ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, October 9, 2014

လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ရေး ဂျပန်ရှိ ထိုင်းသံရုံးရှေ့ဆန္ဒပြမှု ( ရုပ်/သံ)

Friday, October 10, 2014
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ ထိုင်းသံရုံးရှေ့မှာ ဂျပန်ရောက် မြန်မာများက အောက်တိုဘာလ ၉ ရက်နေ့က သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ- ထွန်းဝေ၊ တိုကျို/ ဂျပန်

ထိုင်းရဲက တရားခံအဖြစ် ဖမ်းဆီးထားတဲ့ မြန်မာ နိုင်ငံသား ၂ ဦးနဲ့ သက်သေ အဖြစ်ပြောပြီး ထိုင်းရဲ လက်အောက်မှာ ရှိတဲ့ မြန်မာနိုင်ငံသား ၁ ဦးတို့နဲ့ပတ်သက်ပြီး ဂျပန်ရောက် မြန်မာများက အမှုမှန်ပေါ်
ပေါက်ရေးအတွက် စုဝေး ဆန္ဒပြခဲ့ကြတာပါ။ 

 ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့နေ ကိုထွန်းဝေက မေးမြန်းရိုက်ကူးထားတဲ့ ရုပ်/သံမြင်ကွင်းကို ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


  




ထိုင်း ၀န်ကြီးချုပ်အား ဆန္ဒထုတ်ဖော်ရန် ရန်ကုန်တိုင်း အစိုးရ ခွင့်မပြု



ြ  မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် ခွင့်တောင်းရာ ရန်ကုန်တိုင်း အစိုးရ က ပယ်ချလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွဒ်သည် မနက်ဖြန်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ၎င်းတို့နိုင်ငံသားများနှင့်တွေ့ဆုံရန် စီစဉ် ထားပြီး၊ ၀န်ကြီးချုပ် လာချိန်၌ မြန်မာများက လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး အရေး ဆန္ဒထုတ်ဖော်ရန် ခွင့်တောင်းရာ ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က ခွင့်မပြုကြောင်း ဆန္ဒပြပွဲ စီစဉ်သူ ဦးနေမျိုးဇင်၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ထိုင်းသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခွင့်မရ သဖြင့် ရန်ကုန် မြို့တော် ခန်းမရှေ့၌ မနေ့ဖြန် မနက် ၈ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုဆန္ဒထုတ်ဖော် ပွဲသို့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ်လိုသူ တိုင်းရင်းသားများ၊ အဖွဲ့အစည်းများ အား လုံးက ပါဝင်ပူးပေါင်းကြရန်လည်း ဦးနေမျိုးဇင် က ဖိတ်ခေါ်ထားသည်။
ရန်ကုန်တိုင်း ဒေသ ကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း
 

ထိုင်းလူသတ်မှု တရားရုံး ပယ်ချ

ထိုင်းလူသတ်မှု တရားရုံး ပယ်ချ
ထိုင်းနိုင်ငံ ကော့တောင် ကျွန်းမှာ ဗြိတိသျှ လူမျိုး နှစ်ဦးကို မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေ သတ်ခဲ့ တယ်လို့ ထိုင်းရဲက စွပ်စွဲ ပြီး တရားရုံး တင်လိုက်တဲ့ ကိစ္စကို တရားရုံး ရှေ့နေ တွေက ပယ်ချလိုက် ပါတယ်။
ဒီအမှုမှာ တရားစွဲဖို့ အထိ လုံလောက်တဲ့ အချက်အလက် မပြည့်စုံဘူးလို့ တရားရုံး ရှေ့နေတွေ ပြောတာကို ထိုင်း မီဒီယာတွေမှာ ဖော်ပြကြောင်း မြန်မာ အလုပ် သမားတွေ အတွက် ဥပဒေကြောင်း အရ အကူအညီ ပေးနိုင်ဖို့ မြန်မာ သံရုံးက တာဝန်ပေးထားတဲ့ အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါ တယ်။
ရဲက တင်တဲ့ အချက်အလက်တွေထဲက လုံခြုံရေး တီဗီ ဖြစ်တဲ့ CCTV ပုံတွေမှာ ရုပ်ပုံ ၂၀ လောက် ပြတ်နေပြီး၊ DNA စစ်ဆေးမှုတွေ ဟာလည်း နည်းလမ်း မကျတဲ့အတွက် ဒီအမှုကို ရဲကို ပြန်ချပေးလိုက်တာလို့ ဆိုပါတယ်။
စွပ်စွဲခံ မြန်မာ ၂ ဦး ကိုတော့ ရမန် ယူထားတဲ့အတွက် အဲဒီ အတောအတွင်း ရဲက ချုပ်ထားခွင့် ရှိတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါ တယ်။
နောက်ပြီး ဒီရမန် ယူထားချိန်မှာ ရဲဘက်က အချက်အလက်တွေကို ပြန်စုဆောင်းပြီး တရားရုံးကို တင်ခွင့်ရှိတဲ့အတွက် ရဲကနေ ပြန်ပြီး ဖြစ်အောင် တင်မှာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။
ဗြိတိန်ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာသံရုံး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ခုလာမယ့် ရက်ပိုင်းမှာ ဆွေးနွေး မယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ထိပ်တန်း မှုခင်း ဆေးပညာရှင် တဦးကလည်း ထိုင်းရဲတွေရဲ့ မှုခင်း စစ်ဆေးပုံနဲ့ ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။

ထိုင်းမှာ ဗြိတိသျှ ၂ ဦးကို မြန်မာ ၂ ဦးက သတ်ဖြတ် ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲပြီး တရားရုံးကို တင်ခဲ့ရာ၊ တရားရုံး ရှေ့နေ တွေက ပယ်ချ။

Wednesday, October 8, 2014

နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့်နှင့် အနောက်တံခါးပြဿနာ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသားစိစစ်ခံလိုသည့် ဘင်္ဂါလီအရေအတွက်က တိုးလာနေသည်။ ဘင်္ဂါလီရာဂဏန်းမှာ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် အသီးသီးရရှိသွားပြီဖြစ်သည်။
ရခိုင်တိုင်းရင်းသားများက ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ပေးရန် အစဉ်တစ်စိုက်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် တိကျမှန်ကန်စွာ စိစစ်ပေးရန် ရခိုင်တိုင်းရင်းသားများက တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့်ညီညွတ်၍ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ရရှိသူများကိုလည်း ကန့်ကွက်စရာမရှိဟုဆိုသည်။
သို့သော် ယင်းဥပဒေနှင့် မညီညွတ်သူများကိုမူ ထိန်းသိမ်းရေးစခန်းများတွင်ထားရှိပြီး တတိယနိုင်ငံများသို့ ပို့ဆောင်ရန်လည်း ရခိုင်အမျိုးသားရေးအင်အားစုများက တောင်းဆိုထားခဲ့သည်။
ရခိုင်ပဋိပက္ခဖြစ်ပွားပြီး ၂ နှစ်ခန့်အကြာတွင်တော့ အစိုးရက မြေပုံမြို့နယ်ကို ရှေ့ပြေးစီမံကိန်းအဖြစ်သတ်မှတ်၍ ၁၉၈၂ နိုင်ငံသားဥပဒေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ပြဿနာများ ပြေလည်စေရန် ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအကြံပြုချက်များထဲတွင် ၁၉၈၂ နိုင်ငံသားဥပဒေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဆိုသည့် အချက်တစ်ချက်ပါဝင်သည်။
ဝေဖန်မှုများလည်းရှိခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေကို အစိုးရအနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ စောင့်ကြည့်ရမည့်ကိစ္စတစ်ခု ဖြစ်လာသည်။
‘‘ဘင်္ဂါလီလို့ ခံယူသူတွေကိုတော့ ဥပဒေအရ တိတိကျကျ ဆောင်ရွက်နိုင်မယ်လို့ ယူဆတယ်’’ဟု စစ်တွေမြို့မိမြို့ဖဦးသန်းထွန်းကဆိုသည်။
မြေပုံမြို့နယ်တွင် ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ လျှောက်လွှာတင်သွင်းသူ ၁၀၉၄ ဦးရှိသည်။ မြေပုံမြို့နယ်တွင် ဘင်္ဂါလီဦးရေစုစုပေါင်း သုံးထောင်ခန့်ရှိသည်ဟု ဒေသတွင်းအဖွဲ့အစည်းများက ဆိုသည်။
ယင်းလျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်စိစစ်ခဲ့ရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦးနှင့် နိုင်ငံသားပြုခွင့် ၁၆၉ ဦး ရရှိခဲ့သည်။ ၎င်းတို့၏ သားသမီးများသည်လည်း အလိုအလျှောက် နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ကိုရရှိမည်ဖြစ်သည်။ ဒေသခံရခိုင်တိုင်းရင်းသားများကမူ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ရသူများတွင် သက်သေအထောက်အထားမခိုင်လုံသူများ၊ တိုင်းရင်းသားစကားမတတ်ကျွမ်းသူများ ပါဝင်နေကြောင်း ဝေဖန်ပြောဆိုကန့်ကွက်ခဲ့ကြသည်။
ယင်းကဲ့သို့ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်များပေးအပ်ပြီးနောက် မြေပုံမြို့နယ်တွင် ၁၉၈၂ ဥပဒေဖြင့် စိစစ်ရန် လူဦးရေ ၁၂၀ ခန့်က ထပ်မံလျှောက်လွှာတင်သွင်းခဲ့သည်။ ထို့အပြင် ဘင်္ဂါလီလူဦးရေ သုံးသိန်းခန့်ရှိသော ဘူးသီးတောင်မြို့နယ်တွင်လည်း ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို အောက်တိုဘာလအတွင်း ဆက်လက်ပြုလုပ်သွားမည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုသည်။
အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုကြသည်။ ကုလအဖွဲ့အပါအ၀င် နိုင်ငံတကာမှ ၁၉၈၂ ခုနှစ်ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာလူမျိုးများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်အတွက် အကြိမ်ကြိမ်ဖိအားပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများက ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မြန်မာနိုင်ငံတွင်မရှိကြောင်းနှင့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ရန်မလိုအပ်ကြောင်း အတိအလင်းပြောကြားထားသည်။
ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီအချို့ကလည်း ၁၉၈၂ ဥပဒေသည် လူ့အခွင့်အရေးနှင့်ဆန့်ကျင်နေပြီး နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကိုအခြေခံ၍ ဖြေရှင်းဆောင်ရွက်မှသာ ရခိုင်ပြဿနာကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
 ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းအပါအ၀င် ရခိုင်ပြဿနာကို ကိုင်တွယ်ရာတွင် နိုင်ငံတကာဖိအားပေးမှုများရှိပြီး ယင်းဖိအားများကြောင့်ပင် အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်နေရကြောင်း လေ့လာသူများက သုံးသပ်သည်။
 နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သော ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာတွင်မူ ပြဿနာများဖြေရှင်းနိုင်ရန် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို စနစ်တကျ မှန်ကန်စွာ အသုံးပြုသွားရမည်ဖြစ်သည်။ နိုင်ငံတကာမှ ၁၉၈၂ ဥပဒေသည် ဘင်္ဂါလီလူမျိုးများကို တစ်ဖက်သက် တရားဝင်ဖိနှိပ်နိုင်သည်ဟု ပြောဆိုသော်လည်း ယင်းဥပဒေကို စနစ်တကျအကောင်အထည်ဖော်သွားပါက လက်ရှိပြဿနာအများစုကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း အကြံပြုထားသည်။
၁၉၈၂ ခုနှစ် ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ဆယ်စုနှစ်ကာလအတွင်း မြန်မာနိုင်ငံနယ်နိမိတ်၌ ရှစ်နှစ်ဆက်တိုက် တစ်ဆက်တည်းနေထိုင်သူ၏ တတိယမျိုးဆက်သည် နိုင်ငံသားပြုခွင့်ရမည်ဖြစ်သည်။ ထို့အပြင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၄၃ တွင် နိုင်ငံသားပြုခွင့်ရရှိသူသည် တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုး တတ်ကျွမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရခိုင်အမျိုးသားရေးအင်အားစုများကမူ ပြီးခဲ့သည့်သန်းခေါင်စာရင်းအတွေ့အကြုံနှင့် နှိုင်းယှဉ်၍ ၁၉၈၂ ဥပဒေကို ရခိုင်ပြည်နယ်တစ်ခုလုံးတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မလွယ်ကူနိုင်ကြောင်း သုံးသပ်သည်။ ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးအများစုမှာ ရိုဟင်ဂျာဟုသာဖြေဆို၍ စာရင်းမကောက်ယူနိုင်ခဲ့ပေ။
စစ်တွေမြို့မိမြို့ဖ ဦးသာမွန်က ‘‘သိပ်မမျှော်လင့်ဘူး။ ဘင်္ဂါလီတွေများတဲ့နေရာမှာ သိပ်အောင်မြင်မယ်မထင်ဘူး။ အခုဟာက အခွင့်အရေးရမယ့်သူကိုခယပြီး လျှောက်ပါလို့ပြောနေရတဲ့ သဘောဖြစ်နေတယ်’’ဟု ဆိုသည်။
၁၉၈၂ ဥပဒေဖြင့် ဆောင်ရွက်ရာတွင် ဘင်္ဂါလီဟုပြောဆိုသူများကိုသာ စိစစ်မည်ဖြစ်ပြီး ရိုဟင်ဂျာဆိုသူများကို စိစစ်ခြင်းပြုလုပ်မည်မဟုတ်ပေ။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁ ဒသမ ၀၉ သန်းခန့်ရှိရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အားလုံးနီးပါးက ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့ကြသည်။ ယင်းအတွက်ကြောင့်ပင် ၁၉၈၂ ဥပဒေနှင့် စစ်ဆေးအပြီး ဘင်္ဂါလီဟုမခံယူသူများကို မည်သို့ဆောင်ရွက်မည်ဆိုသည်မှာ အရေးကြီးကိစ္စဖြစ်လာသည်။
‘‘အစိုးရမှာရှိတဲ့ အခွင့်အာဏာအပြည့်အ၀သုံးပြီး လုပ်နိုင်မယ်လို့ ယူဆတယ်။ ရိုဟင်ဂျာဆိုတဲ့သူတွေကိစ္စကို ပြတ်သားထိရောက်စွာကိုင်တွယ်ဖို့လိုတယ်’’ဟု ဦးသန်းထွန်းမှတ်ချက်ပြုသည်။

လိပ်ကျွန်းလူသတ်မှု၌ ထိုင်းရဲက တရားလိုပြသက်သေ ဟု ဆိုသည့် မောင်မောင်ကို မြန်မာအဖွဲ့ သွားရောက်တွေ့ဆုံစဉ်

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေ တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာ ကော့စမွေကျွန်းမှာ ထိန်းသိမ်းခြင်းခံထားရတဲ့ ထိုင်းရဲက တရားလိုပြသက်သေ ဟု ပြောဆိုထားသော မောင်မောင်(ခ) သန်းဆွေကို သွားရောက်တွေ့ဆုံကာ အမှုနှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းနိုင်ခဲ့ပါတယ်။
သွားရောက်မေးမြန်းသည့် မြန်မာအဖွဲ့တွင် ပါဝင်သော ရှေ့နေဦးအောင်မျိုးသန့်နှင့်တွေ့ဆုံမေးမြန်းထားသည့် အင်တာဗျူးကို မကြာမီ တင်ပေးမည်။
ဓာတ်ပုံ- မင်းဦး

