနိုင်ခဲ့သည်။ ယင်းကုမ္ပဏီများမှာ မြေ ဟက်တာ ၁၉၀ ကျော်သဖြင့် ဒုတိယအဆင့်ပါ ဆက်လက်လုပ်ကိုင်ရကြောင်း သိရသည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို မောင်တောနယ်စပ်မှ တရားဝင်လွှဲပြောင်းပေး

ပြန်လွှဲပြောင်းပေးလိုက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ (ဓာတ်ပုံ − မောင်ကံ)

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပြစ်ဒဏ်စေ့ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် မောင်တောနယ်စပ် အမှတ် (၁)၀င်/ထွက်စခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
နှစ်နိုင်ငံ ပြစ်ဒဏ်စေ့အကျဉ်း သား လွှဲပြောင်းခြင်း အခမ်းအနားသို့ မောင်တောခရိုင် ဒုတိယ လ၀ကဦးစီးဌာနမှူး ဦးထွန်းထွန်း (လ/ထ ညွှန်ကြားရေးမှူး) ဦး ဆောင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ Additional Director, Staff Officer Md. Nazmus Sadat Soimmo ဦး ဆောင်ကာ အဖွဲ့ဝင် ကိုးဦးတို့ ကစပီဘုတ်များဖြင့် ခေါ်ဆောင် သွားခဲ့သည်။
ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေအကျဉ်းထောင်တွင် ပြစ်ဒဏ်ချမှတ်ခြင်း  ခံခဲ့ရသူများဖြစ်ကြောင်း ခရိုင်လ၀က ဦးစီးဌာနမှူးဦးစောနိုင်က ပြောသည်။
ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများလွှဲပြောင်း လက်ခံ ခဲ့သော ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့် တပ်ဖွဲ့ဝင်များမှာ မောင်တောမြို့ မြို့မဈေးကြီးနှင့် မြို့မဘုန်းတော်ကြီးကျောင်းသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် အမှတ်(၁) ၀င်/ထွက်စခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားများ လွှဲပြောင်းပေးနိုင်ရန်အတွက် မောင်တောခရိုင်လ၀ကဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနယ်ဖ်ခရိုင်ခွဲအခြေစိုက် အမှတ်(၄၂) နယ်ခြားစောင့်တပ် (BGB) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဘူဇာအယ်ဇာဟိတို့၏ နှစ်နိုင်ငံ ချစ် ကြည်ရေး ဦးတည်၍ အပြန်အလှန်ဆက်သွယ်ညှိနှိုင်း လွှဲ ပြောင်းပေးခြင်း ဖြစ်သည်။
မောင်တောနယ်စပ်မှ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်မှ ယနေ့အထိ ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၀ ဦး လွှဲပြောင်းပေးထားပြီး ဖြစ်သည်။

