ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

Thursday, October 9, 2014

လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ရေး ဂျပန်ရှိ ထိုင်းသံရုံးရှေ့ဆန္ဒပြမှု ( ရုပ်/သံ)

Friday, October 10, 2014
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ ထိုင်းသံရုံးရှေ့မှာ ဂျပန်ရောက် မြန်မာများက အောက်တိုဘာလ ၉ ရက်နေ့က သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ- ထွန်းဝေ၊ တိုကျို/ ဂျပန်

ထိုင်းရဲက တရားခံအဖြစ် ဖမ်းဆီးထားတဲ့ မြန်မာ နိုင်ငံသား ၂ ဦးနဲ့ သက်သေ အဖြစ်ပြောပြီး ထိုင်းရဲ လက်အောက်မှာ ရှိတဲ့ မြန်မာနိုင်ငံသား ၁ ဦးတို့နဲ့ပတ်သက်ပြီး ဂျပန်ရောက် မြန်မာများက အမှုမှန်ပေါ်
ပေါက်ရေးအတွက် စုဝေး ဆန္ဒပြခဲ့ကြတာပါ။ 

 ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့နေ ကိုထွန်းဝေက မေးမြန်းရိုက်ကူးထားတဲ့ ရုပ်/သံမြင်ကွင်းကို ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


  




ထိုင်းလူသတ်မှု တရားရုံး ပယ်ချ

ထိုင်းလူသတ်မှု တရားရုံး ပယ်ချ
ထိုင်းနိုင်ငံ ကော့တောင် ကျွန်းမှာ ဗြိတိသျှ လူမျိုး နှစ်ဦးကို မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေ သတ်ခဲ့ တယ်လို့ ထိုင်းရဲက စွပ်စွဲ ပြီး တရားရုံး တင်လိုက်တဲ့ ကိစ္စကို တရားရုံး ရှေ့နေ တွေက ပယ်ချလိုက် ပါတယ်။
ဒီအမှုမှာ တရားစွဲဖို့ အထိ လုံလောက်တဲ့ အချက်အလက် မပြည့်စုံဘူးလို့ တရားရုံး ရှေ့နေတွေ ပြောတာကို ထိုင်း မီဒီယာတွေမှာ ဖော်ပြကြောင်း မြန်မာ အလုပ် သမားတွေ အတွက် ဥပဒေကြောင်း အရ အကူအညီ ပေးနိုင်ဖို့ မြန်မာ သံရုံးက တာဝန်ပေးထားတဲ့ အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါ တယ်။
ရဲက တင်တဲ့ အချက်အလက်တွေထဲက လုံခြုံရေး တီဗီ ဖြစ်တဲ့ CCTV ပုံတွေမှာ ရုပ်ပုံ ၂၀ လောက် ပြတ်နေပြီး၊ DNA စစ်ဆေးမှုတွေ ဟာလည်း နည်းလမ်း မကျတဲ့အတွက် ဒီအမှုကို ရဲကို ပြန်ချပေးလိုက်တာလို့ ဆိုပါတယ်။
စွပ်စွဲခံ မြန်မာ ၂ ဦး ကိုတော့ ရမန် ယူထားတဲ့အတွက် အဲဒီ အတောအတွင်း ရဲက ချုပ်ထားခွင့် ရှိတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါ တယ်။
နောက်ပြီး ဒီရမန် ယူထားချိန်မှာ ရဲဘက်က အချက်အလက်တွေကို ပြန်စုဆောင်းပြီး တရားရုံးကို တင်ခွင့်ရှိတဲ့အတွက် ရဲကနေ ပြန်ပြီး ဖြစ်အောင် တင်မှာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။
ဗြိတိန်ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာသံရုံး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ခုလာမယ့် ရက်ပိုင်းမှာ ဆွေးနွေး မယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ထိပ်တန်း မှုခင်း ဆေးပညာရှင် တဦးကလည်း ထိုင်းရဲတွေရဲ့ မှုခင်း စစ်ဆေးပုံနဲ့ ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။

ထိုင်းမှာ ဗြိတိသျှ ၂ ဦးကို မြန်မာ ၂ ဦးက သတ်ဖြတ် ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲပြီး တရားရုံးကို တင်ခဲ့ရာ၊ တရားရုံး ရှေ့နေ တွေက ပယ်ချ။

Wednesday, October 8, 2014

လိပ်ကျွန်းလူသတ်မှု၌ ထိုင်းရဲက တရားလိုပြသက်သေ ဟု ဆိုသည့် မောင်မောင်ကို မြန်မာအဖွဲ့ သွားရောက်တွေ့ဆုံစဉ်

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေ တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာ ကော့စမွေကျွန်းမှာ ထိန်းသိမ်းခြင်းခံထားရတဲ့ ထိုင်းရဲက တရားလိုပြသက်သေ ဟု ပြောဆိုထားသော မောင်မောင်(ခ) သန်းဆွေကို သွားရောက်တွေ့ဆုံကာ အမှုနှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းနိုင်ခဲ့ပါတယ်။
သွားရောက်မေးမြန်းသည့် မြန်မာအဖွဲ့တွင် ပါဝင်သော ရှေ့နေဦးအောင်မျိုးသန့်နှင့်တွေ့ဆုံမေးမြန်းထားသည့် အင်တာဗျူးကို မကြာမီ တင်ပေးမည်။
ဓာတ်ပုံ- မင်းဦး

Tuesday, October 7, 2014

လိပ်ကျွန်းလူသတ်မှုကိစ္စ စိတ်ဝင်စားဖွယ် သတင်းစာရှင်းလင်းပွဲ

ထိုင်းတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ မြန်မာ ၂ ဦးကို လူသတ်တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားတာ နဲ့ ညှင်ပန်း နှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ ထိုင်းမီဒီယာတွေနဲ့ ကမ္ဘာ့မီဒီယာတွေက ဝေဖန်ပြောဆိုမှုတွေကို ထိုင်းရဲချုပ် ဆုမ်ယွတ် ပွန်ပန်မွန်က ခုခံကွာကွယ်ပြောသွားပါတယ်။ 

 လိပ်ကျွန်း လူသတ်မှု ထိုင်းရဲချုပ်ရုံးက သတင်းစာရှင်းလင်းပွဲ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

 “ဒီအမှုမှာ အရာရှိတွေ အားလုံး သေချာ လုပ်ဆောင်ခဲ့ကြတယ်ဆိုတာ အခိုင်အမာပြောချင်ပါတယ်” လို့ 
အောက်တိုဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ရဲချုပ် ဆုမ်ယွတ်က ပြော သွား တာပါ။ 

အဲဒီသတင်းစာရှင်းလင်းပွဲကိုတော့ သေဆုံးသွားတဲ့ ဒေးဗစ်နဲ့ ဟန်နာတို့ရဲ့ ဗြိတိန်နိုင်ငံရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး က ကနဦး တက်ရောက်ဖို့ မူလက စီစဉ်ထားခဲ့ပါတယ်။ 

ဒါပေမယ့် ဖမ်းဆီးခံထားရသူတွေကို ရဲက ညှင်းပန်းနှိပ်စက်ထားခံရ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီး တဲ့နောက် ဗြိတိန်သံအမတ်ဟာ သတင်းစာ ရှင်းလင်းပွဲကို မ တက်ရောက်ဖြစ်ခဲ့ဘူးလို့ ဘန်ကောက် ပို့စ် သတင်းတပုဒ်မှာ ရေးပါတယ်။ 

ဒါပေမယ့် ထိုင်းအခြေစိုက်သတင်းဌာနတွေနဲ့ နိုင်ငံခြား သတင်းထောက်တွေတော့ တက်ရောက်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာတွေ ညှင်းပန်းနှိပ်စက်ခံရတာတွေနဲ့ပတ်သက်လို့လည်း မေးခဲ့ကြပါတယ်။ 

“ဘယ် သံသယဖြစ်ခံရသူကိုမှ ညှင်းပန်းနှိပ်စက်တာ မရှိခဲ့ဘူးဆိုတာ ကျနော် အတည်ပြုပါတယ်” လို့ စုံစမ်းရေး ရဲမှူး Suwat Chaengyodsook က ဘန်ကောက်ပို့စ်ကို ပြောတယ်။ 

သူက ဆက်ပြောတာက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုံး သံသယဖြစ်သူတွေရဲ့ ရှေ့နေလည်း ရှိပြီး လူခန္ဓာ ကိုယ်ကိုလည်း စစ်ဆေးမှုတွေလည်း လုပ်ခဲ့ပြီး ဒါတွေကို ဆရာဝန်ဆီ ပို့ထားတယ်တဲ့။ သံသယဖြစ်ခံရ သူတွေက သူတို့ ဖာသာ သူတို့က ဝန်ခံခဲ့တာလို့ ပြောထားပါတယ်။ 

လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူတွေ အခိုင်အမာထောက်ပြတာကတော့ သံသယဖြစ်ခံရသူတွေဟာ တရားစွဲခံရပြီးချိန် ထိ ရှေ့နေနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ထောက်ပြထားတာကို ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

လိပ်ကျွန်း ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ CCTV၊ သက်သေအထောက်အထား၊ မူခင်းသဲလွန်စ၊ စတဲ့ အချက်တွေ အ ပေါ် အခြေခံပြီး နိုင်ငံခြားသား ၁၈၇ ဦး၊ ထိုင်း ၅၈ ဦးကို သံသယဖြစ်သူစာရင်းသွင်းခဲ့တာ လို့ လည်း ထိုင်းရဲတွေက သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

သေဆုံးသူဗြိတိန်အမျိုးသမီးခန္ဓာကိုယ်က ရတဲ့ DNA ကို ချင်းမိုင်တက္ကသိုလ်နဲ့ ချူလာလောင်ကွန် တက္ကသိုလ်တွေမှာ စစ် ဆေးခဲ့တာလို့ ရဲက ပြောတယ်။ 

 “DNA စစ်ဆေးမှုက သေဆုံးသူဆီက ရတာနဲ့ သံသယဖြစ်ခံရသူတွေရဲ့ DNA က ကိုက်ညီတယ်၊ ဒါ ငြင်း လို့ မရနိုင်တာပဲ”လို့ ရဲမှူး ဆူဝပ်က ရှင်းပြတယ်။ 

ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာလည်း ပါဝင် လုပ်ကိုင်နေသူ ထိုင်း NGO တခုဖြစ်တဲ့ Cross-Cultural Foundation- CCF ဒါရိုက်တာ Pornpen Kongkachornkiat ကတော့ ရဲတွေရဲ့ ကြိုးစားအား ထုတ်မှုကို အသိအမှတ် ပြုပေမယ့် ထိုင်းလူထုက ဒီစုံစမ်းစစ်ဆေးမှုမှာ လုံးဝ စိုးရိမ်မကင်းဖြစ်တယ်လို့ ပြော ထားပါတယ်။ 

ထိုင်းရဲချုပ်က ပြောတာမှာ စုံစမ်းမှုတွေကို လူတွေမျှော်လင့်ထားသလို မြန်ဆန်မှု မရှိခဲ့ဘူးလို့ ပြောပြီး လူမှု ကွန်ယက်တွေ မှာ ပြစ်တင်မှုတွေလည်း ရှိတယ်လို့ ဆိုတယ်။ 

လိပ်ကျွန်းမှာ သြဇာ ကြီးတဲ့ မာဖီးယားတွေကို စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုချက်တွေနဲ့ အရာရှိတွေဟာ ဖိအား ပေးခံခဲ့ရတာတွေရှိတယ်လို့လည်း သူက ပြောတယ်။ 

ဒီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးတဲ့ မေးခွန်းတွေထဲက ထိုင်းရဲချုပ်နဲ့ ရဲ အရာရှိ
တွေရဲ့ စိတ်ဝင်စားဖွယ် ဖြေကြားမှုကိုလည်း ထိုင်း PBS သတင်းဌာနရဲ့ သတင်းတခုမှာ ဖော်ပြထားပါ တယ်။ 

ဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ လူမှု ကွန်ယက်တွေက ပြောနေတဲ့ လိပ်ကျွန်း လူကြီးရဲ့ သားဆီက DNA ဘာလို့ မယူ တာလဲလို့ မေးတာကို ထိုင်းရဲက အဖေဆီက ယူထားပြီးဖြစ်လို့ သားဆီက ယူစရာမလို ဘူးလို့ ထိုင်းရဲက ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ 

လိပ်ကျွန်းလူသတ်မှု သံသယဖြစ်ဖွယ်အချက်တွေကို ထိုင်းလူမှု ကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာ တခုဖြစ်တဲ့ CSI LA ရဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းတာကိုလည်း ထိုင်းရဲတွေက ဒီစာမျက်နှာဟာ အခြေ အမြစ် မရှိတဲ့ စာမျက်နှာဖြစ်ပြီး ဖော်ပြချက်တွေကြောင်း လူထုက မရှုပ်ထွေးပါနဲ့လို့ ဖြေရင်း လူမှု ကွန်ယက် က ဖော်ပြတာတွေနဲ့ အငြင်းအခုန် လုပ်ဖို့ မဟုတ်ဘူးလို့ ဖြေသွားပါတယ်။

မြန်မာလုပ်သားနှစ်ဦးအတွက် ဂျပန်ရောက်မြန်မာများ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြမည်