Tuesday, October 7, 2014

လိပ်ကျွန်းလူသတ်မှုကိစ္စ စိတ်ဝင်စားဖွယ် သတင်းစာရှင်းလင်းပွဲ

ထိုင်းတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ မြန်မာ ၂ ဦးကို လူသတ်တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားတာ နဲ့ ညှင်ပန်း နှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ ထိုင်းမီဒီယာတွေနဲ့ ကမ္ဘာ့မီဒီယာတွေက ဝေဖန်ပြောဆိုမှုတွေကို ထိုင်းရဲချုပ် ဆုမ်ယွတ် ပွန်ပန်မွန်က ခုခံကွာကွယ်ပြောသွားပါတယ်။ 

 လိပ်ကျွန်း လူသတ်မှု ထိုင်းရဲချုပ်ရုံးက သတင်းစာရှင်းလင်းပွဲ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

 “ဒီအမှုမှာ အရာရှိတွေ အားလုံး သေချာ လုပ်ဆောင်ခဲ့ကြတယ်ဆိုတာ အခိုင်အမာပြောချင်ပါတယ်” လို့ 
အောက်တိုဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ရဲချုပ် ဆုမ်ယွတ်က ပြော သွား တာပါ။ 

အဲဒီသတင်းစာရှင်းလင်းပွဲကိုတော့ သေဆုံးသွားတဲ့ ဒေးဗစ်နဲ့ ဟန်နာတို့ရဲ့ ဗြိတိန်နိုင်ငံရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး က ကနဦး တက်ရောက်ဖို့ မူလက စီစဉ်ထားခဲ့ပါတယ်။ 

ဒါပေမယ့် ဖမ်းဆီးခံထားရသူတွေကို ရဲက ညှင်းပန်းနှိပ်စက်ထားခံရ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီး တဲ့နောက် ဗြိတိန်သံအမတ်ဟာ သတင်းစာ ရှင်းလင်းပွဲကို မ တက်ရောက်ဖြစ်ခဲ့ဘူးလို့ ဘန်ကောက် ပို့စ် သတင်းတပုဒ်မှာ ရေးပါတယ်။ 

ဒါပေမယ့် ထိုင်းအခြေစိုက်သတင်းဌာနတွေနဲ့ နိုင်ငံခြား သတင်းထောက်တွေတော့ တက်ရောက်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာတွေ ညှင်းပန်းနှိပ်စက်ခံရတာတွေနဲ့ပတ်သက်လို့လည်း မေးခဲ့ကြပါတယ်။ 

“ဘယ် သံသယဖြစ်ခံရသူကိုမှ ညှင်းပန်းနှိပ်စက်တာ မရှိခဲ့ဘူးဆိုတာ ကျနော် အတည်ပြုပါတယ်” လို့ စုံစမ်းရေး ရဲမှူး Suwat Chaengyodsook က ဘန်ကောက်ပို့စ်ကို ပြောတယ်။ 

သူက ဆက်ပြောတာက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုံး သံသယဖြစ်သူတွေရဲ့ ရှေ့နေလည်း ရှိပြီး လူခန္ဓာ ကိုယ်ကိုလည်း စစ်ဆေးမှုတွေလည်း လုပ်ခဲ့ပြီး ဒါတွေကို ဆရာဝန်ဆီ ပို့ထားတယ်တဲ့။ သံသယဖြစ်ခံရ သူတွေက သူတို့ ဖာသာ သူတို့က ဝန်ခံခဲ့တာလို့ ပြောထားပါတယ်။ 

လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူတွေ အခိုင်အမာထောက်ပြတာကတော့ သံသယဖြစ်ခံရသူတွေဟာ တရားစွဲခံရပြီးချိန် ထိ ရှေ့နေနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ထောက်ပြထားတာကို ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

လိပ်ကျွန်း ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ CCTV၊ သက်သေအထောက်အထား၊ မူခင်းသဲလွန်စ၊ စတဲ့ အချက်တွေ အ ပေါ် အခြေခံပြီး နိုင်ငံခြားသား ၁၈၇ ဦး၊ ထိုင်း ၅၈ ဦးကို သံသယဖြစ်သူစာရင်းသွင်းခဲ့တာ လို့ လည်း ထိုင်းရဲတွေက သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

သေဆုံးသူဗြိတိန်အမျိုးသမီးခန္ဓာကိုယ်က ရတဲ့ DNA ကို ချင်းမိုင်တက္ကသိုလ်နဲ့ ချူလာလောင်ကွန် တက္ကသိုလ်တွေမှာ စစ် ဆေးခဲ့တာလို့ ရဲက ပြောတယ်။ 

 “DNA စစ်ဆေးမှုက သေဆုံးသူဆီက ရတာနဲ့ သံသယဖြစ်ခံရသူတွေရဲ့ DNA က ကိုက်ညီတယ်၊ ဒါ ငြင်း လို့ မရနိုင်တာပဲ”လို့ ရဲမှူး ဆူဝပ်က ရှင်းပြတယ်။ 

ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာလည်း ပါဝင် လုပ်ကိုင်နေသူ ထိုင်း NGO တခုဖြစ်တဲ့ Cross-Cultural Foundation- CCF ဒါရိုက်တာ Pornpen Kongkachornkiat ကတော့ ရဲတွေရဲ့ ကြိုးစားအား ထုတ်မှုကို အသိအမှတ် ပြုပေမယ့် ထိုင်းလူထုက ဒီစုံစမ်းစစ်ဆေးမှုမှာ လုံးဝ စိုးရိမ်မကင်းဖြစ်တယ်လို့ ပြော ထားပါတယ်။ 

ထိုင်းရဲချုပ်က ပြောတာမှာ စုံစမ်းမှုတွေကို လူတွေမျှော်လင့်ထားသလို မြန်ဆန်မှု မရှိခဲ့ဘူးလို့ ပြောပြီး လူမှု ကွန်ယက်တွေ မှာ ပြစ်တင်မှုတွေလည်း ရှိတယ်လို့ ဆိုတယ်။ 

လိပ်ကျွန်းမှာ သြဇာ ကြီးတဲ့ မာဖီးယားတွေကို စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုချက်တွေနဲ့ အရာရှိတွေဟာ ဖိအား ပေးခံခဲ့ရတာတွေရှိတယ်လို့လည်း သူက ပြောတယ်။ 

ဒီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးတဲ့ မေးခွန်းတွေထဲက ထိုင်းရဲချုပ်နဲ့ ရဲ အရာရှိ
တွေရဲ့ စိတ်ဝင်စားဖွယ် ဖြေကြားမှုကိုလည်း ထိုင်း PBS သတင်းဌာနရဲ့ သတင်းတခုမှာ ဖော်ပြထားပါ တယ်။ 

ဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ လူမှု ကွန်ယက်တွေက ပြောနေတဲ့ လိပ်ကျွန်း လူကြီးရဲ့ သားဆီက DNA ဘာလို့ မယူ တာလဲလို့ မေးတာကို ထိုင်းရဲက အဖေဆီက ယူထားပြီးဖြစ်လို့ သားဆီက ယူစရာမလို ဘူးလို့ ထိုင်းရဲက ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ 

လိပ်ကျွန်းလူသတ်မှု သံသယဖြစ်ဖွယ်အချက်တွေကို ထိုင်းလူမှု ကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာ တခုဖြစ်တဲ့ CSI LA ရဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းတာကိုလည်း ထိုင်းရဲတွေက ဒီစာမျက်နှာဟာ အခြေ အမြစ် မရှိတဲ့ စာမျက်နှာဖြစ်ပြီး ဖော်ပြချက်တွေကြောင်း လူထုက မရှုပ်ထွေးပါနဲ့လို့ ဖြေရင်း လူမှု ကွန်ယက် က ဖော်ပြတာတွေနဲ့ အငြင်းအခုန် လုပ်ဖို့ မဟုတ်ဘူးလို့ ဖြေသွားပါတယ်။

မြန်မာလုပ်သားနှစ်ဦးအတွက် ဂျပန်ရောက်မြန်မာများ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြမည်

မြန်မာလုပ်သားနှစ်ဦးလူသတ်မှုကျူးလွန်ပုံကို ထိုင်းရဲတပ်ဖွဲ့က သရုပ်ပြခိုင်းနေစဉ်(reuters)
ဗြိတိန်စုံတွဲ အသတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံ ထားရသည့်မြန်မာများအား တရားမျှတသည့် စုံစမ်းစစ်ဆေးမှုပြုလုပ် ရန် ဂျပန်နိုင်ငံရောက် မြန်မာနိုင် ငံသားများက အောက်တိုဘာ ၉ ရက်တွင် တိုကျိုမြို့ရှိ ထိုင်းသံရုံး ရှေ့၌ ဆန္ဒထုတ်ဖော်သွားမည်ဖြစ် ကြောင်း  သတင်းရရှိသည်။
‘‘အဓိကကတော့ ဂျပန်နိုင်ငံ မှာရှိတဲ့ မြန်မာတွေလည်း ဒီအမှု ကို စောင့်ကြည့်နေတယ်ဆိုတာ ရယ်၊ ဂျပန်နိုင်ငံသားတွေလည်း ဒီအမှုကို သတိထားမိအောင် ကြိုး စားတဲ့ သဘောလည်းပါတယ်’’ ဟု ဆန္ဒပြပွဲနှင့် ပတ်သက်၍ ဂျပန် နိုင်ငံရောက် မြန်မာတစ်ဦးဖြစ်သူ ဦးကျော်သူအောင်က ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ကို အောက်တိုဘာ ၉ ရက် ဂျပန်စံ တော်ချိန်ညနေ ၃ နာရီ (မြန်မာစံ တော်ချိန်ညနေ ၅ နာရီခွဲ) တွင် ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
သံသယတရားခံများအဖြစ် ဖမ်းဆီးခံထားရသည့် မြန်မာများ အရေးမျှတစွာ ကိုင်တွယ်ရန် ထိုင်းအစိုးရကို ဖိအားပေးတောင်း ဆိုမည့် အဆိုပါ ဆန္ဒပြပွဲတွင် ပူး ပေါင်းပါဝင်ကြရန် ဂျပန်နိုင်ငံ ရောက် မြန်မာအသိုင်းအ၀ိုင်းသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။
 ‘‘လောလောဆယ်တော့ ဘယ်နှယောက်ပါမယ်ပြောလို့ မရသေးဘူး။ စုနေကြတုန်းရှိ သေးတယ်’’ ဟု ဆန္ဒပြပွဲစီစဉ်သူ တစ်ဦးက ပြောသည်။
ဗြိတိန်စုံတွဲများဖြစ်သည့် အသက်(၂၄)နှစ်ရှိ ဒေးဗစ်မီလာ နှင့် အသက်(၂၃) နှစ်အရွယ် ဟန် နာယီသာရစ်ခ်ျတို့ နှစ်ဦးသည် စက်တင်ဘာ ၁၄ ရက် ညဥ့်သန်း ခေါင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူ ရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် အသတ်ခံရပြီး နောက်တစ်နေ့တွင် ၎င်းတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ သတ်ဖြတ်ခံထားရ မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ သား သုံးဦးထက်မနည်းကို ထိုင်း ရဲများက ဖမ်းဆီးခဲ့သည်။ ၎င်းတို့ ထဲမှ အသက်(၂၃)နှစ် အရွယ် စောနှင့် အသက်(၂၁) နှစ်အရွယ် ၀င်းဟု နာမည်အတိုကောက် ထုတ်ပြန်ခဲ့သည့် သူနှစ်ဦးသည် လူသတ်မှု၏ အဓိကလက်သည် တရားခံများဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့က စွပ်စွဲထားသည်။
အခြားတစ်ဖက်တွင်လည်း လက်သည်တရားခံဟု စွပ်စွဲခံ ထားရသူများမှာ တရားခံအစစ် မဟုတ်နိုင်ကြောင်း မြန်မာ၊ ထိုင်း နှင့် နိုင်ငံတကာမှ ဝေဖန်သူများ က ခန့်မှန်းပြောဆိုနေပြီး စုံစမ်း စစ်ဆေးမှုကို တိကျစွာ လုပ်ကိုင် ရန် ထိုင်းရဲတပ်ဖွဲ့အား ဖိအားပေး လျက်ရှိသည်။
လူသတ်မှုဖြစ်ပွားပြီး နာရီ ပိုင်းအတွင်း ထိုင်းရဲတပ်ဖွဲ့သည် ကျွန်းပေါ်ရှိ မြန်မာရွှေ့ပြောင်း လုပ်သား အများအပြားကို ထိန်း သိမ်းခဲ့ပြီး အချို့သည် စစ်ဆေးမှုများအတွင်း ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ သည်။
ဖမ်းဆီးခံ မြန်မာများနှင့် ပတ်သက်၍ မကြာမီရက်ပိုင်းအ တွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အို ချာနှင့် မြန်မာသမ္မတဦးသိန်းစိန် တို့၏ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှ သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးကို ကိုး ကားပြီး ရေးသားခဲ့သည်။

တူရကီ-ဆီးရီးယား နယ်စပ်ရှိ အချက်အခြာကျသည့် ကိုဘာနီမြို့ကို IS တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်

ကိုဘာနီမြို့အနီးတွင် လွှင့်ထူထားသော IS အလံကို တွေ့ရစဉ်
တူရကီနှင့် နယ်စပ်အနီးရှိ မဟာဗျူဟာအရ အချက်အခြာကျသော ဆီးရီးယားပိုင် ကိုဘာနီမြို့သို့ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိသည်။
ဆီးရီးယားရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများက မြို့ကို IS တပ်ဖွဲ့လက်အောက် မကျရောက်အောင် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ်နေသဖြင့် မြို့တွင်း လမ်းမများတွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။ IS တပ်ဖွဲ့သည် ရက်ပေါင်း အတော်ကြာ မြို့ကို ဝန်းရံထားပြီးနောက် အောက်တိုဘာ (၆)ရက်တွင် မြို့အရှေ့ပိုင်းမှ စတင်ထိုးဖောက်ရန် အားထုတ်လာခဲ့သည်။
ကိုဘာနီမြို့၏ အစိတ်အပိုင်း အချို့ကို IS တို့က သိမ်းယူထားပြီဟု ယူဆရပြီး အဝေးမှ ကြည့်ပါက မြို့၏ အထပ်မြင့် အဆောက်အအုံ အချို့နှင့် တောင်စောင်းနေရာများ အထက်တွင် IS အဖွဲ့၏ အနက်ရောင် အလံများ တလူလူ လွင့်ပျံနေသည်ကို တွေ့မြင်ရသည်။
IS တပ်ဖွဲ့များ ကိုဘာနီသို့ ဝင်ရောက်လာပြီးနောက် မြို့ခံ (၂၀၀၀)ကျော်မျှသည် တူရကီနှင့် နယ်စပ်ဒေသဘက်သို့ ထွက်ပြေးလာကြောင်း သိရသည်။ တူရကီ စစ်တပ်သည် ၎င်းတို့၏ နယ်ခြားဘက်ခြမ်းတွင် တင့်ကားများကို ခင်းကျင်း စောင့်ကြပ်နေပြီး IS တပ်ဖွဲ့များ တူရကီပိုင်နက်သို့ ကျူးကျော်လာနိုင်သည့် အခြေအနေကို ကြိုတင် ကာကွယ်ထားသည်။
IS အဖွဲ့အနေဖြင့် (၃)ပတ်ကျော် ဝန်းရံပိတ်ဆို့ထားသည့် ကိုဘာနီကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါက ဆီးရီးယားနှင့် တူရကီ နယ်စပ်ရှိ ကျယ်ပြောသော အချက်အခြာ နယ်နိတ်မိတ်ကို ထိန်းချုပ်ခွင့် ရသွားမည် ဖြစ်သည်။ IS အဖွဲ့က ပိတ်ဆို့ထားသည့် (၃)ပတ်အတွင်း ကာ့ဒ်လူမျိုး အများစု အပါအဝင် လူပေါင်း (၁၆၀၀၀၀)မျှ မြို့ကို စွန့်ခွာ ထွက်ပြေးသွားပြီး ဖြစ်သည်။
ကိုဘာနီမှ ဒေသဆိုင်ရာ အရာရှိ တစ်ဦးဖြစ်သည့် အိုင်ဒရစ်နက်ဆန်းက ISတို့လက်သို့ မကြာမီမှာပင် တစ်မြို့လုံး ကျရောက်သွားတော့မည်ဟု BBC သို့ ဆက်သွယ် ပြောကြားထားသည်။ အောက်တိုဘာ (၇)ရက်တွင် IS အဖွဲ့သည် မြို့အတွင်းရှိ အဓိက မဟာဗျူဟာ တောင်ကုန်းဖြစ်သည့် မစ္စတားနားကို ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ တောင်ကုန်းပေါ်မှနေ၍ IS တပ်ဖွဲ့က ကာ့ဒ်ခုခံရေးသမားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
ဒေသဆိုင်ရာ ကာ့ဒ်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည့် ကာဝမ်ဇီဘာရီက တူရကီ အစိုးရ အနေဖြင့် ထွက်ပြေးလာသော ကာ့ဒ်အနွယ်များကို အကူအညီ ပေးပါရန် ပန်ကြားထားသည်။ “လက်ရှိ အခြေအနေအတိုင်း ဆက်ဖြစ်နေပြီး နိုင်ငံတကာ အထောက်အပံ့လည်း မရှိဘူးဆိုရင် ကိုဘာနီမြို့နဲ့ ခုခံရေးတပ်ဖွဲ့ဟာ IS တပ်တွေလက်ထဲ လုံးဝ ကျရောက်သွားမှာပါ”ဟုလည်း ၎င်းက ဆိုသည်။
ကိုဘာနီမြို့ အနီးရှိ IS စစ်ကြောင်းများကို အမေရိကန်က ဗုံးကြဲ တိုက်ခိုက်နေပြီး ယခုသီတင်းပတ် အစောပိုင်းတွင် IS၏ ကင်းစခန်း နေရာနှစ်ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည့်တိုင် အဆိုပါ လေကြောင်း တိုက်ခိုက်မှုများသည် အမှန်တကယ် ထိရောက်မှု နည်းပါးနေဆဲဟု လေ့လာသူများက မှတ်ချက်ပြုထားသည်။

