ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဖြစ်ရပ်မှန်သတင်း. Show all posts
Showing posts with label ဖြစ်ရပ်မှန်သတင်း. Show all posts

Monday, May 5, 2014

မြန်မာနှင့် ထိုင်းတွင် ငလျင် ပြင်းထန်စွာ လှုပ်ခတ်

ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာပြည်တို့ကို ပြင်းထန်သော ငလျင်တခု ယနေ့ တနင်္လာနေ့ ညနေပိုင်းတွင် ရိုက်ခတ်သွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု ငလျင်တိုင်းထွာတွက်ချက်မှုအရ ထိုင်းမြောက်ပိုင်း ချင်းရိုင်မြို့ အနောက်တောင်အရပ်ရှိ မဲလောင်ဒေသအနီးတွင် ဗဟိုပြုပြီး ၆.၀ မဂ်နီကျူ ပြင်းထန်ကြောင်း သိရသည်။ ချင်းရိုင်မြို့တွင် လမ်းနှင့် အဆောက်အဦများ ကွဲအက်မှု ရှိကြောင်း သတင်းရရှိသည်။ ဓာတ်ပုံပါ အက်ကွဲပျက်စီးသွားသော ကားလမ်းမှာ ချင်းရိုင်ခရိုင်ရှိ မဲလောင်မြိုနှင့် မဲဆွေမြို့ကို ဆက်သွယ်ထားသော ကားလမ်းဖြစ်သည်။ ပျက်စီးဆုံးရှုံးမှု မည်မျှရှိကြောင်း လတ်တလော အတိအကျ မသိရသေးပေ။ လှုပ်ခတ်မှုမှာ ဝေးလံသော ရန်ကုန်မြို့ထိပါ ခံစားရပြီး မြို့လည် ဆာကူရာကဲ့သို့ တိုက်မြင့်များမှ လူများ ကြောက်လန့်ပြီး ဆင်းပြေးခဲ့ကြကြောင်း သိရသည်။

Breaking News

မြန်မာနှင့် ထိုင်းတွင် ငလျင် ပြင်းထန်စွာ လှုပ်ခတ်
ဧရာဝတီ

ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာပြည်တို့ကို ပြင်းထန်သော ငလျင်တခု ယနေ့ တနင်္လာနေ့ ညနေပိုင်းတွင် ရိုက်ခတ်သွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု ငလျင်တိုင်းထွာတွက်ချက်မှုအရ ထိုင်းမြောက်ပိုင်း ချင်းရိုင်မြို့ အနောက်တောင်အရပ်ရှိ မဲလောင်ဒေသအနီးတွင် ဗဟိုပြုပြီး ၆.၀ မဂ်နီကျူ ပြင်းထန်ကြောင်း သိရသည်။ ချင်းရိုင်မြို့တွင် လမ်းနှင့် အဆောက်အဦများ ကွဲအက်မှု ရှိကြောင်း သတင်းရရှိသည်။ ဓာတ်ပုံပါ အက်ကွဲပျက်စီးသွားသော ကားလမ်းမှာ ချင်းရိုင်ခရိုင်ရှိ မဲလောင်မြိုနှင့် မဲဆွေမြို့ကို ဆက်သွယ်ထားသော ကားလမ်းဖြစ်သည်။ ပျက်စီးဆုံးရှုံးမှု မည်မျှရှိကြောင်း လတ်တလော အတိအကျ မသိရသေးပေ။ လှုပ်ခတ်မှုမှာ ဝေးလံသော ရန်ကုန်မြို့ထိပါ ခံစားရပြီး မြို့လည် ဆာကူရာကဲ့သို့ တိုက်မြင့်များမှ လူများ ကြောက်လန့်ပြီး ဆင်းပြေးခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းရိုင်မြို့အနီး လှုပ်ခတ်သွားခဲ့သောငလျင်ကြောင့် ထိခိုက်ပျက်စီးသွားရသောအပျက်အစီးများကို မြင်ရစဉ် (ဓာတ်ပုံများ- ဘန်ကောက်ပို့စ်နှင့် နေးရှင်း သတင်းစာများ၏ ဖေ့ဘွတ်စာမျက်နှာများမှ)
ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းရိုင်မြို့အနီးလှုပ်ခတ်သွားခဲ့သော ငလျင်ကြောင့်ထိခိုက်ပျက်စီးသွားရသောအပျက်အစီးများကို မြင်ရစဉ်  

ငလျင်လှုပ်ခတ်သည့်အတွက်ချင်းမိုင်မြို့ရှိCentralFestival
ကုန်တိုက်ကြီးအတွင်းမှလူများအပြင်သို့ ပြေးထွက်နေစဉ် 
 -

ငလျင်လှုပ်ခတ်သည့် အတွက် ချင်းမိုင်မြို့ရှိ Central Festival ကုန်တိုက်ကြီးအတွင်းမှ လူများ အပြင်သို့ ပြေးထွက်နေစဉ် ( ဓါတ်ပုံ - CHOMTHONGCHIANGMAI )The Irrawaddy (Burmese Version)'s photo.The Irrawaddy (Burmese Version)'s photo.The Irrawaddy (Burmese Version)'s photo.The Irrawaddy (Burmese Version)'s photo.
 

တစ်လကျော်အကြာအထိ ရှာမတွေ့ တော့တဲ့ MH370 ရဲ့ ဇာတ်လမ်း ရပ်ပါပြီ

တစ်လကျော်အကြာအထိ ရှာမတွေ့ တော့တဲ့ MH370 ရဲ့ ဇာတ်လမ်း ရပ်ပါပြီ
ဘယ်သူကမှ ကျေနပ်လောက်တဲ့ အဖြေမပေးနိုင် မရှာနိုင်တော့ပါဘူး
ဖြစ်စဉ်အစအဆုံး အကြောင်း သိချင်ရင် ဗီဒီယိုထဲမှာ အသေးစိတ်ရှင်းထားပြီး
ေ  လေယဉ်ကြီးနဲ့  ခရီးသည်တွေ ဘယ်ရောက်သွားတာလဲဆိုတာကို မသိတော့

Saturday, April 26, 2014

မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်


ဒီနေ့ အင်တာနက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားတဲ့
Comment အချို့ကိုတွေ့လိုက်လို့ ဒီစာကိုရေးလိုက်ရတာပါ။
အပုပ်ချထားတဲ့စာထဲမှာ သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာကြီးမှာ သူစီးမဲ့ ရထားထွက်သွားလို့
သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ထိုးတယ်ဆိုပြီး ရေးထားပါတယ်။
ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ်သားလဲ ကျောင်းထုတ်ခံရတယ်လို့ရေးထားပါတယ်။

အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေခဲ့တဲံအတွက်ကြောင့်မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။
ရုံပိုင်က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ်သူပါ။အဲဒီလိုဖြစ်တဲ့အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။

ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း
ကျောင်းထုတ်တယ် ဆိုတာ မဟုတ်ပါဘူး။အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ
အဲဒီအချိန်က မန္တလေးဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။သူဆုံးသွားလို့ သူ့အကြောင်းမကောင်းပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကိုအားလုံး
သိစေချင်လို့ပါ။ အဲဒီလိုဖြစ်တဲ့နေ့က ဒုတိယဗိုလ်မှူးကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစောကြီးမှာ ရထားလက်မှတ် လာဝယ်ပါတယ်။

ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်း
ယူပြီး လာခဲ့ ဆိုပြီး ပြောလိုက်ပါတယ်၊ဒုဗိုလ်မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။
ပစ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စကားပြောနေပါတယ်။
ရုံပိုင်က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက်မှတ်တွေကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိတစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။
အခုလက်ရှိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်းထားတာပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက်မှတ်ကိစ္စ ထပ်ပြောပါတယ်။
အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက်မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေတာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက်အစောကြီးကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန်နဲ့ပါ လို့ပြောပါတယ်။
ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။

မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့
သွားလာနေတဲ့သူတွေကျတော့ဒီလိုလက်မှတ်လုပ်မပေးတာ
ကောင်းသလားဆိုပြီး စကားများကြတာပါ။ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။
ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။
ဒီမှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။ဖြစ်စဉ်က ဒါပါပဲ။

အဲဒီတုန်းက ရုံပိုင် ဘယ်လိုလူစားလဲ ဆိုတာ မကြာပါဘူး။ ပြဿနာ တက်ပါတယ်။မန္တလေး ဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ
ကျောင်းပိတ်လို့ ခွင့်ပြန်ကြတဲ့အချိန်မှာ ဖြစ်တာပါ။ရုံပိုင်ကို အဲဒီတုန်းက စစ်တိုင်းမှူးက ဆေးကျောင်းသားတွေအတွက် ရထားလက်မှတ်တွေ ချန်ခိုင်းထားပါတယ်။ကျောင်းသားတွေလည်း Ok ဆိုပြီး ဘူတာကို အုပ်စုလိုက်ကြီး ရောက်လာကြပါတယ်။ဘူတာလည်းရောက်ရော ကျောင်းသားတွေဖို့ လက်မှတ်မရှိဘူး ဆိုပြီး ရုံပိုင်ချုပ်က ပြောပါတယ်။
အမှန်တော့ ကျောင်းသားတွေအတွက်လက်မှတ်တွေကို မှောင်ခိုသမားတွေလက်ထဲထည့်ချင်တဲ့ရည်ရွယ်ချက်နဲ့ အကြံအဖန်လုပ်တာပါ။

ဒါတွေကို ကျောင်းသားတွေက သိလို့ ပြောတဲ့အခါမှာ ကျောင်းသားတွေက
ို ရုံပိုင်ချုပ်က မိုက်မိုက်ရိုင်းရိုင်း ဆဲပါတယ်။ မင်းတို့ ဒီရထား မရလည်း နောက်ရထားရမှာပဲ..နောက်ရထား မရလည်း နောက်နေ့ ရထားရမှာပဲ။ ငါ့လီးမို့လို့ ငါ့ကို လာပြီး ပြောနေတာလဲ ဆိုပြီး ရုံပိုင်က ပြောတာပါ။မင်းတို့လို ကောင်တွေနဲ့ ပြောရတာ အချိန်ကုန်တယ်။ မအေလိုးတွေဆိုပြီး ဆဲတာပါ။အဲတော့ ကျောင်းသားတွေက စိတ်တိုပြီး ရုံပိုင်ချုပ်ကို ၀ိုင်းရိုက်ဖို့ လုပ်ပါတယ်။ကျောင်းသားတွေကလည်း စစ်တိုင်းမှူးကို ပြောထားတယ်။ စစ်တိုင်းမှူးကလည်း ပြောထားပြီးပြီ ဆိုတော့ ရပြီဆိုပြီး စိတ်အေးလက်အေး ဘူတာဆင်းသွားကြတာပါ။
အဲတုန်းက ပြဿနာဖြစ်ခဲ့တဲ့ ကျောင်းသားတွေက အသိဆုံးပါ။
ရုံပိုင်ချုပ်က ငွေမက်တယ်။

မှောင်ခိုပဲ ရောင်းစားတယ်။ တစ်ကယ် လိုချင်ရင် ဈေးကြီးပေးပြီး ၀ယ်ရတယ်။ဒီမှာပဲ ရဲတွေ ရောက်လာပြီး ကျောင်းသားတွေကို
တားပါတယ်။ ကျောင်းသားတွေအားလုံး ရုံပိုင်ကို တစ်ကယ်ရိုက်တော့မှာပါ။
နောက် လပခက စစ်သားတွေ ရောက်လာတယ်။နောက်ဆုံးမှ
ကျောင်းသားတွေ လက်မှတ်ရပါတယ်။ ပြီးတော့ ရထားပေါ်တက်ပြီး အိမ်ပြန်လာခဲ့ကြတယ်။နောက်တော့ သတင်းကြားပါတယ်။ ရုံပိုင်ကို အဖွဲ့ဖွဲ့စစ်တော့ ကျောင်းသားတွေ နာမည်နဲ့လက်မှတ်နေရာတွေကို
မှောင်ခိုရောင်းထားတာ တွေ့ရတယ် လို့ ပြောပါတယ်။
ဒါတင်မကဘူး မရိုးမသား ထင်ရာစိုင်းလုပ်နေတဲ့ အခြား အလွဲသုံးစားတွေလည်း ပေါ်ပါတယ်။ဒီမှာပဲ ရုံပိုင်ကို အနားပေးလိုက်တာပါ။ တစ်ကယ်က ရုံပိုင်က အဲလိုလူမျိုးပါ။ကျွန်တော်အနေနဲ့ အဲဒီဖြစ်စဉ်တွေမှာ ရုံပိုင်ချုပ်နဲ့တကယ်ကြုံတွေ့ပြီး ဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြ
ရခြင်းဖြစ်ပါတယ်။

ဦးမြ၀င်း (မီးရထားအရာရှိဟောင်းတစ်ဦး)
အမှန်တရား အား မြတ်နိုးရင် သမ္မတကြီး အတွက် ၀ိုင်းဝန်း ရှယ်ပေး
ကြပါစို့…… We Love True မှ စုံစမ်း မေးမြန်တင်ဆက်ပါသည်။

Friday, April 18, 2014

စစ်တွေမြို့တွင်ညမိုးချုပ်အချိန်မတော်အမည်မသိမူဆလင်ကုလားတစ်ဦး ဗလီထဲသို့ ဝင်ရောက်မှုအာဏာပိုင်အစိုးရမှထိန်းသိမ်း

စစ်တွေ ဧပြီလ ၁၈ ရက် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ
ကုလားဗလီထဲသို့ ဧပြီလ ၁၇ ရက်နေ့
ညမိုးချုပ်ချိန်ကတည်းက အင်ဘာလာရပ်
ကွက်မှ အမည်မသိ မူဆလင်ကုလားတစ်ယောက် ဝင်ရောက်မှုသိရ၍ သက်ဆိုင်ရာအာဏာပိုင်များက အချိန်မီဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်းသိရသည်။
အင်ဘာလာရပ်ကွက်သည် စစ်တွေမြို့၏ အချက်အချာကျသော မြို့လည်ကောင်တွင်ရှိပြီး မူဆလင်ကုလားများနေသောရပ်ကွက်ဖြစ်သောကြောင့် အာဏာပိုင်အစိုးရမှ အစောင့်အရှောက်များဖြင့် ထိန်းသိမ်းထားလျက်ရှိကြောင်း သိရသည်။

သက်ဆိုင်ရာအာဏာပိုင်များက ၄င်းကုလားအား မည်ကဲ့သို့ ဗလီထဲသို့ဝင်ရောက်ခဲ့ကြောင်းကို အမှတ်(၁) ရဲစခန်းတွင် ဖမ်းစီးစစ်မေးလျက်ရှိကြောင်းသိရှိရသည်။ အလားတူ ယနေ့မနက်အာရုံတက်ချိန် ဗျိုင်းဖြူရွာမှ ရခိုင်လူမျိုးတို့၏ လုပ်စားနွားများအား တဘက် သံတော်လီ ကုလားရွာမှာ ကုလားများက လာရောက်ဖမ်းယူသွားကြောင်းသိရ၍ ဒေသခံရခိုင်တိုင်းရင်းသားများက သက်ဆိုင်ရာအာဏာပိုင်များအား အမြန်ဆုံးဖြေရှင်းပေးပါရန် တောင်းဆိုထားကြောင်းသိရသည်။




ယနေ့ သက်ဆိုင်ရာအာဏာပိုင်များမှ စစ်ဆေးရာခေါ်ဆောင်သွားခဲ့ပုံ


Saturday, April 12, 2014

တရားမ၀င်လိင်စိတ်ကြွ ဆေးဝါးများ ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၁၂
၁၂.၄.၂၀၁၄ရက်နေ့ ၁၀၅၀အချိန် ကျောက်တံတားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားမ၀င် လိင်စိတ်ကြွ ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် (၃၅)လမ်းကြား၊ အနော်ရထာလမ်း ပလက်ဖောင်းပေါ်သို့ သွားရောက် ရှာဖွေရာမင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုတင့်(ခ)တင်အောင်ဦးအား တရားမ၀င်လိင်စိတ်ကြွ ဆေးဝါးများနှင့်အတူ ရောင်းချနေစဉ် ဖမ်းဆီးရမိ ခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်း(ပ) ၁၄၈/၂၀၁၄၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ဖြင့်အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၁၄၅အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်အရှေ့ရပ်ကွက်နေ ဦးအောင်မြင့်၏ ဆေးဆိုင်သို့ ၀င်ရောက်ရှာဖွေရာ တရားမ၀င် လိင်စိတ်ကြွဆေးဝါးများ သိမ်းဆည်းရမိသဖြင့် ဦးအောင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ) ၂၁၉/၂၀၁၄၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၀၁၅အချိန်တွင် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားမ၀င်လိင်စိတ်ကြွဆေးဝါးများ ရောင်းချနေကြောင်းသတင်းအရတာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်းဘေး ပလက်ဖောင်းသို့ သွားရောက်ရှာဖွေရာ တရားမ၀င်လိင်စိတ်ကြွဆေးဝါးများအား ရောင်ချရန်ခင်းကျင်းထားသည်ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် အဆိုပါ ဆေးဝါးများရောင်းချသူ (စုံစမ်းဆဲ)အားအမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