မြန်မာလုပ်သားနှစ်ဦးလူသတ်မှုကျူးလွန်ပုံကို ထိုင်းရဲတပ်ဖွဲ့က သရုပ်ပြခိုင်းနေစဉ်(reuters)
ဗြိတိန်စုံတွဲ အသတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံ ထားရသည့်မြန်မာများအား တရားမျှတသည့် စုံစမ်းစစ်ဆေးမှုပြုလုပ် ရန် ဂျပန်နိုင်ငံရောက် မြန်မာနိုင် ငံသားများက အောက်တိုဘာ ၉ ရက်တွင် တိုကျိုမြို့ရှိ ထိုင်းသံရုံး ရှေ့၌ ဆန္ဒထုတ်ဖော်သွားမည်ဖြစ် ကြောင်း  သတင်းရရှိသည်။
‘‘အဓိကကတော့ ဂျပန်နိုင်ငံ မှာရှိတဲ့ မြန်မာတွေလည်း ဒီအမှု ကို စောင့်ကြည့်နေတယ်ဆိုတာ ရယ်၊ ဂျပန်နိုင်ငံသားတွေလည်း ဒီအမှုကို သတိထားမိအောင် ကြိုး စားတဲ့ သဘောလည်းပါတယ်’’ ဟု ဆန္ဒပြပွဲနှင့် ပတ်သက်၍ ဂျပန် နိုင်ငံရောက် မြန်မာတစ်ဦးဖြစ်သူ ဦးကျော်သူအောင်က ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ကို အောက်တိုဘာ ၉ ရက် ဂျပန်စံ တော်ချိန်ညနေ ၃ နာရီ (မြန်မာစံ တော်ချိန်ညနေ ၅ နာရီခွဲ) တွင် ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
သံသယတရားခံများအဖြစ် ဖမ်းဆီးခံထားရသည့် မြန်မာများ အရေးမျှတစွာ ကိုင်တွယ်ရန် ထိုင်းအစိုးရကို ဖိအားပေးတောင်း ဆိုမည့် အဆိုပါ ဆန္ဒပြပွဲတွင် ပူး ပေါင်းပါဝင်ကြရန် ဂျပန်နိုင်ငံ ရောက် မြန်မာအသိုင်းအ၀ိုင်းသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။
 ‘‘လောလောဆယ်တော့ ဘယ်နှယောက်ပါမယ်ပြောလို့ မရသေးဘူး။ စုနေကြတုန်းရှိ သေးတယ်’’ ဟု ဆန္ဒပြပွဲစီစဉ်သူ တစ်ဦးက ပြောသည်။
ဗြိတိန်စုံတွဲများဖြစ်သည့် အသက်(၂၄)နှစ်ရှိ ဒေးဗစ်မီလာ နှင့် အသက်(၂၃) နှစ်အရွယ် ဟန် နာယီသာရစ်ခ်ျတို့ နှစ်ဦးသည် စက်တင်ဘာ ၁၄ ရက် ညဥ့်သန်း ခေါင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူ ရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် အသတ်ခံရပြီး နောက်တစ်နေ့တွင် ၎င်းတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ သတ်ဖြတ်ခံထားရ မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ သား သုံးဦးထက်မနည်းကို ထိုင်း ရဲများက ဖမ်းဆီးခဲ့သည်။ ၎င်းတို့ ထဲမှ အသက်(၂၃)နှစ် အရွယ် စောနှင့် အသက်(၂၁) နှစ်အရွယ် ၀င်းဟု နာမည်အတိုကောက် ထုတ်ပြန်ခဲ့သည့် သူနှစ်ဦးသည် လူသတ်မှု၏ အဓိကလက်သည် တရားခံများဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့က စွပ်စွဲထားသည်။
အခြားတစ်ဖက်တွင်လည်း လက်သည်တရားခံဟု စွပ်စွဲခံ ထားရသူများမှာ တရားခံအစစ် မဟုတ်နိုင်ကြောင်း မြန်မာ၊ ထိုင်း နှင့် နိုင်ငံတကာမှ ဝေဖန်သူများ က ခန့်မှန်းပြောဆိုနေပြီး စုံစမ်း စစ်ဆေးမှုကို တိကျစွာ လုပ်ကိုင် ရန် ထိုင်းရဲတပ်ဖွဲ့အား ဖိအားပေး လျက်ရှိသည်။
လူသတ်မှုဖြစ်ပွားပြီး နာရီ ပိုင်းအတွင်း ထိုင်းရဲတပ်ဖွဲ့သည် ကျွန်းပေါ်ရှိ မြန်မာရွှေ့ပြောင်း လုပ်သား အများအပြားကို ထိန်း သိမ်းခဲ့ပြီး အချို့သည် စစ်ဆေးမှုများအတွင်း ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ သည်။
ဖမ်းဆီးခံ မြန်မာများနှင့် ပတ်သက်၍ မကြာမီရက်ပိုင်းအ တွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အို ချာနှင့် မြန်မာသမ္မတဦးသိန်းစိန် တို့၏ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှ သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးကို ကိုး ကားပြီး ရေးသားခဲ့သည်။

တူရကီ-ဆီးရီးယား နယ်စပ်ရှိ အချက်အခြာကျသည့် ကိုဘာနီမြို့ကို IS တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်

ကိုဘာနီမြို့အနီးတွင် လွှင့်ထူထားသော IS အလံကို တွေ့ရစဉ်
တူရကီနှင့် နယ်စပ်အနီးရှိ မဟာဗျူဟာအရ အချက်အခြာကျသော ဆီးရီးယားပိုင် ကိုဘာနီမြို့သို့ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိသည်။
ဆီးရီးယားရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများက မြို့ကို IS တပ်ဖွဲ့လက်အောက် မကျရောက်အောင် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ်နေသဖြင့် မြို့တွင်း လမ်းမများတွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။ IS တပ်ဖွဲ့သည် ရက်ပေါင်း အတော်ကြာ မြို့ကို ဝန်းရံထားပြီးနောက် အောက်တိုဘာ (၆)ရက်တွင် မြို့အရှေ့ပိုင်းမှ စတင်ထိုးဖောက်ရန် အားထုတ်လာခဲ့သည်။
ကိုဘာနီမြို့၏ အစိတ်အပိုင်း အချို့ကို IS တို့က သိမ်းယူထားပြီဟု ယူဆရပြီး အဝေးမှ ကြည့်ပါက မြို့၏ အထပ်မြင့် အဆောက်အအုံ အချို့နှင့် တောင်စောင်းနေရာများ အထက်တွင် IS အဖွဲ့၏ အနက်ရောင် အလံများ တလူလူ လွင့်ပျံနေသည်ကို တွေ့မြင်ရသည်။
IS တပ်ဖွဲ့များ ကိုဘာနီသို့ ဝင်ရောက်လာပြီးနောက် မြို့ခံ (၂၀၀၀)ကျော်မျှသည် တူရကီနှင့် နယ်စပ်ဒေသဘက်သို့ ထွက်ပြေးလာကြောင်း သိရသည်။ တူရကီ စစ်တပ်သည် ၎င်းတို့၏ နယ်ခြားဘက်ခြမ်းတွင် တင့်ကားများကို ခင်းကျင်း စောင့်ကြပ်နေပြီး IS တပ်ဖွဲ့များ တူရကီပိုင်နက်သို့ ကျူးကျော်လာနိုင်သည့် အခြေအနေကို ကြိုတင် ကာကွယ်ထားသည်။
IS အဖွဲ့အနေဖြင့် (၃)ပတ်ကျော် ဝန်းရံပိတ်ဆို့ထားသည့် ကိုဘာနီကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါက ဆီးရီးယားနှင့် တူရကီ နယ်စပ်ရှိ ကျယ်ပြောသော အချက်အခြာ နယ်နိတ်မိတ်ကို ထိန်းချုပ်ခွင့် ရသွားမည် ဖြစ်သည်။ IS အဖွဲ့က ပိတ်ဆို့ထားသည့် (၃)ပတ်အတွင်း ကာ့ဒ်လူမျိုး အများစု အပါအဝင် လူပေါင်း (၁၆၀၀၀၀)မျှ မြို့ကို စွန့်ခွာ ထွက်ပြေးသွားပြီး ဖြစ်သည်။
ကိုဘာနီမှ ဒေသဆိုင်ရာ အရာရှိ တစ်ဦးဖြစ်သည့် အိုင်ဒရစ်နက်ဆန်းက ISတို့လက်သို့ မကြာမီမှာပင် တစ်မြို့လုံး ကျရောက်သွားတော့မည်ဟု BBC သို့ ဆက်သွယ် ပြောကြားထားသည်။ အောက်တိုဘာ (၇)ရက်တွင် IS အဖွဲ့သည် မြို့အတွင်းရှိ အဓိက မဟာဗျူဟာ တောင်ကုန်းဖြစ်သည့် မစ္စတားနားကို ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ တောင်ကုန်းပေါ်မှနေ၍ IS တပ်ဖွဲ့က ကာ့ဒ်ခုခံရေးသမားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
ဒေသဆိုင်ရာ ကာ့ဒ်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည့် ကာဝမ်ဇီဘာရီက တူရကီ အစိုးရ အနေဖြင့် ထွက်ပြေးလာသော ကာ့ဒ်အနွယ်များကို အကူအညီ ပေးပါရန် ပန်ကြားထားသည်။ “လက်ရှိ အခြေအနေအတိုင်း ဆက်ဖြစ်နေပြီး နိုင်ငံတကာ အထောက်အပံ့လည်း မရှိဘူးဆိုရင် ကိုဘာနီမြို့နဲ့ ခုခံရေးတပ်ဖွဲ့ဟာ IS တပ်တွေလက်ထဲ လုံးဝ ကျရောက်သွားမှာပါ”ဟုလည်း ၎င်းက ဆိုသည်။
ကိုဘာနီမြို့ အနီးရှိ IS စစ်ကြောင်းများကို အမေရိကန်က ဗုံးကြဲ တိုက်ခိုက်နေပြီး ယခုသီတင်းပတ် အစောပိုင်းတွင် IS၏ ကင်းစခန်း နေရာနှစ်ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည့်တိုင် အဆိုပါ လေကြောင်း တိုက်ခိုက်မှုများသည် အမှန်တကယ် ထိရောက်မှု နည်းပါးနေဆဲဟု လေ့လာသူများက မှတ်ချက်ပြုထားသည်။

လိပ်ကျွန်း လူသတ်မှု စုံစမ်းရာမှာ အခက်ကြုံရကြောင်း မြန်မာအဖွဲ့ပြော

လိပ်ကျွန်း လူသတ်မှု စုံစမ်းရာမှာ အခက်ကြုံရကြောင်း မြန်မာအဖွဲ့ပြော
ကော်တောင် (လိပ်ကျွန်း) ကျွန်းပေါ် အခင်းဖြစ်ပွားရာသို့ မြန်မာအဖွဲ့ လေ့လာကြည့်ရှုစဉ် (ဓာတ်ပုံ – မင်းဦး / ဧရာဝတီ)
မြန်မာနိုင်ငံသား နှစ်ဦးကို လူသတ် တရားခံအဖြစ် ထိုင်းရဲက စွပ်စွဲထားတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်ဖို့ မြန်မာအစိုးရက အထူးတာဝန်ပေးထားတဲ့ အဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပေမယ့် သတင်းရင်းမြစ် တွေနဲ့ တွေ့ဆုံဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
မြန်မာအဖွဲ့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းကို အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိခဲ့ပြီး မူလက တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်ဖို့ ချိန်းဆိုထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့ဟာ စိုးရိမ်မှုတွေကြောင့် မတွေ့ရဲကြသလို ဖုန်းအသိမ်းခံထားရမှုကြောင့် မတွေ့ဖြစ်ခဲ့သူတွေလည်း ရှိကြောင်း မြန်မာ အဖွဲ့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ရောက်သွားတဲ့အခါ မြင်ရတာက သမာရိုးကျမဟုတ်တဲ့ ပုံစံမျိုးတွေ့ရတယ်။ တချို့ကလေးတွေက အရင်ဖုန်းဆက်လို့ ရတယ်။ ကျနော်တို့ ရောက်လာတဲ့ အခါကြတော့ ဖုန်းဆက်လို့ မရဘူးဖြစ်သွားတယ်။ ကျနော်တို့ လိုက်စုံစမ်းတဲ့ အခါကြတော့ အဲဒီကလေးတွေရဲ့ ဖုန်းတွေကို ရဲတွေက သိမ်းထားတယ်လို့ ပြောပါတယ်” လို့ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီကို ပြောပါတယ်။
မြန်မာအစိုးရက အထူးတာဝန်ပေးထားတဲ့ အဖွဲ့မှာ ရှေ့နေ ဦးအောင်မျိုးသန့် အပါအဝင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ ကောင်စစ်ဝန် ဦးထွန်းအေးနဲ့ ထိုင်း ဥပဒေပညာရှင်တွေ၊ အလုပ်သမားရေး လုပ်ဆောင်သူတွေ စုစုပေါင်း ၉ ဦး ပါဝင်ကြောင်း သိရပါတယ်။
မြန်မာအဖွဲ့ဟာ လိပ်ကျွန်းပေါ်က အခင်းဖြစ်ပွားရာနေရာကို သွားရောက်လေ့လာမှတ်တမ်းယူခဲ့သလို လူသတ်တရားခံလို့ ထိုင်းရဲတွေက စွပ်စွဲခံထားရသူ နှစ်ဦးနဲ့ နီးစပ်သူ အချို့အပါအဝင် အမှုဖြစ်စဉ်ရဲ့ ကွဲလွဲချက်တချို့နဲ့ပတ်သက်ပြီး အထောက်အထား ရရှိနိုင်မယ့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့နဲ့လည်း တွေ့ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့တဲ့ ကလေးတွေကတော့ စွပ်စွဲခံထားရတဲ့ ကလေးတွေ ပြစ်မှုကျူးလွန်တယ်ဆိုတာကို မယုံ မကြည်ဖြစ်နေကြတယ်” လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
လိပ်ကျွန်းပေါ်မှာ ရှိတဲ့ ရဲတပ်ဖွဲ့တွေကတော့ မြန်မာအဖွဲ့တွေ သွားရောက်မှတ်တမ်းယူလိုတဲ့ နေရာတွေနဲ့ တွေ့ဆုံလိုသူတွေ ရှိရာကို လုံခြုံရေး တာဝန်ယူပေးသလို ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ကျွန်းပေါ်မှာတွေ့ရှိခဲ့ရတဲ့ မြန်မာအလုပ်သမားတွေနဲ့ပတ်သက်ပြီးလည်း “ကလေးတွေရဲ့ အနေအထားကတော့ အားလုံးက အကြောက်တရား လွှမ်းမိုးခံနေရတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ ကြီးစိုးတဲ့ ထိုင်းလူကြီးတွေရှိနေတဲ့အပြင် ရဲကလည်းရှိနေတယ်ဆိုတော့ တော်ရုံ မပြောရဲ၊ မဆိုရဲပဲ ခိုင်းတာလုပ်ဆိုတဲ့ ပုံစံတွေ့ခဲ့ရတယ်” လို့ ဦးအောင်မျိုးသန့်က သူ့အမြင် ကိုပြောပါတယ်။
မြန်မာအဖွဲ့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းပေါ်မှာ စုံစမ်း မှတ်တမ်းယူမှုတွေပြုလုပ်ပြီး ဒီကျွန်းကနေ သုံးနာရီလောက် ရေလမ်းခရီးနဲ့သွားရတဲ့ ကော့စမွေကျွန်း ကို ညနေပိုင်းမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။
မနေ့ကလည်း ကော့စမွေ အကျဉ်းထောင်မှာ တရားခံ အဖြစ်စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ နှစ်ဦးကိုလည်း တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ အဖြစ်တဲ့ မောင်မောင်နဲ့တော့တွေ့ခွင့်မရခဲ့ပါဘူး။
ခရီးစဉ်မှာရရှိခဲ့တဲ့ အချက်အလက်တွေနဲ့ အခက်အခဲ ရှိနေမှုအချို့ကို ပြုစုပြီး ခရီးစဉ်ကို ညွှန်ကြားခဲ့တဲ့ နေပြည်တော်က တာဝန် ရှိသူတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတဆင့် ပို့ဆောင် တင်ပြမှာဖြစ်ကြောင်း ဒိမတိုင်မီမှာ ဖြစ်စဉ်အတွက် အရေးကြီးတဲ့ တရာလိုပြ သက်သေ မောင်မောင်နဲ့ တွေ့ဆုံဖို့ကိုလည်း ကြိုးစားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

