ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အလှအပဆိုင်ရာ. Show all posts
Showing posts with label အလှအပဆိုင်ရာ. Show all posts

Monday, April 28, 2014

ညအိပ်ရာ ဝင်ခါနီး မျက်နှာကျန်းမာရေး ဂရုစိုက်နည်း




မျက်နှာ အရည်အပြား လှပ ကျန်းမာစေဖို့ အတွက် ညအိပ်ရာ ဝင်ခါနီး ဂရုစိုက် ရမယ့် နည်းလမ်း ကတော့ သန့်ရှင်းအောင် ဆေးကြော ပြီးတော့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်း ဖြစ် ပါတယ်။

ယင်း သို့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်းက အဆီပြန်ခြင်းကို ခွင့်ပြုထားပေး ပြီး မျက်နှာက ပျက်ဆီး သွားတဲ့ ဆဲလ်တွေကို အလိုအလျော်က ပြန်လည် ပြုပြင်ပေး ပါတယ်။ အရည်အပြား ကျန်းမာရေး ကောင်းမွန်စေတဲ့ အစိမ်းရောင် အသီးအရွက် များများ စားသုံး သူများက၊ ကျန်းမာရေး ကောင်းမွန်သူများက ယင်းဆဲလ် ပိုမို အားကောင်းပြီး ညအိပ်ချိန်မှာ ပြန်လည် ပြုပြင်ပေးမှု မြန်ဆန် ပါတယ်။ ဒါကြောင့်မို့ အနာအဆာ များ၊ ဝက်ခြံများ၊ အဖု များကို သူ့အလိုအလျောက် ကုသ ပေးပြီး အရည်အပြားက သဘာဝ ဆေး ထုတ် ပါတယ်။

ဒါကြောင့်မို့ အိပ်ရာ ဝင်တဲ့ အချိန် သနပ်ခါး လိမ်းခြယ်ခြင်း၊ အခြား အဆီ နဲ့ ခရင်တို့ လိမ်းခြင်းတို့က ဓာတ်မတည့်ရင် အရည်အပြား ကျန်းမာရေးကို ပိုလို့ တောင် ထိခိုက်စေနိုင် ပါသေးတယ်။ အရည်အပြားက အဆီပြန်မှုကို ပိတ်ဆို့ ထားခြင်းကြောင့် ပိုလို့တောင် ပျက်ဆီး စေပါ သေးတယ်။ အိပ်ရာ ဝင်ခါနီးမှာ အရည်အပြား သန့်ရှင်းအောင် ဆေးကြောဖို့ တော့ လိုပါတယ်။ ဒီအတွက် မိမိ အသုံးပြုနေကျ ဘယ်လို မျက်နှာသစ်ဆေးနဲ့ မဆို ဆေးကြော သန့်ရှင်း နိုင်ပါတယ်။ ပြီးရင်တော့ အိပ်နိုင် ပါပြီ။

မနက် အိပ်ရာ ထချိန်မှာ မနေ့ကထက် လှပ နေမှာ ဖြစ်ပါတယ်။ ယင်းဟာ အရည်အပြား အလှအပ ဆိုင်ရာ ဆရာဝန်များ ညွန်ကြား ပြသ ထားတဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။

Friday, March 28, 2014

''ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှ ပိုင်ဆိုင်လိုသူများအတွက် ''

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို
 ပိုင်ဆိုင်လိုတာ အပျိုပဲဖြစ်ဖြစ်
အိမ်ထောင်သည်ပဲဖြစ်ဖြစ် ထိန်းသိမ်း
မှုပေါ်မူတည်ပြီး ပုံကျလှပနိုင်သလို
 ပုံပျက်တွဲကျလာနိုင်ပါတယ်။


မြန်မာပြည့်က မိန်းခလေးတွေက ရင်သားကြီးထွားမှာ ကြောက်ကြတာများပါတယ်။

အများစုက တော့ မိန်းမပီသတဲ့ အလှတော့ ရှိချင်ကြတာမိန်းကလေးတိုင်းရဲ့
ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး
 ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။

တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ
၁။ နို့တိုက်မိခင်များ
ကလေးနို့ဖျက်ပြီးရင် နို့ရည်ခန်းခြောက်သွားတာကြောင့် ပုံပျက်နိုင်တယ်ပါတယ်။ စိတ်ဓါတ်မကျသွားပါနဲ့။ အရေပြားမှာ ကျုံ့နိုင်ဆန့်နိုင်တာကြောင့် သေချာ ဂရုစိုက်ပေးခြင်းအားဖြင့် ၆လမှ တစ်နှစ် အတွင်း ပုံမှန် အရွယ်အစားကို ပြန်ဖြစ်နိုင်သလို တင်းတင်းရင်းရင်းနဲ့ လှပနိုင်ပါတယ်။

 နို့တိုက်နေစဉ်မှာလဲ နို့တိုက်မိခင်သုံး ဘော်လီများ ၀တ်နိုင်သလို့။ ကလေးကို ခေါင်းအုံးခံတိုက်ပေးခြင်း၊ ဘေးတိုက် အိပ်ရပ် နို့တိုက်ပေးခြင်းများဖြင့် ရင်သားပုံမပျက်ပဲ လှပနေစေနိုင်ပါတယ်။ နို့တိုက် ရင်လဲ နှစ်ဘက်မျှတိုက်ပေးပါ။ ဒါမှ ရင်သား ဘက်ညီမှာဖြစ်ပါတယ်။

၂။ ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။

၃။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၎။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။

၅။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ -
၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ ရင်သား တင်းရင်း ပုံကျစေရန် ဆေးများ
( Bust Firming Boosting Cream)
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။ ရင်သားတင်းဆေးဆိုပြီး သူများ ညွှန်းတိုင်းလဲ မသုံးသင့်ပါဘူး ။

 internet မှ review များကို ကြည့် product quality control ကိုလဲ သေချာကြည့်ပြီးမှဝယ်သင့်ပါတယ်။ တချို့ လိမ်းဆေးတွေ တစ်ကယ် ကောင်းပါတယ်။ ရင်သား တင်းရင်းရုံမကပဲ အသားရောင်ကို ပါ စိုဝင်းစေပါတယ်။ပန်းရောင်သန်းနေသော နို့သီးဂေါင်း လေးတွေကိုလဲ ပိုင်ဆိုင်နိုင်ပါတယ်။ နို့သီးဂေါင်းတွေပုံစံလှချင်ရင်တော့ ကလေး နို့တိုက်စဉ်သုံးတဲ့ နို့ညစ်တဲ့ ကိရိယာလေးနှင့် ၂လ တစ်ခါ လောက် လေစုပ်ပေးခြင်းဖြင့် လဲ ခေါက်မနေအောင် အမြဲ သတိထားပြီး သန့်ရှင်း ဂရုစိုက်ပေးသင့်ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

Myawady News'



Friday, November 22, 2013

ကဲ.. ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက် လာပြီနော်

 ကဲ..  ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက် လာပြီနော်
မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုး တတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်… လက်တွေ့… ၇ ရက်အတွင်း…သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်… ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်… အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေ ကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ…
......ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်း ပုဂံလုံး ထဲကို အရည်ညှစ်ပါ… အကြမ်း ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး… မွှေပေးပါ…
........အသုံးပြုနည်း
ညအိပ်ယာ ၀င်ခါနီးတိုင်း…ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်… တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့… တွေ့မြင် ခံစားရမှာပါ…
မှတ်ချက်- ညစာကို ပုံမှန်ထက်… လျှော့စားပေးရင်… ပိုပြီး သိသိ သာသာ ဗိုက်ချပ် စေပါတယ်… တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာ ဖြစ်ပါတယ်။

Sunday, October 6, 2013

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။

၂။ ဆံပင်သားအတွက်

ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာ အတွက်

ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။

၎။ ကျန်းမာရေးအတွက်

ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။

ပြုလုပ်နည်း

ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။

အိဖြူ(ဆေးဝါးတက္ကသိုလ်)

Monday, September 30, 2013

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ


စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့ အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများအနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။
ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။
သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊  ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။ ရုပ်က မလှရတဲ့အထဲ ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့ မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။

ကျွန်တော် ထပ်ပြောပါ့မယ်။ အဲဒါလည်း တစ်စက်ကလေးမှ အားငယ်စရာ မလိုပါဘူးခင်ဗျား။ ယောက်ျားတွေက ဣတ္ထိယတို့ရဲ့ ကိုယ်ခန္ဓာကို စွဲလန်း မက်မောရာမှာ ဘာကို မက်တာလဲ၊ ဘယ်နားလေးကို စွဲတာလဲဆိုတဲ့ အချက်တွေကို ကျွန်တော် တန်းစီပြီး ချပြပါရစေ။
ဟိုတစ်ယောက်တွေ့လည်း ခေါ်တော တစ်ထောင်အားနဲ့ ငေး၊ သည် တစ်ယောက် တွေ့လည်း ဂဏန်းမျက်လုံးမျိုးနဲ့ ငမ်းနေတဲ့ အစ်ကို ပုရိသများဟာ မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာအဆက်အပေါက် အမျိုးမျိုးအမယ်မယ်ကို ဘယ်လို ရှုမြင်သုံးသပ်နေကြသလဲဆိုတာ မမတို့ သိချင်မယ် ထင်ပါတယ်။
ပြီးတော့လည်း မမတို့ စိတ်ထဲမှာ ကိုကိုတွေကဖြင့် ဟိုငါးရံ့ကိုယ်လေးကို မျက်စိကျနေပြီ၊ ဟိုအယ်စတုံကြီးကိုဖြင့် မြင်ပြင်းကပ်နေမှာ စသဖြင့် တွေးထားသမျှဟာလေ… (ဟင်း… အမှန်အတိုင်း ဖွင့်ချရရင်ပေါ့ခင်ဗျာ) တက်တက်စင်ကြီးကို လွဲလှပါသဗျ။

တကယ်တော့ဗျာ၊ ယောက်ျားတိုင်း ကြိုက်ပါတယ်၊ သဘောကျပါတယ်လို့ အပြည့်အဝ အာမခံနိုင်တဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းကို တန်းပြောပါဆိုရင် ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ တင်ပါးကိုမှ အာရုံကျတတ်တဲ့ ယောက်ျား၊ ခြေသလုံးကိုမှ နှလုံးသွင်းတတ်တဲ့ ယောက်ျား၊ ရင်ကိုမှ မင်တဲ့ယောက်ျား၊ ခြေဖနောင့်ကိုမှ စောင့်ကြည့်တတ်တဲ့ယောက်ျား၊ ဆံပင်ကိုမှ ခင်တွယ်တဲ့ ယောက်ျား၊ အိုး… အစုံပါခင်ဗျ။ အဲတော့ကာ အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က ဘယ် အစိတ်အပိုင်းကိုမဆို ပြောကြည့်လိုက်စမ်းပါ။ 

ထပ်ပြောမယ်နော်… ဘယ်နေရာလေးကိုမဆို ပြောလိုက်စမ်းပါ။ ဆံဖျားကနေ ခြေဖျားအထိ၊ ကြိုက်တဲ့နေရာ ပြောကြည့်။ အဲ… အဲဒီ့အပိုင်းလေးကိုမှ ရွေးပြီး စုံမက်တဲ့ ယောက်ျား တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဤမဟာဘဒ္ဒကမ္ဘာမှာ မသွေမုချ ရှိကို ရှိနေရမှာ မလွဲဧကန်ပါခင်ဗျ။
အဲ… သို့သော်လည်းတဲ့… ဘယ်ယောက်ျားဟာဖြင့် ဘယ်နေရာကိုမှ ကြိုက်တတ်ပါတယ်ဆိုတာကို ကံသေကမ္မ ဟောကိန်းထုတ်ဖို့ အင်မတိ အင်မတန် ခက်လှပြန်ပါသေးတယ်ခင်ဗျာ။ တကယ့်တကယ်ကျတော့လည်း ကျွန်တော်တို့ ယောက်ျားတွေရဲ့ အကြိုက်ကလည်း အချိန်နဲ့အမျှ ပြောင်းပြောင်း နေတတ်ပါသေးတယ်။

သည်နေရာမှာ ဥပမာအဖြစ် တခြားသူတွေ အကြောင်းမပြောဘဲ ကိုယ့်အကြောင်းကိုယ်ပဲ ပြောပါရစေ။ ကျွန်တော် လူပျိုပေါက်စ ဘဝတုန်းကဆိုရင် မိန်းမတွေရဲ့ နှုတ်ခမ်းကို အတော် စွဲလန်းခဲ့ဖူးသဗျ။ အဲ… လူပျိုပေါက်စအရွယ်ကို ကျော်လွန်ပြီး လူပျို ကောင်းကောင်းဖြစ်တဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ ရင်တွေ၊ တင်တွေကို စိတ်ဝင်တစား ကြည့်တတ်လာပါတော့တယ်။ အဲလိုကနေ တစ်နှစ်၊ နှစ်နှစ်လောက်ကြာတော့ ခြေသလုံးတွေကို စိတ်ဝင်စားမိပြန်ပါရော လားခင်ဗျာ။ နောက်ကျတော့ ခြေဖနောင့် အိအိလေးတွေကို ကြိုက်လာပြန်ရော။ ကျွန်တော် တစ်ယောက်တည်းနော်၊ အမျိုးမျိုး ပြောင်းနေတာ။ နောက် နည်းနည်းလေး အသက် ရလာတော့ ခါးသားလေးတွေ၊ ပုခုံးသားလေးတွေ၊ လက်ပြင်နဲ့ ချိုင်းနားက အသားလေးတွေအထိတောင် ကြိုက်တတ်လာတယ်။
ကျွန်တော့်အိမ်သူကိုဆိုရင် ပေါင်းလာတာ ၂၁ နှစ်ရှိပြီ။ အပျိုတုန်းကတော့ သူလည်း ငါးရံ့ကိုယ်နဲ့ပါပဲ။ ကလေးနှစ်ယောက် မွေးပြီးတော့ သူ့ကိုယ်လုံးက ပုံပျက်သွားပြီ။ 