Friday, March 21, 2014

ကွန်ပျူတာတွင် ကပ်ထားရုံဖြင့် ဖိုင်များကို ရွှေ့ပြောင်းနိုင်မည့် Datastickies


Friday, March 21, 2014

ကွန်ပျူတာပေါ်တွင် အချက်အလက်များ လွှဲပြောင်းခြင်းကို ကပ်ခွာမှတ်စု (post-it note) တစ်ခုအနေဖြင့် မကြာမီအသုံးပြု နိုင်တော့မည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ကပ်ခွာမှတ်စုနှင့် တူညီသည့် အချက်အလက် သိုလှောင်နိုင်သော ထုတ်ကုန်များကို တီထွင်ခဲ့ကြပြီး ၎င်းကိုကွန်ပျူတာ သို့မဟုတ် ထုတ်ကုန်တစ်ခုအရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက်များကို ရိုးရှင်းစွာလွှဲပြောင်း နိုင်မည်ဟုသိရသည်။

စက္ကူတစ်ရွက် ကဲ့သို့ပါးလွှာပြီး သေးငယ်သည့် အဆိုပါထုတ်ကုန်များကို Datastickies ဟုခေါ်ဆိုပြီး ၎င်းသည် post-it-note များကဲ့သို့ တစ်ခုပေါ်တွင်တစ်ခု ထပ်ထားပြီးလိုအပ်သည့် အခါတစ်ခုချင်းစီ ခွာပြီးအသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက်သုံးစွဲသူများသည် ၎င်းတို့ကိုကွန်ပျူတာ၊ တီဗွီ၊ စမတ်ဖုန်းနှင့် tablet ကွန်ပျူတာ၏အရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက် များကိုလွှဲပြောင်း နိုင်မည်ဖြစ်သည်။


Datastickies များကိုလျှပ်စစ် စီးဆင်းနိုင်သည့် graphene ဟုခေါ်သောကာဗွန် အက်တမ်အလွှာတစ်ခုဖြင့် ပြုလုပ်ထားပြီး သိုလှောင်မှုပမာဏ 32 GB အထိရရှိနိုင်မည် ဖြစ်သည်။



လက်ရှိတွင်အဆိုပါ နည်းပညာကိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်ချိန်တွင် နာမည်ကျော် USB drive များ၏နေရာ၌ အစားထိုးနိုင်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။



Datasitickies ၏ဒီဇိုင်းကိုအိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ဒီဇိုင်နာ Aditi Sigh နှင့်တက္ကသိုလ်ပါမောက္ခ Parag Anand တို့ကတီထွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်

Monday, January 13, 2014

ဒေါ်စုရဲ့ရင်ထိုး ဘယ်ကရ



ဒေါ်အောင်ဆန်းစုကြည် ရင်ဘတ်မှာထိုးတတ်သော ခွပ်ဒေါင်းပုံ ရွှေရင်ထိုးကို 

စပွန်ဆာပေးထားသူမှာ ပုသိမ်မြို့ တရုတ်ပိုင် သီဟရွှေဆိုင်မှ ဆိုင်ရှင်ဦးသီဟ ဖြစ်ပါတယ် ..

ရင်ထိုးရဲ့တန်ဖိုးက ၅၆ သိန်းကျပ် တန်ဖိုးရှိကြောင်း သိရပါတယ် ..

ဆိုင်ရှင် တရုတ်လူမျိုး ဦးသီဟသည် ပုသိမ်မြို့မှ တိုင်းအဆင့် NLD ဥက္ကဌ ဖြစ်ပါတယ် ..

ပုသိမ်မြို့မှ NLD ပါတီဝင်များဟာ တရုတ်လူမျိုး ဘောစိများသာ အများအပြားလွှမ်းမိုးထား

ကြောင်း သိရပါတယ် ..

NLD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်များနဲ့ NLD ပါတီဝင်များသည် ကုလားများသာလွှမ်းမိုးထား

ခြင်းမဟုတ်ပဲ တရုတ်လူမျိုးများလည်း လွှမ်းမိုးထားကြောင်း အသိပေးခြင်းဖြစ်ပါတယ် ..


_____________________________________________

"တရုတ်ကိုကျ အမျိုးသားရေးသမားတွေ မထိရဲဘူး မပြောရဲဘူး မဟုတ်လား" ဆိုတဲ့ ကိုဒီမို၊

မဒီမိုတွေ သိစေရန်အတွက်ပါ ..
.
.
တရုတ်လွှမ်းမိုးမှုမခံဘူး တရုတ်သြဇာသက်ရောက်မှုမခံဘူး တရုတ်ကိုတိုက်ထုတ်ဆန့်ကျင်ဖို့

ကြိုးစားနေတယ်ဆိုတဲ့ ကိုဒီမို၊ မဒီမိုတွေ သိစေရန်အတွက်ပါ ..
.
.
တရုတ်ကို တိုက်ထုတ်လိုသူ ကိုဒီမို၊ မဒီမိုတွေ ပုသိမ်မြို့မှ NLD ဥက္ကဌ

တရုတ်လူမျိုး ဦးသီဟနဲ့အခြားပါတီဝင် တရုတ်ဘောစိအများအပြားကို တိုတ်ထုတ်လိုက 

တိုက်ထုတ်နိုင်ပြီဖြစ်ကြောင်း အသိပေးနှိုးဆော်တိုက်တွန်းလိုက်ပါတယ်

Thursday, January 2, 2014

ပြင်ဦးလွင် ဟိုတယ် အခန်းအမှတ် (၁၀၁)


ပြင်ဦးလွင်မှာ ဟိုတယ်တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့်မရေးတော့ပါဘူး..။ အင်္ဂလိပ်လက်ထက် ကတည်းက ရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက်က မိသားစုလိုက် ခရီးထွက်ရင်းနဲ့ အဲ့ဒီဟိုတယ်မှာ ၀င်တည်းခဲ့ဖြစ်ကြတယ်..။ 

ဟိုတယ်ဝန်းထဲ ၀င်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာတာကို သိလိုက်ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ်က လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ၀င်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။

"ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…" တဲ့..။ 

အဖြေက လက်ခံနိုင်စရာရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့်လိုက်တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ၀န်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ သွားရင်းနဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီအဆောင် ကြီး ကို အင်္ဂလိပ်ခေတ်ထဲက တည်ဆောက်ထားပုံရတယ်..။ သစ်သားတွေကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ အနည်းငယ်သာ ပြန်မွန်းမံထားတယ်လို့ ယူဆရတယ်..။

အဲ့ဒီအဆောင်ထဲ ၀င်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့်တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ်ဝန်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ "တကျွီကျွီ" က ကျယ်လှောင်စွာ ထွက်နေတယ်..။ ဒီလိုနဲ့ အဖေနဲ့အမေက တစ်ခန်း ကျွန်တော်က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။ 

"အစ်ကို ဒီအခန်းမှာ နေမလို့လား.."

"ဟုတ်တယ်လေ… ဘာလို့လဲ.."

"သြော်..ဘာမှမဟုတ်ပါဘူး..ဒီအခန်းထဲမှာ အခန်းတစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့လို့ ပြောမလို့ပါ.."

"ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? "

ဟိုတယ်ဝန်ထမ်းက အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်းကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံးနဲ့လည်း အခန်းကို အကျအန ခတ်ထားပါသေးတယ်..။

"မင်းဟာက သော့ခတ်ထားတာပဲ..ဖွင့်ချင်ရင်တော့ ဖွင့်လို့မရပါဘူး.."

"အရင်က သော့မခတ်ထားပါဘူး… ခုမှ ဘာလို့ခတ်လိုက်လဲ မသိဘူး…"

ပြောပြောဆိုဆို ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ဟိုတယ်ဝန်ထမ်းက အလောတကြီး ပြန်သွားခဲ့သည်။ အချိန်က နေ့လည် ၂း၀၀ နာရီလောက်ပဲ ရှိသေးပေမယ့် ခရီးကလည်း ပန်းလာတာကြောင့် တစ်ရေးတစ်မော အိပ်စက်ချင်တာကြောင့် အမေတို့ကို ပြောပြီး အိပ်စက်လိုက်သည်။
ရုတ်တရက် နိုးလာတော့ ညနေ (၅း၀၀) နာရီထိုးနေပြီ..။ အဖေနဲ့အမေ အခန်းကို သွားကြည့်တော့ မရှိ.. ။ အပြင်ထွက်သွားပြီ ထင်သည်။ ဖုန်းဆက်ကြည့်လိုက်တော့…

"သားရေ… အမေတို့ ဒီက အသိတစ်ယောက်အိမ်မှာ .. သားအိပ်နေတာနဲ့ မနှိုးတော့တာ..သား လိုက်ချင်လိုက်ခဲ့လေ.. အမေတို့တော့ ဒီည ပြန်လာချင်မှ ပြန်လာဖြစ်မယ်.. ညတစ်အားနက်သွားရင် ဒီမှာပဲ အိပ်လိုက်တော့မယ်… သားတစ်ယောက်တည်း နေရဲလား..အဲ့ဒီမှာ…"

"ဟုတ်…မလိုက်လာတော့ဘူး…သားနေရဲပါတယ်….."

ဗိုက်ကဆာလာတာကြောင့် အစောင့်ကောင်လေးကို လိုက်ရှာလိုက်သည်။ 

"ညီလေး..ဒီနားမှာ ဘာစားစရာရှိလဲ.."

"ဟိုးဘက်နားမှာ ထမင်းဆိုင်ရှိတယ်… ကျွန်တော် ပြန်တော့မှာ..ကျွန်တော်နဲ့ လိုက်ခဲ့လေ.. လိုက်ပြပေးမယ်.."

"ဟင်.. မင်းက ပြန်တော့မှာလား.. ဒီမှာစောင့်ရတာ မဟုတ်ဘူးလား.."

"ကျွန်တော်က နေ့ပဲ စောင့်တာ.. ညစောင့်တော့ မထားတာကြာပြီလေ…"

"သြော်…" ကျွန်တော် ဆက်မေးချင်ပေမယ့်လည်း မမေးဖြစ်ခဲ့..။ တော်ကြာ ကြောက်တတ်လှချေလားလို့ အထင်မခံနိုင်…။

ဒီလိုနဲ့ ထမင်းစားပြီး ဟိုတယ်ပြန်ရောက်တော့ ည၈း၀၀ နာရီထိုးပြီ..။ ဘာမှလုပ်စရာမရှိတာနဲ့ Laptop ဖွင့်ပြီး တွေ့ရာ ဗွီဒီယိုတစ်ဖိုင်ကို ဖွင့်လိုက်သည်။ Evil Dead …။ မဖြစ်သေးပါဘူး… ကိုယ်က တစ်ယောက်တည်းပါဆိုမှ သရဲကားနဲ့ လာတိုးနေတယ်..။ နောက်တစ်ဖိုင်ဖွင့်လိုက်သည်။ Walking Dead ..။ ဖွင့်သမျှ သရဲကားတွေချည်းဖြစ်နေတော့သည်။ ကိုယ့် laptop ထဲလည်း သရဲကားတွေပဲ စုထည့်ထားမိသည်ကိုး..။ နောက်ဆုံးတော့ ဘာမှမကြည့်တော့ပဲ laptop ပိတ်ပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

အိပ်ခါနီး ဘုရားရှိခိုးပြီး မေတ္တာပို့အမျှဝေတော့ ကြက်သီးတစ်ကြိမ် ထလိုက်သေးသည်..။ ဘာမှ ထွေထွေထူးထူး မစဉ်းစားပဲ အိပ်ယာဝင်လိုက်သည်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ…. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ

"အဟစ်…အဟစ်…အဟစ်…." 

"ဟိ…ဟိ…ဟိ…ဟိ…"

ဟင်…. ကလေးနှစ်ယောက်ရဲ့ ရီသံ..။ တိတိကျကျပြောရရင်.. ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက်ရဲ့ ရီသံ…။ ကျွန်တော် မျက်လုံးမဖွင့်…။ ဒါပေမယ့် အိပ်ပျော်နေသည် မဟုတ်…။ ကျွန်တော် ကြားနေတာ ကျွန်တော်သိသည်။ ဒီရီသံတွေကို ကျွန်တော်ကုတင်ခြေရင်းကနေ ကြားနေရခြင်းဖြစ်သည်။ တိတိကျကျဆိုရရင် ဟိုအခန်းထဲကနေ ထွက်လာခြင်း..။

"ဟိ..ဟိ..ဟိ…ဟိ… အဟစ်…ဟစ်…ဟစ်…"

ကျွန်တော် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေရင်းကနေ မျက်လုံးလေး အသာဖွင့်ပြီး ခြေရင်းက အခန်းကို ကြည့်လိုက် မိသည်။

ဟင်…။ သော့…သံကြိုး…။ တစ်ခုမှ မရှိတော့ပါလား…။ နေ့ခင်းက တွေ့ခဲ့သည့် သော့နဲ့သံကြိုး မရှိတော့..။ တံခါးမှ စေ့သာထားသည့် ပုံစံဖြစ်နေသလို အခန်းထဲမှ အလင်းရောင်အနည်းငယ်က အပြင်သို့ ဖြာထွက်နေသည်။ ကျွန်တော် ကုတင်ပေါ်က အသာထလိုက်သည်။ ပြီးတော့ အသံမထွက်အောင် ခြေဖျားထောက်ပြီး ဟနေတဲ့တံခါးကနေ အခန်းတွင်းကို ချောင်းကြည့်လိုက်သည်။ အခန်းအတွင်းမှာက….

အသက် ၅ နှစ်နဲ့ ၆ နှစ်ကြားမှာ ရှိတဲ့ အင်္ဂလိပ်လူမျိုး ကောင်ေ လးနဲ့ ကောင်မလေး နှစ်ယောက် ဆော့ကစားနေကြသည်။ ကျွန်တော် မယုံ…။ မျက်လုံးကို သေချာပွတ်ပြီး ပြန်ကြည့်ကြည့်သည်။ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ဆဲပင်… ကျွန်တော် အံ့အားသင့်စွာ ကြောင်ပြီး ငေးကြည့်နေမိသည်။ သူတို့ဆော့ကစားနေ ရင်းမှ ကောင်လေးက ကောင်မလေးလက်ကို ဆွဲလိုက်သည်။ ဒါပေမယ့် လူမပါလာပဲ ကောင်မလေး လက်ချည်းသက်သက်သာ ကောင်လေးဆီပါလာသည်။

"အောင်မလေးဗျ…."

ကျွန်တော်လန့်ပြီး အော်လိုက်မိသည်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မျက်လုံးအစုံက ကျွန်တော်ချောင်း ကြည့်နေတဲ့ တံခါးကြားသို့ ရောက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက အသက်မပါတဲ့ အရုပ်မျက်လုံးတွေလို တံခါးကြားက ကျွန်တော့်မျက်လုံးနဲ့ ဆုံမိကြသည်။

"အားးးးးး…"

ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ… အခန်းပြင် ကိုထွက်ပြေး သည်။ အောက်ထပ်ကို ပြေးဆင်းသည်။ အောက်ထပ်ရောက်တော့ အပေါ်ထပ်က "တကျွီကျွီ" နဲ့ ခြေသံများကို ထပ်မံကြားရသည်။ သေချာပြီ..။ ကျွန်တော့် နောက်ကို တစ်စုံတစ်ခု လိုက်နေပြီ..။ အပြင်ထွက်ဖို့ တံခါးဆီကို ကျွန်တော်ပြေးသည်။ ကျွန်တော် တံခါးဖွင့်ဖို့ လုပ်နေတုန်း. အပေါ်က ခြေသံတွေက အောက်ကို ရောက်လာပြီ..။ ကျွန်တော် လှည့်ကြည့်လိုက် တော့ ဟို ကလေး နှစ်ယောက်….။ အရေးထဲ အဆောင်တံခါးက ဖွင့်လို့မရ ကြပ်နေသည်။ နောက်ဆုံး တံခါး ဖွင့်လို့ရတော့ အပြင်ကိုပြေးထွက်သည်။ အပြင်မှာလည်း မှောင်မည်းနေပြီး ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ..။ နောက်ကိုလှည့်ကြည့်တော့ ဟိုကလေးနှစ်ယောက် လိုက်လာသေးသည်။ ဒါနဲ့ ခြံဝန်းတံခါးဆီကိုကျွန်တော် ပြေးသည်။ ကံဆိုးစွာ ခြံဝန်းတံခါးက သော့ခတ်ထားသည်။ မတတ်နိုင်..။ ခြံဝန်းကို ကျွန်တော် ခုန်ကျော်လိုက်သည်။ လမ်းမကြီးပေါ်ကို ရောက်တော့ လမ်းမီးတွေ ထိန်ထိန်သာနေတာကြောင့် အနည်းငယ်အားရှိသွားသည်။ ကလေးနှစ်ယောက်ကတော့ ဆက်မလိုက်လာတော့ပဲ ခြံဝန်းတစ်ခါးကို ကိုင်ပြီး ကျွန်တော့်ကို မျက်လုံး သေတွေနဲ့ ကြည့်နေကြသည်။ 