Monday, October 6, 2014

လိပ်ကျွန်းလူသတ်မှု၌ အဖမ်းခံရသည့် မြန်မာများအရေး ထိုင်းဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန် ဆွေးနွေးမည်

လိပ်ကျွန်း, သုဝဏ္ဏဘုမ္မိ, ဦးသိန်းစိန်,CSIထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ မြန်မာပြည် ခရီးစဉ်အတွင်း ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ် မှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားသည့် မြန်မာနိုင်ငံသားများကိစ္စကို သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ဆွေးနွေးသွား မည်ဟု သိရသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ ဗိုလ်ချုပ်ကြီး ပရာယုဒ်နဲ့ သမ္မတကြီးတွေ့တဲ့အခါ ဆွေးနွေးတဲ့အထဲ အဲဒါပါ ပါမယ်။ ကျနော်တို့က နိုင်ငံခြားရေး ၀န်ကြီးကနေ ပြောထားတယ်။ ပထမပိုင်း သံအမတ် ကြီး ဦးဝင်းမောင်က ပြောပေ မယ့် သူတို့ဘက်က လိုလိုလားလား မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ကျနော်တို့ ထပ်ပြီး တွန်းအားပေးဖို့ လုပ်နေပါ တယ်” ဟု ဧရာဝတီကို ပြောသည်။ သို့သော် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရထံ တရားဝင်စာပို့ထားခြင်းမရှိသေးသော်လည်း၊  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ထိုင်းနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနထံ သွားရောက်တွေ့ဆုံဆွေးနွေးရန် ညွှန်ကြား ထား ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“အဓိက ကာယကံရှင်တွေနဲ့ တိုက်ရိုက် လွတ်လပ်လပ်လပ်တွေ့ခွင့်ရဖို့ကို သူတို့က လက်ခံဖို့ လိုတယ်။ ကာယကံရှင် တွေနဲ့ တွေ့မှ သူတို့က လွတ်လွတ် လပ်လပ် အမှန်ကို ပြောရဲဖို့ လိုတယ်။ အခုတော့ သူတို့ ကာ ယကံရှင်တွေနဲ့ တွေ့ခွင့်ရဖို့ လုပ်နေပါတယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။
ယနေ့ထုတ် အစိုးရသတင်းစာများတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့ ထိုင်းရဲတပ်ဖွဲ၏ ထုတ်ပြန်ကြေညာချက်တွင် လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသား မစ္စတာ ဒေးဗစ် မီလာနှင့် မစ္စ ဟန်နာ ၀သ်သာရစ်ခ်ျ တို့ ၂ ဦး သတ်ဖြတ်ခံရမှုတွင် ကျွန်းပေါ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား စစ်ဆေးပြီး၊ ၃ ဦးကို ဖမ်းဆီး ထားကြောင်း၊ မောင်ဝင်းဇော်ထွန်းနှင့် တဦးက ၄င်း တို့ သတ်ခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
နောက်တနေ့တွင်  မြန်မာ ၂ ဦးအား အခင်းဖြစ်ပွားမှု ပြန်လည်သရုပ်ပြရန် ထိုင်းရဲက စီစဉ်ခဲ့ သည်။
ထိုင်း ရဲ ဗိုလ်ချုပ်ကြီး ဆုန်ယု ဖုန်ဖန်မောင်န့် က“အခု သံသယရှိနေသူ ၂ ဦးဟာ အဲဒီနေ့တုန်းက ပြစ်မှုကျူးလွန်ခဲ့ကြသူ တွေပါ။ တချိန်ထဲမှာပဲ သူတို့ ကျူး လွန်ခဲ့တယ် ဆိုတာ ၀န်ခံခဲ့ကြတယ်။ ဒါကြောင့် အခု ရဲတပ်ဖွဲ့လုပ်ထုံး လုပ်နည်း အတိုင်း သူတို့ကို ပြန်လည် သရုပ်ပြဖို့ ကျနော်တို့ ခေါ်လာ တာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဝန်ခံသည် ဆိုသော  မြန်မာ ၂ ဦးက ၊ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက လိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာတီး သီချင်းဆိုနေကြစဉ် နိုင်ငံခြားသား စုံတွဲ၂ ဦး ချစ်တင်းနှောနေတာ၍ မြင်ပြီး စိတ်မထိန်းနိုင်၍  ပြစ်မှု ကျူး လွန်ခဲ့သည် ဟု ထွက်ဆိုထားကြောင်း ထိုင်းရဲက ပြောထားသည်။
ထို့အပြင် အဆိုပါ ၂ ဦး၏ DNA ကလည်း သေဆုံးသူ ဗြိတိန် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှ ရသည့် DNA နှင့် ကိုက်ညီ သကဲ့သို့၊ အခင်းဖြစ်ပွားရာနေရာအနီးတွေ့ရသည့် L&M စီးကရက်မှ ရသည့် DNA နှင့် လည်း ကိုက်ညီကြောင်း ထိုင်းရဲ ကဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍  မြန်မာအသိုင်းအ၀ိုင်းသာမက ထိုင်းလူမှု အသိုင်းအ၀ိုင်း အပါအ၀င် ကမ္ဘာမီဒီယာများကပါ ယုံကြည်မှု မရှိပဲ၊  အဆိုပါ မြန်မာ ၂ ဦးမှာ ဓားစာခံ အဖြစ် ထုတ်ပြခံရသည်ဟု ယုံကြည်နေကြသည်။
အဆိုပါ လိပ်ကျွန်း လူသတ်မှု ကိစ္စဖြင့် ကျွန်းပေါ်ရှိ မြန်မာအလုပ်သမားများအား ထိုင်းရဲများစစ်ဆေးရာတွင် ရေနွေးပူ လောင်း၍ ညှင်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်းလည်း ဒေသခံများကဆိုသည်။
ထို့အပြင် ယင်းလူသတ်မှုနှင့် ပတ်သက် ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်က ယခင်ဖော်ပြခဲ့သော သတင်း များနှင့် ထိုင်းရဲများ၏ ပြောဆိုမှု ကွဲလွဲချက်များရှိနေသည်ကို  နိုင်ငံခြား သတင်းဌာနများက  ထောက်ပြကြသည်။
သေဆုံးသူ ဟန်နာ၏ လက်ကိုင်ဖုန်းကို မြန်မာတဦး၏ အခန်းအနီးမှ တွေ့သည်ဟု ဆိုခဲ့ သော်လည်း၊ အဆိုပါ လက် ကိုင် ဖုန်းကို ဟန်နာ၏ သူငယ်ချင်းများက အခင်းဖြစ်ပြီးနောက်တနေ့တွင် ထိုင်းရဲသို့ လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်၍ ကွဲလွဲနေကြောင်းလည်း နိုင်ငံတကာသတင်းများက ဝေဖန်သည်။
လူသတ်မှုကိစ္စနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံကို ပြန်မည့် ဗြိတိန်နိုင်ငံသားတဦး သုဝဏ္ဏဘုမ္မိ လေဆိပ်၌ ဖမ်းမိခဲ့ကြောင်း၊ ၄င်း၏ ဆံပင်အရောင်နှင့် သေဆုံးသူ မစ္စ ဟန်နာ၏ လက်တွင်းမှ ရသည့် ဆံပင်အရောင်တူညီသည့်ဟု ထိုင်းရဲများ၏ ယခင်ထုတ်ပြန်မှုများအပေါ် ထောက်ပြရေးသားနေကြသည်။
ထို့အပြင်သေဆုံးသူ ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ၏ သူငယ်ချင်း ရှောင်မက် အန်နာ ဆိုသူက အခင်းဖြစ်ပွားပြီး နောက်၊ လိပ်ကျွန်းပေါ်ရှိ ထိုင်း မာဖီးယားတို့၏ သတ်မည်ဟု ခြိမ်းခြောက်ခံရ၍ ကျွန်းမှ ထွက်ခွာသွားရာ၊ သူ၏ လက်တွင် ရရှိထားသည့် ဒဏ်ရာ နှင့် သေဆုံးသူ ဒေးဗစ်မီလာ၏ ဒဏ်ရာသည်ပုံစံတူ ဖြစ် နေ၍ ၄င်းသည် ယခု လူသတ်မှုတွင် အဓိကကွင်း ဆက်ဖြစ် နေ သည်ကိုလည်း ထောက်ပြနေကြသည်။
ရှောင်မက် အန်နာ၏ ဖေစ်ဘွခ်တွင် ခြိမ်းခြောက်ခဲ့သည့် ထိုင်း လူမျိုး ၂ ဦးကို ဓာတ်ပုံရိုက်၍ တင်ခဲ့ပြီး၊ “ထိုင်းမာဖီး တွေက ကျနော့်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါ” ဟုလည်း  ရေးသားခဲ့သည်။
ဗြိတိန်အခြေစိုက် မက်ထရို သတင်းဌာန နှင့် အင်တာဗျူး တွင်  ရှောင်မက် အန်နာက အဆိုပါ ထိုင်း ၂ဦးက မိမိကိုယ်မိမိ ဆွဲကြိုး ချ သေရန် ဖိအားပေးခဲ့ကြောင်း၊ ထို့နောက် စတိုးဆိုင်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ကော့တောင်ကျွန်း မှ ကော့စမွေ အရပ် သို့ ထွက်ခွာသွားကာထိုမှတဆင့် ဘန်ကောက်သို့ ထွက်ခွာသွားခဲ့ကြောင်း ပြောဆိုခဲ့ သည်။
အဆိုပါ ဓာတ်ပုံပါ ထိုင်းလူမျိုး ၂ ဦးအား ထိုင်းရဲက စစ်ဆေးခဲ့စဉ် ၄င်းတို့က DNA ပေးရန် ငြင်းဆိုခဲ့သည့် သူများဖြစ်သည်။
ထိုင်း လူမှု ကွန်ရက် စာမျက်နှာ  CSI တွင် လိပ် ကျွန်း လူသတ်မှု ကိစ္စ သံသယဖြစ်ခံရသူ စာရင်းတွင် ရှောင်မက် အန်နာ ပါဝင်သော်လည်း ရဲက စစ်မေးရာတွင် အပြည့်အစုံ ထုတ်ဖော်ပြော ဆိုခြင်း မရှိခဲ့ပဲ ကျွန်းမှ ထွက်ခွာခဲ့သည်ဟု ဖော်ပြထားသည်။
ထိုင်းအခြေစိုက် Cross Cultural Foundation (CCF) ကမူ လိပ်ကျွန်း လူသတ်မှုနှင့် မြန်မာ အလုပ်သမား ၂ ဦး ဖမ်း ဆီးထားသည့်  ကိစ္စသည် ပွင့်လင်းမြင်သာမှုမရှိပဲ မတရား သဖြင့် ဖမ်းဆီးခံရပြီး ထိုးကျွေးခံရသူများ ဖြစ်မည်ဟု ထုတ် ပြန်ထားသည်ကို ထိုင်း PBS သတင်းဌာနကို ပြောဆိုခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦး “Takraw” ကစားနေစဉ် ထိုင်း ရဲများ ရောက်ရှိလာရာ၊  မြန်မာ ၃ ဦးက အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် ပါမစ် စတာတွေ မရှိ၍ ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း၊ ထို့နောက် ထိုင်းရဲက အဆိုပါ ၃ ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ဗြိတိန် ၂ ဦးသတ်ဖြတ်သည့် တရားခံအဖြစ် ထုတ်ပြန်ခဲ့ ခြင်းဖြစ် သည်ဟု CCF ဒါရိုက်တာ မစ္စ ပွန်ပန်က ပြောသည်။
“DNA စစ်ဆေးမှု ရလာဒ်ကို အရမ်း တိုတောင်းတဲ့ အချိန်အတွင်းမှာ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ တာဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ လုပ်တာမှဟုတ်ရဲ့လား”ဟုလည်း ၄င်းက မေးခွန်းထုတ်ထားသည်။
ထိုင်းအာဏာပိုင်များသည် မျှတတဲ့ တရားစီရင်ရေးထက် နိုင်ငံခြားသား ကမ္ဘာ လှည့်ခရီးသွား အလာကျဆင်းသွား မှာကို ပိုပြီး စိုရိမ်ပူပန်နေကြောင်း၊ လူသတ်မှု သံသယဖြစ်သူမျာအပေါ် ခွဲခြားမှု မရှိ ပဲ လုပ်ဆောင်သင့်ကြောင်း CCF ဒါရိုက်တာ မစ္စ ပွန်ပန်ကဆက်လက်ပြောသည်။
ထိုင်းရဲများအပေါ် ဗြိတိန်သံရုံးက သေချာကိုင်တွယ်ရန် ဖိအားပေးခြင်းနှင့် အခြား ဖိအားများကျရောက်နေ သည့်အတွက် ထိုင်းနိုင်ငံ၏ တရားစီရင်ရေး စနစ်မှာ ယုံကြည်မှု ပျက်စီးစေတဲ့ အဖြစ်သို့ သက်ရောက် သွားစေ နိုင်ကြောင်း ၄င်းက သတိပေးသည်ဟု သိရသည်။
အဆိုပါကိစ္စကြောင့် လိပ်ကျွန်းရှိ မြန်မာ အလုပ်သမား ၄ ထောင်ကျော်မှာ စိုးရိမ်ထိပ်လန့်မှုများ ရင်ဆိုင်နေရပြီး ထိုင်းနိုင်ငံရှိ မြန်မာများအနေဖြင့်လည်း စိုးရိမ်မကင်းဖြစ်နေကြသည်။

