ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 30, 2014

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား အရေးယူမည်


ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား အသရေဖျက်မှု၊ ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမှု၊ နိုင်ငံသားကဒ်ပြားလိမ်လည်ရယူမှု စသည့် စွဲချက်များဖြင့် တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလီလူမျိုးတစ်ဦးဖြစ်သော ဦးရွှေမောင်သည် နိုင်ငံသားမှတ်ပုံတင် ရရှိရေးကို လိမ်လှည့်စာရင်းသွင်း ရယူထားခြင်း ရှိ-မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံတော်သိက္ခာကျဆင်းစေရန် သတင်းဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ မဟုတ်မမှန် သတင်းများ ဖြန့်ချိခြင်း၊ ရခိုင်ပြည်နယ်အတွင်း ဆူပူမှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန် စွပ်စွဲပြောကြား အသရေဖျက်ခြင်း၊ နိုင်ငံတော်အား အကြည်ညို ပျက်စေခြင်း စသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့သည့် အထောက်အထားများ တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် DVB သတင်းဌာန၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားရာ၌ ဦးရွှေမောင်က "ရဲက ထိန်းချုပ်ထားလို့ အပြင်လူ ၀င်နိုင်စရာ အကြောင်း မရှိဘူး။ အပြင်လူ ၀င်ပြီးမှ မီးရှို့တယ် ဆိုရင်လည်း ဒါကို ရဲက မိမှာပဲ။ ဒါ တစ်ချက်။ နောက်တစ်ချက်က အဲဒီအနီးပတ်ဝန်းကျင်က ရွာတွေက လူတွေက ကျွန်တော့်ကို တယ်လီဖုန်းနဲ့ သေချာခိုင်မာစွာ သတင်းပို့တာကတော့ အဲဒီ ရဲတွေ ကိုယ်တိုင်ပဲ မီးရှို့ခဲ့တာ သူတို့မြင်တယ်" ဟု ထည့်သွင်း ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို အရးယူခြင်းနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ မည်သို့ ဆောင်ရွက်နိုင်သည် ကို တရားလွှတ်တော်ရှေ့နေပညာရှင်တစ်ဦးက "လွှတ်တော်အမတ်လည်း ဥပဒေ လိုက်နာရမှာပဲ။ ချိုးဖောက်ခွင့် မရှိဘူး ။ အရေးယူရမှာပဲ။ လွှတ်တော် ဥပဒေတွေအရ လွှတ်တော်အစည်းအဝေးခန်းထဲမှာ အစည်းအဝေးကျင်းပနေတဲ့အချိန် ဆွေးနွေးတာ ပြောဆိုတာ ဆိုရင်တော့ ငြိစွန်းတဲ့ ပုဒ်မနဲ့ အရေးယူလို့ရပါတယ်။ အကယ်၍ ဦးရွှေမောင်က လွှတ်တော်အစီအစဉ်မှာ ပါဝင်ဆွေးနွေးနေတဲ့အချိန်မှာ ပြော တယ်ဆိုရင်တော့ လွှတ်တော်ဥက္ကဌက စီမံခန့်ခွဲမှုနည်းလမ်းနဲ့ပဲ အရေးယူရမယ်။ အခုကိစ္စက လွှတ်တော်အစည်းအဝေးကျင်းပချိန် မဟုတ်ဘဲ DVB ရုပ်သံနဲ့ အမေးအဖြေလုပ်ထားတာ ဆိုတော့ အရေးယူလို့ ရပါတယ်။ ဥပဒေနဲ့ ညီပါတယ်။ ခုနက ပြောတဲ့ ပြစ်မှုတွေ အကုန်လုံးနဲ့ တရားစွဲဆိုမယ် ဆိုရင်တော့ ကျူးလွန်တာ မှန်ရင် နှစ်ရှည်ထောင်ဒဏ် ကျခံရပါလိမ့်မယ်။ ဒါက အသက်ညှာဆုံး ခန့်မှန်းပြီးပြောတာပါ။ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ဆိုရင် သေဒဏ်အထိ ပေးလို့ ရပါတယ်" ဟု ရှင်းလင်းပြောဆိုသည်။

ဦးရွှေမောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဘူးသီးတောင် မြို့နယ်မှ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သူ ဖြစ်သည်။ ၄င်းအား ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ပြည်သူများက လက်မှတ်ထိုး တောင်းဆိုခဲ့သော်လည်း ဥပဒေ
မရှိသဖြင့်အရေးယူနိုင်ခြင်းမရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြန်ကြားထားသူ(၃)ဦးတွင်အပါအ၀င် ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အများစု ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်သည် ပြည်သူများမှ ပြန်လည်ဖြုတ်ချခွင့် (၁%)ကို မဖြစ်သင့် ဟု ဆိုကာ ပိတ်ပင်ထားခြင်း ဖြစ်သည်။

စင်တင်တေးသံရှင်(၂)ဦး ပဲခူး မဇင်းဆည်တွင် ရေနစ်သေဆုံး


ပဲခူးမြို့၊ အမှတ်(၂) ရဲစခန်းပိုင် ဥဿာမြို့သစ် (၁)ရပ်ကွက် မဇင်းဆည်တွင် (၃၀.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်း ရရှိပါတယ်။

သေဆုံးသူနှစ်ဦးမှာ Forwed စားသောက်ဆိုင် စင်တင်တေးဂီတ ၊ အဆိုရှင်များ ဖြစ်သည့် ဥဿာမြို့ သစ်ရပ်ကွက်ကြီး(၂)နေသူ မစံရှား(၁၈)နှစ် နှင့် မကြိုးကြာ(၁၈)နှစ် ဖြစ်ပါတယ်။