ကျွန်တော် ထိုနေရာက အမြန်ပြေးထွက်ခဲ့ပြီး…. ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်းရဲ့အရှေ့က ရုပ်ထုကြီးတွေ အောက်မှာ ထိုင်ပြီး မိုးအလင်းကို စောင့်နေခဲ့ရသည်။ နောက်နေ့ မနက်လင်းလင်းချင်းပဲ P.C.O ကနေ အမေတို့ဆီကို ဖုန်းဆက် အထုတ်အပိုးတွေ ပြန်ယူပြီး အဆိုပါ ဟိုတယ်ကနေ အပြီးပြောင်းခဲ့လေတော့သည်။

သြော်…မေ့လို့… ကျွန်တော် တည်းခဲ့ရတဲ့ အခန်း နံပါတ်က….101…ပါ…။ အခန်းအပိုရှိတဲ့ အခန်းဆိုရင် အဲ့ဒီ ဟိုတယ်က ၀န်ထမ်းတွေ အကုန်သိပါတယ်..။ မယုံရင်တော့ သွားပြီး တည်းကြည့်စေချင်ပါတယ်ဗျာ..။

Tuesday, November 26, 2013

ရှန်ဟိုင်းမြို့မှာ ၁၃ ပေါင်ခွဲအလေးချိန်ရှိ ကလေးမွေးဖွား

 
မခင်ဖြူထွေး။ ။ ဒါနဲ့ ကိုဉာဏ်ဝင်းအောင်ရေ…. တရုတ်ပြည် ရှန်ဟိုင်းမှာ ၆ ကီလိုကျော်ကျော်- ပေါင်နဲ့ဆို ၁၃ ပေါင်ခွဲ ရှိတဲ့ ကလေး တစ်ယောက် သိပ်မကြာခင်ကပဲ မွေးသွားတဲ့သတင်း ကြားမိသေးလား။

ဉာဏ်ဝင်းအောင်။ ။ ခင်ဗျာ !!… ၁၃ ပေါင်ခွဲ ရှိတဲ့ကလေး မွေးတယ် ဟုတ်လား…. တော်တော်ထွားလိုက်မယ့် ကလေးကြီး။

မခင်ဖြူထွေး။ ။ ဟုတ်တယ်။ ကိုဉာဏ်ဝင်းအောင်ရဲ့။ ပုံမှန်အားဖြင့်ဆိုရင် တရုတ်ပြည်မှာ ကလေးတွေ မွေးတဲ့အခါ ၆ ပေါင်ခွဲလောက်ကနေ ၇ ပေါင်၊ ၈ ပေါင် လောက်ပဲ ရှိတာများတယ်တဲ့။ ဒီကလေးကတော့ ပုံမှန်အရွယ်အစားထက် ၂ ဆလောက် ထွားတယ်လို့ ဆိုရမှာပေါ့။ ဒီကလေးကို မွေးပေးတဲ့ ဆရာဝန် ပြောတာကတော့ ကလေးအမေက ကိုယ်ဝန်ကြီးနဲ့တုန်းက အစားတွေကို လိုအပ်တာထက် အများကြီး ပို စားခဲ့သလို၊ ခဏခဏလည်း အိပ်နေတတ်တယ်တဲ့။ အဲဒါကြောင့် ကလေးက အလွန်အကျွံ ကြီးသွားတာတဲ့လေ။

ဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ အခု ကလေးနဲ့ မိခင် ကျန်းမာရေးကရော ဘယ်လိုရှိလဲ။

မခင်ဖြူထွေး။ ။  လောလောဆယ်တော့ မိခင်ရော၊ ကလေးပါ ကျန်းကျန်းမာမာ ရှိနေပါတယ်တဲ့။ ဒါပေမဲ့ ဆရာဝန်တွေကတော့ ခုလို ပေါင်ချိန် အများကြီး ပိုပြီး မွေးလာတဲ့ ကလေးမျိုးဟာ နောက်ကျရင် အ၀လွန်ရောဂါ နဲ့ ဆီးချို ရောဂါတွေ အဖြစ်များတတ်တယ်လို့ သတိပေးနေကြတယ်လေ။ ကလေးတင်မဟုတ်ပါဘူး။ မိခင်မှာလည်း အလားတူ ရောဂါတွေ ဖြစ်တတ်တယ်တဲ့လေ။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်လူတွေ ထက် အာဟာရ ပိုပြီး လိုအပ်တယ်ဆိုတာ မှန်ပေမဲ့ လိုတာထက် ပိုပြီး အလွန်အကျွံ စားရင်တော့ ဘယ်အရာမှ မကောင်းဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးနေကြတာလေ။

ဉာဏ်ဝင်းအောင်။ ။ ဒါပေါ့ဗျာ။ ဒါကြောင့်လည်း ရှေးမြန်မာလူကြီးတွေက တန်ဆေး လွန်ဘေးလို့ ပြောကြတာပေါ့ဗျာ။

မခင်ဖြူထွေး, ကိုဉာဏ်ဝင်းအောင်

Sunday, November 24, 2013

ဦးခေါင်းတစ်လုံးနှင့် ၀က်နှစ်ကောင် မြိတ်မြို့ ၌ ပေါက်ဖွား

မြိတ်မြို့ မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ် မီးသွေးဖောင်းတောင်ပေါ် စိန်ပန်းပြာလမ်း ဒေါ်နီကွေးနှင့် ဒေါ်သန်းနုတို့ မွေးမြူထားသော ၀က်ခြံမှ ၀က်မကြီးတစ်ကောင်မှာ နိုဝင်ဘာ ၂၃ ရက် ညတွင် သားပေါက် ကိုးကောင်ပေါက်ဖွားရာ အထီး ခုနစ်ကာင် အမနှစ်ကောင် ပါရှိခဲ့သည်။

အဆိုပါ ၀က်သားပေါက်များတွင် ဦးနှောက်ပွင့်လျက် ဦးခေါင်းတစ်လုံးတွင် ရင်ချင်းဆက်၊ ခြေလက်အစုံပါသော ၀က်နှစ်ကောင် ပေါက်ဖွားခဲ့သည်။

၎င်းဦးခေါင်းတစ်လုံးနှင့် ရင်ချင်းဆက်လျက် ပေါက်ဖွားလာသော ၀က်နှစ်ကောင်မှာ နာရီဝက်ခန့်သာ အသက်ရှင်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ယခုကဲ့သို့ ပေါက်ဖွားသည်ကို တစ်ခါမှ မကြုံတွေ့ ခဲ့ရကြောင်း ၀က်ပိုင်ရှင်များက ပြောကြားခဲ့သည်။

ရိုက်ကူးပေးပို့သူ - ခိုင်ထူး

Monday, September 30, 2013

ဘီလူးသုံးမြွှာပူးမွေးသူ (ကြောက်တတ်ပါက မဖတ်ပါရန်)


လွန်ခဲ့သည့် အနှစ် (၂၀) ကျော်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခု ဖြစ်ပါသည်။ မြန်မာပြည် အလယ်ပိုင်း ရေနံချောင်းမြို့နယ်ထဲက ကျေးရွာလေးတစ်ခုတွင် မခင်ကြည် ဆိုသည့် အမျိုးသမီး တစ်ဦး ရှိခဲ့ဖူးလေသည်။ (အခုထိလည်း သက်ရှိထင်ရှား ရှိဆဲဖြစ်သည်။ သို့ရာတွင် ၎င်းကျေးရွာမှ မြို့ကို ပြောင်းခဲ့ရွှေ့ သွားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။) ထိုအမျိုးသမီး၏ ယောက်ျားဖြစ်သူမှာ ကိုအောင်မော် ဟူ၍ ဖြစ်လေသည်။