Sunday, October 5, 2014

ထိုင်းလူသတ်မှု စွပ်စွဲခံနှစ်ဦး ရုံးထုတ်ရမန်ယူ

ထိုင်းနိုင်ငံ၊ ကော့တောင်လို့ ခေါ်တဲ့ လိပ်ကျွန်းမှာ အသတ်ခံရသူ ဗြိတိသျှ နိုင်ငံသား နှစ်ဦးနဲ့ ပတ်သက်လို့ တရားခံတွေ အဖြစ် စွပ်စွဲခံရသူ မြန်မာ အလုပ်သမား နှစ်ဦးကို ရိုက်နှက်စစ်ဆေး မှုတွေ ရှိတဲ့ အကြောင်း ပြန်လွတ်လာသူ တစ်ဦးက ပြောပါတယ်။ ဒီကနေ့ ရုံးထုတ် ရမန်ယူခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို အခုလို လူသတ်မှုနဲ့ စွဲဆိုခံရတဲ့ အပေါ် မြန်မာ သံရုံးဘက်က စုံစမ်းစစ်ဆေးအုံးမှာ ဖြစ်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အခု စွပ်စွဲခံရသူ မြန်မာအလုပ်သမား နှစ်ဦးဟာ စက်တင်ဘာ ၁၆ ရက် DNA စစ်ဆေးမှုမှာ ပါဝင်ခဲ့ပြီး ပြန်လွှတ်ပေးထားသူများ ဖြစ်ကြပါတယ်။ သူတို့ကို ဒုတိယအကြိမ်ဖမ်းဆီးပြီး အခု တရားခံတွေအဖြစ် ထိုင်းရဲတွေက ထုတ်ဖော် ပြောဆိုခဲ့တာပါ။ သူတို့နဲ့အတူ ဖမ်းဆီးခံထားရသူတွေကို အောက်တိုဘာ ၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီး တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ စစ်ဆေးမေးမြန်းမှုတွေအတွင်း ရိုက်နှက်ခံရတာတွေ ရှိတဲ့အကြောင်း သူတို့နဲ့ နီးစပ်တဲ့ ကျွန်းပေါ်မှာ အလုပ်လုပ်နေသူ မြန်မာအလုပ်သမားတစ်ဦးက ပြောပြပါတယ်။

“လွန်ခဲ့တဲ့လေးရက်လောက်က သူတို့ကို ဖမ်းလိုက်တာ။ တစ်ယောက်က တော်တော်ကြီးကို အရိုက်ခံထားရတာပေါ့။ ဒါပေမယ့် သတင်းထဲမှာ အဲဒီကောင် ပုံမထွက်ဘူး။ သုံးယောက်ဖမ်းပြီးတော့ နှစ်ယောက်ပုံပဲ ထွက်တယ်။ ရဲစခန်းထဲမှာ မသင်္ကာလို့ ဖမ်းထားတာ ဆယ်ယောက်လောက် ရှိတယ်။ မသင်္ကာပြီးဖမ်းထားတဲ့သူတွေကိုတော့ မနေ့ညက ပြန်လွှတ်လိုက်တယ်။ သူတို့ကပြန်ပြောပြတာ။ အဲဒီ (သူတွေက) အချုပ်ခန်းထဲက မြင်နေရတာ။ သူတို့ကို ထုတ်သွားလိုက်၊ ရိုက်လိုက် မြင်နေရတာကို သူတို့က ပြောပြတာ။ ဟုတ်ပါတယ်ဆို ဝန်ခံလိုက်တယ်ဆိုပြီးမှ ဘယ်ပုံ ဘယ်နည်းလုပ်တယ်- ဘာညာဆိုပြီးတော့ အမလည်း တွေ့မှာတော့ သတင်းစာထဲမှာ တောင်ပြ၊ မြောက်ပြ၊ ရဲက ဒီဘက်ပြ၊ သူတို့က ဟိုဘက်ပြဖြစ်နေတာ။ အဲဒါနဲ့ သူတို့ကို မနေ့က ကော့စမွီအကျဉ်းထောင်ကို ခေါ်သွားပြီးတော့ ဒီနေ့ သူတို့ကို တရားရုံးထုတ်တယ်။ ရမန်ယူဖို့ပေါ့။”

အဓမ္မပြုကျင့် အသတ်ခံရတယ်လို့ ယူဆထားတဲ့ ဗြိတိန်နိုင်ငံသူရဲ့ ကိုယ်ခန္ဓာမှာ တွေ့ရတဲ့ DNA ၂ မျိုးအရ အာရှနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းရဲတွေက စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ကောက်ချက်ချထားခဲ့တာပါ။ ထိုင်းနိုင်ငံ၊ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့ ခိုင်မာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

အဲဒီ DNA ဟာ ဘယ်ကရတဲ့ DNA လဲ။ အဲဒါကို ခိုင်မာအောင်တော့ ကျနော်တို့ကလည်း သံအမတ်ကြီးကတော့ ဥပဒေကြောင်းအရ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ကတော့ တကယ်လို့ ကိုယ့်ဘက်က အစွပ်စွဲခံရတယ်၊ မဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲ ကျနော်တို့က တရားဝင်ဖြစ်စေရမှာပေါ့နော်။ အဲဒါလေးတွေကို ကျနော်တို့က ဆောင်ရွက်နေပါတယ်။”

လိပ်ကျွန်းမှာရှိတဲ့ မြန်မာနိုင်ငံသားအများစုကတော့ အခု စွပ်စွဲခံထားရတဲ့ လူငယ်တွေက ဒီလို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို မယုံကြည်နိုင်ကြဘဲ ဖြစ်နေသလို မြန်မာသံရုံးကနေ ဒီအမှုမှန်ပေါ်ရေး သေချာ စိစစ်ဆောင်ရွက်ပေးစေချင်တယ်လို့ ပြောကြပါတယ်။ အခုဆိုရင် ဖမ်းဆီးမှုက ပြန်လည် လွတ်မြောက်လာ သူတွေရော၊ လက်ရှိနေထိုင်နေသူ မြန်မာနိုင်ငံသားတွေဟာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေကြပါတယ်။ အောက်တိုဘာ ၃ ရက်နေ့က လိပ်ကျွန်းပေါ်မှာ မှုခင်းမှတ်တမ်းတွေရယူဖို့ တရားခံတွေကို လိုက်လံပြသခိုင်းချိန်မှာ အရပ်သားတွေက သူတို့မြင်တွေ့ရတဲ့ သံသယဖြစ်စရာ မြင်ကွင်းတွေ အကြောင်း အခုလို ပြောပြပါတယ်။

“ဒီကောင်လေးတွေ လူသတ်တဲ့ပုံစံတွေ လုပ်ပြနေတာက ပိုပြီး သံသယရှိတယ်ဗျ။ ဒီကောင်လေးတွေက ဒီ ဘက်ထိုးပြ၊ ဒီဘက်ထိုးပြတယ်။ စကားပြန်က ဟ- အဲဒီဘက် မဟုတ်ဘူး၊ ဟိုဘက်… အဲဒီလိုမျိုးတွေပေါ့။ ပုလိပ်နဲ့ စကားပြန်နဲ့ လူသတ်တဲ့တရားခံတွေဟာ တယောက်နဲ့တယောက်ကို အချက်အလက်တွေ ကွဲပြားနေတာပေါ့နော်။”

လိပ်ကျွန်းလူသတ်မှုဟာ ရက်အတော်ကြာတဲ့အထိ အမှုမှန်မပေါ်နိုင်တဲ့အတွက် ရဲတွေအနေနဲ့လည်း ဖိအားပေးတာ၊ ဝေဖန်တာတွေကို ခံနေကြရပါတယ်။ အခု အမှုမှန်ပေါ်ပြီလို့ ပြောဆိုနေချိန်မှာပဲ ထိုင်းနိုင်ငံအတွင်းက မြန်မာပြည်သားတွေကတော့ ဝေဖန်မှုတချို့ရှိနေပြီး မယုံကြည်နိုင်ပဲဖြစ်နေသလို ကော့စမွီ အကျဉ်းထောင်ကို ပို့ဆောင်ခံထားရတဲ့ တရားခံအဖြစ် စွပ်စွဲခွံရသူတွေကတော့ သူတို့ သတ်ခဲ့ကြောင်း ဝန်ခံနေကြပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးအနေနဲ့ အလုပ်သမားရေး ဆောင်ရွက်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီအမှုနဲ့ပတ်သက်လို့ သေချာ စုံစမ်းစစ်ဆေးသွားနိုင်ရေးအတွက် တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေကို မကြာခင်မှာ သွားရောက်တွေ့ဆုံကြဖို့ ရှိပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)

အိန္ဒိယနိုင်ငံသား နှစ်သိန်းလောက် IS ချေမှုန်းရေးမှာ ပါဝင်လို

6 October 2014 09:02(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​တိုက်ခိုက်ချေမှုန်းရာမှာ ​လုပ်အားပေးအနေနဲ့ ​ပါဝင်လိုကြောင်း ​အိန္ဒိယနိုင်ငံသား ​အယောက် ​၂၀၀၀၀၀ ​(နှစ်သိန်း) ​က ​လက်မှတ်ရေးထိုး ​စာရင်းပေးနေကြပါတယ်။

IS ​အဖွဲ့ရဲ့ ​လုပ်ရပ်တွေဟာ ​အစ္စလာမ်ဘာသာနဲ့ ​ဆန့်ကျင်နေသလို ​မွတ်စလင်အချင်းချင်းကိုလည်း ​သတ်ပစ်တာတွေ ​ရှိတဲ့အတွက် ​IS ​အဖွဲ့ကို ​တိုက်ဖျက်လိုကြောင်း ​ပြောဆိုထားပါတယ်။

အဲဒီအထဲမှာ ​အသက် ​၁၂ ​နှစ်ရွယ် ​Tatheem ​Fatima ​လည်း ​ပါဝင်ပြီး ​အဲဒီကလေးမကတော့ ​သူ့လို ​Shia ​မွတ်စလင်တွေကို ​IS ​အဖွဲ့က ​သတ်ဖြတ်နေတဲ့အပေါ် ​မခံမရပ် ​ဖြစ်နေပြီး ​အဲဒီက ​ဒုက္ခရောက်တဲ့ ​လူတွေကို ​တတ်နိုင်သလောက် ​ကူညီချင်တယ်လို့ ​ပြောပါတယ်။

ဥပမာ ​ဆီးရီးယားနဲ့ ​အီရတ်လို ​နိုင်ငံမှာ ​ဒုက္ခရောက်နေတဲ့ ​လူတွေကို ​သောက်ရေပေးတာပဲဖြစ်ဖြစ် ​အစားအသောက် ​ကျွေးတဲ့နေရာမှာပဲ ​ဖြစ်ဖြစ် ​တတ်နိုင်တဲ့နေရာကနေ ​ကူညီလိုတယ်လို့ ​Tatheem ​Fatima ​က ​ပြောပါတယ်။

IS ​အဖွဲ့ကို ​တိုက်ခိုက်လိုသူ ​အယောက် ​နှစ်သိန်းထဲမှာ ​Shia ​မွတ်စလင်၊ ​ဆူနီမွတ်စလင်၊ ​ခရစ်ယာန်နဲ့ ​ဟိန္ဒူဘာသာတွေလည်း ​ပါဝင်ကြပါတယ်။

ဒါပေမဲ့ ​အခုလောလောဆယ်မှာတော့ ​လက်တွေ့လုပ်ငန်းအတွက် ​အသုံးဝင်မယ့် ​အင်ဂျင်နီယာနဲ့ ​ဆေးအမှုထမ်းလို ​လူတွေကိုသာ ​ရွေးချယ်ပြီး ​စစ်ဖြစ်တဲ့ ​ဒေသကို ​ပို့ဆောင်မယ်လို့ ​သိရပါတယ်။

