ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, March 31, 2014

ရိုဟင်ဂျာဟုဖြေသော ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက်

 
ဒုသမ္မတ ရခိုင်လိုက်သွားပြီး ရိုဟင်ဂျာအသုံးအနှုန်း လက်မခံကြောင်း ထုတ်ပြန်မှ ရခိုင်တိုင်းရင်းသားများ သပိတ်လှန်၍ သန်းခေါင်စာရင်းကောက်ယူနိုင်
 စစ်တွေမြို့အနီး မွတ်စလင်လူမျိုးအများစုနေထိုင်ရာ ကျေးရွာတစ်ရွာတွင် သန်းခေါင်စာရင်းကောက်ယူမည့် သန်းခေါင်စာရင်း စာရင်းစစ်နှင့် စာရင်းကောက်များအား လုံခြုံရေးအပြည့်ဖြင့် မတ်လ ၃၀ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အစိုးရက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသောအသုံးအနှုန်းကို လက်မခံနိုင်ကြောင်း တရားဝင် စာထုတ်ပြန်လိုက်သောကြောင့် ရခိုင်ပြည်သူများက သပိတ်လှန်လိုက်၍ သန်းခေါင်စာရင်းကောက်ယူနိုင်သော်လည်း ဘင်္ဂါလီအများစုက ရိုဟင်ဂျာဟုသာ ဖြေဆို၍ မကောက်ယူခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယသမ္မတ ဦး ဉာဏ်ထွန်းသည် မတ်လ ၃၀ ရက်တွင်  စစ်တွေမြို့သို့ ရောက်ရှိလာပြီး ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ်၌ အဖျက်အမှောင့်လုပ်လိုသူ အုပ်စုအချို့ သည် နိုင်ငံတော်အစိုးရ လက်မခံသည့် လူမျိုးအမည်ဖြစ်သည့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို သုံးစွဲရန် လုပ်ဆောင်နေပြီး တရားမ၀င်လူမျိုးဖြစ်သည့်အတွက် လက်မခံပါကြောင်း ပြည်သူလူထုသို့ အသိပေးတင်ပြချက် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု မထည့်သွင်းဟု အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်မရ၍ သပိတ်မှောက်ထားသော ရခိုင်ပြည်နယ်တွင် မတ်လ ၃၀ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှသာ သပိတ်လှန်သောကြောင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်၌ ရခိုင်တိုင်းရင်းသားများ နေအိမ်များတွင် သန်းခေါင်စာရင်း စတင်ကောက်ခံနိုင်ခဲ့သည်။
‘‘ခိုင်မာတဲ့ တရားဝင်တဲ့ အကြောင်းပြန်ချက်လို့ ယူဆတဲ့အတွက် သပိတ်ပြန်လှန်လိုက်တာ ဖြစ်တယ်’’ဟု စစ်တွေမြို့မိမြို့ဖအ ဖွဲ့ဝင် ဦးသန်းထွန်းကဆိုသည်။
စစ်တွေမြို့ အနောက်စံပြ၊ ဘာဆာရာ ကျေးရွာတွင် သန်းခေါင်စာရင်းကို လုံခြုံရေးတင်းကျပ်စွာဖြင့် စတင်ကောက်ယူခဲ့ပြီး ဘင်္ဂါလီလူမျိုးအများစုမှာ လူမျိုးအမည် ဖြည့်စွက်ရန် ငြင်းဆန်ခြင်း၊ ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့ကြခြင်းများ ကြုံတွေ့ခဲ့သည်။
‘‘ရိုဟင်ဂျာလို့  အော်နေသရွေ့ကတော့ ကျွန်တော်တို့က ကောက်ယူမှာမဟုတ်ပါဘူး’’ ဟု ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောကြားသည်။
ဘာဆာရာဘင်္ဂါလီကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ လုံခြုံရေးတာဝန်ယူခဲ့သော ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိငယ်တစ်ဦးကလည်း ယင်းကျေးရွာတွင် အများစုမှာ ရိုဟင်ဂျာဟုသာ ပြောဆိုနေခဲ့ကြခြင်းကြောင့် မကောက်ယူခဲ့ရမှုများရှိကြောင်း ပြောသည်။
စစ်တွေမြို့ သဲချောင်း၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးများ မကျေမနပ်ဖြစ်၍ အော်ဟစ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာက အတည်ပြုချက်မပေးပေ။
‘‘ကျွန်တော်တို့ဘက်မှာ ဒီနေ့ ဘာမှမဖြစ်ပါဘူး။ ဒီနေ့က ဘာဆာရာဘက်မှာ ကောက်တာ။ ဒါပေမဲ့ ဘင်္ဂါလီတွေကတော့ လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေတယ်’’ဟု သဲချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းဆွေက ပြောသည်။
 ဘင်္ဂါလီလူဦးရေ အများစုဖြစ်သော မောင်တာဒေသ၌လည်း သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလွင်က ပြောကြားသည်။
ထို့အပြင် မောင်တောနယ်စပ် သန်းခေါင်စာရင်းကောက်သော ကာလတွင် လုံခြုံရေးကို တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။
‘‘ဘင်္ဂါလီနေအိမ်တွေကိုတော့ မကောက်ဖြစ်သေးပါဘူး။ မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေဖြစ်တဲ့ ဗဟိုကျောင်း၊ အလိုတော်ပြည့် ပရဟိတကျောင်းနဲ့ အလိုတော်ပြည့်ကျောင်းတွေကို သွားကောက်ခဲ့ပါတယ်။ ပြီးတော့ မြို့သစ်၊ မြို့ဦးရွာနဲ့ ဝိမလရပ်ကွက်မှာ ကောက်ဖြစ်ခဲ့ပါတယ်’’ ဟု သန်းခေါင်စာရင်းကောက်ယူသည့် ကျောင်းဆရာမတစ်ဦးကပြောသည်။
စစ်တွေမြို့ပေါ်၌ လမ်းဆုံလမ်းခွများ၊ ဘင်္ဂလားဒေ့ရှ်သံရုံး ရုံးခွဲ၊ ဘင်္ဂါလီကျေးရွာများ၌ လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး တပ်မတော်၊ ရဲတပ်ရင်းနှင့် နယ်မြေခံရဲတပ်ဖွဲ့များ နေရာယူထားသည်ကို တွေ့ရသည်။
ရခိုင်ပြည်သူများက သပိတ်လှန်ပြီးနောက် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်လေးခုခန့်တွင် မတ်လ ၃၀ ရက် နေ့လယ်မှ စတင်၍သန်း ခေါင်စာရင်း ကောက်ယူခဲ့သည်ကိုလည်း မြင်တွေ့ရသည်။
 ‘‘အေးအေးဆေးဆေးပဲ ကျောင်းတက်လမ်းဘက်မှာ စတင်ကောက်နေတယ်ကြားတယ်’’ဟု စစ်တွေဒေသခံ ကိုထွန်းမြက ပြောကြားသည်။

Sunday, March 30, 2014

ရခိုင်မှ သန်းခေါင်စာရင်း သပိတ်လှန်ပြီ

Sunday, March 30, 2014

(နိရဉ္စရာ- ၃၀ မတ်လ ၂၀၁၄)

90

သန်းခေါင်စာရင်း သပိတ်တိုက်ပွဲကို ယခုအခါ သပိတ်လှန်လိုက်ပြီ ဖြစ်ကြောင်း၊ ရခိုင်တမျိုးသားလုံး သန်းခေါင်စာရင်း အကောက်ခံကြပါရန် မေတ္တာရပ်ခံကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေးကော်မတီ(စစ်တွေ)မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးသန်းထွန်းက နိရဉ္စရာသို့ ပြောသည်။

ယနေ့နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရကိုယ်စား ပေးပို့သော စာတွင် ရိုဟင်ဂျာဆိုသော နာမည်လိမ်ကို ထည့်သွင်း အသုံးပြုခွင့် ပြုမည် မဟုတ်ကြောင်း စာရေးသား ပေးပို့လာပြီးနောက်ပိုင်းတွင် မိမိတို့ လိုလားသောတောင်းဆိုချက်များကို ရရှိသဖြင့် သပိတ်တိုက်ပွဲကို လှန်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ ဒီနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်လောက်က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ကျနော်တို့ဆီကို ရခိုင်ပြည်သူများသို့ အသိပေး တင်ပြချက်ဆိုတဲ့ စာတစ်စောင်ပေးလာပါတယ်ခင်ဗျား။ အဲဒီမှာ ဆူပူ အကြမ်းဖက်လိုသူ အဖျက်အမှောင့် လုပ်ငန်း ဆောင်ရွက်သူ အုပ်စု အချို့မှ နိုင်ငံတော် အစိုးရက လက်မခံနိုင်သော လူမျိုးအမည်ဖြစ်တဲ့ ရိုဟင်ဂျာအသုံးအနုန်းကို သုံးစွဲရန် လုပ်ဆောင်လာကြပါတယ်တဲ့။ အဲဒီတော့ တရားမ၀င်တဲ့ နာမည်ဖြစ်တဲ့ ရိုဟင်ဂျာဆိုသောနာမည်ကို လုံးဝ လက်မခံနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်ဟု ပါရှိလာပါတယ်။”

၎င်းစာအား ပြည်ထောင်စု အစိုးရမှ ရခိုင် ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်သို့ တာဝန်လွှဲအပ်ချက်အရ ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ယဉ်ဦးမှ ဥက္ကဌကိုယ်စား  လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“ အဲဒီ ထုတ်ပြန်တဲ့ စာထဲမှာ နံပတ် (၁) မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ မရှိပါဘူးဆိုတဲ့ အချက် ပေါ်လွှင်ပါတယ်။ နံပတ် (၂) က ရခိုင်ပြည်နယ်တွင် အဖျက်အမှောင့်လုပ်လိုသူ အုပ်စု အချို့မှ နိုင်ငံတော် အစိုးရက လက်မခံထားသော လူမျိုးအမည် ဖြစ်သည့်  ရိုဟင်ဂျာဟူသော အသုံးအနုန်းကို သုံးစွဲရန် လုပ်ဆောင်နေပါသည် ဆိုတဲ့ စာသားပါလာတယ်။ နံပတ် (၃) က ပြည်ထောင်စု အစိုးရကဆင့် ပေးပို့လာတာ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ အဲဒီစာကို လက်ခံပြီးတော့ သပိတ်မှောက်ခြင်း လုပ်ငန်းကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးသန်းထွန်းက ပြောသည်။

သို့အတွက် ယနေ့မှ စပြီး ရခိုင်အမျိုးသားများ အနေဖြင့် သန်းခေါင်စာရင်း အကောက်ခံကြပါလိမ့်မည်ဟု သူက ပြောဆိုသွားသည်။

လင်-မယား ရောဂါ

Sunday, March 30, 2014

တစ်ချို့အိမ်ထောင်သည်တွေမှာ ယောက်ျားနဲ့ မိန်းမ ဓာတ်မတည့်ရင် မိန်းမဖြစ်သူ ပိန်သွားတာ အသားမဲသွားတယ် ရှိတယ်လို့ သိရပါတယ်။ အမှန်တကယ် ဓာတ်မတည့်ခြင်း ဆိုတဲ့ အနေအထားတွေ ရှိပါသလား။

အိမ်ထောင်သည် အချင်းချင်း ဓာတ်မတည့်ခြင်း ဆိုတာ ဆေးပညာမှာ မရှိပါ။ ယောက်ျားကြောင့် မိန်းမကို သက်ရောက်သလို မိန်းမကနေ ယောက်ျားကိုသက်ရောက်နိုင်တယ်ဆိုတာ အရပ်စကားမှာတော့ မကြားဘူးဘူး။ ဆေးပညာမှတော့ ရှိပါတယ်။ အပြန်အလှန်သဘောပါ။

မိဘတွေကနေ သန္ဓေအပေါ်မှာတော့ သက်ရောက်မှု ရှိနိုင်ပါတယ်။ မျိုးဗီဇ ချို့ယွင်းမှုကနေ Mutation ဆိုတာဖြစ်၊ Chromosome (ခရိုမိုဇုမ်း) အပြောင်းအလဲတွေပါ ဖြစ်ပြီး ရနိုင်တဲ့ ရောဂါတွေ အများကြီးပါ။ နားယဉ်လောက်မှာတွေသာ ရေးပါမယ်။ Coeliac disease, Color blindness, Cystic fibrosis, Down syndrome, Haemophilia, Polycystic kidney disease, Neurofibromatosis, Sickle-cell disease, Turner syndrome တွေ ဖြစ်ပါတယ်။ မွေးလာတဲ့ ကလေးမှာ Hemolytic disease ရောဂါ ဖြစ်ရတာက ကလေးသွေးနဲ့ မအေသွေး မတည့်ကြလို့ ဖြစ်ရတယ်။

Husband and wife disease “လင်-မယား ရောဂါ” လို့ ခေါ်ကြတာတွေ တကယ်ရှိပါတယ်။ Infectious diseases ကူးစက်-ရောဂါတွေ နဲ့ Non-communicable or psychological cause ကူးစက်တာ မဟုတ်ဘဲ စိတ်ပိုင်း သက်ရောက်မှုတွေ ဖြစ်ကြတယ်။

ကူးစက်ရောဂါ ၄ မျိုး
၁။ Genito-urinary infections မျိုးပွါးလမ်း+ဆီးလမ်း ကူးစက်ရောဂါတွေ၊
၂။ Skin diseases အရေပြားကနေ ကူးစက်တဲ့ ရောဂါတွေ၊ ဥပမာ Flat warts ကြွက်နို့၊ Athlete's foot အားကစားသမား ခြေထောက် ခေါ်တဲ့ ဖန်းဂတ်စ် မှို ရောဂါ၊ ဝဲ-ပွေးစတာတွေ၊
၃။ Peptic ulcer (Helicobacter pylori) အစာအိမ်-လေနာ၊
၎။ Hepatitis B, AIDS and other sexually transmitted diseases လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်ကြတယ်။

ကူးစက်ရောဂါ မဟုတ်တာ ၅ မျိုး
၁။ Diabetes ဆီးချို၊
၂။ High blood pressure သွေးတိုး၊
၃။ Cancer ကင်ဆာ၊
၎။ Sleep insomnia အိပ်ရေးပျက်၊
၅။ Irritable bowel syndrome အစာမကျေ ဝမ်းမကောင်း ရောဂါ။

ဆေးပညာမှာ အင်္ဂလိပ်လို အင်မတန် အသုံးများတဲ့ ဝေါဟာရတခု ရှိတယ်။ Not uncommon "တွေ့နေကြ မဟုတ်တာမျိုး မဟုတ်ပါ" တဲ့။ Husband and wife disease “လင်-မယား-ရောဂါ” ဆိုတာ အဲဒီလို အမျိုးအစားဘဲ။ အိမ်ထောင်သည် ၆ဝဝ ကို ဆန်းစစ်ကြည့်တယ်။ ၅၅့၎% မှာ Couple disease အတွဲရောဂါဆိုတာ လာတွေ့နေတယ်။ သုတေသနတွေ များများ လုပ်ရာကနေ ရောဂါ ၁ဝ မျိုးအထိ ရှိလာရတယ်။ ပြောခဲ့တာတွေအပြင် Alzheimer's ရောဂါ နဲ့ Kidney failure ကျောက်ကပ်-ရောဂါတွေပါ လာတယ်။

Husband and wife disease concept လင်-မယား-ရောဂါ အယူအဆကို ၁၉၇ဝ ကျော်စကတည်းက ပေါ်လာခဲ့တာပါ။ အမေရိကားက Masters and Johnson ကနေစသုံးခဲ့တုံးက Sexuality famous couples လိင်ကိစ္စနဲ့ နာမည်ကြီးတဲ့ အတွဲတွေမှာ Transmitted diseases ကူးစက်ရောဂါတွေနဲ့ Sexual dysfunction လိင်ပိုင်းချို့ယွင်းမှုတွေကိုသာ Sick couple “ဂီလာန-စုံတွဲ” ဆိုပြီး ရေးခဲ့တယ်။