ပထမကလေးကို မွေးပြီးစတုန်းကဆို တော်တော်ကြီးကို ဝလာခဲ့ဖူးသေးတယ်။ ဒါပေမယ့် သူ့ ဝလာလို့ ကျွန်တော်ဖြင့် တစ်စက်မှ စိတ်မပျက်ခဲ့ဖူးတဲ့အပြင် ပိုတောင် သဘောကျမိသေးတယ်။ ဒါပေမယ့် မမက ကျွန်တော့်ဘာသာ ကျွန်တော် ဝါသနာဘာဂီ ဆက်တိုင်းမှီမို့ ကွယ်ရာမှာ ခြေများမိတာကိုပဲ သူ ဝလာလို့ ဖြစ်ရတယ် အထင်ရောက်ပြီး ပိန်အောင် ပြန်လုပ်ယူတယ်ခင်ဗျ။
သို့ပေမယ့် ကလေးနှစ်ယောက်အမေဟာ ဘယ်လောက် ပိန်သွားသွား အပျိုလို အချိုးအဆက်တော့ ဘယ်ရှိပါတော့မလဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့လက်ချောင်းလေးတွေရယ်၊ သူ့ခြေသလုံးရယ်က ရင်ခုန်စရာ ကောင်းနေတတ်ပါတယ်။
သုတေသနတွေအရ ခိုင်ခိုင်မာမာ ပြောနိုင်တာတစ်ခုကတော့ တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှ ယောက်ျားတွေအားလုံးအတွက် ဘယ်လို ပုံပန်းပဲ ပေါက်နေနေ၊ ဘယ်လို အဆက်အပေါက်မျိုးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ခန္ဓာ အချိုးအစားကို ကိုယ့်ဘာသာ စိတ်တိုင်းကျနေတဲ့ မိန်းမသားတွေကို ယောက်ျားတွေ သဘောတွေ့တတ်ကြပါတယ်။ ပြောင်းပြန် ပြန်ပြောရင်တော့ ကိုယ့်ကိုယ်ခန္ဓာကို အလိုမကျ ဖြစ်နေတဲ့ မိန်းမသားတွေကို ယောက်ျားအတော်များများက စိတ်ပျက်တတ်ကြပါတယ်။

ဆိုကြပါစို့… အချိုးအဆက် အင်မတန် ကျလင့်ကစား ကိုယ့်ကိုယ်ကိုယ် ဝလှပြီလို့ အောက်မေ့ ညည်းညူနေတဲ့ ကာယအလှမယ် မိန်းကလေးတစ်ယောက် နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတဲ့ ခပ်ဖိုင့်ဖိုင့် ကောင်မလေးတစ်ယောက်နဲ့ ယှဉ်ကြစတမ်း ဆိုရင်လားဗျာ။ ကိုကိုတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဖိုင့်တိုင့်တိုင့်လေးနောက် ကောက်ကောက်ပါသွားနိုင်ပါတယ်။
သည်လိုပြောလိုက်လို့ ယောက်ျားတွေမှာ မျက်စိ မပါဘူးလို့ ဒေါ်ဒေါ် မမတွေ မအောက်မေ့စေချင်ဘူး။ ယောက်ျားတွေဟာ မိန်းမတွေထက် အလှအပကို ခံစားတတ်၊ အမြင်စူးတတ်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ယောက်ျားတွေဟာ အလှအပတစ်မျိုးတည်း၊ အမြင်တစ်မျိုးတည်းကို ဖက်တွယ်ထားသူတွေလည်း မဟုတ်ကြပြန်ဘူး။ ယောက်ျားတွေအမျိုးမျိုး ကွဲပြားနေသလို တစ်ဦးစီရဲ့ အာရုံ ခံစားပုံကလည်း မတူခြားနားနေပါတယ်။

တချို့ယောက်ျားတွေအတွက်ကျတော့ မိန်းမသားတွေရဲ့ ကိုယ်နံ့က သူတို့ အတွက် သေရေး ရှင်ရေးတမျှ အရေးကြီးနေတတ်တယ်။ (အဲဒီ့ထဲမှာ ကျွန်တော် ထိပ်ဆုံးက ပါပါတယ်။) အဲ… တချို့ကျတော့လည်း မိန်းမတစ်ယောက်ရဲ့ အသံနဲ့တင် အင်သွားနိုင်တယ်။ (အဲဒါလည်း ကျွန်တော် ဖြစ်ဖူးတယ်။ လူလေးကတော့ ချစ်စရာ၊ ကိုယ်လုံးလေးကလည်း မက်စရာ။ စကားပြောလိုက်တဲ့အခါကျတော့မှ ယောက်ျားသံလို အစ်တစ်တစ်၊ အောတောတောနဲ့မို့ တစ်ခါတည်းနဲ့ လန်သွားခဲ့ဖူတာ တစ်ယောက် ရှိဖူးတယ်။) တချို့ကျတော့လည်း အသားအရေကမှ ပဓာန ဖြစ်ချင်ဖြစ်နေပြန်သေးတယ်။ (ဒါတော့ ကျွန်တော်နဲ့ သိပ်မဆိုင်ဘူး ထင်ပါတယ်။)

မမတွေ မမေ့သင့်တဲ့ နောက်အချက်တစ်ချက်လည်း ကျန်ပါသေးတယ်။ အဲဒါကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အမျိုးသားတွေ ရှုမြင်ခံစားတာဟာ ရုပ်သေ၊ ရုပ်ရှင်တွေမှာ သူတို့ကြည့်ခဲ့ဖူးလေသမျှ မလုံ့တလုံ ပုံရိပ်တွေကိုသာ စံထားနေတာမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ ဆိုလိုတာက ရမ္မက်စိတ် တစ်ခုတည်းနဲ့တင် မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာကို ရှုမြင်သုံးသပ်ရာက ပေါ်ပေါက်လာတဲ့ ခံစားချက်မျိုး မဟုတ်ပါဘူး။

အမေတွေ၊ အဒေါ်တွေ၊ အစ်မတွေ၊ ကစားဖော်တွေနဲ့ မိသားစု ဇာတ်လမ်း အထွေထွေက အဲလို မပေါ့်တပေါ် ပုံတွေကို မကြည့်ဖူးခင် ပဝေသဏီကတည်းက ယောက်ျားတွေရဲ့ နှလုံးအိမ်မှာ မိန်းမဆိုတာ ဘယ်သို့ ဘယ်ပုံ ဖြစ်သင့်တယ်လို့ မူချ ပြဋ္ဌာန်းနှင့်ပြီး ဖြစ်ပါတယ်။
အမျိုးသမီးအများစုရဲ့ ကိုယ်အလေးချိန်နဲ့ အဆက်အပေါက်အပေါ်မှာ ထားရှိတဲ့ ယောက်ျားသားများရဲ့ စံကို မိန်းမတွေက လျှော့တွက်တတ်ကြတယ်။ ယောက်ျားအများစုဟာ အချိုးအဆက်ကျတဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို အမျိုးသမီးတွေ ထင်ထားတာထက်ကို အများကြီး ပိုသဘောကျတတ်ကြပါသဗျ။ အတိအကျ ပြောရရင် အမျိုးသမီးတို့ရဲ့ တင်အလှကို အမျိုးသမီးတွေ မျှော်လင့်ထားတာထက် အဆပေါင်းများစွာ ပိုပြီး ရင်ခုန်တတ်ကြသပေါ့ဗျာ။

ကိုယ်လုံးသွယ်သွယ်နဲ့ ပါးပါးလှပ်လှပ် မိန်းကလေးတွေအနေနဲ့ သူ့ဘာသာ မိုးပျံအောင် လှနေပါစေ၊ အစ်ကိုပုရိသတွေကတော့ မကြိုက်တတ်တာလည်း အမှန်ပါပဲခင်ဗျ။ အဲဒီ့ အရိုးပေါ်အရေတင်နေတဲ့ ငါးဖောင်ရိုးမ လှတပတလေးတွေဟာလည်း တစ်ကမ္ဘာလုံးမှာ ထွက်ရှိနေသမျှ အမျိုးသမီး မဂ္ဂဇင်းတွေမှာသာ ရှေ့တန်းက နေရာယူထားတာဖြစ်ပြီး အမျိုးသားတွေ အစဉ်တစိုက် အားပေး ဖတ်ရှု နေတဲ့ အမျိုးသားများအတွက် သီးသန့်မဂ္ဂဇင်းတွေထဲမှာတော့ အဲလို ပါးလှပ်လှပ်မိန်းကလေးတွေရဲ့ ဓာတ်ပုံ တစ်ပုံတစ်ကွက်လောက် နေရာရဖို့ အင်မတန် ခက်လှတာလည်း အမှန်ပါပဲ။
ဆိုလိုတာက စလင်းဘော်ဒီဆိုတဲ့ ပါးလှပ်လှပ်၊ ပိန်လျလျ၊ အရိုးဂေါက်ဂက်နဲ့ ကိုယ်ဟန်ပြမယ်တွေကို မိန်းမတွေကသာ စိတ်ဝင်စားတာ ဖြစ်ပြီး ကျွန်တော်တို့ ယောက်ျားသားတွေအတွက်ကတော့ အဲသလိုဟာမျိုးဆိုရင် နငယ်လုံးကြီးတင် တစ်ချောင်းငင် ဝစ္စအလုံး နှစ်ဆယ် ပေါက်တဲ့အထိ နိုးပါခင်ဗျား။
အဲတော့ကာ မမတို့အနေနဲ့က ကိုယ်နဲ့ အရှည် ဆက်ဆံနေတဲ့ ကိုယ့်ချစ်သူ၊ ကိုယ့်လင်သားဆိုရင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။ ဖြစ်နိုင်ရင် တစ်နှစ် တစ်ခါ၊ နှစ်နှစ် တစ်ခါလောက် သတိထားပြီး မေးလိုက်စမ်းပါ။ အခုဆို ကျုပ် ကိုယ်ပေါ်မှာ တော့်အကြိုက်ဆုံး အစိတ်အပိုင်းက ဘာတုံးလို့။ ဒါမှမဟုတ်လည်း ကိုကိုရယ်၊ မောင်မောင်ရယ်၊ ကျွန်မရဲ့ဘယ်နားလေးကို ကိုကိုမောင်မောင် သဘောအကျဆုံးလဲဟင်လို့။ မရရအောင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။

သူတို့ဆီက တကယ် မှန်ကန် တိကျတဲ့ အဖြေကိုသာ ရမယ်ဆိုရင် မမတွေ အံ့ဩသွားမှာလည်း အမှန်ပါပဲ။
ယောက်ျားတွေ အိမ်ထောင်ရေးပြင်ပ “အမှုပွ”ကြတဲ့အခါကျရင် မိန်းမသားတွေဘက်က တောင်တွေးမြောက်တွေး တွေးဖြစ်တတ်ကြပါတယ်။ ကိုယ်က ပုံပျက်ပန်းပျက် ဖြစ်နေလို့ သင်း ခြေလှမ်း များတာလို့ ထင်မိတတ်ကြပါတယ်။တကယ်တော့ အဲဒါ မဟုတ်ပါဘူး။ မယားလုပ်သူက ဂျနစ်ဖှာလိုပက်(ဇ်)လောက် စက်စက်ယို နေလင့်ကစား မယားလစ်တာနဲ့ အသစ်ရှာဖို့ ခြေလှမ်း ပြင်တတ်တဲ့ ယောက်ျားတွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။
တစ်ယောက်ဆို သူအင်မတန်ချစ်တဲ့ သူ့ဇနီးက တော်တော်လေး လှတယ်။ အရွယ်ကလည်း အစိတ်လောက်ပဲ ရှိသေးတဲ့အချိန်ဆိုတော့ အရွယ်အရလည်း လှနေပြီးသား။ အိမ်ထောင်သက်ကလည်း တစ်နှစ်မပြည့်သေးဘူး၊ သည်ကြားထဲကမှ သူ့မိန်းမလောက်လည်း မလှ၊ သူ့မိန်းမလိုလည်း ငါးရံ့ကိုယ်မဟုတ်တဲ့ ခပ်လုံးလုံး ရွက်ကြမ်း ရေကျို မိန်းကလေးတစ်ယောက်နဲ့ ခဏပန်း ဇာတ်လမ်း ဖွင့်ခဲ့တာ ကျွန်တော့် မျက်စိအောက်တင်ပါ။

သူများအကြောင်း မပြောဘဲ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရပြန်ရင်လည်း ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က ကျွန်တော်နဲ့ စခန်းသွားခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဆို ကိုယ်အလေးချိန်က ပေါင်တရာ့ခြောက်ဆယ်လောက် ရှိတယ်။ (အဲဒီ့ အချိန်က ကျွန်တော့်အိမ်သူထက် အဖျင်းဆုံး ပေါင် သုံးဆယ်လောက် ပိုတယ်နော်)။ အဲ… အသက်ကလည်း ကျွန်တော့်ထက် ၇ နှစ်၊ ၈ နှစ်လောက် ကြီးသေးတယ်။ (ကျွန်တော့်အိမ်သူက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်တယ်။) ဒါပေမယ့် အဲတုန်းက ကျွန်တော် ဘာကြောင့် စွေ့ခနဲ ပါသွားခဲ့သလဲဆိုတာ ကျွန်တော့် အိမ်သူတောင် သိတယ်။ ဟုတ်ကဲ့… အဲဒီ့ ပေါင်တစ်ရာ့ခြောက်ဆယ်က ရင်ခုန်စရာ ကောင်းလှသော “တင်တင်လှ” ဖြစ်နေလို့ပါပဲ ခင်ဗျား။