အစ္စလာမ်ဘာသာဟာ ​ချစ်ခင်ခြင်းကို ​သင်ပြတဲ့ ​ဘာသာဖြစ်ပြီး ​လူသတ်မှုကို ​ဆန့်ကျင်ကြောင်း ​ပြသလိုတဲ့အတွက် ​IS ​အဖွဲ့ကို ​နှိမ်နင်းလိုတာဖြစ်ကြောင်းလည်း ​အိန္ဒိယ ​မွတ်စလင်တစ်ဦးက ​ပြောပါတယ်။

အခုလောလောဆယ် ​IS ​အဖွဲ့ဟာ ​အရှေ့အလယ်ပိုင်းမှာသာ ​လှုပ်ရှားနေပေမယ့် ​ပါကစ္စတန်အခြေစိုက် ​တာလီဘန်ကနေတဆင့် ​လှုပ်ရှားမှုတွေ ​ရှိလာတဲ့အတွက် ​အိန္ဒိယအာဏာပိုင်တွေသာမက ​တောင်အာရှဒေသအတွင်းမှာ ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

အိန္ဒိယနိုင်ငံသား ​မွတ်စလင်လူငယ်တချို့လည်း ​အရှေ့အလယ်ပိုင်းကို ​သွားပြီးတော့ ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းတိုက်ခိုက်တာမျိုး ​ရှိနေတယ်လို့လည်း ​အိန္ဒိအာဏာပိုင်တွေက ​ပြောကြောင်း ​အေဘီစီ ​သတင်းထောက် ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။



အသက် ၁၂ နှစ်အရွယ် Tatheer Fatima (Credit: ABC) 

ဆီးရီးယားနယ်စပ်မြို့ကို အိုင်အက်စ်အဖွဲ့ တိုက်ခိုက်မှုကြောင့် ကာ့ဒ်တပ်ဖွဲ့ ပြန်လည်ခုခံ

6 October 2014 09:20(+0630) (37 မိနစ် ခန့်က)


တူရကီနဲ့နယ်စပ် မဟာဗျူဟာကျတဲ့ ဆီရီးယားနယ်စပ်မြို့ ကိုဘာနီမြို့ကို အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)က ရက်သတ္တ ပတ်နဲ့ချီပြီး အပြင်းအထန် တိုက်ခိုက်နေတာကြောင့် မြို့ခံ ဆီးရီးယား ကာဒ့် လူမျိုးတွေကလည်း အောက်တိုဘာ ၅ ရက်နေ့က ပြန်လည်ခုခံနေ ကြပါတယ်။

မြို့ပတ်ဝန်းကျင်က ကျေးရွာတွေအားလုံး အိုင်အက်စ်အစွန်းရောက်တွေ လက်အောက်ကျရောက်ခဲ့တာ ဖြစ်ပေမယ့် ဆီးရီးယားကာဒ့်တွေကတော့ အမျိုးသမီးတွေပါ မကျန် မြို့ကို ရှိသမျှ လက်နက်ငယ်တွေနဲ့ အသေခံခုခံနေကြတာပါ။

အိုင်အက်စ်အဖွဲ့ကတော့ အီရတ်စစ်တပ်က သိမ်းဆီးရမိတဲ့ တင့်ကား အနည်းဆုံး အစီး ၂၀ နဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မြို့ခံဒုက္ခသည် အနည်းဆုံး ၁ သိန်း ၈ သောင်း ၆ ထောင်ဟာ တူရကီနိုင်ငံထဲကို ၀င်ရောက်ခိုလှုံနေကြပါတယ်။

အမေရိကန်နဲ့ မဟာမိတ်လေကြောင်းတိုက်ခိုက်မှုတွေဟာ ဒီဆီးရီးယားနယ်စပ်မှာ ထိထိရောက်ရောက်တိုက်ခိုက်တာ မရှိသလို တူရကီကို ဆီးရီးယားနိုင်ငံထဲ မ၀င်ရောက်ဖို့ ဆီရီးယားအစိုးရက သတိပေးထားပါတယ်။ ဒါကြောင့် နယ်စပ်မှာ တူရကီတင့်ကားတွေ ချထားတဲ့အဆင့်ပဲ ရှိပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က တူရကီနိုင်ငံထဲကို ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ တူရကီ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အယောက် ၂၀နဲ့ ဆီးရီးယားကာဒ့်တပ်ဖွဲ့ဝင် ၁၀ ယောက် ကျဆုံးခဲ့ကြတယ်လို့ အိုင်အက်စ်တပ်တွေကို ခုခံနေတဲ့ ဆီးရီးယားကာဒ့်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အမေရိကန်လေကြောင်းပစ်ကူမှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့နဲ့ ကိုဘာနီမြို့ကျလို့ အိုင်အက်စ်အစွန်းရောက်တွေက ကျူးလွန်ရင် အစုလိုက်အပြုံတိုက် သတ်ဖြတ်မှုတွေ တကမ္ဘာလုံးမှာ တာဝန်ရှိတယ်လို့ ကိုဘာနီကာကွယ်ရေးဝန်ကြီး အစ္စမေးလ် ရှိတ်လ် ဟာစန် (Ismet Sheikh Hasan)က ပြောဆိုပါတယ်။

ဂျပန်မှာ Phanfone မုန်တိုင်း ဒီကနေ့ ကျရောက်ဖို့ရှိ

 
ဂျပန်နိုင်ငံမှာ ​တနင်္လာနေ့ ​ဒီကနေ့အတွင်း ​အင်အားကြီးတဲ့ ​မုန်တိုင်း ​ကျရောက်နိုင်တဲ့ အတွက် ​သတိပေး ချက်တွေ ​ထုတ်ပြန်ထားပါတယ်။
Phanfone ​မုန်တိုင်းအန္တရာယ်ကြောင့် ​ပင်လယ်ကမ်းခြေ ဘက်ကို ​မသွားဖို့ ​သတိပေးထားပြီး ​အခု လောလောဆယ် ​ဂျပန်နိုင်ငံ ​အနောက် တောင်ပိုင်း မှာတော့  ​မိုးသည်း ​ထန်မှုတွေ၊ ​လေပြင်း ​တိုက်ခတ် ​မှုတွေ ​ဖြစ်နေပြီး ​လျှပ် ​စစ် ​မီး ​ပြတ်တောက် ​တာတွေ ​ဖြစ်နေတဲ့အတွက် ​လေယာဉ် ​ခရီး ​ရွှေ့ဆိုင်းတာမျိုး ​လုပ်နေရပါတယ်။

ဒီကနေ့မှာတော့ ​တိုကျိုမြို့ကို ​ဝင်ရောက်နိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။

တိုကျိုမြို့မှာ ​မိုးရေချိန် ​၃၀ ​စင်တီမီတာအထိ ​ရွာသွန်းနိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။

မုန်တိုင်းအန္တရာယ်ကြောင့်လည်း ​အွန်တာကေ ​မီးတောင်ပေါက်ကွဲမှုအတွင်း ​ပျောက်ဆုံးနေတဲ့ ​လူတွေကို ​ရှာဖွေနေတဲ့ ​လုပ်ငန်းကိုလည်း ​ရပ်ဆိုင်းထားရပါတယ်။

ပြီးခဲ့တဲ့ ​တပါတ်က ​ဖြစ်ခဲ့တဲ့ ​အွန်တာကေ ​မီးတောင်ပေါက်ကွဲမှုအတွင်း ​လူပေါင်း ​၅၁ ​ဦးရဲ့ ​အလောင်းကို ​တွေ့ရှိထားပြီး ​၁၂ ​ယောက်ကတော့ ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။

မုန်တိုင်းနဲ့ ​အတူ ​ပါလာမယ့် ​မိုးသည်းထန်မှုက ​မီးတောင်က ​ထွက်လာတဲ့ ​ပြာမှုန့်တွေကို ​ရွံ့အဖြစ် ​ပြောင်းလဲပြီးနောက်ပိုင်း ​ရွံ့ပြို၊ ​မြေပြိုမှုတွေ ​ဖြစ်လာမှာကိုလည်း ​စိုးရိမ်နေကြပါတယ်။

တချိန်တည်းမှာပဲ ​Vongfang ​လို့ခေါ်တဲ့ ​မုန်တိုင်းဟာလည်း ​ပစိဖိတ်ဒေသအတွင်းက ​Northern ​Marianas ​ကျွန်းနိုင်ငံတွေ ​နားအထိ ​ရောက်ရှိလာနေပြီး ​Guam ​ကျွန်းမှာ ​လျှပ်တပြတ် ​ရေကြီးမှုတွေနဲ့ ​လျှပ်စစ်မီး ​ပြတ်တောက်မှုတွေ ​ဖြစ်နိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

Saturday, October 4, 2014

သားအိမ်အစားထိုး ကုသမှု ခံယူထားသည့် အမျိုးသမီးတစ်ဦး ကမ္ဘာ့ပထမဆုံးအဖြစ် ရင်သွေးငယ်မွေးဖွား

သားအိမ် အစားထိုး ကုသမှု ခံယူထားသည့် အမျိုးသမီး တစ်ဦးက ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ရင်သွေးငယ် တစ်ဦးကို အောင်မြင် ချောမောစွာ မွေးဖွားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ (၄)ရက်ထုတ် The Lancet ဆေးပညာ ဂျာနယ်တွင် အဆိုပါ ဖြစ်ရပ်သည် သားသမီး မရနိုင်သည့် ချွတ်ယွင်းချက်မျိုး ရှိနေသော အမျိုးသမီးများအတွက် ကြီးစွာသော အလှည့်အပြောင်း ဖြစ်စေမည့် အောင်မြင်မှုမျိုးဟု ညွှန်းဆို ဖော်ပြထားသည်။
သားအိမ် အစားထိုး ကုသမှု ခံယူထားသည့် ဆွီဒင် အမျိုးသမီး တစ်ဦးသည် ပြီးခဲ့သည့် လက ကလေးငယ်တစ်ဦးကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ခဲ့ကြောင်း၊ ကလေး၏ ကိုယ်အလေးချိန်သည် (၁.၇၇၅) ကီလိုဂရမ် ရှိနေကြောင်းလည်း ဂျာနယ်၏ ဖော်ပြချက်အရ သိရှိရသည်။ အသက်(၃၆)နှစ်ရှိ အမျိုးသမီးသည် Rokitansky အမည်ရှိ ရှားပါးသော ရောဂါတစ်မျိုးကြောင့် မွေးရာပါ သားအိမ်မပါလာသူ ဖြစ်သည်။
ဂိုသမ်ဘာ့ဂ်ရှိ ဆယ်လ်ဂရန်စကား တက္ကသိုလ် ဆေးရုံမှ ဆရာဝန်များက အဆိုပါ မွေးဖွားမှု တစ်ခုလုံးကို တာဝန်ယူ ကြပ်မတ်ပေးခဲ့ကြသည်။ အမျိုးသမီးနှင့် ခင်ပွန်းသည်တို့သည် ပြင်ပတွင် မျိုးအောင်စေသည့် ကုထုံးကို အသုံးပြုပြီး သန္ဓေတည်အောင် လုပ်ဆောင်ခဲ့သည်။ အမျိုးသမီးကို သားအိမ် လှူဒါန်းသူမှာ အသက်(၆၁)နှစ် အရွယ် မိသားစုမိတ်ဆွေ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး သူမသည် လွန်ခဲ့သည့် (၇)နှစ် ကတည်းက သွေးဆုံးခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က (၁၀)နာရီကြာ ခွဲစိတ်မှုဖြင့် သားအိမ်ကို အမျိုးသမီးအတွက် အစားထိုး တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီး အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်အထိ ရှုပ်ထွေးခက်ခဲသော ဆေးပညာ လုပ်ဆောင်မှုများဖြင့် ပံ့ပိုးအားဖြည့်ပေးခြင်း ခံခဲ့ရသည်။ အစားထိုးထားသည့် သားအိမ်သည် အစောပိုင်းက သန္ဓေသားကို လက်မခံလိုသည့် တုံ့ပြန်မှုမျိုး ရှိခဲ့သော်လည်း အဆိုပါ အဆင့်ကို ချေဖျက်နိုင်အောင် ပညာရှင်များက ကြိုးစား လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လိပ်ကျွန်း လူသတ်မှု တရားခံ အစစ်ဟာ ဘယ်သူတွေလဲ

ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီ ကော့တောင် ( Koh Tao) ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရပြီး သံသယဖြစ်ခံ ထား ရလို့  ဖမ်းဆီးခံထားရသူ မြန်မာ ၃ ဦးအနက် ၂ ဦးက သူတို့ လူသတ်မှု ဘယ်လို ကျူးလွန်ခဲ့တယ်ဆိုတာ ထိုင်းရဲတွေက သရုပ်ပြခိုင်းပြီး သူတို့ ဟာ လူသတ်တရားခံအဖြစ် ဝန်ခံထား သူတွေ ဖြစ်တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။ 

ဓာတ်ပုံ- ထိုင်းမီဒီယာ

 အောက်တိုဘာလ ၃ ရက်နေ့မှာ မြန်မာအလုပ်သမား မောင်ဝင်းနဲ့ မောင်ဇော် တို့ ၂ ဦးကို ဦးခေါင်းကာ ဦးထုပ်တွေ၊ အကာ အကွယ် အိင်္ကျီတွေ ဝတ်ဆင်ထားပြီး ကော့တောင်ကျွန်းကို ရဲတွေက လုံခြုံရေးအပြည့် နဲ့ ခေါ်လာကာ သရုပ်ပြခိုင်းခဲ့တာပါ။ 



“အခု သံသယရှိနေသူ ၂ ဦးဟာ အဲဒီနေ့တုန်းက ပြစ်မှုကျူးလွန်ခဲ့ကြသူတွေပါ။ တချိန်ထဲမှာပဲ သူတို့ ကျူး လွန်ခဲ့တယ် ဆိုတာ ၀န်ခံခဲ့ကြတယ်။ ဒါကြောင့် အခု ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ကို ပြန်လည် သရုပ်ပြဖို့ ကျနော်တို့ ခေါ်လာ တာပါ”လို့ ရဲ ဗိုလ်ချုပ်ကြီး ဆုန်ယု ဖုန်ဖန်မောင်န့် က ဆိုပါတယ်။ 