၎င်းတို့၏ အိမ်ထောင်သက်တမ်း ၂ နှစ်အကြာတွင် ပထမဆုံး သား ရတနာ တစ်ဦးကို မွေးဖွားခဲ့သည်။ နောက်ထပ် ၃ နှစ်ခန့်အကြာ၊ ၎င်းတို့၏ အိမ်ထောင်သက် ၅ နှစ်ခန့် အကြာတွင်မူ မခင်ကြည်မှာ ထူးခြားသည့် ကိုယ်ဝန်ကို စတင် လွယ်ထားခဲ့ရသည်။ ထိုကိုယ်ဝန် တဖြည်းဖြည်း ရင့်မှည့်လာသည်နှင့်အမျှ မခင်ကြည်မှာ ထူးခြားသည့် ချဉ်ခြင်းများကို တောင့်တခဲ့လေသည်။ ထိုချဉ်ခြင်းများအား သူမ၏ ယောက်ျားဖြစ်သူ ကိုအောင်မော် မှတစ်ပါး အခြားသူများအား မပြောရဲခဲ့ပေ။
၎င်းချဉ်ခြင်းများမှာ အသားများကို အစိမ်းလိုက် စားလိုခြင်း၊ သွေးတို့ကို သောက်လိုခြင်း စသည်တို့ဖြစ်ပြီး တစ်ခါတစ်ရံ ကိုအောင်မော်အား တရှုပ်ရှုပ် နမ်းရင်း ကိုအောင်မော်အား ” အောင်မော် နင့်အသားတွေက မွှေးနေတာပဲ။ ငါ စားချင်လိုက်တာဟာ ” ဟူ၍ ပြောတတ်လေသည်။ ထိုအခါမျိုး၌ကား ကိုအောင်မော်မှာမူ မျက်လုံးပြူး ၊ မျက်ဆံပြူး ဖြစ်သွားကာ “ဟာ … နင်ကလည်း” ဟူ၍ ပြောပြီး မခင်ကြည်၏ ဘေးမှ ကမန်းကတန်း ထွက်သွားရတတ်၏။
ထိုကဲ့သို့ ထူးခြားနေသော မခင်ကြည်၏ ချဉ်ခြင်းများအား ကိုအောင်မော်မှာ ရွာထဲရှိ ခေါင်းသုံးလုံး ပညာရှိများထံသို့ လည်းကောင်း၊ လူကြီးသူမများ ထံသို့လည်းကောင်း သွားရောက် ပြောပြရလေသည်။ မပြောလို့လည်း မဖြစ်။ ၎င်း၏ အသားကိုပင် စားချင်လောက်သော ချဉ်ခြင်းကို ကိုအောင်မော်တစ်ယောက် လန့်နေရသည် မဟုတ်ပါလော။ ထိုချဉ်ခြင်းအား ကြားသိရချိန်မှစ၍ ကိုအောင်မော်မှာ မခင်ကြည်နှင့် မအိပ်ရဲတော့ပေ။
ခေါင်းသုံးလုံး ပညာရှိများနှင့် လူကြီးသူမ များက ၎င်းတို့၏ အတွေ့အကြုံ နှင့် ဗဟုသုတ များအရ ထိုကဲ့သို့ ထူးခြား ကြမ်းကြုပ်သော ချဉ်ခြင်းများကို ထောက်ဆ၍ မခင်ကြည်မှာ စင်စစ် ဘီလူးကဲ့သို့ ရက်စက်၊ ကြမ်းကြုပ်မည့်သူကို ကိုယ်ဝန်လွယ်ထားရသည်ဟု မှတ်ချက်ပြုကြလေသည်။ ဤသို့ဖြင့် မခင်ကြည်၏ ကိုယ်ဝန်မှာ ရင့်မှည့်ရာမှ မွေးဖွားချိန်သို့ ရောက်ရှိ လာခဲ့လေတော့သည်။
x x x x x
” အူဝဲ … အူဝဲ … အူဝဲ ”
” အောင်မလေး ….. ”
မခင်ကြည်အား မီးဖွားပေးသော လက်သည် အဒေါ်ကြီး လန့်ဖြတ် အော်လိုက်မိသည်။ ထိုအော်သံကြောင့် မီးဖွားရာအခန်း၏ ရှေ့တွင် မိမိ၏ မိန်းမ မခင်ကြည် လွယ်လင့်တကူ မီးဖွားနိုင်စေရန်အတွက် အင်္ဂုလိမာလသုတ်ကို လည်းကောင်း၊ လူကြီးသူမများ ပြောသကဲ့သို့ ဘီလူး မွေးဖွားမလာစေရန် လည်းကောင်း ဆုတောင်း ရွတ်ဆိုနေသည့် ကိုအောင်မော်မှာလည်း စိုးရိမ်မှုနှင့်အတူ လန့်သွားလေသည်။
” ဒေါ်ဒေါ်တင် ဘာဖြစ်တာလဲ … ”
” ဘာဖြစ်လို့ အလန့်တကြား အော်ရတာလဲ။ ကျွန်တော့်ကို သိရအောင် ပြောပါဦး”
ကိုအောင်မော်က ထိုသို့ စိုးရိမ်တကြီး လှမ်းမေးလိုက်သည့်အခါ -
” ဘာမှ … ဘာမှ မဖြစ်ပါဘူး အောင်မော်၊ ခဏနေရင် မင်းလည်း ဝင်ကြည့်လို့ ရပြီပဲ”
ဟူ၍ မီးဖွားခန်းထဲမှ ဒေါ်တင်က ကိုအောင်မော်အား လှမ်းပြောလိုက်လေသည်။ ကိုအောင်မော်မှာ ဒေါ်တင်၏ စကားထစ်သွားပုံကို ထောက်ဆ၍ မခင်ကြည်မှာ အမှန်ပင် ဘီလူးလေးကို မွေးဖွားလိုက်ပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။ သို့ရာတွင် ကိုအောင်မော်မှာ မိမိ၏ မူရင်းစိတ်မှ လက်ခံ နားလည်လိုက်သည့် အကြောင်းအရာအား ဖုံးကွယ်ပစ်ရန်အတွက် မျက်စိကို စုံမှိတ်၍ လက်အုပ်ချီကာ ” မဟုတ်ပါစေနဲ့ ..၊ မဟုတ်ပါစေနဲ့ ..၊ သမ္ဗုဒ္ဓေ x x x ၊ ဣတိပိတော x x x …” စသည်ဖြင့် တသွင်သွင် ရွတ်ဆိုနေတော့သည်။
” အောင်မော် .. ၊ အောင်မော် ..”
” ဟေ့ … အောင်မော် ”
” အမလေးဗျ … ဘီလူးလေး မဟုတ်ပါစေနဲ့ ၊ ဣတိပိတော …”
မီးဖွားခန်းမှ ထွက်လာသော ဒေါ်တင်မှာ ကိုအောင်မော်အား ဖြည်းဖြည်း သက်သာ ခေါ်မရသည့်အဆုံး ကိုအောင်မော်၏ ကျောကို အသာရိုက်၍ ခေါ်လိုက်ခြင်း ဖြစ်သော်လည်း စိုးရိမ်ပြီး အကြောက်လွန်နေသည့် ကိုအောင်မော်မှာ လန့်သွားကာ ဆိုမိဆိုရာ ရွတ်ချလိုက်ခြင်း ဖြစ်လေသည်။
” ဒေါ်ဒေါ်တင် … ဘာလေးလဲဗျ …၊ ကျုပ်ကို မြန်မြန်ပြောစမ်းပါ …”
” မင်းဟာမင်းပဲ ဝင်ကြည့်တော့ အောင်မော်၊ ဒေါ်ဒေါ်တင် မပြောချင်ဘူး ”
ဒေါ်တင်၏ မျက်နှာမှာ မကောင်းပေ။ ကိုအောင်မော်မှာ တံခါးသဖွယ် ပိတ်ကာထားသည့် ခန်းစီးစကို ကိုင်၍ အတန်ငယ် တွန့်ဆုတ်နေလေသည်။ ယခင် သားကြီး ကောင်းကျော် အား မွေးဖွားခဲ့စဉ်က လက်သည် အဒေါ်ကြီး ဒေါ်ဒေါ်တင်၏ မီးဖွားခန်းမှ အထွက်ကိုပင် မစောင့်။ ဒေါ်တင်မှ ” အောင်မော်ရေ ၊ ဝင်လာလို့ရပြီ ” ဟု ဆိုကာမှရှိသေး။ ကိုအောင်မော်မှာ အခန်းတွင်းသို့ ရောက်ရှိနေပေပြီ။ ယခုမူ မိမိ မမြင်တွေ့ချင်သည့် မြင်ကွင်းအား မြင်တွေ့ရမည်ကို သိနေသည့်အတွက် အတန်ငယ် တွန့်ဆုတ်နေခြင်း ဖြစ်သော်လည်း ” အို … ဘာပဲဖြစ်ဖြစ် ဒါဟာ ငါ့ရဲ့ရင်သွေးတွေပဲ ” ဟူသော ဖခင်စိတ်ကို ဖြစ်စေပြီး ခန်းစီးစကို မတင်ကာ အခန်းတွင်းသို့ ဝင်သွားလေသည်။
” အောင်မော်လား …”
” ဟုတ်တယ် ခင်ကြည် … ငါပဲ”
မောဟိုက် နွမ်းလျနေသည့် မခင်ကြည်၏ အသံတွင် ဝမ်းနည်းနေသည့် ဓာတ်တို့ပါနေသည်ကို အောင်မော် သိသည်။
” ကလေးတွေရော ခင်ကြည် …”
မွေးဖွားလာသည့် ကလေးများကို မမြင်၍ ကိုအောင်မော် မေးလိုက်ခြင်း ဖြစ်လေသည်။
” ကလေးတွေက ငါ့ စောင်အောက်မှာ၊ နင် မြင်သွားရင် စိတ်မကောင်းဖြစ်မှာစိုးလို့ စောင်နဲ့ ဖုံးထားတာ”
” ခင်ကြည်ရယ် … ငါ စိတ်မကောင်း ဖြစ်တာက အကြောင်းမဟုတ်ပါဘူးဟာ၊ ကလေး မွန်းပြီး အသက်ရှူကြပ်နေပါ့မယ်”
” စောင်ကို ခပ်ဖွဖွလေးပဲ ဖုံးထားတာပါ၊ ပြီးတော့ နင်ထင်သလို …… ”
” ကလေး မဟုတ်ဘူး၊ ကလေးတွေ … ၊ တစ်ယောက်တည်း မဟုတ်ဘူး အောင်မော်၊ သုံးယောက်တောင် မွေးတာ”
” ဟင် …. သုံးယောက်တောင် …”
ကိုအောင်မော် အလန့်တကြား ရေရွတ်လိုက်သည်။ ထို့နောက် ကိုအောင်မော်သည် မိမိ၏စိတ်ကိုတင်းကာ
” အို … ငါက ဘာကိုကြောက်နေရမှာလဲ၊ ဒါ ငါ့ရဲ့ကလေးတွေပဲ” ဟူ၍ စိတ်တွင်းမှ ရေရွတ်ရင်း ကလေးများကို ဖုံးလွှမ်းထားသည့် စောင်အား အသာအယာ ဆွဲဖယ်ကြည့်လိုက်လေသည်။ ထိုအချိန်၌ မခင်ကြည်မှာမူ မျက်စိကို အသာပိတ်၍ သက်ပြင်းကို အသာချလိုက်လေတော့သည်။
” ဟာ …….”
မြင်လိုက်ရသည့် မြင်ကွင်းက ကိုအောင်မော်ကို မျက်လုံးပြူးသွား စေသည့်အပြင် ပါးစပ်ပါ အဟောင်းသား ဖြစ်သွားစေသည်။ ကိုအောင်မော် မြင်လိုက်ရသည်မှာ ခရမ်းချဉ်သီးလုံးခန့်ရှိသော မျက်လုံးခြောက်လုံးပင် ဖြစ်လေသည်။
” ခင်ကြည်ရယ် … ကလေးတွေ မျက်လုံးက ကြီးလှချည်လား၊ ပြီးတော့လည်း မျက်လုံးက နီစပ်စပ်နဲ့ …”
ထိုသို့ ကိုအောင်မော်မှ ပြောလိုက်သည့်အခါ မခင်ကြည်သည် -
” ကလေးတွေကို အနှီးနဲ့ပတ်ထားလို့ နင်က မျက်လုံးကိုပဲ မြင်ရသေးတာ …”
” ကျန်တဲ့ နေရာတွေကရော ဘာလိုဖြစ်နေတုန်း၊ ငါ့ကို ပြောပါဦး ခင်ကြည်”
” သူတို့ လက်သည်း၊ ခြေသည်းတွေကလည်း အရှည်ကြီးတွေပဲ အောင်ကျော်၊ ပြီးတော့ လက်ချောင်းတွေကလည်း အဖျားရှုးသွားတဲ့ ပုံစံမျိုးတွေ …”
ဤသို့ ကလေးမွေးပြီးစ မခင်ကြည်မှ အားနည်းသော လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည့် အခါ ကိုအောင်မော်မှာ ကလေးများကို အနှီးဖြည်၍ ထပ်မကြည့်ဖြစ်တော့ပါ။ ထို့နောက် ၎င်း၏ မိန်းမဖြစ်သူ မခင်ကြည်အား -
” ခင်ကြည်ရယ် … ဘာမှစိတ်မကောင်း မဖြစ်ပါနဲ့ဟာ၊ ဘာပဲဖြစ်ဖြစ် ဒီကလေးတွေက ငါတို့ရဲ့ ကလေးတွေပဲ၊ နင်ကိုယ်တိုင် ကိုယ်ဝန်လွယ်ပြီး မွေးခဲ့ရတာ မဟုတ်လား၊ နင်လည်း ကလေးမွေးထားရလို့ ပင်ပန်းနေပြီ၊ အနားယူလိုက်ဦးနော်”
” ဒီကိစ္စကို ငါ လူကြီးတွေနဲ့ သွားပြီးတိုင်ပင်လိုက်ဦးမယ် …”
” အင်း ”
x x x x x
” အခု ကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ရမယ့် ကိစ္စမဟုတ်ဘူး အောင်မော်၊ သေချာစဉ်းစားပြီး လုပ်သင့်တာကိုတော့ လုပ်ရလိမ့်မယ် ”
ရွာသူကြီး ဖြစ်သူ ဦးသာအေးမှ ကိုအောင်မော်အား ပြောလိုက်ခြင်း ဖြစ်သည်။
” ဟုတ်ကဲ့ပါ သူကြီး၊ သူကြီးတို့က လုပ်သင့်တာကို လုပ်ကြပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်လိုက်နာဖို့ အသင့်ပါပဲ”
” အေးကွယ် …၊ ငါ ပြောတဲ့အတိုင်း မင်းတို့ လိုက်နာမယ်ဆိုတာ ငါလည်း သိပြီးသားပါ၊ ဒါပေမယ့် ဒီကိစ္စက ငါ တစ်ယောက်တည်း ဆုံးဖြတ်လို့ ပြီးမယ့် ကိစ္စတော့ မဟုတ်ပေဘူး၊ ဒါကြောင့် ရွာက လူကြီးတွေကို ခေါ်ပြီး စည်းဝေးရတာပေါ့ကွယ်၊ ဒီဘက်က ဦးကြီးတင်မြက ဘယ်လို ဖြစ်သင့်တယ် ထင်သလဲဆိုတာ ပြောပါဦး”
သူကြီးဦးသာအေးသည် ၎င်း၏ ညာဘက်၌ ထိုင်နေသော ဦးကြီးတင်မြအား လှမ်း၍ မေးလိုက်ခြင်း ဖြစ်လေသည်။ ဦးကြီးတင်မြက –
” ခင်ကြည် မွေးလာတာ ဘီလူးလေးတွေလို့ပဲ ဦးကြီးကတော့ ပြောရလိမ့်မယ်၊ ဒါကို မင်းနားထဲမှာ ရိုင်းတယ်လို့ မအောက်မေ့နဲ့ အောင်မော် ”
” ဟုတ်ကဲ့ပါ ဦးကြီး၊ ကျွန်တော် ဘယ်လိုမှ မအောက်မေ့ပါဘူး ”
” အဲဒီ ဘီလူးလေးတွေ မွေးလာတဲ့ကိစ္စက တော်ရုံကိစ္စ မဟုတ်ပေဘူး၊ အခုလို သူတို့ အရွယ်မရောက်သေးခင်မှာ ပြဿနာ မရှိနိုင်ပေမယ့် ကြီးလာတဲ့အခါကျရင် တစ်ရွာလုံး ဒုက္ခရောက်သွားနိုင်တယ်၊ ဒါကြောင့် ဦးကြီး အကြံပြုချင်တာကတော့ … ”
ဦးကြီးတင်မြသည် သူ၏ စကားအား ဆက်ပြောရကောင်းနိုး၊ မပြောရကောင်းနိုးဖြင့် ကိုအောင်မော်၏ မျက်နှာအား လှမ်းကြည့်လိုက်လေသည်။ ထိုအခါ ကိုအောင်မော်က -
” ဦးကြီး ပြောချင်တာကို ဆက်ပြောပါ ဦးကြီး ”
” အေးကွယ် … ဆက်ပြောရမယ်ဆိုရင်တော့ မိဘချင်း ကိုယ်ချင်းမစာလို့တော့ မဟုတ်ပေဘူး၊ ဒီဘီလူးလေးတွေကို အခုချိန်ကတည်းကပဲ သုတ်သင် ရှင်းလင်းသင့်တယ်လို့ ဦးကြီးကတော့ အကြံပြုချင်တယ် ”
ဦးကြီးတင်မြသည် လူကြီးပီပီ စကားကို အတတ်နိုင်ဆုံး ထိန်း၍ ပြောလေသည်။ ထိုသို့ ဦးကြီးတင်မြက အကြံပြုလိုက်သည်တွင် သူကြီးမှ ဦးကြီးတင်မြ၏ဘေးတွင် ထိုင်နေသော ဘကြီးရန်အေး အား လှမ်း၍ မေးလိုက်သည်။
” ဘကြီးရန်အေးကရော ဘယ်လိုများ အကြံပြုချင်ပါသေးလဲ ခင်ဗျာ”
ထိုအခါ ဘကြီးရန်အေးသည် ကိုအောင်မော်အား တစ်ချက်ကြည့်ပြီး သူကြီး ဘက်သို့ မျက်နှာမူကာ –
” ဘကြီးကတော့ဖြင့် ဘီလူး မွေးလာတဲ့ကိစ္စကို ကြားဖူးပါရဲ့၊ ဒါပေမယ့် လက်တွေ့တော့ မမြင်ခဲ့ဖူးပါဘူး၊ အခုမှသာ မြင်ဖူးတာ ”
” ဟုတ်ကဲ့၊ ပြောပါဦး ဘကြီး ”
သူကြီးဖြစ်သူ ဦးသာအေးမှ ဝင်ထောက်ပေးလိုက်ခြင်း ဖြစ်သည်။
” ဘကြီး ကြားဖူးတဲ့အတိုင်းဆိုရင် စောစောက ကိုတင်မြ ပြောသွားတဲ့အတိုင်း လုပ်ပစ်ခဲ့ကြတာပဲ ”
ထို့နောက် ဘကြီးရန်အေးသည် ကိုအောင်မော်ဘက်သို့ လှည့်၍ –
” အောင်မော်၊ အန္တရာယ်ဆိုတာ ကြိုတင်ကာကွယ်ပြီး အနိုင်ယူရတယ်ဆိုပေမယ့် ခံတပ်တွေ အထပ်ထပ်ချပြီး ကြိုတင်ကာကွယ်တာထက် စာရင် အဲဒီ အန္တရာယ်က ကိုယ်နဲ့ လက်တစ်ကမ်းမှာလည်း ရှိနေမယ်၊ ပြီးတော့ အင်အားနည်းနေတဲ့ အချိန်လည်း ဖြစ်နေမယ်ဆိုရင်တော့ ခံတပ်တွေ ဆောက်ထားဖို့ထက် အဲဒီအန္တရာယ် ကြီးထွားမလာခင် ချေမှုန်းပစ်သင့်တယ်လို့ ဘကြီးကတော့ ထင်တယ် ”
ထိုသို့ ဘကြီးရန်အေးမှ ကိုအောင်မော်အား ပြောလိုက်သည့်အခါ သူကြီးဦးသာအေး၏ ဘယ်ဘက်တွင် ထိုင်နေသော ဘကြီးထွန်းငွေက –
” ဟုတ်တယ် အောင်မော်၊ ဘကြီးထွန်း လည်း ကိုရန်အေး ပြောသလို ဖြစ်သင့်တယ်လို့ ထင်တယ် ”
” ဟုတ်ကဲ့ ဘကြီးထွန်း ”
” ဦးကြီးတင်မြတို့၊ ဘကြီးရန်အေးတို့၊ ဘကြီးထွန်းတို့ကတော့ သူတို့ရဲ့ အတွေ့အကြုံ ၊ အမြော်အမြင်တွေနဲ့ အခုကိစ္စမှာ ဖြစ်သင့်တယ် ထင်တာကို ပြောပြီးသွားကြပြီ ၊ ဒီဘက်က ဦးကြီး၊ ဘကြီး တို့ရဲ့ အကြံညဏ်တွေကိုလည်း သိပါရစေဦး ခင်ဗျာ ”
သူကြီးမှ ကျန်သည့် လူကြီးများအား မေးမြန်းလိုက်လေသည်။ ထိုအခါ ကျန်သည့် လူကြီးများမှ အထူးအထွေ ပြောစရာ မရှိသည့်အကြောင်း၊ ဦးကြီးတင်မြနှင့် ဘကြီးရန်အေးတို့၏ အကြံပြုချက်များအတိုင်း လုပ်သင့်ကြောင်းကို ပြောဆိုလေသည်။