၂ဝဝ၂ ခုနှစ်က (ယူကေ) မှာရှိတဲ့ University of Nottingham က Julie Westerly Olympus Li ကနေ Husband and wife disease လင်-မယား-ရောဂါ ဆိုပြီး British Medical Journal မှာ ပဌမဆုံး ဆောင်းပါး ရေးခဲ့တယ်။ အဲဒီ အမျိုးသမီး ပါမောက္ခ ရေးတာတွေထဲမှာ Diabetes ဆီးချို၊ High blood pressure သွေးတိုး၊ Ischemic heart disease နှလုံး သွေးကြောကျဉ်း ရောဂါ၊ Asthma ပန်းနာ၊ Kidney disease ကျောက်ကပ်-ရောဂါ နဲ့ Depression စိတ်ကျ-ရောဂါတွေ ပါတယ်။

လင်-မယား နှစ်ယောက်သား အတူနေ အတူစားကြတော့ ကြာရင် Husband and wife relative သွေးသား တော်စပ်တဲ့ အမျိုးတွေလို ဖြစ်လာကြတယ်။ တနေ့ကဘဲ မိန်းကလေး တယောက်က ပြောနေသေးတယ်။ “မမေးဘဲနဲ့ ကျမကို (့) ရဲ့ မိန်းမလို့ သိတယ်” တဲ့။

ဆရာရွှေပြည်အေးရဲ့ သီချင်းထဲကလို “သွားအတူတူ၊ လာအတူတူ၊ စားအတူတူ၊ နေအတူတူ၊ အိပ်အတူတူ၊ ထိုင်အတူတူ၊ မခွဲတူနှစ်ကိုယ်၊ အမြဲမြှူချိုချို၊ အသည်း ယူတော့ဆို့” တကယ် အမျိုး မတော်ရင် အသည်းပေးလို့တော့ မရပါ။ ရောဂါတွေတော့ မျှဝေနိုင်ကြပါတယ်။

Peking University (ဘေဂျင်း) တက္ကသိုလ်၊ First Hospital of Department of Endocrinology (အင်ဒိုခရိုင်းမ်) ဌာန ဒါရိုက်တာ Professor Guo Xiaohui က ပြောတယ် “လင်နဲ့မယား ကြာတော့ စားကြလဲ အတူတူ၊ လူနေမှု ပုံစံလဲ အတူတူ ဖြစ်လေတော့ ရောဂါတွေလဲ အတူတူ ဖြစ်ကြရရော” တဲ့။

Shanghai Medical University (ရှန်ဟဲ) ဆေးတက္ကသိုလ်က Chinese Medical Association ဥက္ကဌ Yu-min ကလဲ Husband and wife cancer လင်-မယား-ကင်ဆာ ဖြစ်နိုင်ပါသတဲ့။ နေအိမ်၊ သား-သမီး၊ အလုပ်အကိုင်၊ စိတ်ဖိစီးမှု၊ စတာတွေကနေ အတူတူ သက်ရောက်ခံကြရလို့ပါ။ ဒီကြားထဲ ဆေးလိပ် သောက်ရင်၊ လေသန့် မရရင်၊ အစာအာဟာရ မပြည့်ဝရင် ပိုဆိုးမယ်။ ဘဝကို အနုတ်သဘော မြင်တတ်သူတွေ၊ နောက်ပြီး ပတ်ဝန်းကျင် သက်ရောက်မှုတွေကနေ လင်ရော မယားပါ Cancer ကင်ဆာကို ဖိတ်ခေါ်နေကြတယ်။

Urogenital infection မျိုးပွါးလမ်း+ဆီးလမ်း ကူးစက်ရောဂါတွေက လိင်လမ်းကနေ ကူးစက်တယ်။ မိန်းမကို ဆေးကုပေးလို့ ပျောက်ပြီး ပြန်ဖြစ်တာဟာ သူ့ယောက်ျား (သူ့အဖေါ်) ကနေ ပြန်ကူးစက်လာလို့ဘဲ။

Harbin Medical University (ဟာဘင်) ဆေးတက္ကသိုလ်၊ Fourth Affiliated Hospital ဆေးရုံက ပါမောက္ခ Cheng Chi-fung ပြောတာက “ကနေ့ကာလတွေမှာ Fast food အလွယ်ဝယ်-စားစရာ၊ Instant noodles ခေါက်ဆွဲခြောက်ထုပ်၊ Exercise less လေ့ကျင့်ခန်းလဲ မလုပ်၊ Stay up late ညဉ်းနက်သန်းခေါင်အထိ အလုပ်လုပ်ကြလို့ Couple of diabetes “ဆီးချို-စုံတွဲတွေ” များလာနေတယ်။ ဒါတင်မက Obesity လူတွေက ပိုဝ၊ Fatty liver အသဲက အဆီများလာ၊ အဆစ်နာ Gout ဂေါက်ရောဂါ ပိုဖြစ်ကြတယ်။”

မြက်မြက် သက်သက် စားရအောင် အိမ်မှာချက်ရင် ခပ်လေးလေး ဆိုတော့ Hypertension လင်ရော မယားပါ သွေးတိုး ကြမယ်။ လူမှုဘဝက အတူဆိုတော့ စိတ်ဖိစီးတာလဲ တူကြလို့ ပိုဖြစ်နိုင်ပြန်တယ်။ Sleep insomnia ဘဝတူတွေ စိတ်ခံစားမှု တူတာတွေကနေ အိပ်ယာတူပေါ်မှာ အတူအိပ်မပျော်နိုင်ကြဘူး။

ဗိုက်နာ၊ အစာမကျေ၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ စတာတွေကို Irritable bowel syndrome ခေါ်တယ်။ အတူ ဖြစ်ကြတတ်တယ်။ အစားအသောက်နဲ့ စိတ်ပါ ဆိုင်တယ်။ Common bad habits မကောင်းတာလေးတွေကိုလဲ အတူ လုပ်တတ်ကြတာကိုး၊ သိပ်စပ်တာ အတူကြိုက်ကြမယ်။ ကော်ဖီ ခါးခါး အတူသောက်ကြမယ်။ နှစ်ယောက်လုံး အသား လုံးဝမစားဘူး၊ စတာတွေ တူနေတတ်တယ်။ Anxiety စိုးရိမ်စိတ်ကဲတာနဲ့ Depression စိတ်ကျတာကနေ Vagus nerve (ဗေးဂတ်စ်) အာရုံကြောကို သက်ရောက်၊ Gastric acid အစာခြေရည်တွေ များရာကနေ ပြောခဲ့တဲ့ရောဂါတွေ နှစ်ယောက်သား ဖြစ်ကြရတယ်။

Peking University First Hospital ဆေးရုံက Andrology Center ကိုလာကြတဲ့ Erectile dysfunction ပန်းသေ-ပန်းညှိုး လူနာ ၁ဝဝဝ ကျော်ထဲမှာ အသက် ၃ဝ အောက်ရှိသူတွေရဲ့ ၁ဝ%၊ ၃ဝ နဲ့ ၄ဝ ကြားရှိသူတွေထဲက ၂ဝ့၆%၊ ၄ဝ-၅ဝ ကြား ရှိသူတွေထဲက ၅ဝ% ရဲ့ ဇနီးတွေမှာလဲ Sexual dysfunction လိင်ပိုင်း အားနည်းမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။

စိတ်တူ၊ ကိုယ်တူနေကြလို့ ရောဂါတူ ရနိုင်တာတွေကိုသာ ကွက်ရေးတော့ စိတ်မတူ၊ ကိုယ်မတူတာ ပိုကောင်းမယ်တော့ မထင်လိုက်ပါနဲ့။ ဆရာဝန်လဲ မကယ်နိုင်တာတွေ ဖြစ်နေမယ်။

ပျောက်ဆုံး လေယာဉ်ပေါ်ပါသွားသူ ချုပ်နှောင်ထားခံရကြောင်း အင်တာနက်စာမျက်နှာတချို့မှာ ပျံ့နှံ့

Sunday, March 30, 2014
ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)

ခရီးသည်နဲ့ အမှုထမ်းစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ MH370 မလေးရှားလေယာဉ် ပျောက်ဆုံးနေတာ ရက်သတ်တပတ် ၄ ပတ် ရှိနေပါပြီ။

အိန္ဒိယ သမုဒ္ဒရာတွင်းပစ္စည်းတချို့ တွေ့ထားတယ်ဆိုတဲ့ ရှာဖွေရေး ဧရိယာအသစ်မှာ လေယာဉ်တွေက ပျောက်ဆုံးလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို မတ်လ ၂၉ ရက်နေ့က ဆက်လက်ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် နယူးဇီလန်နိုင်ငံ လေတပ်အခြေစိုက်စခန်းကို ပြန်ရောက်လာတဲ့ တော်ဝင်လေတပ်ဗိုလ်ကြီးနဲ့ လေယာဉ်မှူးတို့ကတော့ အဲဒီပစ္စည်းတွေဟာ လိမ္မော်ရောင် စာတမ်းတွေနဲ့ အစိမ်းရောင် ငါးဖမ်းကြိုးတွေ ငါးဖမ်းပိုက်တွေ ဖြစ်နေလို့ ငါးဖမ်းယာဉ်တစီးက အမှိုက်သရိုက်တွေသာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီနေ့အတွက် စိတ်ပျက်စရာ အကောင်းဆုံးကတော့ ရာသီဥတု အခြေအနေတွေက ရှာဖို့ တကယ့်ကို ကောင်းနေပေမယ့် မြင်ခဲ့သမျှ အရာတိုင်းက ငါးဖမ်းလုပ်ငန်းသုံး ရေပေါ်ပေါ်တဲ့ ဗော်ယာတွေချည်းပါပဲ ကျနော်တို့ ပင်လယ်သတ္တ၀ါတွေ လင်းပိုင်တွေ ဝေလငါးတွေကိုတောင် မြင်ခဲ့ပါသေးတယ်လို့ နယူးဇီလန် တော်ဝင်လေတပ်ရှာဖွေရေး လေယာဉ်က ဗိုလ်ကြီး ရော့ဒ် ရှီယာရာက ပြောပါတယ်။
တရုတ်စစ်လေယာဉ် တစီးကတော့ သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အနောက်ဘက် မိုင် ၁၁၅၀ အကွာမှာ သံသယဖြစ်ဖွယ် အရောင်မျိုးစုံနဲ့ ပစ္စည်းတွေကို မတ်လ ၂၉ ရက်နေ့က တွေ့ထားတယ်လို့ ရှင်းဟွာ သတင်းဌာနက ဆိုပါတယ်။

ပျောက်ဆုံးမလေးရှားလေယာဉ်ဟာ မတ်လ ၈ ရက်နေ့က အရပ်ဖက် ရေဒါမျက်နှာပြင်က ပျောက်သွားခဲ့ ပြီးတဲ့နောက် ပိုပြီး မြန်မြန် မောင်းနှင်ခဲ့တယ်လို့ ရေဒါနဲ့ ဂြိုလ်တုကရတဲ့ အချက်အလက်တွေအပေါ် သုံးသပ်ချက် အသစ်က ဆိုပါတယ်။ အဲဒီနောက် မတ်လ ၂၈ ရက်နေ့က ရှာဖွေရေး ဧရိယာကို နဂိုခန့်မှန်းဒေသရဲ့ မြောက်ဘက် ၆၈၅ မိုင်အကွာ နေရာကို သြစတြေးလျ အာဏာပိုင်တွေက ပြောင်းရွှေ့သတ်မှတ်ခဲ့ပါတယ်။

ကျန်ခဲ့တဲ့ ရက်သတ်တပတ်ကတော့ မလေးရှားဝန်ကြီးချုပ်က လေယာဉ်ပေါ်ပါသမျှအားလုံး သေဆုံးကုန်ပြီလို့ ယူဆရကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့် မိသားစုဝင်တွေကတော့ လေယာဉ်ပေါ်က သူတို့ မိသားစုဝင်တွေ အသက်ရှင်လျက် ရှိသေးတယ်လို့ မျှော်လင့်ကြကြောင်း မီဒီယာတွေကို ပြောခဲ့ကြပါတယ်။

လေယာဉ်ပေါ် လိုက်ပါသွားသူ IBM အမှုဆောင်အရာရှိက လေယာဉ်ပြန်ပေးဆွဲခံရပြီး သူ့ကို တခြားလူတွေနဲ့ ခွဲခြားချုပ်နှောင်ထားခံရတယ်လို့ ဖိုရမ်တခုပေါ်မှာ ရေးခဲ့ကြောင်း သတင်းမီဒီယာ မဟုတ်တဲ့ အင်တာနက်စာမျက်နှာတချို့ပေါ်မှာ ပျံ့နှံ့နေပါတယ်။

လောလောဆယ်မှာတော့ လေယာဉ်ပျောက် ရှာဖွေရေးကို နိုင်ငံပေါင်း ၂ဒါဇင်က လေယာဉ်နဲ့ သင်္ဘောအစီး ၆၀ လောက်က ရှာဖွေနေတာပါ ဒါပေမယ့် လေယာဉ်ပျောက်နဲ့ ဆက်စပ်တဲ့ ဘာသက်သေပစ္စည်းကိုမှ ရှာဖွေတွေ့ရှိကြောင်း အတည်မပြုနိုင်သေးပါဘူး။

Saturday, March 29, 2014

Avira Internet Security 2014

ဒီ Software ကိုတော့ပြောစရာမလိုတော့ဘူးထင်ပါတယ် ဘာကြောင့်လဲ
ဆိုတော့ဒီ Software ကို Computer တိုင်လိုလိုသုံးနေတဲ့ Software တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ပါ ပြီးတော့ဒီ Software လေး
ဟာ Antivirus Software လောကမှာတော့အောင်မြင်နေတဲ့ Software 
တစ်ခုလဲဖြစ်ပါတယ် ဒီ Software ဟာဘာအတွက်အသုံးဝင်တယ် ဆိုဒါကိုတော့ပြောစရာမလိုတော့ဘူးလိုထင်ပါတယ် Computer မကိုယ်တဲ့
သူတွေကသာ ဒီဟာဘာတွေအတွက်အသုံးသလဲ ဆိုဒါသိကြမှာမဟုတ်ဘူး ။ 
မသိသေးတဲ့သူတွေအတွက်နဲ့နည်းလောက် ဒီ Software လေးကိုမိတ်ဆက်ပေးခြင်ပါတယ် ဒီ Software ကတော့အထူးတစ်ဖြစ် Computer မှာရှိနေတဲ 
Virus တွေကိုရှင်းပေးပါတယ် Computer ထဲကိုဝင်လာမည့် Virus တွေကိုလဲကာ
ကွယ်ပေးပါတယ် ဒီလောက်ဆိုရင်တော့နာလည်လောက်ပြီထင်ပါတယ် ။ 
လိုခြင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ။
 

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည် ခွင့်မပြုကြောင်း မြန်မာ အစိုးရ ပြောကြား

၂ဝ၁၄ သန်းခေါင်စာရင်းပုံစံမှာ ရေးသွင်းတဲ့အခါ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်ပြုမှာ မဟုတ်ကြောင်း မြန်မာအစိုးရက ဒီကနေ့ တရားဝင် ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၆ဝ ကျော် က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ယူမှုအတွင်း ရိုဟင်ဂျာအမည်နဲ့ ပတ်သက်လို့ ဘယ်လို ကောက်ယူသွားမလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဦးရဲထွဋ်က အခုလို ဖြေကြား ခဲ့တာပါ။

"အိမ်တစ်အိမ်ကိုမေးတဲ့အခါမှာ သူက ရိုဟင်ဂျာလို့ဖြည့်ချင်တယ်ဆိုရင် ကျနော်တို့ဒါဆက်ပြီးတော့ လက်ခံမှာမဟုတ်ဘူး၊ သူ့ကို ဘင်ဂါလီလို့ဖြည့်ရင်ရမယ် ၊တခြားသက်မှတ်ထားတဲ့ ကုတ်နံပါတ် တွေ ဖြည့်ရင်ရမယ်၊ ဒီရိုဟင်ဂျာလို့ပြောရင်တော့ ကျနော်က စာရင်းရေးသွင်းမှာမဟုတ်ဘူး"

