ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, July 26, 2014

နိုင်ငံခြားသား ဧည့်သည်များကို ဘုရင်တစ်ပါးကဲ့သို့ ဒူးထောက်၍ ဝန်ဆောင်မှု ပေးရမည်


နိုင်ငံခြားသား ဧည့်သည်များကို ဘုရင်တစ်ပါးကဲ့သို့ ဒူးထောက်၍ ဝန်ဆောင်မှု ပေးရမည်ဆိုသည့် အလုပ်ကို လုပ်ကိုင်နိုင်သော်လည်း ကျပ်သိန်းတစ်ရာ လျော်ကြေးကြောင့် နောက်လှည့် ပြေးလာကြောင်း အလုပ်သွားလျှောက်ခဲ့သည့် ဒေါ်ဇာဇာ (အမည်လွှဲ) ကဖွင့်ဟသည်။ ယင်းကား ရန်ကုန်မြို့တော် ဗိုလ်တထောင်ဆိပ်ကမ်းတွင် ဇူလိုင်လ ၁ ရက်နေ့က ဖွင့်လှစ်လိုက်သည့် ကြယ်ငါးပွင့် အဆင့်ရှိ Vintage Luxury Hotel အမည်ရ ရေပေါ်ဟိုတယ်၏ အလုပ်ခန့်ထားမှု အခြေအနေ။
“တစ်နှစ်မပြည့်ဘဲ အလုပ်ထွက်ရင် သိန်း ၁၀၀ လျော်ရမယ်။ အလုပ်ဝင်မယ်ဆိုရင် သိန်း ၁၀၀ နဲ့ညီတဲ့ ပိုင်ဆိုင်မှု တင်ပေးရမယ်။ မပေးနိုင်ရင် တစ်ခုခုဖြစ်ရင် သိန်း ၁၀၀ လျော်ပေးဖို့ အာမခံမယ့် သူက လက်မှတ်ထိုးပေးရမယ်” ဟု အလုပ်မဝင်ဝံ့သည့် အကြောင်းအရင်းကို ဒေါ်ဇာဇာက ရှင်းပြသည်။
ထိုကဲ့သို့ တင်းကျပ်မှုကြောင့် အလုပ်မဝင်ဘဲ နောက်ပြန်လှည့်ခဲ့သူ ၁၀ ဦး ခန့်ရှိကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိက လုပ်ငန်းများတွင် အလုပ်ခန့်ထားရာ၌ အလုပ်တည်မြဲရေးအတွက် အနည်းဆုံး လုပ်ကိုင်ရမည့်ကာလ၊ ယင်းကာလအတွင်း အလုပ်ထွက်လျှင် ပေးလျော်ရမည့် လျော်ကြေးနှုန်းထား စသည်ဖြင့် သတ်မှတ်ချက်များ ရှိကြသည်။
အချို့မှာ လုပ်သာကိုင်သာရှိသည်။ အချို့ကား အလုပ်သမား ရုန်းမထွက်နိုင်အောင် တင်းကျပ်ထားသည်။ ရေပေါ်ဟိုတယ် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီစာချုပ်တွင် အောက်ပါအတိုင်း တွေ့ရသည်။
သုံးလကြိုတင် နုတ်ထွက်ခွင့်မတင်ဘဲ အလုပ်ထွက်လျှင် ကျပ်သိန်း ၁၀၀ ပေးလျော်ရမည်။ ဝန်ထမ်းအချင်းချင်း ချစ်ကြိုက်ပါက တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီပေးလျော်ရမည်။ မွေးနေ့ပွဲနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် အခြားဝန်ထမ်းများကို ရုံးချိန်ပြင်ပ၌ (Night Claub၊ KTV၊ အရက်ဘား၊ စားသောက်ဆိုင်) ကျွေးမွေးပါက တစ်ဦးလျှင် ကျပ်သုံးထောင်အောက် ကျွေးမွေးခွင့်ပြုမည်။ အလုပ်ထုတ်ခံရပါက ပြည်တွင်းပြည်ပ ဟိုတယ်လုပ်ငန်းများတွင် ခြောက်လအတွင်း အလုပ်လုပ်ကိုင်ခွင့်မရှိ စသည်ဖြင့်။
“ဒါက ကုမ္ပဏီတိုင်း လုပ်တဲ့ကိစ္စပါ သဘောတူရင်လုပ်ပေါ့။ မတူရင်မလုပ်နဲ့လေ” ဟု ရေပေါ်ဟိုတယ် Operation Manager မစ္စတာအဲရစ်က တုံ့ပြန်သည်။
အလုပ်သမားများကို အလုပ်ခန့်ရန် နိုင်ငံခြားသား သင်တန်းဆရာများခေါ်ကာ သင်တန်းပေးခြင်း၊ အလုပ်လုပ်ရန် ဝတ်စုံ၊ အမျိုးသမီးများဆိုပါက အလှပြင်ပစ္စည်းများ စသည်တို့အတွက် အလုပ်ထွက် လျော်ကြေးကို ကျပ်သိန်းတစ်ရာ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သူတို့အပေါ်မှာ အများကြီး ရင်းနှီးမြှုပ်နှံထားတဲ့အတွက် သူတို့အနေနဲ့ ဒီဟိုတယ်အပေါ်ကို တစ်နှစ်လောက်တော့ ပြန်လုပ်သင့်တယ်ထင်လို့ စာချုပ်ထဲမှာ ထည့်ချုပ်တာပါ” ဟု မစ္စတာအဲရစ်က ပြောဆိုသည်။ အခြား ဟိုတယ်၊ ဘဏ်၊ စက်ရုံ၊ အလုပ်ရုံစသည့် လုပ်ငန်းများတွင် သူ့နည်းသူဟန်နှင့် ကန့်သတ်မှု၊ တင်းကျပ်မှုများ ရှိသည်။

အလုပ်ကို အနည်းဆုံးတစ်နှစ် လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်နှစ်မပြည့်ဘဲ နုတ်ထွက်ပါက လုပ်ခ၏ သုံးလစာကို ပေးလျော်ရမည်ဟု Bond (ခံဝန်စာချုပ်) ထိုးထားရကြောင်း Central Hotel တွင် လုပ်ကိုင်နေသည့် ဦးပေါက်စ (အမည်ပြောင်) က ပြောကြားသည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ဝန်ထမ်း အမျိုးသမီးတစ်ဦးကလည်း ၂ နှစ်စာချုပ်ဖြင့် လုပ်ကိုင်ခြင်း ဖြစ်ပြီး ယင်းကာလတွင် အလုပ်ထွက်ပါက ကျပ်နှစ်သိန်း ပေးလျော်ရမည် ဖြစ်ကြောင်း၊ ၂ နှစ်ပြည့်၍ အလုပ်ထွက်မည် ဆိုပါက တစ်လကြိုတင်တင်ရမည် ဖြစ်ပြီး မတင်ပြလျှင် လုပ်ခတစ်လစာ လျော်ကြေး ပေးရမည် ဖြစ်ကြောင်း ရှင်းပြသည်။
အလုပ်ဝင်လျှင် သုံးသိန်းကို Deposit (စပေါ်ငွေ) တင်ထားရမည်ဖြစ်ပြီး သုံးနှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရသည်ဟု ပြောဆိုသူက ကမ္ဘောဇဘဏ်တွင် လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး ဖြစ်သည်။
“ပေးထားတဲ့ သုံးသိန်းစပေါ်ကို ဘဏ်က အတိုးပေးထားတယ်။ သုံးနှစ်မပြည့်ဘဲထွက်ရင် ပေးထားတဲ့သုံးသိန်း ပြန်မရတော့ဘူး” ၎င်းကဆိုသည်။