အဖမ်းခံ မြန်မာ ၂ ဦး သရုပ်ပြနေပုံ

အခုလို ဝန်ခံပါတယ်ဆိုတဲ့ မြန်မာ ၂ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ညတုန်းက လိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာ တီး သီချင်းဆိုနေကြစဉ် နိုင်ငံခြားသား စုံတွဲ၂ ဦးက ချစ်တင်းနှောနေတာကို မြင်ပြီး စိတ်မထိန်းနိုင်လို့ ပြစ်မှု ကျူးလွန်ခဲ့တာလို့ ထွက်ဆိုထားတယ်ဆိုပြီး ထိုင်းရဲက ပြောထားပါတယ်။ 

အဲဒီ ၂ ဦးရဲ့ DNA ကလည်း သေဆုံးသူ ဗြိတိန် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲက ရတဲ့ DNA နဲ့ ကိုက်ညီတယ် လို့ ရဲက ပြော ထားတယ်။ နောက်ပြီး အခင်းဖြစ်ပွားရာနေရာအနီးတွေ့ရတဲ့ L&M စီးကရက်က ဒီအန်အေနဲ့ လည်း ကိုက်ညီတယ်လို့ ဆိုပြန်တယ်။ 



ဒီကိစ္စကို မြန်မာတွေက မယုံကြည်ပါဘူး။ အဲဒီ ထိုင်းရဲလက်ထဲက မြန်မာ ၂ ဦးဟာ အပြစ်ရှိတယ်လို့ မယုံ ကြည်ပဲ မြန်မာ သံရုံးအနေနဲ့ သူတို့နဲ့ သေချာတွေ့မေးပြီး လွတ်လပ်တဲ့ စုံစမ်းမှု လုပ်ဖို့ တောင်းဆိုတဲ့ အကြောင်း၊ ထိုင်းရဲတွေ ပြောတဲ့ ဒီအန်အေ သက်သေတွေကိုလည်း လွတ်လပ်စွာ ပြန်လည်စစ်ဆေးဖို့ လိုတယ်လို့ မြန်မာတွေက တောင်းဆိုထားတဲ့ အကြောင်း andrew-drummond.com သတင်းတပုဒ် မှာ ရေးထားပါတယ်။ 

ကော့တောင်ကျွန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကလည်း စိုးရိမ်မှုတွေ နဲ့နေထိုင်နေရတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းကိုလည်း အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 

 ထိုင်း ပညာတတ်အသိုင်းအဝိုင်းနဲ့ နိုင်ငံခြားသတင်းဌာနတွေကလည်း ကော့တောင်ကျွန်း လူသတ်မှု တရားခံ ဟာ မြန်မာ မဟုတ်ဘူးလို့ ယုံကြည်နေကြတဲ့အကြောင်းတွေ သတင်းတွေမှာ တွေ့နေရပါတယ်။ 

သည်စထရိတ်တိုင်းမ်ကလည်း ထိုင်းရဲတွေ မြန်မာ ၂ ဦးကို လူသတ်သမားအဖြစ် ခေါ်ထုတ်ပြလာတာကို ဆိတ် ဖမ်းလာတယ် လို့ ထိုင်းမီဒီယာတချို့က သရော်သလို သူတို့လည်း သရော်ကြပါတယ်။ 

မြန်မာသံအရာရှိကလည်း ဖမ်းဆီးခံထားရသူ မြန်မာ တွေနဲ့ သွားတွေ့ဖို့ရှိတယ်လို့ သတင်းတွေ တွေ့ရပေ မယ့်  သံအရာရှိတွေကိုယ်တိုင် ဘာမှ ထုတ်ပြောတာမရှိသေးတာနဲ့ ထိုင်းရောက် မြန်မာတွေအပေါ် ဘန်ကောက်မြန်မာသံရုံးရဲ့ အကာအကွယ်ပေးရေး ကိစ္စတွေအပေါ် အားမရလို့ ဝေဖန်တဲ့ အသံတွေလည်း ဆူညံနေပါတယ်။

ဘန်ကောက်ပို့စ်က အရင် ရေးခဲ့တဲ့ သတင်းကို နိုင်ငံခြား သတင်းတွေက ပြန်ကိုးကားပြီး ထောက်ပြနေ တာက ပထမ သံသယ ဖြစ်ခံရသူ ဗြိတိန်ကို သုဝဏ္ဏ ဘုမ္မိလေဆိပ်မှာ ဖမ်းမိတဲ့ကိစ္စ၊ သူ့ဆံပင်အရောင်နဲ့ 
သေဆုံး သူရဲ့ လက်ထဲက ဆံပင် တူတယ်စတဲ့ အချက်တွေပါတယ်။ 

ဒီအပြင် ပြင်သစ်တယောက်က လူသတ်သမားကျိန်းသေဖြစ်တယ်လို့ ပြောဆိုထားတဲ့ ကော့တောင် ကျွန်း
ပေါ်က မာဖီးယား ၂ ယောက် ဓာတ်ပုံကို သူကိုယ်တိုင် ရိုက်ကူးမှတ်တမ်း တင်ခဲ့ပြီး အွန်လိုင်းပေါ် တင်ခဲ့ တယ်။ သူတို့တွေဟာ ထိုင်းရဲကို DNA မပေးပဲ ငြင်း ဆိုခဲ့တာ ကလည်း စိတ်ဝင်စားစရာဖြစ်နေဆဲ လို့ ဆိုကြတယ်။ 

ပြင်သစ်တဦး ဖုန်းနဲ့ရိုက်ထားတဲ့ ကော့တောင်းကျွန်းပေါ်က လူသတ်မှု သံသယဖြစ်ဖွယ် လူ ၂ ဦးဓာတ်ပုံ

အခင်းဖြစ်ညက စီစီတီဗွီမှတ်တမ်းထဲက ဓာတ်ပုံတခုနဲ့ ထိုင်း ၁ ဦးဟာ ကိုက်ညီတယ်လို့ ရဲက ပြောခဲ့တယ်။ အမည်မဖော်ပြထားတဲ့ ဗြိတိန် ၁ ဦးက သေဆုံးသွားတဲ့ ဗြိတိန် အမျိုးသမီးကို ထိုင်း ၂ ဦးက လိင်ပိုင်း ဆိုင်ရာ စော်ကားဖို့ လုပ်နေ တာကို မျက်မြင်တွေ့ခဲ့ရတဲ့အကြောင်း ထိုင်းရဲကို ပြောခဲ့တယ်။ အဲဒီသတင်းကိုလည်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပြီး အခုအဲဒီကိစ္စက ပျောက်ကွယ်နေတယ် လို့ ထောက်
ပြနေကြပါတယ်။

ထိုင်းအခြေစိုက် Cross Cultural Foundation ဆိုတဲ့ NGO တခုကထုတ်ပြန်တာမှာ အခု ကော့တောင် ကျွန်း လူသတ်မှုနဲ့ မြန်မာ အလုပ်သမား ၂ ဦးကိုဖမ်းဆီးတဲ့ ကိစ္စဟာ ပွင့်လင်းမြင်သာမှုမရှိသလို မတရား သဖြင့် ဖမ်းဆီးခံရပြီး ထိုးကျွေးခံရသူတွေ ဖြစ်မယ်လို့ ဆိုပါတယ်။

CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ပြောတာမှာ သူ့ဆီကို ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှု ခံခဲ့ရ တဲ့ မြန်မာ ၂ ဦး နဲ့ပတ်သက်တဲ့ တုံ့ပြန် စာတွေတပုံကြီးရတယ်လို့ ပြောတာကို ထိုင်း PBS သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။

သူက ပြန်ပြောပြတာကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးဟာ “Takraw” ကစားနေတုန်း ထိုင်း ရဲတွေ ရောက် လာပြီး သူတို့ကို ဝိုင်းတဲ့ အချိန်မှာ မြန်မာ ၃ ဦးက အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် ပါမစ် စတာတွေ မရှိလို့ သူတို့သူငယ်ချင်းတွေက ထွက်ပြေးဖို့ အကြံပေးခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်တဲ့။ 

အဲဒီမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ မြန်မာ ၃ ဦးနောက်ကို ထိုင်းရဲတွေက လိုက်ပြီး စောင့်ကြည့်မှု လုပ်တာ ခံခဲ့ရကာ နောက် ပိုင်း အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ မစ္စ ပွန်ပန်က ပြောပါတယ်။ 

အဲဒီလို အဖမ်းခံလိုက်ရပြီး ဒီ ၃ ဦးကို ဗြိတိန် ၂ ဦးသတ်တဲ့ လူသတ်တရားခံအဖြစ် ပြောင်းသွားခဲ့တာပါ ဘဲတဲ့။ 

ကော့တောင် ကျွန်းမှာ လူသတ်မှုကြောင့် ဒီအန်အေ စစ်ဆေးမှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အကြားစိုးရိမ်မှုတွေ များနေပြီး ဖိအားပေးမှုတွေလည်း ရှိနေတာကြောင့် ကြောက်ကြောက်နဲ့ ကျွန်းပေါ် မှာ နေထိုင်ကြရတယ်လို့ သူက ဆက်ရှင်းပြထားတယ်။ 



ဒါကြောင် CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က မေးခွန်းထုတ်တာမှာ ဖိအားပေးပြီး ရယူ ထားခဲ့တဲ့ DNA စစ်ဆေးမှု ရလာဒ်ဟာ အရမ်း တိုတောင်တဲ့ အချိန်အတွင်းမှာ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ တာဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ လုပ်တာမှဟုတ်ရဲ့လား လို့ မေးခွန်းထုတ်ထားပါတယ်။ 


 ဒါဟာ ခွဲခြားမှုတခုဖြစ်တယ်လို့လည်းမေးခွန်းထုတ်ထားပြီး ထိုင်းအာဏာပိုင်တွေဟာ မျှတတဲ့ တရားစီရင်
ရေး ထက် နိုင်ငံ ခြားသားကမ္ဘာလှည့်ခရီးသွားတွေ အလာကျဆင်းသွားမှာကို ပိုပြီး စိုရိမ်ပူပန်နေတယ်လို့ သူက ဆက်ပြောပြီး သံသယဖြစ် သူ တွေအပေါ် ခွဲခြားမှု မရှိပဲ လုပ်ဆောင်သင့်တယ်လို့ CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ဆိုပါတယ်။ 

 ဗြိတိန်သံရုံးကလည်း ဒီအမှုကို သေချာကိုင်တွယ်ဖို့ ဖိအားပေးသလို ရှေ့နေတွေရဲ့ လုပ်ဆောင်ချက်တွေ ကလည်း ထိုင်းရဲ တွေအပေါ် ဖိအားတွေ ဖြစ်စေပြီး ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ယုံကြည်မှု ပျက်စီးစေတဲ့ အဖြစ်ကို သက်ရောက် သွားနိုင်တယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

ဗိတိန်စုံတွဲသတ်သူ တရားခံမှာ မြန်မာလုပ်သားသုံးဦးဟုဆိုခြင်းကို မြန်မာသံရုံးမယုံကြည်၍ ရှေ့နေငှား သက်သေပြမည်