ရခိုင်တိုင်းရင်းသားတွေကလည်း သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့်မပြုဖို့ အတွက် ရခိုင်ပြည်နယ်က မြို့နယ် ၁ဝ မြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသလို စစ်တွေမြို့မှာ သာသနာ့အလံလွှင့်ထူပြီး သန်းခေါင်စာရင်းကို သပိတ်မှောက် ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။

၂ဝ၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မနက်ဖြန် မတ်လ ၃ဝ ရက်နေ့က စတင်ကောက်ယူမှာဖြစ်ပြီး ဧပြီလ ၁ဝ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင် ဘာသာဝင်တွေကြား အထင်အမြင်လွဲမှားမှု တချို့ရှိနေတာတွေကို နားလည်မှုရရှိသွားအောင် ဝိုင်းဝန်းကြိုးစားသွားမယ်လို့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့က ဒီကနေ့ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ပြောကြားလိုက်ပါတယ်။

RFA Burmese


သမ္မတ ပထမဆုံးအကြိမ် နိုင်ငံရေးပါတီများနဲ့တွေ့


ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးမှာ သမ္မတ ဦးသိန်းစိန် နဲ့ နိုင်ငံရေး ပါတီ ၆၂ ပါတီ မှ ကိုယ်စားလှယ် ခေါင်းဆောင် ၁၇၉ ဦး တွေ့ဆုံ ကြ ပါတယ်။ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အပစ်အခတ် ရပ်ဆဲရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စတဲ့ ကိစ္စရပ် တွေ အပြန်အလှန် ဆွေးနွေးကြပါတယ်။

ဒီအခါမှာ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ နိုင်ငံရေး ပါတီတွေ နဲ့ သဘောထားချင်းတူ တဲ့ အချက်တွေ ကို ပေါင်းလုပ်မယ် လို့ သမ္မတ က ပြောပါတယ်။ တိုင်းရင်းသား ပါတီ တွေ ဘက်ကလည်း ၂၀၁၅ ခု ရွေးကောက်ပွဲ တရားမျှတမှု ရှိဖို့၊ တန်းတူ ညီမျှမှု ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့နဲ့ ဖယ်ဒရယ် စနစ် ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ပေါက် လာရေး တို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ လတ်တလော ရခိုင်ပြည်နယ် ပြဿနာ၊ သန်းခေါင်စါရင်း ကောက်ယူမှု မှာ ပြဿနာ တက်နိုင်မဲ့ ဒေသ၊ တိုင်းရင်းသားတွေ နဲ့ အပစ်အခတ် ရပ်ဆဲရေး ကို အပြီးသတ် သဘောတူဖို့ စတဲ့ ကိစ္စ ရပ်တွေ ကို အပြန်အလှန် ဆွေးနွေးခြင်း မရှိပါဘူး။

သမ္မတ ဦးသိန်းစိန် ဟာ အရင် က အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့တွေ့ဆုံဆွေးနွေးမှု ပြုခဲ့ပေမဲ့၊ နိုင်ငံရေး ပါတီ တွေ နဲ့ တော့ ပထမဆုံး အကြိမ် တွေ့ကြုံတာပါ။

ဘီဘီစီ (မြန်မာပိုင်း)


ဦးသိန်းစိန် က နိုင်ငံရေးပါတီများနဲ့တွေ့

ကုသိုလ်ယူ နိဗ္ဗာန်ကူးတို့

သာသနာ့ အလံငယ်လေးများ စိုက်ထူထားသော ဆိုက်ကားများပေါ်တွင် တူညီဝတ်စုံ ဝတ်ဆင်ထားသည့် အနှေးယာဉ် လုပ်သားများ စုစည်း၍ တစ်စုံတစ်ရာကို စောင့်မျှော်ရင်း အသင့်အနေအထားနှင့် ရှိနေကြသည်။
“တရားနာကြွလာသူ မိဘပြည်သူများ အိမ်အပြန် သွားလာ လွယ်ကူစေဖို့ နိဗ္ဗာန်ကူးတို့အဖြစ် အနှေးယာဉ် လုပ်သားများအဖွဲ့က အိမ်အရောက် အခမဲ့ ပို့ဆောင်ပြီး လုပ်အားဒါန လှူဒါန်းမှာ ဖြစ်ပါတယ်” ဟူသော အသံသည် ညပိုင်းတရားပွဲအပြီး တရားနာ လာသူများဆီသို့ ပျံ့လွင့်လာသော အစီအစဉ် ကြေညာသူ၏ အသံဖြစ်သည်။

တရားပွဲအပြီး အိမ်ပြန်ကြသူ လူကြီးသူမများကို အခမဲ့ ကုသိုလ်ယူ၍ အိမ်ပြန်လိုက်ပို့ရန် တရားပွဲ စချိန် ညပိုင်း ၆ နာရီခွဲ ၇ နာရီလောက် ကတည်းက တရားပွဲကျင်းပရာ မြို့နယ်အတွင်းမှ အနှေးယာဉ် လုပ်သားများ စုဝေး၍ တရားပွဲ လမ်းထိပ်များတွင် စောင့်ဆိုင်းနေကြသည်မှာ ယခုနှစ်ပိုင်းအတွင်း မြင်တွေ့လာရသော ကုသိုလ်ယူမြင်ကွင်း ဖြစ်သည်။
“ဘယ်ကိုလိုက်ပို့ပေးရမလဲ အဘွား” “ဦးလေးနဲ့ အန်တီကြီး လာပါခင်ဗျာ။ ကျွန်တော်တို့ ကုသိုလ်ယူ နေတာပါ” “လုပ်အားဒါန အလှူပါခင်ဗျာ” ဆိုသော အသံများသည် ညဘက် တရားပွဲအပြီး တရားနာ လာကြသူများ အပြန်ကို အနှေးယာဉ် လုပ်သားများက ဆိုက်ကားနှင့် အိမ်ပြန် လိုက်ပို့ပေးရန် ပြောဆို ခေါ်ငင်နေကြခြင်း ဖြစ်သည်။

 တရားပွဲအပြီး အချိန်ခဏလေး အတွင်းမှာပင် တရားနာလာသူ အသက်အရွယ်ရ အဘိုးအဘွား များကို တွဲကူကာ အနှေးယာဉ်များပေါ်သို့ ဖေးမ ခေါ်ဆောင်ပြီး အနှေးယာဉ် အစီး ၄၀ ဝန်းကျင်လောက် အစီအရီနှင့် တရားနာ ပြန်သူများ၏ လိုရာခရီးကို ပို့ဆောင်ရန် စတင်ထွက်ခွာခဲ့ကြသည်။

‘ဓမ္မဒါနကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအသင်း’ အမည်ဖြင့်ကို ရန်ကုန်မြို့အနှံ့ရှိ အနှေးယာဉ် လုပ်သားများ စုစည်း၍ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါတွင် နေရာ အတော်တော်များများတွင် မြို့နယ်အလိုက် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်ဟု တာမွေမြို့နယ် အတွင်းရှိ  အနှေးယာဉ် မောင်းနှင်သူ တစ်ဦးဖြစ်သူ ဦးတင်ဝင်းက ပြောပြသည်။
“ကျွန်တော်တို့ တာမွေမှာတော့ အဲဒီအသင်းကြီး ဖွဲ့ခဲ့တာက ဖေဖော်ဝါရီလ ၂၃ ရက်ကစပြီး ဖွဲ့ဖြစ်ခဲ့တာ။ မင်္ဂလာတောင်ညွန့်မြို့နယ်က အရင်ဖွဲ့ခဲ့တာ ကြာပါပြီ။ မင်္ဂလာတောင်ညွန့်က ကျွန်တော်တို့ကို လာပြောတဲ့အချိန်မှ ကျွန်တော်တို့ မြို့နယ်ကလည်း ဂိတ်အသီးသီးက ခေါင်းဆောင်တွေက ငါတို့ မြို့နယ်မှာလည်း ဒီလိုမျိုး လုပ်ရင် ကောင်းမယ်ဆိုပြီး ဂိတ်အသီးသီး တိုင်ပင်ပြီး ဖွဲ့ဖြစ်ခဲ့တာပါ” ဟု အသင်းဖွဲ့စည်း ဖြစ်ပုံကို အနှေးယာဉ် မောင်းနှင်သူ ဦးကျော်ဆန်းက ပြောဆိုသည်။

ထိုသို့ မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုနှင့် ချိတ်ဆက်၍ ဂိတ်အသီးသီးရှိ ဗုဒ္ဓဘာသာဝင် အနှေးယာဉ် လုပ်သားအားလုံး စိတ်အား ထက်သန်စွာဖြင့် မြတ်သော လုပ်အားဒါန အလှူပြုလုပ် လာကြသည်ကို ဝမ်းသာစွာ မြင်တွေ့လာရခြင်း ဖြစ်သည်။

“အဓိကက အမျိုးသားရေး စိတ်ဓာတ်ပေါ့။ ဗုဒ္ဓဘာသာဝင်တွေပဲလေ။ တရားပွဲတွေ ရှိနေတော့လည်း ငါတို့တွေ ဒီလိုလုပ်မယ်ဆိုပြီး ဖွဲ့စည်းဖြစ်ခဲ့တာပါ။ တခြားမြို့နယ်က အရင်ဖွဲ့စည်းထားတာ တွေ့ရတော့ သူတို့ မြို့နယ်တွေကလည်း ဖွဲ့စည်းထားတယ်။ ငါတို့ မြို့နယ်တွေမှာလည်း ဖြစ်ရမှာပဲ၊ ကုသိုလ် ယူကြမယ်ဆိုပြီး ရပ်ကွက် အသီးသီးက ခေါင်းဆောင်ဂိတ်မှူးတွေ ညှိနှိုင်းလိုက်ပြီး ဖွဲ့စည်း လိုက်တာပါပဲ။ ပြီးတော့ နောက်လူတွေ အတွက်လည်း ဒီလိုမျိုးလေးစပြီး ဆောင်ရွက် ထားကြတော့ နောက်ပိုင်းကျရင် ပိုကောင်းသွားတာပေါ့” ဟု အသင်းဖွဲ့စည်း ဖြစ်ပုံကို တာမွေမြို့နယ်ရှိ အနှေးယာဉ် လုပ်သား ဦးခင်မောင်ဝင်းက ပြောပြသည်။

တရားပွဲများကို အဓိကအနေနှင့် လိုက်လံ ကုသိုလ်ယူရာတွင် အခက်အခဲ များများစားစား မရှိခဲ့သော်လည်း တရားပွဲများ ရပ်ကွက်အလိုက် တိုက်သည့် အခါမျိုးတွင် ကြုံရသည့်အခါ အခက်အခဲ ဖြေရှင်းပုံမှာလည်း မြို့နယ်အလိုက် အချင်းချင်း ကူညီရိုင်းပင်းမှု ရှိသည်ကို တွေ့ရသည်။

‘ဓမ္မဒါနကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအသင်း’ တွင် ပါဝင်သော အနှေးယာဉ် လုပ်သားများသည် တရားပွဲတစ်ပွဲ ရှိပါက အားလုံး ပါဝင်ကုသိုလ် ယူကြကြောင်း၊ တရားပွဲ တစ်ပွဲနှင့်တစ်ပွဲ ထပ်နေပါက လူခွဲသွားခြင်းများ ရှိသကဲ့သို့ နီးစပ်ရာ မြို့နယ်မှ အနှေးယာဉ် လုပ်သားများလည်း လာရောက် ကူညီကြကြောင်း တာမွေမြို့နယ်မှ အနှေးယာဉ် လုပ်သားတစ်ဦး ဖြစ်သူ ဦးတင်ဝင်းက ပြောဆိုသည်။

တရားနာလာသူ မိဘဘိုးဘွားများကိုသာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည် သာမကဘဲ ဥပုသ်သီလ ဆောက်တည်သော ဘိုးဘွားများကိုလည်း အသင်းသို့ ဆက်သွယ် အကြောင်းကြား လာပါက ဘုန်းကြီးကျောင်းများသို့ အခမဲ့ အကြိုအပို့ ဆောင်ရွက် ပေးခြင်းများလည်း ရှိကြောင်း အနှေးယာဉ် လုပ်သား ဦးခင်မောင်ဝင်းက အသင်း၏ အခြားကူညီ ပို့ဆောင်ပေးမှု များကိုလည်း ပြောဆိုသည်။

အနှေးယာဉ် လုပ်သားများ စုပေါင်း၍ ကုသိုလ်ယူ အလှူဒါနပြုခြင်းသည် ယခုမှ စတင်၍ ပြုလုပ်ကြခြင်းမျိုး မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကတည်းက နှစ်စဉ် ဂိတ်အသီးသီးမှ အနှေးယာဉ် လုပ်သားများက သက်ဆိုင်ရာ ဂိတ်အလိုက် ကထိန်ခင်းခြင်းဖြင့် ကုသိုလ်ယူခဲ့ကြခြင်း ဖြစ်သည်။

“ကထိန်ခင်းတဲ့ ကုသိုလ်ကတော့ နေရာအသီးသီးမှာ ရှိတဲ့ အနှေးယာဉ် လုပ်သားတွေ အားလုံးအတွက် မရှိမဖြစ် ပြုလုပ်နေကျ အစဉ်အလာ အလှူလို ဖြစ်သွားပြီ။ ကထိန်မှာ သေချာလှူဒါန်းနိုင်ဖို့ အနှေးယာဉ် လုပ်သား နေ့စဉ်လိုလို ကိုယ့်ချွေးနှဲစာထဲက ဖဲ့ဖဲ့ပြီးလှူသလို ရပ်ကွက်တွေထဲ လိုက်ပြီး အလှူကောက်ခံပြီး ကထိန်းခင်းကြတာ။ အခု ကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ အလှူကျတော့ ကိုယ့်ရဲ့လုပ်အားကို အရင်းတည်ပြီး တရားနာလာတဲ့ လူတွေကို ကူညီပြီး ကုသိုလ်ယူကြတာပေါ့။ တစ်ခါတလေ တရားနာလာတဲ့ လူများရင် သုံးလေးခေါက်လောက် အခေါက်ခေါက်တောင် ကုသိုလ်ယူရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကထိန်ရော ဒီအခမဲ့ ကုသိုလ်ဖြစ် ပို့ဆောင်ရေးရောက ကျွန်တော်တို့အတွက် စိတ်ကြည်နူးပီတိ အလှူတွေပါပဲ” ဟု နှစ်စဉ် ပြုလုပ်နေကျ ကထိန်အလှူနှင့် ဓမ္မဒါနကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအလှူ ပြုလုပ်ရခြင်းအပေါ် ခံစားရသည့် စိတ်ခံစားချက်ကို အနှေးယာဉ် လုပ်သား ဦးနိုင်လင်းက အပြုံးမျက်နှာနှင့် ပြောဆိုသည်။

ပင်ပင်ပန်းပန်း စီးပွားရှာရသည့် အထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် အနှေးယာဉ် ဆိုက်ကားနင်းသည့် အလုပ်ကို ပြုလုပ်ရသည့်အတွက် ညပိုင်းတွင် လူပင်ပန်းမှုဖြင့် ယခင်က ရပ်ကွက်များအတွင်း နှစ်စဉ် တရားပွဲများ ပြုလုပ်နေသည်ကို တွေ့မြင်ရသော်လည်း သွားရောက် နာယူခဲ့မှု မရှိသော်လည်း ယခုကဲ့သို့ တရားပွဲများသို့ သွားရောက်၍ အနှေးယာဉ် အခမဲ့အလှူ လုပ်ဆောင်ရသည့်အတွက် တရားနာယူခြင်း ကုသိုလ်ပါ ထပ်ပေါင်း ရရှိသည်ဟု အနှေးယာဉ် လုပ်သားများက အောက်ပါအတိုင်း တူညီစွာ ပြောပြသည်။