တကျော့ပြန် စိုးရိမ်မှုတွေ မြင့်တက်နေတဲ့ မြ၀တီ

-မြ၀တီ, ကရင်, ငြိမ်းချမ်းရေး , အစိုးရ စစ်တပ် , DKBA , တိုက်ပွဲ, တိုင်းရင်းသားထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တာမို့ ပုံမှန်အားဖြင့် ကုန်စည်စီးဆင်းမှု များပြားပြီး လူဝင်လူထွက် ရှုပ်ထွေးလှတဲ့ မြ၀တီမြို့ လေးက စက်တင်ဘာလနှောင်းပိုင်းမှာတော့ တိတ်ဆိတ်ခြောက်ကပ်သွားပြီး လူဝင်လူထွက်လည်း ရုတ်ချည်းဆိုသလို လျော့ကျ သွားပါတယ်။
မြင်တွေ့ရခဲတဲ့ အစိုးရစစ်သားတွေကို မြ၀တီမြို့ရဲ့ အ၀င်၊ အထွက် နေရာအတော်တော်များများမှာ အနီရောင် လည်ပတ် စီးတွေစီး၊ သေနတ်တွေကို ပစ်ခတ်ဖို့ အသင့်အနေအထား ကိုင်ဆောင် ထားတဲ့ပုံစံနဲ့ တွေ့မြင် နေရ တယ်။ မြ၀တီမြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ အစိမ်းရောင် စစ်ကားကြီးတွေက 
မကြာခဏဆိုသလို လှည့်လည် ကင်းလှည့် တာမျိုးတွေလည်း ရှိနေပါတယ်။
အမြဲစည်းကားနေတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ မြ၀တီကို တိတ်ဆိတ်ခြောက်ကပ်တဲ့မြို့အဖြစ် အသွင်ပြောင်းသွားစေတဲ့ အကြောင်းအရင်းက လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ နဲ့ အစိုးရစစ်တပ်ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။
မြဝတီမြို့ပေါ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့က  အစိုးရ စစ်တပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့တို့ ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့တဲ့နောက် မြို့ခံတွေက သူတို့ရဲ့လုံခြုံရေးအတွက် စိတ်ချောက်ချားနေကြပြီး နောက်ထပ် ပစ်ခတ်မှုတွေ ဖြစ်လာမှာ ကို လည်း စိုးရိမ်နေကြပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့ မြဝတီမြို့ထဲကို အစိုးရ စစ်ကားတန်း ဝင်လာချိန် မြို့အထွက် အာရှလမ်းမကြီးဘေးမှာရှိတဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) အဖွဲ့ရဲ့ ဗိုလ်မှူးကြီး တိုက်ဂါး အဖွဲ့တွေနေထိုင်တဲ့ ခြံဝန်းကြီး အနား အရောက် မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြောဆိုပါတယ်။
လက်နက်ကြီး လက်နက်ငယ်ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေကြားနေရပေမယ့် စစ်တပ်နဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ အဖွဲ့ကိုတော့ မမြင်ကြရဘူးလို့ဆိုပါတယ်။ အစိုးရ စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိအချို့ကတော့ DKBA နဲ့ အစိုးရ စစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားနေတာလို့ ပြောဆိုကြပေမယ့် အစိုးရ အာဏာပိုင်တွေနဲ့ DKBA တို့ဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
အဲဒီပစ်ခတ်မှုမှာ နှစ်ဘက် သေဆုံး၊ ဒဏ်ရာရသူတွေ အသံမကြားရပေမယ့် အနီးမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့ စားသောက် ဆိုင်တွေ ကတော့ ထိတ်လန့်ပြီး ထွက်ပြေးပုန်းရှောင်ခဲ့ကြရပါတယ်။ အဲဒိနေ့က မြို့ပေါ်မှာ လူတွေ အသွားအလာ တိတ်ဆိတ် သွားသလို စာသင်ကျောင်းတွေ၊ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ စောစောစီးစီး ပိတ်သိမ်းခဲ့ကြပါတယ်။