” ကဲ … အောင်မော်ရေ၊ ဒီကလူကြီးတွေရဲ့ စကားကို မင်းလည်းကြားပြီ မဟုတ်လား၊ ဒါကြောင့် ငါတို့ လုပ်သင့်တာဟာ ….. ”
သူကြီးမှာ စကားကို မဆက်သေးဘဲ ကိုအောင်မော်ကို ကြည့်ကာ အားနာနေသယောင် ရှိလေသည်။ သို့ရာတွင် မပြော၍လည်း မပြီးသည့် ကိစ္စဖြစ်သည့်အတွက် ဘာပဲဖြစ်ဖြစ် ပြောရမှာပဲ ဟူသော မျက်နှာဖြင့် –
” ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် အောင်မော်၊ ဒီဘီလူးလေး သုံးကောင်ကို ငါတို့တွေ အခုကတည်းက သတ်ပြီး မြေမြုပ်ပစ်တာဟာ အကောင်းဆုံး၊ ဒါဟာ ရေရှည်ကိုကြည့်ပြီး ပြောတယ်ဆိုတာ မင်းလည်း သိတာပဲ၊ အခုကစပြီး မင်းမိန်းမ ခင်ကြည်ကိုလည်း ဘီလူးလေးတွေကို နို့မတိုက်ဖို့ ပြောလိုက်ကွာ၊ ပြီးတော့ မနက်ဖြန်ကျရင် ရွာအနောက်ဘက်က ကျီးအာရိုးနားမှာ မြေမြုပ်ကြမယ် ”
” ဟုတ်ကဲ့ပါ သူကြီး ”
မှတ်ချက် ။ ။ ရိုး ဆိုသည်မှာ ရေကောနေသည့် ချောင်းကျဉ်းတစ်ခုနှင့် တူလေသည်။
x x x x x
ကျီးအာရိုး …
များသောအားဖြင့် ရွာ၏ အမှိုက်သရိုက်များကို စွန့်ပစ်ရာ နေရာ ဖြစ်လေသည်။ ထိုကျီးအာရိုး၏ မလှမ်းမကမ်းတွင် လူတစ်စု တလှုပ်လှုပ် တရွရွဖြင့် ရှိသည်ကို တွေ့ရလေသည်။ ၎င်းလူစုထဲမှ တစ်စုံတစ်ယောက်သော လူတစ်ယောက်သည် ဓားကြီးတစ်လက်အား ကိုင်ဆောင်ထားသည်။ ၎င်း၏ ရှေ့၌ မွေးဖွားစ ကလေးငယ် နီတာရဲလေး သုံးယောက်ကို ပက်လက် အနေအထားဖြင့် တွေ့ရလေသည်။
အဆိုပါ မြင်ကွင်းအား ဘေးသူစိမ်း တစ်ယောက်သာ မြင်ပါက အလွန် ရက်စက်ကြမ်းကြုပ်သော လူတစ်စု ဟူ၍ မှတ်ချက်ပြုသွား ပေလိမ့်မည်။ အမှန်စင်စစ်မှာမူ နောက်အခါတွင် လာလတ္တံ့သော လွန်စွာကြီးမားသည့် အန္တရာယ်အား ကြိုတင် ဖယ်ရှားခြင်းသာ ဖြစ်ပေသည်။ ရွာတွင် အမဲသား ပေါ်ရာ၌ နွားများကို သတ်ဖြတ်ပေးလေ့ ရှိသည့် ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား အားဖြင့် မဟုတ်ဘဲ အသာအယာ မြှောက်ကာ နီတာရဲ ကလေးသုံးယောက်၏ ချက်အနားဆီသို့ ဦးတည်၍ ခုတ်ချလိုက်လေသည်။ ထိုအခိုက် အနီးအနားရှိ လူကြီးများမူ မျက်စိအား အသာ ပိတ်ထားလိုက်ကြသည်။ မလုပ် မဖြစ်၍ လုပ်သင့်သော အလုပ်ကို လုပ်ရခြင်း ဖြစ်စေကာမူ မွေးဖွားစ ကလေးငယ် သုံးဦးအား ဓားဖြင့် ပိုင်းဖြတ်သော မြင်ကွင်းအား အဘယ်သို့ မျက်လုံးပြူး၍ ကြည့်ရှုနိုင်ပါလိမ့်မည်နည်း။
” ဟာ ….. ”
ကိုဖိုးထောင်၏ အလန့်တကြား အော်လိုက်သံကြောင့် အနီးအနားတွင် ရှိသော လူကြီးများ မျက်လုံး ဖွင့်ကြည့်လိုက်သည်။
” ဘာဖြစ်တာလဲ ဖိုးထောင် … မင်းဟာက အလန့်တကြား ”
” သူကြီး … ဒီဘီလူးလေးတွေကို ခုတ်လို့မရဘူးဗျ ”
” ဟေ … ဘာဖြစ်လို့ ခုတ်လို့မရတာလဲဟ၊ အသားက မာနေလို့လား ”
” မဟုတ်ဘူး သူကြီး၊ ကျွန်တော် ခုတ်ပြီး ဓားကိုလည်း ပြန်ဆွဲထုတ်လိုက်ရော ခုတ်ထားတဲ့ နေရာက ပြန်ဆက်သွားတယ် သူကြီး ”
” ဟေ ….. ”
သူကြီးပါမက လူကြီးများ အပါအဝင် ကလေးများ၏ ဖခင်ဖြစ်သူ ကိုအောင်မော်ပါ အံ့သြစွာ ရေရွတ်လိုက်မိသည်။
” နောက်တစ်ခေါက် ထပ်ပြီး စမ်းကြည့်စမ်းပါဦးကွာ … ”
” ဟုတ်ကဲ့ သူကြီး ”
ကိုဖိုးထောင်မှာ ယင်းကဲ့သို့ သူကြီးအား ပြောကြားပြီးနောက် အစကဲ့သို့ မဟုတ်ဘဲ ဓားကို အားဖြင့် မြှောက်ကာ ကလေးများ၏ ခန္ဓာကိုယ် အလယ်တည့်တည့်သို့ ခုတ်ပိုင်း ချလိုက်လေသည်။ ၎င်း၏ ဓားချက်ကြောင့် ကလေးငယ်များ၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းစီ ပြတ်သွားလေသည်။ သို့ရာတွင် သွေးကတော့ ထွက်မလာပေ။ သူကြီး အပါအဝင် ဘေးနားမှ လူကြီးများမှာ မည်သို့ မည်ဖုံ ဖြစ်လာမည်ကို တွေ့မြင်လိုသော မျက်လုံးများဖြင့် နှစ်ပိုင်း ပြတ်သွားသည့် ကလေးငယ် သုံးဦးအား ဝိုင်းဝန်း ကြည့်ရှုနေကြသည်။
ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား မြေပြင်မှ ပြန်နုတ်သည့်အခိုက် အလွန် ထူးဆန်းစွာပင် နှစ်ပိုင်းဖြစ်နေသော အနှီ ဘီလူးလေးများ၏ ခန္ဓာကိုယ်သည် တရွေ့ရွေ့ ပြန်ဆက်သွားကြသည်ကို အထင်းသား မြင်လိုက်ရလေသည်။ သြော် … အံ့ဖွယ်ရှိစွတကား။
အနီးအနားမှ လူများလည်း အဆိုပါ မြင်ကွင်းအား လက်တွေ့ မြင်လိုက်ရသဖြင့် အံ့သြ မှင်သက် သွားကြသည်။ ခဏ အကြာတွင် သူကြီး၏အသံ ထွက်လာသည်။
” ဘကြီးရန်အေး ကျုပ်တို့ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ ”
” အတော်တော့ အံ့သြစရာ ကောင်းသား၊ ဒါပေမယ့် အလုပ်တစ်ခုကို လေးနက်စေချင်ရင် သုံးကြိမ် လုပ်ရတယ်၊ ဘကြီးတို့ သြကာသကို သုံးကြိမ် ဆိုတာပဲ ကြည့်ပါလား၊ ဒီတော့ … နောက်တစ်ခေါက် ထပ်စမ်းကြည့်ကွာ၊ မရတော့လည်း တစ်မျိုး ကြံကြသေးတာပေါ့ ”
ယင်းသို့ ဘကြီးရန်အေးမှ ပြောလိုက်သည့်အခါ သူကြီးမှ နွားသတ်သမား ကိုဖိုးထောင်အား လှမ်းပြောလိုက်လေသည်။
” ဟေ့ … ဖိုးထောင်၊ နောက်တစ်ခေါက် ထပ်လုပ်ကွာ ”
ကိုဖိုးထောင် ထပ်ပိုင်းလိုက်သော်လည်း ယခင် အတိုင်းပင် ပြန်ဆက်သွားကြသည်။ ရော် … ခက်ပြီ။ ဒီလိုသာ ပြန်ပြန်ပြီး ဆက်သွားမယ်ဆိုရင် အလုပ်က ပြီးတော့မည်မဟုတ်။ ဘေးနားမှ လူကြီးများလည်း မည်သို့ လုပ်ကြရမည်ကို ကြံဆနေပုံရသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့၏ မျက်လုံးများသာမက စကားသံများပါ တိတ်ဆိတ် နေသောကြောင့် ဖြစ်လေသည်။
” သူကြီး ၊ ဒီလို လုပ်ကြည့်ပါလား … ”
” ဘယ်လိုလဲ၊ ဘကြီးထွန်း ”
” အရင်ဆုံး တွင်းနှစ်တွင်းကို ခပ်ဝေးဝေးမှာ တူး၊ ပြီးတော့ ဘီလူးလေးတွေကို ခုတ်ပြီးပြီးချင်း တစ်ပိုင်းစီကို ယူပြီး တူးထားတဲ့ တွင်းနှစ်တွင်းထဲမှာ မြှုပ်လိုက်ရင် မကောင်းဘူးလား၊ ဒီလိုဆို ပြန်ဆက်လို့လည်း မရတော့သလို မြှုပ်ပြီးသားလည်း ဖြစ်သွားတာပေါ့ ”
” ဟာ ဟုတ်တာပေါ့၊ ဘကြီးထွန်း ပြောသလိုဆိုရင် ပြန်မဆက်တော့ဘူးပေါ့၊ ဒီလိုဆို တွင်းနှစ်တွင်း အရင်တူးကြရအောင်ဟေ့ ”
သူကြီးဦးသာအေးမှ ထိုသို့ လောဆော် ပြောကြားရင်း ၎င်းကိုယ်တိုင် ပေါက်ပြားတစ်လက်အား ကောက်ယူကာ တူးလေတော့သည်။ တွင်းနှစ်တွင်းမှာ ခြေလှမ်းငါးဆယ်ခန့် ကွားဝေးလေသည်။
” ဟေ့ အသင့်ပြင်ထားကြနော်၊ ခုတ်ပြီးတာနဲ့ တစ်ခါတည်းယူပြီး ပစ်ကြ ”
သူကြီးမှ ကိုအောင်မော် အပါအဝင် လူလတ်ပိုင်းအရွယ် လေးယောက်အား ပြောလိုက်သည်။ သူကြီးအပါအဝင် ထိုခြောက်ယောက် လူစုသည် နီတာရဲ ဘီလူးလေး သုံးယောက်၏ ခေါင်းပိုင်းနှင့် ဖင်ပိုင်းတွင် သုံးယောက်စီ နေရာယူထားကြသည်။ ဤနေရာ၌ သူကြီးမှာ အဘယ်ကြောင့် ၎င်းကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်နေသနည်း ဟူမူ သူကြီးအောက် ငယ်သော သူမှာ ကိုအောင်မော်၊ ကိုဖိုးထောင်နှင့် အခြား လေးယောက်သာ ရှိပြီး ကျန်သည့် လူများမှာ သူကြီးထက် အသက်ကြီးသော ရွာ၏ ရပ်မိရပ်ဖ လူကြီးများသာ ဖြစ်သောကြောင့် ဖြစ်လေသည်။ ကလေး၊ လူငယ်၊ မိန်းမ စသူတို့အား ယခု နေရာသို့ မလာရန် သူကြီးမှ တားမြစ်ထားပြီး ဖြစ်လေသည်။
” ဟေ့ ဖိုးထောင်၊ ခုတ်ကွာ ”
ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား ဘီလူးလေးများကို ခုတ်ပိုင်းရန် အသင့်ပြင်လိုက်သည်။ သနားကြင်နာမှု မရှိ၊ ကြောက်ရွံ့ခြင်း မရှိသည့် နွားသတ်သမား ကိုဖိုးထောင် အတွက်မူ ယခုကိစ္စသည် ထမင်းစား ရေသောက် ဖြစ်နေသော်လည်း ပိုင်းပြတ်သွားမည့် ဘီလူးလေးများ၏ ခြေပိုင်းမှ ဆွဲရမည့် လူများမှာ ချွန်သည့် သဏ္ဍာန်ရှိသော ခြေသည်းရှည်ကြီး များကို ကြည့်၍ အနည်းငယ် ရွံ့နေဟန် ရှိလေသည်။ ထို့ထက် ဘီလူးလေးများ၏ ခေါင်းပိုင်းကို ယူရမည့် လူများမှာ နီကြောင်ကြောင် မျက်လုံးကြီး များနှင့် လက်သည်း ရှည်ကြီးများကို ကြည့်ကာ ပို၍ ရွံ့နေဟန် ရှိကြသည်။ အနှီ ဘီလူးပေါက်စလေးများမှာ မူကား ၎င်းတို့အား သတ်ဖြတ် ခံရခြင်းထက် ဆာလောင် မွတ်သိပ်သည့် အသံများဖြင့် ” အူဝဲ ” ဟူသော မွေးဖွားစ ကလေးငယ်တို့၏ အစွမ်းထက် ဂါထာ မန္တာန်ကိုသာ တွင်တွင်ကြီး ရွတ်ဆိုနေတော့သည်။
ဤသို့ဖြင့် ဘီလူးလေးများ၏ အပေါ်ပိုင်း သုံးပိုင်းကို တွင်းတစ်တွင်း၌ လည်းကောင်း၊ အောက်ပိုင်းကို တွင်းတစ်တွင်း၌ လည်းကောင်း မြှုပ်နှံပြီး ရွာဆီသို့ ပြန်ခဲ့ကြလေသည်။ ယင်းကိစ္စမှာလည်း ရွာထဲ၌ ရေပန်း အစားဆုံး သတင်းတစ်ပုဒ် ဖြစ်နေလေတော့သည်။ အချို့သော သူများက စိုးရိမ်လွန်းသော လေသံဖြင့် ပြောကြသေးသည်။
” ဘီလူးလေးတွေ မြေကြီးထဲမှာ ပြန်ဆက်သွားရင် ဘယ့်နှယ်လုပ်မလဲ ”
” အေ ညည်းကလည်း မဖြစ်နိုင်ပါဘူး ”
” မဖြစ်နိုင်ဘူး မပြောနဲ့တော်ရေ … ၊ တကယ်လို့သာ ကျုပ်ပြောတဲ့ အတိုင်း ဖြစ်ခဲ့ရင် ကျုပ်တို့ရွာတော့ ပြာကျမှာပဲ ”
” ဖွဟဲ့ ..၊ လွဲပါစေ ၊ ဖယ်ပါစေ ”
ထိုရက်ပိုင်းက ကိုအောင်မော်နှင့် မခင်ကြည်တို့မှာလည်း အိမ်ပြင်သို့ မထွက်ဝံ့ကြပေ။ ယင်းသို့ အိမ်ပြင် မထွက်ရခြင်း၏ နောက်ထပ် အကြောင်းမှာလည်း မီးဖွားပြီးစ မခင်ကြည်အား စိတ်မကောင်း မဖြစ်ရန် ကိုအောင်မော်က အားပေးစကားများ ပြောရင်း မခင်ကြည်၏ ဘေးတွင် အနေများနေခြင်း ကြောင့်လည်း ဖြစ်လေသည်။ ၎င်းတို့၏ သားဦးဖြစ်သူ မောင်ကောင်းကျော်ကို လောလောဆယ် ဘွားအေ၏ အိမ်၌သာနေရန် မှာထားလေသည်။
ဤကဲ့သို့ ဘီလူးလေးများအား မြှုပ်နှံပြီး တစ်ပတ်ခန့်အကြာ တစ်ခုသော နေဝင်ဖြိုးဖျ အချိန်တွင် သူကြီးဖြစ်သူ ဦးသာအေး၏ အိမ်ဆီသို့ တစ်ယောက်သော လူတစ်ဦးသည် တန်းတန်းမတ်မတ် လျှောက်လှမ်းလာလေသည်။ ထိုအချိန်၌ သူကြီးဦးသာအေးမှာ ရေနွေးကြမ်းအိုးအား ရှေ့၌ချကာ အိမ်ရှေ့ကွပ်ပျစ်တွင် အေးအေးလူလူ တစ်ယောက်တည်း ထိုင်နေသည့်အခိုက် ဖြစ်သည်။
” အောင်မော်ပါလား၊ လာလေကွယ် ”
” မင်းလက်ထဲမှာ ပေါက်ပြားကြီးနဲ့ ပါလား၊ ဘယ်ကပြန်လာတာလဲကွယ့်၊ ယာထဲကလား ”
” မဟုတ်ပါဘူး သူကြီး၊ ကျွန်တော် …. ”
ကိုအောင်မော်မှာ စကားအား ရှေ့ဆက်မပြောသေးဘဲ ရေနွေးကြမ်း တစ်ခွက်အား ကောက်ယူ၍ မော့ချလိုက်သည်။ ထို့နောက် -
” ကျွန်တော် ကျီးအာရိုးက ပြန်လာတာ သူကြီး ”
” ဟေ … မင်းက ဘာသွားလုပ်တာလဲ ”
” ကျွန်တော့် သားလေးတွေဖြစ်တဲ့ ဘီလူးလေးတွေကို သွားဖော်ကြည့်တာပါ သူကြီး၊ ဒါပေမယ့် …. ”
” ဒါပေမယ့်၊ ဘာဖြစ်လဲ အောင်ကျော်၊ ဘာတွေ့ခဲ့လို့လဲ ”
သူကြီးဦးသာအေးမှ သိချင်ဇောဖြင့် အလောတကြီး မေးလိုက်သည်။ ကိုအောင်မော်၏ စကားများတွင် တစ်စုံတစ်ခုသော ထူးခြားသည့် အကြောင်းများ ပါနေသည်ကို သူကြီးဦးသာအေး သိနေသည်။
” ကျွန်တော် ဘာမှ မတွေ့ခဲ့ဘူး သူကြီး၊ တွင်းနှစ်တွင်းလုံးကို ဖော်ကြည့်ခဲ့တာ မြေစာတွေက လွဲလို့ ဘာမှ မတွေ့တော့ဘူး သူကြီး ”
” ဟေ …. ”
” ခွေးတွေ ဘာတွေများ တူးယက်ပြီး စားသွားတာလားကွယ် ”
” မဖြစ်နိုင်ပါဘူး သူကြီး၊ ကျွန်တော်တို့ တူးခဲ့တဲ့တွင်းကလည်း နက်တော့ ခွေးတွေ တူးယက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး သူကြီး၊ ဒါ့ထက် တွင်းနှစ်တွင်းလုံးက လက်ရာ ခြေရာ မပျက်ဘူး ”
သူကြီး ဦးသာအေးသည် အဝေးသို့ငေးကြည့်ရင်း စဉ်းစား တွေးတောဟန်ဖြင့် ဤသို့ ပြောလိုက်လေသည်။
” ဒါဆို အတော် စဉ်းစားဖို့ကောင်းတဲ့ ကိစ္စပဲ … ”
x x x x x
နောက်တစ်နေ့ နံနက်တွင် သူကြီးသည် ရွာထဲမှ ကိုအောင်မော် အပါအဝင် လူငယ်၊ လူလတ်ပိုင်းများအား ခေါ်ဆောင်ကာ ဘီလူးလေးများကို မြှုပ်နှံထားခဲ့ရာ တွင်းနှစ်တွင်းအား သွားရောက် တူးဖော်ကြည့်ကြလေသည်။ ကိုအောင်မော် ပြောသည့်အတိုင်းပင် ဘီလူးလေးများမှာ ရှိမနေတော့ပေ။ အဆိုပါ တွင်းနှစ်တွင်း ကြားကိုလည်း တူးဖော်ကြည့်ကြ သကဲ့သို့ ဘီလူးလေးများကို မြှုပ်နှံခဲ့ရာ ကျီးအာရိုးနားတစ်ဝိုက် တူးဖော်ဖြင့် ရှာဖွေ ခဲ့ကြလေသည်။
သို့ရာတွင် ဘီလူးလေးများ၏ အစအနကိုပင် မတွေ့ခဲ့ရပေ။ ထိုနေ့ ထိုအချိန်မှစ၍ ကိုအောင်မော်နှင့် မခင်ကြည်တို့မှ သုံးမြွှာပူး မွေးဖွားလာခဲ့သော ဘီလူးလေးများမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေတော့သတည်း။