“အရင်တုန်းက တရားပွဲတွေကို သွားနာ ဖြစ်တယ်ဆိုတာ ရှားတယ်။ ဒါပေမဲ့ အခုလိုဓမ္မဒါန ကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေး အသင်းကြီးဖွဲ့ပြီးတဲ့ နောက်တော့ ဆရာတော်ကြီးတွေ ဟောကြားတဲ့ တရားတော်တွေကိုပါ တစ်ခါတည်း နာယူဖြစ်တဲ့အတွက် အဓိက အလှူဖြစ်တဲ့ လုပ်အား အလှူရော တရားနာတဲ့ ကုသိုလ်ရော ကုသိုလ်နှစ်မျိုး ရတယ်။ ပြီးတော့ တချို့ ရပ်ကွက်တွင်းက စေတနာရှင်တွေကလည်း ကျွန်တော်တို့ အသင်းကြီးမှာ လိုအပ်တဲ့ တူညီဝတ်စုံလေးတွေ ချုပ်ဖို့ လှူဒါန်းတာတွေရှိတော့ ကျွန်တော်တို့အတွက် ပိုပြီးပီတိ ဖြစ်ရသလို အလှူလည်း အထမြောက်သလို ခံစားရတယ်”

ထိုသို့ အနှေးယာဉ် လုပ်သားများ၏ လုပ်အား ဒါနအလှူအပေါ် တရားနာ လာသူများကလည်း ကြည်နူးပီတိ ဖြစ်ကြရပြီး ထိုသို့ ပီတိပွား ကြည်နူးရသူများတွင် အဘွားဒေါ်တင်ညိုလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။
“အဘွားက တရားပွဲတွေမှာ နာနေကျ ဆိုပေမယ့် ဒီလိုမျိုး ဆိုက်ကားနဲ့ အိမ်တိုင်ရာရောက် လိုက်ပို့တာကို စီးရတာတော့ ပထမဆုံးပါပဲ။ ရပ်ကွက်ထဲ နေနေတော့ ဟိုနား ဒီနားသွားတာဆို ဆိုက်ကားနဲ့ သွားနေလို့ ခင်နေတဲ့ ဆိုက်ကားဆရာတွေ ရှိတယ်လေ။ သူတို့တွေက ဒီလိုစုစည်းပြီး တရားပွဲများ ကူညီကြတာ တွေ့ရတယ်။ ပြီးတော့ အဘွားတို့လို သက်ကြီးရွယ်အို တွေကိုလည်း ဖေးဖေးမမနဲ့ ကူညီနေတာ တွေ့ရတော့ အဘွားတို့လည်း သူတို့ ကုသိုလ်ယူတာကို သာဓုခေါ်မိတယ်” ဟု အသက်  ၇၄ နှစ်အရွယ် အဘွားဒေါ်တင်ညိုက အပြုံးမျက်နှာနှင့် တရားပွဲအပြန် ကြုံခဲ့ရတဲ့ အနှေးယာဉ် လုပ်သားများ၏ ကုသိုလ်ယူမှုကိုအပေါ် သာဓုခေါ်မိပုံကို ပြောပြသည်။

“အရင်တုန်းက ကျွန်မက အနှေးယာဉ် လုပ်သားတွေရဲ့ နှစ်စဉ်ပြုလုပ်နေကျ အလှူတစ်ခုဖြစ်တဲ့ ကထိန်ခင်းဖို့အတွက် လော်စပီကာတွေ အကျယ်ကြီးဖွင့်တာ၊ ဟိုပေါင်ချိန်လို အရုပ်ကြီးတွေ၊ အိုပါဂန်းနန်းစတိုင်လို အရုပ်ကြီးတွေနဲ့ ရပ်ကွက်တွေထဲ လှည့်ပြီး နိုင်ငံခြားသီချင်းတွေ အကျယ်ကြီးဖွင့်ပြီး အလှူခံတဲ့ ပုံပြင်ဆင်တာကို သိပ်မကြိုက်ခဲ့ဘူး။ တခြားတော့ မဟုတ်ပါဘူး။ လော်စပီကာတွေ အကျယ်ကြီးဖွင့်တော့ နားမခံသာ ဖြစ်ခဲ့တာပေါ့၊ ပြီးတော့ နိုင်ငံခြား သီချင်းတွေနဲ့ကပြီး အလှူခံတဲ့ပုံစံက အမြင်မှာတစ်မျိုး ဖြစ်ခဲ့လို့ပါ။ နှစ်စဉ် သူတို့တွေ ကထိန်ခင်းဖို့အတွက် အများကြီး စုဆောင်းပြီး လုပ်ဆောင်နိုင်တာကို ဝမ်းသာပီတိ ဖြစ်မိပေမယ့်ပေါ့။ အခုလို တရားပွဲတွေမှာ ကျွန်မတို့လို လူငယ်တွေက တရားပွဲ ဖြစ်မြောက်ရေးအတွက် ဝေယျာဝစ္စ အလှူတွေ လုပ်နေသလို သူတို့အနှေးယာဉ် လုပ်သားတွေကလည်း တရားပွဲလာတဲ့ မိဘဘိုးဘွားတွေကို ကူညီပြီး ကုသိုလ်ယူကြတာ တွေ့ရတော့ ကျွန်မတို့လည်း သူတို့အလှူအတွက် မြင်ရတာနဲ့တင် စိတ်ချမ်းသာရတယ်၊ ပျော်ရတယ်” ဟု အသက် ၂၄ နှစ်အရွယ် မနှင်းရတနာက အနှေးယာဉ် လုပ်သားများ၏ ကထိန်အလှူ ပြုလုပ်ခြင်းထက် ယခုကဲ့သို့ အနှေးယာဉ် လုပ်သားများ၏ နိဗ္ဗာန်ကူးတို့ ပို့ဆောင်ရေးအလှူအပေါ် စိတ်ချမ်းသာ နှစ်သက်ရပုံကို  ပြန်ပြောင်း ပြောပြသည်။

အနှေးယာဉ် လုပ်သားများ၏ လုပ်အားဒါန အလှူ အဆင်ပြေပြေ ပြုလုပ်နိုင်ရန်အတွက် တရားပွဲ စီစဉ် ကျင်းပသူများနှင့်လည်း ပူပေါင်း ဆောင်ရွက်ကြရပြီး တရားပွဲ စီစဉ်သူများကလည်း နီးစပ်ရာ အနှေးယာဉ် ဂိတ်များသို့ (အသင်းသို့) မည်သည့်နေ့ မည်သည့်ရက်တွင် တရားပွဲ ကျင်းပမည်ကို ကြိုတင် အကြောင်းကြားထားကြပြီး ‘ဓမ္မဒါန ကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအသင်း’ က ထိုနေ့တွင် အနှေးယာဉ် လုပ်သားများ စုစည်း၍ မဖြစ်မနေ သွားရောက်ကြခြင်း ဖြစ်သည်။

အချိန်ကား ညနေ ၇ နာရီထိုးရန် မိနစ်ပိုင်းခန့်သာ လိုတော့သည်။ ဂိတ်အသီးသီးမှ အနှေးယာဉ် လုပ်သားများသည် နံနက်ခင်းပိုင်းက ဝတ်ဆင်ထားကြသည့် အင်္ကျီများ၊ တူညီဝတ်စုံများ၊ တူညီဦးထုပ်များကို သပ်ရပ်စွာ ဝတ်ဆင်ထားကြ သကဲ့သို့ ၎င်းတို့၏ ဆိုက်ကားရှေ့ လက်ကိုင်တန်း ထိပ်တွင်လည်း သာသနာ့ အလံငယ်လေးများကို ပြောင်းလဲကာ ထိုးစိုက် တပ်ဆင်လိုက်ကြသည်။ ထို့နောက် သူတို့၏ ဦးတည်ရာ တစ်နေရာတည်းဖြစ်သော တရားပွဲကျင်းပရာ လမ်းထိပ်သို့ ဖြည်းညင်းစွာ အစီအရီ ထွက်ခွာသွားကြသည်။

Written by  ဆွေငြိမ်းအေး

The Voice Weekly



Friday, March 28, 2014

''စစ်တွေပဋိပက္ခ ပြန်လည်တည်ငြိမ်၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဦးဆောင်သည့် အဖွဲ့ စစ်တွေရောက်''

 

INGO ဝန်ထမ်း နိုင်ငံခြားသား အမျိုးသမီး
တစ်ဦးက သာသနာ့အလံကို ဖြုတ်ချရာမှ
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသခံနှင့်
INGO များကြား တစ်ရက်ကျော်ကြာ
 ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် မတ်လ


၂၈ ရက်နေ့တွင် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ စစ်တွေ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်နှင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို ကူညီရန် ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဦးဆောင်ကာ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် ရဲချုပ် ဇော်ဝင်းတို့ အဖွဲ့သည် ရခိုင်ပြည်နယ်သို့ မတ်လ ၂၈ ရက်နေ့တွင် ရောက်ရှိနေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် တပ်မတော်တွင် တတိယမြောက် ရာထူးအကြီးဆုံး ဖြစ်သည်။

စစ်တွေမြို့တွင် ယနေ့ နံနက်ပိုင်းအထိ တပ်မတော် လုံခြုံရေး ယူထားသည်ကို တွေ့ရှိရသော်လည်း နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များကိုသာ တွေ့ရှိရကြောင်း၊ မတ်လ ၂၇ ရက်နေ့က ဈေးများ၊ ဆိုင်ခန်းများ ဖွင့်လှစ်မှု နည်းပါးခဲ့သော်လည်း မတ်လ ၂၈ ရက်နေ့တွင် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း စစ်တွေမြို့ခံများထံမှ သိရှိရသည်။

အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးထားခြင်း မရှိသေးဘဲ နယ်မြေ တည်ငြိမ်ရေးအတွက်ကို ဦးစားပေး လုပ်ဆောင်နေကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် အိမ်ပိုင်ရှင်က သာသနာ့အလံ လွှင့်ထူသည်ကို ဖြုတ်ချကာ ဘောင်းဘီအိတ်ထဲထည့်ရာ မဆံ့သဖြင့် ခါးတွင်းထိုးထားခဲ့ကြောင်း၊ ယင်းလုပ်ရပ်ကြောင့် ဒေသခံများနှင့် အချေအတင် ဖြစ်ခဲ့ရာမှ စတင်ကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ကြောင်း မျက်မြင်များ၏ တွေ့ရှိချက်ကို ကိုးကား၍ မြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားခြင်းကို ကန့်ကွက်သည့် အနေနှင့် စစ်တွေမြို့ရှိ နေအိမ်နှင့် အဆောက်အအုံများတွင် သာသနာ့အလံများကို လွှင့်ထူထားခြင်း ဖြစ်သည်။

Malteser International လူ့အခွင့်အရေး စံနှုန်းကို အခြေခံပြီး ဘက်လိုက်ခြင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ကိစ္စများတွင် ပါဝင် ပတ်သက်ခြင်း မရှိသဖြင့် အဆိုပါ သာသနာ့အလံကို ဖယ်ရှားလိုက်ခြင်း ဖြစ်သော်လည်း ဒေသခံများက ဆန့်ကျင်သည်ဟု ယူဆကာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ၎င်းတို့အဖွဲ့၏ လုပ်ငန်းများကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

UN၊ NGO၊ INGO ရုံးများ ဖျက်ဆီးခံရမှုသည် ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်မှောက်ရေး ရည်မှန်းချက်ကို လမ်းလွဲသွားစေရန် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖန်တီးခြင်း ဖြစ်ကြောင်း၊ သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်သည့် အမျိုးသမီးကို ရှုတ်ချကြောင်း၊ အကြမ်းဖက်မှု ပေါ်ပေါက်အောင် လုပ်ဆောင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီများ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ) က ကြေညာချက် တစ်စောင်ကို မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

အလံဖြုတ်ချမှုသည် မတ်လ ၂၆ ရက်နေ့ ညနေ ခြောက်နာရီခန့်တွင် ဖြစ်ပွားပြီး လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှုသည် ညရှစ်နာရီခန့်တွင် စတင်ခဲ့ရာ ယင်းရုန်းရင်းဆန်ခတ်မှုကို ရဲတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သံဃာတော်များက ထိန်းသိမ်းဟန့်တားခဲ့ ကြောင်း၊ INGO ဝန်ထမ်း နိုင်ငံခြားသား ၃၂ ဦးနှင့် မြန်မာ ၃၉ ဦးတို့ကို ရဲတပ်ဖွဲ့ ရိပ်သာတွင် ခေါ်ယူစောင့်ရှောက်ခဲ့ရကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

သာသနာ့အလံကို ဖြုတ်ချခဲ့သည့် အမျိုးသမီးနှင့် ၎င်း၏ အမျိုးသားကို ထုတ်ပေးရန် ဒေသခံများ တောင်းဆိုခဲ့ပြီး ယင်းနေ့တွင် Malteser အဆောက်အအုံ အပါအဝင် နေရာငါးခုကို ခဲများဖြင့် ပစ်ခတ်ခဲ့သဖြင့် မိုးပေါ်သို့ထောင်ကာ သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရကြောင်း၊ မတ်လ ၂၇ ရက်နေ့တွင်လည်း INGO များ၏ ရုံး၊ ဂိုဒေါင် အဆောက်အအုံများကို ဒေသခံများက ခဲများဖြင့် ပစ်ခတ်ဖျက်ဆီးမှု ထပ်မံဖြစ်ပွား၍ လူစုခွဲခဲ့ရကြောင်း ၎င်းကဆိုသည်။

လူစုခွဲရန် သေနတ်အချက် ၁၀၀ ကျော် ပစ်ခတ်ခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတည်ငြိမ်မှုများ အရှိန်မြှင့်လာသဖြင့် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ညနေ ခြောက်နာရီမှ နံနက် ခြောက်နာရီအထိ (ယခင် ည ၁၂ နာရီမှ နံနက်ငါးနာရီ) တိုးမြှင့်ကာ အရေးပေါ် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်တွင် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ် ဟန့်တားရာတွင် နေအိမ်ပေါ်တွင် ရှိနေသည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ခါးနောက်ဘက်ကို သေနတ်ဒဏ်ရာ ထိမှန်ခဲ့ပြီး စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော်လည်း သေဆုံးခဲ့ကြောင်း ဒေသခံနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင်ရိုဟင်ဂျာအမည်ထည့်ကောက်မည်ကို ကန့်ကွက်ကြောင်း လားရှိုး၌ အင်အား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်


လူဦးရေနှင့် သန်းခေါင်စာရင်းတွင် ရိုဟင်
ဂျာအမည် ထည့်သွင်းသွားမည့် ကိစ္စနှင့်
ပတ်သက်၍ လူအင်အား ၃၀၀ ကျော်ဖြင့်
 လားရှိုးမြို့ လမ်းမတော်လမ်း မြို့တော်


ခန်းမ အနီး၌ မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီက ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ၂၀၁၄ ခုနှစ်အိမ်ထောင်စု စာရင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ရိုဟင်ဂျာဟူသော အမည်ကို ထည့်သွင်းကောက်ယူမှု မပြုရန်အတွက် ရခိုင်တစ်ပြည်နယ်လုံးက ထုတ်ဖော်ဆန္ဒပြနေမှုကို အပြည့်အ၀ ထောက်ခံကြောင်း၊

ရိုဟင်ဂျာဟူသော အမည်ဖြင့် သန်းခေါင်စာရင်း၌ ထည့်သွင်းနိုင်ရန်အတွက် လုပ်ဆောင်နေမှု မှန်သမျှကို ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းရင်းသား၊ တိုင်းရင်းသူ ရဟန်းရှင်လူ အများတို့က ကန့်ကွက်ကြောင်း၊