အဲဒီ့အရင် ၄-၅ နှစ်တုန်းကရော ဘာထူးတုံး။ စလင်း ဘော်ဒီလေးနဲ့ ၁၉ နှစ်သမီးလေး တစ်ယောက်နဲ့ သွားရင်းလာရင်း အဆင်ပြေနေတယ်။ မန်းရွှေမြို့က ဟိုတယ်ကြီးမှာ သူကလည်း ဧည့်သည်၊ ကိုယ်ကလည်း ဧည့်သည်။ သည်ကြားထဲက ချိတ်မိသွားကြပြီး သူက ကျွန်တော့်ကားပေါ်မှာ တစ်ချိန်လုံး ပါလာတယ်။ ညနေစောင်းတဲ့အထိပဲ။ အခြေအနေ ကောင်းနေပြီဆိုတာ ကျွန်တော် သိနေတယ်။
ညစာစားကြမယ်ဆိုတော့ အဲဒီ့ ၁၉ နှစ်သမီးလေးက မဟာအမှားတစ်ရပ်ကို ကျူးလွန်လိုက်ပါတယ်။ အဲဒါကတော့ သူ့ထက် အလေးချိန် နှစ်ဆနီးပါး ပိုမယ့် အသက်၃၀ကျော် သူ့အဒေါ် တစ်ခုလပ်အမျိုးသမီးကိုပါ ခေါ်လာပြီး ကျွန်တော်နဲ့ မိတ်ဆက်ပေးလိုက်တာပါ။
သည်မှာတင် ကျွန်တော်လည်း ၁၉နှစ် သမီးလေးကို စွေ့ခနဲ ပစ်လိုက်ပြီး ၃၀ကျော်နောက် ကောက်ကောက်ပါသွားခဲ့ပါတော့တယ်။
ကိုင်း… ဘာပြောချင်ကြသေးသတုံး။

ဆိုလိုတာက မိန်းမသားအတော်များများဟာ ယောက်ျားတွေကို နားကို မလည်တတ်ကြပါဘူးခင်ဗျ။ သူတို့ထင်တာက သူတို့တွေ ဝလာပြီ ဆိုရင်ဖြင့် ကိုကိုတွေ အသစ်ရှာလိမ့်မယ်လို့ပဲ။ အဲဒါဟာ တက်တက်စင် လွဲပါတယ်။ တော်ရုံ တန်ရုံ၊ အတိအကျပြောရင် အပျိုတုန်းကထက် ပေါင်နှစ်ဆယ်အစိတ်၊ အိုဗျာ၊ အာဏာကုန် ၃၀-၃၅ လောက်အထိ တိုးလာရုံလောက်တော့ ကိုကိုတို့က မဖြုံရေးချ မဖြုံတဲ့အပြင် ကိုယ့်ကို ပိုတောင် သဘောကျလာနိုင်တာကို အမျိုးသမီး အတော်များများ သိမထားမိရှာကြဘူး။    (ဂျပန် နပန်းသမားကြီးလို အပျိုတုန်းကထက် ပေါင် ၄၀-၅၀-၁၀ဝ ပိုတဲ့အထိ တအား ဝလာရင်တော့လည်း တစ်မျိုးပေါ့ခင်ဗျာ။ အဲသလို မရှူနိုင် မကယ်နိုင် မသယ်နိုင်မပိုးနိုင် ဝတက်လာရင်တော့လည်း ယောက်ျားတွေသာမက မိန်းမချင်းတောင် စိတ်ပျက်သွားမှာလည်း သေချာပါတယ်နော်။)

ပေါင် ၂၀၊ အစိတ်လောက် ဝလာတာလောက်တော့ ယောက်ျားတွေက ပို သဘောကျတတ်တယ်ခင်ဗျ။ အဲဒါ အမှန်ပါ။ အဲဒါကို မသိဘဲ ပိန်ဆေးတွေ သောက်ကြရ၊ လေ့ကျင့်ခန်းတွေ နင်းခွ လုပ်ကြရနဲ့၊ မမတွေမှာ ဗျာများ နေကြရှာတာ ဪ… တကယ်တော့ သနားစရာပါ။ သည်ကြားထဲ ကျွန်တော်တို့လို လစ်တာနဲ့ ဟိုဟိုသည်သည် အီတတ်တဲ့သူကို လင်တော်ထားရလို့ကတော့ ကိုယ့်ကိုယ်ခန္ဓာကြောင့်လို့ ထင်ပြီး စိတ်တွေဆင်းရဲကြရတတ်ပြန်တယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ခန္ဓာလေး မဆိုစလောက် ဝဖိုင့်နေတဲ့အတွက်ပဲ ဖြစ်စေ၊ အပျိုတုန်းကထက် ပေါင် အစိတ်လောက် ပိုဝလာလို့ပဲဖြစ်စေ စိတ်ဆင်းရဲနေကြသူ မမများ နားလည်အောင် ယောက်ျားတွေရဲ့ ဣတ္ထိယခန္ဓာကိုယ်အပေါ် ထားရှိတဲ့ သဘောထားအမှန်ကို ထုတ်လှန် တင်ပြလိုက်ရတာပါပဲခင်ဗျား။

Wednesday, September 11, 2013

ရင်သားထွားချင်သူများ ဖတ်ဖို့ ဗဟုသုတ

အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။
ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။
ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင် ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာ လဲ ပညာရှိရာကျတယ်။
ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။
မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရား အားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးလို့ ဆရာတော်များက ဆုံးမလေ့ရှိတယ်။ ဆေးပဲ သောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ Medical uses ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက - Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊ - Growth stimulation ကြီးထွားစေအောင် စေ့ဆော် ပေးခြင်း၊ - Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲ စေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ - Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ - Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေး နေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊ - Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊ - Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊ Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိ ကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံး သူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက် မှာတင် ရှိတယ်။
သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။ 
(၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။ 
(၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။ 
(၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။ 
အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။ Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်း ထည့်ပေး တာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေ ဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင် နည်းတွေမှာ Saline-filled (စေလိုင်း) သုံး နည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ် ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါ သာမှတ်။ 
 အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။
ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်း တွေ ရှိပါတယ်။
• Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။ 
• Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။ 
• Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။ 
• Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။ 
• Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။ 
• Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။ 
• လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။

ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ် သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိ ဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ် တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံ ကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။
B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ Antioxidant and Anti-inflammatory သတ္တိတွေ ရှိလို့ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေး-အဆန့် အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ Rickets အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ Osteomalacia အရိုး မသန်တာ ဖြစ်မယ်။ အရေကြီးဆုံးတခုနဲ့ နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာ အချိုးအစား၊ အဝတ်အစား၊ တန်ဆာ ပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့ အလှဆိုတာ သိကြတဲ့အတိုင်း စိတ်အလှဖြစ် ပါတယ်။ ဆရာဝန် မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ ကောင်းကောင်း မွေးမြူ၊ သင်ယူ-ကျင့်ဆောင်နိုင် ကြပါ တယ်။ မမြင်ရတဲ့ အလှဆိုတာ မကြည့်ဘဲလဲ သိနိုင်ကြတယ်။ အရာတိုင်းမှာ လှကြပါစေ။

Wednesday, September 4, 2013

အလှအပရေးရာ မာလကာ အသီးနှင့်အရွက်အသုံးဝင်ပုံ

(၁) မာလကာသီးကို တဝက်လှီးပြီး အစေ့များဖယ်၍ ဖျော်ရည်စက်နှင့် ကြိတ်ပါ။ အုတ်ဂျုံ လက်ဖက်ရည်ဇွန်း (၂)ဇွန်းနှင့်ရော၍ ပျစ်သွားအောင် လုပ်ပါ။ ချွေး ပေါက်များကျယ်ခြင်းမှ ကာကွယ် နိုင်သည့်မျက်နှာဖုံးမျိုးရရှိစေရန် မာလကာရွက် ၂/၃ ရွက်ကို ရော၍ကြိတ်ပါ။ အုတ်ဂျုံ မလွယ်ကူ ပါက အလားတူနို့မှုန်ကို ထည့်ပြီး မျက်နှာဖုံး (mask) ပြုလုပ်ပေးပါ။ ဝက်ခြံနှင့် အမည်းစက်များကို ပျောက်ကင်းစေနိုင်သည်။

(၂) မာလကာသီးကြိတ်ထားသော အနှစ်ကို လိမ္မော်သီး လတ်လတ်ဆတ် ဆတ်နှင့်ရောပြီး (၁၀) မိနစ်ခန့်ထား ပြီးမှ မျက်နှာသစ်ပါ။ လိမ်းရာတွင် မျက်နှာတပြင် လုံးပျံ့နှံ့ပါစေ။ ဤသို့ မျက်နှာပေါင်းခြင်းက နုပျိုစေပြီး အရေးအကြောင်းများကို သက်သာ စေသည်။

(၃)မာလကာရွက်(၂)ရွက်ကို ကြိတ် ပြီး နို့လက်ဖက်ရည်ဇွန်း (၂)ဇွန်း စာဖြင့် ပျစ်သွားအောင် ပြုလုပ်ပါ။ မျက်နှာ ၊ လည်ပင်းတို့ကို လိမ်းပြီး (၁၅) မိနစ် ခန့်ထားပြီးမှ ရေဆေးပါ။

(၄) အသားတင်းပြီးချော စေရန် မာလကာသီးကြိတ်ရည်ကို ငှက်ပျော သီး၊ ရေအနည်းငယ်နှင့် လိမ်းပေးပါ။

(၅) မုန်လာဥနီ၊ မာလကာရွက်(၁) ရွက်ကိုရော၍ ရေအနည်းငယ်ထည့် ပြီးလိမ်းပေးပါ။ နူးညံ့ချောမွတ်သော အသားအရေ ကို ရရှိပြီး မျက်နှာပြင်ရှိ အသားမညီဘဲ ဖြစ်ပေါ်နေသည့် အမည်းကွက် များကို တဖြည်းဖြည်း လျော့ပါးသွားစေသည်။

Saturday, August 31, 2013

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူငယ်ချင်းများ အတွက်

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူငယ်ချင်းများ အတွက်

၁။သွားတိုက်ဆေးကို ခပ်ပါးပါး လိမ်းပါ။
နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ ပြီးလျှင် facial form နှင့်မျက်နှာ သစ်ပါ။ သွားတိုက်ဆေးနှင့် ဆားဝက်ခြံ ဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ် နှစ်ကြိမ့်ခန့်  အပတ်တိုင်း ပြုလုပ်သင့်သည်။

၂။ရေနွေးဖြင့် မျက်နှာသစ်ပါ။ ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်း ထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေနွေးဖြင့် မျက်နှာပြန်သစ်ပါ။

၃။ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသော အာနိသင်ကြောင့် ဆားဝက်ခြံ ဖြစ်စေသော ဘက်တီးရီးယားများ သေသွား ခြင်းကြောင့် ဆားဝက်ခြံများ လျော့ပါး လာလိမ့်မည်။

၎။သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင် လိမ်းပြီး မနက်မှသာ ရေဖြင့် ဆေးပြစ်ပါ။

၅။ဆန်ကို နွားနို့ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည် အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံ ရှိသောနေရာများကို ဆပ်ပြာတိုက် သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ်တိုက်ပါ။

၆။ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေဆေးပြစ်ပါ။

>ဘယ်သောအခါမှ ကုတ်ခြင်း၊ ဆိတ်ခြင်း၊ ညှစ်ခြင်း မပြုလုပ်ပါနှင့်။ ဆားဝက်ခြံကို ပိုဆိုး စေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွား စေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန် ပျက်စေသည်။ ထို့ပြင် မမြင်နိုင်သော ပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

အပြစ်ကင်း ချောမောလှပသော မျက်နှာ ပိုင်ရှင်များ ဖြစ်ကျပါစေ။

ဆံပင်ကျွတ်စေသော အကြောင်းရင်းများ မှတ်သားထား

ဆံပင်ကျွတ်စေသော အကြောင်းရင်းများ မှတ်သားထား 

အမျိုးသမီးများမှာ ဆံပင်တွေကျွတ်နှုန်းများလာပြီးဆိုလျှင် မိမိစိတ်ကို နှောင့်ယှက်ဖြစ်တွေဖြစ်လာပါတယ်။ ဆံပင်တွေကျွတ်လာပြီဆိုလျှင် ခေါင်းကဆံပင်များကိုပင် ဘီးများဖြင့် ဆံပင်လှပမှု့ ကိုပင် မလုပ်ရဲအောင်ပင်ဖြစ်လာကြောင့် တွေ့ ရှိရပါတယ် ။ ဒီလိုဆံပင်တွေကျွတ်လာခြင်းသည့် ခန္ဓာကိုယ်အတွင်ဟော်မုန်းတွေပြောင်းလဲခြင်း ၊ သူများကောင်းတယ်ဆိုတာနဲ့ ခေါင်းလျှော်ရည် ခေါင်းလိမ်းဆီများကို အသုံးပြု့ မိခြင်း နှင့် အလှပြင်ဆိုင်တွေမှာ ပုံစံတွေပြောင်းလိုက် ကောက်လိုက် ဖြောင့်လိုက် ဆေးအရောင်ပြောင်းလိုက် လုပ်ဆောင်တက်သည့် အချက်တွေပါဝင်ပါသည် ။

မိမိမျိုးရိုးလည်း လိုက်တက်ပါတယ် တစ်ချို့ အသက်ကြီးလာပြီးဆိုလျှင် အမျိုးသား အမျိုးသမီးပါ ဆံပင်တွေကျဲလာမယ် ပါးလာကြပါတယ် ။တစ်ချို့ ဆိုလျှင် ထိပ်တောင်ပြောင်းသည့်အထိဖြစ်လာပါတယ် ဒါလည်း မျိုးရိုးဗီဇကြောင့်လည်း သက်ဆိုင်ပါတယ် ။အဲလိုဖြစ်လာပြီဆိုလျှင် ဆံခြည်မျှင်အိတ်တွေ အားကောင်းအောင် ဆေးကုသမှုတွေခံယူလုပ်ဆောင်ရပါတယ် ။

မိမိခန္ဓာကိုယ်တွင်းထဲမှာ ဟော်မုန်းအမျိုးအစားနှင့် တခြားဓာတုပစ္စည်းအပြောင်အလဲတွေကြောင့် ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ် ။အဓိကအပိုင်းတွေကတော့ သွေးအားနည်းခြင်း ၊ သိုင်းရွိက်ရောဂါ ( သောက်ရသည် ရောင်ခြည်ဆေးများသောက်ရခြင်း ) နှင့် သံဓာတ်ချို့ တဲ့လွန်းသည့် အစားသောက်တွေ စားသုံးခြင်းကြောင့် အမျိုးသမီးအများကို ဆံပင်အများအပြား ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ် ။