ပစ်ခတ်မှု မဖြစ်ပွားခင် စက်တင်ဘာလ ၁၅ ရက်နေ့  ထိုင်းနိုင်ငံဘက်ကို ကူးသန်းနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲ တွေက အကြောင်း အမျိုးမျိုးပြ ငွေကြေးတောင်းခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်မှူးကြီး တိုက်ဂါး ဦးဆောင်တဲ့ အဖွဲ့က ထိုင်းကုန်ကား အစီး ၃၀ ကို ခေတ္တ ထိန်းသိမ်းခဲ့ပါတယ်။ ဒီလုပ်ရပ်က မြန်မာအစိုးရ အတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် မြဝတီမြို့ပေါ်မှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်း တွေတွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို အကြောင်းပြပြီး အစိုးရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက မြဝတီမြို့ကို လုံခြုံရေး အင်အားတွေ တိုးချဲ့ချထားခဲ့ပါတယ်။
အဲဒီနောက် စက်တင်ဘာ ၁၈ ရက်နေ့ညက မြဝတီမြို့ပေါ်မှာ DKBA တပ်ဖွဲ့ဝင် ၂ ဦး မောင်းနှင်လာတဲ့ အနက်ရောင် SURF အမျိုးအစား ကားကို အစိုးရ လုံခြုံရေး အဖွဲ့တွေက စစ်ဆေးဖို့ တားမြစ်ရာမှာ မောင်းထွက်သွားတဲ့ အတွက် စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာမှ DKBA တဦး သေဆုံးသွားခဲ့ပါတယ်။ DKBA တဦးသေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရ စစ်တပ် ဘက်က ဖြေရှင်းမှု တစုံတရာ မလုပ်တဲ့အတွက် DKBA နဲ့ အစိုးရစစ်တပ်အကြား တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မြ၀တီမြို့မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီး နောက်တနေ့မှာ ဗိုလ်မှူးကြီး တိုက်ဂါး အဖွဲ့နေထိုင်တဲ့ ခြံဝန်းအကျယ်ကြီးနဲ့ အဆောက်အအုံ တွေကို စစ်တပ်က ဝင်ရောက် နေရာယူလိုက်ပါတယ်။ ခြံဝန်းကို အမှီပြုပြီး ရောင်းချနေကြတဲ့ ခြံရှေ့က ဈေးဆိုင်တန်း တွေလည်း နောက်တနေ့မှာ ဖျက်သိမ်းပေးခဲ့ကြရသလို အနီးမှာ ရှိတဲ့ ဂိမ်းဆိုင်တွေကိုလည်း ပိတ်သိမ်းလိုက်ပါတယ်။
DKBA အဖွဲ့ဝင် တဦးက “ဒီမြဝတီမှာရှိတဲ့ တိုက်ဂါးနဲ့ ပတ်သက်တဲ့ မြေကွက်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို စစ်တပ်က အကုန်သိမ်းလိုက်တယ်။ ဒီလိုလုပ်လိုက်တာနဲ့ ပတ်သက်ပြီး ဗိုလ်တိုက်ဂါးတို့ကလည်း ကျေနပ်မှာမဟုတ်ဘူး” လို့ ဆိုပါ တယ်။
လက်နက်အသင့် ကိုင်ဆောင်ထားတဲ့ အစိုးရ စစ်တပ်တွေကို ဗိုလ်မှူးကြီး တိုက်ဂါး နေခဲ့တဲ့ မြဝတီမြို့အထွက် အာရှလမ်းမကြီး ဘေးက ခြံဝန်းကြီးမှာ ချထားပါပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ တောလမ်းကနေ ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေကိုလည်း တပ်တွေချထားပါတယ်။
မြဝတီမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဆက်ဆံရေးရုံးတွေကိုလည်း အစိုးရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် မြို့တွင်းကို စစ်ကားနဲ့ ရဲကားတွေ ဝင်ထွက်လှည့် ပတ်နေသလို အရပ်ဝတ်တွေနဲ့ စုံစမ်းထောက်လှမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ ရဲတွေ ဒီလိုလှုပ်ရှားမှုတွေ တွေ့မြင်နေရတဲ့ မြဝတီမြို့ခံတွေကတော့ နောက်ထပ်ပစ်ခတ်မှုတွေများ ဖြစ်လာဦး မလား၊ ဘယ်နေရာတွေမှာ ပေါက်ကွဲမှုတွေဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ သွားလာနေကြရပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် နှစ်နိုင်ငံ ကူးသန်းနေတဲ့ ချစ်ကြည်ရေးတံတားကြီးကို ဖွင့်လှစ်ထားသလို ကုန်သွယ်မှုတွေလည်း ပြုလုပ်နေဆဲဖြစ်ပေမယ့် ပစ်ခတ်မှုတွေကြောင့် စိုးရိမ်နေကြတဲ့ ကုန်သည်တချို့ကတော့ ကုန်သွယ်ရေး လုပ်ငန်းတွေကို ရပ်နားထားပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ဆိုပါတယ်။