သတင်းအေဂျင်စီ လုပ်ငန်းတစ်ခုတွင် ဝင်ရောက် လုပ်ကိုင်နေသည့် အယ်ဒီတာတစ်ဦး ကလည်း အလုပ်ဝင်ရောက် လုပ်ကိုင်ရာတွင် တစ်နှစ်အနည်းဆုံး လုပ်မည်ဟု လက်မှတ်ထိုးရပြီး တစ်နှစ်မပြည့်ဘဲ အလုပ်ထွက်ပါက လျော်ရမည့် ပမာဏကို စာချုပ်တွင် ထည့်သွင်းထားခြင်း မရှိကြောင်း ဆိုသည်။ “ဘယ်လောက်လျော်ရမယ် ဆိုတာကို ကွက်လပ်နဲ့ထားတယ်” ဟု ၎င်းကရှင်းပြသည်။
ယခင်ကတည်းက လူမသိသူမသိ ဖြစ်ခဲ့သော စာချုပ်ချုပ် လျော်ကြေးပေးရခြင်းမှာ ယခုနောက်ပိုင်း အဆမတန် ပမာဏများကြောင့် မြင်သာသော ပြဿနာတစ်ရပ်အသွင် ဆောင်လာသည်။
စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများတွင် အလုပ်သမားများ၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်းမရှိဘဲ အလုပ်ရှင်ဘက်က တစ်ဖက်သတ် ရေးဆွဲထားသည့်စာချုပ်တွင် အလုပ်သမားများ လက်မှတ်ထိုးနေရခြင်း ဖြစ်ကြောင်းလည်း လုပ်သားများက ဖွင့်ဟကြသည်။ ယင်းစာချုပ်တွင် အလုပ်သမား ငါးရက်အလုပ်ပျက်ပါက အလုပ်ထုတ်နိုင်သည်ဟု ပါရှိကြောင်း New Wave ဖိနပ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းကျော်ဦးက ပြောကြားသည်။
“၁၀နှစ်လောက် လုပ်ထားတဲ့ အလုပ်သမားတစ်ယောက်က အဲလို အလုပ်ထုတ်ခံရမယ်။ နစ်နာကြေးလည်း မရဘူးဆိုရင် တော်တော်နစ်နာတယ်” ဟု ၎င်းကဆိုသည်။

အလုပ်ရှင် မနှစ်သက်သည့် လုပ်သား (ဥပမာ- အခွင့်အရေး ဦးဆောင်တောင်းဆိုသူများ) တို့ကို အလွယ်တကူ အလုပ်ထုတ်နိုင်ရန် ထည့်သွင်းထားခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် မုန့်စားခြင်း၊ ဖုန်းဆက်ခြင်း စသည်တို့အတွက်လည်း သီးခြားဒဏ်ကြေးများ သတ်မှတ်ထားသေးကြောင်း ဦးသိန်းကျော်ဦးက ပြောဆိုသည်။
စံကောင်းပီနံအိတ် စက်ရုံအခြေခံ လုပ်သားအဖွဲ့ဥက္ကဋ္ဌ ရဲထွန်းတောက်ကလည်း အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်တွင် လုပ်ငန်းခွင်အတွင်း အလုပ်သမား အိပ်ငိုက်လျှင် အပြစ်ပေးနိုင်သည့် အချက်ပါဝင်ကြောင်း ပြောဆိုသည်။
“အိပ်ငိုက်တာ အပြစ်ပေးတာပေါ့။ လေးကြိမ်ဆိုရင်တော့ အလုပ်ထုတ်နိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီစာချုပ်နှင့် ပတ်သက်၍ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင် အချက် ၂၁ ချက် သတ်မှတ်ထားသည်။ ယင်းအချက်များတွင် အလုပ်အမျိုးအစား၊ စာချုပ်သက်တမ်း အလုပ်ပိတ်ရက်စသည့် အခြေခံအချက်များ ပါဝင်သည်။
အလုပ်ထွက်ပါက လုပ်သားပေးလျော်ရမည့် လျော်ကြေးနှုန်း၊ အနည်းဆုံး လုပ်ကိုင်ရမည့်ကာလ သတ်မှတ်ချက် စသည်တို့အတွက် တစ်စုံတစ်ရာ ထည့်သွင်းထားခြင်း မရှိပေ။

“ဥပဒေမှာတော့ တားမြစ်ထားတာမရှိဘူး။ စာချုပ်၊ စည်းကမ်းဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းပြီး လုပ်ရတာ တစ်ဖက်သတ်မချရဘူး။ အခြေခံက အဲဒီကလာတာ” ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ဆိုသည်။
အလုပ်ခန့်ထားရေး စာချုပ်နှင့် ပတ်သက်သည့် အချက် ၂၁ ချက် မဟုတ်ဘဲ အခြားအချက်များကို ထည့်သွင်းမည်ဆိုပါက စည်းကမ်းချက်များကို အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းရန် လိုအပ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
“လုပ်ငန်းပေါ်မှုတည်ပြီးတော့ ချုပ်ကြတာ ရှိတယ်။ အထည်ချုပ် လုပ်ငန်းတွေမှာတော့ သနပ်ခါးမလူးရ၊ နှုတ်ခမ်းနီ မဆိုးရဆိုပြီး ရှိတယ်။ သူ့ပစ္စည်းပျက်မှာ စိုးလို့လေ” ဟု ၎င်းက ဥပမာပေးသည်။ စာချုပ်ပါ အချက်များကြောင့် အလုပ်ရှင် အလုပ်သမား ပြဿနာတက်ပါက ဖြေရှင်းရန် နည်းလမ်းနှစ်လမ်း ရှိသည်။ “တစ်ခုက အလုပ်သမားဝန်ကြီးဌာနကို တင်ပြမလား။ ဒါမှမဟုတ် ပဋိညာဉ် အက်ဥပဒေအတိုင်း ရှေ့နေနဲ့ ပြင်မလားပေါ့” ဟု ရှေ့နေဦးဌေးက ရှင်းပြသည်။
လျော်ကြေးများကို သတ်မှတ်ရာတွင် အလုပ်သမား ပေးလျော်နိုင်မည့် နှုန်းထားများကိုသာ သတ်မှတ်သင့်ကြောင်း၊ အလုပ်ခန့်ထားရေး စာချုပ်များ မျှမျှတတဖြစ်ရန် အစိုးရက အသေအချာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက တိုက်တွန်းသည်။
အလုပ်ထွက်လျော်ကြေး သတ်မှတ်ရာတွင် အလုပ်သမားအတွက် ရင်းနှီးထားရသည့် ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောဆိုသည်။
“နစ်နာထားတာက သိန်း ၅၀၊ တောင်းတာက သိန်း ၁၀၀ ဆိုပြီးတော့ တောင်းလို့မရဘူး။ တရားသူကြီးကလည်း စာချုပ်ပါအတိုင်း ဘယ်ပေးမလဲ။ အကျိုးကြောင်းဆီလျော်ဖို့တော့ လိုတာပေါ့” ဟု ၎င်းကမှတ်ချက်ပေးသည်။