 ၂၀၁၄ ခုနှစ် အိမ်ထောင်စုစာရင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ "ရိုဟင်ဂျာ" ဟူသောအမည်ကို (၉၁၄) နံပါတ်ဖြင့် ထည့်သွင်းကောက်ခံမည်ကို တိုင်းရင်းသားညီနောင်ဖွား ရခိုင်တစ်ပြည်နယ်လုံးက ကန့်ကွက်သလို ယခုဆန္ဒပြ ပြည်သူများက ထပ်မံထောက်ခံ ကန့်ကွက်လိုက်ကြောင်း ဆန္ဒပြသူများက သဘောထားကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ကြွေးကြော်သံများ အနေဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ရခိုင်ပြည်ကြီး ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ မြန်မာ့ရန်သူ၊ မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ လုံးဝမရှိ၊ သမိုင်းလိမ်ညာ ရိုဟင်ဂျာ မောင်းထုတ်ပြစ်၊ ရိုဟင်ဂျာကို လက်ခံသူ မြန်မာ့ရန်သူ၊

 ရိုဟင်ဂျာ အားပေး အားမြှောက် အမျိုးသားသစ္စာဖောက်၊ ဘင်္ဂါလီ စာရင်းစစ် စစ်ရင်းကောက် အလိုမရှိ၊ သန်းခေါင်စာရင်း မှတ်တမ်းမှာ ရိုဟင်ဂျာလက်မခံပါ၊ ပြည်တွင်းရေးကို စွက်ဖက်သူ မြန်မာ့ရန်သူ၊ ရခိုင်ညီနောင်ဖွား ပြည်သူများ ဒို့တိုင်းရင်းသား စသည်တို့ကို ကြွေးကြော်ခဲ့ပြီး ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

"သန်းခေါင်စာရင်း ကောက်ယူတဲ့နေရာမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို မထည့်သွင်းဖို့ ရခိုင်ပြည်နယ်မှာ ဆန္ဒထုတ်ဖော် နေကြတယ်။ ရိုဟင်ဂျာအမည်ကို ဘာဖြစ်လို့ အထည့်မခံတာလဲဆိုတာ အကြောင်းမဲ့သက်သက် မဟုတ်ပါဘူး။

 ရိုဟင်ဂျာဆိုတာကို ထည့်သွင်းလိုက်မယ်ဆိုရင် အစိုးရအနေနဲ့ အသိအမှတ်ပြုရာ ရောက်သွားမယ်။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလည်း မဟုတ်ဘူး။ နိုင်ငံသားလည်း မဟုတ်ပါဘူး။ ရခိုင်တိုင်း င်းသားတွေ ဆန္ဒထုတ်ဖော်နေတဲ့ အပေါ်မှာ ဦးဇင်းတို့က ထပ်မံထောက်ခံ ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်" ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ပြည်နယ်)မှ အထွေထွေ အတွင်းရေးမှူး အရှင်အကုင်္ရက မိန့်ကြားသည်။


ဆန္ဒထုတ်ဖော်ပွဲသို့ သံဃာတော်များ၊ ဒေသခံပြည်သူများ အင်အား ၃၀၀ ကျော်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီခွဲတွင် ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

(လူဦးရေနှင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်သွင်းသွားမည့် ကိစ္စနှင့်ပတ်သက်၍ လားရှိုးဒေသခံများ ဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ) ထွန်းနေလှိုင် (နောင်ပိန်))

''ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှ ပိုင်ဆိုင်လိုသူများအတွက် ''

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို
 ပိုင်ဆိုင်လိုတာ အပျိုပဲဖြစ်ဖြစ်
အိမ်ထောင်သည်ပဲဖြစ်ဖြစ် ထိန်းသိမ်း
မှုပေါ်မူတည်ပြီး ပုံကျလှပနိုင်သလို
 ပုံပျက်တွဲကျလာနိုင်ပါတယ်။


မြန်မာပြည့်က မိန်းခလေးတွေက ရင်သားကြီးထွားမှာ ကြောက်ကြတာများပါတယ်။

အများစုက တော့ မိန်းမပီသတဲ့ အလှတော့ ရှိချင်ကြတာမိန်းကလေးတိုင်းရဲ့
ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး
 ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။

တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ
၁။ နို့တိုက်မိခင်များ
ကလေးနို့ဖျက်ပြီးရင် နို့ရည်ခန်းခြောက်သွားတာကြောင့် ပုံပျက်နိုင်တယ်ပါတယ်။ စိတ်ဓါတ်မကျသွားပါနဲ့။ အရေပြားမှာ ကျုံ့နိုင်ဆန့်နိုင်တာကြောင့် သေချာ ဂရုစိုက်ပေးခြင်းအားဖြင့် ၆လမှ တစ်နှစ် အတွင်း ပုံမှန် အရွယ်အစားကို ပြန်ဖြစ်နိုင်သလို တင်းတင်းရင်းရင်းနဲ့ လှပနိုင်ပါတယ်။

 နို့တိုက်နေစဉ်မှာလဲ နို့တိုက်မိခင်သုံး ဘော်လီများ ၀တ်နိုင်သလို့။ ကလေးကို ခေါင်းအုံးခံတိုက်ပေးခြင်း၊ ဘေးတိုက် အိပ်ရပ် နို့တိုက်ပေးခြင်းများဖြင့် ရင်သားပုံမပျက်ပဲ လှပနေစေနိုင်ပါတယ်။ နို့တိုက် ရင်လဲ နှစ်ဘက်မျှတိုက်ပေးပါ။ ဒါမှ ရင်သား ဘက်ညီမှာဖြစ်ပါတယ်။

၂။ ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။

၃။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၎။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။

၅။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ -
၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ ရင်သား တင်းရင်း ပုံကျစေရန် ဆေးများ
( Bust Firming Boosting Cream)
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။ ရင်သားတင်းဆေးဆိုပြီး သူများ ညွှန်းတိုင်းလဲ မသုံးသင့်ပါဘူး ။

 internet မှ review များကို ကြည့် product quality control ကိုလဲ သေချာကြည့်ပြီးမှဝယ်သင့်ပါတယ်။ တချို့ လိမ်းဆေးတွေ တစ်ကယ် ကောင်းပါတယ်။ ရင်သား တင်းရင်းရုံမကပဲ အသားရောင်ကို ပါ စိုဝင်းစေပါတယ်။ပန်းရောင်သန်းနေသော နို့သီးဂေါင်း လေးတွေကိုလဲ ပိုင်ဆိုင်နိုင်ပါတယ်။ နို့သီးဂေါင်းတွေပုံစံလှချင်ရင်တော့ ကလေး နို့တိုက်စဉ်သုံးတဲ့ နို့ညစ်တဲ့ ကိရိယာလေးနှင့် ၂လ တစ်ခါ လောက် လေစုပ်ပေးခြင်းဖြင့် လဲ ခေါက်မနေအောင် အမြဲ သတိထားပြီး သန့်ရှင်း ဂရုစိုက်ပေးသင့်ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

Myawady News'



သြစတြေးလျက ရရှိသည့် သဲလွန်စသစ်ကြောင့် မလေးရှားလေယာဉ် ရှာဖွေရေးလုပ်ငန်းများ နေရာပြောင်း

aturday, March 29, 2014

မလေးရှားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ် MH370 ပျောက်ဆုံးပြီးနောက် သီတင်းပတ်သုံးပတ်နီးပါး အကြာတွင် လေယာဉ်ရှာဖွေမှု ဧရိယာဗဟိုချက် ပြောင်းလဲသွားပြီဖြစ်သည်။ သြစတြေးလျ အာဏာပိုင်များက ယင်းလေယာဉ်၏ နောက်ဆုံး လှုပ်ရှားမှုများ ဖြစ်ဖွယ်ရှိသော လှုပ်ရှားမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော သဲလွန်စသစ် ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် လေယာဉ်ရှာဖွေရေး အဖွဲ့များသည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၏ ယခင်ရှာဖွေရေးဧရိယာ မဟုတ်သော အခြားဧရိယာသို့ ပြောင်းလဲရှာဖွေခဲ့ကြောင်း သိရသည်။

ရေဒါအချက်အလက်များအား ဆန်းစစ်လေ့လာမှုကို အခြေခံသော နောက်ဆုံးအချက်အလက်များက မလေးရှားလေယာဉ်သည် ရေဒါမှမပျောက်ဆုံးမီ ယခင်ခန့်မှန်းခဲ့သည့် အရှိန်နှုန်းထက် ပိုမိုလျင်မြန်စွာ ပျံသန်းခဲ့သည်ဟု ညွှန်ပြကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားခဲ့သည်။ လေယာဉ်သည် ယခင်တွက်ချက်ခဲ့သည်ထက် လေယာဉ်ဆီ ပိုမိုအသုံးပြုခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ပျံသန်းခဲ့ဖွယ် ရှိသောကြောင့် အကွာအဝေးကို တိုသွားစေသည်ဟု ယူဆရကြောင်း သိရသည်။

နောက်ဆုံး အချက်အလက်များအရ ရှာဖွေရေးအဖွဲ့များသည် ယခင်ဧရိယာ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၁၀၀ (မိုင် ၆၈၀)သို့ ပြောင်းရွှေ့ရှာဖွေနေကြောင်း သြစတြေးလျရေကြောင်း လုံခြုံရေးအာဏာပိုင်အဖွဲ့က မတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရှာဖွေရေး ဧရိယာသစ်သည် သြစတြေးလျတိုက်နှင့် ပိုမိုနီးကပ်သဖြင့် ရှာဖွေရေး လေယာဉ်များကို ပိုမိုကြာကြာ ပျံသန်းခွင့် ရရှိစေသည်။

သြစတြေးလျက ၎င်းတို့ရရှိခဲ့သည့် အချက်အလက် အသစ်များကို “အပျက်အစီးများ တည်ရှိနိုင်သော နေရာနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရဆုံး သဲလွန်စ” ဟု ဖော်ညွှန်းခဲ့သည်။ ယခင်ရှာဖွေရေး ဧရိယာတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂြိုဟ်တုများက ရှာဖွေတွေ့ရှိခဲ့သည့် မလေးရှားလေယာဉ် အပျက်အစီးများ ဖြစ်ဖွယ်ရှိသော အရာဝတ္ထုများသည် ဦးစားပေးသဲလွန်စများ မဟုတ်တော့ဟု ဆိုလိုခြင်းဖြစ်သည်။

“ကျွန်တော်တို့ အရင်နေရာကနေ ပြောင်းရွှေ့ရှာဖွေနေပါပြီ။ အရင်နေရာမှာ ဂြိုဟ်တုတွေက ထောက်လှမ်းတွေ့ရှိ ခဲ့တယ်ဆိုတဲ့ အပျက်အစီးတွေကို ကျွန်တော်တို့ မတွေ့ပါဘူး” ဟု သြစတြေးလျရေကြောင်း အာဏာပိုင်အဖွဲ့ အရေးပေါ် တုံ့ပြန်ရေးဌာန အထွေထွေမန်နေဂျာ ဂျွန်ယန်းက မြို့တော်ကန်ဘာရာတွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်

ထိုင်းမှာ ရောင်းစားခံ မြန်မာ ၂၁ ဦးကို ကယ်တင်

Saturday, March 29, 2014


ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်မြို့မှာရှိတဲ့ ပုဇွန်စက်ရုံမှာ လူပွဲစားတွေကတဆင့် အရောင်းစား ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ကျော်ကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ပူးပေါင်းပြီး မတ်လ ၂၇ ရက်နေ့ မနေ့နေ့လည်ပိုင်းက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လူကုန်ကူးခံထားရတဲ့ မြန်မာအလုပ်သမားတွေထဲက အသက် ၁၆ နှစ်အောက် ကလေးငယ် နှစ်ဦးအပါ အဝင် မြန်မာနိုင်ငံသား ၂၁ ယောက် လွတ်မြောက် လာတာဖြစ်တယ်လို့ လူကုန်ကူးသူတွေကနေတစ် ဆင့် ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက အခု လို ပြောပါတယ်။

“သမီး ၁၈ ရက်ပဲ ရှိသေးတယ်။ အရင်လုပ်တုန်းက ဟိုး လပ်ဘူရီ နာနတ်ခြံ၊ နာနတ်ခြံမှာ တစ်သောင်း နဲ့ရောင်းပြီး ဒီမှာက ခြောက်ထောင်၊ အဲ့နာနတ်သီးခြံမှာ ရောင်းတာ သမီးနဲ့အတူ သုံးယောက် ဟိုမှာ လင်မယားနှစ်ယောက် ကျန်ခဲ့တယ်၊ အခု သမီးတို့နဲ့ပါလာတာ ရက်ပိုင်းနဲ့ အများဆုံးကြာရင် ၂ လလောက်ပဲ။ သမီးတို့ ဒီမှာ အများကြီးပဲ။ မိန်းခလေးက ၁၁ ယောက် ကလေး တစ်ယောက်ပါတယ်၊ ယောက်ျားလေးလည်း ၁၀ ယောက် ကလေးတစ်ယောက်ပါတယ်။”

လူကုန်ကူးခံခဲ့ရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ကယ်တင်နိုင်ခဲ့တာဟာလည်း မတ်လ ၂၆ ရက်နေ့က ထိုင်း မြန်မာနယ်စပ် မြ၀တီမြို့မှာရှိတဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ ATIPD က တာဝန်ရှိသူတစ်ဦးကနေပြီး ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ဒါရိုက်တာ ဦးကျော်သောင်း ကို အကူအညီတောင်းခံလာရာက ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဦးကျော်သောင်း က ပြောပါတယ်။

“မြ၀တီမြို့မှာ အခြေစိုက်တဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တာဝန်ရှိတဲ့ လူတစ်ယောက်ကနေပြီးတော့ ဒီ မဟာချိုင် ပုဇွန်အလုပ်ရုံတစ်ရုံမှာ လူကုန်ကူးခံနေရတယ် ဒါကို အကူအညီပေးပါဆိုပြီးတော့ သတင်းအချက်အလက်တွေကို ကျနော် ရယူလိုက်တော့ အဲ့ဒီ အ လုပ်ရုံက ကျနော် ၂၀၁၂-၂၀၁၃ တုန်းက အလုပ်သမား ၇၀ လောက် ပိတ်လှောင်ခံထားရတယ် ဆိုပြီးတော့ ကျနော်တို့ ကယ်ထုတ်ဖို့ ကြိုးစားပြီးတော့ မအောင်မြင်ခဲ့တဲ့ အလုပ်ရုံဖြစ် နေတယ်၊ ဒါကြောင့်မိုလို့ မနေ့က စက်ရုံရှေ့ကို သွားစောင့်၊ အဲဒီထဲက အလုပ်သမားတစ်ယောက်ကို ခေါ်ထုတ် ပြီးတော့မှ ခေါ်ထုတ်လာတဲ့ အလုပ်သမားနဲ့  ဒီ..ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ကို သွားပြီးတော့မှ အကျိုးအကြောင်း သွားပြောပြီးတော့မှ ကယ်ထုတ်လိုက်ကြတာဖြစ်တယ်။”

လွတ်မြောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုတော့ ဘန်ကောက်မြို့အနီးမှာရှိတဲ့ ပထုန်ဌာနီမြို့က ကယ်ဆယ်ရေးစခန်းမှာ နေရာချပေးထားပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Thursday, March 27, 2014

စစ်တွေမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား

 
အိုင်အင်န်ဂျီအိုဝန်ထမ်း နိုင်ငံခြားသူတစ်ဦး သာသနာ့အလံကို မဖွယ်မရာလုပ်ကြောင်း သတင်းထွက်ပေါ်ရာမှ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပြီး ဒေါသထွက်နေသော ဒေသခံများက ကုလနှင့် အိုင်အင်န်ဂျီအိုဝန်ထမ်းများ၏ ရုံးနှင့်နေအိမ် ၃၀ ခန့်ကို ဖျက်ဆီး
 
 
 