ဗြိတိန်လူမျိုးခရီးသွားနှစ်ဦကို သတ်ဖြတ် မှု သံသယရှိသူ မြန်မာနှစ်ဦး(ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားသူနှစ်ဦး)ကို ထိုင်း ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
 ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်းဝန်ခံသော မြန်မာနှစ်ဦး၏ DNA မှာ သေဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ် တရားခံများမှာ မြန်မာလုပ်သား များဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်လိုက်သော် လည်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးက ယုံကြည်မှုမရှိ၍ ထိုင်း ရှေ့နေသုံးဦး ငှားရမ်းကာ လုပ်သားသုံးဦး ဖမ်းဆီးထားရှိရာအကျဉ်းထောင်သို့  ယနေ့သွားရောက်၍ တွေ့ဆုံမေးမြန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားသုံးဦးကို အောက် တိုဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့ သည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားသုံးဦးအနက် နှစ်ဦးသည် လူသတ်တရားခံများဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် တွင် ၀န်ခံခဲ့သည်ဟု ထိုင်းရဲတပ် ဖွဲ့ကထုတ်ပြန်သည်။ ၀န်ခံခဲ့ သော မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ် သက်၍ ထိုင်းရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ် သော စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများမဟုတ်ဟုဆိုကာ ထို နေ့၌ပင် ပြန်လွှတ်ပေးခဲ့သော သူ နှစ်ဦးဖြစ်သည်။
ဝန်ခံသည့် မြန်မာလုပ်သား နှစ်ဦးထံမှ DNA ကို အောက်တို ဘာ ၂ ရက်တွင် စစ်ဆေးရာ သေ ဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ်တရားခံဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်၌ အတည်ပြု လိုက်သည်။
ပြစ်မှုကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက် (၂၁) နှစ်အရွယ် ၀င်းကျော်ထွန်းသည် ပြစ်မှုကျူး လွန်ကြောင်း ၀န်ခံခြင်းမရှိသေး ပေ။ အခြားစွပ်စွဲခံရသူ နှစ်ဦးဖြစ် သော အသက် (၂၃) နှစ်အရွယ် မောင်မောင်နှင့် အသက် (၂၁) နှစ်အရွယ် ဇော်လင်းတို့သည် DNA စစ်ချက်နှင့် ကိုက်ညီနေသူ များဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထားသူများဖြစ်သည်။ ၎င်း တို့နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်တွင် အခင်းဖြစ်ပွားသည့်နေရာ၌ သရုပ်ပြမှု များပြုလုပ်ခိုင်းခဲ့သည်။
ဗြိတိန်စုံတွဲကို သတ်သော တရားခံများမှာ မြန်မာလုပ်သား များ မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သက်သေပြရန် ထိုင်းရှေ့နေ သုံးဦးကို ငှားရမ်းကာ ဆူရတ်ဌာနီမြို့ရှိ ဖမ်းဆီးခံမြန်မာလုပ်သား သုံးဦး ထားရှိသော အကျဉ်းထောင်သို့သွား ရောက်သက်သေပြသွားမည်ဟု ဆိုသည်။
‘‘လူသတ်တရားခံက မြန်မာ တွေဖြစ်တယ်ဆိုတာကို လက် မခံပါဘူး။ ၀န်ခံတယ်ဆိုတာက လည်း ရဲလက်ထဲမှာပဲ ၀န်ခံတာ ပါ။ ဒါကသူတို့လုပ်ချင်သလို လုပ် လို့ရပါတယ်။ သံရုံးကလည်း ယုံ ကြည်မှုမရှိပါဘူး။ ဒီပုံစံအတိုင်းဆိုကျန်တဲ့တစ်ယောက်ကလည်း ၀န် ခံတော့မှာပါ။ အရင်ကသူတို့ဖမ်း ပြီး တရားခံမဟုတ်ပါဘူးလို့ လွှတ် ပေးလိုက်တဲ့ သူနှစ်ယောက်က ပြန်ဖမ်းခံပြီး ၀န်ခံလိုက်တာပါ။ ထိုင်းရှေ့နေသုံးဦးနဲ့ အတူအထူး တာဝန်ပေးထားတဲ့ အဖွဲ့က မနက်ဖြန် သူတို့ထားရှိတဲ့ ထောင်ကို သွားပြီး ဘာဖြစ်လို့ ၀န်ခံရတာလဲ။ အဖြစ်မှန်က ဘာလဲဆိုတာ တွေ့ ဆုံမေးမြန်းမှာပါ’’ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ် ကို အနီးကပ်လေ့လာစောင့်ကြည့် ရန် စေလွှတ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက 7 Day Dailyအား ပြောကြားသည်။
အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် Full Moon (လပြည့် ည)ပွဲတော်ပြုလုပ်လေ့ရှိရာ ထိုညတွင် ဗြိတိန်စုံတွဲ အသတ်ခံရပြီး ကျွန်းတာဝန်ရှိသူများက ပွဲတော် ပြုလုပ်လေ့ရှိသည့် နေရာသို့ ရွှေ့ပြောင်းမြန်မာလုပ်သားများ လာရောက်ခွင့် မရှိကြောင်း ရှေ့နေဦးအောင်မျိုးသန်းက ဆက်လက်ပြောကြားသည်။
‘‘သူတို့လုပ်တာဟုတ်တယ် ဆိုရင်လည်းပဲ ကျွန်တော်တို့က သံရုံးနဲ့ ပူးပေါင်းပြီး ကူညီမှုတွေ ပေးသွားမှာပါ။ ဒီကိစ္စက ထိုင်း မှာ အသံအမျိုးမျိုး ထွက်နေပါ တယ်။ အများစုကတော့ မြန်မာ မဟုတ်ဘူးလို့ပဲ ပြောနေကြပါ တယ်။ နိုင်ငံတကာက စိတ်ဝင် စားတဲ့ သတင်းဖြစ်နေတော့ မြန်မာဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းဖို့ လိုပါတယ်’’ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ်ကို အနီးကပ်လေ့လာစောင့်ကြည့်ရန် စေလွှတ်ထားသည့် ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
‘‘ခရီးသွားနှစ်ယောက် အ သတ်ခံရလို့ ရဲတပ်ဖွဲ့ကို ဖိအား ပေးခံနေရတာ။ ငွေပေးပြီး ၀န်ခံ ခိုင်းတာလည်း ဖြစ်နိုင်သလို ရိုက် နှက်လို့ ၀န်ခံပေးတာလည်း ဖြစ် နိုင်တယ်။ ထိုင်းလူမျိုးတွေက တောင် မြန်မာ မဖြစ်နိုင်ဘူးလို့ ပြောနေကြတယ်။ မြန်မာအစိုးရ ကလည်း ဒီကိစ္စကို စုံစမ်းပေး သင့်ပါတယ်။ သေချာတာက ဒီ လူသတ်မှုမှာ မြန်မာမဟုတ်တာ ပဲ’’ ဟု အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် လုပ်ကိုင်သည့် ရွှေ့ ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောသည်။
‘‘ဘန်ကောက်ပို့စ်က တင်တဲ့  သတင်းအောက်မှာ ပေးထားတဲ့ ကွန်မန့်တွေဖတ်ရင်း ငိုချင်စိတ် တောင်ပေါက်တယ်။ ဒီကိစ္စမှာ မြန်မာတွေမပါဘူး။ မြန်မာတွေ မဖြစ်နိုင်ဘူးလို့ ရေးထားကြတာ။ သူတို့ရဲတပ်ဖွဲ့ကို အယုံအကြည် မရှိတော့ဘူးလို့တောင် ရေးထား ကြတာပါတယ်။ မြန်မာတွေ သက်သက်အစားထိုးခံရတာပါ’’ ဟု ဘန်ကောက်မြို့တွင် နေထိုင် သော အသက် (၃၀) အရွယ် မြန်မာ အမျိုးသားတစ်ဦးက ဆို သည်။
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံ ခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ အလောင်း များတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့သည် အခင်း ဖြစ်ပွားပြီးနောက်နေ့တွင် ထို ကျွန်းရှိ ရွှေ့ပြောင်းမြန်မာလုပ် သားနှစ်ဦး (ယခု ၀န်ခံထားသူများ) ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားခံ မဟုတ်ဟုဆိုကာ ပြန် လွှတ်ပေးခဲ့သည်။ နောက်ပိုင်း တွင် ထိုကျွန်းရှိ ရွှေ့ပြောင်းမြန်မာ လုပ်သားများကို ရိုက်နှက်စစ်ဆေး မှုများ ထပ်မံပြုလုပ်ခဲ့သည်။
ထို့နောက် ဗြိတိန်စုံတွဲနှင့် အဖော်အဖြစ်ပါလာသည့် သူတစ် ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။
ခိုတောင်ကျွန်းတွင် ရွှေ့ ပြောင်း မြန်မာလုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမား အများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့်စားသောက်ဆိုင်များ၌ လုပ်ကိုင် နေကြောင်း သတင်းရရှိသည်။

Friday, October 3, 2014

အီရတ်တွင် IS ပစ်မှတ်များကို အမေရိကန်နှင့် ပူးပေါင်း တိုက်ခိုက်မည်ဟု ဩစတြေးလျ အတည်ပြု

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် ပါဝင်မည်ဖြစ်ကြောင်း ဩစတြေးလျ အစိုးရအဖွဲ့က အတည်ပြု ကြေညာခဲ့သည်။
ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က IS အဖွဲ့သည် တစ်ကမ္ဘာလုံးကို စစ်ကြေညာထားသည့် အယူအဆဆိုး တစ်ရပ်ကို ကိုင်ဆွဲထားသူများဖြစ်ပြီး ၎င်းတို့ကို ရပ်တန့်တားဆီးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
IS အဖွဲ့သည် လတ်တလောတွင် ဆီးရီးယားနှင့် အီရတ်မှ နယ်မြေအချို့ကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် (ကမ္ဘာက အသိအမှတ်မပြုဘဲ) ကြေညာ ထူထောင်ထားသည်။
အမေရိကန်နှင့် အာရပ်မဟာမိတ် နိုင်ငံများသည် IS စစ်သွေးကြွ ပစ်မှတ်များကို ဆီးရီးယားနှင့် အီရတ်တို့တွင် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေပြီး ဥရောပ မဟာမိတ် နိုင်ငံအချို့ကမူ အီရတ်တွင်သာ လေကြောင်းထိုးစစ် ဆင်နွှဲနေသည်။ ဩစတြေးလျ တိုက်လေယာဉ်များသည်လည်း အီရတ်ရှိ IS ပစ်မှတ်များကိုသာ တိုက်ခိုက်သွားမည် ဖြစ်သည်။
IS တပ်ဖွဲ့ကို တိုက်ခိုက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး “ဩစတြေးလျ အစိုးရဟာ ဒီကိစ္စကို လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အီရတ်နိုင်ငံ တစ်ခုတည်း ISကို တုံ့ပြန် တိုက်ခိုက်နေဖို့ မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဆိုသည်။
၎င်းက “ဒါဟာ ထိုးစစ်ဆင်နွှဲမှု တစ်ရပ်ပါ။ တစ်ဖက်မှာ ဩစတြေးလျ အထူးတပ်ဖွဲ့ဝင် တချို့က အီရတ်စစ်တပ်ကို အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်သည် အီရတ်တွင် IS တပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်မည် ဖြစ်သော်လည်း ဆီးရီးယား၌ပါ ထိုးစစ်ဆင်ရန် အစီအစဉ် ရှိမရှိကိုမူ ပြောကြားမသွားခဲ့ချေ။

ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်း မြန်မာလုပ်သားတစ်ဦး ၀န်ခံဟု ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

 
 


ထိုင်းနိုင်ငံ၌ ဗြိတိန်နိုင်ငံသား စုံတွဲ အသတ်ခံရမှုတွင် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားသုံးဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိရာ တစ်ဦးက ပြစ်မှုကျူးလွန်သည်ဟု ရဲတပ်ဖွဲ့ထံ ၀န်ခံခဲ့၍ ၎င်း၏ DNA ကို စစ်ဆေးရာတွင် ယနေ့ အဖြေထွက်မည် ဖြစ်သည်။
ဗြိတိန်နိုင်ငံသားစုံတွဲ လူ သတ်တရားခံဟု ယူဆရသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ထုတ်ဖော်ပြောကြားပြီး ထိုသုံးဦးမှာ မြန်မာလုပ်သားများဖြစ်ပြီး တစ်ဦးက ကိုယ်တိုင်ကျူးလွန် သည် ၀န်ခံထားကြောင်း ထိုင်း နိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ  ၂ ရက်တွင် ကြေညာသည်။ ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံ ထားသော သူ၏ DNA ကို အောက်တိုဘာ ၂ ရက်တွင် စစ်ဆေးနေ ပြီး တရားခံဟုတ်၊ မဟုတ် ယနေ့ (အောက်တိုဘာ ၃ ရက်)တွင် အဖြေထွက်မည်ဖြစ်သည်။
ဝန်ခံထားသော မြန်မာလုပ်သားသည် ပြစ်မှုဖြစ်စဉ်ဖြစ်ပွားသည့် ခိုတောင်ကျွန်းနေရာနှင့် ငါးနာရီကြာ ကားဖြင့်သွားရသော ဆူရတ်ဌာနီမြို့တွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ပြီး ကျန်နှစ်ဦးသည် ခိုတောင်ကျွန်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သံသယရှိသူ သုံးဦးကို ဖမ်းဆီးပြီးစစ်ဆေးမှုများပြုလုပ်ပြီးမှ မြန်မာနိုင်ငံသားများဖြစ်သည်ဟု ပြောကြားခြင်းအပေါ် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ်ကို အနီးကပ်လေ့လာစောင့်ကြည့်ရန် စေလွှတ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက ယုံကြည်မှုမရှိကြောင်း ပြောကြားသည်။
‘‘မြန်မာသုံးဦးကို ဖမ်းထားပါတယ်။ တစ်ဦးက တော်တော်ဝေးဝေးသွားရတဲ့ ဆူရတ်ဌာနီမှာ  ဖမ်းမိတယ်လို့ ပြောပါတယ်။ သူကပဲ ပြစ်မှုကျူးလွန်ပါတယ်လို့ဝန်ခံထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တာပါ။ ဒါက လုပ်ဇာတ်ကြီးလိုဖြစ်နေတယ်။ ဘာမှ မသိရသေးဘူး။ ဒီနေ့ပဲ ဗြိတိန်သံအမတ်က အဲဒီကိုလာသွားတယ်လို့ သိရပါတယ်။ ၀န်ခံထားတဲ့သူနဲ့က ကျွန်တော်တို့က မတွေ့ ရသေးပါဘူး။ တွေ့ခွင့်ရဖို့က လုပ်နေပါတယ်။ ၀န်ခံတယ်ဆိုတာကလည်း သူတစ်ယောက်ပဲ ၀န်ခံတာပါ။ ကျန်တဲ့နှစ်ယောက်က ၀န်မခံပါဘူး။ DNA က မနက်ဖြန်မှ သိရမှာပါ။ ဒါက တရားခံမဟုတ်သေးပါဘူး။ သံရုံးကလည်း ဒီဖြစ်စဉ်ကို ကိုင်တွယ်နေပါတယ်’’ ဟု ရှေ့နေ ဦးအောင်မျိုးသန်းက 7 Day Daily သတင်းစာအား ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အလုပ်သမားရေးရာ သံအရာရှိတို့အား 7 Day သတင်းစာက ဖုန်းဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။
ဖမ်းဆီးရမိသည့် မြန်မာ လုပ်သားများသည် ရခိုင်လူမျိုးများဖြစ်ကြောင်း ထိုင်းနိုင်ငံ ရုပ်သံလိုင်းများက အောက်တိုဘာ ၂ ရက် ညဦးပိုင်းတွင် ကြေညာသွားကြောင်း ဘန်ကောက်မြို့တွင် နေထိုင်သော ကိုချစ်မင်းကပြောသည်။
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေးဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် ထိုင်းနိုင်ငံတောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)တွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသည့် ရုပ်အလောင်းများအား စစ်ဆေးချက်အရ သေဆုံးသူ အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်တွင် DNA မတူသော သုက် ပိုးနှစ်မျိုး တွေ့ရှိခဲ့ပြီး လူသတ်မှု ကျူးလွန်သူများသည် အာရှသားများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။ အခင်းဖြစ်ပွားအပြီးတွင် ထိုကျွန်းရှိ မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့ က စစ်ဆေးရန် ခေါ်ဆောင်သွား ကာ စစ်ဆေးပြီးနောက် ပြန် လွှတ်ပေးခဲ့သည်။
ခိုတောင်ကျွန်းတွင် ရွှေ့ ပြောင်းမြန်မာလုပ်သား ၄,၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမားအများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။