အဆိုပါ သေဆုံးသူနှစ်ဦးဟာ မနေ့ ညနေ ၄ နာရီခွဲခန့် က တစ်ဆိုင်တည်း အတူလုပ်သူ  မချမ်းမြစောဝင်း(၂၃)နှစ် နှင့် အီလက်ထရော နစ်လုပ်ငန်း လုပ်ကိုင်ပြီး ဗထူးလမ်းဆုံတွင် နေထိုင်သူ မောင်ဇော်သက်မောင်(၂၇) တို့ နှင့် အတူ မဇင်းဆည်သို့ သွားရောက် လည်ပတ်ရင်း သေဆုံးခဲ့တာပါ။

မကြိုးကြာ ရေဆင်းကူးနေစဉ် ဇော်သက်မောင်၊ မစံရှား၊ မချမ်းမြစောဝင်းတို့ ရေစပ်တွင် ထိုင်နေပြီး မကြိုးကြာရေနစ်သွား သော ကြောင့် မစံရှား မှရေထဲဆင်းကယ်ရာ(၂)ဦးစလုံး ရေနစ် သေဆုံး သွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူ နှစ်ဦးအား သက်ဆိုင်ရာမှ စစ်ဆေးရာမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ (၂)ဦးစလုံး မျက်နှာပြာနှမ်းလျှက်  လက်/ခြေထောက်တို့တွင် အရည်ခွံများ တွန့်ပြီး သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တာဝန်မှူး ဒုရဲအုပ် မြင့်ဂွမ်းမှ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးရန် ပဲခူးဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်အား အမှတ်(၂)နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၄)အရ အမှုဖွင့် ထား ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

သတင်း - ဓါတ်ပုံ ၊ ကိုသန့် စင်

ဘင်္ဂ္လားဒေ့ရှ် အစ္စလာမစ် ပါတီ ဥက္ကဋ္ဌ သေဒဏ်ကျ

ဘင်္ဂ္လားဒေ့ရှ် နိုင်ငံမှာ အကြီးဆုံး အစ္စလာမစ် ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီ ဥက္ကဋ္ဌဌကို လက်နက် မှောင်ခိုမှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။

ပါတီ ဥက္ကဋ္ဌဌ ဖြစ်သူ မော်ရှာ ရာမန် နီဇာမီ (Motiur Rahman Nizami) နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီးဟောင်း တစ်ယောက် အပါအဝင် တခြား အမျိုးသား ၁၃ ယောက်ကို ၂၀ဝ၄ ခုနှစ်က အိန္ဒိယ နိုင်ငံ အာသံ ပြည်နယ်က ခွဲထွက်ရေး သူပုန်တွေဆီ လက်နက် ၄ ထောင်ကျော် မှောင်ခို ရောင်းချ ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။

မစ္စတာ နီဇာမီကတော့ သူ့ကို ချတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံ ဝင်မယ်လို့ ပြောပါတယ်။

သူဟာ ၁၉၇၁ ခုနှစ်က ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက်လည်း တရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေရသူ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ဆက်သွယ်ရေး လေလံအောင်ထားတဲ့ ကုမ္ပဏီနှစ်ခုကို လိုင်စင်ထုတ်ပေး

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး လုပ်ငန်းလုပ်ခွင့် လေလံ အောင် မြင်ထားတဲ့ နော်ဝေနိုင်ငံက တယ်လီနော ကုမ္ပဏီနဲ့ ကာတာနိုင်ငံက အူရီဒူး ကုမ္ပဏီတို့ကို သက်ဆိုင်ရာက ဒီနေ့ လိုင်စင်ထုတ်ပေး တော့မယ်လို့  သိရပါတယ်။

အူရီဒူးကုမ္ပဏီ အတွက်လိုင်စင်ကို ဒီနေ့ ကြာသပတေးနေ့မှာ နေပြည်တော်မှာ ထုတ်ပေးမှာဖြစ်တယ်လို့  မြန်မာအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုကြောင်းနဲ့  တယ်လီနော ကုမ္ပဏီ အတွက်လိုင်စင်ကိုတော့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပေးမှာဖြစ်တယ်လို့  နောက်ထပ်အရာရှိကြီးတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၉ နာရီခွဲမှာ နေပြည်တော်က ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ နိုင်ငံတကာ ကုမ္ပဏီနှစ်ခုကို ဆက်သွယ်ရေးလိုင်စင် ထုတ်ပေးတဲ့ အခမ်းအနားရှိမှာ ဖြစ်တဲ့အတွက် သတင်းယူလိုလျှင် သတင်းစာ၊ ဂျာနယ်တိုက် တစ်တိုက်ကိုတစ်ဦးကျ တက်ရောက်နိုင်တယ်လို့ သူ့ ရဲ့ဖေ့ဘွတ် စာမျက်နှာမှာ အသိပေးရေးသားထားပါတယ်။

RFA Burmese


မူးယစ်ဆေးသုံးသည့် ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို အရေးယူ ထောင်ချ


ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲတဲ့ ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

ဒုရဲအုပ်တဦး အပါအ၀င် တပ်ကြပ်တပ်သား အဆင့်ဆင့်ကို အရေးယူ အပြစ်ပေး လိုက်တယ်လို့ သူက ပြောပါတယ်။