Friday, September 20, 2013

စဉ့်ကူး ပင်လယ်ကြီးကျေးရွာတွင် ဦးခေါင်း နှစ်လုံးပါ နွားလေးမွေး


မန္တ လေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ပင်လယ်ကြီးကျေးရွာတွင် စက်တင်ဘာ ၁ရရက်နံနက်ပိုင်း က တောင်ယာခင်းလုပ်ကိုင်သူ ဦးစံလှနေအိမ်၌ မိခင်နွားမကြီးက ထူးခြားစွာ ဦးခေါင်းနှစ်လုံးပါ နွား ...ကလေး တစ်ကောင်ကို မွေးဖွားခဲ့ ကြောင်း သိရသည်။

'' ဒီနွားမကြီးက ခုမွေးတာနဲ့ ဆို သုံးကြိမ်မြောက်သုံးသားဖြစ် ပါတယ်။ စက်တင်ဘာ ၁ရရက် နံနက်ပိုင်းမှာ နွားမကြီးက ထူးခြားစွာနဲ့ ဦးခေါင်း နှစ်လုံးပါ နွားလေးမွေးဖွားခဲ့ ပါတယ်။ ကျွန်တော့်တစ်သက် တော့ မကြုံဖူးတဲ့ထူးဆန်းတဲ့ အံ့ ဩဖို့ ကောင်း တဲ့ဖြစ်ရပ်တစ်ခုပါ။ မွေးစတုန်းကတော့ အသက်ရှင် လျက်ရှိပါတယ်။ ကျွန်တော့်အထင် တော့ နွားမကြီးက လမစေ့ဘဲ မွေး လို့ မွေးပြီးမကြာခင် သေသွားတာ ဖြစ်ပါတယ်''ဟု ဦးစံလှက ပြော သည်။

နွားလေးသည် နွားထီး လေးဖြစ်ပြီးခေါင်းနှစ်လုံး၊ ဘို့နှစ် လုံးပါရှိပြီး အခြားနွားများကဲ့သို့ အင်္ဂါအစုံပါဝင်ကြောင်း သိရပြီး ခေါင်းနှစ်လုံးပါ ထူးခြားသည့်နွား လေးကို စဉ့်ကူးမြို့နယ်မှ အလုပ် သင်တရားရုံးရှေ့နေ ဦးမျိုးကျော် က သူ၏ ဂမ္ဘီရ သုတေသန လုပ်ငန်း အတွက် အသုံးပြုနိုင်ရန် ပိုင်ရှင် ထံမှ ငွေကျပ် ၃၀၀၀၀ ဖြင့် ဝယ် ယူသွားကြောင်း သိရသည်။

Tuesday, September 17, 2013

နိုင်ငံအနှံ့ ရေကြီးနေပြီး ရွာလုံး ကျွတ် ပြောင်းရွှေ့ ရကာ ပြည်သူ အများ ဒုက္ခရောက်နေ ချိန် ဒေါ်အောင်ဆန်း စုကြည် နိုင်ငံခြား တွင် အစိုးတွေ မကောင်းခဲ့ကြောင်း သာပြောရင်း အချိန်ကုန်နေ




 နိုင်ငံအနှံ့ ရေကြီးနေပြီး ရွာလုံးကျွတ် ပြောင်းရွှေ့ရကာ ပြည်သူအများ ဒုက္ခရောက်နေချိန် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံ Prague မြို့တော်မှာ ကျင်းပနေတဲ့ Forum 2000  တွင် အစိုးတွေမကောင်းခဲ့ကြောင်းသာပြောရင်း အချိန်ကုန်နေ ကြောင်း သတင်းရရှိသည်။
 
မြန်မာနိုင်ငံအနှံ့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေပြီး အလယ်ပိုင်း ဒေသများ ဖြစ်ကြသော မန္တလေး၊ မြင်းခြံ၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ မုံရွာ၊ ပခုက္ကူ စသည့် ဒေသများတွင် မြစ်ရေကြီးမှုကြောင့် နေရာအနှံ့ ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကာ ရွာများပြောင်းရွှေ့၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေရကြောင်း သိရသည်။

မန္တလေးမြို့၌ ဧရာဝတီ မြစ်ရေသည် စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာအများအပြားတွင် လူနေအိမ်ခြေများ ရေ၀င်နစ်မြုပ် နေလျက်ရှိသည်။ ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ် ဆုံရာနေရာတွင်ရှိသော တံတားဦး၊ အင်းဝဒေသ တစ်လျှောက်လုံးတွင် မြစ်နှစ်စင်းလုံး မြစ်ရေမြင့်တက် နေမှုကြောင့် စိုက်ပျိုးမြေများ အပါအ၀င် လူနေအိမ်ခြေ များ၌လည်း ရေ၀င်နစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှု များပြားနိုင်ကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ဧရာဝတီမြစ်ရေ တိုးသည့်အတွက် တောင်သမန် အင်းတွင်လည်း ရေမျက်နှာပြင် မြင့်တက်ကာ တောင်သမန် ကန်ပတ်လမ်း ရေကျော်ခြင်းနှင့် စစ်ကိုင်း-မန္တလေး ကားလမ်း နေရာအချို့ ရေကျော်ခြင်းများ ဖြစ်ပေါ်လျက် ရှိနေသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ စက်တင်ဘာ ၁၃ ရက်က ယင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၂၃၀ အထက် ကျော်လွန်ကာ ၂၃၁ ဒသမ ၀၄ ပေသို့ ရောက်ရှိခဲ့ပြီး စက်တင် ဘာ ၁၄ ရက်တွင် ၂၃၁ ဒသမ ၂၇ ပေသို့ ဆက်လက် မြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၆ ရက် တွင်မှု စိုးရိမ်ရေမှတ် ၂၂၇ ပေတွင် ရပ်တန့်နေကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းမြို့တွင် စက်တင်ဘာ ၁၃ ရက်၌ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၁၁၉၂ စင်တီမီတာဖြင့် စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် မြင့်တက်နေကြောင်း သိရသည်။ ဒုဋ္ဌ၀တီ မြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၈၇၀ အထက်တွင် ရှိနေပြီး စက်တင်ဘာ ၁၆ ရက်တွင် စင်တီမီတာ ၉၃၀ ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက်မှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ် ၁၇၀၀ စင်တီမီတာ ရှိသည့် မင်းဘူးမြို့တွင် စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီက ၁၆၄၆ စင်တီမီတာအထိ ရောက်ရှိလာပြီး မင်းဘူးမြို့ပေါ်နှင့် မင်းဘူးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာကျော်သို့ မြစ်ရေများ ၀င်ရောက်ကာ နေအိမ်နှင့် ကျွဲနွားတိရစ္ဆာန်များ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာ ဌာနများထံမှ သိရသည်။

မင်းဘူးမြို့ အနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သည့် အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက် များအတွင်း စက်တင်ဘာ ၁၃ ရက်မှစ၍ မြစ်ရေ ၀င်ရောက်လာကာ စက်တင်ဘာ ၁၆ ရက် နံနက်အထိ ဆက်တိုက်မြင့်တက် လာသောကြောင့် ယင်းနေ့ မွန်းတည့်ပိုင်းအထိ နေအိမ် ၁၇၀ ခန့် ရေ၀င်ရောက် ခံခဲ့ရကာ မိသားစု ၅၀ ခန့် ပြောင်းရွှေ့ခဲ့ရသည်။

ပြောင်းရွှေ့ခဲ့ရသည့် မိသားစုများမှာ မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံနှင့် မှန်ကင်း ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

မြစ်ရေမြင့်တက်မှုကြောင့် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် အတွင်းရှိ ခုံစု၊ ရှားတော၊ ဆည်မုန်း၊ ကျောင်းကုန်း၊ ညောင်ကုန်း ကျေးရွာများနှင့် မင်းဘူး (စကု) မြို့နယ် အတွင်းရှိ ထုံးမကြီး၊ ပေါက်လေးပင်၊ ရွာသစ်ကုန်း၊ ပေါင်းကူး၊ သနပ်ပင်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာများမှ နေအိမ်များနှင့် ကျွဲ၊ နွား၊ ၀က် စသည့် တိရစ္ဆာန်များအား ကုန်းမြင့်ပိုင်း နေရာများသို့ ပြောင်းရွှေ့ပေး နေရကြောင်း သိရသည်။

''ကျွန်တော်တို့ရွာက ကမ်းပြိုလို့ ရွှေ့ထားရတဲ့ အိမ်တွေဟာ ပြန်မဆောက်နိုင်ခင် ရေထပ်တက်လာလို့ အိမ်အမိုးနဲ့ ထရံတွေ မျောပါကုန်တာတွေ ရှိခဲ့တယ်။ သစ်လုံးတွေကိုတော့ ဖောင်ဖွဲ့ပြီး သစ်ပင်တွေမှာ ကြိုးနဲ့ဆိုင်းထားရတယ်။ တစ်ရွာလုံး ရေထဲမှာဆိုတော့ ချက်ရေးပြုတ်ရေးနဲ့ နွားစာအတွက် ဒုက္ခပိုကြီးပါတယ်။ ငွေကြေးမရှိသူတွေကတော့ မင်းဘူးမြို့ပေါ် ဆိုင်တွေက အကြွေးယူစား နေရတယ်'' ဟု နိဗ္ဗာန်ကျွန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ညောင်ဦးမြို့တွင် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီအချိန် တိုင်းထွာချက်များအရ ၂၁၇၁ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ရာ မြို့ပေါ်ရပ်ကွက် အချို့ရှိ မြစ်ရေ၀င်ရောက် လျက်ရှိသည့် နေအိမ်များနှင့် ရေလယ်ကျွန်းရွာများ ရေလွတ်ရာသို့ ဆက်လက်ပြောင်းရွှေ့ နေကြရကြောင်း သတင်းရရှိသည်။

''ရေကတက်တုန်း ရှိသေးတယ်။ နွားတွေတော့ အခြေအနေ ဆိုးနေတယ်။ ဒီအတိုင်း တက်နေရင် ရွှေ့မှဖြစ်မယ်။ ရေက ကျွန်တော်တို့ တစ်ရပ်လောက် မြုပ်နေပြီ။ ခြောက်ပေ ခုနစ်ပေလောက် ရှိမယ်။ ရွှေ့ပြန်ရင်လည်း စားဝတ်နေရေးက မိသားစု တကွဲတပြား ဖြစ်ရင် မလွယ်ဘူးဗျ။ ကူညီထောက်ပံ့မှုတွေ ရရင်တော့ ကောင်းတာပေါ့'' ဟု လက်ပန်ခြေပေါ်အုပ်စု၊ အုန်းနဲကျွန်းမှ ဦးရွှေမန်းက ပြောကြားသည်။

ညောင်ဦးမြို့နယ်၊ ဧရာဝတီမြစ် အတွင်းရှိ ကျွန်းရွာများသည် ကျွန်းရေမြုပ်သည့်တိုင် ပြောင်းရွှေ့လိုသည့်ဆန္ဒ နည်းပါးလေ့ ရှိကြောင်း၊ လက်ရှိ အခြေအနေတွင်မူ ရေ၀င်ရောက်မှုသည် ယခင်နှစ်များထက် မြန်ဆန်ကြောင်း ဆယ်လံကျွန်းမှ ရွာသားတစ်ဦးက ဆိုသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှစ၍ ဧရာဝတီမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ဒေသခံများ ရေလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့မှုများ ပြုလုပ်နေရသည်ဟု သိရသည်။

''ဧရာဝတီမြစ်ရေ အခုလို မတိုးတာ ခုနစ်နှစ်လောက် ရှိပါပြီ။ ဒီနှစ်တော့ ထင်မထားဘဲ ရုတ်တရက်ရေကြီးမှုနဲ့ ကြုံရတာ။ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ကျွဲ၊ နွားများကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပြီးတော့၊ အချို့လည်း ရွာမှာ ဆက်လက် နေထိုင်ကြပါတယ်။ မိုးလေ၀သ သတင်းမှာတော့ ဧရာဝတီမြစ် အထက်ပိုင်းတွေ ရေတိုးနေဆဲလို့ သိရတဲ့အတွက် ပြောင်းရွှေ့ဖို့ လုပ်နေပါတယ်'' ဟု ဖိုးတုတ်ဖြူကျေးရွာမှ ကိုသိန်းဇော်က ဆိုသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဧရာဝတီမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ကမ်းနီး၊ ကမ်းဝေး ကျေးရွာများဖြစ်ကြသော သဲဖြူဝ၊ ဇီးကုန်း၊ လက်ပံပင်၊ သရက်ကုန်း၊ လေးအိမ်တန်း၊ အနောက်ရွာ၊ ကျီးပင်ရွာ၊ အုတ်ကျင်း၊ ဖိုးတုတ်ဖြူ၊ တလုပ်မြို့၊ ကျားတိုင်း၊ ကုလရွာ၊ စားကြူး အစရှိသော ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် ရေဘေးဒုက္ခများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၅ ရက် တိုင်းထွာချက်အရ အောင်လံမြို့ဘက်ရှိ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက် ခြောက်ပေခန့် မြင့်တက်နေပြီး ကမ်းနားအနိမ့်ပိုင်းရှိ ဈေးဆိုင်အများစု ရေနစ်မြုပ်နေကြောင်း သိရသည်။ မြစ်ရေ စိုးရိမ်ရေမှတ်မှာ ၂၅၅၀ စင်တီမီတာ ဖြစ်ပြီး ယခု ၂၄၀၀ စင်တီမီတာအထိ ရေတက်နေကြောင်း ရေလမ်းထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ် ဌာနမှ သိရသည်။ သမားရိုးကျအရ ရေကျနိုင်ဖွယ် ရှိသော်လည်း မိုးရွာသွန်း မှုများပါက ဆက်လက်၍ မြစ်ရေ မြင့်တက်နိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပခုက္ကူမြို့ ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာပေါင်း ၃၀ ခန့်နှင့် မြို့ပေါ်ရပ်ကွက် အချို့တွင် မြစ်ရေဆက်လက် မြင့်တက်နေသည့် အတွက် ရေကြီးရေနစ်မြုပ်မှုများ ဖြစ်ပေါ်ကာ အိမ်ထောင်စု အများအပြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

မြို့ပေါ်ရှိ မြေအနိမ့်ပိုင်းဖြစ်သည့် အမှတ် (၁) ရပ်ကွက်တွင် မြစ်ရေ၀င်ရောက်မှုကြောင့် ယခုလ ၁၄ ရက်မှစ၍ အိမ်ထောင်စုပေါင်း ၃၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး မြစ်ကမ်းဘေးရှိ အနောက်ဆယ်လံ၊ ရှားပင် ကျေးရွာများတွင်လည်း မြစ်ရေကြီးမှုကြောင့် နွားအကောင် ၃၀၀ ကျော်အား သက်ဆိုင်ရာ အကူအညီဖြင့် ရွှေ့ပြောင်းခဲ့ရသည်။

ပခုက္ကူမြို့ အနောက်ဘက်ရှိ ကြက်တန်းကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကြီး၊ သိမ်ကုန်း၊ မြင်းကျွန်း၊ ရှားတော၊ ထနောင်းကုန်းများနှင့် မြို့အရှေ့ဘက်ရှိ အေးကျွန်း၊ ရွှေချောင်းကျွန်း၊ ကွမ်းကျေးရွာ များတွင်လည်း ကျေးရွာအတွင်း မြစ်ရေ၀င်ရောက် မှုကြောင့် သက်ကြီးရွယ်အိုများ၊ အသုံးအဆောင် ပစ္စည်းများ၊ ကျွဲ၊ နွားနှင့် အခြား အိမ်မွေး တိရစ္ဆာန်များအား ရေလွတ်ရာ ကုန်းမြင့်များဆီသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံကျေးရွာ သားများထံမှ သိရသည်။

''ရွာထဲရေ၀င်တာ တအားများလာလို့ အသက်ကြီးတဲ့ သူတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ရေလွတ်တဲ့ မြေအမြင့်ဆီ ရွှေ့ထားတယ်။ အတော်များများက နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို ပြောင်းနေကြတယ်။ တချို့ မိသားစုတွေကျလည်း နွားတွေကို ရွှေ့ပြောင်းရင်း တစ်ခါတည်း ပြောင်းသွားကြတယ်။ ရွာထဲမှာ လူငယ်တွေလောက်ပဲ ကျန်တယ်။ ရေထပ်များလာရင် ရွှေ့ပြောင်းတာတွေ ဒီထက်ပို များလာနိုင်တယ်'' ဟု ရေကြီးမှုနှင့် ကြုံတွေ့နေရသည့် ကျွန်းဦးကျေးရွာမှ ကိုဖိုးကျော်က ဆိုသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ် ၂၁၅၀ စင် တီမီတာသို့ ရောက်ရှိရန် ၁၀ စင်တီမီတာခန့်သာ လိုတော့ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များတွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့သည့် အတွက် ရေကြီးရေနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဧရာဝတီမြစ်သည် ပြီးခဲ့သည့် မိုးဦးကာလနှင့် မိုးလယ်ကာလတို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားခြင်း မရှိခဲ့ဘဲ ယခုမိုးနှောင်း ကာလမှသာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် စပါးစိုက်ပျိုးခြင်းများ ပြုလုပ်လျက်ပြီး ရေကြီးရေလျှံ မှုကြောင့် စပါးခင်း အများအပြား ပျက်စီးခဲ့ရသည်။

Saturday, August 31, 2013

ထူးထူးခြားခြား ဝက်မကြီးမှ ဝက်၊ ဆင်၊ မျောက်ပုံတူ ဝက်မွေးဖွား

ထူးထူးခြားခြား ဝက်မကြီးမှ ဝက်၊ ဆင်၊ မျောက်ပုံတူ ဝက်မွေးဖွား

 ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာ အုပ်စု ရွာတော်တောင်ရွာ အမှတ်(၁၈၃)နေ ဦးဝင်းညွန့် နေအိမ်တွင် ယနေ့နံနက် ၁၁ နာရီခွဲက ၎င်းအိမ်၌ မွေးမြူထားသော တစ်နှစ်သား အရွယ် ဝက်မတစ်ကောင်မှ ဝက်ပေါက် ကလေး သုံးကောင် မွေးဖွား ခဲ့သည်။