IS အစ္စလာမ်မစ် စစ်သွေးကြွ သြစတြေးလျ ချေမှုန်းမည်

အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွတွေကို  လေကြောင်း စစ်ဆင်။
အီရတ်နိုင်ငံအတွင်းမှာရှိနေတဲ့ Islamic State အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်ပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ သြစတေးလျ အစိုးရအဖွဲ့က အတည်ပြုလိုက်ပါပြီ။

Islamic State အစ္စလာမ် စစ်သွေးကြွတွေကို လူသတ်အဖွဲ့လို့ တင်စား ခေါ်ဝေါ် လိုက်ပြီး သူတို့ကို အနိုင်ရရှိနိုင်ရေးဟာ သြစတေးလျနိုင်ငံရဲ့ အကျိုးစီးပွားနဲ့လည်း ဆိုင်တယ်လို့ ၀န်ကြီးချုပ် Tony Abbott က သောကြာနေ့မှာ ကြေငြာလိုက်ပါတယ်။

 “ အီရတ်အစိုးရရဲ့ တောင်းဆိုမှု အီရတ်အစိုးရကို ပံ့ပိုး ကူညီတဲ့အနေနဲ့ သြစတေးလျနိုင်ငံကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်သွားဖို့ အစိုးရအဖွဲ့က ဒီကနေ့ အတည်ပြုပေးလိုက်တဲ့အကြောင်း၊ ဒါ့အပြင် အီရတ် တပ်ဖွဲ့တွေကို အကြံပေး ကူညီမှုတွေ လုပ်ဆောင်ဖို့အတွက် ဥပဒေကြောင်းအရ တရားဝင် အတည်ပြုပြီးရင် သြစတေးလျ အထူးတပ်ဖွဲ့ဝင်တွေ အဲဒီကို စေလွတ်ဖို့အတွက်လည်း အစိုးရအဖွဲ့က တရားဝင် ခွင့်ပြုလုပ်ပြီ ဖြစ်ပါတယ် - လို့ ပြောသွားတာပါ။”

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေကို တူရကီတပ်ဖွဲ့တွေ စေလွတ်ရေးအတွက် တူရကီလွှတ်တော်အမတ်တွေက အတည်ပြုပြီး တစ်ရက်အကြာမှာ သြစတေးလျက အခုလို ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်လာတာလည်း ဖြစ်ပါတယ်။

တူရကီလွတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေအရ IS အစ္စလာမ် အစွန်းရောက်အဖွဲ့တွေကို တိုက်ခိုက်မယ့် နိုင်ငံခြားတပ်ဖွဲ့တွေ တူရကီနိုင်ငံအတွင်းမှာ အခြေစိုက်ခွင့်ပြုထားပါတယ်။

ကဒ်လူမျိုးစုတွေရဲ့ နယ်စပ်မြို့မှာ IS အဖွဲ့ဝင်တွေနဲ့ ကဒ်လူမျိုးစု တပ်ဖွဲ့တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့အတွက် IS အဖွဲ့ကို တိုက်ခိုက်ဖို့ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တူရကီနိုင်မှာလည်း ဖိအားတွေ များလာနေတာ ဖြစ်ပါတယ်။
 

Wednesday, October 1, 2014

ဟောင်ကောင်ဆန္ဒပြပွဲ မြန်မာနိုင်ငံပိုင်မီဒီယာ မျက်ကွယ်ပြု

ဒေသတွင်းမှာရော နိုင်ငံတကာပါ ထိပ်တန်းရောက်နေတဲ့ သတင်းတပုဒ်ဖြစ်တဲ့ ဟောင်ကောင်ကျောင်းသားတွေ ဆန္ဒပြမှုကို မြန်မာနိုင်ငံပိုင် သတင်းစာတွေမှာ လုံးဝ ထည့်သွင်း ဖော်ပြတာမျိုး မရှိပါဘူး။
နီုနိုနီ   နိုင်ငံပိုင်သတင်းစာတွေအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးသတင်းတွေ ကို ဖော်ပြရာမှာ အဓိပ္ပါယ်တမျိုး သက်ရောက်မှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်ရတယ်လို့ မြန်မာပြန်ကြားရေးဝန်ကြီးက ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေ လုပ်ခွင့်ပေးဖို့ဆိုပြီးတော့ “ထီးတော်လှန်ရေး” ဆိုပြီး တင်စားခေါ်နေတဲ့ ကျောင်းသားတွေ ဆန္ဒပြမှုဟာ ဒေသတွင်းမှာရော နိုင်ငံတကာ သတင်းစာတွေမှာပါ ထိပ်တန်းရောက်နေတဲ့ သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေမှာ ဟောင်ကောင်ကျောင်းသားတွေ ဆန္ဒပြမှုတွေကို ရေးသားဖော်ပြကြပေမဲ့၊ နိုင်ငံပိုင် သတင်းစာတွေမှာတော့ လုံးဝ ထည့်သွင်းရေးသားမှု မရှိသေးပါဘူး။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ နိုင်ငံပိုင်သတင်းစာတွေအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေ ရေးသားဖော်ပြရာမှာ ထားရှိတဲ့ မူဝါဒဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“မဟုတ်ဘူးဗျ။ ကျနော်တို့က တချို့ကိစ္စတွေမှာတော့ အယ်ဒီတိုရီယယ် မူဝါဒဖြစ်တဲ့အတွက်ကြောင့် တချို့ကိစ္စတွေမှာတော့ ကျနော်တို့ မဖော်ပြပါဘူး။ တချို့နိုင်ငံတွေရဲ့ သူ့ရဲ့ပြည်တွင်းရေး အခြေအနေကို ဖော်ပြလိုက်လို့ရှိရင် အဓိပ္ပါယ်တမျိုး သက်ရောက်သွားနိုင်တယ်လို့ ယူဆစရာ အကြောင်းရှိတဲ့အချိန်မှာ ဒီနိုင်ငံပိုင်မီဒီယာ အယ်ဒီတာအဖွဲ့တွေက အဲ့ကိစ္စမျိုးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တာရှိပါတယ်။”

မေး။        ။ ဒါ အရင်ရှိထားပြီးတဲ့ မူဝါဒပဲလား။

ဖြေ။        ။ “ဟုတ်ကဲ့။ ဟိုတုန်းကတည်းကဗျာ ကျနော်တို့ကတော့ တခုကဗျာ အများပြည်သူဝန်ဆောင်မှု မီဒီယာကို ပြောင်းနေတယ်ဆိုပေမဲ့ တကယ်ကျတော့ အခုက နိုင်ငံပိုင်အဆင့်မှာပဲ ရှိနေသေးတဲ့အတွက်ကြောင့်မို့ ကျနော်တို့က နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြလိုက်ခြင်းသည် တခါတလေမှာ အဲ့ဒါကို ကျနော်တို့ အစိုးရအနေနဲ့ သဘောတူတယ်လို့ ဖြစ်သွားနိုင်စရာရှိတဲ့ ကိစ္စမျိုးမှာဆိုရင် ကျနော်တို့က ဘယ်နိုင်ငံရဲ့ ပြည်တွင်းကိစ္စမဆို ကျနော်တို့က အဲ့ဒါကို အယ်ဒီတာအဖွဲ့တွေက တွက်ချက်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တာပါ။”

မြန်မာစာနယ်ဇင်းကောင်စီ အတွင်းရေးမှူးလည်းဖြစ် the Voice သတင်းဂျာနယ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးကျော်မင်းဆွေကတော့ ဒါဟာ ပြန်ကြားရေးဝန်ကြီးအသစ်ရဲ့ မူဝါဒဖြစ်မယ်လို့ ယူဆပါတယ်။

“အဲ့ဒါတော့ ကျနော်ထင်တယ်။ အခုဝန်ကြီးအသစ်ရဲ့ ပေါ်လစီနဲ့ ပိုဆိုင်မယ်ထင်တယ်ဗျ။ အရင်ကတော့ အဲ့လိုထည့်ပါတယ်။ အရင်က အခြေအနေလေးတွေ။ ဥပမာ - ထိုင်းမှာဖြစ်တဲ့ကိစ္စမျိုးလေးတွေ ဘာတွေဆိုရင်။ အဲ့ဒါကတော့ အရင်ကတော့ တရုတ်နဲ့ပတ်သက်လို့ရှိရင်ကတော့ ဟို တရုတ်က၀င်တဲ့ ကျန်းမာရေးနဲ့ မညီတဲ့ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ cosmetics တွေကသာ ဖော်ပြခွင့်မရခဲ့ဘူး။ အခုကတော့ --- စနစ် အစိုးရပြောင်းပြီးတော့ နောက်ပိုင်းတော့ တော်တော်များများ ရပါတယ်။ အခု ပြီးခဲ့တဲ့ဝန်ကြီး ဦးအောင်ကြည် လက်ထက် သတင်းစာတွေကတော့ တော်တော် များများ ဖော်ပြပါတယ်။ ပုံမှန်အားဖြင့်။ သူထည့်တဲ့စာမျက်နှာကတော့ တမျိုးပေါ့နော်။”

မြန်မာအစိုးရပိုင် သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှု မီဒီယာကို ပြောင်းလဲသွားမယ်လို့ တာဝန်ရှိသူတွေက ကြေညာထားတာပါ။ ဒါပေမဲ့လည်း အစိုးရပိုင် သတင်းစာတွေ သတင်းဌာနတွေအနေနဲ့ အများပြည်သူ စိတ်ဝင်စားမယ့် သတင်းမျိုးတွေကို အခုအချိန်အထိ မဖော်ပြပေးနိုင်ဘူးလို့ ဦးကျော်မင်းဆွေက ဝေဖန်ပါတယ်။

“တကယ်တမ်းဆိုရင် ဒီကောင်က သတင်းပဲလေ။ ဖြစ်နေတဲ့ကိစ္စမှာ တကမ္ဘာလုံးက ဟိုက်လိုက်လုပ်နေတာ။ မျက်နှာဖုံးသတင်းအဖြစ်နဲ့ ဖော်ပြနေတာပဲ။ မဖော်ပြဘူးဆိုရင်တော့ ဒါ တခုခု မှားနေတာပေါ့။ နည်းနည်း ပြည်သူလူထု သိချင်နေတဲ့ ကိစ္စတွေ။ ဥပမာ - လက်ပန်းတောင်းမှာ ပြီးခဲ့တဲ့ မနေ့ကပေါ့နော် လက်ပန်းတောင်းမှာ အဖမ်းခံရတဲ့ ကျောင်းသူမိန်းကလေး လွှတ်ပေးဖို့ ဆန္ဒပြတာမျိုး၊ ဒါမျိုးတွေဆိုရင် မဖော်ပြဘူးလေ။ ပုဂ္ဂလိကသတင်းစာနဲ့တော့ ခြားခြားနားနား ရှိနေတဲ့ပုံပါ။ ဘာလို့လဲဆိုတော့ သူက ၀န်ကြီးဌာန သူ့ရဲ့ မူဝါဒနဲ့ အရင်တုန်းက မူဝါဒနဲ့ မတိမ်းမယိမ်းပေါ့ သွားနေသေးတယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်။”

မြန်မာနိုင်ငံပိုင် သတင်းစာတွေကနေ နိုင်ငံတကာသတင်းတွေကို ဖော်ပြရာမှာ အထူးအားဖြင့် တရုတ်နိုင်ငံ ပြည်တွင်းရေးသတင်းတွေကို အရင်ကတည်းက သတိထား ရေးသားလေ့ ရှိတာပါ။ အခု ဟောင်ကောင် ကျောင်းသားဆန္ဒပြမှုအပေါ် တရုတ်အစိုးရဘက်ကတော့ တရားမ၀င်တဲ့ လှုပ်ရှားမှုဖြစ်တယ်ဆိုပြီး သုံးနှုန်းဖော်ပြ သလို၊ ဒီလှုပ်ရှားမှုအကြောင်း တရုတ်ပြည်တွင်း သတင်းတွေမှာလည်း လုံးဝ အမှောင်ချထားပါတယ်။



လူကုန်ကူးခံရမယ့် မြန်မာ ၂၈ ဦးကို မလေးရှားရဲတပ်က ကယ်ဆယ်

(လွန်ခဲ့သော 14 နာရီ ခန့်က)


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့စွန် ၊ ဆွန်ဂေ ဘာကပ်မြို့နယ်က အိမ်ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က သတင်းအရ မနေ့က ဝင်ရောက်စီးနင်းရာမှာ လူမှောင်ခို ကုန်ကူး ဂိုဏ်းတစ်ဂိုဏ်းက မြန်မာနိုင်ငံသား ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး တရားဝင် စာရွက်စာတမ်း မရှိတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ တယ်လို့ ဘာနားမား မလေးရှား သတင်းဌာနက ဖေါ်ပြပါတယ်။
မြန်မာတစ်ယောက်က သူ့ရဲ့ညီမနဲ့ ယောက်ဖရော၊ လေးနှစ်သား ကလေးငယ်ကိုပါ လူမှောင်ခိုကုန်ကူးဂိုဏ်းတစ်ဂိုဏ်းက ဖမ်းဆီးထားတယ်၊ သူတို့  လွတ်မြောက်စေလိုရင် ငွေဘယ်လောက်ပေးရမယ်လို့ ပြောလာလို့ ရဲစခန်းကို တိုင်စာပေးပို့လာပြီး အခုလိုသွားရောက် စီးနင်း ဖမ်းဆီးနိုင်ခဲ့တာလို့  ဒေသခံ ရဲစခန်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လူမှောင်ခိုကုန်ကူးသူတွေကို မလေးရှား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လဲ သိရပါတယ်။



 
Twitter Bird Gadget