လျော်ကြေးသတ်မှတ်ချက်များ မမျှမတမဖြစ်စေရန်၊ စာချုပ်ပါအချက်များ မမျှမတထည့်သွင်း ချုပ်ဆိုခြင်း မပြုလုပ်နိုင်ရန် ဥပဒေတွင်ထည့်သွင်းကာ အခိုင်အမာ ပြဋ္ဌာန်းထားရန် လိုအပ်ကြောင်း ရှေ့နေ ဦးဌေးက အတိအလင်းဆိုသည်။
“အလုပ်ရှင်၊ အလုပ်သမား အကျိုးစီးပွားနဲ့ တရားမျှတမှုရှိမယ့် အချက်တွေကို တိတိကျကျ ထည့်သွင်းပြဋ္ဌာန်းဖို့ လိုတယ်” ဟု ၎င်းက တိုက်တွန်းသည်။ အလုပ်ရှင်က စိတ်ကြိုက်ပြင်ဆင်ပြီး တင်းတင်းကျပ်ကျပ် ရေးဆွဲထားသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီ စာချုပ်တွင် အလုပ်သမားသဘောတူမှ လက်မှတ်ထိုးနိုင်သည်။
ရှေ့နေဦးဌေးကမှု “အလုပ်သမားတွေက သေချာဂရုစိုက်မကြည့်ဘဲ လက်မှတ်မထိုးမိဖို့ အရေးကြီးတယ်” ဟု သတိပေးလေသည်။
အောင်မြင့်ထွန်း၊ အောင်သီဟထွန်း

ခရီးသည်တစ်ဦး သောင်းကျန်းမှုကြောင့် ကနေဒါ လေယာဉ်ကို တိုက်လေယာဉ်များ စောင့်ရှောက်ပျံသန်းခဲ့ရ

လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ခြိမ်းခြောက် ရန်လိုမှုကြောင့် ကနေဒါ ခရီးသည်တင် လေယာဉ်တစ်စီးကို လေတပ် တိုက်လေယာဉ်များက ခြံရံစောင့်ရှောက်ခဲ့ရကြောင်း သိရှိရသည်။
Sunwing လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ် အမှတ်(၇၇၂)သည် တိုရန်တိုမြို့မှ ပနားမားနိုင်ငံသို့ ဇူလိုင်(၂၅)ရက်နေ့က ဦးတည်ပျံသန်းခဲ့သော်လည်း ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေသည့် ခရီးသည် တစ်ဦးကြောင့် တိုရန်တိုသို့ ပြန်လှည့်လာကာ ဆင်းသက်ခဲ့ရသည်။ လေယာဉ်ပျံတက်သွားပြီး (၄၅)မိနစ်မျှ အကြာတွင် လေယာဉ်မှူးက ထိန်းသိမ်းရေး မျှော်စင်သို့ အခြေအနေကို အကြောင်းကြားခဲ့သည့်နောက် F16 ဂျက်တိုက်လေယာဉ် နှစ်စီးက ခရီးသည် (၁၈၁)ဦးနှင့် အမှုထမ်း(၆)ဦး ပါရှိသည့် လေယာဉ်ကို ဘေးတစ်ဖက်တစ်ချက်မှ ခြံရံပြီး လေဆိပ်သို့ ဆင်းသက်ချိန်အထိ လိုက်ပါ စောင့်ရှောက်ခဲ့ရသည်။
လေယာဉ်ပေါ် ပါရှိသူ အများစုသည် ပနားမားသို့ အပန်းဖြေ ခရီးထွက်ကြမည့် ကနေဒါ နိုင်ငံသားများ ဖြစ်ကြသည်။ လေဆိပ်သို့ လေယာဉ်ပြန်လည် ဆိုက်ကပ်လာသည်နှင့် ရဲများက လေယာဉ်ပေါ် တက်လာကာ သောင်းကျန်းနေသည့် ခရီးသည်ကို ဖမ်းဆီးခဲ့ကြသည်။ လေယာဉ်ပေါ် လိုက်ပါလာသူများက လက်နက်ကိရိယာ အပြည့်အစုံနှင့် လုံခြုံရေး အရာရှိများက လေယာဉ်ပေါ် တက်လာပြီး ထိုသူကို ဖမ်းဆီးခဲ့ပုံကို မိုဘိုင်းဖုန်းများဖြင့် မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး Social Media များပေါ် လွှင့်တင်ခဲ့ကြသည်။
အသက်(၂၅)နှစ်ရှိ အလီရှာဟီသည် အနှောင့်အယှက်ပေးမှု၊ ခြိမ်းခြောက်မှု၊ လေယာဉ်လုံခြုံရေးကို ထိပါးမှုတို့ဖြင့် စွဲချက်တင်ခံထားရသည်။ Sunwing လေကြောင်းလိုင်းက ယခုဖြစ်ရပ်ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမှလွဲ၍ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်းနှင့် ညနေပိုင်းတွင် အဆိုပါလေယာဉ်သည် ပနားမားသို့ မူလအစီအစဉ်အတိုင်း ပြန်လည် ထွက်ခွာခဲ့ကြောင်း ကြေညာခဲ့သည်။

အလုပ်သမားများကို မြန်မာပြည်ပြန်မပို့ဟု ထိုင်းစစ်ကောင်စီ ဦးသိန်းစိန်ထံ သ၀ဏ်လွှာပို့

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက မြန်မာပြည်ပြန်ပို့ နေတယ်ဆိုတာ မဟုတ်ဘူးလို့ ထိုင်းအာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌက သမ္မတဦးသိန်းစိန်ထံ သ၀ဏ်လွှာပေးပို့ပြီး အကြောင်းကြားလိုက်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေကို အင်အားအသုံးပြုခြင်း၊ နိုင်ငံမှ ထွက်ခွာစေလိုခြင်း မရှိတာကြောင့် မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေ မစိုးရိမ်ဖို့လည်း သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းစစ်ကောင်စီအနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အခွင့်အရေး အပြည့်အ၀ရရှိအောင် လုပ်ဆောင်ပေးနေတယ်လို့လည်း သ၀ဏ်လွှာက ဆိုပါတယ်။




မဲဆောက်ရှိ အထည်ချုပ်စက်ရုံတခုကမြန်မာရွှေ့ပြောင်း အလုပ်သမားတဦး (ဓာတ်ပုံ- ရိုက်တာ)

ရုတ်တရက် သွေးနီရောင် ပြောင်းသွားတဲ့ မြစ်တစင်း

တရုတ်နိုင်ငံ အရှေ့ဘက် ဇီကျန်ပြည်နယ် ကျန်မေ့ကျောင်းရွာအနီး မြစ်ထဲ က ရေတွေဟာ ထူးထူးဆန်း ဆန်း သွေးနီရောင်ကို ရုတ်တရက် ပြောင်းလဲသွားပါတယ်။ 

ဓာတ်ပုံ- China Newscom

ဇီကျန်းပြည်နယ် ဒေသခံတွေပြောတာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ပီကင်း စံတော်ချိန် မနက် ၅ နာရီ
လောက်က ပုံမှန်အတိုင်း ရှိတာမြင်ကြရပါတယ်တဲ့။ ဒါပေမယ့် အဲဒီနေ့ မနက် ၁ နာရီလောက် အတွင်း 
သွေးနီရောင်ပြောင်းသွားတာပဲလို့ ဇူလိုင်လ ၂၅ ရက်နေ့  အေဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဒေသခံတွေပြောတာက ထူးထူးဆန်းဆန်း အနံ့အသက်မျိုးလည်း လေထဲ ပျံ့နေတယ်လို့လည်း ပြောကြပါ တယ်။ 


“ရေက ပုံမှန်အတိုင်း ကြည်ကြည်လင်လင်ဆိုတော့ ကျနော်တို့လည်း ငါးဖမ်းဖို့ လုပ်တာပေါ့။ အဲဒီမှာ တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာဖြစ်လာတာဘဲ” လို့ ဒေသခံ ရွာသားတဦးက မှတ်ချက်ပေးထားပါ တယ်။ 

ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရိုက စုံစမ်းရေးမှူးတွေ ပြောတာ မှာတော့ အခုလို ရုတ်တရက်ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုတော့ သူတို့ ရှာမတွေ့ရသေးဘူးလို့ ပြောပါ တယ်။ 

 ဒါပေမယ့် ရေနမူနာတွေကို ယူပြီး စစ်ဆေးတဲ့အခါမှာတော့ သံသယဖြစ်စေတဲ့ အရောင်ဟာ မြစ် ထဲမှာ တရားမဝင် ဆိုးဆေး တွေ၊ စွန့်ပစ်ပစ္စည်းတွေ သွန်ကြတာရဲ့ အကျိုးဆက်လို့ ပြောပါတယ်။ 

 “ကျတော်တို့ သံယယဖြစ်တာက တယောက်ယောက်က ဓာတုဆိုးဆေးတွေကို ရေထဲ စွန့်ပစ်လိုက်တာ
ဖြစ်နိုင်တယ်။ မနေ့ က လည်း တိုင်ဖုန်းမုန်းတိုင်းကြောင့် မိုးက တော်တော်သည်းတော့ ဘယ်သူမှ ဒါကို သတိထားမိမှာ မဟုတ်ဘူး ထင်ပြီး လုပ် လိုက်တာဖြစ်မယ်” လို့ ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရို အကြီးအကဲ ကျန်ဖန် ဂျောင်း က ပြောထားပါတယ်။ 

သူက ဆက်ပြောတာက မြစ်ရိုးတလျှောက် အစားအသောက် လုပ်ငန်း ကုမ္ပဏီတခုနဲ့ ယက္ကန်းရုံ တခု၊ စက္ကူစက်တခုလည်း ရှိတာကြောင့် ဒီကိစ္စကို ဗျူရိုအနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

မှတ်ချက်။    ။ သတင်းမှာ ပါတဲ့ တကယ်တော့ အဲဒီ တရုတ် ဒသခံတွေ ပြောတဲ့ မြစ်ဆိုတာက မြန်မာ
နိုင်ငံ က  ရေမြောင်း တခုလိုပါဘဲ။ 

Friday, July 25, 2014

ရုပ်ရှည်လှပသည့် ဘော်လီဘောမယ်လေး ပရော်ဖက်ရှင်နယ် ဘဝတွင် အကျပ်ရိုက်စရာများ ကြုံနေရ



ကာဇက်စတန် နိုင်ငံမှ လူငယ်လက်ရွေးစင် ဘော်လီဘော အားကစားမယ်လေး တစ်ဦးသည် သူမ၏ ရုပ်ရည် အလှအပကြောင့် ပရော်ဖက်ရှင်နယ် နယ်ပယ်တွင် အကျပ်ရိုက်စရာများ ကြုံနေရကြောင်း သိရသည်။

အသက်(၁၈)နှစ်သာ ရှိသေးသည့် ဆာဘီနာ အယ်လ်တင်ဘီကိုဗာသည် ထိုင်ဝမ်တွင် အသက်(၁၉)နှစ်အောက် ချန်ပီယံရှစ် ဘော်လီဘော ပြိုင်ပွဲသို့ သွားရောက်မယှဉ်ပြိုင်မီက သူမကို သိရှိသူ နည်းပါးလှသည်။ သို့သော်လည်း ထိုင်ဝမ်ပရိသတ်များက သူမ၏ အလှအပကို သတိပြုမိသွားပြီး Facebookနှင့် Twitterကဲ့သို့ Social Mediaများတွင် ဓာတ်ပုံများ မျှဝေခဲ့ရာ ယခုအခါ သူမအကြောင်း စိတ်ဝင်စားသူ သန်းပေါင်း အတော်များများ ရှိလာပြီ ဖြစ်သည်။ အယ်လ်တင်ဘီကိုဗာ၏ ပရိသတ် အများစုသည် အရှေ့တောင် အာရှမှ ဖြစ်ကြသည်။

Social Mediaများတွင် သူမအနေဖြင့် သတင်းကြီးလွန်းခြင်းကြောင့် အသင်းဖော်များထံမှ ဝေဖန်မှုများ ထွက်ပေါ်လာသည်။ အယ်လ်တင်ဘီကိုဗာ၏ အသင်းဖော်များက ပရိသတ်များသည် ပွဲအပေါ် စိတ်မဝင်စား ဘဲ မိန်းမလှလေးထံတွင်သာ အာရုံစိုက်နေခြင်းကို ကန့်ကွက်ခဲ့ကြသည်။ “အခုဆိုရင် ဘော် လီဘောပွဲမှာ ပရိသတ်တွေက ပွဲရလဒ်ကို လုံးဝ စိတ်မဝင်စားဘူး။ အယ်လ်တင်ဘီကိုဗာကိုပဲ လိုက်ကြည့်နေတော့တယ်” ဟု ကာဇက်စတန်တွင် ဩဇာကြီးမားသည့် Vesti သတင်းစာက ဖော်ပြခဲ့သည်။

ကာဇက်စတန် အသက်(၁၉)နှစ်အောက် အမျိုးသမီး လက်ရွေးစင် ဘော်လီဘော အသင်း၏ နည်းပြ နာလန်ဆာဒီကော့ဗ် ကိုယ်တိုင်ကလည်း အဆိုပါ အခြေအနေကို မလိုလားကြောင်း ဆိုသည်။ “ဒီလိုပုံစံနဲ့တော့ အလုပ်လုပ်လို့ မရဘူး။ ပရိသတ်တွေက ချန်ပီယံရှစ် ပြိုင်ပွဲကြီး တစ်ခုလုံးမှာ ပြိုင်ပွဲဝင် တစ်ယောက်တည်းကိုပဲ လူရာသွင်းတဲ့ သဘောမျိုး ဖြစ်နေတယ်”ဟု ဒီကော့ဗ်က ဝေဖန်ခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် အယ်လ်တင်ဘီကိုဗာသည် အသင်းတွင် ချန်လှပ်ခံလာရနိုင်ကြောင်း ကော လာဟလများလည်း ထွက်ပေါ်နေသည်။

တရုတ်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် လူပြောများနေသည့် မိန်းကလေးက သူမသည် အစောပိုင်းက ဂုဏ်ယူမိသော်လည်း ယခုအခါ ပရော်ဖက်ရှင်နယ် ဘဝအတွက် စိုးရိမ်စိတ် ဝင်လာမိကြောင်း ဝန်ခံခဲ့သည်။ ထို့ကြောင့် ပရိသတ်များ အနေဖြင့် သူမ၏ ဘော်လီဘော စွမ်းရည်ကိုသာ အာရုံစိုက် အားပေးပါရန်လည်း အယ်လ်တင်ဘီကိုဗာက ပန်ကြားခဲ့သည်။

“စစချင်းမှာတော့ ကျွန်မစိတ်ထဲမှာ ပျော်ရွှင် ဂုဏ်ယူနေမိတယ်။ ဒါပေမဲ့ အခြေအနေတွေက လွန်လွန်ကဲ ကဲ ဖြစ်လာတယ်လေ”ဟု သူမက ဆိုသည်။ အယ်လ်တင်ဘီကိုဗာက “အခုတော့ ကျွန်မအနေနဲ့ ဘော် လီဘောကိုပဲ အာရုံစိုက်ပြီး ကစားချင်ပါတယ်။ ကျွန်မကို ပရိသတ်တွေ အသိအမှတ်ပြု စိတ်ဝင်စားကြ တာဟာ ဘော်လီဘော ကစားတဲ့ စွမ်းရည်ကြောင့်ပဲ ဖြစ်စေချင်တာပါ။ တခြားနည်းလမ်း တစ်ခုခုနဲ့ နာမည်မကြီးချင်ပါဘူး”ဟု ဖွင့်ဟသွားသည်။