နှစ်နိုင်ငံကူးသန်းနေတဲ့ သောင်းရင်းမြစ်ပေါ်က ကူးတို့ဆိပ်တွေလည်း ဖွင့်လှစ်ထားပေမယ့် ကူးသန်းသွားလာသူတွေ အရင်တုန်းကလောက်တော့ မများလှပါဘူး။ အစိုးရ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်တွေရဲ့ ကူးတို့ဆိပ် တွေမှာ တော့ ထိုင်းနိုင်ငံဘက်ကနေ မော်တော်ဆိုင်ကယ်နဲ့ ကားတွေ အသွင်းမပျက်တာကိုတွေ့ရပါတယ်။
စိုးရိမ်စိတ်တွေကြီးစိုးနေကြတဲ့ မြဝတီမြို့ခံတချို့ကတော့ သူတို့သားသမီးတွေကို ကျောင်းလွှတ်ဖို့အတွက် လက်တွန့်နေကြ ပြီး မြို့ခံတော်တော်များများလည်း အရင်တုန်းကလို လွတ်လွတ်လပ်လပ် မသွားလာရဲကြဘူး။
မြ၀တီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထိုင်းနိုင်ငံမဲဆောက်မြို့မှာ အခမဲ့ဆေးကုပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းကိုပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါ တယ်။ အရင်က ဒီဆေးခန်းကို နေစဉ်နဲ့အမျှ လာရောက်ကုသနေကြတဲ့ မြဝတီမြို့ ပေါ်က လူနာတွေ အပါအဝင် ပြည်တွင်းက လူနာတွေပါ ပစ်ခတ်မှုတွေ ဖြစ်တဲ့နေကစပြီး လာရောက်ဆေးကုသမှုတွေ သိသိသာသာ ကျဆင်းသွားပါတယ်။
ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းမှာ မဲဆောက်မြို့မှာ ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ၊ ပြည်တွင်းက လာရောက် ဆေးကုသသူတွေ  အပါအ၀င် တရက်ကို လူနာ ၃၀၀ လောက် ရှိခဲ့ပေမယ့် အခုတော့ ပစ်ခတ်မှုတွေကြောင့် လူနာတွေ ဆေးခန်းမလာရဲတော့အတွက် လူနာ အရေအတွက် သိသိသာသာ လျော့ကျသွားပါတယ်။
မြ၀တီမြို့မှာ ဖြစ်ပေါ်လာတဲ့ ပစ်ခတ်မှုတွေနဲ့ အခြေအနေတွေက အစိုးရစစ်တပ်ရဲ့ မူမမှန်တဲ့ သဘောထားတွေ ကြောင့် ဖြစ်တယ်လို့ မြ၀တီဒေသခံတချို့က ဆိုပါတယ်။
“ကျနော်တို့က ကိုယ့်ပြည်နယ်ထဲမှာ ကိုယ်နေတာ။ သူတို့ (အစိုးရစစ်တပ်) က ထိန်းချုပ်ချင်တယ်။ သူတို့ စိုးမိုးချင်တဲ့ အထဲမှာ ထိုင်းနဲ့ အဓိက ကုန်သွယ်နေရတဲ့ ဒီလမ်းကြောင်းနဲ့ အာရှလမ်းမကြီးကို သူတို့ ထိန်းချုပ်ချင်တယ်လေ။ ကျနော်တို့ကိုလည်း ချိနဲ့သွားစေချင်ရုံတင်မကဘူး။ ပျောက်သွားလေကောင်းလေလုပ်တာ” လို့ DKBA တပ်မှူးတဦးက ပြောပြပါတယ်။
မြ၀တီမြို့ကို ၂၀၁၀ ရွေးကောက်ပွဲရက်ကလည်း ဗိုလ်ချုပ် နှုတ်ခမ်းမွှေးရဲ့ ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) က တက်သိမ်းခဲ့ဖူးပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လက်ရှိအချိန်မှာတော့ ၂၀၁၀ တုန်းကလို မြဝတီမြို့ကို ဝင်ရောက်သိမ်းယူဖို့ဆိုတာ အင်မတန် မလွယ်ကူ ခဲယဉ်းမှာ အသေအချာပါပဲ။
အစိုးရ စစ်တပ်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အကြား ဒီဒေသကို စစ်ရေးအရ ပဲဖြစ်ဖြစ်၊ စီးပွားရေးအရပဲ ဖြစ်ဖြစ် တင်းမာမှုတွေ၊ ပစ်ခတ်မှုတွေ ဖြစ်လာရင် လက်တွေ့ စိတ်ချောက်ချားမှုတွေနဲ့ ဖြတ်သန်းနေရတာကတော့ မြဝတီမြို့ခံတွေနဲ့ ကုန်စည်ကူးသန်းသူတွေပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ထားသူတွေ အချင်းချင်း ပစ်ကြ၊ ခတ်ကြတဲ့ တိုက်ပွဲမှာ မြေစာပင် ဖြစ်ရသူတွေက   လက်နက် ကိုင်ဆောင် မထားတဲ့ အပြစ်မဲ့တဲ့ မြ၀တီမြို့သူမြို့သားဖြစ်ပြီး နေ့တိုင်း ကျီလန့်စာစား နေထိုင်နေရတယ်လို့ မြ၀တီမြို့သူမြို့သားတွေက ပြောဆိုပါတယ်။