ထိုသို့ ဝက်ပေါက်ကလေး သုံးကောင် မွေးဖွားရာတွင် ဝက်မကလေး တစ်ကောင်မှာ သမားရိုးကျ မွေးဖွားခြင်း မဟုတ်ဘဲ ထူးထူးခြားခြား ဝက်၊ ဆင်၊ မျောက်ပုံတူ မွေးလာသည်ကို တွေ့ရသည်။

ဝက်မကလေး၏ ထူးခြားချက်မှာ မျက်နှာသည် ဝက်နှင့် မတူဘဲ မျောက်မျက်နှာနှင့် တူနေပြီး  မျက်နှာတွင် နှာခေါင်း ပါရှိခြင်း မရှိဘဲ အသက်ရှူရာတွင် ပါးစပ်ဖြင့်သာ အသက်ရှူနေသည်ကို တွေ့ရသည်။ ထို့အပြင် ပို၍ ထူးခြားသည်မှာ မျက်နှာတွင် မျက်လုံးတစ်လုံးတည်းသာ ပါရှိပြီး  မျက်နှာရှိ နဖူးတည့်တည့်တွင် ဆင်များကဲ့သို့ နှာမောင်းပါရှိ သည် ကိုလည်း  တွေ့ရသည်။  ယခုအခါ အဆိုပါ ဝက်မကလေးမှာ ကျန်းမာစွာဖြင့် အသက်ရှင်လျက် ရှိသည်။

Monday, August 19, 2013

တိုင်းရင်းသားကလေးငယ်လေး အကူအညီလိုအပ်နေ

Aug 19, 2013

မွေးရာပါရောဂါဖြင့် ခွဲစိတ်ကုသရန်လိုအပ်နေသော တိုင်းရင်းသားကလေးငယ်လေး အကူအညီလိုအပ်နေ


ဒီတစ်လသားလေးကတော့တကယ်ကိုကံဆိုးရှာသူလေးပါ။မိခင်ဖြစ်ဖြစ်သူမချိုပြုံးသူ့ကို
မွေးဖွားစဉ်က မွေးရာပါစအိုကြီးနေတာကြောင့် အရပ်လက်သည်က
မမွေးဖွားရဲတော့
တာကြောင့် ကလေးကိုယ်တပိုင်းထွက်တန်းလန်းနဲ့ရွာငံဆေးရုံကို ထော်လာဂျီနဲ့ ပြေးရတာပါ။
ရွာငံဆေးရုံမှာ မွေးဖွားပြီးပေမယ့် မွေးရာပါစအိုကြီးတာက ပိုဆိုးရွှားလာတာကြောင့်
ရွှာကလူတွေ စုဆောင်းပေးလိုက်တဲ့ငွေလေးနဲ့မန္တလေးဆေးရုံကိုလာတက်ကြတာပါ
ကလေးဟာခွဲစိတ်ဖို့လိုအပ်နေပြီး မိဘတွေကငွေကြေးမတတ်နိုင်တာကြောင့်အခက်အခဲ
ဖြစ်နေရပါတယ်။မိဘတွေကတော့အဖေ ကိုအောင်ဆန်းဝင်း အမေ မချိုပြုံးပအိုဝ်
တိုင်းရင်းသားတွေပါ။နေတာကတော့ ရွှာငံမြို့နယ် လက်ပံပင်ကျေးရွှာဖြစ်ပါတယ်။
ကလေးငယ်ဟာ မန္တလေး ကုတင်
၅၅၀ဆန့် ကလေးဆေးရုံသစ် ခွဲစိတ်ရုံ(၂) မှာ
တက်ရောက်ကုသနေပါတယ်။

ကလေးငယ်အတွက်ဆက်သွယ်လှူဒါန်းလိုတယ်ဆိုရင်တော့ မန္တလေးမြို့ ကုတင်၅၀၀
ကလေးဆေးရုံ ခွဲစိတ်ရုံ(၂)သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထားပြီး
တင်ပြပေးလိုက်ရပါသည်။

Friday, July 19, 2013

"ဗုဒ္ဓဘာသာမြန်မာမိန်းခလေးများ မမှားသင့်တာလေးတွေ မမှားရအောင် (ဖြစ်ရပ်မှန်)"

 

"ဗုဒ္ဓဘာသာမြန်မာမိန်းခလေးများ မမှားသင့်တာလေးတွေ မမှားရအောင် (ဖြစ်ရပ်မှန်)"

 




ဒီအဖြစ် အပျက်လေးက အညာမြို့လေး တစ်မြို့မှာ တကယ်ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ် ပါတယ်။ တိတိကျကျ ပြောရရင် မုံရွာမြို့နယ်၊ အလုံမြို့လေးမှာ ဖြစ်ပါ တယ်။ ဒီမြို့လေးဟာ ဘိုးတော်ဘုရား အိမ်နိမ့်စံဘ၀က ပဒုံဟူသောအမည်နဲ့ မြို့တည်ပြီး စိုးစံခဲ့ တာကြောင့် သမိုင်းကြောင်း အရာလည်း ထင်ရှား ခဲ့ပါတယ်။ အလုံမြို့လေးဟာ ချင်းတွင်းမြစ်ကမ်း နဖူးမှာ တည်ရှိ နေတာကြောင့်လည်း သာယာ စိုပြေ လှပါ သည်။ မြို့သူမြို့ သား တွေဟာ ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက် အသား အရေ စိုပြေ လှပါတယ်။ အဲဒါကြောင့် ချင်းတွင်း မြစ်ရေဟာ အလုံမြို့သူမြို့သား တွေရဲ့ နှလုံးသားများ ဖြစ်နေ ပါ တော့တယ်။

မစုစုလတ်ဟာ ဦးလှမြတ်+ ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမများနှင့်အတူ အလုံမြို့၊ ရွေတံ ခါးရပ်မှာနေ ထိုင်ကြပါတယ်။ သူတို့မိသားစုဟာ မျိုးရိုး အစဉ် အဆက်က တည်းက အေးအေး ဆေးဆေး နေတတ်ကြသူများ ဖြစ်ကြပါတယ်။ ဖခင်ဦးလှမြတ်ကတော့ အရောင်း အ၀ယ်နဲ့သာ အချိန်ကုန် နေတတ်ပြီး မိခင်ဒေါ်စန်းရီမှာတော့ အထက ( ၁ ) အလုံမှ ကျောင်းဆရာမ တစ်ဦး ဖြစ်ပါတယ်။ ဆရာမဖြစ်သည့်အလျောက် ခလေးငယ်များ ကျောင်း ပညာ ရေးဖြင့်သာ အချိန်ကုန်ခဲ့ရပါတယ်။

"တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏" ဆိုတဲ့သူလည်းဖြစ်ပါတယ်။အဲဒါကြောင့် မိမိရဲ့သား သမီးများကို " အမျိုးကို ဘယ်လိုချစ်ရမယ်၊ ဘာသာတရားကို ဘယ်လို လေးစား တန်ဖိုး ထားရမယ်"စတာတွေကို ဆုံးမသွန်သင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ အခုဆိုရင်သမီးဖြစ်သူ မစုစုလတ်တောင် အရွယ်ရောက်လို့ လှသွေးကြွလို့ နေပါပြီ။ အသားကလည်း ဖြူ ရုပ်ဆင်း အင်္ဂါ ကလည်း ချောမွေ့၊ ခန္ဓာကိုယ် အချိုး အစား ကလည်း ပြေပြစ်တော့ မြင်သူ တကာ ငေးမော ရလောက်အောင် လှပ လွန်းပါတယ်။ အလှပေါ် အယဉ်ဆင့်ဆိုသလို သူ့ရဲ့ ရိုးသားမှု ဂုဏ်ကလည်း ပိုပြီး တော့ လှပတင့်တယ်မှု ကိုအရောင် တောက်စေပါ တယ်။
အရွယ်လည်း ရောက်လာတဲ့မစုစုလတ်ဟာ မိဘတွေရဲ့ဝင်ငွေကို တစ်ဘက်မှ ကူညီပြီး ရှာဖွေပေး ချင်တဲ့ အတွက် စက်ချုပ်ပ ညာကို သင်ယူခဲ့ပါ တယ်။ ဒီပညာနဲ့ပဲ မိဘ ၀င်ငွေကို တစ်ဘက် တစ်လမ်းက ရှာဖွေပြီမိဘကျေးဇူး ဆပ်ခဲ့ပါတယ်။ အလုပ် အကိုင်လေးက လည်းရှိ၊ ရုပ်ရည် ကလည်းချော၊ သဘောမနောက လည်းဖြူဆိုတော့ သူကို လှမ်းခြူဖို့ ကြိုးစားနေကြတဲ့ ကိုကို လူပျိုကာလသားတွေ ကလည်း ၀ိုင်းဝိုင်းလည်အောင် ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရာဇင်ဆိုတဲ့ ကောင်လေးတစ် ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်၊ ရာဇင်ဟာစုစုလတ်
အပ်ချုပ်ဆိုင် ကိုသွားတိုင်း လမ်းမှစောင့်ပြီး ပိုးပန်းလေ့ရှိခဲ့ပါတယ်။

ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ စုစုလတ် ကို အာဘောင်အာရင်းသန် သန်ဖြင့်ချိုမြရွှင်ပြ တဲ့ရည်းစား စကားများ ပြောပြီး စုစုလတ်ရဲ့ အချစ်ကို ရယူ နိုင်ခဲ့ပါတယ်။ အချစ် မျက်ကန်း သည်မလေး စုစုလတ်ဟာ ရာဇင်ရဲ့ အချစ်ကို လက်ခံ ရယူပြီးချိန် မှာတော့ ရာဇင်ဟာ မစုစုလတ် အပေါ် အလိုလိုက်အ ကြိုက်ဆောင်ကာ အစွမ်းကုန် ယုယကြင်နာ မှုများ ပေးစွမ်း ခဲ့ပါတယ်။ နောက်ပြီး မစုစုလတ် ကြိုက်တတ်တဲ့ အမှတ်တရ ပစ္စည်းလေးများကို ၀ယ်ပေးလေ့ ရှိခဲ့ပြီး အပြုံးချိုချို မျက်နှာထားလေးနဲ့ အကြွားပိုပြခဲ့ပါတယ်။ မိန်းခလေး တစ်ယောက်ကို ဘယ်လို ပြောရမယ် ဘယ်လိုချဉ်း ကပ်ရမယ်၊ ဘယ်လိုမြူဆွယ် ရမယ် ဆိုတာကိုလည်း ကျွမ်းကျင် ပိုင်နိုင်ပြီး မိန်းမကျမ်းကျေထားပုံ လည်းရပါတယ်။
ရာဇင်နဲ့မစုစုလတ်ဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမယ့် မတူညီတဲ့ခြား နားချက် တွေ ရှိခဲ့ကြပါတယ် အဲဒါကတော့ လူမျိုးလည်းမတူ၊ ဘာသာ ကလည်းခြားနား လို့နေပါတယ်။ မစုစုလတ်ဟာ ဗုဒ္ဓဘာသာမြန်မာ လူမျိုးစစ်စစ်ဖြစ်တဲ့ မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ မြန်မာအမျီုးသမီး
လေးပဲဖြစ်ပါတယ်။ ရာဇင်ကတော့ မြန်မာလူမျိုးလည်း မဟုတ်သလို ဗုဒ္ဓဘာသာကို ကိုးကွယ် ဆည်းကပ် သူလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုမတူညီတဲ့ ခြားနားမှုလေးတွေကြောင့် မစုစုလတ် မိဘများ ကလည်း ရာဇင်နဲ့ သဘောမတူခဲ့သလို မစုစုလတ် ကိုယ်တိုင်ကလည်း ရာဇင်နဲ့ လက်ထပ်ဖို့ ငြင်းဆန် ခဲ့ပါတယ်။
ဒါပေမယ့် ရာဇင်က မစုစု လတ်ကို "လူမျိုးမတူ ဘာသာမတူတာနဲ့ကိုယ်တို့နှစ်ယောက် ဝေးရမယ် ဆိုတာ လုံးဝ မဖြစ်စေရဘူး။ ငါလည်းငါကြိုက်နှစ်သက်တဲ့ဘာသာကို ကိုးကွယ်မယ်။ မင်းကိုလည်းမင်းကြိုက်နှစ်သက်တဲ့ ဘာသာကို လွပ်လွပ် လပ်လပ်ကိုး ကွယ်ယုံကြည်ခွင့် ပေးမယ်"ဆိုပြီး အာမခံချက် ရဲရဲတင်းတင်းပေးလိုက်ပါတယ်။
အရိုး ခံမ စုစုလတ်ခမျာ စိတ်ထဲမှာ ရာဇင်ဟာ အခြားအခြားသော လူမျိုးခြား၊ ဘာသာခြား တွေနဲ့ မတူ လိမ္မာယဉ်ကျေးမှုရှိတယ်။လူမှုရေးရှိတယ်၊သူ့အပေါ်ကို နားလည်မှု ပေးတယ်၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်း ပေးတယ်ဆိုပြီး တစ်ကိုယ်တော် ချီးမွမ်း ခမ်းထုတ်ကာ ရာဇင်ကို မိုးကျရွေ ကိုယ် နတ်သားတစ်ပါးလို ထင်လာခဲ့ပါတယ်။မစုစုလတ်မိဘတွေကလည်း ရာဇင်နဲ့ အဆက်အသွယ်ဖြတ်ဖို့ အမျိုးမျိုးဖြောင်း ဖျခဲ့ကြပါတယ်။ " သမီးရယ်အခု သမီးနဲ့ ချစ်ကြိုက်နေတဲ့ ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို လက်ထပ်ယူမယ်ဆိုရင် မေမေတို့ မိဘဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်း စောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ ပျက်စီးကုန် လိမ့်မယ်၊သမီးကြားဖူးမှာပါ၊မြေမျိုလို့လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးလူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့ ပြောခဲ့တာမဟုတ်ဘူး၊ သမီးတို့လို အချစ် မျက်ကန်းတွေအတွက် အရေးတကြီးမှာခဲ့တဲ့စ ကားဖြစ်တယ်၊ သမီးအခု ဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို ရောက်ဖို့ တာစူနေပြီ၊ အသိတရားနဲ့ သတိ ထားပါ သမီးရယ်၊ မေမေလည်း ငယ်ရာက ကြီးလာတာမို့ သမီးတို့လူငယ်တွေရဲ့အချစ်ဟာဘယ်လောက်ထိ နက်ရှိုင်း စူးနစ်တယ် ဆိုတာ မေမေနားလည် ပါတယ်။ မေမေတို့နဲ့ အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာ ခြေပြတ်လက်ပြတ်တောင်းစားနေတဲ့ သူတောင်းစား နဲ့ဆို ရင်တောင် မေမေအခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ မဟုတ်ဘူး၊ လမ်းဘေးက သူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့မေမေ့မြေးလေးတွေ ဟာ မြန်မာ လူမျိုး စစ်စစ်ဖြစ် ရသေးတယ်၊အခုသမီးချစ်ကြိုက်နေတဲ့ ကောင်လေးနဲ့ သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲငါ့မြေးလေးတွေဟာ လူမျိုးခြားက ပြားလေးတွေ ဖြစ်နေချေရဲ့။ ဒါကြောင့်မို့ မေမေ့ကို သနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့လုံးဝ လက် မထပ်နဲ့ နော် "ဆိုပြီး မိခင်ဒေါ်စန်းရီ ခမျာ သမီးဖြစ်သူကိုငိုယိုပြီးတောင်းပန်ရှာပါတယ်။