လိပ်ကျွန်း လူသတ်မှု စုံစမ်းရာမှာ အခက်ကြုံရကြောင်း မြန်မာအဖွဲ့ပြော

လိပ်ကျွန်း လူသတ်မှု စုံစမ်းရာမှာ အခက်ကြုံရကြောင်း မြန်မာအဖွဲ့ပြော
ကော်တောင် (လိပ်ကျွန်း) ကျွန်းပေါ် အခင်းဖြစ်ပွားရာသို့ မြန်မာအဖွဲ့ လေ့လာကြည့်ရှုစဉ် (ဓာတ်ပုံ – မင်းဦး / ဧရာဝတီ)
မြန်မာနိုင်ငံသား နှစ်ဦးကို လူသတ် တရားခံအဖြစ် ထိုင်းရဲက စွပ်စွဲထားတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်ဖို့ မြန်မာအစိုးရက အထူးတာဝန်ပေးထားတဲ့ အဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပေမယ့် သတင်းရင်းမြစ် တွေနဲ့ တွေ့ဆုံဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
မြန်မာအဖွဲ့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းကို အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိခဲ့ပြီး မူလက တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်ဖို့ ချိန်းဆိုထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့ဟာ စိုးရိမ်မှုတွေကြောင့် မတွေ့ရဲကြသလို ဖုန်းအသိမ်းခံထားရမှုကြောင့် မတွေ့ဖြစ်ခဲ့သူတွေလည်း ရှိကြောင်း မြန်မာ အဖွဲ့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ရောက်သွားတဲ့အခါ မြင်ရတာက သမာရိုးကျမဟုတ်တဲ့ ပုံစံမျိုးတွေ့ရတယ်။ တချို့ကလေးတွေက အရင်ဖုန်းဆက်လို့ ရတယ်။ ကျနော်တို့ ရောက်လာတဲ့ အခါကြတော့ ဖုန်းဆက်လို့ မရဘူးဖြစ်သွားတယ်။ ကျနော်တို့ လိုက်စုံစမ်းတဲ့ အခါကြတော့ အဲဒီကလေးတွေရဲ့ ဖုန်းတွေကို ရဲတွေက သိမ်းထားတယ်လို့ ပြောပါတယ်” လို့ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီကို ပြောပါတယ်။
မြန်မာအစိုးရက အထူးတာဝန်ပေးထားတဲ့ အဖွဲ့မှာ ရှေ့နေ ဦးအောင်မျိုးသန့် အပါအဝင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ ကောင်စစ်ဝန် ဦးထွန်းအေးနဲ့ ထိုင်း ဥပဒေပညာရှင်တွေ၊ အလုပ်သမားရေး လုပ်ဆောင်သူတွေ စုစုပေါင်း ၉ ဦး ပါဝင်ကြောင်း သိရပါတယ်။
မြန်မာအဖွဲ့ဟာ လိပ်ကျွန်းပေါ်က အခင်းဖြစ်ပွားရာနေရာကို သွားရောက်လေ့လာမှတ်တမ်းယူခဲ့သလို လူသတ်တရားခံလို့ ထိုင်းရဲတွေက စွပ်စွဲခံထားရသူ နှစ်ဦးနဲ့ နီးစပ်သူ အချို့အပါအဝင် အမှုဖြစ်စဉ်ရဲ့ ကွဲလွဲချက်တချို့နဲ့ပတ်သက်ပြီး အထောက်အထား ရရှိနိုင်မယ့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့နဲ့လည်း တွေ့ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့တဲ့ ကလေးတွေကတော့ စွပ်စွဲခံထားရတဲ့ ကလေးတွေ ပြစ်မှုကျူးလွန်တယ်ဆိုတာကို မယုံ မကြည်ဖြစ်နေကြတယ်” လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
လိပ်ကျွန်းပေါ်မှာ ရှိတဲ့ ရဲတပ်ဖွဲ့တွေကတော့ မြန်မာအဖွဲ့တွေ သွားရောက်မှတ်တမ်းယူလိုတဲ့ နေရာတွေနဲ့ တွေ့ဆုံလိုသူတွေ ရှိရာကို လုံခြုံရေး တာဝန်ယူပေးသလို ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ကျွန်းပေါ်မှာတွေ့ရှိခဲ့ရတဲ့ မြန်မာအလုပ်သမားတွေနဲ့ပတ်သက်ပြီးလည်း “ကလေးတွေရဲ့ အနေအထားကတော့ အားလုံးက အကြောက်တရား လွှမ်းမိုးခံနေရတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ ကြီးစိုးတဲ့ ထိုင်းလူကြီးတွေရှိနေတဲ့အပြင် ရဲကလည်းရှိနေတယ်ဆိုတော့ တော်ရုံ မပြောရဲ၊ မဆိုရဲပဲ ခိုင်းတာလုပ်ဆိုတဲ့ ပုံစံတွေ့ခဲ့ရတယ်” လို့ ဦးအောင်မျိုးသန့်က သူ့အမြင် ကိုပြောပါတယ်။
မြန်မာအဖွဲ့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းပေါ်မှာ စုံစမ်း မှတ်တမ်းယူမှုတွေပြုလုပ်ပြီး ဒီကျွန်းကနေ သုံးနာရီလောက် ရေလမ်းခရီးနဲ့သွားရတဲ့ ကော့စမွေကျွန်း ကို ညနေပိုင်းမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။
မနေ့ကလည်း ကော့စမွေ အကျဉ်းထောင်မှာ တရားခံ အဖြစ်စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ နှစ်ဦးကိုလည်း တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ အဖြစ်တဲ့ မောင်မောင်နဲ့တော့တွေ့ခွင့်မရခဲ့ပါဘူး။
ခရီးစဉ်မှာရရှိခဲ့တဲ့ အချက်အလက်တွေနဲ့ အခက်အခဲ ရှိနေမှုအချို့ကို ပြုစုပြီး ခရီးစဉ်ကို ညွှန်ကြားခဲ့တဲ့ နေပြည်တော်က တာဝန် ရှိသူတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတဆင့် ပို့ဆောင် တင်ပြမှာဖြစ်ကြောင်း ဒိမတိုင်မီမှာ ဖြစ်စဉ်အတွက် အရေးကြီးတဲ့ တရာလိုပြ သက်သေ မောင်မောင်နဲ့ တွေ့ဆုံဖို့ကိုလည်း ကြိုးစားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

Monday, October 6, 2014

‘ကလေးတွေကို အခမဲ့ အချိန်ပို သင်ပေးခဲ့ပါတယ်။ ကျောင်းတက်ချိန်က မနက် ၉ နာရီ၊ ကျွန်တော်က ၆ နာရီခွဲကစပြီး သင်ပေးတယ်’’

ဆရာဦးသန်းလှိုင် (ဓာတ်ပုံ − မင်းသားလေး)
၂၀၁၄ ခုနှစ် အောက်တိုဘာ ၅ ရက်သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါသည်။ ထိုနေ့အခမ်းအနားတွင်လည်း နာငါးနာနှင့် ပြည့်စုံမှုတို့ကြောင့် နိုင်ငံတော်မှ လူမှုထူးချွန်ဆု ချီးမြှင့်အပ်နှင်းခြင်း ခံရသူ ဆရာသုံးဦး ပေါ်ထွက်လာခဲ့ရာ ဆရာဦးသန်းလှိုင်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါသည်။
ဆရာဦးသန်းလှိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာတွင် တာဝန်ထမ်းဆောင်ရင်း မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြောင်းရွှေ့ချိန်တွင်၎င်း၏ တပည့်များသာမက ကျောင်းသားမိဘများကပါ လာရောက်နှုတ်ဆက်ကြရင်း ဆရာတစ်ယောက်ဆုံးရှုံးမှုကို ခံစားရသော တပည့်များနှင့် မိဘများ၏ နှုတ်ဆက်ဝမ်းနည်းငိုကြွေးမှု ဓာတ်ပုံများ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့သွားခဲ့ရာမှ ထင်ရှားလာခဲ့သူဖြစ်ပါသည်။
ဆရာဦးသန်းလှိုင်နှင့် တွေ့ ဆုံခိုက် မေးမြန်းဖြစ်ခဲ့သည်များကို 7Day Daily ပရိသတ်များထံ ပြန်လည်မျှဝေလိုက်ရပါသည်။
ကမ္ဘာ့ဆရာများနေ့မှာ အခုလိုလူမှုထူးချွန်ဆုချီးမြှင့်ခြင်းခံရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ပြောပြပေးပါဆရာ။
ကျွန်တော့်ရဲ့ မေတ္တာ၊ စေတနာနဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်တော့်အတွက် မှန်ပမာ ရောင်ပြန်ဟပ်တယ်လို့ ခံစားရပါတယ်။  ကမ္ဘာ့ဆရာများနေ့မှာ တွေ့ရတဲ့ ဆရာကြီးတွေကို စံနမူနာယူပြီး တိုးတက်အောင် လုပ်ဆောင်သွားပါ့မယ်။ ကျွန်တော်နဲ့ ဘ၀တူဆရာများကိုလည်း ဒီလိုလုပ်ဆောင်ပြီး ဆုတွေ၊ အောင်မြင်မှုတွေရစေချင်ပါတယ်။
အခုတစ်လောဆရာ့အကြောင်းတွေ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် မှာ တော်တော်တွေ့ရတယ်။ ဆရာ့ကို ၀ိုင်းပြီး ဂုဏ်ပြုအမွှမ်းတင်ကြတယ်။ အဲဒီအပေါ်မှာ ဆရာ ဘာများပြောချင်ပါသလဲ။
ကျွန်တော်ကျောင်းဆရာ စ ဖြစ်တာကတော့ ၁၉၉၂ ခုနှစ်ကပါ။ ဆရာစဖြစ်တဲ့ အချိန်ကစပြီး အရင်းခံကတော့ မေတ္တာတရား ပေါ့နော်။ စာအုပ်စာပေတွေ စဖတ်ခဲ့ပါတယ်။ ကျောင်းသုံးကျောင်းမှာ တာဝန်ထမ်းဆောင်တော့ အရင်ဆုံးတာဝန်ထမ်းဆောင်ခဲ့တာက စစ်ကိုင်းတိုင်း ဒေသကြီး ပင်လယ်ဘူးမြို့နယ် အလကတောင်တောမှာ မူလတန်းကျောင်းဆရာပေါ့နော်။ အဲဒီမှာ စပြီး စာသင်ခဲ့ရပါတယ်။ တောင်တောကျောင်းက ကျွန်တော့်ရဲ့ တပည့်တွေကလည်း ကျွန်တော့်ရဲ့ မေတ္တာဖြင့် သင်ကြားပို့ချပေးခဲ့မှုကြောင့် ကျောင်းပြောင်း နှုတ်ဆက်တဲ့အချိန်မှာလည်း ခုလိုပဲ ငိုကြွေးနှုတ်ဆက်မှု တွေ့ကြုံခဲ့ရပါတယ်။ နောက်တစ်ကျောင်းကတော့ ချောင်းဦး မြို့နယ် အမက ဗုံတိုဆိုတဲ့ ကျောင်းလေးကို ကျွန်တော် ရောက်ခဲ့ပါတယ်။ အဲဒီကျောင်းလေးကိုလည်း တကယ့်ကို ကျွန်တော့်ရဲ့ အိမ်လေးပမာ သဘောထားပြီး ပြုစုပျိုးထောင်ခဲ့ပါတယ်။ တပည့်တွေကိုလည်း မေတ္တာတရားရှေ့ထားကာ သင်ကြားပေးခဲ့ပါတယ်။ နောက် ရောက်ခဲ့တာကတော့ အမက ဆူးလေကုန်းပါ။ အလယ်တန်းပြ ဆရာအနေနဲ့ ရောက်ခဲ့ပါတယ်။
ကလေးတွေကို ပညာရေးအနေနဲ့ အခမဲ့အပိုချိန် သင်ကြားပေးခဲ့တာတွေလည်းရှိတယ်လို့သိရတယ်။ အဲဒီအကြောင်းလေး ပြောပြာပေး ပါဦးဆရာ။
ရွာမှာရှိတဲ့ လူမှုရေးအသင်းလေးနဲ့ ကျွန်တော် တော်တော်လေးကို ပါဝင်လုပ်ဆောင်ခဲ့သလို အဲဒီရွာမှာ ကလေးတွေကို အခမဲ့ အပိုချိန်သင်ပေးခဲ့ပါတယ်။ ကျောင်းတက်ချိန်က မနက် ၉ နာရီ။ ကျွန်တော်က မနက်မိုးလင်း ၆ နာရီခွဲကစပြီး သင်ပေးတယ်။ ကလေးတွေက ဝေလီဝေလင်းဆိုတာနဲ့ ရောက်လာပါတယ်။ ဘယ်အတန်းလာလာ လာတဲ့ကလေးကို သင်ပေးပါတယ်။ ညနေ ၃ နာရီခွဲ ကျောင်းဆင်းတဲ့အခါ တစ်နာရီအနားပေးတယ်။ ကလေးတွေ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ပါ။ အားကစားလုပ်ခိုင်းတယ်။ ညနေ ၄ နာရီခွဲမှာ မူလတန်း အထက်ဆင့် သုံးတန်းနဲ့ လေးတန်းကို စာသင်ပေးပါတယ်။ ညနေ ထမင်းစားချိန်ဆို ရွာက လာပို့ပေးတယ်။ ညမှာ ၆နာရီခွဲ၊ ၇နာရီကနေ ၉နာရီအထိ ရွာကမီးပေးတယ်။ မီးပေးတဲ့အချိန် မူလတန်း အထက်ဆင့်၊ အလယ်တန်းနဲ့ အထက်တန်းအားလုံးကို စာဖတ်ဝိုင်းလေးလုပ်ပေးတယ်။ အဲဒီ စာဖတ်ဝိုင်းလေးလည်း အောင်မြင်ခဲ့ပါတယ်။
ဆရာ့အနေနဲ့ တခြား ဘာများပြောချင်ပါလဲ။
ဆရာဆိုတာ မေတ္တာရှင်၊ အကြင်နာ၊ မုဒိတာရှင်၊ စေတနာရှင်၊ ၀ါသနာရှင်ဆိုတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် တိုးတက်လာမှာပါ။ ကျွန်တော်နဲ့ ဘ၀တူ ဆရာ၊ ဆရာမများအနေနဲ့ ကိုယ် တာဝန်ကျရာ ဒေသမှာ အားတက်သရော ဆောင်ရွက်ကြမယ်။ ကျောင်းသားတွေ၊ မိဘတွေကို နွေးထွေးတဲ့ မေတ္တာတွေ ပေးမယ်ဆိုရင် မေတ္တာတရားရှေ့ထားပြီး သင်ကြားပေးမယ်ဆိုရင် အောင်မြင်မှာ လက်ခတ်မလွဲပါပဲ။