ပွင့်လင်းစ မြန်မာပြည်နှင့် ဂျပန်-မြန်မာ ဆက်ဆံရေး

တပ်မတော်, ဂျပန်, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်, ဗိုလ်ချုပ် အောင်ဆန်းဂျပန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှင်ဂဲရု အီဝါဆာကီ (Shingeru Iwasaki) ၏ ဖိတ်ကြားချက်ဖြင့် ယခင် သီတင်းပတ်အတွင်း မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံသို့ ပထဦးဆုံး သွားရောက် တွေ့ဆုံ လည်ပတ်ခဲ့သည်။ ၁၉၆၀ ခုနှစ်များအတွင်း ဗိုလ်ချုပ် နေ၀င်း ဂျပန်သို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် စစ်ဦးစီးချုပ်တဦး အနေဖြင့် ပထမဦးဆုံးအကြိမ် သွားရောက်သော ခရီးစဉ် ဖြစ်သည်။
ယခု လတ်တလော သွားရောက်ခဲ့သော အလည်အပတ် ခရီးစဉ်သည် မဟာမိတ် နိုင်ငံဟောင်းများ သာမက မဟာမိတ် နိုင်ငံသစ်များထံသို့ မြန်မာ့တပ်မတော်က ရင်းနှီးချစ်ကြည်ရေးအတွက် ဆောင်ရွက်ချက်များအထဲမှ တခုအဖြစ် သတ်မှတ်နိုင်သည်။ ဆိုရှယ်လစ်အစိုးရ ဦးနေ၀င်း လက်ထက်က ဂျပန်သည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ထောက်ပံ့သည့် နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးအခင်း၌ အစိုးရက အင်အားသုံး ချေမှုန်းခဲ့ခြင်းများကြောင့် အမေရိကန်နှင့် တခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ စတင်ပြုလုပ်ခဲ့ချိန်မှ စ၍ ထောက်ပံ့သည့် ပမာဏ လျော့ကျခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ယခုလက်ရှိ လုပ်ဆောင်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများနှင့် တဆက်တည်းတွင် ဂျပန်နိုင်ငံသည် မြန်မာနှင့် ယခင်က ရှိခဲ့သော ရင်းနှီးမှုကို ပြန်လည် အသက်သွင်းနိုင်ရန် ကြိုးပမ်းခဲ့ပြီး နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း မြှင့်တင်နိုင်ရန် လုပ်ဆောင်ခဲ့သည်။
ယခုနှစ် မေလအတွင်း၌ ဂျပန် ကာကွယ်ရေးဦးစီးချုပ် ရှင်ဂဲရု အီဝါဆာကီက သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ၄င်းတို့ ၂ ဦးက နှစ်နိုင်ငံကြား ကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြင့်ရန်၊ အဆင့်အလိုက် သတင်းအချက်အလက်နှင့် တခြား အရာများကို ဖလှယ်နိုင်ရန် ဆွေးနွေးပြောဆိုခဲ့ကြသည်။
မေလအတွင်း လာရောက်ခဲ့သော ဂျပန် စစ်ဦးစီးချုပ်၏ ၄ ရက်တာ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်း တွေ့ဆုံခဲ့ပြီး အာရှပစိဖိတ်ဒေသ လုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အရှေ့တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေရသော ဆင်ကကု (Senkaku) ကျွန်း အရေးတွင် ဂျပန်နိုင်ငံ၏ အချုပ်အချာ အာဏာပိုင်မှု၊ တရုတ်နိုင်ငံက ၄င်းတို့ ပိုင်ဆိုင်သည်ဟု တင်းမာစွာ ကြေညာထားသော တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုများ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဂျပန် ကာကွယ်ရေး ၀န်ကြီးဌာနကလည်း နှစ်နိုင်ငံ စစ်ဦးစီးချုပ်နှစ်ဦး ဆွေးနွေးခဲ့ကြသည့် နှစ်နိုင်ငံကြား ကာကွယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ရန်၊ အဆင့်အလိုက် သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် ဆွေးနွေးချက်များကို ထုတ်ပြန်ကြေငြာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၄င်း၏ ခရီးစဉ်အတွင်း ဗိုလ်မှူးကြီး ဆူဇူကီး ကဲအိဂျိ (Suzuki Keiji) ၏ အုတ်ဂူသို့ သွားရောက် ဂါရဝပြုပြီး ၄င်း၏ နေအိမ်သို့လည်း သွားရောက် လည်ပတ်ခဲ့သည်။
ဗိုလ်မှူးကြီး ဆူဇူကီးက ဒုတိယကမ္ဘာစစ် အစောပိုင်း ကာလများအတွင်း မြန်မာနိုင်ငံ ဗြိတိသျှ လက်အောက် ကျရောက်နေခဲ့စဉ်က အဓိကနေရာမှ ပါဝင်ခဲ့သော မီနာမီ ကီကန်း (Minami Kikan) အထူးတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုအချိန်၌ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ပမှ စစ်ရေး အကူအညီ ရယူရန် ကြိုးပမ်းနေချိန် ဖြစ်သည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ ယခုအခါ Xiamen ဟုခေါ်တွင်၍ ယခင်က အမွိုင် (Amoy) ဟု အမည်တွင်ခဲ့သော မြို့သို့  ဗိုလ်ချုပ် အောင်ဆန်း ရောက်ရှိခဲ့စဉ် ဂျပန် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့ကြသည်။ ကိုအောင်ဆန်းက ဗိုလ်မှူး ဆူဇူကီးနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင်ပြုလုပ်မည့် တော်လှန်ရေးအတွက် ဂျပန်နိုင်ငံမှ စစ်ရေးအကူအညီ ယူရန် ဆူဇူကီးက အကြံပြုခဲ့သည်။ မြန်မာအမည် ဗိုလ်မိုးကြိုး အမည်ခံ ဗိုလ်မှူးကြီး ဆူဇူကီးသည် မြန်မာတို့၏ လေးစားမှုနှင့် ယုံကြည်မှုကို ရခဲ့သည်။