“အများစုကတော့ အခြားဆင့်တွေပဲ။ တပ်သားတို့၊ ဒုတပ်ကြပ်တို့၊ တပ်ကြပ်တို့ ဒီလိုတွေ ပါတာပေါ့။ အခု ပြစ်ဒဏ်ချတဲ့အထဲမှာတော့ အရာရှိအငယ်၊ ဒုရဲအုပ်အဆင့်ကတော့ ၁ ယောက် ပါတယ်။ သူတို့ကို ပြစ်ဒဏ်ချလိုက်တဲ့အထဲ အားလုံး စုစုပေါင်း ၃၆ ဦး ပြစ်ဒဏ် ချထားတယ်။ ၃ နှစ်တို့ ၅ နှစ်တို့ ထောင်ချတာ။ သုံးစွဲတဲ့ဟာကို ကျနော်တို့ သင်္ကာမကင်းဖြစ်လို့ ဆီးစစ်တယ် ဆီးမှာ အဖြေပေါ်တဲ့အတွက်ကြောင့် ရဲတပ်ဖွဲ့ဆိုင်ရာကလည်း အရေးယူတယ်။ ရဲတပ်ဖွဲ့ကလည်း ထုတ်ပယ်ရတာပေါ့။ သို့သော် သူတို့က မူးယစ်သုံးစွဲတာဖြစ်တဲ့အတွက် မူးယစ်ဥပဒေအရ နယ်ဘက် တရားရုံးမှာ တရားရင်ဆိုင်ရတာ။ နယ်ဘက် တရားရုံးက သုံးစွဲတဲ့သူကို ပြစ်ဒဏ်ချတဲ့ နေရာမှာ ၃ နှစ်ကနေ ၅ နှစ်အထိ ချလို့ရတယ်။ အဲဒီတော့ သူတို့ရဲ့ ပြစ်ဒဏ်အမျိုးအစားအရ ၃ နှစ်ကော ၄ နှစ်ကော ၅ နှစ်ကော အကုန်ပါတယ်။ ပြစ်ဒဏ် အမြင့်ဆုံးကျတဲ့သူတွေလည်း ပါတယ်။ အနိမ့်ဆုံးကတော့ ၃ နှစ်ပေါ့။”

၂၀၁၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း အခုလို အပြစ်ပေး အရေးယူခဲ့တာလို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကတော့ ကချင်ပြည်နယ်ထဲ မူးယစ်ဆေး ရောင်းချတဲ့နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှု ရှိတယ်လို့ ပြောပါတယ်။

“မူးရစ်ရဲတွေကို အထူး မူးယစ်တွေဆိုပြီးတော့ လုပ်တယ်။ ရောင်းတဲ့သူ ဂိုဏ်းကြီးတွေက သူတို့နဲ့ အဆက်အစပ်ရှိတယ်။ ဖမ်းမယ်လို့လုပ်တဲ့ အခါမှာ သူတို့က အရင်ဦးဆုံး သတင်းပေးထား လိုက်တယ်။ ရောင်းတဲ့သူတွေက ရှောင်နေလိုက်တယ်။ ပြီးရင် ဘာမှမဟုတ်တဲ့ သွားလာတဲ့သူ နည်းနည်းပါးပါးကို လိုက်ဖမ်းပြီး၊ အချုပ်ထဲမှာ ၃၀၀ လောက်ရှိတယ်။ အဲဒီလူတွေက မူးယစ်မှုတွေ မသင်္ကာမှုတွေနဲ့ အဖမ်းခံရတယ်။ တကယ့် ဂိုဏ်းသမားတွေက ဒီနေ့အထိ မိသေးဘူး။ အများကြီးပဲ အပြင်မှာ လွတ်နေတယ်။ ဘာမှ မဟုတ်တဲ့သူတွေလောက်ပဲ ဖမ်းထည့်နေတာ။”

ရဲတပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးသုံးလို့ အပြစ်ပေး အရေးယူတာ တဦးစနှစ်ဦးစ ရှိခဲ့ဖူးပြီး အခုလို အများအပြား အရေးယူ အပြစ်ပေးတာတော့ ဒါ ပထမဆုံး ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)


မြစ်ကြီးနားမြို့တွင် ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များတွေ့ရှိ


 မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်း ဇန်န၀ါရီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များ၌ ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည် ၀တ်ဆင်သူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်-အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်အဖွဲ့မှ လိုက်လံ ၀ယ်ယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ မြစ်ကြီးနားမြို့ပေါ်ရှိ အထည်ဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ အထည်ဆိုင်များကို အဆိုပါ ပါတိတ်လုံချည်များအား ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များကို “ (၂၅၊၁၊၂၀၁၄) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရမ်ပူရပ်ကွက်နေ မတူး(ဘအမည်၊အသက်၊နေရပ်လိပ်စာ) စီစစ်ဆဲမှ ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည် ၀တ်ဆင်နေတာကို တွေ့ရှိရသဖြင့် ရွှေညောင်ပင်ရပ်ကွက်မှ မြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးတင်မြင့်၊ ဦးသန်းရွှေ၊ ဦးဝင်းနိုင်၊ ဦးလွှမ်းမိုးတို့ထံသို့ အကြောင်းကြားပြီး အဆိုပါ ပါတိတ်လုံချည်(ချုပ်ပြီးသား)ကို အပ်နှံခဲ့ပါတယ်၊