ဧရာဝတီတိုင်းတွင် ဆင်စွယ်ခိုးဂိုဏ်းဟု ယူဆရသူ ၇ ဦး စစ်တပ်ကဖမ်းမိ

ဆင်ခိုးဂိုဏ်း, ဧရာဝတီတိုင်း , တပ်မတော် , ရဲ တပ်ဖွဲ့, ဆင်စွယ်ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ဆင်သတ်၍ အစွယ်ဖြတ်ယူသည့် ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ယမန်နေ့က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းတခုက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ငပုတောမြို့နယ် ငရုပ်ကောင်း မြို့နယ်ခွဲ ကွင်းဘတ်ကျေးရွာအုပ်စုအနီး ဘောကြိုးတောင်ကြောအတွင်း၌ ဆင်စွယ်များ၊ ဆင်သားရေများနှင့်အတူ တွေ့ရှိရသည့်အတွက် ခြေလျင်တပ်ရင်း(ခလရ) – ၃၈ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး နေထွန်းလှိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားကြောင်း ဧရာဝတီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ “ဆင်သတ်တဲ့တရားခံ ၇ ဦး ဖမ်းမိထားပါတယ်။ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိတာကို ကျနော်တို့ဆီ လွှဲပြောင်းပေးအပ်တာ ဖြစ်ပါတယ်။ ဒီအမှုကို ဆက်လက်စုံစမ်းနေဆဲပါ”ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်သူက ဧရာဝတီကို ပြောသည်။
ရဲတပ်ဖွဲ့က လွှဲပြောင်းရယူထိန်းသိမ်းထားသူ ၇ ဦးမှာ ငရုပ်ကောင်းမြို့နယ်မှ ဒေသခံ ဦးမျိုးအောင်၊ ဦးဆံရှည် (ခ) ချစ်ကိုကို၊ ဦးစန်းမြင့် တို့ ဖြစ်ပြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့နယ်ခွဲမှ ဦးခင်မောင်ဇော်၊ ဦးနိုင်ကြီး (ခ) နိုင်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးသန်းလှိုင် တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ ဆင်စွယ် ၄ ချောင်း၊ ဆင်သားရေအခြောက် ပိဿာချိန် ၄၂၀ ခန့်၊ ဒူးလေး ၂ လက်၊ မြားတံ ၁၉ ချောင်း၊ ဆင်ဦးစီး ဓား ၁ ချောင်း၊ သံဘောစေ့ အကြီးအသေး ၃၆ လုံးနှင့် CDMA ဖုန်း ၁ လုံး သိမ်းဆည်း ရမိကြောင်း တိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ လူ ၇ ဦးကို တောဆင်ရိုင်း အထီး ၁ ကောင်အား လုပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အစွယ် ထုတ်ယူခြင်း၊ အရေခွံအခြောက်လှန်းယူခြင်းများ ပြုလုပ်နေသည့် ဦးဆံရှည်၏တဲတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများအနက် ဦးခင်မောင်ဇော်အား လုပ်သေနတ်များ ဖော်ထုတ်ရရှိရေးအတွက် ဗိုလ်မှူး နေထွိန်းလှိုင် ဦးစီးသည့်အဖွဲ့မှ လမ်းပြအဖြစ်ခေါ်ဆောင်ပြီး တောအတွင်း ရှာဖွေလျက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖမ်းဆီးရမိသူများကို ငရုပ်ကောင်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်နေသည့် ကွင်းဆက် တရားခံများကို ဆက်လက် ဖော်ထုတ်အရေးယူရန် ငပုတောမြို့နယ် ရဲမှူး ဦးဆောင်သည့် အထူးအဖွဲ့ ဖွဲ့စည်းထားကြောင်း ဧရာဝတီ တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်နိုင်မိုးက ပြောသည်။
“ဒီအမှုနဲ့ပတ်သက်လို့ ကွင်းဆက်တရားခံတွေဖြစ်တဲ့ သယ်တဲ့လူတွေ၊ ဖြန့်တဲ့လူတွေ၊ ရောင်းတာကို ပြန်ဝယ်တဲ့လူတွေကို ဖော် ထုတ် သွားမှာပါ။ ဒီကြားထဲမှာ သူတို့ ဆင်ဘယ်နှစ်ကောင် ပစ်ထားသေးလဲပေါ့။ ဒါတွေကိုလည်း စစ်ဆေးမှာပါ။ ရှေ့မှာလည်း ဆင် သတ်မှုတွေရှိခဲ့တော့ အဲဒါတွေနဲ့ အခုဖမ်းထားသူတွေ ဆက်စပ်မှုရှိသလား စစ်ဆေးဖော်ထုတ်တာတွေ လုပ်ကြမှာပါ”ဟုလည်း ၎င်းက ပြောပြသည်။
ဆင်သတ်မှုများမှာ ၂၀၁၂ ခုနှစ် သြဂုတ်လက စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး တောဆင်များ အသတ်ခံနေရသည့် ကြိုးဝိုင်းများမှာ ငပုတောမြို့နယ်ရှိ ဆင်မ၊ မြစ်တရာနှင့် ဆင်မှုံ ကြိုးဝိုင်းများ ဖြစ်သည်။
၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဆင်သတ်မှုများကို ငပုတောစခန်းတွင် ၁ မှု၊ ဟိုင်းကြီးကျွန်းစခန်းတွင် ၁ မှု၊ ငရုပ် ကောင်း စခန်းတွင် ၂ မှု၊ တောင်ကလေး စခန်းတွင် ၁ မှုဖြင့် အသီးသီးအမှုဖွင့်ထားသည်။
ယင်းအမှု ၅ မှုအနက် တောင်ကလေးရဲစခန်းက ဖော်ထုတ်သည့် ၁ မှုသာ တရားခံ ၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ကျန် ၄ မှုမှာ ပေါ်ပေါက်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
“ဆင်သတ်မှုတွေ ဖော်ထုတ်ရာမှာ ဆင်တွေကို ဂိုဏ်းဖွဲ့ပြီး သတ်ဖြတ်အစွယ်ယူနေတဲ့ ဆင်စွယ်ခိုးဂိုဏ်းကို အဓိက ဖော်ထုတ်စေချင် ပါတယ်။ တကယ်တမ်း ဆင်သတ်ပြီး အစွယ်ဖြတ်ယူနေသူတွေက တနယ်တကျေးကပါ။ အခုက ဆင်သတ်မှုဆိုရင် ငွေလေး အနည်း အပါးရလို့ လမ်းပြမိတဲ့ ဒေသခံတွေ အဖမ်းခံရ၊ မျက်မြင်တွေ့တဲ့လူတွေ အစစ်ဆေးခံရနဲ့ ဒေသခံတွေပဲ ဒုက္ခရောက်ရတာမျိုး မဖြစ်စေချင်ပါဘူး”ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။
ဆင်စွယ် အရောင်းအ၀ယ်ဈေးကွက်တွင် ဆင်စွယ်ကို ပိဿာဖြင့် ချိန်တွယ်ရောင်းဝယ်ကြပြီး ဆင်စွယ် ၁ ပိဿာကို ဧရာဝတီတိုင်း အတွင်း၌ ကျပ် ၆ သိန်းမှ ၁၂ သိန်းအထိ ပေါက်ဈေးရှိကြောင်း၊ လာရောက်ဝယ်ယူသူများမှာ ရန်ကုန်မြို့မှ ဆင်းလာတတ်ကြပြီး ကားကြီး ကားကောင်းများဖြင့် ဆင်စွယ်များကို ခိုးဝှက်၍သယ်ယူလေ့ရှိကြောင်း မှောင်ခိုဈေးကွက် သတင်းများက ဆိုသည်။
ဆင်စွယ်တချောင်းမှာ အနည်းဆုံး ၁၀ ပိဿာမှ ၁၅ ပိဿာအထိ အလေးချိန် ရှိသဖြင့် ဆင်စွယ်တချောင်းတန်ဖိုးမှာ တရားမ၀င် မှောင်ခို ဈေးကွက်တွင် ကျပ် သိန်း ၆၀ (အမေရိကန် ဒေါ်လာ ၇၀၅၈) မှ သိန်း ၁၀၀ (ဒေါ်လာ ၁၁၇၆၅) ကျော်အထိ ပေါက်ဈေးရှိနေပြီး ထိုင်းနှင့်တရုတ် နိုင်ငံများသို့ တရားမ၀င် မှောင်ခိုလမ်းကြောင်းဖြင့် သယ်ပို့ရောင်းချကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှု၌ အဖမ်းခံရသည့် မြန်မာများအရေး ထိုင်းဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန် ဆွေးနွေးမည်