တချို့အမျိုးသမီးတွေမှာတော့ သွေးဆုံးချိန်အတောအတွင်း အီစထရိုဂျင် မဟော်မုန်း ပမာဏ ကျဆင်းသွားတဲ့အခါ ဆံပင် ကျွတ်တာမျိုး၊ ကလေးမွေးပြီးချိန်မှာ ဆံပင်ကျွတ်တာမျိုး ဖြစ်လေ့ရှိကြပါတယ် ။

အလှပများကို စိတ်တိုင်းကျ ပြု့ ပြင်ပြောင်းလဲဖန်တည်းသည့် မိန်းကလေးများအခုပြောပြမည့် အပိုင်းကို သတိမထားကြပါဘူး သူများတွေလှတယ် ကောင်းတယ် နာမည်ကြီးတယ်ဆိုပြီး ဘုမသိ ဘမသိနဲ့  ဆံပင်ကို အမျိုးမျိုးသော ပြုပြင်ဖန်တီးခြင်း ၊ ဆံပင်ပုံသွင်းရာမှာ အသုံးပြု့ သည့် ပစ္စည်းတစ်ချို့ ကြောင့်လည်း ဆံပင်သားကို ထိခိုက်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်လာစေပါတယ် ။ဆံပင်ကို ပိုနီတေးစည်းတာ၊ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်သားကို ဆွဲခြင်း၊ ဖိထားခြင်းတွေကြောင့်လည်း ဆံပင်ကျွတ်ရတတ်ပါတယ်။

ဆံပင်သားဟာ ဓာတုပစ္စည်းနဲ့ အပူထိတွေ့မှုများလေလေ၊ ကျွတ်နှုန်းများလေလေ ဖြစ်လာပါတော့တယ်။ ဆံပင်ဖြောင့်စက်၊ လေမှုတ်စက်စတာတွေနဲ့ ဓာတုပစ္စည်းပါတဲ့ ဆံပင်သုံး ပစ္စည်းတွေကို အလွန်ပင်သုံးစွဲခြင်းကို အထူးပင် ရှောင်ကြဉ်သင့်ပါကြောင့်ပြောကြားလိုပါတယ်။
ဆံပင်ပုံစံနှင့်အရောင်များကို ပြောင်းလဲဖန်တည်းသည့် အမျိုးသမီးများတွင် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းအပြင် မိမိနှင့်သုံးစွဲသည့် ဓာတုအသုံးပြု့ ဆေးများကြောင့်ပင် ဦးခေါင်းအရေပြား ပျက်ဆီးစေပါတယ် ။ထိုကြောင့် ဦးခေါင်းအရေပြားတွင် အနာများပေါက်လာပြီးနောက်တစ်ချို့ ဆိုလျှင် ကုသမှု့ ကိုပင် အထူးအလေးထားပေးရသည့်ကိစ္စများဖြစ်ပေါ်လာကြပါတယ် ။

သဘာဝလွန်အလှများကို ရှေ့တန်းမတင်ဘဲ ပင်ကိုယ်အလှများဖြင့် လှနိုင်စေရန်ဖြစ်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ

 

မျက်နှာအသားရည်များ မခြောက်သွေ့ စေရန်

မျက်နှာအသားရည်များ မခြောက်သွေ့ စေရန်

မိန်းကလေးများသည့် တစ်နေ့ တာအတွက် မနက်ခင်းမှ စပြီးအသုံးပြု့ ခဲ့သည့် မိတ်ကပ်များ ၊ ခရင်မ်များကို ညပိုင်းရောက်သည့်နှင့် မျက်နှာကိုစင်ကြယ်အောင်သန့် စင်အောင်ပြု့ လုပ်ပြီးမှ အိပ်ယာဝင်သင့်ပါတယ် ။ တစ်ချို့ မိန်းကလေးများတွင် လိမ်းထားသည့်မျက်နှာကို နှမြောပြီး မျက်နှာကို စင်ကြယ်အောင် မလုပ်ဘဲ ဒီအတိုင်းထားခဲ့သည့် ကြိမ်ဖန်များစွာ ရှိလာခဲ့လျှင် မိန်းကလေးများတွင် တင်းတိပ်များ စွဲလာတက်ပါသည် ။

မျက်နှာစင်ကြယ်အောင် ပြု့ လုပ်ပြီး အိပ်ယာဝင်ခြင်းသည့် မိန်းကလေးများတွင် မဟုတ်ဘဲ ယောင်္ကျားလေးများပင် မဖြစ်မနေ လုပ်ဆောင်သင့်သော မျက်နှာသစ်ခြင်းပင်ဖြစ်ပါသည် ။

မျက်နှာမသစ်ခင် မိမိလက်များကိုဆပ်ပြာဖြင့် သန့် ရှင်းအောင် ဆေးကြောပြီးမှသာ မျက်နှာသစ်ခြင်းကို လုပ်ဆောင်ပါ မျက်နှာသစ်သည့်အခါတွင် လက်သည်များနှင့် မျက်နှာသစ်အရေပြားများကို ကုတ်ဖဲ့ခြင်းလုံးဝ မလုပ်ရပါ ။ လက်ချောင်းများနဲ့ သည် မျက်နှာပြင် အရေပြားကို နှိပ်နယ်ခြင်း ပုံစံမျို့ ဖြင့် မျက်နှာပြင်တစ်ခုလုံးကို ညင်သာစွာလုပ်ဆောင်ပါ ။ ထို့ ကဲ့သို့ မျက်နှာသစ်သည့် စနစ်မျိုးကို မလုပ်ဆောင်မိခဲ့ပါက သင့်သည် ယနေ့ မှ စပြီး လုပ်ဆောင်ပါလိုက်ပါ ။

လုပ်ဆောင်ချက်များကြောင့် Dead cells (ဆဲလ်) များအတွက် ပြန်လည် အစားထိုးနိုင်ပြီး သင့်အသားရည်များ ခြောက်သွေ့ နေခြင်း ကင်းဝေးစေပါမည် ။မျက်လုံးအိပ်ဘေး အသားရည်များ တွန့် ခြင်းကို ကာကွယ်ပေးနိုင်သလို့  မျက်နှာ အသားရည်လှပါ ဆိုပြေနေပါလိမ့်မည်

Sunday, August 25, 2013

ဆံပင်အဖျားနှစ်ခွ ဖြစ်ခြင်း ကင်းစေရန်


ဆံပင်အဖျားနှစ်ခွ ဖြစ်ခြင်း ကင်းစေရန်


ဆံပင်သားကို အရောင်ဆိုးဆေး၊ အရောင်ချွတ်ဆေး၊ ဆံပင်လိမ်းဂျဲလ်၊ ဆံပင်ဖျန်းစပရေးနဲ့ ဆံပင်လေမှုတ်စက် စတာတွေ ထိတွေ့မှုကြောင့် ဆံပင်သား ခြောက်သွေ့ပျက်စီးမှု ဖြစ်စေရုံသာမက ဆံပင်အဖျား နှစ်ခွကွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ 
ဦးရေပြားကို ပုံမှန် နှိပ်နယ်ပြီး ရေနွေးငွေ့ပေးပါ
ဦးရေပြားကို အုန်းဆီ၊ သံလွင်ဆီနဲ့ မုန်ညင်းဆီတို့ လိမ်းပြီး တစ်ပတ် နှစ်ကြိမ် အနည်းဆုံး ၁၀-၁၅ မိနစ်ခန့် နှိပ်နယ်ပေးပါ။ လိမ်းပြီးနောက် အချိန် ၅-၇ မိနစ်ကြာ ဆံပင်သားကို ရေနွေးငွေ့နဲ့ ပေါင်းခံပေးပါ။ ဒါဆိုရင် ဆံပင်သားထဲကို အဆီ ၀င်ရောက်မှု ကောင်းစေပြီး ဆံပင်သား အရင်းနေရာမှာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆံပင်သား စိုပြည်စေတဲ့အတွက် ဆံပင် အဖျားနှစ်ခွ ကွဲတာကို လျော့ပါးစေပါတယ်။
ဆံပင်ကို လေပြင်းပြင်း တိုက်ခတ်မှု မရှိစေရန် ကာကွယ်ပါ
ဖြစ်နိုင်ရင် လေပြင်းပြင်း တိုက်ခတ်တဲ့ နေရာကို မသွားပါနဲ့။ သွားမယ် ဆိုရင် အနည်းဆုံး ပ၀ါ စည်းနှောင်ထားသင့် ပါတယ်။ နေပူထဲ သွားမယ်ဆိုရင် ထီးကို အမြဲ ဆောင်းသင့်ပါတယ်။
ဆံပင်ကို ခပ်ပြင်းပြင်း မပွတ်သပ်ပါနှင့်
ခေါင်းလျှော်ပြီးနောက် ချက်ချင်း ခေါင်းမဖြီးပါနဲ့။ ပ၀ါနဲ့ ခပ်ကြမ်းကြမ်း သုတ်တာကိုလည်း ရှောင်ပါ။ ဒီနည်းတွေက ဆံပင် အဖျားနှစ်ခွ ကွဲစေနိုင်ပါတယ်။ ဆံပင်အဖျား နှစ်ခွကွဲခြင်း အတွက် ပေါင်းတင်နည်း
(၁) ဆံပင် အရင်းနေရာကို ကြက်ဥ/ဘဲဥ အကာတစ်လုံး၊ သံပရာရည် ထမင်းစား ဇွန်း နှစ်ဇွန်း၊ မုန်ညင်းဆီ ထမင်းစားဇွန်း တစ်ဇွန်း ဒါမှမဟုတ် သံလွင်ဆီကို ထည့်ပြီး လိမ်းကာ နှိပ်နယ်ပေးပါ။ အချိန် တစ်နာရီအကြာမှာ ခေါင်းလျှော်လိုက်ရင် ဆံပင်သားကို နူးညံ့ ပျော့ပျောင်းစေပါတယ်။
သင့်တော်သော အာဟာရ
အာဟာရ ပြည့်ဝတဲ့ အစာဟာ ဆံပင်အဖျား နှစ်ခွ ကွဲတာကို သက်သာစေပါတယ်။ သင်စားတဲ့ အစာမှာ ဗီတာမင် အေ၊ ဘီနဲ့ဒီ၊ ပရိုတင်းနဲ့ ကယ်လ်စီယမ် ပါဝင်စေဖို့ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ပဲပုပ်စေ့၊ သစ်သီး၊ ဟင်းရွက်စိမ်း စတာတွေကို ထည့်စားသင့်ပါတယ်။ ရေကိုလည်း များများသောက်ပါ။
လမ်းလျှောက်ခြင်းနှင့် အခြားလေ့ကျင့်ခန်း
မနက်ခင်းနဲ့ ညနေခင်းမှာ လမ်းလျှောက်တာနဲ့ တခြား လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပါ။
ခေါင်းဖြီးခြင်း
အိပ်ရာမ၀င်ခင် ခေါင်းဖြီးပါ။ ဒီနည်းလမ်းဟာ ဦးရေပြားရှိ အဆီဂလင်းက အဆီထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။ ဆံပင်အဖျားကို မကြာခဏ တိပေးသင့်ပါတယ်။

Tuesday, August 20, 2013

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့




ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ
တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တေ
ာ်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင်ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းကမည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။

ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေပျောက်ကင်းပြီး လှပတဲ့အသားအရေကိုရရှိစေဖို့ အ ခုပြောပြမယ့် ငွေအကုန်အကျသက် သာပြီး တစ်နေ့တစ်ကြိမ်ပုံမှန်သာ လုပ်ပေးသွားဖို့လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ်ကြည့်ပါ လား။
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကိုရောစပ်ပြီး မည်းညစ်နေ တဲ့ တံတောင်နဲ့ဒူးခေါင်းမှာ ငြင်ငြင် သာသာလေးပွတ်ပေးပါ။ သံပရာ ရည်ဟာ သဘာဝချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကိုကြည် လင်စေပြီး အသားညိုနဲ့ဆားက တော့ အစိုဓာတ်ကိုပြန်လည်ဖြည့် တင်းပေးပါတယ်။ ဆားကလည်း အံဩစရာကောင်းလောက်အောင် အသားအရေကိုသန့်ရှင်းစေတဲ့သ ဘာဝချေးချွတ်ပစ္စည်းဖြစ်ပါတယ်။ သကြားညိုက အရေပြားဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသား အရေကိုတောက်ပစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်းကို လည်းလှုံ့ဆော်ပေးပါတယ်။ သ ကြားရည်က မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်းစေပါတယ်။ ဒီ အဆင့်တွေပြီးသွားတဲ့နောက် အုန်း ဆီအနည်းငယ်ကို တံတောင်နဲ့ဒူး ခေါင်းမှာပွတ်လိမ်းပေးပါ။ အုန်းဆီ က အရေပြားမှာကုန်ခမ်းသွားတဲ့ ဗီ တာမင်တွေကို ပြန်လည်ဖြည့်တင်း ပေးပြီး အရေပြားဆဲလ်တွေကို လှုံ့ ဆော်ပေးပါတယ်။ တစ်ပတ်ကိုနှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါ တယ်။
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာပျောက်ကင်းစေ နိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းသက် သာပြီး နေရာတိုင်းမှာ အလွယ်တ ကူရရှိနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ အာလူးအရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့တံတောင်ဆစ်နဲ့ ဒူး ခေါင်းမှာ ပွတ်လိမ်းပေးခြင်းဖြင့် အ မည်းကွက်တွေကို သက်သာစေပါ တယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အ မည်းကွက်တွေကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ န နွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံ တောင်နဲ့ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထားပေးပါ။ ထို့ နောက်ရေဖြင့်ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့စေ ပါတယ်။