(၂၆၊၁၊၂၀၁၄) ရက်နေ့ နံနက် ၁၀ နာရီအချိန် ရမ်ပူရပ်ကွက်ဈေးအတွင်း အထည်ရောင်းသူ ဒေါ်မာယာ(အဘအမည်၊ အသက်၊ နေရပ်လိပ်စာ)စီစစ်ဆဲထံမှ ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည်နှစ်ထည် တွေ့ရှိသဖြင့် ဦးတင်မြင့်နှင့် အဖွဲ့မှ ၀ယ်ယူသိမ်းဆည်းခဲ့ပါတယ်။

(၂၇၊၁၊၂၀၁၄)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဒေါ်စိန်စိန်လှ (၅၇)နှစ်၊ (ဘ) ဦးကြူးချန်း၊ ၁/မကန(နိုင်)၀၉၇၄၀၇၊ ဗမာ၊ဗုဒ္ဓ၊ ရမ်ပူရပ်ကွက်နေသူမှ ရမ်ပူရပ်ကွက်ဈေးအတွင်း အထည်ရောင်းသူ ဒေါ်အေးမူ၏ အထည်ဆိုင်တွင် ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည်များ တွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် ဦးတင်မြင့်နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှုရာ ဒေါ်အေးမူမှ ၉၆၉ တံဆိပ်ရိုက် ပါတိတ်လုံချည် (၅)ထည်နဲ့ ဒေါ်စိန်စိန်လှကလည်း ချုပ်ပြီးသား ပါတိတ်လုံချည် (၂) ထည်အား ဦးတင်မြင့်ထံ အပ်နှံခဲ့ပါတယ်။

ရွှေညောင်ပင်ရပ်ကွက်မှ ဦးတင်မြင့်နှင့်အဖွဲ့သည် ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည် (၁၀)ထည် တွေ့ရှိမှုနှင့် ပက်သက်၍ မြစ်ကြီးနားမြို့နယ်၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရထံ လျှောက်ထားတင်ပြခဲ့တာဖြစ်တယ်၊ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူပေါင်းကာ မြစ်ကြီးနားမြို့အတွင်း ဆက်လက်ရှာဖွေသွားမယ်”လို့ မြို့နယ်-မဘသ အဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။

ဧရာဝတီမြစ်ဖျားဆီက




မလေးရှားတွင် အကျဉ်းကျ မြန်မာများ တစ်လတစ်ကြိမ် နေရပ်ပြန်ခေါ် မည်ဟုဆို



မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသည့် မြန်မာများကို တစ်လတစ်ကြိမ်နှုန်းဖြင့် နေရပ်ပြန်ခေါ်ရန် စီစဉ်ထားကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာလုပ်သား ၁၄၀ ကျော်ကို နေရပ်ခေါ်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သီတဂူ အထောက်အဖွဲ့ (မလေးရှား) မှ အတွင်းရေးမှူး ဒေါက်တာမြတ်သူက ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က နေရပ်ပြန်ခေါ်လာသည့် အကျဉ်းကျခံ မြန်မာလုပ်သား ၁၄၁ ဦးတွင် အမျိုးအသား ၁၀ ဦး ပါဝင်သည်။

အဆိုပါ မြန်မာများကို သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရ ဦးဆောင်သည့် သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် နေရပ်ပြန်ခေါ်လာခြင်း ဖြစ်သည်။

မလေးရှားတွင် အကျဉ်းကျခံရသူ များကို ဖေဖော်ဝါရီလ ၂၀ ရက် ဝန်းကျင်တွင်လည်း နောက်တစ်ကြိမ် ထပ်မံခေါ်ယူမည်ဖြစ်ပြီး ယခုနေရပ်ပြန်သူများမှာ အကျဉ်းကျခံနေရသူ သီးသန့်ခေါ်လာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို အိမ်ပြန်ရန် လမ်းစရိတ် တစ်ဦးလျှင် ကျပ်နှစ်သောင်းစီ ပေးကြောင်း ဒေါက်တာမြတ်သူက ဆိုသည်။
“အရင်က အပြင်က လူတွေပါခေါ်တော့။ ဒုက္ခသည် မဟုတ်တဲ့ ဒုက္ခသည်အတုတွေ ပါလာတယ်။ အဲဒါကြောင့် အပြင်က လူတွေကို မခေါ်ဘူး” ဟု ၎င်းက ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ကျပ် ၁၀ သိန်းပေးခဲ့ရပြီး တရားမဝင် လမ်းကြောင်း (အောက်လမ်း) က သွားရောက်ခဲ့သဖြင့် မလေးရှားနိုင်ငံသို့ ရောက်သည့်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း ရှမ်းပြည်နယ် လားရှိုးမြို့မှ ဦးမောင်ကျော်ဦးက ပြောကြားသည်။
“အလုပ် မလုပ်ခဲ့ရဘူး။ ထောင်မှာ သုံးလ နေခဲ့ရတယ်။ ထောင်က ဘယ်မှာရှိတယ်ဆိုတာ မသိခဲ့ဘူး” ဟု ၎င်းကဆိုသည်။

အကျဉ်းကျ ခံရသူများများကို နေရပ်ပြန်ခေါ်လာစဉ် ကွာလာလမ်ပူ လေဆိပ်တွင် အမျိုးသမီးအများစု အပါအဝင် မြန်မာ ၅၀ ခန့်မှာ အေးဂျင့် လာမခေါ်သဖြင့် သောင်တင်နေသည်ကို တွေ့ခဲ့ရကြောင်း သီတဂူ သာသနာပြုအဖွဲ့ အောက်မြန်မာပြည် အတွင်းရေးမှူး (၄) ဦးမြင့်အောင်က ပြောကြားသည်။

သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ကွာလာလမ်ပူမှ မြန်မာနိုင်ငံသို့ MAI စင်းလုံးငှား လေယာဉ်ဖြင့် မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာလုပ်သား ၁၇၆ ဦး ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း တစ်ကြိမ် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

မလေးရှားနိုင်ငံ အခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့သည် ကမ္ဘောဇဘဏ် လီမိတက်နှင့် ပူးပေါင်း၍ မလေးရှားတွင် ဒုက္ခရောက်နေသူ၊ အကျဉ်းကျနေသူ မြန်မာလုပ်သားများကို မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် အပါအဝင် ကိုးကြိမ်တိုင်တိုင် စရိတ်ငြိမ်း ပို့ဆောင်ပေးခဲ့ပြီး လူဦးရေအားဖြင့် စုစုပေါင်း ၁၅၀၀ ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း ဒေါက်တာမြတ်သူက ဆိုသည်။

The Voice Weekly



မလေးရှားနိုင်ငံတွင် အကျဉ်းကျခံခဲ့ရသူ ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံခြင်း

မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦးသည် သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာစဉ် အကျဉ်းကျခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သား ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံးမေးမြန်းချက်များကို ကောက်နုတ် ဖော်ပြပါသည်။
Voice : မလေးရှားကို ဘယ်လိုလမ်းကြောင်းနဲ့ သွားတာလဲ။
KWN : သွားတုန်းက အမှန်သွားတာ။ လေယာဉ်နဲ့ပေါ့။ အေဂျင့်က အချိုရည်စက်ရုံမှာ လုပ်ရမယ်ဆိုလို့သွားတာ ဟိုရောက်တော့ ပလတ်စတစ်ပုလင်း စက်ရုံမှာ လုပ်ရတယ်။ ရောက်ရောက်ချင်း သုံးလေးလက အလုပ်မကောင်းဘူး။ အလုပ်မမှန်ဘူး။ လစာက ၈၀၀ (မလေးရှားရင်းဂစ်) အများဆုံးရတယ်။ အချိုရည်စက်ရုံမှာ လုပ်တဲ့ကောင်တွေက တစ်ထောင်ကျော်ရတယ်။ အဲဒါနဲ့ လေးငါးခြောက်လလုပ်ပြီး အို (တရားမဝင်) လိုက်တယ်။ စားသောက်ဆိုင်တွေမှာ လုပ်တယ်။ စားသောက်ဆိုင်တွေမှာ အလုပ်က အဆင်ပြေတယ်။ ပိုက်ဆံပိုရတယ်။ အိုသမားဖြစ်တော့ အပြင်ထွက်လို့ အဆင်မပြေဘူး။ လစာထုတ်လာလို့ ရဲတွေကနဲ့ တွေ့ရင် ရဲတွေက လစာအကုန်လုံး ယူသွားတာလည်း ရှိတယ်။ စားဖို့သောက်ဖို့လောက် ပြန်ပေးခဲ့တာ ရှိတယ်။

Voice : မလေးရှားရောက်ပြီး ဘယ်လောက်အကြာမှာ အဖမ်းခံရတာလဲ။ ဘယ်လို အဖမ်းခံရတာလဲ။

KWN : မလေးရှားရောက်ပြီး တစ်နှစ်လောက်အကြာမှာ အဖမ်းခံရတယ်။ ကွာလာလမ်ပူမှာ အဖမ်းခံရတာ။ အဲဒီနေ့က ကျွန်တော် သူငယ်ချင်းတွေနဲ့ သွားတွေ့တာ အဲဒီမှာ အဖမ်းခံရတယ်။

Voice : ထောင်ထဲမှာ ဘယ်လောက်နေခဲ့ရလဲ။

KWN : ထောင်ထဲမှာတော့ ရက် ၂၀ လောက် နေခဲ့ရတယ်။ Camp (အကျဉ်းကျ ခံရသူများကို ထားသည့်စခန်း) ထဲမှာ ခုနစ်လလောက် နေခဲ့ရတယ်။

Voice : Camp ထဲမှာ ဘယ်လိုနေခဲ့ရလဲ။

KWN : ကျွန်တောတို့ Camp က အိပို့မြို့မှာ ရှိတယ်။ Camp နာမည်က လန်ကမ့်။ Camp ထဲမှာနေရတာ အရမ်းဆိုးတယ်။ နေရာထိုင်ရတာ မကောင်းဘူး။ ဖျားတယ် နာတယ်ဆိုလည်း ဆေးမရဘူး။ သေတဲ့ သူတွေလည်း ရှိတယ်။ Camp ထဲမှာနေရတာတော့ ကျွန်တော့်မှာ အနာတွေ ပေါက်တယ်။ ဆေးတောင်းတော့ အနာတွေ ခွာလိုက်ပြီးတော့ အဲဒီလောက်နဲ့ ဆေးမရဘူးဆိုပြီး ရဲတွေက ရိုက်တာတွေ ဘာတွေလုပ်တယ်။ Camp ထဲမှာ ရန်ဖြစ်ရင် မထနိုင်အောင် အရိုက်ခံရတယ်။ ရန်ဖြစ်လို့ မရဘူး။ တစ်ရက်ကို ထမင်းနှစ်နပ်စားရတယ်။ ဝအောင် မစားရဘူး။