လိပ်ကျွန်း, သုဝဏ္ဏဘုမ္မိ, ဦးသိန်းစိန်,CSIထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ မြန်မာပြည် ခရီးစဉ်အတွင်း ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ် မှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားသည့် မြန်မာနိုင်ငံသားများကိစ္စကို သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ဆွေးနွေးသွား မည်ဟု သိရသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ ဗိုလ်ချုပ်ကြီး ပရာယုဒ်နဲ့ သမ္မတကြီးတွေ့တဲ့အခါ ဆွေးနွေးတဲ့အထဲ အဲဒါပါ ပါမယ်။ ကျနော်တို့က နိုင်ငံခြားရေး ၀န်ကြီးကနေ ပြောထားတယ်။ ပထမပိုင်း သံအမတ် ကြီး ဦးဝင်းမောင်က ပြောပေ မယ့် သူတို့ဘက်က လိုလိုလားလား မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ကျနော်တို့ ထပ်ပြီး တွန်းအားပေးဖို့ လုပ်နေပါ တယ်” ဟု ဧရာဝတီကို ပြောသည်။ သို့သော် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရထံ တရားဝင်စာပို့ထားခြင်းမရှိသေးသော်လည်း၊  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ထိုင်းနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနထံ သွားရောက်တွေ့ဆုံဆွေးနွေးရန် ညွှန်ကြား ထား ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“အဓိက ကာယကံရှင်တွေနဲ့ တိုက်ရိုက် လွတ်လပ်လပ်လပ်တွေ့ခွင့်ရဖို့ကို သူတို့က လက်ခံဖို့ လိုတယ်။ ကာယကံရှင် တွေနဲ့ တွေ့မှ သူတို့က လွတ်လွတ် လပ်လပ် အမှန်ကို ပြောရဲဖို့ လိုတယ်။ အခုတော့ သူတို့ ကာ ယကံရှင်တွေနဲ့ တွေ့ခွင့်ရဖို့ လုပ်နေပါတယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။
ယနေ့ထုတ် အစိုးရသတင်းစာများတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့ ထိုင်းရဲတပ်ဖွဲ၏ ထုတ်ပြန်ကြေညာချက်တွင် လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသား မစ္စတာ ဒေးဗစ် မီလာနှင့် မစ္စ ဟန်နာ ၀သ်သာရစ်ခ်ျ တို့ ၂ ဦး သတ်ဖြတ်ခံရမှုတွင် ကျွန်းပေါ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား စစ်ဆေးပြီး၊ ၃ ဦးကို ဖမ်းဆီး ထားကြောင်း၊ မောင်ဝင်းဇော်ထွန်းနှင့် တဦးက ၄င်း တို့ သတ်ခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
နောက်တနေ့တွင်  မြန်မာ ၂ ဦးအား အခင်းဖြစ်ပွားမှု ပြန်လည်သရုပ်ပြရန် ထိုင်းရဲက စီစဉ်ခဲ့ သည်။
ထိုင်း ရဲ ဗိုလ်ချုပ်ကြီး ဆုန်ယု ဖုန်ဖန်မောင်န့် က“အခု သံသယရှိနေသူ ၂ ဦးဟာ အဲဒီနေ့တုန်းက ပြစ်မှုကျူးလွန်ခဲ့ကြသူ တွေပါ။ တချိန်ထဲမှာပဲ သူတို့ ကျူး လွန်ခဲ့တယ် ဆိုတာ ၀န်ခံခဲ့ကြတယ်။ ဒါကြောင့် အခု ရဲတပ်ဖွဲ့လုပ်ထုံး လုပ်နည်း အတိုင်း သူတို့ကို ပြန်လည် သရုပ်ပြဖို့ ကျနော်တို့ ခေါ်လာ တာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဝန်ခံသည် ဆိုသော  မြန်မာ ၂ ဦးက ၊ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက လိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာတီး သီချင်းဆိုနေကြစဉ် နိုင်ငံခြားသား စုံတွဲ၂ ဦး ချစ်တင်းနှောနေတာ၍ မြင်ပြီး စိတ်မထိန်းနိုင်၍  ပြစ်မှု ကျူး လွန်ခဲ့သည် ဟု ထွက်ဆိုထားကြောင်း ထိုင်းရဲက ပြောထားသည်။
ထို့အပြင် အဆိုပါ ၂ ဦး၏ DNA ကလည်း သေဆုံးသူ ဗြိတိန် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှ ရသည့် DNA နှင့် ကိုက်ညီ သကဲ့သို့၊ အခင်းဖြစ်ပွားရာနေရာအနီးတွေ့ရသည့် L&M စီးကရက်မှ ရသည့် DNA နှင့် လည်း ကိုက်ညီကြောင်း ထိုင်းရဲ ကဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍  မြန်မာအသိုင်းအ၀ိုင်းသာမက ထိုင်းလူမှု အသိုင်းအ၀ိုင်း အပါအ၀င် ကမ္ဘာမီဒီယာများကပါ ယုံကြည်မှု မရှိပဲ၊  အဆိုပါ မြန်မာ ၂ ဦးမှာ ဓားစာခံ အဖြစ် ထုတ်ပြခံရသည်ဟု ယုံကြည်နေကြသည်။
အဆိုပါ လိပ်ကျွန်း လူသတ်မှု ကိစ္စဖြင့် ကျွန်းပေါ်ရှိ မြန်မာအလုပ်သမားများအား ထိုင်းရဲများစစ်ဆေးရာတွင် ရေနွေးပူ လောင်း၍ ညှင်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်းလည်း ဒေသခံများကဆိုသည်။
ထို့အပြင် ယင်းလူသတ်မှုနှင့် ပတ်သက် ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်က ယခင်ဖော်ပြခဲ့သော သတင်း များနှင့် ထိုင်းရဲများ၏ ပြောဆိုမှု ကွဲလွဲချက်များရှိနေသည်ကို  နိုင်ငံခြား သတင်းဌာနများက  ထောက်ပြကြသည်။
သေဆုံးသူ ဟန်နာ၏ လက်ကိုင်ဖုန်းကို မြန်မာတဦး၏ အခန်းအနီးမှ တွေ့သည်ဟု ဆိုခဲ့ သော်လည်း၊ အဆိုပါ လက် ကိုင် ဖုန်းကို ဟန်နာ၏ သူငယ်ချင်းများက အခင်းဖြစ်ပြီးနောက်တနေ့တွင် ထိုင်းရဲသို့ လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်၍ ကွဲလွဲနေကြောင်းလည်း နိုင်ငံတကာသတင်းများက ဝေဖန်သည်။
လူသတ်မှုကိစ္စနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံကို ပြန်မည့် ဗြိတိန်နိုင်ငံသားတဦး သုဝဏ္ဏဘုမ္မိ လေဆိပ်၌ ဖမ်းမိခဲ့ကြောင်း၊ ၄င်း၏ ဆံပင်အရောင်နှင့် သေဆုံးသူ မစ္စ ဟန်နာ၏ လက်တွင်းမှ ရသည့် ဆံပင်အရောင်တူညီသည့်ဟု ထိုင်းရဲများ၏ ယခင်ထုတ်ပြန်မှုများအပေါ် ထောက်ပြရေးသားနေကြသည်။
ထို့အပြင်သေဆုံးသူ ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ၏ သူငယ်ချင်း ရှောင်မက် အန်နာ ဆိုသူက အခင်းဖြစ်ပွားပြီး နောက်၊ လိပ်ကျွန်းပေါ်ရှိ ထိုင်း မာဖီးယားတို့၏ သတ်မည်ဟု ခြိမ်းခြောက်ခံရ၍ ကျွန်းမှ ထွက်ခွာသွားရာ၊ သူ၏ လက်တွင် ရရှိထားသည့် ဒဏ်ရာ နှင့် သေဆုံးသူ ဒေးဗစ်မီလာ၏ ဒဏ်ရာသည်ပုံစံတူ ဖြစ် နေ၍ ၄င်းသည် ယခု လူသတ်မှုတွင် အဓိကကွင်း ဆက်ဖြစ် နေ သည်ကိုလည်း ထောက်ပြနေကြသည်။
ရှောင်မက် အန်နာ၏ ဖေစ်ဘွခ်တွင် ခြိမ်းခြောက်ခဲ့သည့် ထိုင်း လူမျိုး ၂ ဦးကို ဓာတ်ပုံရိုက်၍ တင်ခဲ့ပြီး၊ “ထိုင်းမာဖီး တွေက ကျနော့်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါ” ဟုလည်း  ရေးသားခဲ့သည်။
ဗြိတိန်အခြေစိုက် မက်ထရို သတင်းဌာန နှင့် အင်တာဗျူး တွင်  ရှောင်မက် အန်နာက အဆိုပါ ထိုင်း ၂ဦးက မိမိကိုယ်မိမိ ဆွဲကြိုး ချ သေရန် ဖိအားပေးခဲ့ကြောင်း၊ ထို့နောက် စတိုးဆိုင်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ကော့တောင်ကျွန်း မှ ကော့စမွေ အရပ် သို့ ထွက်ခွာသွားကာထိုမှတဆင့် ဘန်ကောက်သို့ ထွက်ခွာသွားခဲ့ကြောင်း ပြောဆိုခဲ့ သည်။
အဆိုပါ ဓာတ်ပုံပါ ထိုင်းလူမျိုး ၂ ဦးအား ထိုင်းရဲက စစ်ဆေးခဲ့စဉ် ၄င်းတို့က DNA ပေးရန် ငြင်းဆိုခဲ့သည့် သူများဖြစ်သည်။
ထိုင်း လူမှု ကွန်ရက် စာမျက်နှာ  CSI တွင် လိပ် ကျွန်း လူသတ်မှု ကိစ္စ သံသယဖြစ်ခံရသူ စာရင်းတွင် ရှောင်မက် အန်နာ ပါဝင်သော်လည်း ရဲက စစ်မေးရာတွင် အပြည့်အစုံ ထုတ်ဖော်ပြော ဆိုခြင်း မရှိခဲ့ပဲ ကျွန်းမှ ထွက်ခွာခဲ့သည်ဟု ဖော်ပြထားသည်။
ထိုင်းအခြေစိုက် Cross Cultural Foundation (CCF) ကမူ လိပ်ကျွန်း လူသတ်မှုနှင့် မြန်မာ အလုပ်သမား ၂ ဦး ဖမ်း ဆီးထားသည့်  ကိစ္စသည် ပွင့်လင်းမြင်သာမှုမရှိပဲ မတရား သဖြင့် ဖမ်းဆီးခံရပြီး ထိုးကျွေးခံရသူများ ဖြစ်မည်ဟု ထုတ် ပြန်ထားသည်ကို ထိုင်း PBS သတင်းဌာနကို ပြောဆိုခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦး “Takraw” ကစားနေစဉ် ထိုင်း ရဲများ ရောက်ရှိလာရာ၊  မြန်မာ ၃ ဦးက အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် ပါမစ် စတာတွေ မရှိ၍ ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း၊ ထို့နောက် ထိုင်းရဲက အဆိုပါ ၃ ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ဗြိတိန် ၂ ဦးသတ်ဖြတ်သည့် တရားခံအဖြစ် ထုတ်ပြန်ခဲ့ ခြင်းဖြစ် သည်ဟု CCF ဒါရိုက်တာ မစ္စ ပွန်ပန်က ပြောသည်။
“DNA စစ်ဆေးမှု ရလာဒ်ကို အရမ်း တိုတောင်းတဲ့ အချိန်အတွင်းမှာ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ တာဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ လုပ်တာမှဟုတ်ရဲ့လား”ဟုလည်း ၄င်းက မေးခွန်းထုတ်ထားသည်။
ထိုင်းအာဏာပိုင်များသည် မျှတတဲ့ တရားစီရင်ရေးထက် နိုင်ငံခြားသား ကမ္ဘာ လှည့်ခရီးသွား အလာကျဆင်းသွား မှာကို ပိုပြီး စိုရိမ်ပူပန်နေကြောင်း၊ လူသတ်မှု သံသယဖြစ်သူမျာအပေါ် ခွဲခြားမှု မရှိ ပဲ လုပ်ဆောင်သင့်ကြောင်း CCF ဒါရိုက်တာ မစ္စ ပွန်ပန်ကဆက်လက်ပြောသည်။
ထိုင်းရဲများအပေါ် ဗြိတိန်သံရုံးက သေချာကိုင်တွယ်ရန် ဖိအားပေးခြင်းနှင့် အခြား ဖိအားများကျရောက်နေ သည့်အတွက် ထိုင်းနိုင်ငံ၏ တရားစီရင်ရေး စနစ်မှာ ယုံကြည်မှု ပျက်စီးစေတဲ့ အဖြစ်သို့ သက်ရောက် သွားစေ နိုင်ကြောင်း ၄င်းက သတိပေးသည်ဟု သိရသည်။
အဆိုပါကိစ္စကြောင့် လိပ်ကျွန်းရှိ မြန်မာ အလုပ်သမား ၄ ထောင်ကျော်မှာ စိုးရိမ်ထိပ်လန့်မှုများ ရင်ဆိုင်နေရပြီး ထိုင်းနိုင်ငံရှိ မြန်မာများအနေဖြင့်လည်း စိုးရိမ်မကင်းဖြစ်နေကြသည်။

Sunday, October 5, 2014

ထိုင်းလူသတ်မှု စွပ်စွဲခံနှစ်ဦး ရုံးထုတ်ရမန်ယူ

ထိုင်းနိုင်ငံ၊ ကော့တောင်လို့ ခေါ်တဲ့ လိပ်ကျွန်းမှာ အသတ်ခံရသူ ဗြိတိသျှ နိုင်ငံသား နှစ်ဦးနဲ့ ပတ်သက်လို့ တရားခံတွေ အဖြစ် စွပ်စွဲခံရသူ မြန်မာ အလုပ်သမား နှစ်ဦးကို ရိုက်နှက်စစ်ဆေး မှုတွေ ရှိတဲ့ အကြောင်း ပြန်လွတ်လာသူ တစ်ဦးက ပြောပါတယ်။ ဒီကနေ့ ရုံးထုတ် ရမန်ယူခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို အခုလို လူသတ်မှုနဲ့ စွဲဆိုခံရတဲ့ အပေါ် မြန်မာ သံရုံးဘက်က စုံစမ်းစစ်ဆေးအုံးမှာ ဖြစ်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အခု စွပ်စွဲခံရသူ မြန်မာအလုပ်သမား နှစ်ဦးဟာ စက်တင်ဘာ ၁၆ ရက် DNA စစ်ဆေးမှုမှာ ပါဝင်ခဲ့ပြီး ပြန်လွှတ်ပေးထားသူများ ဖြစ်ကြပါတယ်။ သူတို့ကို ဒုတိယအကြိမ်ဖမ်းဆီးပြီး အခု တရားခံတွေအဖြစ် ထိုင်းရဲတွေက ထုတ်ဖော် ပြောဆိုခဲ့တာပါ။ သူတို့နဲ့အတူ ဖမ်းဆီးခံထားရသူတွေကို အောက်တိုဘာ ၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီး တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ စစ်ဆေးမေးမြန်းမှုတွေအတွင်း ရိုက်နှက်ခံရတာတွေ ရှိတဲ့အကြောင်း သူတို့နဲ့ နီးစပ်တဲ့ ကျွန်းပေါ်မှာ အလုပ်လုပ်နေသူ မြန်မာအလုပ်သမားတစ်ဦးက ပြောပြပါတယ်။

“လွန်ခဲ့တဲ့လေးရက်လောက်က သူတို့ကို ဖမ်းလိုက်တာ။ တစ်ယောက်က တော်တော်ကြီးကို အရိုက်ခံထားရတာပေါ့။ ဒါပေမယ့် သတင်းထဲမှာ အဲဒီကောင် ပုံမထွက်ဘူး။ သုံးယောက်ဖမ်းပြီးတော့ နှစ်ယောက်ပုံပဲ ထွက်တယ်။ ရဲစခန်းထဲမှာ မသင်္ကာလို့ ဖမ်းထားတာ ဆယ်ယောက်လောက် ရှိတယ်။ မသင်္ကာပြီးဖမ်းထားတဲ့သူတွေကိုတော့ မနေ့ညက ပြန်လွှတ်လိုက်တယ်။ သူတို့ကပြန်ပြောပြတာ။ အဲဒီ (သူတွေက) အချုပ်ခန်းထဲက မြင်နေရတာ။ သူတို့ကို ထုတ်သွားလိုက်၊ ရိုက်လိုက် မြင်နေရတာကို သူတို့က ပြောပြတာ။ ဟုတ်ပါတယ်ဆို ဝန်ခံလိုက်တယ်ဆိုပြီးမှ ဘယ်ပုံ ဘယ်နည်းလုပ်တယ်- ဘာညာဆိုပြီးတော့ အမလည်း တွေ့မှာတော့ သတင်းစာထဲမှာ တောင်ပြ၊ မြောက်ပြ၊ ရဲက ဒီဘက်ပြ၊ သူတို့က ဟိုဘက်ပြဖြစ်နေတာ။ အဲဒါနဲ့ သူတို့ကို မနေ့က ကော့စမွီအကျဉ်းထောင်ကို ခေါ်သွားပြီးတော့ ဒီနေ့ သူတို့ကို တရားရုံးထုတ်တယ်။ ရမန်ယူဖို့ပေါ့။”

အဓမ္မပြုကျင့် အသတ်ခံရတယ်လို့ ယူဆထားတဲ့ ဗြိတိန်နိုင်ငံသူရဲ့ ကိုယ်ခန္ဓာမှာ တွေ့ရတဲ့ DNA ၂ မျိုးအရ အာရှနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းရဲတွေက စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ကောက်ချက်ချထားခဲ့တာပါ။ ထိုင်းနိုင်ငံ၊ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့ ခိုင်မာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

အဲဒီ DNA ဟာ ဘယ်ကရတဲ့ DNA လဲ။ အဲဒါကို ခိုင်မာအောင်တော့ ကျနော်တို့ကလည်း သံအမတ်ကြီးကတော့ ဥပဒေကြောင်းအရ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ကတော့ တကယ်လို့ ကိုယ့်ဘက်က အစွပ်စွဲခံရတယ်၊ မဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲ ကျနော်တို့က တရားဝင်ဖြစ်စေရမှာပေါ့နော်။ အဲဒါလေးတွေကို ကျနော်တို့က ဆောင်ရွက်နေပါတယ်။”

လိပ်ကျွန်းမှာရှိတဲ့ မြန်မာနိုင်ငံသားအများစုကတော့ အခု စွပ်စွဲခံထားရတဲ့ လူငယ်တွေက ဒီလို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို မယုံကြည်နိုင်ကြဘဲ ဖြစ်နေသလို မြန်မာသံရုံးကနေ ဒီအမှုမှန်ပေါ်ရေး သေချာ စိစစ်ဆောင်ရွက်ပေးစေချင်တယ်လို့ ပြောကြပါတယ်။ အခုဆိုရင် ဖမ်းဆီးမှုက ပြန်လည် လွတ်မြောက်လာ သူတွေရော၊ လက်ရှိနေထိုင်နေသူ မြန်မာနိုင်ငံသားတွေဟာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေကြပါတယ်။ အောက်တိုဘာ ၃ ရက်နေ့က လိပ်ကျွန်းပေါ်မှာ မှုခင်းမှတ်တမ်းတွေရယူဖို့ တရားခံတွေကို လိုက်လံပြသခိုင်းချိန်မှာ အရပ်သားတွေက သူတို့မြင်တွေ့ရတဲ့ သံသယဖြစ်စရာ မြင်ကွင်းတွေ အကြောင်း အခုလို ပြောပြပါတယ်။

“ဒီကောင်လေးတွေ လူသတ်တဲ့ပုံစံတွေ လုပ်ပြနေတာက ပိုပြီး သံသယရှိတယ်ဗျ။ ဒီကောင်လေးတွေက ဒီ ဘက်ထိုးပြ၊ ဒီဘက်ထိုးပြတယ်။ စကားပြန်က ဟ- အဲဒီဘက် မဟုတ်ဘူး၊ ဟိုဘက်… အဲဒီလိုမျိုးတွေပေါ့။ ပုလိပ်နဲ့ စကားပြန်နဲ့ လူသတ်တဲ့တရားခံတွေဟာ တယောက်နဲ့တယောက်ကို အချက်အလက်တွေ ကွဲပြားနေတာပေါ့နော်။”

လိပ်ကျွန်းလူသတ်မှုဟာ ရက်အတော်ကြာတဲ့အထိ အမှုမှန်မပေါ်နိုင်တဲ့အတွက် ရဲတွေအနေနဲ့လည်း ဖိအားပေးတာ၊ ဝေဖန်တာတွေကို ခံနေကြရပါတယ်။ အခု အမှုမှန်ပေါ်ပြီလို့ ပြောဆိုနေချိန်မှာပဲ ထိုင်းနိုင်ငံအတွင်းက မြန်မာပြည်သားတွေကတော့ ဝေဖန်မှုတချို့ရှိနေပြီး မယုံကြည်နိုင်ပဲဖြစ်နေသလို ကော့စမွီ အကျဉ်းထောင်ကို ပို့ဆောင်ခံထားရတဲ့ တရားခံအဖြစ် စွပ်စွဲခွံရသူတွေကတော့ သူတို့ သတ်ခဲ့ကြောင်း ဝန်ခံနေကြပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးအနေနဲ့ အလုပ်သမားရေး ဆောင်ရွက်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီအမှုနဲ့ပတ်သက်လို့ သေချာ စုံစမ်းစစ်ဆေးသွားနိုင်ရေးအတွက် တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေကို မကြာခင်မှာ သွားရောက်တွေ့ဆုံကြဖို့ ရှိပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)