မနက်အိပ်ရာနိုးချိန် အလှဆုံး ဖြစ်နေအောင်

မနက်အိပ်ရာနိုးချိန် အလှဆုံး ဖြစ်နေအောင်


အလှအပ ကြိုက်သူတိုင်း ပြုလုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှုနဲ့ အရေပြား ကျန်းမာစေမယ့် နည်းလမ်းလေးတွေပါ။

ညဘက်မျက်နှာသစ်ပါ  

အညစ်အကြေးနဲ့ အဆီတွေက ချွေးပေါက်တွေကို ပိတ်စေတာကြောင့် ကြာလာတဲ့အခါမှာ ဝက်ခြံတွေ ထွက်လာပါတော့တယ်။ အိပ်ရာဝင်ခါနီးတိုင်း မျက်နှာကို မိတ်ကပ်ဖျက်ဆေးနဲ့ ညင်သာစွာ ပွတ်လိုက်ပြီး ဂွမ်းဖက်လေးနဲ့ သန့်စင်ပြီးမှ မျက်နှာသစ်ဆေးနဲ့ သန့်စင်လိုက်ပါ။ အဆီကို အခြေခံတဲ့ မိတ်ကပ်ဖျက်ဆေးတွေက ရေစိုခံမိတ်ကပ်နဲ့ မျက်တောင် ဆိုးဆေးတွေကိုပါ အလွယ်တကူ ပျက်စေနိုင်ပါတယ်။ သန့်စင်ပြီးတဲ့ သင့်မျက်နှာပေါ်မှာ Night Cream ဒါမှမဟုတ် Mosturizer Cream လိမ်းပြီး အိပ်ရာဝင်လိုက်ပါ။ မနက်နိုးချိန် ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရပါလိမ့်မယ်။

ကော်လာဂျင်အားဖြည့်ပါ  

ကော်လာဂျင်ပါဝင်တဲ့ အားဖြည့်ဆေးဖြစ်စေ၊ အလှကုန်ပစ္စည်းဖြစ်စေ အသုံးပြုပေးပါ။ ကော်လာဂျင်ဟာ သင့်အရေပြားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်ပါပဲ။ ဗီတာမင်အေ ပါဝင်တဲ့ အရေပြား လိမ်းပစ္စည်းတွေနဲ့ ရတီနော ပါဝင်တဲ့ အလှကုန်တွေက သင့်အရေပြားကို တောက်ပြောင်နေစေပြီး အစက်အပြောက် ကင်းစေပါတယ်။

Eye Cream လိမ်းပါ  

ဗီတာမင် အေ၊ စီ၊ အီးနဲ့ အီးပါဝင်တဲ့ မျက်လုံးလိမ်းတဲ့ ခရင်မ်တွေကို လိမ်းပေးပါ။ မျက်လုံးတစ်ဝိုက်က အရေပြားဟာ သင့်ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားထက် ပိုပြီး ပါးလွှာပါတယ်။ အရေးကြောင်းတွေ ဖြစ်လွယ်ပြီး၊ မျက်ကွင်းညိုတာမျိုးတွေ ပျောက်စေဖို့ ဖော်ပြပါ ဗီတာမင်တွေ ပါဝင်တဲ့ Eye Cream မျိုးကို ညတိုင်းလိမ်းပြီး အိပ်ရာဝင်ပါ။

အိပ်စက်မှုပုံစံ  

ဘေးတစောင်းအိပ်တာနဲ့ မှောက်အိပ်တာမျိုးက မျက်နှာကို ဖောင်းအစ်နေတယ်ဆိုပေမယ့် အသားအရေ ဖောင်းအစ်မှုပုံစံဟာ ညီညာမှု မရှိတတ်ပါဘူး။ ဒါ ကြောင့် ပက်လက်အိပ်တာက သင့်မျက်နှာအတွက် အကောင်းဆုံးပါပဲ။ ခေါင်းအုံးပေါ် လှဲလိုက်ချိန်မှာ သင့်မေးစေ့က ရင်ဘတ်ထက် မမြင့်စေတဲ့ ခေါင်းအုံးအမျိုး အစားမျိုးကို ရွေးချယ်ပါ။

ပျော်ပျော်နေပါ  

ပျော်ရွှင်နေတဲ့ မျက်နှာထားမျိုးဟာ လူတစ်ယောက်အတွက် ကြည့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဒါကြောင့် ပျော်ရွှင်စွာ နေတတ်အောင် ကြိုးစားပါ။ ညနေခင်း သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ရင်း စကားပြောတာမျိုး၊ သီချင်းဆိုတာမျိုးတွေနဲ့ ဟာသ ပြောတာမျိုးတွေဟာ သင့်ကို ဖိစီးမှု ကင်းစေပြီး ပိုမိုနုပျိုစေနိုင်ကာ ညဘက် ကောင်းစွာ အိပ်ပျော်စေပြီး ကြည်လင် လန်းဆန်းစွာ နိုးထလာစေနိုင်ပါတယ်။

ခြေသည်း၊ လက်သည်း ဂရုစိုက်ပါ  

ခြေချောင်းလေးတွေကို ညအိပ်ရာ မဝင်ခင် ဘရပ်ရှ်နဲ့ သေချာပွတ်တိုက်သန့် စင်ပေးပြီး၊ အလှဆီ ဒါမှမဟုတ် လိုးရှင်း တစ်မျိုးလိမ်းကာ ချည်သားခြေစွပ်ဝတ်ပြီး အိပ်လိုက်ပါ။ ခြေထောက်ခြောက်သွေ့ ကွဲအက်မှု ကင်းပြီး၊ ရေဓာတ်ရရှိစေကာ တခြား ရောဂါပိုးတွေလည်း ကင်းစင်နေစေပါတယ်။ သင့်လက်ချောင်းလေးတွေကလည်း တစ်နေ့လုံး ကွန်ပျူတာသုံးရ၊ စာရွက်စာတမ်းတွေ ကိုင်ရ၊ တခြားအိမ်မှုကိစ္စတွေကို လုပ်နေရတာကြောင့် ပင်ပန်းနေတတ်ပါတယ်။ ညအိပ်ရာဝင်ခါနီး ခြေလက်