၁၉၄၁ တွင် ကိုအောင်ဆန်းက လူငယ်တစုကို ဦးဆောင်ကာ ဂျပန်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး ရဲဘော်သုံးကျိပ် ဖွဲ့ခဲ့သည်။ ယင်းမှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၏ မူလအစ ဖြစ်သည်။
ဂျပန် ကင်ပေတိုင်နှင့် တခြားတိုက်ခိုက်ရေး အဖွဲ့များက နောင်တချိန် ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာမည့် နေဝင်း အပါအဝင် ရဲဘော်သုံးကျိပ်ကို လေ့ကျင့်ပေးခဲ့ကြသည်။ ဂျပန်တပ်ဖွဲ့က လေ့ကျင့်ပေးလိုက်ကြသူ အများစုလည်း ဦးနေဝင်း အစိုးရလက်ထက်တွင် ဝန်ကြီးများ ဖြစ်လာကြသည်။
ဦးနေဝင်းသည် ဆူဇူကီး မကွယ်လွန်မီ ၁၉၆၇ ခုနှစ်အထိ ဆူဇူကီးနှင့် မီနာမီ ကီကန်း အဖွဲ့ဝင်တို့ အကြား ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။
၁၉၈၁ ခုနှစ်တွင် ဦးနေဝင်း အစိုးရက သက်ရှိထင်ရှား ရှိနေသေးသည့် မီနာမီ ကီကန်း အဖွဲ့ဝင်ဟောင်း ၆ ဦးကို ရန်ကုန်မြို့ရှိ သမ္မတ အိမ်တော်တွင် အောင်ဆန်းတံခွန် ဘွဲ့တံဆိပ်များဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဗိုလ်မှူးကြီး ဆူဇူကီး၏ ကျန်ရစ်သူ အမျိုးသမီးလည်း ထိုပွဲသို့ တက်ရောက်သည်။ ၁၉၈၈ တွင် ဦးနေဝင်း ပါတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ၁၉၉၀ နှစ်လယ်အထိ မီနာမီ ကီကန်းအဖွဲ့နှင့် ဆက်ဆံရေး မပျက်ဘဲ ရှိနေခဲ့သည်။
အင်္ဂလိပ် ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး အကူအညီပေးရန် ဂျပန်တပ်များ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်ခဲ့ကြသည်။ ထို့နောက် ဂျပန်သိမ်းပိုက်မှုအောက်သို့ မြန်မာပြည် ကျရောက်ခဲ့သည်။ ၁၉၄၅ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှတို့နှင့် ပြန်လက်တွဲကာ ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်ရန် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
စစ်ပွဲကာလများအတွင် ဂျပန်ဘက်မှ စစ်သည် ၁ သိန်း ၉ သောင်းခန့် မြန်မာ့မြေတွင် ကျဆုံးခဲ့သည်။ ထို့ကြောင့် ဂျပန်နိုင်ငံသားများအတွက် မြန်မာဆိုသည်မှာ ၄င်းတို့ ရင်ထဲတွင် ထူးထူးခြားခြားရှိနေမည့် နေရာတခုဟု ဆိုလျှင်လည်း မမှားနိုင်ပေ။
မြန်မာနိုင်ငံတွင် ပွင့်လင်းမှုများ ရှိလာခြင်းနှင့်အတူ အင်အားကြီး တရုတ်နိုင်ငံနှင့် ထိန်းညှိမှုများ ပြုလုပ်ရန်မှာ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် စိတ်ဝင်စားမှု ရှိသည်။ မြန်မာနိုင်ငံသည် မဟာမိတ် အသစ်များနှင့်ရော အလားအလာရှိသည့် မဟာမိတ်များနှင့်ပါ ဆက်ဆံရေး ထိန်းထားခြင်း၊ ဆက်ဆံရေးသစ် ထူထောင်ခြင်းများ လက်မနှေးဘဲ လုပ်ဆောင်နေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသတွင်း နိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး လတ်တလောတွင် တောင်ကိုရီးယားသို့လည်း သွားရောက်သည်။
ယမန်နှစ်က ဂျပန်- မြန်မာ ဆက်ဆံရေးတွင် သိသာသော တိုးတက်ပြောင်းလဲမှုများ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ် မေလက ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။ ထိုသို့ လည်ပတ်ခြင်းမှာ ၁၉၇၇ ခုနှစ်နောက်ပိုင်းအတွင်း ၀န်ကြီးချုပ် အဆင့်အနေဖြင့် ပထမဆုံး လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း၌ ရှင်ဇို အာဘေးက ဒေါ်လာသန်း ၂ ဘီလီယံကို ကြွေးမြီစာရင်းထဲမှ ပယ်ဖျက်ပေးခဲ့ပြီး ဒေါ်လာ ၄၉၈.၅ သန်း တန်ဖိုးရှိ ချေးငွေတရပ်ကိုလည်း ပေးအပ်သွားရန် ကတိပြုခဲ့သည်။ သမ္မတ ဦးသိန်းစိန်ကလည်း ယမန်နှစ် ဒီဇင်ဘာလအတွင်း ဂျပန်သို့ သွားရောက်ခဲ့သည်။ စက်တင်ဘာလတွင် ဂျပန်ရေတပ်မတော်မှ လေ့ကျင့်ရေးသင်္ဘောများ မြန်မာနိုင်ငံသို့ ၅ ရက်ကြာခရီးစဉ်အဖြစ် လာရောက်သည်။