မြန်မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းသည့် ဂျပန်ကုမ္ပဏီများ ကြိုးဖုန်းအင်တာနက် ဝန်ဆောင်မှုပေးမည်ဟုဆို

(ဓာတ်ပုံ-ကျော်ဇင်သန်း)
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် KDDI, Sumitomo Corporation တို့ပူးပေါင်း၍ ပြည်သူများအား ကြိုးဖုန်းများမှ တစ်ဆင့်မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကြိုးဖုန်းရှိတဲ့အိမ်တိုင်းမှာ မြန်နှုန်းမြင့်တဲ့ အင်တာနက်ကို ရအောင်လုပ်ပေးသွားမယ်။ ကြိုး ဖုန်းတွေကနေ အင်တာနက်အသုံး ပြုမှုကို လုပ်ငန်းကြီးငယ်မရွေး အသုံးပြုလို့ရအောင်လုပ်ပေးသွား မှာဖြစ်ပါတယ်’’ဟု ဂျပန်ဆက် သွယ်ရေးကုမ္ပဏီနှစ်ခုပူးပေါင်း ထားသည့် KSGM (Joint Oper ation)မန်နေဂျင်းဒါရိုက်တာ တကရှီနာဂရှီမကပြောသည်။

 လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ကြိုး ဖုန်းများမှတစ်ဆင့် ADSL လိုင်း ဖြင့်အင်တာနက်ဝန်ဆောင်မှုပေး နေပြီး အဆိုပါကြိုးအမျိုးအစားမှာကော့ပါးကေဘယ်များဖြစ်သော ကြောင့် တစ်စက္ကန့်လျှင်မြန်နှုန်း 512 Kb မှ 2.5 Mb အတွင်းသာ ပေးနိုင်သေးကြောင်းသိရသည်။
ထို့ကြောင့် ကုမ္ပဏီငယ်လေးများမှ လုပ်ငန်းကြီးများအထိ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန်ဖိုက်ဘာကေဘယ်များဖြင့် ကွန်ရက်ဖြန့်ကာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။
‘‘လက်ရှိမှာ ဖိုက်ဘာကေ ဘယ်နဲ့ပေးနိုင်ဖို့အတွက် ကန့်သတ်ချက်လေးတွေရှိနေတဲ့ အတွက်အနည်းငယ်လောက်ပဲ ပေးနိုင်သေးတယ်။ သူတို့နဲ့ပူးပေါင်းပြီး ဆက်ကြောင်းသစ်တွေ တိုးချဲ့ပြီးရင်တော့ လိုချင်တဲ့လူတိုင်းကိုပေးနိုင်ဖို့ လုပ်သွားပါမယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Internet Ser-vice Providerဌာနမှ အင်ဂျင်နီယာ ချုပ်ဦးမျိုးဆွေကပြောသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ကြိုးဖုန်းများမှတစ်ဆင့် အင်တာ နက်အသုံးပြုနိုင်ရန်ADSL လိုင်းပေါင်း ၈၀၀၀ ကျော်ချထားပေး ကြောင်းသတင်းရရှိသည်။

ဘန်ကောက် အဲဝေး ချင်းမိုင်-ရန်ကုန်-မန္တလေး တိုက်ရိုက် ပျံသန်းမည်

ထိုင်း ပုဂ္ဂလိကပိုင် ဘန်ကောက် အဲဝေး (Bangkok Airways) လေကြောင်းလိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန် နှင့် မန္တလေးမြို့များသို့ တိုက်ရိုက် ပျံသန်းပြေးဆွဲရန် စီစဉ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
ဘန်ကောက် အဲဝေး ၏ ချင်းမိုင်- ရန်ကုန် – မန္တလေး သို့ ပျံသန်းပြေးဆွဲမည့် ခရီးစဉ်ကို လာမည့် အောက်တိုဘာလတွင် စတင် မည် ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်အရ စီစဉ်ပျံသန်းခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ခရီးစဉ် အရ ချင်းမိုင်- ရန်ကုန် ခရီးစဉ်ကို တပတ်လျှင် ခရီးစဉ် ၄ ခု ၊ ချင်းမိုင်- မန္တလေး ခရီးစဉ်ကို တပတ်လျှင် ၃ ခု ပျံသန်းပြေးဆွဲမည်ဟု သိရသည်။ ခရီးစဉ်အတွက် လေယာဉ် လက်မှတ်နှုန်းထားများကိုမူ ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။
တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ် ၃ ခု အတွက် ဘန်ကောက်အဲဝေးက ခရီးသည်ဦးရေ ၇၀ တင်ဆောင်နိုင်သည့် ATR-72 turboprop လေယာဉ်များကို အသုံးပြုမည် ဖြစ်ပြီး ခရီးသည် ပိုမိုများပြား လာပါက ဂျက်လေယာဉ်များဖြင့် အဆင့်မြှင့်သွားရန် စဉ်းစားထား သည်ဟုလည်း ယင်းဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။
ဘန်ကောက် အဲဝေးသည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မှ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သို့ အပတ်စဉ် ပြေး ဆွဲ လျက်ရှိသည်။
ချင်းမိုင်နှင့် ရန်ကုန်သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ် အဖြစ် လက်ရှိတွင် ဦးတေဇပိုင် အဲပုဂံ (Air Bagan) လေကြောင်း လိုင်း က ပြေးဆွဲလျက်ရှိပြီး၊ လာမည့် လအနည်းငယ် အတွင်း ပြည်တွင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများ ဖြစ်သည့် အဲကမ္ဘောဇ နှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့က ချင်းမိုင်-ရန်ကုန် တိုက်ရိုက် ပြေးဆွဲမည်ဟု သိရသည်။
ချင်းမိုင်မြို့သို့ တိုးချဲ့ပျံသန်းမည့် ခရီးစဉ်တွင် ထိုင်းနှင့် လာအိုနိုင်ငံ နယ်စပ်မြို့ ဖြစ်သည့် ထိုင်းနိုင်ငံ မြောက်ပိုင်း အူဒုံထနီမြို့လည်း ပါဝင်မည်ဟု ဆိုသည်။

http://burma.irrawaddy.org/wp-content/uploads/2014/07/bangkok-airways.jpg

ထိုင်းစစ်အစိုးရက မြန်မာလုပ်သားများအတွက် မစိုးရိမ်ရန် သမ္မတဦးသိန်းစိန်ထံ သ၀ဏ်လွှာပို

ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအရေးနှင့်ပတ်သက် ၍ နိုင်ငံတော်သမ္မတနှင့် မြန်မာ နိုင်ငံသားများအား စိုးရိမ်မှုမရှိ ရန်နှင့် ၎င်းတို့အား ပြန်ပို့မည်မ ဟုတ်ကြောင်း ထိုင်းနိုင်ငံယာယီ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် ကြီး ပရာယွတ်ချန်အိုချာက သမ္မတဦးသိန်းစိန်ထံသို့ သ၀ဏ် လွှာတစ်စောင်ပေးပို့လိုက်သည်။
အဆိုပါ သ၀ဏ်လွှာတွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား များအား ပြန်လည်ပို့ဆောင်နေ သည်မှာ မဟုတ်ကြောင်း၊ မြန်မာ ရွှေ့ပြောင်း  လုပ်သားများအား အင်အားသုံးဖမ်းဆီးခြင်းမရှိသလို နိုင်ငံမှ ထွက်ခွာသွားစေလိုခြင်း လည်းမရှိပါကြောင်း နိုင်ငံပိုင်သ တင်း စာများတွင် ဖော်ပြထား သည်။တရားဝင်နေထိုင်သော မြန် မာလုပ်သားများနှင့် တရားမ၀င် နေထိုင်သော မြန်မာလုပ်သားအ ရေအတွက် စာရင်းကောက်ယူရန် လုပ်ဆောင်နေကြောင်း၊တရားမ ၀င်နေထိုင်သောမြန်မာလုပ်သား များ တရားဝင် နေထိုင်နိုင်ရန် လုပ်ဆောင်နေကြောင်း စသည့်အချက်များပါဝင်သည်။
‘‘မနေ့က ထိုင်းအလုပ်သ မားဝန်ကြီးနဲ့လည်းတွေ့ပြီးပါပြီ။ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြန်ပို့မယ့်အစီအစဉ်ဆိုတာမရှိပါ ဘူးလို့ပြောပါတယ်။ သံအမတ် ကြီးလည်း ထိုင်းအစိုးရနဲ့တွေ့ပြီး ပါပြီ။ အရင်ကလည်းရွှေ့ပြောင်း လုပ်သားတွေကို ပြန်ပို့တာမရှိပါ ဘူ။ တရားမ၀င်တွေကို တရားဝင် ဖြစ်အောင် လုပ်ဆောင်နေပါ တယ်’’ဟု ထိုင်းနိုင်ငံ မြန်မာသံရုံး မှ အလုပ်သမားရေးရာအရာရှိဦး သိန်းလွင်ကပြောသည်။
ထိုင်းနိုင်ငံတွင် စစ်တပ်အာ ဏာသိမ်းပြီးနောက် တရားမ၀င် နေထိုင်သည့်သူများကို ဖမ်းဆီး ရာ ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ် သားများနှင့် မြန်မာရွှေ့ပြောင်း လုပ်သားများအများဆုံးဖမ်းဆီးခံ ခဲ့ရသည်။ ဖမ်းဆီးရာတွင် တရား မ၀င်မြန်မာနိုင်ငံသားရာနှင့်ချီဖမ်း ဆီးခံရပြီး အများစုကိုပြန်လွှတ်ပေးခဲ့သည်။ ကမ္ဘောဒီးယားရွှေ့ ပြောင်းလုပ်သားတစ်သိန်းကျော် မှာလည်း ပြန်သွားခဲ့ကြသည်။
ထိုသို့ ဖမ်းဆီးမှုများပြုလုပ် ပြီး ရက်ပိုင်းအကြာဇွန်လ ၁၆ရက် တွင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးနေသည်ဆိုသည့်သတင်း မှာ အမှားများဖြစ်ကြောင်း၊ မြန် မာနိုင်ငံသားများအားဖမ်းဆီးထား ခြင်းမရှိကြောင်း ထိုင်းစစ်အစိုးရကကြေညာချက် ထုတ်ပြန်သည်။
ဖမ်းဆီးမှုများ ပြုလုပ်ပြီး နောက် ဇွန်လ ၃၀ ရက်တွင် ထိုင်း စစ်အစိုးရက တရားမ၀င်နေထိုင် သော မြန်မာနိုင်ငံသားများ အ တွက် တရားဝင်နေထိုင်ခွင့်နှစ်လ သက်တမ်းရှိ ပန်းရောင်ကတ်များ ကို တရားမ၀င် နေထိုင်သော မြန် မာနိုင်ငံသားအများစုရှိရာ မဟာ ချိုင်တွင် One Stop Serviceဖြင့် တစ်နေရာတည်းအပြီးစတင်ပြု လုပ်ပေးခဲ့သည်။
နှစ်လသက်တမ်းရှိ ပန်း ရောင်ကတ်များထုတ်ပေးရာတွင် ပန်းရောင် တစ်ကတ်အတွက် ထိုင်းဘတ်ငွေရှစ်ဆယ်၊ ကျန်းမာ ရေးဆေးစစ်ခဘတ်ငွေ ငါးရာ၊ ကျန်းမာရေးအာမခံလက်မှတ် ဘတ်ငွေငါးရာ၊ အလုပ်လုပ်ခွင့် လက်မှတ်ဘတ်ငွေ ၂၂၅စုစုပေါင်း ဘတ်ငွေ ၁၃၀၅ကုန်ကျကြောင်း သတင်းရရှိသည်။ အသက် (၁၈) နှစ်အောက်ကလေးများမှာ အ လုပ်လုပ်ခွင့်လက်မှတ်မပါသော ကြောင့် ဘတ်ငွေ ၁၀၈၀ကုန်ကျ မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင် ငံ၌ တရားမ၀င်နေထိုင်သော ရွှေ့ ပြောင်း မြန်မာလုပ်သားများအ တွက် အဆိုပါ ကတ်များကိုနေရာသုံးဆယ်ခန့်တွင် ထုတ်ပေး နေပြီး ဇူလိုင် ၂၄ရက်အထိ လူကြီး ၇၄,၁၂၀ ဦးနှင့် ကလေး ၃,၉၆၈ ဦး စုစုပေါင်း ၇၈,၀၈၈ ဦး လာရောက်ထုတ်ယူထားကြောင်း သံအရာရှိ ဦးသိန်းလွင်က ပြောကြားသည်။
အဆိုပါ နှစ်လသက်တမ်းအတွင်း တရားဝင် ပါမစ်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ရက်ကျော်လွန်ပါက ပြစ်ဒဏ်များချမှတ်မည်ဟု သတင်းများထွက်ပေါ်နေသည်။
‘‘ကျွန်တော်တို့က ထိုင်းအစိုး ရအဖွဲ့ကို ကြိုပြီး ပြောထားပါ တယ်။ မြန်မာတွေအတွက် နှစ်လ နဲ့မလုံလောက်ရင်အချိန်ထပ်ပေး ဖို့တောင်းဆိုထားပါတယ်။ သူတို့ ကလည်းသဘောတူပါတယ်။မြန် မြန်ဆန်ဆန်လုပ်သွားအောင်လို့ နှစ်လအတွင်းလို့ ရက်ထုတ်ပြန် ထားတာပါ။အဲဒီအတွက်က ပူစ ရာမလိုပါဘူး’’ဟု ဦးသိန်းလွင်က ဆိုသည်။

ခင်ပွန်းသည်၏ လိင်တန်ကို မှားဖြတ်မိသည့် ဆေးရုံအား ဒေါသထွက်နေသည့် ဇနီးမှ တရားစွဲ

အမေရိကန် ဆေးရုံတစ်ရုံမှ ဆရာဝန်များသည် လိင်တံထိပ်ဖျား အရေပြားဖြတ်မှု လုပ်ငန်းစဉ် မအောင်မြင်ဖြစ်ကာ အမျိုးသားတစ်ဦး၏ လိင်တံကို ဖြတ်မိသည်ဟု သိရသည်။

အာလာဘားမားပြည်နယ်၊ ဘာမင်ဂမ်မှ ဂျော်နီလီဘန့်စ် နှင့် ၄င်း၏ဇနီးတို့က မှားယွင်းကုသမှုအတွက် ပရင့်စတန် ဘက်ပ်တစ် ဆေးရုံကို ကြာသပနေ့က တရားဆွဲခဲ့သည်။