Saturday, August 17, 2013

မိုးရာသီတွင် အရေပြား ကျန်းမာလှပမှုကို ထိန်းသိမ်းရန် နည်းလမ်းများ

မိုးရာသီတွင် အရေပြား ကျန်းမာလှပမှုကို ထိန်းသိမ်းရန် နည်းလမ်းများ

မိုးရာသီတွင် အရေပြား ကျန်းမာလှပမှုကို ထိန်းသိမ်းရန် နည်းလမ်းများအိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ Goel’s Cutis အရေပြား စောင့်ရှောက် ကုသမှု စတူဒီယိုမှ လေဆာ ရောင်ခြည် ခွဲစိတ်ကု ဆရာဝန်၊ အလှအပနှင့် အရေပြားရောဂါ အထူးကု ဆရာဝန်ကြီး Dr. Apratim Goel (M.D, D.N.B, F.AG.E ) ၏ မိုးရာသီ၌ အရေပြား ကျန်းမာ လှပမှုကို ထိန်းသိမ်းခြင်းနှင့် ပတ်သက်သော ပြောပြချက်များကို ဆီလျော်အောင် ဘာသာပြန် တင်ဆက်ပေးခြင်း ဖြစ်ပါသည်။
အခုအချိန်ဟာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို မကြိုက်တဲ့သူတွေ စောင့်စား ကြိုဆိုခဲ့ကြတဲ့ မိုးရာသီ ဖြစ်ပါတယ်။ သည်းထန်တဲ့ မိုးစက်တွေက အပြင်ထွက်တိုင်း ထီးဆောင်သွားဖို့နဲ့ နေမကောင်း လို့ အိမ်မှာ စောင်ခြုံ ကွေးရနိုင်တဲ့ နေ့ရက်တွေအကြောင်း ကျွန်မတို့ကို သတိပေး လိုက်ပါပြီ။ ခြောက်သွေ့ ပူလောင်တဲ့ နွေကာလကို လွန်မြောက်လာပြီး မိုးစက်တွေကို စမြင်ရတော့ ကျွန်မတို့က စိတ်သက်သာရာ ရခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ မိုးရာသီဟာ ခြစ်ခြစ်တောက်ပူတဲ့ နွေဒဏ်ကို သက်သာ စေတဲ့ အကောင်းတွေကိုသာမက တုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်မှု အနာ အဖျားတွေ၊ ဝမ်းပျက်ရောဂါတွေ အပါအဝင် မြောက်မြားစွာသော ကျန်းမာရေး အဆိုးတွေကိုပါ သယ်ဆောင် လာပါတယ်။ အရေပြားရဲ့ ကျန်းမာ လှပမှုကိုလည်း ထိခိုက်စေမယ့် ပြဿနာအသစ် အချို့ အပါအဝင် ပေါ့။
တစ်နေ့တစ်နေ့ မိုးရေစိုစို၊ အဝတ်အစား စိုစိုတွေနဲ့ အချိန်ကြာကြာ ထိတွေ့နေရပြီး စိုလိုက် ခြောက်လိုက် သံသရာ လည်နေရပါတယ်။ ရေကြီးနေတဲ့အခါမှာ ညစ်ပတ်တဲ့ ရေဆိုးတွေထဲ ခြေထောက်က ဖြတ်သွားရတဲ့ အခါမျိုးလည်း ရှိနိုင်ပါတယ်။ ပတ်ဝန်းကျင် လေထုရဲ့ စိုထိုင်းဆ (Humidity) ကလည်း တောက်လျောက်ကို မြင့်မားနေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီလိုအခါမှာ နေရထိုင်ရ သက်သောင့်သက်သာ မရှိသလို အရေပြား ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာစေဖို့ တိုက်ရိုက် အားပေးပါတယ်။ မြင့်မားတဲ့ ပတ်ဝန်းကျင် လေထု စိုထိုင်းဆဟာ ဂရုစိုက်မှု နည်းပါးတဲ့ အရေပြားပေါ်မှာ ဗက်တီးရီးယား၊ မှိုပိုးနဲ့ အခြား ရောဂါပိုးများစွာ အတွက် ပေါက်ပွားဖို့ အထူး အလျဉ်း သင့်တဲ့ အခြေခံ အကြောင်းတရား ဖြစ်ပါတယ်။
နေရောင်ပြင်းအား နည်းပါးတဲ့ မိုးရာသီမှာ အရေပြားကို ထိန်းသိမ်း အားဖြည့်ဖို့ မလိုအပ်ဘူးလို့ လူအများစုက ယူဆတတ်ကြပါတယ်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာတဲ့ခေတ်မှာ မိုးရေဟာ ရာနှုန်းပြည့်နီးပါး သန့်စင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ စံညွှန်းကိန်းအရ ပြောရရင် မိုးဦးကာလမှာ ရွာတဲ့ မိုးတွေဟာ အနည်းငယ်ခန့် အက်ဆစ်ဘက်ကို ရောက်ပါတယ်။ ဒါ့အပြင် လေထုညစ်ညမ်းမှုရဲ့ ဓာတုပစ္စည်းတွေဟာ မိုးရေထဲမှာ ပါလာနိုင်ပါတယ်။ ဒီလိုအရာတွေ ပါနေတဲ့ မိုးရေ ထိတွေ့မှုကြောင့် ဆံသားနဲ့ အရေပြား ထိခိုက်မှု ရှိပါတယ်။ အထူးသဖြင့် ပြန်မဆေးကြောပစ်လိုက်ဘူး ဆိုရင်ပေါ့။ မိုးရေစိုတိုင်း ရေချိုး ခေါင်းလျှော်ဖို့ကလည်း မဖြစ်နိုင်တဲ့အခါမှာ ကျွန်မတို့ဟာ ကိုယ့် အရေပြားကို ကိုယ်တတ်နိုင်သမျှ ပြန် ဂရုစိုက်ပေးဖို့တော့ လိုလာပါပြီ။ အရေပြား ကျန်းမာ လှပနေဖို့အတွက် နေ့စဉ် ဂရုတစိုက် ရှိနေဖို့က အဓိက လိုအပ်ချက်ဖြစ်ပြီး တစ်ခုခုဖြစ်ပြီ ဆိုတော့မှ ဆရာဝန် ပြရတာက အကောင်းဆုံး အဖြေ မဟုတ်တာ သေချာပါတယ်။
မုတ်သုံရာသီမှာ အရေပြားရဲ့ အနေအထားဟာ တည်ငြိမ်မှုမရှိဘဲ အပြောင်းအလဲ ခဏခဏ ဖြစ်တတ် တဲ့ သဘာဝ ရှိပါတယ်။ ကောက်ကာငင်ကာ အဆီတွေ ပြန်လာမယ်၊ ပြီးတော့ နောက်ရက်ကျတော့ မွဲခြောက်ခြောက် ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လေထုထဲမှာ စိုထိုင်းမှု များနေပေမယ့် ဒီစိုထိုင်းမှုက ကိုယ့်အရေပြားကို စိုပြည်စေမှု မဖြစ်ပေါ်စေပါဘူး။ ဒါ့အပြင် အရေပြားပေါ်က အဆီတွေ ကိုပါ ခန်းခြောက် လျော့နည်းဖို့ အားပေးပါတယ်။ ဒါကြောင့် အရေပြားကို စိုပြည် လှပနေဖို့ ဆန္ဒရှိတယ် ဆိုရင်ဖြင့် အခြား ရာသီဥတုတွေနည်းတူ မိုးရာသီမှာလည်း ဂရုစိုက်ပေးဖို့၊ ဒီအချက်တွေကို လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်။
နံပါတ်(၁) အရေးကြီး တာက ဆေးကြော သန့်စင်ခြင်းပါ။ စောစောက ပြောခဲ့သလို မိုးရေထဲမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုရဲ့ စွန့်ပစ်ပစ္စည်းတွေ ပါလာတော့ မိုးရေထိပြီးရင် ပြန် ဆေးကြောပစ်ဖို့ မဖြစ်မနေ အရေးကြီး ပါတယ်။ မိုးရေထိသွားတဲ့ မိတ်ကပ်ဆိုရင်လည်း မျက်နှာသစ်ဆေး (Cleanser) သို့မဟုတ် မိတ်ကပ် ဖျက်ဆေး (Makeup Remover) ကောင်းကောင်းနဲ့ သန့်စင် ပစ်ရပါမယ်။ ဆပ်ပြာ ထက်စာရင် Facial Foam အမျိုးအစားတွေကိုပဲ သုံးသင့်ပါတယ်။ သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ ရေချိုး ခရင်မ် (Facial Foam) တွေဆိုရင်လည်း သင့်တော်ပါတယ်။
ဒုတိယ လုပ်ဆောင်ဖွယ်ကတော့ အားပြန်ဖြည့်ခြင်းပါပဲ။ သင့်တော်ရာ Skin Care ထုတ်ကုန် တစ်ခုခု လိမ်းဖြစ်တယ် ဆိုရင်ပဲ မဆိုးပါဘူး။ မိုးရာသီမှာ ပေါက်ပွားမှု များလာတဲ့ လေထုထဲက ရောဂါပိုးတွေ၊ ရေတွေထဲက ရောဂါပိုးတွေရဲ့ ကူးစက်မှုကနေ ကာကွယ်ချင်တယ်ဆိုရင် ဘက်တီးရီးယား ကာကွယ်တဲ့ ဓာတုပစ္စည်းပါတဲ့ Lotion တွေကို ရွေးချယ် သုံးနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ အရေပြားအနာ ခဏခဏ ဖြစ်လွယ်သူတွေ သုံးသင့်ပါတယ်။
ဘူးအပေါ်မှာ Anti-bacterial လို့ စာတန်းပါတာမျိုးပေါ့။ Toner လိမ်းမယ် ဆိုရင်တော့ Toner က ဓာတ်ဆားတွေနဲ့ အရက်ပြန်လိုမျိုး ဓာတုပစ္စည်းတွေ ပါတဲ့အတွက် အရေပြား ခြောက်သွေ့မှု အရမ်းများတဲ့သူတွေ ဆိုရင်တော့ Toner အပျော့စားကိုပဲ သုံးစွဲသင့်ပါတယ်။ အရေးကြီးတဲ့ တတိယ အချက်က အရေပြားရဲ့ အစိုဓာတ်ကို ဖြည့်စွက်ပေးခြင်းပါပဲ။ မိုးရာသီမှာ အရေပြား အစိုဓာတ် ဖြည့်ပေးဖို့က ခြောက်သွေ့တဲ့ နွေရာသီနဲ့ ဆောင်းရာသီ မဟုတ်ပေမယ့် တန်းတူပဲ လိုအပ်ပါတယ်။ မုတ်သုံ ရာသီရဲ့ မကောင်းတဲ့ အချက်က ခြောက်သွေ့တဲ့ အသားအရေကို ပိုမို မွဲခြောက်စေပြီး အဆီပြန်တဲ့ အသားအရေတွေကို ပိုဆိုးစေတာပါပဲ။ ဒါကြောင့် နေ့ဘက် သို့မဟုတ် ညာဖက်၊ တတ်နိုင်ရင် နေ့ရောညပါ အခါအားလျော်စွာ အရေပြား အစိုဓာတ် ဖြည့်ပေးတဲ့ Moisturizer တွေ သုံးစွဲပေးသင့်ပါတယ်။ ဒါဟာ အရေပြား ကူးစက်ရောဂါ ယားနာတွေကို တစ်ဘက် တစ်လမ်းက ထိရောက်စွာ ကာကွယ်ရာလည်း ရောက်ပါတယ်။ ပြင်ပမှာ သွားလာ လှုပ်ရှားမှုများသူတွေ၊ အဲကွန်း ခန်းမှာ အနေများသူတွေဟာ အထူးသဖြင့် လိုအပ်ပါတယ်။
အပြင်ထွက်တာများတဲ့ မိုးရေ အထိများသူတွေ ကျတော့ ရေကနေ အခြေခံ ထုတ်လုပ်ထားတာ မဟုတ်တဲ့ အစိုဓာတ် ဖြည့်ဆေး (Non-water Based) အမျိုးအစားကို သုံးသင့်ပြီး အခြားသူတွေ ကတော့ (Water Based) အမျိုးအစားကို သုံးသင့်ပါတယ်။ အဆီပြန်မှုများတဲ့ အသားအရေ ရှိသူတွေ ကတော့ Moisturizer တွေကို နေ့ဘက် မလိမ်းသင့်ဘဲ ညအိပ်မှ လိမ်းပြီး အိပ်ရင် အဆင်ပြေပါတယ်။
နောက်တစ်ခုက ခြောက်သွေ့ သန့်စင်မှုကို ထိန်းသိမ်းဖို့ပါပဲ။ မိုးမိပြီးသွားတိုင်း ဆံပင်နဲ့ အရေပြားကို ဆေးကြောပြီးတာနဲ့ ခြောက်သွေ့ သန့်စင်သွားအောင် ထားသင့်ပါတယ်။ မိုးရေ စိုထားတဲ့ ဆံပင်ကို ခြောက်အောင် မသုတ်ဘဲ စည်းနှောင် ထုံးဖွဲ့လိုက်မယ်ဆိုရင် ဗောက်ရောဂါရဖို့၊ သန်း ကူးစက်မှုရဖို့ အထူး အားပေးပါတယ်။ ခန္ဓာကိုယ် အနှံ့ မှာလည်း စိုစွတ်နေရင် ပုံမှန်ရှိတဲ့ မိတ်ဆွေ ပိုးတွေအပြင် အခြားပိုးတွေ လာရောက် ပေါက်ပွားဖို့ အားပေးလို့ အရေပြား ရောဂါနဲ့ အနာ အဖျားတွေ ခံစားရနိုင် ပါတယ်။ ဒါကြောင့် မိုးရေ စိုပြီးတိုင်း ရေမချိုးဖြစ်ရင်တောင် ဆေးကြော သန့်စင်ပြီး ခြောက်သွေ့ သန့်စင်အောင် ပြန်ထားသင့်ပါတယ်။ ဆံပင်ကို အခြောက်ခံစက် (Dryer) ကို သုံးနိုင်ရင် ပိုအဆင်ပြေ ပေမယ့် ဆံသား ခြောက်သွေ့ ပျက်စီးမှုကို ကာကွယ်ဖို့ တစ်ခုခုတော့ မကြာခဏ လိမ်းပေးသင့် ပါတယ်။
နံပါတ် (၅) အချက်အနေနဲ့ ခရမ်းလွန် ရောင်ခြည်ကို သတိထားဖို့ ပြောချင်ပါတယ်။ မိုးအုံ့နေတယ် ဆိုရင် ဘယ်သူမှ အလုပ်ရှုပ်ခံပြီး ထီးထုတ် မဆောင်းဖြစ်ကြပါဘူး။ တကယ်တမ်းတော့ မိုးရာသီမှာ တိမ်တွေ ထူထပ်နေလို့သာ နေရဲ့ အလင်းရောင်နဲ့ အပူဓာတ်က ကျရောက်မှု နည်းတာ ဖြစ်ပေမယ့် ခရမ်းလွန်ရောင်ခြည်ရဲ့ ပြင်းအားက အန္တရာယ် မရှိလောက်တဲ့ အနေအထားအထိ ကျဆင်းသွားတာ မျိုး လုံးဝ မဟုတ်ပါဘူး။ နေပူ မနေပေမယ့် ခရမ်းလွန်ရောင်ခြည်ဟာ ပုံမှန်အတိုင်း ကျရောက်နေပါ တယ်။ လူ့မျက်စိနဲ့ ခရမ်းလွန် ရောင်ခြည်ကို မမြင်နိုင်လို့၊ နွေရာသီ မဟုတ်တော့လို့ ပြင်ပမှာ ထီးမပါဘဲ အချိန်ကြာမြင့်စွာ သွားလာနေမယ်ဆိုရင် နွေနေ့လယ် ဟာလာဟင်းလင်းမှာ သွားလာတဲ့အတိုင်း ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကို ခံရနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်များများ ထိတွေ့ခံရခြင်းဟာ ရှိရင်းစွဲ အသက်ထက် အရွယ်ကျပြီး ပါးရေတွန့် အိုမင်းခြင်းရဲ့ အကြောင်းရင်း တစ်ရပ်ပါပဲ။ ဒါကြောင့် ဖြစ်နိုင်သမျှ ပြင်ပမှာ သွားလာရချိန် များမယ်ဆိုရင် အနည်းဆုံး SPF ၂၀ လောက်ပါတဲ့ နေရောင်ကာ ခရင်မ်ကို နေရောင် ထိတွေ့မယ့် ခန္ဓာကိုယ် ဧရိယာတွေမှာ လိမ်းထားပေးသင့်ပါတယ်။ ပြီးတော့ တတ်နိုင်သမျှ ထီးဆောင်းဖို့၊ အကာအကွယ်ယူဖို့ ပြောချင်ပါတယ်။
ခရီးဆောင်အိတ်ကို သားရေ မသုံးဘဲ ရေစိုခံအိတ် အမျိုးအစား ရွေးချယ် အသုံးပြုပါ။ ရေစိုခံ မိတ်ကပ်၊ အိုင်းလိုင်နာနဲ့ နှုတ်ခမ်းနီတွေလို ပုံမှန် အလှအပ ပစ္စည်းများအပြင် အလှအပကို အရေးထားသူများ အနေနဲ့ အပြင်ထွက်တိုင်း အိတ်ထဲမှာ ဆောင်ယူသွားသင့်တာတွေက SPF၂၀ ထက်များတဲ့ နေရောင်ကာ ခရင်မ်၊ မှန် အသေးစားနဲ့ ဘီးအကျဲ၊ အိတ်ဆောင် အသေးစား ဆံပင် အခြောက်ခံစက်၊ ညစ်ပတ်တဲ့ ရေတွေ၊ မိုးရေတွေ ထိတွေ့ခံရပြီးရင် ပြန်သန့်စင်ဖို့ Wet Tissue၊ ထီး၊ မှိုသတ်ဆေး (Anti-fungal) ပါဝင်တဲ့ ယားနာလိမ်းဆေး၊ ချိုင်းနံ့ ပျောက်ဆေး၊ ရေမလိုတဲ့ လက်ဆေးရည် (Hand Gel) စတာတွေပဲ ဖြစ်ပါတယ်။
ကျန်တဲ့ အရေပြား ထိန်းသိမ်းမှု ထုတ်ကုန်များကို မိမိ သုံးနေကျ သင့်တော် အဆင်ပြေရာ သို့မဟုတ် ဆရာဝန် ညွှန်ကြားတာတွေကို ဆက်လက် သုံးစွဲနိုင်ပါတယ်။ ရောဂါတွေ ကူးစက်မခံရဖို့ အရေးအကြီးဆုံး ဂရုစိုက်ဖို့ကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ အများနဲ့ ဆိုင်တဲ့ နေရာတွေကို ကိုင်တွယ်ပြီးတိုင်း မိမိ ခန္ဓာကိုယ်ကို မထိတွေ့ခင်မှာ လက်ဆေးဖို့ပဲ ဖြစ်ပါတယ်။
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် အားလုံးဟာ အရေပြားကို လှပ စိုပြည်စေတဲ့ အာဟာရများပဲ ဖြစ်လို့ ၎င်းတို့ကို နေ့တိုင်း သန့်စင်စွာ စီရင် စားသုံးခြင်းဖြင့် ကောင်းမွန် နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါတယ်။ အသားဓာတ်ဟာလည်း အရေပြား ဆဲလ်အသစ် ဖြစ်ပေါ်မှုနဲ့ တင်းရင်းမှု၊ ပုံမှန် ကောင်းမွန်တဲ့ ကိုယ်ခံအား စနစ်တို့အတွက် မရှိမဖြစ်ဘဲမို့ မျှတစွာ စားသုံးပေးနိုင်ပါတယ်။ အားလုံး မိုးရာသီကို ကျန်းမာ ရွှင်လန်း လှပစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Saturday, July 20, 2013

အသားအရေ ထိန်းနည်း (၈)မျိုး၏ လျှို့ဝှက်ချက်

အသားအရေ ထိန်းနည်း (၈)မျိုး၏ လျှို့ဝှက်ချက် 

 အသားအရေ ထိန်းနည်း (၈)မျိုး၏ လျှို့ဝှက်ချက် 

 

 

 

 ဘယ်အသက်ရွယ်ပဲ ရောက်ရောက် အသားအရေ ကျန်းမာပြီး ကြည့်ကောင်း နေစေဖို့ အောက်ပါ မြန်ဆန် ထိရောက်တဲ့ အလွယ်နည်းတွေရဲ့ လျှို့ဝှက်ချက် တွေကို ဖော်ပြ လိုက်ပါတယ်။