ရန်ကုန်မြို့တွင် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ဦးနှုန်း စောင့်ရှောက်ပေးနေရ

 
လူဦးရေ ၇ သန်းကျော်ရှိတဲ့ ရန်ကုန်မှာ ရဲတပ်ဖွဲ့ ၀င်အင်အားက  ၅ ထောင် ကျော်သာရှိတဲ့ အတွက် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ယောက်နှုန်းနဲ့ ကာကွယ် စောင့်ရှောက်ပေး နေရတာလို့ ရဲတပ်ဖွဲ့က ပြောကြား လိုက်ပါတယ်။
ရန်ကုန်မှာ ဒီကနေ့ကျင်းပတဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့  ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲမှူးကြီးမြင့်ထွေးက ရဲတပ်ဖွဲ့ဝင်အရေအတွက်နဲ့ ယူရတဲ့ တာဝန်မမျှမတဖြစ်နေတဲ့အကြောင်း မီဒီယာတွေကို ပြောကြားသွားတာပါ။

ရန်ကုန်မြို့မှာ လက်ရှိရဲဝန်ထမ်း ၅၅၃၈ ဦးရှိပြီး ရဲ ၁ ဦးက   လူ ၁၃၆၅ ဦး စောင့်ရှောက် နေရတာဖြစ်တဲ့ အတွက် ဒါဟာ နိုင်ငံတကာ စံနှုန်းနဲ့တော့ မညီဘူးလို့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

“ရန်ကုန်မှာ လူဦးရေ ၇.၃ သန်း ရှိတယ်။ ရဲတပ်ဖွဲ့ဝင် ၅၅၃၈ ရှိတဲ့အတွက် ရဲ ၁ ဦးက ပြည်သူအချိုး ၁၃၆၅ ဦး နဲ့ စောင့်ရှောက်ရတယ်။ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် ရဲ ၁ ဦးက ပြည်သူ ၄၀၀ ပဲ အုပ်ချုပ်ရတယ်။ ကျနော်တို့မှာတော့ ရဲတပ်ဖွဲ့ အင်အားနည်းတဲ့အတွက် ရဲ ၁ ယောက်မှာ ၁၃၆၅ ဦး အုပ်ချုပ်ရတယ်။ သို့သော်လည်း ရန်ကုန်တိုင်းသည် တခြားပြည်နယ်နဲ့ တိုင်းတွေထက် လုပ်ငန်းတွေလည်း များတယ်၊ များတဲ့အတွက် မြန်မာနို်င်ငံ ရဲတပ်ဖွဲ့ချုပ်က ကျနော်တို့ကို အင်အားအနေနဲ့ ၆၂ ရာခိုင်နှုန်းထည့်ပေးထားတယ်။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာဆိုရင် ၄၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်။”

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဟာ အီးယူနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက်မှာ ပြည်သူတွေက လိုလားလာပြီး တိုင်ကြားမူတွေ ပိုများလာတယ်လို့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

“ဒီဘက်ကာလမှာ လှည့်ကင်းတွေလည်း စိုးမိုးပါတယ်။ လူတွေရှိတဲ့အတွက် အမှုတော့ ရှိပါတယ်။ ရှိလာတဲ့အမှုတွေကို ကျနော်တို့ ကြိုတင်ကာကွယ်မှုတွေ လုပ်တယ်။ ကြိုတင်ကာကွယ်မှုလုပ်ရင်းနဲ့ ဖြစ်ပွားတဲ့အမှုတွေကို ရအောင်ဖော်ထုတ်တယ်။ ဖော်ထုတ်တဲ့အမှုတွေကို ခိုင်မာစွာတည်ဆောက်ပြီးတော့ ပြစ်ဒဏ်ရရှိရေး တရားရုံးစွဲတင်တယ်။ အီးယူနဲ့လုပ်တဲ့အခါမှာ ကျနော်တို့ကိုလည်း ပြည်သူတွေက ရဲတပ်ဖွဲ့ကို လိုလားလာတာ တွေ့တယ်။ တိုင်တမ်းမှုတွေလည်း များလာတယ်။ ၁၉၉ ပဲဖြစ်ဖြစ်၊ ရဲစခန်းဖုန်းတွေပဲဖြစ်ဖြစ် အမြဲတမ်းဆက်သွယ်တာတွေ များတယ်။ အကူညီတောင်းတာတွေ များလာတယ်။”

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၄ စက်တင်ဘာလကုန်အထိ အမှုကြီး ၃၄၀ နဲ့ အခြားအမူ ၁၄၆၈ မှု ဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်ဖမ်းဆီးမှုအနေနဲ့ ၁၈၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၆၄ သြဂုတ် ၁ ရက်နေ့က စဖွဲ့ခဲ့ပြီး ဒီကနေ့ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ရွှေရတု အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့သလိုပဲ ရန်ကုန်မြို့မှာလည်း မူးယစ်ဆေးဝါးပြတိုက်မှာ ဒီကနေ့ မနက်ပိုင်း ကျင်းပခဲ့ပါတယ်။

ဒီ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းစစ်ဌာနမှူးဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ တိုင်းရဲတပ်ဖွဲမှူး ရဲမှူးကြီး ၀င်းနိုင်တို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ မှုခင်းနှိပ်နှင်းရေးမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့တဲ့ ရဲဝန်ထမ်းတွေကို ရာထူးတိုး ဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။