မော်ဒယ် သရုပ်ဆောင် ကောင်းမြတ်ဟိန်းမှာ ရေနစ်သေဆုံးခြင်းဟု မှုခင်းဆရာဝန် ထွက်ဆို


မော်ဒယ် သရုပ်ဆောင် ကောင်းမြတ်ဟိန်း(ခ) ကျော်ဇောဟိန်း သေဆုံးမှုအား အင်း စိန်မြို့နယ်တရားရုံးတွင် ဇူလိုင် ၂၂ရက်တွင် စစ်ဆေးရာမှုခင်းဆရာ ဝန် ဆေးစစ်ချက်ကို ထွက်ဆိုချက် ရယူခဲ့သည်။
မှုခင်းဆရာဝန်၏ ထွက်ဆိုချက် အရ သေဆုံးသူတွင် ပြင်ပဒဏ်ရာ ရှိပြီး ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ထွက်ဆို ခဲ့သည်။

ဓါတုဗေဒဝန်ရုံး၏ ပြန်စာ ၃၃၃၊ 1BH၊ YGN/ ၂ဝ၁၄ အရ သေဆုံးသူအား ဖေဖော်ဝါရီ ၇ရက် က ခွဲစိတ် စစ်ဆေးမှုတွင် သွေးထဲ၌ အရက်ဓာတ်တွေ့ရှိသော်လည်း သေ ဆုံးသူ၏အစာအိမ်တွင် အရက်ဓာတ် မတွေ့ ရှိ ရကြောင်း ဖော်ပြထားသည်။

Master University ပြိုင်ပွဲဝင် မော်ဒယ်သရုပ်ဆောင် ကောင်းမြတ် ဟိန်းသည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ရက်တွင် မြို့တော်ဂေါက်ကွင်း ဟိုတယ်အတွင်းရှိ ရေကူးကန်ထဲတွင် သေဆုံးခဲ့မှုအပေါ် CID (စုံစမ်း စစ်ဆေးရေး)အဖွဲ့မှ စစ်ဆေးနေခြင်း ဖြစ်ပြီးယနေ့ မှုခင်းဆရာဝန် ထွက် ဆိုချက်အရ ရေနစ်သေ ဆုံးခြင်း ဖြစ်ကြောင်းသိရသည်။

''ရေနစ်သေတယ်ဆိုတာ ဆရာဝန်ကြီးက သူတွေ့တဲ့အတိုင်း အမှန် အတိုင်းထွက်ဆိုသွား တာ။ ရေ နစ် သေတယ်ဆိုတဲ့နေရာမှာ ပြင်ပဒဏ် ရာတွေ့တယ်လို့ ထွက်ဆိုသွားတယ်။ သူ့ကိုချုပ်နှောင်ပြီးတော့ ရေ စည် ပိုင်းထဲမှာ နှစ်လဲ ရေနစ်သေတာပဲ။ ပြီးတော့မှ ရေကန်ထဲချလဲရတာပဲ။ အစ်မကတော့ အဲဒီလိုယူဆတယ်'' ဟု မော်ဒယ်သရုပ်ဆောင် ကောင်းမတ်ဟိန်း၏ အစ်မဖြစ်သူ မစိုးယုမော်က ပြောသည်။

ဇူလိုင် ၂၂ရက် အမှုရုံးချိန်းသို့ မော်ဒယ်သရုပ်ဆောင် ကောင်းမြတ်ဟိန်း၏ မိခင်၊ ဖခင်နှင့် အစ်မတို့ လာရောက်ခဲ့ပြီး နောက်တစ်ကြိမ် ရုံးချိန်းကို ဇူလိုင် ၃၁ရက်သို့ ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။ မော်ဒယ်သရုပ်ဆောင်ကောင်း မြတ်ဟိန်း(ခ) ကျော်ဇောဟိန်းသည် Master University ပြိုင်ပွဲဝင်ရန် အတွက် August Myanmar ကုမ္ပ ဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ကျင့် နေစဉ် အတွင်း သေဆုံး ခဲ့ခြင်းဖြစ်သည်။

Master University ပြိုင်ပွဲ ဝင်ရန် ယောက်ျားလေး ၁၈ဦး၊ မိန်းခလေး ၁၈ဦးတို့ မြို့တော်ဂေါက်ကွင်း ဟိုတယ်၌ August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ ကျင့်နေရာမှ ဇန်နဝါရီ ၂၁ရက် ည နေ ၅နာရီခန့်တွင် ပြိုင်ပွဲဝင်များနှင့် အတူရေဆင်းကူးပြီး ၅နာရီခွဲခန့်တွင် ရေကူးနေသူ အား လုံး ရေကူးကန်မှ တက်သွားကြပြီး နေ့စဉ်ပြုလုပ်သည့် ည ၆နာရီ အစည်းအဝေးသို့ တက် ရောက်ခြင်း မရှိဘဲ ကောင်းမြတ်ဟိန်း မှာစတင်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့ ည ၁၂နာရီအချိန် ခန့်တွင်မှ ဟိုတယ်လုံခြုံရေးဝန်ထမ်း မှ ၄င်း၏အလောင်းအား ရေကူးကန် အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
 

အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်တောက်ဖို့ ISIS အမိန့်ထုတ်


အီရတ် မြောက်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွ တွေဟာ မိုဆူလ်မြို့ တဝိုက်က အမျိုးသမီးတွေကို လိင်အင်္ဂါ ဖြတ်တောက်ဖို့ ဘာသာရေးဆိုင်ရာ အမိန့်ထုတ်ထားကြောင်း ကုလသမဂ္ဂက ပြောကြားပါတယ်။

ဒီအမိန့်အတွက် များစွာ ပူပန် စိုးရိမ်မိကြောင်း အီရတ်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Jacqueline Badcock က ပြောပါတယ်။

အိုက်ဇစ် တပ်တွေ ထုတ်တဲ့ ဒီအမိန့်ကြောင့် အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်တာ လုပ်လေ့ မရှိတဲ့ အီရတ် အမျိုးသမီး ၄ သန်းလောက် ထိခိုက် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကြောင့် အာရပ်ကမ္ဘာက လူမှုကွန်ယက်တွမှာလည်း အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်ခဲ့ကြပါတယ်။

.

Thursday, July 24, 2014

Windows 7 XE 4.2.2 (32-Bit & 64-Bit) - (6.63 Gb)



ဝင်းဒိုးအလန်းကြိုက်သူများအတွက် 2014 July မှာ ထွက်လာတဲ့ Windows 7 XE 4.2.2
ISO ကိုတင်ပေးလိုက်ပါတယ်။Windows 7 XE ဖြစ်တဲ့အတွက် ဖိုင်ဆိုဒ်ကတော့ကြီးပါတယ်။
DVD 1 ISO နဲ့ DVD 2 ISO ဆိုပြီး ISO (၂) ဖိုင်ပါပါတယ်။
ဒီ Windows 7 XE ကို USB (8-Gb) ဖြင့် Bootable Image အဖြစ် burn ပြီး ဝင်းဒိုးတင်ပါ။
USB ကို burn ရန် usb tool ပါ တခါထဲတင်ပေးထားပါတယ်။
DVD ဖြင့် burn ပါက DVD (၂) ပြားလိုအပ်ပြီး Boot လုပ်တဲ့အခါ အဆင်မသင့်ရင် Error
တက်နိုင်ပါတယ်။
Windo0ws 7 XE နဲ့ ပတ်သက်တာလေးတွေကတော့..