အသားအရေ ထိန်းနည်း (၁) အသားအရေ ထိခိုက်စေသော အမှုအကျင့်များ ရှောင်ရှားခြင်း လျှို့ဝှက်ချက်-
အသားအရေ ထိခိုက်စေ တဲ့ ဆေးလိပ် သောက်တာ၊ နေပူဆာ လှုံ တာနဲ့ အရက်သောက် တာတို့လို အသား အရေထိခိုက် စေတဲ့ အမူအကျင့် သုံးရပ် ကို ရှောင်သင့် ပါတယ်။ နေပူထဲကို မဖြစ် မနေ သွားရတဲ့ အခါ SPF ပါတဲ့ နေကာ ခရင်မ်ကို လိမ်းပေး သင့်ပါတယ်။ ဆေး လိပ်သောက် တာနဲ့ အရက်ကို အလွန်အ မင်းသောက် တာတွေက အသားအရေ ကို ထိခိုက်စေတဲ့ အပြင် အသက်အန္တရာယ် ကိုပါ ခြိမ်းခြောက် နေပါတယ်။
အသားအရေ ထိန်းနည်း (၂) မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း လျှို့ဝှက်ချက်-
မျက်နှာနှင့် လည်ပင်းကို ပုံမှန် ဆေးကြောသန့်စင် ပေးတာကြောင့် အရေပြား ထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင်စေရုံသာမက အ ရေပြားကို ကြည်လင်ဝင်းပ လာစေပါတယ်။ အသားအရေ ထိန်းနည်း (၃) မျက်နှကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း လျှို့ဝှက်ချက် - လက်ဆိုတာ မျက်နှာပြင် အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အ ရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ်ပတ် ဆုံးအင်္ဂါ အစိတ်အပိုင်းလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒီလို ညစ်ပတ်နေတဲ့ လက်နဲ့ မျက်စိကို ပွတ်တဲ့အခါ၊ မေးစေ့ ကို ထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီး ကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက် နှာပြင်ဆီရောက်အောင် ပို့ဆောင်သလို ဖြစ်စေပါတယ်။
အသားအရေ ထိန်းသိမ်းနည်း (၄) အယ်လ်ကိုဟော ရှောင်ခြင်း လျှို့ဝှက်ချက် -
အရက်ကို မသောက် တာ အကောင်းဆုံးပါ။ မနေနိုင်ပါက သင့် အသားအရေ ကျန်းမာလှပရေးအတွက် အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်သုံး တာကြောင့် မျက်နှာအရေ ပြားအပေါ်ယံ လွှာနဲ့ ကပ်နေတဲ့ သွေးကြော တွေကို ကျယ်စေနိုင်ပါတယ်။
အသားအရေထိန်းသိမ်းနည်း (၅) အဆီများကို ကင်းစင်စေခြင်း လျှို့ဝှက်ချက် -
မျက်နှာပေါ်က အဆီ ပိုတွေ ကင်းစင်စေဖို့ရာအတွက် ပေါင်ဒါ မှုန့် လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ် တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အ သားအရေအတွက် အဆီပါဝင်တဲ့ ပေါင် ဒါကို ရှောင်ပါ။
အသားအရေထိန်းသိမ်းနည်း (၆) နှုးညံ့သော မျက်ဝန်းတစ်ဝိုက်ကို ပွတ်သပ်မှု မပြုခြင်း လျှို့ဝှက်ချက် -
မျက်နှာအသားအရေ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြား နေရာက အလွန့်အလွန် နူးညံ့သိမ်မွေ့ လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ် ဝိုက် မိတ်ကပ်လိမ်းရင်လည်း ညင်ညင်သာ သာပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက် စိယားယံနေရင် မျက်ဝန်းတစ်ဝိုက်ကို အေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ်ကပ် ပေးပါ။
အသားအရေ ထိန်းသိမ်းနည်း (၇) အသားအရေ ထိန်းပစ္စည်း အမျိုးအစားများကို သုံးခြင်း လျှို့ဝှက်ချက် -
အသားအရေထိန်း ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီးသုံးရင် ပါဝင် ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု အဟန့်အ တားဖြစ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတာ နဲ့ အာနိသင်ကို ယုတ်လျော့ စေတာတို့ ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံး ရလဒ် လိုချင်ရင် အတူပေါင်းစပ် သုံးနိုင်အောင် ဖော်စပ်ထုတ် လုပ်ထားတဲ့ အသားအရေ ထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက် အရ သုံးပါ။
အသားအရေ ထိန်းသိမ်းနည်း(၈)စပျစ်ဆီသုံးခြင်း လျှို့ဝှက်ချက် -
အသားအရေ ထိန်းသိမ်း ရေးအတွက် ချွေးပေါက်ကျဉ်းဆေးရည် (Toner)ထဲမှာ စပျစ်ဆီ လက်ဖက်စား ဇွန်းတစ်ဇွန်း ထည့်သုံးပါ။ စပျစ်ဆီဟာ အရေပြားဆဲလ် တွေကို ပြန်လည်ပြုပြင် ပေးတာနဲ့ အားဖြည့်တာတွေကို လုပ် ဆောင်ပေးတဲ့ အတွက် အိုမင်းမှုတားဆီ ကြည်အနေနဲ့ အသုံးဝင် ပါတယ်။

Friday, July 19, 2013

အမျိုးသားတို့အတွက် အခြေခံ အသားအရေ ထိန်းသိမ်းနည်းများ

အမျိုးသားတို့အတွက် အခြေခံ အသားအရေ ထိန်းသိမ်းနည်းများ

အမျိုးသားတို့အတွက် အခြေခံ အသားအရေ ထိန်းသိမ်းနည်းများ အမျိုးသားတွေ အနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းမွန်ပြီး အသား အရေ၊ ဆံကေသာ၊ လက်သည်းခြေသည်း တွေ ကြည့်ကောင်းနေစေဖို့ သိထားသင့် တဲ့ အခြေခံ ထိန်းသိမ်းနည်းတွေကို ရေး သားလိုက်ရပါတယ်။
ထိန်းသိမ်းနည်း(၁) အသားအရေ ကြေးချွတ် သန့်စင်ပါ
အမျိုးသား တွေအဖို့ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်ခန့် မျက်နှာကို ကြေးချွတ်သန့်စင် ပေးသင့်ပါတယ်။ တကယ်လို့ သင့်အသားအရေက အလွန် အမင်း ကြမ်းတမ်း ခြောက်သွေ့ပျက်စီး နေရင် တစ်နေ့တစ်ကြိမ် ကြေးချွတ်သန့် စင်ပေးပါ။ ကြေးချွတ်ပေးတာကြောင့် အရေပြားဆဲလ်သေတွေကို ကင်းစင် စေပြီး အသားအရေ စိုပြည်လန်းဆန်း စေပါတယ်။ ဒါ့အပြင် အရေပြား ပေါ်မှာ အစိုဓာတ် ထိန်းခရင်မ်ကို လိမ်းရင် စုပ်ယူအား ပိုမိုကောင်းမွန်စေပြီး စိုပြည် တင်းရင်း လှပစေပါတယ်။
ထန်းသိမ်းနည်း(၂) အစိုဓာတ်ထိန်းရာတွင် လက်သည်း၊ ခြေသည်းကိုပါ မမေ့ပါနှင့်
ထိန်းပေးရုံ သာမက လက်သည်း၊ ခြေ သည်းခြောက်သွြေွ့ကပ်ဆတ်နေရင် ရေ နံဂျယ်လီခပ်ထူထူလိမ်းပြီး လက်သည်း၊ ခြေသည်းတစ်ဝိုက်မှာ အစိုဓာတ်ထိန်းပါ။ အိပ်ရာဝင်ချိန်မှာ အစိုဓာတ်ထိန်းပြီးရင် ချည်သားလက်အိတ်ကို စွပ်ပေးရပါမယ်။ ဥယျာဉ်ခြံမြေစိုက်ပျိုးတဲ့အခါနဲ့ ကားရေဆေးတဲ့အခါတွေမှာ သားရေ လက်အိတ်စွပ်ပေးပါ။ ဒါဆိုရင် လက် အရေပြား ထိခိုက်မှု ကင်းစေပါတယ်။
ထိန်းသိမ်းနည်း(၃) အသားအရေထိခိုက် ပျက်စီးစေသည့် အပြုအမူရှောင်ပါ
အမျိုးသားတွေအတွက် အသားအ ရေ ထိခိုက်စေတဲ့ အပြုအမူတွေက ဆေး လိပ်သောက်တာ၊ အရက်အလွန်အမင်း သောက်တာနဲ့ အကာအကွယ်မပါဘဲ နေ ပူထဲ ထွက်တာတို့ ဖြစ်ကြပါတယ်။ နံနက်စောစော နေခြည်နုနု ခံယူတာက အဆင်ပြေပေမယ့် နေပူရှိန်ပြင်းတဲ့ အချိန်အပြင်မှာ ခပ်ကြာကြာ နေတာမျိုး ကို ရှောင်ပါ။ နေပူရှိန်ပြင်းတဲ့အချိန်မှာ အပြင်ကို သွားရမယ်ဆိုရင် နေကာနိုင် စွမ်း SPF အဆ ၃၀ ပါတဲ့ နေကာခရင်မ် ကို လိမ်းသင့်ပါတယ်။ ဆေးလိပ်၊ အရက်နဲ့ ခရမ်းလွန်ရောင်ခြည် သုံးမျိုးစလုံးဟာ အသားအ ရေကို အလွန်အမင်း ထိခိုက်မူ ဖြစ်စေနိုင်သလို အသက်အန္တရာယ် ထိခိုက်မှုကိုပါ ဖြစ်စေနိုင်ပါတယ်။
ထိန်းသိမ်းနည်း(၄) ဆံပင်ကို ကြက်ဥ၊ ဘဲဥသုံးပြီး ပေါင်းတင်ပါ
ရှမ်ပူအနည်းငယ်ထဲကို ကြက်ဥ ဒါမှ မဟုတ် ဘဲဥထည့်မွှေပြီး ဆံပင်သားအနှံ့ သုတ်လိမ်းပေးပါ။ အချိန် ငါးမိနစ်ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံပင် သားကို ပရိုတင်းဓာတ် ရရှိစေပါတယ်။
ထိန်းသိမ်းနည်း(၅) မျက်နှာကို သဘာဝပစ္စည်းများသုံးပြီး ဆေးကြောသန့်စင်ပါ
မျက်နှာနဲ့ လည်ပင်းကို သဘာဝ အအေးခရင်မ် (Cold Cream) လိမ်းပြီး ဂလစ်ဆရင်းနှင်းဆီရေနဲ့ သန့်စင်ပါ။ မျက်နှာအရေပြားကို ထိခိုက်စေတဲ့ ကြေး တွေနဲ့ အညစ်အကြေးတွေကို ကင်းစင် စေပါတယ်။
ကေအမ်

ထင်းနေတဲ့ မျက်ခုံးလေးတစ်စုံ

ထင်းနေတဲ့ မျက်ခုံးလေးတစ်စုံ

ထင်းနေတဲ့ မျက်ခုံးလေးတစ်စုံလူတစ်ဦး တစ်ယောက်ရဲ့ မျက်နှာမှာ ထူးခြားတဲ့ အချက်လေးတွေ ရှိတတ်တယ်။ ဥပမာ ကြည်စင်တောက်ပ နေတဲ့ မျက်ဝန်းတစ်စုံ ရှိသလား၊ ဒါမှမဟုတ် မြင်လိုက်တာနဲ့ ထင်းခနဲ သိသိသာသာ ကြီးတွေ့လိုက်ရတဲ့ မျက်ခုံး တစ်စုံလား၊ ဒါမှမဟုတ် ပေါ်လွင်တဲ့ နှာတံလေးလား၊ ပါးလွှာတဲ့ နှုတ်ခမ်း သားလေးတွေလား ဆိုတာ သင့်အာရုံ ကို ဖမ်းဆွဲယူမယ့် သူလေးရဲ့ မျက်နှာ ပေါ်မှာ သင်သတိထား မိပါလိမ့်မယ်။ ဒီတစ်ပတ်မှာတော့ သင့်မျက်နှာလေး ပေါ်မှာ သူတစ်ပါး အာရုံစိုက် သတိထား မိလာအောင် လုပ်ပေးနိုင်တဲ့ မျက်ခုံး လေးတစ်စုံ ဖြစ်လာအောင် ဘယ်လို ပြုပြင်ပေးနိုင်ပါသလဲ ဆိုတာ ဆွေးနွေး လိုပါတယ်။ ကဲ- ဒီလိုစကြရအောင်...
(၁) မျက်နှာ အသားအရေကို သဘာဝ အတိုင်း သန့်စင်လာ စေရန် မျက်နှာ သုတ် လက်ကိုင်ပဝါ သန့်သန့်လေး ဆောင်ပြီး သန့်ရှင်းပါ။ ဒီနေရာမှာ င်္Facial Scrub ကောင်းကောင်းလေး သုံးပေးသင့် ပါတယ်။
(၂) မျက်ခုံးလေး တွေကို ဘရပ်ခ်ျ တစ်ခုနဲ့ ဖြီးသင်ပါ။ သွားပွတ်တံ အသေးစား အသစ်လေး တစ်ချောင်း ဆောင်ထားပါ။ တချို့ကတော့ သွားပွတ်တံ (ဘရပ်ခ်ျ) အစား လက်ချောင်းလေး တွေနဲ့ပဲ သန့်ရှင်း ပေးတတ်ကြ ပါတယ်။
(၃) မျက်ခုံး လေးတွေ လှပလာ အောင်၊ ပေါ်လွင် လာအောင် နုတ်ပေး တာပဲဖြစ်ဖြစ်၊ ရိတ်ပေးတာပဲ ဖြစ်ဖြစ် ပြုလုပ်မယ် ဆိုရင် အလင်းရောင် ကောင်းကောင်း မျက်နှာပေါ် ကျလာ စေဖို့ လိုပါတယ်။ အကောင်းဆုံးက တော့ ပြတင်းပေါက် ဘေးမှာ အကျ အနထိုင်ပြီး အနေအထားကောင်း အောင်၊ ရအောင်ယူထားပါ။
(၄) ဇာဂနာလေး တစ်ချောင်း ဆောင် ထားပါ။ ဇာဂနာဝယ်တဲ့ အခါမှာတော့ ထိပ်ဖျား နေရာလေးတွေက မျက်ခုံး မွေးအမျှင်ကို အမိအရ မလွတ်တမ်း ဆုပ်ကိုင်နိုင်တဲ့ ဇာဂနာဖြစ်ပါစေ။ မညှပ်နိုင်ဘဲ လွဲချော်နေရင် လူကို စိတ်ဖိစီးမှု မြင့်တက်လာစေလို့ပါပဲ။
(၅) မျက်ခုံးမွေးလေး ပေါက်လာတဲ့ လားရာအတိုင်း ဇာဂနာထိပ်ဖျား လေးနဲ့ညှပ်ပါ။ မိမိရရ ဆုပ်ကိုင် လိုက်ပါ။ တစ်ကြိမ်ညှပ်လျှင် မျက်ခုံး မွေးတစ်မျှင်သာ ညှပ်ပါ။ လောဘကြီး သွားနိုင်ပါတယ်။ အရေပြား နားသို့ ဇာဂနာထိပ်ဖျား လေးများ ကပ်နေ ပါစေ။ အဝေးက ဆွဲနုတ်တာမျိုး မဖြစ်ပါစေနှင့်။
(၆) မည်သည့် နေရာမှဖြစ်စေ မျက်ခုံး မွေး နုတ်ပေး နိုင်ပါတယ်။ တချို့က အပေါ်က နုတ်ရမယ်လို့ ပြောပါ လိမ့်မယ်။ မဟုတ်ပါ၊ သင့်စိတ်ကြိုက် မည်သည့်နေရာကမဆို နုတ်လို့ရပါ တယ်။ အထူအပါး အကြီးအသေး ရှိတ်ရအောင် သင်ကိုယ်တိုင် ပုံဖော် စဉ်းစားထားပြီး နုတ်ပါ။ ဒါမှမဟုတ် လမ်းကြောင်းချ ထားပါ။
(၇) အကောင်းဆုံး မျက်ခုံးကတော့ လေးကိုင်း သဏ္ဌာန် မျက်ခုံးလေး ပါပဲ။ အရိုးဆုံးဟာ အဆန်းဆုံး ဖြစ်သည်ဆိုတဲ့ စကားအတိုင်း မရိုးနိုင်တဲ့ မျက်ခုံး တစ်စုံအဖြစ် အဘွားတို့ ခေတ်ကနေ မြေးတို့ခေတ်တိုင် အစဉ်အဆက် လက်ဆင့်ကမ်း ပေးသွားနေတာပါ။
(၈) အိုင်းရှဲဒိုး ဘရပ်ခ်ျ ရှည်ရှည်လေး ဒါမှမဟုတ် ခတြံလေးနဲ့ လေးကိုင်သဏ္ဍန် ဆွဲချပါ။ မျက်ခုံးထိပ် နှတံအရင်းမှသည် မျက်နက်ဝန်းအပြင် ဘက်ထောင့်တိုင်အောင် ဆွဲပေးနိုင်ပါတယ်။
(၉) မျက်ခုံးနှစ်ဖက်ကြား ကွက်လပ် နေရာဟာ အကွာအဝေးတူလေ၊ ပိုလှ လေ ဖြစ်တယ်။
လှယမင်းတင်