SSPP/SSA အား မြန်မာ့တပ်မတော် အပြင်းအထန် တိုက်ခိုက် သေကျေ ကျဆုံးမှုများ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား မြန်မာ့ တပ်မတော် စစ်အင်အား တိုးဖြည့် တိုက်ခိုက်သောကြောင့် တိုက်ပွဲများ တခြားမြို့နယ်သို့ ပျံ့လာနေပြီ ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။
အောက်တိုဘာ ၄ ရက်နေ့တွင် မြန်မာအစိုးရတပ် စစ်သည်အင် အား ထောင် ဂဏန်းသည် ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အင်အားတိုးဖြည့် လှုပ်ရှားလာ သော ကြောင့် တိုက်ပွဲများ မိုင်းရယ်-ကျေးသီးကားလမ်းပေါ်ရှိ SSPP ၏ နမ့်ပုတ်တပ်စခန်း ၊ လွယ်ကုန် လွယ် ကျိုင်း တပ်စခန်းအထိ ပျံ့နှံ့လာကြောင်း၊ ယမန်နေ့ တိုက်ပွဲကြောင့် မြန်မာ့ တပ်မတော် ဘက်က ၁၀ ဦး သေဆုံး ၊ ၂၀ ထက်မနည်းဒဏ်ရာရရှိကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်ကလည်း ၃ ဦး ကျဆုံးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများက ပြောသည်။

“မွန်းလွဲ၂ နာရီ မိုင်းရယ်တောင်ဘက်က လွယ်ကျူစိ ဘက်မှာ မြန်မာစစ်ကား တစီးဗုံးကွဲ မီးလောင် တယ်။ စစ်သား ၅ ဦးသေ၊ ၁၀ ဦးကျော်ဒဏ်ရာရတယ်။ ပွဲချင်းပြီး က ၄ ယောက်လေ။ ဒဏ်ရာရသူတွေ ထဲက နားလီရွာ ခေါက်ဆွဲဆိုင် အရောက် မှာ ၁ ယောက်ထပ်သေတယ်။ ၄ နာရီ ၄၅ မိနစ် နမ့်ပုတ် နှင့်ကျေး သီးကြား လမ်းမပေါ် ပန်စယ့်ဘက်မှာတော့ ည ၇ ခွဲအထိ ပစ်ခတ်ကြတယ်။ ” ဟု အမည် မဖေါ်လိုသည့် ရှေ့တန်းတပ်မှူး တဦးကပြော သည်။

“ကျနော်တို့ကို အလုံးအရင်းနဲ့လာတိုက်တယ်။ လက်နက်ကြီးတွေအများ အပြားသယ်လာပြီး ကျနော် တို့ကို လာထုတယ်။ လက်နက်ကြီး အဓိကသုံးတာ သူတို့က။ ခင်ဗျားစဉ်းစားကြည့်လေ ကျနော်တို့ဆီ အလုံးအရင်းအင်အားတွေနဲ့ လာတိုက်တယ်။ ကျနော်တို့ဘက်ကလည်း သူတို့အင်အား ထပ်မဖြည့် နိုင်အောင် လမ်းမှာ ဖြတ်တိုက်ရတော့တာပေါ့။ ဒါ ကျနော်တို့ဒေသကို ကျနော်တို့ ကာကွယ် တာလေ။ ဗမာပြည်ကို ကျနော်တို့ သွားတိုက်နေတာ မဟုတ်ဘူး။ အဲ - ကျနော်တို့ နေစရာစခန်းမရှိတော့ရင်တော့ သွားတိုက်ရမှာဘဲ။ ” ဟု တိုက်ပွဲဝင် တပ်မှူး တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားကြပြီးဖြစ်သည်။ ထို့ကြောင့် သျှမ်းပြည်တပ်မတော် SSPP/SSA အပေါ် ထိုးစစ်ဆင်နေ မှု ရပ်ဆိုင်းပေးရန် ဘန်ကောက်ရောက် သျှမ်းခေါင်းဆောင်များက စုပေါင်းကာ နိုင်ငံတော် သမ္မတထံ ယမန်နေ့က စာရေးတောင်းဆိုသည်။


ဓါတ်ပုံ- မြန်မာ့တပ်မတော်၏ လက်နက်ကြီးများ

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အားပေးထောက်ခံမှုအများအပြားရရှိခဲ့သည့် လက်ထောက် ကျောင်းအုပ်တစ်ဦးကို နိုင်ငံတော်အဆင့် ''လူမှုထူးချွန်ဆရာ''အဖြစ် ရွေးချယ်

ရန်ကုန်၊ အောက်တိုဘာ ၃။
လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အားပေးထောက်ခံမှု အများအပြား ရရှိခဲ့သည့် လက်ထောက်ကျောင်း အုပ်တစ်ဦးကို နိုင်ငံအဆင့် ''လူမှုထူး ချွန်ဆရာ''ဆုချီးမြှင့်ရန် ရွေးချယ် လိုက်ပြီဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် နှစ်ဦးသာ ချီးမြှင့်သည့် ''လူမှုထူးချွန်ဆရာ''ဆု နှစ်ဆုအနက် တစ်ဆုရွေးချယ်ခြင်း ခံထားရသည့် ဆရာဦးသန်းလှိုင် (B.A.,Geo;) မှာ ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာမှ လက်ထောက် ကျောင်းအုပ် တစ်ဦးဖြစ်ကြောင်း သိ ရသည်။
''ဟုတ်ပါတယ်၊ ဒီဆုရတယ်ဆို တာကို စစ်ကိုင်းတိုင်းပညာရေးမှူးရုံး ကနေ မြို့နယ်ပညာရေးမှူးရုံးကို အကြောင်းကြားပြီး အဲဒီကနေတစ် ဆင့် ကျွန်တော့်ဆီကို အောက်တို ဘာ ၂ရက် ညနေက အကြောင်း ကြားလာတာပါ။ ကိုယ်လုပ်ခဲ့တဲ့လုပ် ငန်းတွေကနေ ဒီလိုဆုရတာကို ဝမ်း သာပီတိ ဖြစ်မိပါတယ်''ဟု ဆရာ ဦးသန်းလှိုင်က ပြောသည်။
ဆူးလေကုန်းကျေးရွာ အမှတ် (၅၉) အခြေခံပညာမူလတန်းလက် ထောက်ကျောင်းအုပ်ဖြစ်သူ ဆရာ ဦးသန်းလှိုင်သည် မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာသို့ ပြောင်းရွှေ့ မိန့်ကျခဲ့ပြီး ဆရာဦးသန်းလှိုင်အား ဂုဏ်ပြုနှုတ်ဆက်ပွဲပြုလုပ်သော စက် တင်ဘာ ၂၉ရက်တွင် တပည့်များ သာမက ကျေးရွာသူ၊ ကျေးရွာသား များကပါ ဝမ်းနည်းနေကြပုံမြင်ကွင်း ကို မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီး လူမှုကွန်ရက်စာမျက်နှာများ တွင် တင်ထားခဲ့ရာ ယင်းပုံများသည် လူမှုကွန်ရက်သုံးစွဲသူများမှ ထပ်ဆင့် Share ပြုလုပ်ကြသောကြောင့် သက် ဆိုင်ရာပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူအဆင့်ဆင့်တို့မှသိရှိ ရာက ယခုကဲ့သို့ ''လူမှုထူးချွန်ဆရာ'' ဆုပေးအပ်ချီးမြှင့်ရန် အရွေးချယ်ခံ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
''ကိုယ်က ဝမ်းနဲ့လွယ်ပြီးမမွေး ရပေမယ့် ကိုယ့်ရဲ့သားသမီးတွေလို တပည့်တွေကို အရင်းနှီးဆုံးမေတ္တာ တရားတွေနဲ့ ယနေ့အချိန်အထိ ကျွန် တော် စာသင်ပေးတယ်။ ပြီးတော့ ကျွန်တော် တာဝန်ကျတဲ့ကျေးရွာမှာ ရွာသူရွာသားတွေနဲ့ တစ်စိတ် တစ် ဝမ်းထဲဖြစ်အောင်၊ စိတ်ဝမ်း မကွဲ အောင် နေတယ်။ လူမှုရေးလုပ်ငန်း တွေမှာလဲ ကျွန်တော်တတ်နိုင်သ လောက် ပါဝင်ခဲ့ပါတယ်'' ဟု ဆရာ ဦးသန်းလှိုင်က ပြောသည်။
ဆရာဦးသန်းလှိုင်သည် ပညာ ရေးဝန်ထမ်းအဖြစ် ၁၉၉၂ခုနှစ်မှစ တင်တာဝန်ထမ်းဆောင်ခဲ့ပြီး ချောင်းဦး မြို့နယ်သို့ မူလတန်းပြအဖြစ် ၁၉၉၇ ခုနှစ်တွင် ရောက်ရှိခဲ့ကြောင်း၊ ရှစ်နှစ် တာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆူး လေကုန်းကျေးရွာ အမှတ်(၅၉)အခြေ ခံပညာမူလတန်းကျောင်းတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၄ခုနှစ်အထိ လက် ထောက်ကျောင်းအုပ်အဖြစ် တာဝန် ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးသန်းလှိုင်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက ''သူရဲ့ရပ်ရွာအ ပေါ်စေတနာထားခဲ့တာတွေက နှုတ် ဆက်ပွဲမှာ ပေါ်လာတော့ ဒါတွေကို ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် လူကြီး တွေသိကုန်တယ်။ ဒါနဲ့ တိုက်တိုက် ဆိုင်ဆိုင် ဆရာများနေ့အခမ်းအနား လုပ်မှာနဲ့ဆိုတော့ ဆုရွေးချယ်ရေးအ ဖွဲ့တွေက သူ့အကြောင်းကို အဆင့် ဆင့်စုံစမ်းပြီး ပညာရေးမှူးတွေရဲ့ ထောက်ခံချက်တွေနဲ့ တင်ပြကြတော့ အထက်က တာဝန်ရှိသူတွေက အ တည်ပြုချက်ရယူပြီး အဆင့်ဆင့် သူ ဒီဆုရတာကို အကြောင်းကြား ပေးခဲ့တာပါ''ဟု ပြောသည်။
ယင်းကို သက်ဆိုင်ရာတာဝန် ရှိသူအဆင့်ဆင့်မှ ဆရာတစ်ဦးက တပည့်များအပေါ် ထားရှိသည့် စေ တနာ၊ တပည့်များက ဆရာအပေါ် ထားရှိသည့် ကျေးဇူးတရားနှင့် သံ ယောဇဉ်ဟူသည့် မြန်မာ့လူမှုအဖွဲ့ အစည်း၏ ပြယုဂ်၊ ကျေးရွာလူထု သက်ကြီး၊ သက်ငယ်ပါမကျန် ကျေး ရွာဖွံ့ဖြိုးရေးနှင့် ပရဟိတလုပ်ငန်း များကြောင့် ခွဲခွာပြောင်းရွှေ့သွားရ သည့်အချိန်တွင် ဆရာ့အပေါ်တွင် နှမြောတသဖြစ်ရသည့် သံယောဇဉ် ပြယုဂ်တို့ကို အသိအမှတ်ပြုခဲ့သည်။
ကမ္ဘာ့ဆရာများနေ့အခမ်းအ နားကြီးကို ၂ဝဝ၂ခုနှစ်မှစတင်ကာ နှစ်စဉ် အောက်တိုဘာ ၅ရက်နေ့ တွင် ကျင်းပလေ့ရှိကာ ယခုနှစ်တွင် ကျင်းပမည့် ယင်းအခမ်းအနားတွင် တစ်နိုင်ငံလုံးတွင် နှစ်ဦးသာ ချီးမြှင့် သည့် ''လူမှုထူးချွန်ဆရာ''ဆုများကို ချီးမြှင့်သွားမည်ဖြစ်သည်။

(ဒီမိုကရေစိတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Yangon Media Group's photo.
Yangon Media Group's photo.


အိန္ဒိယနိုင်ငံသား နှစ်သိန်းလောက် IS ချေမှုန်းရေးမှာ ပါဝင်လို

6 October 2014 09:02(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​တိုက်ခိုက်ချေမှုန်းရာမှာ ​လုပ်အားပေးအနေနဲ့ ​ပါဝင်လိုကြောင်း ​အိန္ဒိယနိုင်ငံသား ​အယောက် ​၂၀၀၀၀၀ ​(နှစ်သိန်း) ​က ​လက်မှတ်ရေးထိုး ​စာရင်းပေးနေကြပါတယ်။

IS ​အဖွဲ့ရဲ့ ​လုပ်ရပ်တွေဟာ ​အစ္စလာမ်ဘာသာနဲ့ ​ဆန့်ကျင်နေသလို ​မွတ်စလင်အချင်းချင်းကိုလည်း ​သတ်ပစ်တာတွေ ​ရှိတဲ့အတွက် ​IS ​အဖွဲ့ကို ​တိုက်ဖျက်လိုကြောင်း ​ပြောဆိုထားပါတယ်။

အဲဒီအထဲမှာ ​အသက် ​၁၂ ​နှစ်ရွယ် ​Tatheem ​Fatima ​လည်း ​ပါဝင်ပြီး ​အဲဒီကလေးမကတော့ ​သူ့လို ​Shia ​မွတ်စလင်တွေကို ​IS ​အဖွဲ့က ​သတ်ဖြတ်နေတဲ့အပေါ် ​မခံမရပ် ​ဖြစ်နေပြီး ​အဲဒီက ​ဒုက္ခရောက်တဲ့ ​လူတွေကို ​တတ်နိုင်သလောက် ​ကူညီချင်တယ်လို့ ​ပြောပါတယ်။

ဥပမာ ​ဆီးရီးယားနဲ့ ​အီရတ်လို ​နိုင်ငံမှာ ​ဒုက္ခရောက်နေတဲ့ ​လူတွေကို ​သောက်ရေပေးတာပဲဖြစ်ဖြစ် ​အစားအသောက် ​ကျွေးတဲ့နေရာမှာပဲ ​ဖြစ်ဖြစ် ​တတ်နိုင်တဲ့နေရာကနေ ​ကူညီလိုတယ်လို့ ​Tatheem ​Fatima ​က ​ပြောပါတယ်။

IS ​အဖွဲ့ကို ​တိုက်ခိုက်လိုသူ ​အယောက် ​နှစ်သိန်းထဲမှာ ​Shia ​မွတ်စလင်၊ ​ဆူနီမွတ်စလင်၊ ​ခရစ်ယာန်နဲ့ ​ဟိန္ဒူဘာသာတွေလည်း ​ပါဝင်ကြပါတယ်။

ဒါပေမဲ့ ​အခုလောလောဆယ်မှာတော့ ​လက်တွေ့လုပ်ငန်းအတွက် ​အသုံးဝင်မယ့် ​အင်ဂျင်နီယာနဲ့ ​ဆေးအမှုထမ်းလို ​လူတွေကိုသာ ​ရွေးချယ်ပြီး ​စစ်ဖြစ်တဲ့ ​ဒေသကို ​ပို့ဆောင်မယ်လို့ ​သိရပါတယ်။