Voice : အကိုနေခဲ့တဲ့ Camp ထဲမှာ မြန်မာဘယ်လောက်ရှိလဲ။

KWN : ကျွန်တော်နေခဲ့တဲ့ ဘလောက် (လူ ၃၀၀ ခန့် နေထိုင်သည့်အခန်း) နေရာမှာ နေရာမှာ မြန်မာ ၄၀ လောက်ရှိတယ်။ အဲဒီမှာ ဘလောက်လေးခု ရှိတယ်။ ကျွန်တော်တို့ ဘလောက်မှာတော့ မြန်မာကတော့ ၄၀ လောက် ကျန်သေးတယ်။ ကျန်တာကတော့ ဘူးသီးလို့ခေါ်တဲ့ ဘူးသီးတောင်ဘက်က အကောင်တွေ အများကြီးရှိတယ်။

Voice : မလေးရှားကို သွားမယ့်သူတွေကို ဘာပြောချင်လဲ။

KWN : မလေးရှားကို တရားမဝင် သွားမယ်ဆိုရင် မကောင်းဘူး။ အသွားရော၊ အပြန်ရော အကုန်ဖမ်းနေတယ်။ ကျွန်တော့်အနေနဲ့ ဆိုရင်တော့ မသွားစေချင်ဘူး။ ဒုက္ခက ကိုယ်ကိုယ်တိုင် ခံစားရမှ ကိုယ်ချင်းစာတတ်တာ။ Camp ထဲရောက်ရင် ဒုက္ခဘယ်လောက် ခံစားခဲ့ရလဲဆိုတာ ကျွန်တော်တို့ ခံစားခဲ့ရလို့ ကျန်ခဲ့တဲ့သူတွေကို တတ်နိုင်သလောက် ကူညီသွားမှာပါ။

(အောင်မြင့်ထွန်း)
The Voice Weekly


အီရန် နိုင်ငံအတွက် သူလျှို လုပ်ပေးရန် ကမ်းလှမ်းခြင်း ခံခဲ့ရသည့် အစ္စရေး နိုင်ငံသားအား ထောင်ဒဏ်ချမှတ်

 
အစ္စရေး နိုင်ငံမှ လျှို့ဝှက်သတင်း အချက်အလက် များကို အီရန် နိုင်ငံအတွက် ထောက်လှမ်းပေးရန် ကမ်းလှမ်း ခံခဲ့ရသည့် အစ္စရေး နိုင်ငံသား တစ်ဦးကို ၎င်းနိုင်ငံရှိ တရားရုံး တစ်ခုက ထောင်ဒဏ် လေးနှစ်ခွဲထိ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ရစ်မက်ခ်ဘာဂျဲလ် အမည်ရှိ အသက် ၄၆ နှစ်အရွယ် အဆိုပါ အမျိုးသားသည် အစ္စရေး အစိုးရကို ဆန့်ကျင်သည့် Neturei Karta အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး နိုင်ငံ၏ ရန်သူအပေါ် အကူအညီ ပေးမှု၊ နိုင်ငံတော် သစ္စာဖောက်မှု တို့ဖြင့် စွဲချက်တင်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ဘာဂျဲလ်သည် ၂ဝ၁၁ ခုနှစ်တွင် ဂျာမနီ နိုင်ငံ ဘာလင်မြို့သို့ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး ယင်းမြို့ရှိ အီရန် သံရုံးနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ထို့နောက် အစ္စရေး နိုင်ငံနှင့် ပတ်သက်သည့် သတင်း အချက်အလက် များကို အီရန် နိုင်ငံအတွက် လျှို့ဝှက် ထောက်လှမ်းပေးရန် ကမ်းလှမ်း ခံခဲ့ရခြင်း ဖြစ်ကြောင်း တရားရုံးက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့သည်။

ထို့နောက် ၎င်းသည် အစ္စရေးသို့ ပြန်လာခဲ့ပြီး အီရန် သံတမန် များနှင့် ဆက်သွယ်နေထိုင် ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဘာဂျဲလ်သည် မိမိ နိုင်ငံအပေါ် သစ္စာဖောက်၍ အီရန် နိုင်ငံအပေါ် ကူညီရန် ကြိုးပမ်းခဲ့သူ တစ်ဦးအဖြစ် ပြစ်မှု ထင်ရှားသဖြင့် ၎င်းအား ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးက ထုတ်ဖော် ပြောကြားခဲ့သည်။

သို့သော် ၎င်းအနေဖြင့် အစ္စရေး နိုင်ငံအား ဆန့်ကျင်ရန် ရည်ရွယ်ချက် မရှိသော်လည်း ငွေကြေးရရန် အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဘာဂျဲလ်က အခိုင်အမာ ပြောကြား ခဲ့ကြောင်း အစ္စရေး ပြည်တွင်း လုံခြုံရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
 

မြန်မာအမျိုးသားကွန်ယက်၏ ၅၉(စ) ထောက်ခံပွဲနှင့်ပတ်သက်ပြီး NLD ပါတီမှ ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦး၏ ပြောကြားချက်များအပေါ် ပြည်သူများဒေါသထွက်လျက်ရှိ



ရန်ကုန်၊ ဇန်န၀ါရီ ၃၀

မြန်မာအမျိုးသားကွန်ယက်က ဦးဆောင်၍ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်စိန်မှန်ကွင်း၌ ဆန္ဒဖော်ထုတ်ရန် စီစဉ်လျက်ရှိရာ NLD ပါတီဝင်များက ထိပ်တိုက်ရင်ဆိုင်ရေးအတွက် NLD ပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးထင်လင်းဦး ဦးစီး၍ လှုပ်ရှားရန် ကြိုတင်စီစဉ်လျက်ရှိရာ ယင်းအစီ အစဉ်အပေါ် ပြည်သူများက အမျက်ထွက်နေကြောင်း သိရှိရသည်။