ပန်းနုရောင်နှုတ်ခမ်းသား

ပန်းနုရောင်နှုတ်ခမ်းသား

ပန်းနုရောင်နှုတ်ခမ်းသား နှုတ်ခမ်းလေး တွေဆိုတာ နှာရဲ့ အရေးပါလှတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ် ဆိုတာ ပြောစရာတောင် လိုမယ် မထင်ပါ။ နှုတ်ခမ်းလေး တွေက တစ်ဖက်လူကို ဆွဲဆောင်မှု အပြည့်အဝ ရရှိစေ တယ်ဆိုတာ ယုံကြည်ပါ။ နူးညံ့ပျော့ပျောင်းပြီး စိုလက်လှ ပတဲ့ နှင်းဆီရောင် နှုတ်ခမ်းသား လေးတွေကို လူသားတိုင်း အလိုရှိ ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မှာ နှုတ်ခမ်းသား လေးတွေ အရေခွံ လန်ပြီး ကြမ်းတမ်းလာ၊ အက်ကွဲ လာတာ မျိုးလည်း ကြုံရတတ်တယ်။
အရောင်စို လက်နီထွေးခြင်း မရှိဘဲ မဲတက်လာ တတ်တာ မျိုးလည်း တွေ့ရ ပါသေးတယ်။ အဲဒီလို ဘာကြောင့် ဖြစ် လာရသလဲဆိုရင် ကော်ဖီတွေ အ သောက်များ ခြင်းကြောင့် သော်လည်း ကောင်း၊ ရေအသောက်နည်းခြင်း ကြောင့်သော် လည်းကောင်း၊ ဆေးလိပ် အသောက်များ ခြင်းကြောင့် သော်လည်း ကောင်း၊ နေရောင်ခြည်နှင့် ထိတွေ့ မှုများလာတဲ့အတွက်ကြောင့်သော် လည်းကောင်း ဖြစ်နိုင်စရာ ရှိပါတယ်။ မိမိအိမ်တွင်းမှာပဲ နှုတ်ခမ်းလေး တွေ နီထွေးလာအောင် အောက်ပါ အတိုင်း ပြုလုပ်ပါ။
(၁) မျက်နှာသစ်တဲ့ အခါတိုင်း နှုတ် ခမ်းသားလေး နှစ်ခုကိုလည်း သန့်စင် ဖို့ မမေ့ပါနဲ့။ သွေးလည်ပတ်မှု ကောင်းစေရန် ၄င်းနေရာ တစ်ဝိုက် အသာအယာ နှိပ်နယ်ပေးပါ။ ဒါဟာ တစ်ရက်တည်းမဟုတ်ပါ။ နေ့စဉ် မှန် မှန်လုပ်ရမယ်ဆိုတာ မမေ့သင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ကပ်၊ နှုတ် ခမ်းနီတွေနဲ့ ဖုန်အမှုန်တွေ စေးကပ် လုံးထွေးပြီး ညစ်ပေနေတာမျိုးရှိနိုင်လို့ သန့်စင်ပေးပါက လေဝင်လေထွက် ကောင်းပြီး မွေးညင်းပေါက်၊ ချွေး ပေါက်လေးတွေပွင့် သွားစေနိုင်ပါတယ်။
(၂) ဇလုံတစ်ခုမှာ နွားနို့အနည်းငယ် နှင့် နနွင်းမှုန့် အနည်းငယ် ထည့်၍ ခပ်ပျစ်ပျစ် လေးဖြစ်အောင် မွှေပါ။ သေသေချာချာ မွှေပြီး ရောစပ်သွားပါ ကောင်းပါတယ်။ ပြီးရင် ရေအေးအေး လေးနဲ့ ပြောင်အောင် ဆေးချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် နှုတ်ခမ်းသားမှာ အမဲစက်ရှိရင် သို့မဟုတ် မဲနေလျှင် နူးညံ့စိုလက်၍ ပန်းသွေးရောင် ထလာ ပါလိမ့်မယ်။
(၃) သင့်အိမ်မှာ အလှဆီ (Glycerine) ရှိပါက နှုတ်ခမ်း သားလေးတွေ ပေါ်အစက်ချ၍ သုတ်လိမ်း ထားလိုက်ပါ။ နာရီဝက်၁ နာရီခန့်ကြာမှ ရေဆေးပါ။
(၄) နှုတ်ခမ်းသားများ မခြောက်သွေ့ စေရန် ရေများများသောက်ပါ။ အရည် ရွှမ်းသော သစ်သီးများနှင့် ဖျော်ရည် များသောက်ပါ။ နှုတ်ခမ်းသား စိုလတ်စေမယ့် အရည်အသွေး ကောင်းမွန်မယ့်တဲ့ နာမည်ကြီး အမှတ်ဆံဆိပ် အလှကုန် မျိုးကိုသာ သုံးပါ။ ဈေးကြီးပေမယ့် သင့်နှုတ်ခမ်းသား လေးများအား အစို ဓာတ် ထိန်းထားပေး ပါလိမ့်မယ်။ ထို့ အပြင် Petroleum jelly ပါရှိသဖြင့် သင့်နှုတ်ခမ်းအား နူးညံ့စေရုံသာမက သဘာဝနှုတ်ခမ်း အရောင်ကို ထပ်မံရရှိ စေပါလိမ့်မယ်။
(၅) သင့်အိမ်မှာ ပျားရည်ရှိ ပါသလား။ ရှိတယ်ဆိုရင် မအိပ်ခင် ပျားရည်ကို နှုတ်ခမ်းများမှာ သုတ်လိမ်းပြီးမှ အိပ် ပါ။ ပျားရည်က သင့်နှုတ်ခမ်းလေး များအား နူးညံ့စိုလက်၍ လှပစေပါ လိမ့်မယ်။
(၆) သံပရာသီး ကိုလည်း နှုတ်ခမ်း လေးတွေ အတွက် သုံးပေး နိုင်ပါတယ်။ သံပရာသီးမှာ ဗီတာမင်စီ ကြွယ်ဝလို့ အသားဖြူ စေတယ်။ နှုတ်ခမ်းမဲ နေပါက ဖြူစင်လာအောင် သုတ်လိမ်း ပေးနိုင်ပါ တယ်။ နှုတ်ခမ်းသား ပေါ်ရှိ အမဲစက် များကို ဖယ်ရှားပစ်နိုင်တယ်။
(၇) ထောပတ်သန့်သန့်လေးရ အောင်ဝယ်ပါ။ ပြီးရင် နှုတ်ခမ်းသား ပေါ်မှာ စိမ့်ဝင်အောင် သုတ်လိမ်းပါ။ နှုတ်ခမ်းပေါ်ရှိ အမဲစက်များ သက်သာ ပျောက်ကင်း သွားပါလိမ့်မယ်။
(၈) ပျားရည်၊ ဒိန်ချဉ်နှင့် ဂျုံမှုန့်တို့ ကို ရောမွှေပြီးပျစ်အောင် ခပ်နာနာ နယ်ပါ။ ပြီးရင် သံပရာရည်ညှစ်ထည့် ပါ။ အဲဒါကို နှုတ်ခမ်းလေးတွေပေါ် လိမ်းပေးပါကပန်းသွေးရောင်ထလာ တာ တွေ့ရပါလိမ့်မယ်။
(၉) ကော်ဖီနှင့် လက်ဖက်ရည်လို သွားတွေအရောင် စွန်းစေမယ့် အစား အစာတွေ နေ့စဉ်စားပါက ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်(ဆားဆော်ဒါ)မှုန့်ကို သွားလေးတွေ ပေါ်မှာ ပွတ်တိုက်ပေးပြီး သွားဖြူစေတဲ့ သွားတိုက်ဆေးအား သွားပွတ်တံ ပေါ်ညှစ်ပြီး ၂ မိနစ်ကြာ အောင် တိုက်ပါ။ ပြီးရင် ရေစင်စင် ဆေးချပါ။ ဤသို့နေ့စဉ် မှန်မှန်ပြု လုပ်ပေးပါက သွားချေးများပြောင်စင် ပြီး ကြွေသားလေးတွေ စိုလက်လာစေ ပါတယ်။ အစွန်းအထင်း များလည်း မရှိ တော့ပါ။ 

ဝိတ်ချလိုလျှင် ရေသောက်ပါ

ဝိတ်ချလိုလျှင် ရေသောက်ပါ

water
တော်တော်များများ သိပြီးသား ဖြစ်မယ်ထင် ပါတယ်။ ရေသောက်ခြင်းက တကယ် ဝိတ်ကျစေပါတယ်။
 ရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းက ကယ်လိုရီတွေ ကို လောင်ကျွမ်းစေ ပါတယ်။ ဒါကြောင့် အဆီဖြစ်နိုင်ချေရှိမယ့် အဟာရဓာတ်များကို ဖျက်ဆီးပြီး ကျန်းမာစေပါတယ်။ ရေက သဘာဝ အဆိပ်ဖြေဆေး တစ်မျိုးလိုပါပဲ။ တစ်နေ့တာ မိမိစားသုံး သမျှ အစားအစာထဲက မလိုအပ်တဲ့ အဆီ၊အဆိပ်များ ကို ရေသောက်ခြင်းဖြင့် ဖယ်ရှားပေးပါတယ်။
ယင်းဖယ်ရှားလိုက်တဲ့ အဆိပ်နဲ့ အညစ်အကြေးကို ဆီးအဖြစ် ဆီး လမ်းကြောင်းမှ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ရေကို လိုအပ်သလို သင့်တင့်မျှတစွာ ပုံမှန် သောက်သုံးခြင်းဖြင့် အဆီ မတက်စေပဲ ဝိတ်ကျရန် များစွာ အထောက်အကူ ပြုနိုင်ကြောင်း သိရပါတယ်။

စနစ်တကျ မျက်နှာသစ်နည်း

စနစ်တကျ မျက်နှာသစ်နည်း 

 စနစ်တကျ မျက်နှာသစ်နည်းစနစ်တကျ မျက်နှာသစ်နည်းတစ်နေ့လျှင် နှစ်ကြိမ် မနက် တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။ မကြာခဏ ထပ်ကာ ထပ်ကာ မျက်နှာ သစ်ခြင်းဟာ အရေပြားရဲ့အပြင်ဘက် ဆုံးအလွှာ Startum Corneum ကို ပျက်စီးစေပါတယ်။ အဲဒီအလွှာဟာ တစ်ခါပျက်စီးသွားပြီးရင် ပြန်လည် ကောင်းမွန်ဖို့၁၄နာရီကြာမြင့်ပါတယ်။ -

- Acidic Formula (4.5 - 5 pH) သာ ပါဝင်တဲ့ အပျော့စား မျက်နှာသစ် ဆပ်ပြာကိုသာ အသုံးပြုပါ။ ဆပ်ပြာ ကြမ်းများကို အသုံးပြုကာ မျက်နှာ သစ်ခြင်းက မျက်နှာ အရေပြား ပေါ်မှာ ရှိတဲ့ အဆီတွေကို ဖယ်ရှားပေး သလို ဖြစ်သွားကာ ထိုအရေပြားဟာ ပျက်စီး သွားပါတယ်။
- ဆာလဖိတ် သို့မဟုတ် Petrochemical (ဥပမာ - Propylene glycol ) တို့ဖြင့် ဖော် စပ်ထားသော မျက်နှာ သစ်ဆပ်ပြာ များကို ရှောင်ရှားပါ။ သင့်အတွက် အသင့်တော်ဆုံး ဖြစ်မယ့် မျက်နှာသစ် ဆပ်ပြာ တစ်မျိုး တည်းကိုသာ ရွေးချယ်ပြီး စွဲမြဲအသုံး ပြုပါ။
ဇင်မာမြင့်

 
Twitter Bird Gadget