အစ္စလာမ်ဘာသာဟာ ​ချစ်ခင်ခြင်းကို ​သင်ပြတဲ့ ​ဘာသာဖြစ်ပြီး ​လူသတ်မှုကို ​ဆန့်ကျင်ကြောင်း ​ပြသလိုတဲ့အတွက် ​IS ​အဖွဲ့ကို ​နှိမ်နင်းလိုတာဖြစ်ကြောင်းလည်း ​အိန္ဒိယ ​မွတ်စလင်တစ်ဦးက ​ပြောပါတယ်။

အခုလောလောဆယ် ​IS ​အဖွဲ့ဟာ ​အရှေ့အလယ်ပိုင်းမှာသာ ​လှုပ်ရှားနေပေမယ့် ​ပါကစ္စတန်အခြေစိုက် ​တာလီဘန်ကနေတဆင့် ​လှုပ်ရှားမှုတွေ ​ရှိလာတဲ့အတွက် ​အိန္ဒိယအာဏာပိုင်တွေသာမက ​တောင်အာရှဒေသအတွင်းမှာ ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

အိန္ဒိယနိုင်ငံသား ​မွတ်စလင်လူငယ်တချို့လည်း ​အရှေ့အလယ်ပိုင်းကို ​သွားပြီးတော့ ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းတိုက်ခိုက်တာမျိုး ​ရှိနေတယ်လို့လည်း ​အိန္ဒိအာဏာပိုင်တွေက ​ပြောကြောင်း ​အေဘီစီ ​သတင်းထောက် ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။



အသက် ၁၂ နှစ်အရွယ် Tatheer Fatima (Credit: ABC) 

ဆီးရီးယားနယ်စပ်မြို့ကို အိုင်အက်စ်အဖွဲ့ တိုက်ခိုက်မှုကြောင့် ကာ့ဒ်တပ်ဖွဲ့ ပြန်လည်ခုခံ

6 October 2014 09:20(+0630) (37 မိနစ် ခန့်က)


တူရကီနဲ့နယ်စပ် မဟာဗျူဟာကျတဲ့ ဆီရီးယားနယ်စပ်မြို့ ကိုဘာနီမြို့ကို အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)က ရက်သတ္တ ပတ်နဲ့ချီပြီး အပြင်းအထန် တိုက်ခိုက်နေတာကြောင့် မြို့ခံ ဆီးရီးယား ကာဒ့် လူမျိုးတွေကလည်း အောက်တိုဘာ ၅ ရက်နေ့က ပြန်လည်ခုခံနေ ကြပါတယ်။

မြို့ပတ်ဝန်းကျင်က ကျေးရွာတွေအားလုံး အိုင်အက်စ်အစွန်းရောက်တွေ လက်အောက်ကျရောက်ခဲ့တာ ဖြစ်ပေမယ့် ဆီးရီးယားကာဒ့်တွေကတော့ အမျိုးသမီးတွေပါ မကျန် မြို့ကို ရှိသမျှ လက်နက်ငယ်တွေနဲ့ အသေခံခုခံနေကြတာပါ။

အိုင်အက်စ်အဖွဲ့ကတော့ အီရတ်စစ်တပ်က သိမ်းဆီးရမိတဲ့ တင့်ကား အနည်းဆုံး အစီး ၂၀ နဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မြို့ခံဒုက္ခသည် အနည်းဆုံး ၁ သိန်း ၈ သောင်း ၆ ထောင်ဟာ တူရကီနိုင်ငံထဲကို ၀င်ရောက်ခိုလှုံနေကြပါတယ်။

အမေရိကန်နဲ့ မဟာမိတ်လေကြောင်းတိုက်ခိုက်မှုတွေဟာ ဒီဆီးရီးယားနယ်စပ်မှာ ထိထိရောက်ရောက်တိုက်ခိုက်တာ မရှိသလို တူရကီကို ဆီးရီးယားနိုင်ငံထဲ မ၀င်ရောက်ဖို့ ဆီရီးယားအစိုးရက သတိပေးထားပါတယ်။ ဒါကြောင့် နယ်စပ်မှာ တူရကီတင့်ကားတွေ ချထားတဲ့အဆင့်ပဲ ရှိပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က တူရကီနိုင်ငံထဲကို ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ တူရကီ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အယောက် ၂၀နဲ့ ဆီးရီးယားကာဒ့်တပ်ဖွဲ့ဝင် ၁၀ ယောက် ကျဆုံးခဲ့ကြတယ်လို့ အိုင်အက်စ်တပ်တွေကို ခုခံနေတဲ့ ဆီးရီးယားကာဒ့်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အမေရိကန်လေကြောင်းပစ်ကူမှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့နဲ့ ကိုဘာနီမြို့ကျလို့ အိုင်အက်စ်အစွန်းရောက်တွေက ကျူးလွန်ရင် အစုလိုက်အပြုံတိုက် သတ်ဖြတ်မှုတွေ တကမ္ဘာလုံးမှာ တာဝန်ရှိတယ်လို့ ကိုဘာနီကာကွယ်ရေးဝန်ကြီး အစ္စမေးလ် ရှိတ်လ် ဟာစန် (Ismet Sheikh Hasan)က ပြောဆိုပါတယ်။

နိုင်ငံပေါင်း ၂၄ နိုင်ငံကို e-Visa စနစ် ထပ်မံခွင့်ပြု

ရန်ကုန် ၊ ၆-၁၀-၂၀၁၄
စက်တင်ဘာ ၁ ရက်မှ စတင် အသုံးပြုခဲ့သော အွန်လိုင်းဗီဇာ ( e-Visa ) စနစ်ကို အောက်တိုဘာ ၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ထပ်မံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

တိုးချဲ့ ပေးလိုက်သော နိုင်ငံများ၌ မြန်မာ နိုင်ငံသို့ ခရီးသည် အဝင်နည်းသော ပီရူး၊ ပနားမား နှင့် မွန်ဂိုလီးယား စသော နိုင်ငံများ ပါဝင်ကြောင်း သိရသည်။ အွန်လိုင်းဗီဇာ e-Visa စနစ် ဆောင်ရွက်ရာတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံအပြင် ခရီးသွား လာရောက်မှု အပေါ် မူတည်ပြီး နိုင်ငံများ ထပ်မံ တိုးချဲ့ပေးရန် ခရီးသွား လုပ်ငန်းရှင်များ က လိုအပ်သော နိုင်ငံများကို သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ စက်တင်ဘာ ၂၃ ရက်က တင်ပြခဲ့ ကြသည်။

လက်ရှိတွင် လာအို ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား နှင့် အင်ဒိုနီးရှား တို့သည် မြန်မာနိုင်ငံ နှင့် ဗီဇာ ကင်းလွတ်ခွင့် အပြန်အလှန် ရရှိထားသော နိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဝင်ရောက်မှုမှာ သြဂုတ်လကုန် အထိ နှစ်သန်း နီးပါးရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ဧည့်သည် အ၀င် သုံးသန်းကျော် ၀င်ရောက် မည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခန့်မှန်း ထားကြောင်း သိရသည်။




ဂျပန်မှာ Phanfone မုန်တိုင်း ဒီကနေ့ ကျရောက်ဖို့ရှိ

 
ဂျပန်နိုင်ငံမှာ ​တနင်္လာနေ့ ​ဒီကနေ့အတွင်း ​အင်အားကြီးတဲ့ ​မုန်တိုင်း ​ကျရောက်နိုင်တဲ့ အတွက် ​သတိပေး ချက်တွေ ​ထုတ်ပြန်ထားပါတယ်။
Phanfone ​မုန်တိုင်းအန္တရာယ်ကြောင့် ​ပင်လယ်ကမ်းခြေ ဘက်ကို ​မသွားဖို့ ​သတိပေးထားပြီး ​အခု လောလောဆယ် ​ဂျပန်နိုင်ငံ ​အနောက် တောင်ပိုင်း မှာတော့  ​မိုးသည်း ​ထန်မှုတွေ၊ ​လေပြင်း ​တိုက်ခတ် ​မှုတွေ ​ဖြစ်နေပြီး ​လျှပ် ​စစ် ​မီး ​ပြတ်တောက် ​တာတွေ ​ဖြစ်နေတဲ့အတွက် ​လေယာဉ် ​ခရီး ​ရွှေ့ဆိုင်းတာမျိုး ​လုပ်နေရပါတယ်။

ဒီကနေ့မှာတော့ ​တိုကျိုမြို့ကို ​ဝင်ရောက်နိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။

တိုကျိုမြို့မှာ ​မိုးရေချိန် ​၃၀ ​စင်တီမီတာအထိ ​ရွာသွန်းနိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။

မုန်တိုင်းအန္တရာယ်ကြောင့်လည်း ​အွန်တာကေ ​မီးတောင်ပေါက်ကွဲမှုအတွင်း ​ပျောက်ဆုံးနေတဲ့ ​လူတွေကို ​ရှာဖွေနေတဲ့ ​လုပ်ငန်းကိုလည်း ​ရပ်ဆိုင်းထားရပါတယ်။

ပြီးခဲ့တဲ့ ​တပါတ်က ​ဖြစ်ခဲ့တဲ့ ​အွန်တာကေ ​မီးတောင်ပေါက်ကွဲမှုအတွင်း ​လူပေါင်း ​၅၁ ​ဦးရဲ့ ​အလောင်းကို ​တွေ့ရှိထားပြီး ​၁၂ ​ယောက်ကတော့ ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။

မုန်တိုင်းနဲ့ ​အတူ ​ပါလာမယ့် ​မိုးသည်းထန်မှုက ​မီးတောင်က ​ထွက်လာတဲ့ ​ပြာမှုန့်တွေကို ​ရွံ့အဖြစ် ​ပြောင်းလဲပြီးနောက်ပိုင်း ​ရွံ့ပြို၊ ​မြေပြိုမှုတွေ ​ဖြစ်လာမှာကိုလည်း ​စိုးရိမ်နေကြပါတယ်။

တချိန်တည်းမှာပဲ ​Vongfang ​လို့ခေါ်တဲ့ ​မုန်တိုင်းဟာလည်း ​ပစိဖိတ်ဒေသအတွင်းက ​Northern ​Marianas ​ကျွန်းနိုင်ငံတွေ ​နားအထိ ​ရောက်ရှိလာနေပြီး ​Guam ​ကျွန်းမှာ ​လျှပ်တပြတ် ​ရေကြီးမှုတွေနဲ့ ​လျှပ်စစ်မီး ​ပြတ်တောက်မှုတွေ ​ဖြစ်နိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အာဆီယံ-ကုလထိပ်သီးအစည်းအဝေးတက်ရန် ဘန်ကီမွန်းမြန်မာနိုင်ငံလာမည်

ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း(MARTIAL TREZZINI/ EPA)
ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း သည် လာမည့်နိုဝင်ဘာ ၁၁ ရက်တွင် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့တက် ရောက်ရန် မြန်မာ့နိုင်ငံသို့ လာ ရောက်မည်ဖြစ်ပြီး သမ္မတဦးသိန်း စိန်အပါအဝင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အာဆီယံ-ကုလသမဂ္ဂထိပ် သီးအစည်းအဝေးမှာ အာဆီယံ အစည်းအဝေးများအတွင်း ပုံမှန် ကျင်းပလေ့မရှိသော်လည်း ဘန် ကီမွန်း၏ အဆိုပြုချက်အရ အာ ဆီယံဥက္ကဋ္ဌမြန်မာက အစည်း အဝေးဖြစ်မြောက်ရန် ညှိနှိုင်းစီစဉ် ပေးခြင်းဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။
‘‘မနှစ်က ဘရူနိုင်းအာဆီယံ ဥက္ကဋ္ဌကာလမှာ အာဆီယံ-ကုလ ထိပ်သီးလုပ်တယ်။ အဲဒီတုန်းက ဘန်ကီမွန်းက မြန်မာအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့နှစ်ကျရင်လည်း ဒီ ထိပ်သီးအစည်းအဝေးလုပ်ချင် တယ်လို့ အဆိုပြုထားတဲ့အတွက် မြန်မာကအဖွဲ့ဝင်နိုင်ငံတွေနဲ့ ညှိ နှိုင်းပေးတာဖြစ်တယ်။ ဒီအစည်း အဝေးမှာတော့ ကုလနဲ့ အာဆီယံ ကိစ္စကိုပဲ သီးသန့်ဆွေးနွေးမယ်။ မြန်မာ့နိုင်ငံရေးကိစ္စကတော့ သမ္မတကြီးကို သီးသန့်တွေ့တဲ့အခါ ဆွေးနွေးကောင်းဆွေးနွေးပါလိမ့် မယ်’’ဟု ၎င်းက ပြောသည်။
ဘန်ကီမွန်းသည် နာဂစ်မုန် တိုင်းအပြီး ၂၀၀၈ ခုနှစ်တွင်တစ် ကြိမ်၊ ရွေးကောက်ပွဲအပြီး ဦးသိန်း စိန်အစိုးရသစ်တက်လာခဲ့သည့် ၂၀၁၂ မေလတွင်တစ်ကြိမ် မြန် မာနိုင်ငံသို့လာရောက်ခဲ့ပြီး ပြည် ထောင်စုလွှတ်တော် တတိယပုံ မှန်အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားထားသည်။ ထိုစဉ်က ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ ကု လသမဂ္ဂနှင့် အစိုးရတို့ပူးပေါင်း ဆောင်ရွက်သည့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးစီမံကိန်းကိုလည်း သွားရောက်လေ့လာခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ဘာ သာရေးတင်းမာမှုများကြောင့် ပြု ပြင်ပြောင်းလဲရေး ထိခိုက်နိုင်ပြီး ရွေးကောက်ပွဲကျင်းပရေးအတွက် အခက်အခဲ အတားအဆီးများ ရှိနေကြောင်း ဘန်ကီမွန်းက ပြီး ခဲ့သည့်ရက်ပိုင်း နယူးယောက် မြို့တွင်ပြုလုပ်ခဲ့သည့် ကုလအ ထွေထွေညီလာခံ၌ ပြောကြားခဲ့ သည်။
ထို့အပြင် ယခုရက်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက လည်း စောင့်ကြည့်စိုးရိမ်မှုများ ရှိနေသည်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လွှတ်တော်၏ အ ခန်းကဏ္ဍမှာလည်း အရေးပါပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များကို ကုလသမဂ္ဂက နီးကပ်စွာစောင့်ကြည့် နေကြောင်း ဘန်ကီမွန်းက ကုလ ညီလာခံ၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန် ယူထားသည့် တစ်နှစ်အတွင်း ကျင်းပရန်ကျန်သေးသည့် အာဆီ ယံထိပ်သီးအစည်းအဝေးကို နိုဝင် ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်များနှင့် ဆွေး နွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီး ယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ အမေရိကန်နှင့် ရုရှားတို့မှ နိုင်ငံ ခေါင်းဆောင်များတက်ရောက် ကြမည်ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဖိတ်ကြား ထားသော်လည်း တက်ရောက်ရန် အကြောင်းပြန်ကြားခြင်းမရှိသေး ကြောင်း အာဆီယံရေးရာဦးစီး ဌာနမှ သတင်းရရှိသည်။

Saturday, October 4, 2014

သားအိမ်အစားထိုး ကုသမှု ခံယူထားသည့် အမျိုးသမီးတစ်ဦး ကမ္ဘာ့ပထမဆုံးအဖြစ် ရင်သွေးငယ်မွေးဖွား