စစ်တွေမြို့တွင် ယူအင်န်နှင့် အိုင်အင်န်ဂျီ အို ရုံးအချို့နှင့် ဝန်ထမ်းများ၏နေအိမ် များ ဖျက်ဆီးခံရပြီးနောက် မတ်လ ၂၇ ရက်တွင် ရန်ကုန်သို့ ပြန်ရောက်လာသော ဝန်ထမ်းအချို့ (ဓာတ်ပုံ− အေပီ)
အိုင်အင်န်ဂျီအိုတစ်ခုမှ နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်သည်ဟု သတင်းများထွက်ပေါ်ရာမှတစ်ဆင့် စစ်တွေမြို့ တွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အကြိမ်ကြိမ် မိုးပေါ်ထောင်၍ ပစ်ဖောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။
မတ်လ ၂၆ ရက် ညပိုင်းမှ စတင်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများကြောင့် ကုလနှင့် အိုင်အင်န်ဂျီအိုအဖွဲ့အစည်းများ၏ နေအိမ်၊ ရုံးအဆောက်အအုံ ၃၀ ခန့် ပျက်စီးခဲ့ပြီး နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်း ၇၄ ဦးကို လုံခြုံရေးအစောင့်အရှောက်ဖြင့် ထားရကာ အချို့ကို ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပဋိပက္ခဖြစ်စဉ်တွင် စတင်ပါဝင်ပတ်သက်ခဲ့သော  အိုင်အင်န်ဂျီအိုဝန်ထမ်း နိုင်ငံခြားသူနှင့် ၎င်း၏ခင်ပွန်းတို့ကို ရန်ကုန်သို့  ပို့လိုက်ပြီဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပြီး ရဲတပ်ဖွဲ့ကမူ စစ်တွေမြို့တွင် ကာကွယ်စောင့်ရှောက်ထားကြောင်း ပြောသည်။
ရုန်းရင်းဆန်ခတ်မှုများကြောင့် မတ်လ ၂၆ ရက် ညပိုင်းမှစတင်၍ မတ်လ ၂၇ ရက် ညနေအထိ လေးကြိမ်၊ လေးနေရာခန့် သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်လူစုခွဲခဲ့ရပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နံနက် ၆ နာရီမှ ည ၆ နာရီအထိ အချိန်တိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။
ယခင်က စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ကို ည ၁၂ မှ နံနက် ၆ နာရီထိ သတ်မှတ်ထားခြင်းဖြစ်သည်။
မတ်လ ၂၆ ရက် ည ၆ နာရီကျော်တွင် စစ်တွေမြို့ရှိ Malteser International မှ နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက ၎င်းတို့ ငှားရမ်းနေထိုင်ရာ နေအိမ်တွင် လွှင့်ထူထားသော သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီခါးကြားထဲတွင် ထိုးထည့်ကာ ထဘီကဲ့သို့ ပတ်သွားသည်ဟု သတင်းများ ထွက်ပေါ်လာရာမှ လူစုလူဝေး စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းသာသနာ့အလံသည် သန်းခေါင်စာရင်းကို သပိတ်မှောက်သည့်အနေဖြင့် လွှင့်ထူထားခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံခြားသူက ထဘီကဲ့သို့ ဝတ်ဆင်၍ လမ်းပေါ်လျှောက်သွားနေသည်ကို ဒေသခံအချို့က မြင်တွေ့ရာမှ သတင်းပျံ့နှံ့ပြီး ည ၈နာရီခန့်တွင် Malteser အဖွဲ့နေအိမ်ရှေ့တွင် လူရာဂဏန်းခန့် စုဝေးလာပြီး ခဲများဖြင့် စတင်ပစ်ခဲ့ခြင်းဖြစ်ကြောင်း  ဒေသခံများက ပြောသည်။
သို့သော် Malteser International  ၏ ပြောရေးဆိုခွင့်ရှိသူ Johannes Kaltenbach ကမူ အိမ်ဝန်ထမ်းတစ်ဦးလွှင့်ထူထားသော သာသနာ့အလံကို ၎င်းတို့ Pro-gramme  Coordinator က အဖွဲ့အစည်း၏ ဘာသာရေး၊ နိုင်ငံရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို မရောထွေးစေသည့် မူဝါဒအရ ဖယ်ရှားခဲ့ခြင်းသာဖြစ်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း DVB သတင်းဌာနသို့ ပြောကြားထားသည်။
ရဲတပ်ဖွဲ့ဝင်များက  လာရောက်ထိန်းသိမ်းခဲ့သော်လည်း လူထုအင်အားထောင်ဂဏန်းထိ ရောက်ရှိလာပြီး အခြားအင်န်ဂျီအိုရုံးများကိုပါ ခဲဖြင့်ပစ်ပေါက်မှုများ ရှိလာသည့်အတွက် ည ၁၁ နာရီ ကျော် ၁၂ နာရီခန့်တွင် သေနတ်အချက် ၃၀ ခန့် ပစ်ပေါက်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘အိမ်ထဲမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား၊ မြန်မာနိုင်ငံသား  ၁၁ ဦးကို ခေါ်ထုတ်ပြီးပါပြီ။ မိုးပေါ်ပစ်လူစုခွဲခဲ့ရတယ်။ ထိခိုက် ဒဏ်ရာရတာမရှိပါဘူး’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦး က မတ်လ ၂၆ ရက် ညဥ့်သန်းခေါင်ကျော်တွင် ပြောကြားခဲ့သည်။
စစ်တွေဒေသခံပြည်သူများက ယင်းနိုင်ငံခြားသူသည် သာသနာ့အလံကို မဖွယ်မရာလုပ် စော်ကားသည့်အတွက် ဥပဒေနှင့် အညီ အရေးယူပေးရန် လိုလား၍ စတင်တောင်းဆိုခဲ့ခြင်းသာဖြစ်ပြီး ယခင်ကပင် အိုင်အင်န်ဂျီအိုများအပေါ် မယုံကြည့်သည့်အတွက် ၎င်း၏လုပ်ရပ်မှာ ပဋိပက္ခများကို လှုံ့ဆော်သလိုဖြစ်နေကြောင်း ပြောသည်။
မတ်လ ၂၇ ရက် နံနက်ပိုင်းတွင်လည်း သာသနာ့အလံကို မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် မကျေမနပ်ဖြစ်နေသည့် ဒေသခံများ ပြန်လည်စုဝေးလာပြီး ကုလ လက်အောက်ခံအဖွဲ့အစည်းများ အပါအ၀င် အိုင်အင်န်ဂျီအိုအဖွဲ့ နေအိမ်များ၊ ရုံးများကို ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘ဒီနေရာမှာစုလိုက်၊ လုံခြုံရေးတွေသွားလိုက်၊ နောက်တစ်နေရာမှာဖြစ်လိုက်ဆိုတော့ နည်းနည်း အခက်အခဲရှိပါတယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။
မတ်လ ၂၆ ရက် ညပိုင်းမှ စတင်၍ မတ်လ ၂၇ ရက် ညနေပိုင်းအထိ နေအိမ် ၃၀ ခန့် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ ထို့အပြင် လုံခြုံရေးအခြေအနေအရ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကိုလည်း အချိန်တိုးမြှင့်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
‘‘ဒီနေ့အခြေအနေကတော့  အသေးစိတ်မသိရသေးဘူး။ အိုင်အင်န်ဂျီအိုတချို့လည်း ရန်ကုန်ပြန်ပါ ပြီ။ ပုဒ်မ ၁၄၄ ကို မနက် ၆နာရီ ည ၆နာရီတိုးလိုက်တယ်’’ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မတ်လ ၂၇ ရက် ညနေပိုင်းက ပြောသည်။
ယူအင်န်နှင့် အိုင်အင်န်ဂျီအိုများမှ ၀န်ထမ်းများအား ၎င်းတို့ဆန္ဒအရ စစ်တွေဟိုတယ်တွင် ၂၅ ဦး၊ ရဲတပ်ရင်း ရိပ်သာတွင် ၄၀ ဦးကို လုံခြုံရေးဖြင့် စောင့်ရှောက်ထားပြီး ၉ ဦးမှာ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်လိုက်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိတစ်ဦးက မတ်လ ၂၇ ရက် ည ၈ နာရီကျော်တွင် ပြောသည်။
‘‘ဒီနေ့ သုံးကြိမ် သုံးနေရာလောက် မိုးပေါ်ထောင်ပစ် လူခွဲခဲ့ရပါတယ်’’ဟု အထက်ပါအရာရှိကဆိုသည်။
အဆိုပါ သာသနာ့အလံကို ဖြုတ်ချခဲ့သည်ဟု ဆိုသော Malteser ၀န်ထမ်းမှာ မည်သည့် နိုင်ငံသားဖြစ်သည်ကို ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေး မြန်းသော်လည်း အတည်ပြု ချက်မရသေးပေ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှလည်း နိုင်ငံတကာအဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် လူအုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် အနည်းဆုံး အမေရိကန်နိုင်ငံသား သုံးဦး ပါသော အိုင်အင်န်ဂျီအိုဝန်ထမ်းများကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့် ယမန်နေ့က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပေါ် လေးလေးနက်နက်စိုးရိမ်ကြောင်း မတ်လ ၂၇ရက်က သတင်းထုတ်ပြန်သည်။ 
တည်ငြိမ်သည့်ငြိမ်းချမ်းရေးနှ့င် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီး ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ရေရှည်ခိုင်မာသည့်ဖြေရှင်းနည်းဖြင့် ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ကမ္ဘာကုလသမဂ္ဂအဖွဲ့နှင့် ဗြိတိသျှသံရုံးတို့ကလည်း စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ လေးလေးနက်နက်စိုးရိမ်ပူပန်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုများဆိုင်ရာ ၀န်ထမ်းများအနေဖြင့် လုပ်ငန်းများကို အဟန့်အတားမရှိ  လုံခြုံစိတ်ချစွာဖြင့် ဆောင်ရွက်နိုင်ရန်မှာ အဓိကအကြောင်းအရာဖြစ်ပြီး ဗြိတိန်အနေဖြင့် အခြေအနေကို နီးကပ်စွာစောင့်ကြည့်နေမည်ဖြစ်ကြောင်း ဗြိတိန်သံရုံးက မတ်လ ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။
ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၏ နေအိမ်နှင့် ရုံး သုံးဆယ်ခန့် ဖျက်ဆီးခံခဲ့ရပြီး ပုဒ်မ ၁၄၄ အချိန်တိုးမြှင့်လိုက်မှုကြောင့် အခြေအနေ ငြိမ်သက်သွားပြီဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မတ်လ ၂၇ ရက် ညပိုင်းကပြောသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရက အတည်ပြုချက်မပေးပေ။
ရခိုင်ပြည်နယ်တွင် ကုလအပါအ၀င် အိုင်အင်န်ဂျီအိုအဖွဲ့အစည်း ခြောက်ဆယ်ကျော်ရှိပြီး အစိုးရနှင့် နားလည်မှုစာချွန်လွှာထိုး လုပ်ကိုင်နေသော အဖွဲ့အစည်း (၁၅)ဖွဲ့ ပါဝင်ကြောင်း ပြည်ထောင်စုအစိုးရက တရားဝင်ပြောကြားထားသည်။

  • စစ်တွေမြို့တွင် ဖြစ်ပွားသောအကြမ်းဖက်မှုများအတွက် အမေရိကန်နှင့် ဗြိတိန်သံရုံး၊ ကုလသမဂ္ဂအဖွဲ့တို့က အခြေအနေကို အထူးစိုးရိမ်ကြောင်း မတ်လ ၂၇ ရက်တွင် ကြေညာချက် အသီးသီး ထုတ်ပြန်သည်။

  • အကြမ်းဖက်မှုများကြောင့် ကုလနှင့် အိုင်အင်န်ဂျီအို အဖွဲ့အစည်းများ၏ နေအိမ်နှင့် ရုံး ၃၀ခန့်ပျက်စီးပြီး နိုင်ငံခြားသားများအပါအ၀င် ၀န်ထမ်း ၇၄ ဦး လုံခြုံရေးအတွက် အစိုးရက ကာကွယ်စောင့်ရှောက်ထားရသည်။

  • မတ်လ ၂၇ ရက်မှစတင်၍ စစ်တွေမြို့တွင် ည ၆ နာရီမှ နံနက်၆ နာရီထိ ညမထွက်ရအမိန့် အရှိန်တိုးမြင့်လိုက်သည်။

Wednesday, March 26, 2014

Photodex ProShow Producer 6.0.3410 Final


Photodex ProShow Gold ဆော့ဝဲလ်လေးနဲ့ ဓါတ်ပုံတွေကို စလိုက်ရှိုး Video ဖိုင်လေးတွေဖြစ်အောင် ဖန်တီးယူလို့ ရသလို ၊ မိမိတို့ရဲ့ Video တွေမှာလည်း Video Effects တွေထပ်ထည့်ပြီး ၊ Effects တွေ အများကြီးနဲ့ ကြည့်လို့ကောင်းအောင် ဖန်တီးယူလို့ ရပါသေးတယ်..။ ဒီဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ကြာပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီနေ့တော့ ဒီနောက်ဆုံးထွက် Update ဗါးရှင်းလေး ရလာလို့.. အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Keymaker လေးနဲ့ တွဲတင်ပေးထားဖြစ်ပြီး၊ အရင်လက ပိုစ့်မှာတော့ crack, patch, keymaker သုံးမျိုးနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်..။ အရင်ကပိုစ့်မှာ ကျနော်က crack ဖိုင်လေးနဲ့ ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် ၊ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပြီး ပြန်ကြည့်လို၊ ပြန်ဒေါင်းယူလိုရင်တော့ ဒီလင့်မှာပါ..။ Video Effects တွေ ထည့်သုံးတတ်အောင် ပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video ဖိုင်တွေကို ဝင်ကြည့်လေ့လာလို့ ရမယ့် YouTube က လင့်လေးကို ပြန်ရှာတင်ပေးထားပါတယ်..။ အဲ့ဒီလင့်ကနေ ဝင်သွားလိုက်ရင်တော့ ဒီဆော့ဝဲလ်နဲ့ Video Edit လုပ်ပြထားတဲ့ Video ဖိုင်လေးတွေ အများကြီးကို လေ့လာသင်ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးဖြစ်အောင် Keymaker လေးနဲ့ လုပ်တတ်အောင် အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။  လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 51 MB ရှိပါတယ်..။

Internet Download Manager 6.19 Build 3 Final

Internet Download Manager 6.19 Build 3 Final

 IDM နောက်ဆုံး Update လေးပါ..။ Update ထွက်နေတာ ၃၊၄ ရက်လောက် ရှိသွားပါပြီ..။ ဒီနေ့မှပဲ တင်ပေးဖြစ်ပါတယ်..။ Browser တွေ Update တက်သွားတိုင်း IDM တွေ အလုပ်မလုပ်တော့တဲ့အတွက် ဒီလို IDM နောက်ဆုံးထွက်လေးတွေကို Install ထပ်ထည့်ပေးမှ IDM ကို အသုံးပြုလို့ ရတာပါ..။ နောက်ဆုံး Update ကို Install ထည့်ပြီးရင်တော့ ဖူးသုံးလို့ မရတော့ပဲ Serial Key တောင်းပါတယ်..။ အဲ့လိုဖြစ်နေတဲ့ သူများကတော့ ဒီနောက်ဆုံး Update ဖိုင်လေးထဲမှ crack or patch နဲ့ ဖူးဖြစ်အောင် ပြန်လုပ်ပေးပြီး ဆက်ပြီး အသုံးပြုလို့ ရပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ patch ဖိုင်လေးနဲ့ crack ဖိုင်လေး ၂-မျိုးကို ပေါင်းထည့်ပေးထားပါတယ်..။ ဖူးဖြစ်အောင် လုပ်နည်းတွေက Blog ညာဘက် အပေါ်ဆုံးမှာ တင်ပေးထားတဲ့ ပိုစ့်တွေ အတိုင်းပါပဲ..။ crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ အောက်ကပုံမှာ ပြပေးထားတဲ့ crack ၂-ခုကို ထည့်ပေးပြီး ဖူးလုပ် အသုံးပြုနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။
crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ နောက်ဆုံး Update ကို install ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပါ..။ အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ ဖိုင်လေးကို C: ထဲက IDM ဖိုဒါလေးထဲမှာ သွားထည့်ပေးပြီး ၊ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ 32/64 ၂-ခုထဲက မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ တူတဲ့ ဖိုင်လေးကို ၂-ချက်တောက်ပြီး Run ပေးလိုက်ရင် IDM နောက်ဆုံးထွက်တွေကို ဖူးသုံးလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။ 

