ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, October 31, 2013

ကုမ္ပဏီ မတည်ငွေ သတ်မှတ်ချက် ပယ်ဖျက်

တနိုင်တပိုင် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရ

မြန်မာ နိုင်ငံသားတွေ ကုမ္ပဏီ ထောင် ရာမှာ အရင် သတ်မှတ်တဲ့ မတည် ငွေရင်းနဲ့ ကနဦး ထည့်ဝင်ရမယ့် ငွေပမာဏ သတ်မှတ်ချက် ကို ရုပ်သိမ်း လိုက်တယ်လို့ အမျိုးသား စီမံကိန်း ဝန်ကြီး ဌာန က ကြေညာပါတယ်။

ဒါကြောင့် မြန်မာ နိုင်ငံသားတွေဟာ ကိုယ်တတ်နိုင်တဲ့ ငွေနဲ့ စတင်ပြီး ကုမ္ပဏီ တည်ထောင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

လုပ်ငန်း ပမာဏ အပေါ် မူတည်ပြီး မိမိ မတည်လိုတဲ့ ငွေနဲ့ တနိုင်တပိုင် နဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိစေမှာ ဖြစ်သလို ကုမ္ပဏီတွေ များလာတဲ့ အတွက်လည်း အစိုးရ အတွက် အခွန်ငွေ တိုးလာ စေမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က ပြောပါတယ်။

အခုလို ကန့်သတ်မှု ဖြေလျှော့ ပေးလိုက်တဲ့ အပေါ် စီးပွားရေး လုပ်ငန်းရှင် တွေက ကြိုဆို ခဲ့ကြပါတယ်။

ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်းတွင် မြန်မာအောက်ဆုံးက ပါဝင်နေ


မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းက ပါဝင်နေပါတယ်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အဆိုးဆုံး နိုင်ငံများစာရင်းပါ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ မြန်မာက အဆင့် ၁၈၂ မှာရှိပါတယ်။

မြန်မာရဲ့နောက်မှာ အီရီထရီးယား၊ ချတ်၊ ဆူဒန် စတဲ့နိုင်ငံတွေရှိပါတယ်။ ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်နေတဲ့ Doing Business Report ခေါ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေး အခြေပြနိုင်ငံများစာရင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ဒီနှစ်ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ စာရင်းမှာ စီးပွားရေး စတင်ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူမှုအခြေအနေ၊ ခက်ခဲတဲ့အခြေအနေတွေ အပေါ်မုတည်ပြီး နိုင်ငံတွေကို အဆင့်သတ်မှတ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ဖို့၊ စရိတ်စက ကြီးမားလွန်းပြီး၊ လုပ်ငန်းထူထောင်ဖို့ အဆင့်တွေကလည်း ခက်ခဲကြာမြင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ဖို့ ၇၂ ရက်လောက်ကြာမြင့်ပေမယ့် စင်္ကာပူနိုင်ငံမှာ သုံးရက်တောင်မကြာဘူးလို့ ဆိုပါတယ်။

ဒါ့ပြင် ဥပဒေဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးရဦးမှာဖြစ်သလို လုပ်ငန်းကန်ထရိုက်ဆိုင်ရာကိစ္စတွေမှာလည်း တီမောနိုင်ငံထက် နည်းနည်းပဲသာတယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။

ဓာတ်အားခ အပြောင်းအလဲကြောင့် မီးခိုးသုံးမှု ပိုများလာနိုင်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြင်ဆင်သတ်မှတ်လိုက်သည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားသည်
သင့်တင်မျှတသော်လည်း စီးပွားရေးလုပ်ငန်းများအနေဖြင့် အနည်းနှင့် အများ ဓာတ်အားခတိုးမြှင့်
ပေးဆောင်ရန်ရှိသည့်အတွက် တရားမ၀င်နည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲခြင်း (သို့) မီးမှောင်ခို
မှု ပိုများလာနိုင်သည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်အကျိုးသက်ရောက် မည့် ပြင်ဆင်
သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းထားများမှာ အိမ်သုံးမီတာများအတွက် တစ်ယူနစ်လျှင် ပုံမှန်
၃၅ ကျပ်ဈေးနှုန်း၊ ၁၀၁ ယူနစ်အထက် ကျပ် ၅၀ နှုန်း၊ စီးပွားရေး လုပ်ငန်းသုံး ပါဝါမီတာများအတွက်
တစ်ယူနစ် လျှင် ကျပ် ၁၀၀ နှုန်း၊ ယူနစ် ၅,၀၀၀ နှင့် အထက် ကျပ် ၁၅၀ နှုန်းဖြစ်ပြီး အစိုးရဌာန များ
အနေဖြင့် သုံးစွဲမှုမည်မျှရှိသည်ဖြစ်စေ ရုံးသုံးတစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းနှင့် စက်မှုလုပ်ငန်းသုံး
ကျပ် ၁၀၀ နှုန်းဖြစ်သည်။

"တရားမ၀င်နည်းလမ်းနဲ့ မီးခိုးသုံးတာတွေ အမြဲတမ်းဖြစ်နေတာပါ။ အရေးယူဆောင်ရွက် တာတွေ
လည်း ရှိပါတယ်။ အခုသတ်မှတ်လိုက် တဲ့ ဈေးနှုန်းက မျှတပါတယ်။ ပြည်သူလူထုကို ထိခိုက်မှု
မရှိနိုင်ပါဘူး။ စက်မှုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကတော့ အနည်းနဲ့ အများ ပိုပေးရမယ့်
သဘောပေါ့။ ဒါကြောင့် တရားမ၀င်နည်းလမ်းနဲ့ မီးခိုးသုံးတာတွေ ရှိလာနိုင်တဲ့အတွက် ကျွန်တော်
တို့ဘက်ကလည်း လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ပြင်ဆင် ထားပါတယ်" ဟု ရန်ကုန်တိုင်း
ဒေသကြီးမှ တိုင်း လျှပ်စစ်အင်ဂျင်နီယာချုပ်ဖြစ်သူ ဦးထွန်း ကြွယ်က ပြောကြားသည်။