သားအိမ် အစားထိုး ကုသမှု ခံယူထားသည့် အမျိုးသမီး တစ်ဦးက ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ရင်သွေးငယ် တစ်ဦးကို အောင်မြင် ချောမောစွာ မွေးဖွားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ (၄)ရက်ထုတ် The Lancet ဆေးပညာ ဂျာနယ်တွင် အဆိုပါ ဖြစ်ရပ်သည် သားသမီး မရနိုင်သည့် ချွတ်ယွင်းချက်မျိုး ရှိနေသော အမျိုးသမီးများအတွက် ကြီးစွာသော အလှည့်အပြောင်း ဖြစ်စေမည့် အောင်မြင်မှုမျိုးဟု ညွှန်းဆို ဖော်ပြထားသည်။
သားအိမ် အစားထိုး ကုသမှု ခံယူထားသည့် ဆွီဒင် အမျိုးသမီး တစ်ဦးသည် ပြီးခဲ့သည့် လက ကလေးငယ်တစ်ဦးကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ခဲ့ကြောင်း၊ ကလေး၏ ကိုယ်အလေးချိန်သည် (၁.၇၇၅) ကီလိုဂရမ် ရှိနေကြောင်းလည်း ဂျာနယ်၏ ဖော်ပြချက်အရ သိရှိရသည်။ အသက်(၃၆)နှစ်ရှိ အမျိုးသမီးသည် Rokitansky အမည်ရှိ ရှားပါးသော ရောဂါတစ်မျိုးကြောင့် မွေးရာပါ သားအိမ်မပါလာသူ ဖြစ်သည်။
ဂိုသမ်ဘာ့ဂ်ရှိ ဆယ်လ်ဂရန်စကား တက္ကသိုလ် ဆေးရုံမှ ဆရာဝန်များက အဆိုပါ မွေးဖွားမှု တစ်ခုလုံးကို တာဝန်ယူ ကြပ်မတ်ပေးခဲ့ကြသည်။ အမျိုးသမီးနှင့် ခင်ပွန်းသည်တို့သည် ပြင်ပတွင် မျိုးအောင်စေသည့် ကုထုံးကို အသုံးပြုပြီး သန္ဓေတည်အောင် လုပ်ဆောင်ခဲ့သည်။ အမျိုးသမီးကို သားအိမ် လှူဒါန်းသူမှာ အသက်(၆၁)နှစ် အရွယ် မိသားစုမိတ်ဆွေ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး သူမသည် လွန်ခဲ့သည့် (၇)နှစ် ကတည်းက သွေးဆုံးခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က (၁၀)နာရီကြာ ခွဲစိတ်မှုဖြင့် သားအိမ်ကို အမျိုးသမီးအတွက် အစားထိုး တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီး အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်အထိ ရှုပ်ထွေးခက်ခဲသော ဆေးပညာ လုပ်ဆောင်မှုများဖြင့် ပံ့ပိုးအားဖြည့်ပေးခြင်း ခံခဲ့ရသည်။ အစားထိုးထားသည့် သားအိမ်သည် အစောပိုင်းက သန္ဓေသားကို လက်မခံလိုသည့် တုံ့ပြန်မှုမျိုး ရှိခဲ့သော်လည်း အဆိုပါ အဆင့်ကို ချေဖျက်နိုင်အောင် ပညာရှင်များက ကြိုးစား လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လိပ်ကျွန်း လူသတ်မှု တရားခံ အစစ်ဟာ ဘယ်သူတွေလဲ

ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီ ကော့တောင် ( Koh Tao) ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရပြီး သံသယဖြစ်ခံ ထား ရလို့  ဖမ်းဆီးခံထားရသူ မြန်မာ ၃ ဦးအနက် ၂ ဦးက သူတို့ လူသတ်မှု ဘယ်လို ကျူးလွန်ခဲ့တယ်ဆိုတာ ထိုင်းရဲတွေက သရုပ်ပြခိုင်းပြီး သူတို့ ဟာ လူသတ်တရားခံအဖြစ် ဝန်ခံထား သူတွေ ဖြစ်တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။ 

ဓာတ်ပုံ- ထိုင်းမီဒီယာ

 အောက်တိုဘာလ ၃ ရက်နေ့မှာ မြန်မာအလုပ်သမား မောင်ဝင်းနဲ့ မောင်ဇော် တို့ ၂ ဦးကို ဦးခေါင်းကာ ဦးထုပ်တွေ၊ အကာ အကွယ် အိင်္ကျီတွေ ဝတ်ဆင်ထားပြီး ကော့တောင်ကျွန်းကို ရဲတွေက လုံခြုံရေးအပြည့် နဲ့ ခေါ်လာကာ သရုပ်ပြခိုင်းခဲ့တာပါ။ 



“အခု သံသယရှိနေသူ ၂ ဦးဟာ အဲဒီနေ့တုန်းက ပြစ်မှုကျူးလွန်ခဲ့ကြသူတွေပါ။ တချိန်ထဲမှာပဲ သူတို့ ကျူး လွန်ခဲ့တယ် ဆိုတာ ၀န်ခံခဲ့ကြတယ်။ ဒါကြောင့် အခု ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ကို ပြန်လည် သရုပ်ပြဖို့ ကျနော်တို့ ခေါ်လာ တာပါ”လို့ ရဲ ဗိုလ်ချုပ်ကြီး ဆုန်ယု ဖုန်ဖန်မောင်န့် က ဆိုပါတယ်။ 

အဖမ်းခံ မြန်မာ ၂ ဦး သရုပ်ပြနေပုံ

အခုလို ဝန်ခံပါတယ်ဆိုတဲ့ မြန်မာ ၂ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ညတုန်းက လိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာ တီး သီချင်းဆိုနေကြစဉ် နိုင်ငံခြားသား စုံတွဲ၂ ဦးက ချစ်တင်းနှောနေတာကို မြင်ပြီး စိတ်မထိန်းနိုင်လို့ ပြစ်မှု ကျူးလွန်ခဲ့တာလို့ ထွက်ဆိုထားတယ်ဆိုပြီး ထိုင်းရဲက ပြောထားပါတယ်။ 

အဲဒီ ၂ ဦးရဲ့ DNA ကလည်း သေဆုံးသူ ဗြိတိန် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲက ရတဲ့ DNA နဲ့ ကိုက်ညီတယ် လို့ ရဲက ပြော ထားတယ်။ နောက်ပြီး အခင်းဖြစ်ပွားရာနေရာအနီးတွေ့ရတဲ့ L&M စီးကရက်က ဒီအန်အေနဲ့ လည်း ကိုက်ညီတယ်လို့ ဆိုပြန်တယ်။ 



ဒီကိစ္စကို မြန်မာတွေက မယုံကြည်ပါဘူး။ အဲဒီ ထိုင်းရဲလက်ထဲက မြန်မာ ၂ ဦးဟာ အပြစ်ရှိတယ်လို့ မယုံ ကြည်ပဲ မြန်မာ သံရုံးအနေနဲ့ သူတို့နဲ့ သေချာတွေ့မေးပြီး လွတ်လပ်တဲ့ စုံစမ်းမှု လုပ်ဖို့ တောင်းဆိုတဲ့ အကြောင်း၊ ထိုင်းရဲတွေ ပြောတဲ့ ဒီအန်အေ သက်သေတွေကိုလည်း လွတ်လပ်စွာ ပြန်လည်စစ်ဆေးဖို့ လိုတယ်လို့ မြန်မာတွေက တောင်းဆိုထားတဲ့ အကြောင်း andrew-drummond.com သတင်းတပုဒ် မှာ ရေးထားပါတယ်။ 

ကော့တောင်ကျွန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကလည်း စိုးရိမ်မှုတွေ နဲ့နေထိုင်နေရတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းကိုလည်း အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 

 ထိုင်း ပညာတတ်အသိုင်းအဝိုင်းနဲ့ နိုင်ငံခြားသတင်းဌာနတွေကလည်း ကော့တောင်ကျွန်း လူသတ်မှု တရားခံ ဟာ မြန်မာ မဟုတ်ဘူးလို့ ယုံကြည်နေကြတဲ့အကြောင်းတွေ သတင်းတွေမှာ တွေ့နေရပါတယ်။ 

သည်စထရိတ်တိုင်းမ်ကလည်း ထိုင်းရဲတွေ မြန်မာ ၂ ဦးကို လူသတ်သမားအဖြစ် ခေါ်ထုတ်ပြလာတာကို ဆိတ် ဖမ်းလာတယ် လို့ ထိုင်းမီဒီယာတချို့က သရော်သလို သူတို့လည်း သရော်ကြပါတယ်။ 

မြန်မာသံအရာရှိကလည်း ဖမ်းဆီးခံထားရသူ မြန်မာ တွေနဲ့ သွားတွေ့ဖို့ရှိတယ်လို့ သတင်းတွေ တွေ့ရပေ မယ့်  သံအရာရှိတွေကိုယ်တိုင် ဘာမှ ထုတ်ပြောတာမရှိသေးတာနဲ့ ထိုင်းရောက် မြန်မာတွေအပေါ် ဘန်ကောက်မြန်မာသံရုံးရဲ့ အကာအကွယ်ပေးရေး ကိစ္စတွေအပေါ် အားမရလို့ ဝေဖန်တဲ့ အသံတွေလည်း ဆူညံနေပါတယ်။

ဘန်ကောက်ပို့စ်က အရင် ရေးခဲ့တဲ့ သတင်းကို နိုင်ငံခြား သတင်းတွေက ပြန်ကိုးကားပြီး ထောက်ပြနေ တာက ပထမ သံသယ ဖြစ်ခံရသူ ဗြိတိန်ကို သုဝဏ္ဏ ဘုမ္မိလေဆိပ်မှာ ဖမ်းမိတဲ့ကိစ္စ၊ သူ့ဆံပင်အရောင်နဲ့ 
သေဆုံး သူရဲ့ လက်ထဲက ဆံပင် တူတယ်စတဲ့ အချက်တွေပါတယ်။ 

ဒီအပြင် ပြင်သစ်တယောက်က လူသတ်သမားကျိန်းသေဖြစ်တယ်လို့ ပြောဆိုထားတဲ့ ကော့တောင် ကျွန်း
ပေါ်က မာဖီးယား ၂ ယောက် ဓာတ်ပုံကို သူကိုယ်တိုင် ရိုက်ကူးမှတ်တမ်း တင်ခဲ့ပြီး အွန်လိုင်းပေါ် တင်ခဲ့ တယ်။ သူတို့တွေဟာ ထိုင်းရဲကို DNA မပေးပဲ ငြင်း ဆိုခဲ့တာ ကလည်း စိတ်ဝင်စားစရာဖြစ်နေဆဲ လို့ ဆိုကြတယ်။ 

ပြင်သစ်တဦး ဖုန်းနဲ့ရိုက်ထားတဲ့ ကော့တောင်းကျွန်းပေါ်က လူသတ်မှု သံသယဖြစ်ဖွယ် လူ ၂ ဦးဓာတ်ပုံ

အခင်းဖြစ်ညက စီစီတီဗွီမှတ်တမ်းထဲက ဓာတ်ပုံတခုနဲ့ ထိုင်း ၁ ဦးဟာ ကိုက်ညီတယ်လို့ ရဲက ပြောခဲ့တယ်။ အမည်မဖော်ပြထားတဲ့ ဗြိတိန် ၁ ဦးက သေဆုံးသွားတဲ့ ဗြိတိန် အမျိုးသမီးကို ထိုင်း ၂ ဦးက လိင်ပိုင်း ဆိုင်ရာ စော်ကားဖို့ လုပ်နေ တာကို မျက်မြင်တွေ့ခဲ့ရတဲ့အကြောင်း ထိုင်းရဲကို ပြောခဲ့တယ်။ အဲဒီသတင်းကိုလည်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပြီး အခုအဲဒီကိစ္စက ပျောက်ကွယ်နေတယ် လို့ ထောက်
ပြနေကြပါတယ်။

ထိုင်းအခြေစိုက် Cross Cultural Foundation ဆိုတဲ့ NGO တခုကထုတ်ပြန်တာမှာ အခု ကော့တောင် ကျွန်း လူသတ်မှုနဲ့ မြန်မာ အလုပ်သမား ၂ ဦးကိုဖမ်းဆီးတဲ့ ကိစ္စဟာ ပွင့်လင်းမြင်သာမှုမရှိသလို မတရား သဖြင့် ဖမ်းဆီးခံရပြီး ထိုးကျွေးခံရသူတွေ ဖြစ်မယ်လို့ ဆိုပါတယ်။

CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ပြောတာမှာ သူ့ဆီကို ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှု ခံခဲ့ရ တဲ့ မြန်မာ ၂ ဦး နဲ့ပတ်သက်တဲ့ တုံ့ပြန် စာတွေတပုံကြီးရတယ်လို့ ပြောတာကို ထိုင်း PBS သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။

သူက ပြန်ပြောပြတာကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးဟာ “Takraw” ကစားနေတုန်း ထိုင်း ရဲတွေ ရောက် လာပြီး သူတို့ကို ဝိုင်းတဲ့ အချိန်မှာ မြန်မာ ၃ ဦးက အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် ပါမစ် စတာတွေ မရှိလို့ သူတို့သူငယ်ချင်းတွေက ထွက်ပြေးဖို့ အကြံပေးခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်တဲ့။ 

အဲဒီမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ မြန်မာ ၃ ဦးနောက်ကို ထိုင်းရဲတွေက လိုက်ပြီး စောင့်ကြည့်မှု လုပ်တာ ခံခဲ့ရကာ နောက် ပိုင်း အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ မစ္စ ပွန်ပန်က ပြောပါတယ်။ 

အဲဒီလို အဖမ်းခံလိုက်ရပြီး ဒီ ၃ ဦးကို ဗြိတိန် ၂ ဦးသတ်တဲ့ လူသတ်တရားခံအဖြစ် ပြောင်းသွားခဲ့တာပါ ဘဲတဲ့။ 

ကော့တောင် ကျွန်းမှာ လူသတ်မှုကြောင့် ဒီအန်အေ စစ်ဆေးမှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အကြားစိုးရိမ်မှုတွေ များနေပြီး ဖိအားပေးမှုတွေလည်း ရှိနေတာကြောင့် ကြောက်ကြောက်နဲ့ ကျွန်းပေါ် မှာ နေထိုင်ကြရတယ်လို့ သူက ဆက်ရှင်းပြထားတယ်။ 



ဒါကြောင် CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က မေးခွန်းထုတ်တာမှာ ဖိအားပေးပြီး ရယူ ထားခဲ့တဲ့ DNA စစ်ဆေးမှု ရလာဒ်ဟာ အရမ်း တိုတောင်တဲ့ အချိန်အတွင်းမှာ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ တာဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ လုပ်တာမှဟုတ်ရဲ့လား လို့ မေးခွန်းထုတ်ထားပါတယ်။ 


 ဒါဟာ ခွဲခြားမှုတခုဖြစ်တယ်လို့လည်းမေးခွန်းထုတ်ထားပြီး ထိုင်းအာဏာပိုင်တွေဟာ မျှတတဲ့ တရားစီရင်
ရေး ထက် နိုင်ငံ ခြားသားကမ္ဘာလှည့်ခရီးသွားတွေ အလာကျဆင်းသွားမှာကို ပိုပြီး စိုရိမ်ပူပန်နေတယ်လို့ သူက ဆက်ပြောပြီး သံသယဖြစ် သူ တွေအပေါ် ခွဲခြားမှု မရှိပဲ လုပ်ဆောင်သင့်တယ်လို့ CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ဆိုပါတယ်။ 

 ဗြိတိန်သံရုံးကလည်း ဒီအမှုကို သေချာကိုင်တွယ်ဖို့ ဖိအားပေးသလို ရှေ့နေတွေရဲ့ လုပ်ဆောင်ချက်တွေ ကလည်း ထိုင်းရဲ တွေအပေါ် ဖိအားတွေ ဖြစ်စေပြီး ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ယုံကြည်မှု ပျက်စီးစေတဲ့ အဖြစ်ကို သက်ရောက် သွားနိုင်တယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

 
Twitter Bird Gadget