ဦးဝီရသူနဲ့ သီရိလင်္ကာ BBS သဘောတူစာချုပ် ချုပ်ဆို



မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားသူများအဖြစ် ထင်ရှားကြတဲ့ ဦးဝီရသူနဲ့ သီရိလင်္ကာနိုင်ငံက အလွန်အကျွံ အမျိုးသားရေးဝါဒီအဖွဲ့အစည်း အင်္ဂါနေ့မှာ သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။
သူတို့အဆို ကမ္ဘာတလွှား ခြိမ်းခြောက်ခံနေရတယ် ဆိုတဲ့ ဗုဒ္ဓဘာသာကို ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ထိုးကြခြင်းပါ။

 



  • သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ပြုလုပ်တဲ့ Bodu Bala Sena ခေါ် ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့ရဲ့ အစည်းအဝေးကို တက်ရောက်လာသူ  ဦးဝီရသူ  (ဓာတ်ပုံ -  Reuters)

ဦးဝီရသူက ၉၆၉ လှုပ်ရှားမှုရဲ့ ဦးဆောင်သူပါ။ Bodu Bala Sena (BBS) လို့ ခေါ်တဲ့  ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့ရဲ့ အစည်းအဝေးကို အထူးဧည့်သည်အဖြစ် တက်ရောက်လာသူပါ။

သဘောတူညီချက်မှာ  ဗုဒ္ဓဘာသာ တည်တံ့ထွန်းကားရေးအတွက် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။
မကြာခင်မှာ ဒီသဘောတူညီချက်ကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

 ဗုဒ္ဓဘာသာအတွက် BBS အဖွဲ့နဲ့ လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ပြဿနာတွေ ပေါ်ပေါက်လာမယ်ဆိုတာကိုတော့ ကြိုတွက်ပြီးသားပါ။
ဘာကိုပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ပြဿနာတွေက အတွင်းကလာမှာ မဟုတ်ပါဘူး။ ပြင်ပက လာမှာပါ လို့ ဦးဝီရသူက မိန့်ကြားပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဟာ မည်သည့် ဘာသာရေးအုပ်စုကိုမှ ထိခိုက်ဖို့ မရည်ရွယ်ပါဘူးလို့ သူက ဆက်လက် မိန့်ကြားပါတယ်။

သီရိလင်္ကာမှာ လူများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး လူဦးရေ ၁ဝ ရာခိုင်နှုန်းက မူဆလင်တွေပါ။ နှစ်ဘက်ကြား တင်းမာမှုတွေ ရှိကြပါတယ်။

၉၆၉ အဖွဲ့နဲ့  BBS အဖွဲ့ ပူးပေါင်းလိုက်တဲ့အတွက် နှစ်ဘက်ကြား တင်းမာမှုတွေ ပဋိပက္ခတွေ မယုံကြည်မှုတွေ ပိုမို အရှိန်မြင့်လာနိုင်ပါတယ်။

အဓိကရုဏ်းတွေ ထပ်ဖြစ်လေမလား
http://burma.irrawaddy.org/news/2014/09/30/65339.html
Burma’s Wirathu and Sri Lankan Nationalist Monks Sign Agreement
http://www.irrawaddy.org/burma/burmas-wirathu-sri-lankan-nationalist-monks-sign-agreement.html
 

ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်ဟု ဦးသိန်းစိန် သတိပေး

ဦးသိန်းစိန်, ၂၀၁၅ အထွေထွေရွေးကောက်ပွဲ, ငြိမ်းချမ်းရေး , တိုင်းရင်းသား စည်းလုံး ညီညွတ် ရေး, အပစ်အခတ်ရပ်စဲရေး
အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ရေရာသေချာမည ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က သတိပေးပြောဆိုလိုက်သည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလအတွက် ပြောကြားသည့် လစဉ် မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာ နိုင်သည့် သဘောကို ပထမဦးဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောဆို သတိပေး လိုက်ခြင်းဖြစ်သည်။
“နိုင်ငံရေးအင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်း အားထုတ် မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါလည်း ဖြစ်သလို အခုလို အလွန်အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တနိုင်ငံ လုံး အတိုင်း အတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စတွေကို အောင်မြင် စွာ ဆောင်ရွက် နိုင်မှသာလျှင် မိမိတို့ နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင် နိုင်မှာဖြစ် ပါတယ်။ အဲဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင် စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာ သေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြု မိစေလိုပါတယ်” ဟု ဦးသိန်းစိန်က ထုတ်ဖော် ပြော ဆိုသည်။
သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ သတိပေးချိန်သည် DKBA နှင့် အစိုးရစစ်တပ်တို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် တိုက်ပွဲ များ ဖြစ်ပွားချိနှ်နှင့် တိုက်ဆိုင်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စား လှယ် အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့် ဆွေးနွေးပွဲများတွင် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်း မရသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

 
Twitter Bird Gadget