    ဒီမှာဒေါင်းနော်

မလေးရှားလေယာဉ်တစ်စီး ပျံသန်းစဉ် အင်ဂျင်မီးလောင်၍ အရေးပေါ်ဆင်းသက်

Thursday, March 27, 2014
THE STAR-ANN

ကွာလာလမ်ပူ

မလေးရှားလေ ကြောင်းလိုင်းတစ်ခုဖြစ်သော မလင်ဒိုလေကြောင်းမှ  လေယာဉ် တစ်စီးသည် ဗုဒ္ဓဟူးနေ့နံနက် တွင် ကွာလာတာရန်ဂန်နူသို့ သွား သည့် ခရီးစဉ်၌  လေထုထဲတွင် အင် ဂျင်တစ်လုံးမီးလောင်၍ ဆူဘန် လေဆိပ်သို့ အရေးပေါ်ဆင်းသက် ခဲ့ရသည်။

လေကြောင်းလိုင်းမှ ထုတ် ပြန်သော ကြေညာချက်ထဲတွင် ထိုဖြစ်စဉ်မှာ လေယာဉ်က လေ ထုထဲသို့ အတက် ပေ ၇၀၀၀ အ ရောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆူဘန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လေယာဉ်မှာ အင်ဂျင် မီးလောင်ချိန်တွင် မီးသတိပေး စနစ်က အချက်ပေးသောကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

‘‘ကပ္ပတိန်က လေယာဉ်ကို ဆူဘန်လေဆိပ်ဘက်ကိုလှည့်ပြီး ပြန်ဆင်းဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ လေယာဉ်ဟာ လေဆိပ်ကို လုံခြုံစိတ်ချစွာနဲ့ ဆင်းသက်နိုင် ခဲ့ပါတယ်။ ဘယ်သူမှ ထိခိုက် ဒဏ်ရာရခြင်းမရှိခဲ့ပါဘူး’’ ဟု ဆိုသည်။ ထို့ပြင် လေကြောင်း လိုင်းက လေယာဉ်ပေါ်တွင် ပါ လာသည့် ခရီးသည်အားလုံးကို တာဂန်ရန်နူသို့သွားမည့် အခြား လေယာဉ်များသို့ လွှဲပြောင်းပေးခဲ့ ကြောင်း ဆိုသည်။

မလင်ဒိုလေကြောင်းလိုင်း ကလည်း ၎င်းတို့သည် လေယာဉ် အင်ဂျင်မီးလောင်မှုကို စုံစမ်းနေ ပြီး လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီနှင့် အင်ဂျင်ကုမ္ပဏီအပါ အ၀င် သက်ဆိုင်ရာ တာဝန်ရှိသူ များထံသို့လည်း အကြောင်းကြား ထားကြောင်း ဆိုသည်။

ပတ်တလင်းဂျာယာတွင် အခြေစိုက်သည့် မလင်ဒိုလေ ကြောင်းလိုင်းသည် မလေးရှားအ မျိုးသားလေကြောင်းနှင့် ကာ ကွယ်ရေးစက်မှုလုပ်ငန်း (Nadi) နှင့် အင်ဒိုနီးရှားမှ လိုင်းယွန်းလေ ကြောင်းတို့ ဖက်စပ်လုပ်ကိုင် သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

MH370 အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုသစ် ၁၂၀ကျော် ထပ်မံတွေ့ရှိ




ပျောက်ဆုံးလေယာဉ်အပိုင်းအစလို့ယူဆရတဲ့ လေယာဉ်အပိုင်းအစ ထပ်မံတွေ့ရှိ (Credit: ABC)

ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ်ရဲ့ ​အပိုင်းအစလို့ ​ယူဆရတဲ့ ​အရာဝတ္ထုအခုပေါင်း ​၁၂၀ ​ကျော်ကို ​အိန္ဒိယသမုဒ္ဒရာ ​တောင်ပိုင်းမှာ ​ဆက်တလိုက် ​ဂြိုလ်တု ​ကနေတဆင့် ​ထပ်မံတွေ့ရှိခဲ့ပါတယ်။

ပြင်သစ်နိုင်ငံက ​Airbus ​လို့ခေါ်တဲ့ ​ကုမ္ပဏီက ​တွေ့ရှိခဲ့တာဖြစ်ပြီး ​အဲဒီအစိတ်အပိုင်း ​အခုပေါင်း ​၁၂၂ ​ခုဟာ ​အိန္ဒိယသမုဒ္ဒရာရေပြင်ရဲ့ ​စတုရန်းမီတာ ​၄၀၀ ​၀န်းကျင် ​အတွင်းမှာ ​ပြန့်ကျဲနေတာ ​ဖြစ်ပါတယ်။

အဲဒီ ​အစိတ်အပိုင်းတွေဟာ ​အရွယ်အစားအားဖြင့် ​တစ်မီတာကနေ ​၂၃ ​မီတာအကြားမှာ ​ရှိကြကြောင်းလည်း ​ပြောပါတယ်။

တချို့ ​အစိတ် ​အပိုင်းတွေ ​မှာတော့ ​တောက်ပနေတဲ့ ​အရောင်တွေ ​ပါဝင်ပြီး ​တောင့်တင်း ​ခိုင်မာတဲ့ ​အရာဝတ္ထုတွေ ​ဖြစ်မယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အဲဒီနေရာ ​တဝိုက်မှာပဲ ​သြစတြေးလျ၊ ​တရုတ်နဲ့ ​ပြင်သစ်နိုင်ငံတို့ ​ကလည်း ​လေယာဉ်ရဲ့ ​အပိုင်းအစလို့ ​ယူဆရတဲ့ ​အရာဝတ္ထုတချို့ကို ​အရင်တပတ်တုန်းက ​တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမယ့် ​အခုဆက်တလိုက် ​ဂြိုလ်တုပေါ်က ​တွေ့ရှိတဲ့ ​အပိုင်းအစတွေဟာ ​ပျောက်ဆုံးနေတဲ့ ​လေယာဉ်ရဲ့ ​အပိုင်းအစဟုတ်မဟုတ် ​ဆိုတာကို ​ခုချိန်ထိ ​မသိနိုင်သေးပါဘူး။

လေယာဉ်ပျံသန်းမှု ​မှတ်တမ်းတွေပါဝင်တဲ့ ​Black ​Box ​ကို ​အချိန်မှီ ​ရှာတွေ့နိုင်ဖို့ကလည်း ​စိန်ခေါ်မှု ​တစ်ခု ​ဖြစ်နေပါတယ်။

အဲဒီ ​Black ​Box ​ဟာ ​ရက်ပေါင်း ​၃၀ ​အတွင်း ​သူရှိရာနေရာကို ​အချက်ပြနိုင်စွမ်းရှိပေမယ့် ​ပင်လယ်ရေ ​အနက် ​၄ ​ကီလိုမီတာလောက်သာ ​အချက်ပြနိုင်တာဖြစ်ပါတယ်။

ဒါကြောင့် ​ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ်ရဲ့ ​ပျံသန်းမှုမှတ်တမ်း ​Black ​Box ​ရဲ့ ​ဘက်ထရီသက်တမ်းဟာ ​ဧပြီလ ​၇ ​ရက်နေ့မှာ ​ကုန်ဆုံးမှာ ​ဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာ ​တောင်ပိုင်းရဲ့ ​မိုးလေဝသအခြေအနေအရ ​ဒီကနေ့ဟာ ​မိုးရွာပြီး ​လျှပ်စီးတွေလက်မှာဖြစ်သလို ​လေပြင်းထန်မှာ ​ဖြစ်တဲ့အတွက် ​ရှာဖွေမှုမှာ ​အခက်အခဲဖြစ်နိုင်ကြောင်းလည်း ​သိရပါတယ်။

ဖုန်းခေါ်ဆိုခ နှုန်းထားများနှင့် ၀န်ဆောင်မှု ၀န်ကြီးဌာနက စွက်ဖက်မည်မဟုတ်

MPT သည် မြန်မာနိုင်ငံ၏ တခုတည်းသော တယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍကို စီမံခန့်ခွဲနေသည့် ဌာနလည်း ဖြစ်သည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဆက်သွယ်ရေး လိုင်စင်ရထားသည့် အော်ပရေတာ (ကုမ္ပဏီ) များ၏ ဖုန်းခေါ်ဆိုခ နှုန်းထားများ အပါအ၀င် ၀န်ဆောင်မှုများနှင့် ပတ် သက်ပြီး ဝန်ကြီးဌာန အနေဖြင့် ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးသောင်းတင် က ဧရာဝတီကို ပြောသည်။

“အခုလက်ရှိမှာ ဘယ်လိုမျိုး လုပ်ဆောင်မှုတွေနဲ့မှ ဝန်ကြီးဌာန အနေနဲ့ အော်ပရေတာတွေကို ချုပ်ကိုင်မှာ မဟုတ်ဘူး၊ ဝန်ကြီးဌာန က ပေါ်လစီပိုင်းပဲ ကိုင်တော့မယ်၊ ဘယ်သူက သတ်မှတ်ထားတဲ့ ဥပဒေကို မလိုက်နာလဲ၊ ဒါပဲစစ်မယ်၊ ဘာမလုပ်ရ၊ ဘယ်ဈေး၊ ဘယ်ခေါ်ဆိုခ စတဲ့ အပိုင်းတွေက သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ သဘော အတိုင်းပဲ”ဟု ၎င်းက ဆိုသည်။

အစိုးရပိုင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ နှုန်းထားများနှင့်ဆက်စပ်ပြီး လုပ်ကိုင်ခွင့်လက်ရှိရထားသော အော်ပရေတာများကို အဆိုပါ နှုန်းထားဖြင့်သာ ဆက်လက် ကောက်ယူခွင့် ပြုမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းစဉ် ယင်းသို့ ပြန် လည် ဖြေကြားခြင်း ဖြစ်သည်။

“သူတို့ လုပ်ဆောင်မယ့် ဈေးက ပြည်သူတွေ လက်ခံနိုင်မလား၊ ဘယ်လို အခက်ခဲတွေ ရှိမလဲ ဆိုတာကို သိချင်လို့ တင်ပြခိုင်းတာ ပါ၊ ကျန်တာကတော့ သူတို့က ဆက်သွယ်ရေး ဥပဒေကို လိုက်နာရမယ်၊ မလိုက်နာရင် သူတို့ကို သတ်မှတ်ထားတဲ့ အတိုင်း မလုပ် ပေးနိုင်ရင် သူတို့ တင်ထားတဲ့ စပေါ်ငွေထဲက ဖြတ်သွားမယ်”ဟုလည်း ဦးသောင်းတင်က ပြောသည်။

ဆက်သွယ်ရေး ခေါ်ဆိုခ နှုန်းထားများနှင့် ပတ်သက်ပြီး လက်ရှိ တဦးတည်းလုပ်ကိုင်ခွင့် ရထားသည့် MPT က တမိနစ် ခေါ်ဆိုခကို ၅၀ ကျပ်နှုန်း၊ မက်ဆေ့ခ်ျ ပို့ပါက တစောင်လျှင် ၂၅ ကျပ် နှုန်း ကောက်ခံလျက် ရှိသည်။

တဦးတည်း ချုပ်ကိုင်မှုဖြင့်သာ ရပ်တည်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍမှာ မကြာတော့သည့် ရက်ပေါင်း ၂၀၀ ကျော် ကာလတွင် ပြောင်းလဲတော့မည် ဖြစ်ကြောင်းလည်း ဒု ၀န်ကြီးက ဆက်ပြောသည်။

ယင်းသို့ ဆယ်စုနှစ်များစွာ ပြိုင်ဆိုင်မှု မရှိခဲ့သည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတခုကို မကြာမီ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ကဏ္ဍတခု အဖြစ် မြင်တွေ့နိုင်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများကို တန်းတူ အခွင့်အရေးပေး ပြိုင်ဆိုင်ခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာ့ဆက်သွယ်ရေးလို့ ဆိုရင် လူတိုင်းကို ခွဲခြား စေချင်တယ်၊ ဆက်သွယ်ရေး ဝန်ကြီးဌာန နဲ့ MPT ကို ခွဲခြား မြင်စေချင်တယ်၊ သူက လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတော့မှာ ဆိုတော့ သူဈေးမချရင် သူရပ်တည်ဖို့ မလွယ်ဘူး၊ သူမလျှော့ရင် သူမရပ်တည်နဲ့၊ ဒီအထဲမှာ နေချင်ရင် သူလည်း အပြိုင်အဆိုင် လျှော့ရတော့မယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ပြောသည်။

ယခင်က တဦးတည်း ချုပ်ကိုင်ခဲ့သည့် MPT သည် ပြိုင်ဆိုင်မှုများ၌ ရတနာပုံ တယ်လီပို့စ် အနေဖြင့် ဝန်ကြီးဌာန လက်အောက်မှ ခွဲထွက်ပြီး သီးခြားရပ်တည်ရန် စီစဉ်ထားသော်လည်း လက်ရှိ အချိန်အထိ ၎င်းနှင့်ပူးတွဲ လုပ်ဆောင်မည့် ကုမ္ပဏီကို မရွေးချယ်နိုင် သေးသောကြောင့် လုပ်ငန်းလိုင်စင် ချပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဂျပန်ကုမ္ပဏီ တခုနဲ့ ဆွေးနွေး နေတာတော့ မှန်တယ်၊ ဝန်ကြီးဌာန အနေနဲ့ လုပ်ဆောင်တော့မှာ မဟုတ်တဲ့ အတွက် သူ့ရပ်တည်မှု အတွက် သူလည်း ပြိုင်ဆိုင် ရလိမ့်မယ်၊ ဒီနှစ်ထဲမှာ သူလည်း ခွဲထွက်ပြီး ပြိုင်ဆိုင် နိုင်မှာပါ”ဟု ဒု ၀န်ကြီးက ဆက်ပြောသည်။

“ခေါ်ဆိုခလို့ ဆိုရင် ကောက်ခံတာက မိနစ်နဲ့ ကောက်မလား၊ စက္ကန့်နဲ့ ကောက်မလား၊ စိတ်ကြိုက် လုပ်ပိုင်ခွင့် ပေးထားပါတယ်၊ ဒီအပေါ်မှာ ပြိုင်တဲ့သူ သဘောပါပဲ၊ သူက စက္ကန့်နဲ့ ကောက်မယ်ဆိုလဲ ကောက်၊ မိနစ်နဲ့ ကောက်မယ်ဆိုလည်း ကောက်၊ ဒီသဘောပါပဲ”ဟုလည်း ၎င်းက ဆိုသည်။

MPT က ခေါ်ဆိုခနှုန်းထား ကောက်ယူရာတွင် စက္ကန့်ဖြင့် ကောက်ယူနေခြင်း ဖြစ်ပြီး မက်ဆေ့ခ်ျ(SMS) ဝန်ဆောင်ခကို ထပ်တိုး ကောက်ခံ နေခြင်း ဖြစ်ပြီး မည်သည့် ဝန်ဆောင်မှုကိုမှ ထပ်တိုးပေးခြင်း မရှိပေ။ နိုင်ငံတကာ ဆက်သွယ်ရေး တချို့တွင် SMS ဝန်ဆောင်ခကို ကောက်ခံခြင်း မပြုခြင်း အပြင် အခြားသော ဝန်ဆောင်မှု အမျိုးမျိုးကို ထပ်ဆောင်း ပေးမှုများ ရှိကြောင်း သိရသည်။

လက်ရှိတွင် အော်ပရေတာ လိုင်စင်ရရှိထားသည် အော်ရီးဒူးက တမိနစ်လျှင် ၄၅ ကျပ်နှုန်း၊ တယ်လီနောက တမိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့် ဝန်ဆောင်မှုများ ပေးသွားမည်၊ မည်သည့် ဈေးဖြင့် ကောက် ခံသွားမည်ကို တရားဝင် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