မြန်မာအမျိုးသားကွန်ယက်၏ လုပ်ဆောင်ချက်မှာ စီးချင်းပွဲတစ်ခုလို ဖြစ်၍ ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်ကြောင်း NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး စည်းရုံးလှုပ်ရှားမှုများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ လိုက်ပါလျက် ရှိသည့် ဦးထင်လင်းဦး (Wisdom Villa) က 

၎င်း၏ လူမှုစာမျက်နှာ ထုတ်ဖော် ရေးသား၍ စိန်ခေါ်ခဲ့ခြင်းအပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ကာကွယ်လိုသူ လူငယ်များက မကျေမနပ် ဖြစ်နေကြ ကြောင်း သိရသည်။

ထိုသို့ NLD မဟုတ်သော အခြားသူများ ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲများသို့ လူစုလူဝေးဖြင့် သွားရောက်ပွဲဖျက်မည့် အစီအစဉ်အပေါ် ပြစ်တင် ဝေဖန်မှုများ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ ဦးထင်လင်းဦးက "ကိုယ်ပြောချင်တဲ့ အယူအဆက ပြီးပြည့်စုံနေရင် ၊ အဲဒီအယူအဆကို တက်ရောက်လာ သူက ထောက်ခံသဘောတူရင်တော့ မေးစရာဘယ်ရှိပါမလဲ ဒါပေမဲ့ ကွဲလွဲတဲ့အမြင် ဆန့်ကျင်တဲ့အမြင်ရှိတဲ့သူကတော့ မေးစရာရှိမှာပါပဲ ။
မမေးစေချင်ရင်တော့ ကူးတို့ဆိပ်မှို့အိပ်ဖွင့်သလို လူတောထဲ ဟောပြောပွဲမလုပ်နဲ့ပေါ့။ ဟုတ်တယ်နော်" ဟု ပြန်လည်တုံ့ပြန် ပြောကြားလိုက်သည်။

ထို့အပြင် ဦးထင်လင်းဦးက ဖေဖော်ဝါရီလ ၂ ရက်နေ့ ပွဲတက်ရောက်မည့် ပြည်သူများအား NLD ပါတီဝင်များက ဆန့်ကျင်ကန့်ကွက်မည် ဖြစ်သောကြောင့် " ကန့်ကွက်သူတွေလက်ထောင်ရင် တစ်ကွင်းလုံးပြည့်သွားရင်ကောဗျာ" ဟူ၍ ဖော်ပြခဲ့သည်။ ပုဒ်မ ၅၉ မပြင်ဆင်လိုသည့် ပြည်သူများအား စိန်ခေါ်သည့် သဘောဖြင့် " ဒီလို face to face ပေါ်ပေါ်ထင်ထင်လုပ်လာတာကိုပဲ ၀မ်းသာနေတာပါဗျာ" ဟူ၍ ပြောကြားခဲ့သည်။

ဦးထင်လင်းဦး၏ ရေးသားဖော်ပြချက်များအရ NLD ပါတီဝင် အင်အား လူသုံးသောင်းခန့် စုစည်းသွားရောက်ရန် ရှိပြီး ဗိုလ်စိန်မှန်ကွင်းအနီး လက်ဘက်ရည်ဆိုင်တွင် လူစုရန် ဖြစ်ကြောင်း သိရှိရသည်။ ထို့နောက်တွင်မှာ ပွဲစတင်သည့်အချိန်တွင် ဟောပြောမည့် ကွင်းအတွင်း ကွင်းလုံးပြည့် ၀င်ရောက်နေရာယူပြီး ဟောပြောသူများအား ညှပ်ပူးညှပ်ပိတ် မေးခွန်းများ မေးမြန်းကာ အရှက်ခွဲရန် ဖြစ်ကြောင်း သိရသည်။

ဦးထင်လင်းဦးနှင့် NLD ပါတီဝင်များ၏ လုပ်ဆောင်ချက်သည် ဒီမိုကရေစီ သဘောတရားနှင့် ဆန့်ကျင်နေပြီး ငါတကောကောသည့် လုပ်ရပ် ဖြစ်ကြောင်း၊ NLD နှင့် ဆန့်ကျင်လျှင် တိုက်ခိုက်မည်ဟူသော စိတ်ဓါတ်သည် အာဏာရှင်လုပ်ရပ်နှင့် အတူတူပင် ဖြစ်ကြောင်း၊ ထိုသို့ NLD ၏ ကြိုတင်စီစဉ်ထားသော ကန့်ကွက်မည့်အစီအစဉ်များ ထွက်ပေါ်လာခြင်း ကြောင့် NLD ကို မနှစ်မျို့သူများ ပိုမိုပါဝင်လာဖွယ်ရာ ရှိကြောင်း၊ ရန်ကုန်မြို့ရှိ မဘသ သံဃာတော်များလည်း အများအပြား သွားရောက်ကာ ဦးထင်လင်းဦးနှင့် ရင်ဆိုင်မည် ဖြစ်ကြောင်း သိရသည်။