Additional Information:

What added:

Integrated Service Pack 1
Integrated updates until 01.04.2014
Integrated driver for USB, Chipset and Masstorage
(allows you to install with USB 3.0 and RAID / AHCI controllers)
7-zip 9.30 (x86/x64)
Notepad2 4.2.25 (x86/x64)
Sun Java 7 update 51 (x86/x64)
AIMP v3.5.5 build 1345 c400's Repack
K-Lite Codec Pack 10.4.0
Microsoft Silverlight v5.1.30214.0 (x86/x64)
Microsoft. NET FrameWork 4.5.1 + updates
Adobe Flash Player 12.0.0.70
Adobe Shockwave Player 12.0
STDU Viewer 1.6.300
Defraggler 2.17 (x86/x64)
CCleaner 4.12 + CCEnhancer (x86/x64)
CPU-Z 1.69 (x86/x64)
HWMonitor 1.24 (x86/x64)
Nero Burning ROM & Nero Express 15.0.20000
Microsoft DirecX 9 (latest build) (a complement to the already installed DirectX 11)
Libre Office 4.2.2
Mozilla Firefox 28 + AdBlock (all advertising is banned) + Spellchecker (En / Ru)
Symantec Endpoint Protection 12.1.4013.4013 (RU4) Rus (with all updates) (x86/x64)
TrueCrypt 7.1a (x86/x64)
GreenShot 1.1.7 build 2643
HashCheck 2.1.11 (x86/x64)
XnView 2.20

An additional set of system libraries:

Microsoft Visual C + + Redistributable 2005 (x86/x64)
Microsoft Visual C + + Redistributable 2008 (x86/x64)
Microsoft Visual C + + Redistributable 2010 (x86/x64)
Microsoft Visual C + + Redistributable 2012 (x86/x64)
atl70.dll 7.0.9975.0 x86
atl71.dll 7.10.6101.0 x86
comct232.ocx 6.0.98.16 x86
comct332.ocx 6.7.0.9816 x86
comctl32.ocx 6.0.98.16 x86
comdlg32.ocx 6.1.98.16 x86
dblist32.ocx 6.1.98.16 x86
libeay32.dll 1.0.1.5 x86/x64
libssl32.dll 1.0.1.5 x86/x64
mci32.ocx 6.1.98.16 x86
mfc70.dll 7.0.9975.0 x86
mfc70chs.dll 7.0.9975.0 x86
mfc70cht.dll 7.0.9975.0 x86
mfc70deu.dll 7.0.9975.0 x86
mfc70enu.dll 7.0.9975.0 x86
mfc70esp.dll 7.0.9975.0 x86
mfc70fra.dll 7.0.9975.0 x86
mfc70ita.dll 7.0.9975.0 x86
mfc70jpn.dll 7.0.9975.0 x86
mfc70kor.dll 7.0.9975.0 x86
mfc70u.dll 7.0.9975.0 x86
MFC71.dll 7.10.6101.0 x86
MFC71CHS.DLL 7.10.6101.0 x86
MFC71CHT.DLL 7.10.6101.0 x86
MFC71DEU.DLL 7.10.6101.0 x86
MFC71ENU.DLL 7.10.6101.0 x86
MFC71ESP.DLL 7.10.6101.0 x86
MFC71FRA.DLL 7.10.6101.0 x86
MFC71ITA.DLL 7.10.6101.0 x86
MFC71JPN.DLL 7.10.6101.0 x86
MFC71KOR.DLL 7.10.6101.0 x86
MFC71u.dll 7.10.6101.0 x86
mscomct2.ocx 6.1.98.16 x86
mscomctl.ocx 6.1.98.33 x86
MSCOMCTL32.OCX 6.0.88.62 x86
mscomm32.ocx 6.1.98.16 x86
msdatgrd.ocx 6.1.98.16 x86
msdatlst.ocx 6.1.98.16 x86
mshflxgd.ocx 6.1.98.16 x86
msflxgrd.ocx 6.1.98.16 x86
msinet.ocx 6.1.98.16 x86
msmask32.ocx 6.1.98.16 x86
msstdfmt.dll 6.1.98.16 x86
MSSTKPRP.DLL 6.1.98.16 x86
msvbvm50.dll 5.2.82.44 x86
msvci70.dll 7.0.9466.0 x86
MSVCP70.DLL 7.0.9466.0 x86
msvcp71.dll 7.10.6052.0 x86
msvcr70.dll 7.0.9981.0 x86
msvcr71.dll 7.10.7031.4 x86
msvcrt10.dll x86
mswinsck.ocx 6.1.98.17 x86
OpenAL32.dll 6.14.357.25 x86/x64
picclp32.ocx 6.1.98.16 x86
richtx32.ocx 6.1.98.16 x86
ssleay32.dll 1.0.1.5 x86/x64
sysinfo.ocx 6.1.98.16 x86
tabctl32.ocx 6.1.98.16 x86
Vb40016.dll 4.0.24.22 x86
Vb40032.dll 4.0.29.24 x86
vbrun100.dll x86
vbrun200.dll 2.0.9.8 x86
Vbrun300.dll 3.0.5.38 x86
wrap_oal.dll 2.2.0.7 x86/x64

What is off:

Windows Media Player
Microsoft Internet Explorer

What cut:

Australia Local Pack
Canada Local Pack
DVD Maker
Great Britain Local Pack
Inbox Games
Internet Games
Music and Video Examples (Ringtones)
New Zealand Local Pack
OEM Help Customization
Photo Experience
Premium Inbox Games
Speech and Natural Language
Extra Themes
System Restore
Windows Backup
Windows Media Player Troubleshooters
Windows Recovery Disc
Windows Restore Utility

            Password - www.linthit.com

c400's_USB_Tool        Download

Windows_7.XE_4.2.2_DVD-1 (ISO)

Part 1       Part 2       Part 3        Part 4

Part 5       Part 6       Part 7        Part 8

Windows_7.XE_4.2.2_DVD-2 (ISO)

Part 1        Part 2          Part 3

Part 4        Part 5          Part 6


How to use  c400's_USB_Tool...?







Kaspersky Keys 22.07.2014 (719 Kb)


Kaspersky Keys အခက်အခဲရှိသူများ၊ဝယ်ပြီးသုံးနေရသူများအတွက် 22/07/2014 နေ့ထွက်
ကီးပေါင်း ၆၂၄ ခုပါဝင်တဲ့ Kaspersky All Editions အတွက် Kaspersky Keys ကိုတင်ပေး
လိုက်ပါတယ်။
ကီးထည့်နည်း...
-Kaspersky ရဲ့ Self Time Protection ကိုပိတ်ထားပါ။
-အသုံးပြုလိုတဲ့ ကီးကို Copy လုပ်ပြီး ညာကလစ်ထောက်ထောက်ကာ Merge
 ကိုကလစ်ပါ။
-တက်လာတဲ့ဘောက် ၂-ခုမှာ Yes နဲ့ Ok ကို ကလစ်ပေးပါ။

               Password - www.linthit.com

                     Download


SamDrivers 14.7 (For Windows All) - (7.82 Gb)


အရမ်းရှာပါးပြီး ရှာရလဲ အရမ်းခက်တဲ့ Windows အားလုံအတွက် Up to Date Drivers များ
အားလုံးပါဝင်တဲ့ SamDrivers 14.7 နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ်။
အခက်အခဲတွေအမျိုးမျိုးကြားထဲက ဒီ Drivers အခွေကိုကြိုးစားပြီး တင်ပေးထားတာပါ။
DVD အခွေမှာဖြစ်စေ၊USB မှာဖြစ်စေ Bootable Image အဖြစ် Burn ပြီး အင်စတော
လုပ်နိုင်ပါတယ်။

                       ဒီမှာဒေါင်းနော်


            Password - www.linthit.com

Part 01       Part 02       Part 03        Part 04

Part 05       Part 06       Part 07        Part 08

Part 09       Part 10       Part 11        Part 12

Part 13       Part 14       Part 15        Part 16  

 

         အလင်းသစ်မှ ကူးကူ မျှဝေပါသည်။





 
Twitter Bird Gadget