“ဆက်သွယ်ရေး ဖုန်းလို့ ပြောရင် Package တခုကို မြင်ရတော့မယ်၊ ဥပမာ ဈေးနှုန်း အရဆို ဖုန်းကတ် ဝယ်တာနဲ့ ဘာတွေ ပါမလဲ၊ အင်တာနက် ပါမလား၊ ခေါ်ဆိုခကို ဘယ်လောက် အလကား ခေါ်ခွင့်ရမယ်၊ မက်ဆေ့ခ်ျ အလကား ပို့ခွင့် ရမယ်၊ ဒီလိုတွေ ပါမယ်၊ ဒါမှမဟုတ် ခေါ်ဆိုခနှုန်း အရ ဆိုရင် ခေါ်ဆိုခ မချဘူး၊ ဒီမှာ မက်ဆေ့ခ်ျက အလကား ပေးမလား၊ အချိန်နဲ့ ပေးမလား၊ မီဂါဘိုက်နဲ့ ပေးမလား၊ ဒါကတော့ အော်ပရေတာတွေရဲ့ပြိုင်ဆိုင်မှုပဲ၊ အကုန် ခွင့်ပြု ထားပါတယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ဆိုသည်။

လက်ရှိတွင် အော်ရီဒူးမှ ရန်ကုန်မြို့တွင်းရှိ ဖုန်းအရောင်းဆိုင်များတွင် ၎င်းတို့၏ ဖုန်းကတ် ဝယ်ယူလိုသူများ စာရင်းကို ကောက်ခံ နေမှုများ ရှိကြောင်း၊ နေ့စဉ် ဖုန်းကတ်ဝယ်ရန် လာရောက် စာရင်းသွင်းသူ ဦးရေမှာ ၅၀ ကျော်ကြောင်း ဖုန်းအရောင်းဆိုင်များက ပြောသည်။

“အော်ပရေတာ အသစ်တွေ ရောက်လာပေမယ့် အစိုးရဘက်က ဆက်သွယ်ရေးပိုင်း လုပ်နေတော့ ခေါ်ဆိုခနဲ့ ဝန်ဆောင်မှုတွေကို အစိုးရနဲ့ ညှိရမယ် ထင်တယ်၊ နို့မို့ဆို သူတို့ဆီမှာ သုံးစွဲသူတောင် ရှိမယ်မထင်ဘူး၊ Voice mailတို့ ဘာတို့ရော ပေးမှာလား၊ အင်တာနက်ကရော ဒီတိုင်းပဲ ရှိနေမလား။ ဒီတိုင်းပဲ ဆိုရင်တော့ ဒီဈေးကွက်က ထူးခြားတာ မရှိပါဘူး၊ နိုင်ငံတကာလို အားလုံးပြိုင်ဆိုင်ခွင့် ရရင်တော့ ကောင်းမယ်”ဟု ဖုန်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တဦးဖြစ်သည့် ကိုနိုင်ဇော်က ပြောပြသည်။

မြန်မာ့ဆက်သွယ်ရေးက လိုင်စင်ရ အော်ပရေတာများ လုပ်ဆောင်နိုင်ရန် အတွက် ရှိရင်းစွဲ တာဝါတိုင်များကို ဈေးနှုန်းတခုဖြင့် ငှားရမ်း လုပ်ကိုင်ခွင့် ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

“ဆက်သွယ်ရေး ဝန်ကြီးဌာန အနေနဲ့ ရှိရင်းစွဲ တာဝါတိုင်တွေကို ငှားရမ်းမယ်၊ ဥပဒေမှာလည်း ပါတယ်၊ တာဝါတိုင်တွေ ငှားရမ်းသုံးစွဲခွင့် ပေးရမယ် ဆိုတာ၊ ဒီတော့ ရတနာပုံ တယ်လီပို့ကို ငှားရင်လည်း ငှားမယ်၊ ဘယ်အော်ပရေတာပဲ ငှားငှား၊ ငှားခွင့် ပေးမယ်၊ ဝန်ကြီးဌာနက ဒါနဲ့ ရပ်တည်သွားမယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ဧရာဝတီသို့ ပြောပြသည်။

တယ်လီနော မြန်မာ ကုမ္ပဏီမှ တာဝါတိုင် တည်ဆောက်ရေး အတွက် Apollo ကုမ္ပဏီ၊ Ayarwaddy Green ကုမ္ပဏီတို့နှင့်အတူ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီ နှစ်ခုလက်အောက်တွင် ပြည်တွင်း ကုမ္ပဏီ ၁၂ ခုခန့် ပါဝင်ကြောင်း တယ်လီနော ကုမ္ပဏီ မြန်မာပြည် ကိုယ်စားလှယ်  Mr.Petter Furberg က ပြောသည်။

လက်ရှိတွင် ၂၀၁၄ မတ်လဆန်း အထိ မိုဘိုင်းဖုန်း သုံးစွဲမှု အရေအတွက်မှာ စုစုပေါင်း ၈ သန်းနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ် ရေး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

''နိုင်ဂျီးရီးယားတွင် အစ္စလာမ်ဘာသာရေးဆရာမှ အသက် ၁၂ နှစ် အရွယ် မိန်းကလေးအား မုဒိမ်းကျင့်''


အသက် ၃၂ နှစ်အရွယ် အစ္စလမ္မစ် ဘာသာရေးဆရာ ကာဇီးမ် ဂျီမိုဝါ သည် နိုင်ဂျီးရီးယားနိုင်ငံ၊ အိုဂွန်ပြည်နည်၊ အိုတာ တရားရုံးတော်သို့ အသက် ၁၂ နှစ် အရွယ် မိန်းကလေးအား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုဖြင့် တရားရင်ဆိုင်ရန် ရောက်ရှိလာသည်။

ဂျီမိုဝါ မည်သည့် အရပ်တွင် နေထိုင်သည်ကိုမူ ဖော်ပြထားခြင်းမရှိပါ။ ဂျီမိုဝါသည် မိန်းကလေးအား အလိုမတူပဲ မုဒိမ်းကျင့်ခဲ့သဖြင့် ယင်းသို့ တရားစွဲခံရခြင်း ဖြစ်သည်။

အမှုစွဲဆိုသူ ရဲစုံထောက် ပီတာမိုလိုကူမှ အစ္စလာမ်ဘာသာရေးဆရာသည် မတ် ၁၈၊ 8:00 pm ၌ အိုတာ မြို့ ၊ အီလိုယီရပ်ကွက်ရှိ လူမနေသော အဆောက်အအုံအတွင်း၌ မိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည်ဟု တရားရုံးတော်အား ပြောကြားခဲ့သည်။

တရားခံမှ မိန်းကလေးအား လှည့်ဖျား၍ အဆောက်အဦးအတွင်း ခေါ်ဆောင်သွားပြီး ယင်းသို့ မတော်မတရားပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု မိုလိုကူက ဆိုသည်။

ယခင်ကလည်း ယင်းဘာသာရေးဆရာသည် မိန်းကလေးများအား ယခုကဲ့သို့ လှည့်ဖျားခေါ်ဆောင်၍ ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း ရဲစုံစမ်းထောက်လှမ်းရေးမှ ဖော်ထုတ်တွေ့ ရှိခဲ့သည်ဟု မိုလိုကူမှ ဖြည့်စွက်ပြောကြားခဲ့သည်

စစ်တွေက NGO ရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်

စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ် အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။
ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။

အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအို တစ်ခုက အမေရိကန်သူ တစ်ဦးဟာ သူတို့ရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာအလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုပြီး သတင်းထွက်လာရာကနေ ရာနဲ့ချီရှိတဲ့ ဒေသခံတွေဟာ မာတေဇာ ရုံးကို သွားဝိုင်းပြီး အဲဒီအမျိုးသမီးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ညဉ့် ၁၁ နာရီကျော်ခန့်မှာ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

သေနတ်ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အခြေအနေဟာ ငြိမ်သက်သွားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေချိန်မှာ ခုလို ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး သေနတ်ပစ်ခတ်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတဲ့ အတွက် အများပြည်သူတွေကတော့ အထူး ထိတ်လန့် စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

INGO Maltezarမှ တာဝန်ခံ နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး သာသနာ့အလံကို မဖွယ်မရာ လုပ်မှုဖြင့် စစ်တွေမြို့ ဘောက်သီးစုကျောင်း တက်လမ်း ဂေါက်ရှီလမ်းနှင့် ဥတ္တမလမ်း တို့တွင် Maltezer ရုံးများတွင် လူစုလူဝေး ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိရပါသည်။ (Than Tun Than ) 
မာတီဇာ NGO မှ နိုင်ငံခြားသူဝန်ထမ်းတစ်ဦးက သန်းခေါင်စာရင်းကို သပိတ်မှောက်သည့် အနေဖြင့် တင်ထားသော သာသနအလံကို ဖြုတ်ယူကာ ခါးတွင် ပတ်၍ ၀တ်သွားသည်ကို တွေ့လိုက်ရသဖြင့် ဒေါသထွက် နေသောလူအုပ်သည် မာတီဇာရုံးရှေ့တွင် စုဝေးရောက်ရှိနေကြပြီး ယင်းနိုင်ငံခြားသူကို အရေးယူပေးရန်တောင်းဆိုလျှက်ရှိသည်။ ဓါတ်ပုံ-  Coral Arakan News

ဇူကာဘတ်က သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်


မတ်လ ၁၃ ရက်နေ့ကတည်းက ဖေ့စ်ဘုတ် တည်ထောင်သူ မတ်ခ်ဇူကာဘတ် ဟာ အမေရိကန် သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ အတွက် စိန်ခေါ်တဲ့ Status ကို သူ့ကိုယ်ပိုင် Facebook Wall မှာ တင်ခဲ့ ပါတယ်။ ယနေ့အထိလည်း တင်းမာမှု မပြီးဆုံး သေး ပါဘူး။ အကြောင်း အရင်းကတော့ အမေရိကန် အစိုးရရဲ့ Facebook အပေါ် တင်းမာမှု များကြောင့် ဖြစ်ပါတယ်။ ဇူကာဘတ် ရေးထားတဲ့ Status မှ ကို ဘာသာပြန်ပေးရရင် -

"ကမ္ဘာကြီး တစ်ခုလုံးက က တစ်နေ့ထက် တစ်နေ့ ပိုမို ရှုပ်ထွေးလာတယ်။ အစိုးရတွေဟာလည်း ဒီအတွပ် ပိုမို အလုပ်ရှုပ် ရုန်းကန်လာရတယ်။ ဒီလို အချိန်မှာ အင်တနက် အပေါ် ယုံကြည်မှု တည်ဆောက်ခြင်းက ပိုမို အရေးကြီး လာတယ်။ 

လူသားတွေ ဘဝ အခက်အခဲတွေ၊ အတွေ့အကြုံတွေကို ဝေမျှရမယ်။ သတင်းပေး ရမယ်။ အခွင့်အလမ်းတွေ ပေးရမယ်။ အဆက်အသွယ် ရှိနေရမယ်။ သင်ယူစရာတွေ ရှိနေရမယ်။ ကျနော်တို့ကို ပိုမို သန်စွမ်းစေ ပြီး ပိုလို လုံခြုံစိတ်ချ ရမှု ရှိစေရမယ်။ 

ဒါကြောင့်မို့ပဲ ကျနော်တို့ တတွေ့ဟာ Facebook မှာ အချိန်ကုန်ခံ၊ ငွေ အကုန်ခံ၊ အင်အား အကုန်ခံပြီးတော့ လုံခြုံရေးနဲ့ ပက်သက်ပြီးတော့ အင်တာနက် နဲ့ ပက်သက်ပြီးတော့ ပင်ပင်ပန်းပန်း ကြိုးစားနေတာ အားလုံး အသိ ပါပဲ။ ဆက်သွယ်မှု ပေါက်ကြား မသွားအောင် ထိန်းသိမ်းပေးတယ်။ ထရက်ဖစ် တိုင်းအတွက် ပရိုတိုကောတွေ သုံးတယ်။ အသုံးပြုသူတွေ ကိုလည်း လုံခြုံအောင် နည်းအမျိုးမျိုးနဲ့ ကူညီထောက်ပံ့ ဆောင်ရွက် ပေး တယ်။ ဒါကြောင့် Facebook လုပ်နေရာကနေ အင်တာနက်ရဖို့ ဆိုတဲ့ လမ်းကြောင်း အထိလည်း Mission ကိုတိုးလို့ ကျနော်တို့ ကြိုးစားတယ်။ 

ကျနော်တို့ ဒီလောက် ကောင်းတာတွေ လုပ်နေသလောက် အမေရိကန် အစိုးရရဲ့ ထပ်ခါထပ်ခါ ကျူးလွန်နေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘာကြောင့်လဲ ဆိုတာကို ကျနော် နားမလည်နိုင်တော့ဘူး။ ကျနော်တို့ဟာ ရာဇဝတ်မှုတွေ မဖြစ်အောင် ကာကွယ်နေတာပါ။ အစိုးရကို ကာကွယ် နေတာ မဟုတ်ပါဘူး။ အမေရိကန် အစိုးရဟာလည်း လူတိုင်း ချစ်တဲ့ အင်တာနက် ဖခင်၊ အရှင်သခင် ဖြစ်ရမှာပါ။ အမြဲ ခြိမ်းခြောက်နေတဲ့ ကြောက်စရာ သတ္တဝါကြီး ဖြစ်နေဖို့ မဟုတ်ဘူး။ 

သူတို့ လုပ်ဆောင်ချက်တွေဟာ ပြည်သူ တွေ အတွက် ပိုမို ပွင့်လင်း မြင်သာ ရမယ်။ မဟုတ်ရင် အစိုးရဟာ ပြည်သူအပေါ် မသမာမှုများ ပြုလုပ်နေတယ် လို့ပဲ သတ်မှတ်ကြမယ်။ ကျနော် သမ္မတ အိုဘားမားကို တွေ့ဖို့ အတွက် ခေါ်ထား ပြီးပြီ။ ယခု နဲ့ အနာဂတ်မှာ ကျနော်တို့ရဲ့ လုံခြုံမှုကို ဖျက်ဆီး နေခြင်း အတွက်ပါ။ ကံမကောင်း စွာပဲ ဒါတွေ ပြန်လုပ်ဖို့ အတွက် အချိန် အော်ပြယူရမယ်။ 

ဒါတွေ အားလုံးက ကျနော်တို့ နဲ့ပဲ သက်ဆိုင်ပါတယ်။ ပိုမို ကောင်းမွန်တဲ့ အင်တာနက် ကွန်ရက် တည်ဆောက်ဖို့ အတွက်၊ ပိုမို လုံခြုံတဲ့၊ ကြောက်စရာ မရှိ ကင်းရှင်းပြီး လူတိုင်း ယုံကြည်ရတဲ့ ကွန်ရက် တစ်ခု ဖြစ်လာဖို့ အတွက် ကျနော်တို့ ဆက်ပြီး ကြိုးစားသွားမယ်။"

အထက်ပါ အတိုင်း ဖြစ်ပါတယ်။

အမေရိကန် အစိုးရဟာ Facebook, Google, Blackberry, Microsoft, Apple တို့ အပြင် အမေရိကန်အခြေဆိုက် ကမ္ဘာ့ ထိပ်သီး နည်းပညာ ကုမ္မဏီ အဖွဲ့အစည်းများဆီကနေ ပြည်သူ အချက်အလက်များကို တရားဝင် တောင်းဆိုခဲ့ ပါတယ်။ ယင်း တောင်းဆိုမှုအတွက်လည်း အများစုက ဆန့်ကျင်ကြ ပါတယ်။ ယင်း တောင်းဆိုမှုဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကိုပါ ချိုးဖောက်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမေရိကန် အခြေဆိုက် နည်းပညာ ထိပ်သီး ခေါင်းဆောင်များနဲ့ အစိုးရ အဖွဲ့ကြား ဆက်လပ် တင်းမာဖွယ် ရှိကြောင်း သိရ ပါတယ်။

 

 
Twitter Bird Gadget