"ဒါကတော့ NLD ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ် လို့ပဲ မြင်တယ်။ ဦးထင်လင်းဦး ဘာလဲ ကျွန်တော်တို့ သိပါတယ်။ NLD ဂုဏ်တင်ပြီး စာစီစာကုံးတွေ ရေးနေတာ။ ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်သွားတာလည်း သိပါတယ်။ ကျွန်တော်တို့က သူတို့လို အောက်တန်းမကျပါဘူး။ ထိပ်တိုက်တွေ့ဆုံရင်လည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှင်းမယ်။ ဒါပေမယ့် ဒီထိပ်တိုက်တွေ့တာက ကျွန်တော်တို့က လုပ်တာ မဟုတ်ဘူးနော်။ NLD က လူတွင်ကျယ် လာလုပ်တာ။ ဦးထင်လင်းဦးက Face To Face ကြိုက်တယ် ဆိုရင် ကျွန်တော်တို့ကလည်း ဗိုလ်စိန်မှန်ကွင်းရယ်မှ မဟုတ်ဘူး။ ကြိုက်တဲ့ နေရာ ကြိုက်တဲ့အချိန်ပြော လို့ပဲ ပြောချင်တယ်" ဟု မြန်မာအမျိုးသားကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသားကွန်ယက် တာဝန်ရှိသူများသို့ ဆက်သွယ်လိုလျှင် ကိုမောင်မောင်ခ (09254205295)၊ ကိုသီရိမောင် (09420176280) နှင့် ကို
နောင်တော်လေး (09401601220) ဖြစ်ကြောင်း သိရှိရသည်။

မြန်မာအမျိုးသားကွန်ယက်၏ ဟောပြောပွဲကို အင်အားပြကန့်ကွက်ရန် စီစဉ် ဆောင်ရွက်နေသော NLD ပါတီ၏ လုပ်ငန်းစဉ်များကို ဦးထင်လင်းဦးက တာဝန်ယူထားကြောင်း သိရသည်။ ဦးထင်လင်းဦးသည် wisdom villa အမည်ဖြင့် NLD ပါတီ၏ ၀ါဒဖြန့်ချိရေး ဆောင်းပါးများ ရေးသားနေသူ ဖြစ်ပြီး ဥပဒေပညာရှင် ဦးကိုနီ၏ တပည့်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။ ဦးထင်လင်းဦးသည် ဒေါ်အောင်ဆန်းစုကြည်၏ လူထုစည်းရုံးရေးခရီးစဉ်များတွင် အစဉ်အမြဲ လိုက်ပါပြီး သတင်းထုတ်ပြန်ပေးရသူ တစ်ဦး ဖြစ်ပြီး နောက်ပိုင်းတွင် NLD ပါတီ၌ နေရာ ရရှိလာသူ ဖြစ်ကြောင်း သိရှိရသည်။

ဒုချီးရားတန်းကျေးရွာ မီးလောင်မှုဖြစ်ရပ်မှန် ပြန်ကြားရေးက ထုတ်ပြန်


ရခိုင်ပြည်နယ် မောင်းတောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီးပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့ ဒုချီးရားတန်း အနေက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်
စစ်တွေ၊ ဇန်န၀ါရီ ၂၉ မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်န၀ါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မီးသတ် တပ်ဖွဲ့ ၀င်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ သွားရောက်ငြိမ်းသတ်ခဲ့ကြသည်။

အဆိုပါ မီးလောင်မှုမှာ ဒုချီးရားတန်း အနောက် (ဘင်္ဂါလီ)ရွာနေ အဘူဖွေယာ့ (၅၀)နှစ် (ဘ) ကာဆိမ်း၏နေအိမ်မှ စတင်မီးလောင်ကျွမ်း၍ မီးငြိမ်းသတ်နေစဉ် တောင်ဘက်ကိုက် (၁၅၀)အကွာ အဏ္ဏ၀ါဆလာမ် (၅၀)နှစ် (ဘ) ဆီရာဇူ ၏ အိမ် ထပ်မံမီးလောင်သည့်အတွက် မီးငြိမ်းသတ်ရန်သွားစဉ် ဘင်္ဂါလီလူမျိုးများ (၅)ဦးခန့်ထွက်ပြေးသွား သည်ကို တွေ့ရှိခဲ့ရ သည်။

မီးလောင်မှုဖြစ်စဉ်တွင် အိမ်များထူထပ်ခြင်း၊ သက်ကယ်၊ ၀ါးများဖြင့် ဆောက်လုပ်ထားခြင်းကြောင့် နေအိမ် အကြီး (၄)လုံး၊ အိမ်သေး (၁၂)လုံး စုစုပေါင်း (၁၆)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး လူသေဆုံးမှု၊ ထိခိုက် ဒဏ် ရာ ရရှိမှု မရှိကြောင်း သိရသည်။

မီးရှို့မှုဖြစ်စဉ်အား တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ မီးရှို့သွားခဲ့သူများအား အမှုဖွင့် တိုင်ကြားခဲ့ သဖြင့် မောင်တောရဲစခန်းမှ (ပ) ၁၉/၂၀၁၄၊ ပုဒ်မ - ၄၃၆ ဖြင့် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။

မီးလောင်မှု ဖြစ်စဉ်အနီးတွင် ရခိုင်ရွာများမရှိဘဲ ဘင်္ဂါလီရွာများသာရှိပြီး မိမိ၏အိမ်များအား မီးရှို့ထွက်ပြေး သွားခဲ့ပြီး ထိုဖြစ်စဉ်အား ပုံကြီး ချဲ့ကာ သတင်းမှား ထုတ်လွှင့်ခြင်းများ မဖြစ်စေရန်အတွက် သတင်း အချက် အလက်များအား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရှိ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြည်နယ် အစိုးရကထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာ

 
Twitter Bird Gadget