ဒါပေမဲ့ မစုစုလတ်ကတော့ ခပ်မိုက်မိုက်ပဲ အချစ်သူရဲကောင်းကြီး လုပ်ပြီးရာဇင်နဲ့ နှစ်ဦး သဘောတူ လက်ထပ် ယူလိုက်ကြပါတယ်။ အဲဒီတုန်းက မစုစုလတ်ဟာကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူးကာ ပျော်ရွင် လိုက်သည့်ဖြစ်ခြင်း၊ လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင် ထင်ခဲ့မိပါတယ်။ သူတို့လက်ထပ်ပြီး လို့နှစ်လလောက်ကြာလာတဲ့ အခါမှာတော့ မင်းသားခေါင်း စွပ်ထားတဲ့ ဘီလူးမျက်နှာဟာ တစ်နေ့တခြား ထင်ထင်ရှားရှား ပေါ်လွင် လာပါ တော့တယ်။ ရာဇင်ဟာသူတို့ ဘာသာရဲ့ ထုံးစံအတိုင်း မစုစုလတ်ကို သူတို့ ဘာသာထဲ ၀င်ရမယ်လို့ အကျပ် ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်ကတကယ်လို့
မစုစုလတ် အနေနဲ့ သူတို့ ဘာသာထဲ ကိုမ၀င်ပဲ ဗုဒ္ဓ ဘာသာကို ဆက်လက် ကိုးကွယ် ယုံကြည် နေဦးမယ် ဆိုရင် သူတို့ ဘာသာရဲ့ထုံးစံအရတရားဝင် ဇနီးမယားဖြစ်မလာ နိုင်ကြောင်း၊ မွေးလာတဲ့ သားသမီး တွေမှာလည်း တရားဝင် သားသမီး မဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့် မရရှိနိုင်ကြောင်း၊ မစုစုလတ် ကိုယ်တိုင် မှာလည်း၊ တရားဝင်ဇနီးမယား မဖြစ်သေးတဲ့ အတွက် လင်မယားချင်း ကွဲကွာ တဲ့အခါ ဘာပစ္စည်းမှမရနိုင်ကြောင်း၊ ဒါကြောင့်မို့ မစုစုလတ်ကိုယ် တိုင် တရားဝင် ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး သူတို့ဘာသာနဲ့ အညီလက်ထပ် ရမညီဖြစ်ကြောင်း အကျပ် ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေ ကလည်း သူတို့ အိမ်မှာ တစ်ခြား ဘာသာကို ကိုးကွယ် ယုံကြည်တဲ့ မစုစုလတ်ရှိနေလို့လာဘ်မရှိတာ စီးပွားရေး ကျတာဆိုပြီး မစုစုလတ် အပေါ် အပြစ်ပုံချကာ မကြည်ဖြူ နိုင်တော့ဘဲ ငြိုငြင် လာကြ ပါတယ်။ အခုတော့ လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ် ယူခဲ့တဲ့ မစုစုလတ်ရဲ့ မိုးကောင်းကင်ရွေအိမ်မက်ကြီးဟာ တစ်ဖြည်းဖြည်း အရောင်တွေ လွင့်ပါးပြီး ပျက်ပြယ် ခဲ့ရပါပြီ။ပျော်ရွင် ရယ်မောခြင်းတွေဟာလည်း တဖြည်းဖြည်းအရည်ပျော်ကာ ငိုကြွေးခြင်း ရဲ့ လမ်းစဖြစ်ခဲ့ရပါပြီ။သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါး တမာတောလို ဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက အကြင်နာ ပုံရိပ်တွေ ဟာလည်း တံလျပ်ပမာ အဝေးဆီသို့သာ တရိပ်ရိပ် လွင့်မျောပျောက်ကွယ်သွား ရပြီတကား။

အခုတော့မစုစုလတ်ခမျာ ဆုံးဖြတ်ချက် တခုခုတော့ချ ရတော့မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့ မိဘဘိုးဘွား တွေရဲ့ မျိုးရိုးဇာတိကိုငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာရှေ့ ရေးကိုငဲ့ မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး ဆုတ်လည်းစူးဖြစ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။ မိမိရဲအမိုက်ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် က ရပါတော့ မယ်။ ဒီအချိန်မှာ အိမ်ပြန်လို့လည်းဘယ်မိဘညီအစ်ကိုမောင်နှမ ကမှ လက်ခံမည် မဟုတ်၊ မိဘညီအကိုမောင်နှမတွေက ဒီလူမျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့အတန်တန် တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့အချစ်သူရဲ ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့ ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။ အခုတော့ မစုစုလတ်ရဲ့ ဘ၀ကတော့ "ပေါက်တဲ့ နဖူးမထူးဘူး" ဆိုတဲ့စကားလိုဘယ်အရာမျိုးကိုမှ မထူး တော့ဘဲ ကံကြမ္မာ ကိုသာ ယိုးမယ်ဖွဲ့ပြီး လူမျိုးခြားဘာသာဇာတ်ထဲကို ခြေစုံပစ်ဝင်လိုက်ရပါတော့တယ်။ လူမျိုးခြား၊ ဘာသာခြား ဇာတ်ထဲ ၀င်ရတယ်ဆိုတာ ပါးစပ်က အပြောနဲ့ ၀င်ပါ့မယ် ဆိုပြီး လုပ်လို့မရဘူး။ သူတို့ ယုံကြည်မှုရှိအောင် သူတို့ခိုင်းသမျှ အကုန်လုပ်ပြရတယ်။ မစုစုလတ်ငယ်ငယ်လေးထဲက ဦးထိပ်မှာ ပန်ဆင်ပြီး ရှိခိုးဦးချခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ဟာ အခုတော့မစုစုလတ်ရဲ့ခြေဖ၀ါးအောက် ရောက်ခဲ့ ရပါပြီ။ မိဘဘိုးဘွားစဉ်ဆက်က အရှေ့အရပ်ကို ခေါင်းပြုအိပ်ခဲ့ရတဲ့မစုစုလတ်ဟာ အခုတော့ ခြေအစုံ ပစ်ကန်ပြီး အိပ်ခဲ့ရပါပြီ။ အိမ်ဦးခန်းမှာ ကိုးကွယ် ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော် ဟာလည်း သာမန်သစ်သားတုံး အမှတ်ဖြစ်ခဲ့ ရပါပြီ။ တန်ခိုးကြီး စေတီ ပုထိုးများ ဟာလည်း မစုစုလတ် ဘ၀အတွက်တော့ အုတ်ပုံ အဖြစ် ရောက်ခဲ့ရပါပြီ။ သို့ပေမယ့် မစုစုလတ် အနေနဲ့ ဘာမှအားအငယ်ခဲ့ပါ။ ဘာကိုမှ လည်းတွေးပြီးမပူပန်ခဲ့ပါ။
မောင်သာ မေ့ဘ၀၊ မောင်သာမေ့ရဲ့ ကမ္ဘာဖြစ်လို့ နေခဲ့မိပါတယ်။ လောကမှာ အမြတ်နိုးဆုံး အရာ တွေလို့ ထင်မှတ် ထားခဲ့တဲ့ မိဘမျိုးရိုးစဉ်ဆက်နှင့်ဘာသာတရားတွေကို ချိန်ခွင် တစ်ဖက်မှာ တင်ပြီးတော့ ရာဇင်ဆိုတဲ့ မောင့်ကို ချိန်ခွင်တစ်ဖက်မှာတင်ပြီး ချိန်တွယ်ခွင့် ရမယ်ဆို ရင်တောင်၊ မောင့်ဖက်မှာပဲ အလေးပေးခဲ့တဲ့ အချစ်မျက်ကန်း သည်မလေး မစုစုလတ်မဟုတ်ပါလား။

၂၀၀၀ ပြည့်နှစ်မတ်လသို့ရောက်ခဲ့ပါပြီ။ဒီအချိန်မှာမစုစုလတ်တစ်ယောက်ကျမ္မာရေးမကြာခဏဖောက်ပြန် လို့နေပါတယ်။ညတိုင်းအိပ်တဲ့အခါတွေမှာလည်းအိမ်မက်ဆိုးများမြင်မက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဒုက္ခရောက် တဲ့အခါ ထွက်ပေါက်အဖြစ် လင်ယောက်ျားမသိအောင် ဗေဒင် ဆရာကို အားကိုးတကြီးနဲ့ သွားမေးပါတယ်။ ဗေဒင်ဆရာက ဘုရားမှာ အုန်းညွန့်၊ ဒါန်းညွန့်များ လှူပြီး ကုသိုလ်ကောင်းမှုများ လုပ်ဖို့ ယတြာပေး လိုက်ပါတယ်။ မစုစုလတ်အနေနဲ့ ရောဂါ ဝေဒနာ သက်သာ ပျောက်ကင်းစေဖို့ ဗေဒင်ဆရာ ပေးလိုက်တဲ့ ယတြာကိုချေချင် ပါတယ်၊ ဒါပေမယ့် ဘာသာခြား ဇာတ်ထဲ ၀င်ထားတဲ့ သူတစ်ယောက်အနေနဲ့ ဘုရားကျောင်းကန်မှာ သွားပြီးအုန်းညွန့်၊ ဒါန်းညွန့်လှူဖို့ အခက်တွေ့ရ ပါတော့တယ်။ဒါပေမယ့် ဥပါဒါန်ကြောင့် ဥပါဒ်ရောက် မဖြစ်ရအောင်(၆. ၃. ၂၀၀၀) နေ့မှာဘုရားကျောင်းကန်ကို သွားမနေတော့ဘဲ မိမိအိမ်မှာ တင်လစ်ပို ပုလင်းထဲကိုအုန်းညွန့်၊ ဒါန်းညွန့်များထိုးကာ အပ်ချုပ်စက် ခုံပေါ်မှာ ပဲတင်လှူ လိုက်ပါတယ်။ ဒီစက်ချုပ် ခုံပေါ်မှာ ပန်းတင်လှူတာကိုမြင်သွားတဲ့ ယောက်မဖြစ်သူ နိုရဘီက စုစုလတ် ဘုရားမှာပန်းတင် လှူကြောင်းအကိုဖြစ်သူရာဇင်နှင့် သူ့အိမ်သားတွေကို တိုင်ကြားပါတယ်။ ရာဇင်နဲ့ယောက္ခမဖြစ်သူများဟာ စုစုလတ် သူတို့အိမ်မှာ ပန်းတင်လှူကြောင်း လည်းသိရော ယမ်းပုံမီးကျ ဒေါသ ပေါက်ကွဲကာ မစုစုလတ်ကို ခေါ်ပြီးပါး တွေနားတွေ ရိုက်ပစ်လိုက်ကြပါတယ်။ ပြီးတော့ ရာဇင်က "နင့်ဘုရားရှိခိုးမယ့်အစား င့ါဟာကြီး ရှိခိုး” ဆိုပြီးပုဆိုး လှန်ပြကာ ရှိခိုး ခိုင်းပါတယ်။ မစုစုလတ်ကိုရိုက်နှက်တဲ့နေရာမှာ ရာဇင်တင် မကပဲ ရာဇင့် အမေနင့်မောင်နှမလေးယောက်တို့ က၀ိုင်းပြီးရိုက်နှက်ကြပါတယ်။ လူလေး ယောက်က ၀ိုင်းပြီးရိုက်နှက်ကြတဲ့အတွက် မစုစုလတ်ခမျာ အလွန် နာကျင်လွန်းလှတာ မို့ အော်ဟစ် ငိုကြွေးပြီး ပတ်ဝန်းကျင်ကို အကူအညီ လှမ်းတောင်းမိပါတယ်။ မစုစုလတ်က ပတ်ဝန်းကျင် ကို အော်ဟစ် အကူအညီတောင်းရမလား ဆိုပြီး ရာဇင်တို့မိသားစုရဲ့ ဒေါသဟာ အထွက် အထိပ်သို့ ရောက်ရှိသွားပါတယ်။ အဲဒါကြောင့် အိမ်ရှိတံခါးအားလုံးကိုပိတ်ပြီး စုစုလတ်ပါးစပ်ထဲသို့ အ၀တ်စုတ်များကို ထည့်ကာ မသေမချင်း သတ်ဖြတ် ပစ်လိုက် ကြပါတယ်။

မစုစုလတ်ခမျာမှာလည်း မိန်ကလေးဖြစ်နေတာကတစ်ကြောင်း လေးယောက်အားကိုမယှဉ်နိုင်
တာက တစ်ကြောင်းဆိုတော့ သရဲသဘက်စီးနေတဲ့ သူတို့စက်ကွင်းထဲ ကဘယ်လိုမှ ရုန်းမထွက်နိုင်ဘဲ အိမ်ထဲမှာ တင်ပဲပွဲချင်းပြီး သေဆုံးသွားပါတယ်။ ရာဇင်တို့မိသားစုဟာ အလွန် လည်ကြပါတယ်၊ ယုတ်မာတဲ့နေရာ မှာလည်း နှစ်ယောက်မရှိဘူးလို့တောင် ပြောလို့ရ ပါတယ် ။ စုစုလတ်အလောင်းကို မတော်တဆသေဆုံးမှု သေခင်းပုံစံမျိုးနဲ့ သဲလွန်စဖျောက်ဖို့ ကြိုးစားကြ ပါတယ်။

တစ်မြို့လုံးမှာရှိတဲ့ သူတို့အမျိုးတူ၊ ဘာသာတူတွေအားလုံးကလည်း ငွေအားလူအားနဲ့ ၀ိုင်း ၀န်းပြီး လက်စလက်န ဖျောက်ပေးကြပါတယ်။ စုစုလတ် အလောင်းကို မြေမမြုတ်ပဲမီး သဂြိုဟ် ဖို့ စီမံကြပါတယ်။ မိခင်ဖြစ်သူဒေါ်စန်းရီမှာ သူသမီး ဟာသွေးရိုး သားရိုးနဲ့ သေတာ မဟုတ်မှန်းတော့ သိပါတယ်။ 
ဒါပေမယ့် အခုအချိန်မှာ အမှုဖွင့်အရေးယူမယ် ဆိုရင်လည်း လူမျိုးခြား၊ ဘာသာခြားတွေက ငွေအား လူအားနဲ့ ဖုံးဖိထားတဲ့ အတွက် အမှုမှန်ပေါ်ပေါက် ဖို့မလွယ်ဘူးဆိုတာ ကြိုသိထား ပါတယ်။

ဒါကြောင့်မို့ ဒေါ်စန်းရီက သမီးဖြစ်သူရဲ့အလောင်းကို မြေမြုတ်ခြင်း၊ မီးသဂြိုဟ်ခြင်းမပြုပဲ ပုံမပျက် အုတ်ဂူသွင်း ပေးဖို့တောင်း ဆိုပါတယ်။နောက်ဆုံးတော့ ဒေါ်စန်းရီရဲ့ ဆန္ဒအတိုင်း အုတ်ဂူ သွင်းပြီး သင်္ဂြိုဟ် လိုက်ပါတယ်။ ဒီအကြောင်းတွေကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် "မျိုးချစ်စိတ်ဓာတ် ရှိကြတဲ့ သံဃာတော်များ နားထဲသို့ ရောက်ရှိသွားခဲ့ကြပါတယ်" သံဃာတော်
များက လည်း ညတွင်းချင်း စုရုံးပြီး စုစုလတ်ရဲ့အုပ်ဂူကို ဖောက်ထွင်းပြီး စစ်ဆေးကြည့် ကြပါတယ်။ ရာဇ၀တ်ဘေး ပြေးမလွတ်ဆိုတဲ့ စကားအတိုင်း ရက်ရက်စက် စက် လူမဆန်စွာ သတ်ဖြတ် ထားတဲ့ အလောင်းရဲ့ အမှုမှန်ကား ယခု အခါဘွား ခနဲပေါ် လာပါတော့တယ်။ ဒီသတင်း စကားဟာ တစ်ခဏအတွင်းမှာပဲ တစ်မြိုလုံးပြန့်နှံ့ သွားပြီးတုန်လှုပ်ခြောက်ခြား သွားခဲ့ကြပါ တယ်။ မြို့နေလူထုတွေ အားလုံး ဟာမ ခံမရပ်နိုင်ဖြစ်ကာ တွေ့ရာ သင်္ချိုင်းဓါးမ ဆိုင်းဘဲ မျိုးချစ်စိတ်ဓာတ် ပြသဖို့ လမ်းမပေါ်ဆီသို့ အသီးသီးထွက်လာခဲ့ကြပါတယ်။

ဒီအချိန်မှာ အမှိုက်ကစ ပြသာဒ်မီးလောင်မဖြစ်ရအောင်အမြော်အမြင်ရှိတဲ့အာဏာပိုင် အဖွဲ့ အစည်း များမှ အကြီးအကဲပုဂ္ဂိုလ် များရောက်ရှိလာကြ ပြီး တရားခံများကို ဥပဒေအရ ထိရောက် စွာ အရေးယူ ပေးမည်ဖြစ်ကြောင်း ပြောကြားတော့မှ ပြဿနာ ငြိမ်းအေး သွားပါ တော့တယ်။
အာဏာပိုင်အဖွဲ့ အစည်းမှအကြီး အကဲပုဂ္ဂိုလ် များကလည်း သူတို့ရဲ့ ကတိစ ကား အတိုင်း  တရားခံ ရာဇင်နှင့် တကွ အပေါင်းအပါလေးဦးတို့ကို ညတွင်းချင်း ဖမ်းဆီးပြီး အားနွဲ့တဲ့ မိန်းခ လေးကို လေးယောက် ၀ိုင်းပြီး မတရား ညှင်းဆဲ သတ်ဖြတ်မှုနဲ့ အသီးသီး ထောင်ဒဏ် တစ်သက် တစ်ကျွန်း စီ ချမှတ်လိုက်ပါတယ်။
တစ်ချိန်က သာယာလှပတဲ့ အလုံမြို့ လေးဟာ ယခုတော့ သွေးစွန်းပြီး အကျည်းတန် လေခဲ့ပြီ။ ကြည်လင် အေးမြတဲ့ ချင်း တွင်းရေဟာလည်း သွေးနှောပြီးတော့ နောက်ကျိ ခဲ့လေပြီတကား။ 
ထိုထိုသို့သော အဖြစ်ဆိုးများမှ လွန်မြောက်အောင်
(၁)။ ဘာသာခြားများရောင်းချသောဈေးဆိုင်တွင် ဈေးမဝယ်ပါနှင့်။
(၂)။ ဘာသာခြားများနှင့် လူမှုရေးရာများ ကင်းရှင်းစွာနေထိုင်ရန်။
(၃)။ ဘာသာခြား များနှင့် အိမ်ထောင် ပြုမှုမှ ရှောင်ကြဉ်၍ မိမိဘာသာ မိမိလူမျိုးများနှင့်သာ  ဆက် ဆံပေါင်း သင်း နေထိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာဖတ်သူ အားလုံး သက်ရှည် ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

 
Twitter Bird Gadget