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများမှ လျှပ်စစ်ဓာတ်
အားထုတ်လုပ်လျက်ရှိရာ ပျမ်းမျှထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း
ရှိပြီး တစ်နှစ်လျှင် ကျပ် ၁၈၅ ဘီလျံခန့် နိုင်ငံတော်က အရှုံးခံစိုက်ထုတ်ပေး နေရကြောင်းလည်း ၎င်း
က ပြောကြားသည်။

"ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဈေးနှုန်းကြောင့် မီးမှောင်ခိုသုံးတာတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါပေမဲ့
ကြာကြာမခံပါဘူး။ ဘာလို့ဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးပဲဖြစ်ဖြစ်၊ ဖြန့်ဖြူးရေးပဲဖြစ်ဖြစ် ပုဂ္ဂလိ
ကရင်းနှီးမြှုပ်နှံသူ တွေ ၀င်လာတဲ့အခါ တရားမ၀င်သုံးတာမျိုး တွေ လုပ်လို့ရမှာ မဟုတ်တော့ပါဘူး။
အခုသတ် မှတ်လိုက်တဲ့ ဈေးနှုန်းက လောလောဆယ်အနေ အထားအရ မျှတပါတယ်။ ရှေ့လျှောက်
တက်ဖို့ပဲ ရှိတယ်" ဟု ပုဂ္ဂလိကဓာတ်အားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့်Myanmar Central
Power ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇေယျသူရမွန်က ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိထုတ်လုပ်မှုစရိတ် သည် ရေအားလျှပ်စစ်ဖြင့် တစ်ယူနစ် ကျပ် ၅၀ မှ ကျပ် ၇၀၊
ကျောက်မီးသွေး ကျပ် ၁၀ နှင့် သဘာဝဓာတ်ငွေ့သုံး ကျပ် ၁၃၀ နှုန်းကျသင့် ပြီး လက်ရှိပြင်ဆင်သတ်
မှတ်လိုက်သည့် ဈေးနှုန်းအရ အစိုးရအနေဖြင့် တစ်ယူနစ်လျှင် ၁၂၅ ကျပ်ဖြင့်သာ ရောင်းရသည့်
အတွက် အမြတ်မရှိနိုင်ဘဲ ဈေးရင်းအတိုင်းလောက်သာဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ် အားကို အရှုံးခံဖြန့်ဖြူးပေးနေသည်ဆိုသော် လည်း
စမ်းချောင်းမြို့နေသူတစ်ဦးဖြစ်သူ ဦးသူရမျိုးကမူ "၀န်ကြီးဌာနက နစ်နာနေရပါတယ်လို့ လျှပ်စစ်က
လူကြီးတွေဆိုပေမယ့် မီးမှောင်ခို သဘောနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး မီတာခ အတိုးအလျှော့
လုပ်နေတာကို မီဒီယာတွေက ဖော်ထုတ်သင့်ပါတယ်။ တစ်ချိန်လုံးအေးနေအောင် ဖွင့်ထားတဲ့ စူပါ
မားကက်ကြီးတွေ မီတာခ ဘယ်လောက် ဆောင်နေသလဲဆိုတာမျိုး သိဖို့ လိုနေပါတယ်" ဟု
ပြောကြားသည်။

ယခင်အစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် သည့်
အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးက ၂၀၀၆ ခုနှစ်၊ မေလတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ
ပြင်ဆင်သတ်မှတ်ခဲ့ပြီး အစိုးရ သစ် လက်ထက် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတွင် နောက်တစ်ကြိမ် လျှပ်
စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံ၌ မြို့ပေါင်း ၃၉၆ မြို့ရှိသည့် အနက် ၂၂၄ မြို့သည် လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်သော်လည်း
ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိသည့်အနက် လျှပ်စစ်ဓာတ် အား မရရှိသေးသည့် ကျေးရွာပေါင်း
လေးသောင်းကျော် ကျန်ရှိနေသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်း သာ
လျှပ်စစ်ဓာတ်အား ရရှိနေသေးသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးတွင် ပုဂ္ဂလိကကုမ္ပဏီများ ၀င်ရောက် လုပ်ကိုင်နေ
သော်လည်း လျှပ်စစ်ဓာတ်အား တစ်ဆင့် ထုတ်လုပ်ရောင်းချရေးအတွက် ဈေးနှုန်းသတ်မှတ်ရေး
အခက်အခဲများရှိနေ သည်ဟု သိရပြီး ပုဂ္ဂလိကဓာတ်အားထုတ်လုပ်ရေးစနစ်မှ အများပြည်သူသို့
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရောင်းချရာတွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၌
တစ်ယူနစ်လျှင် သုည ဒသမ ၂ ဒေါ်လာ (၁၉၄ ကျပ်)၊ စင်ကာပူ နိုင်ငံ၌ သုည ဒသမ ၂၆ ဒေါ်လာ
(၂၅၂ ကျပ်)၊ ထိုင်းနိုင်ငံ၌ သုည ဒသမ ၁ ဒေါ်လာ (၉၇ ကျပ်) နှုန်း အသီးသီးရှိကြပြီး မြန်မာနိုင်ငံ၌
လက်ရှိဖြန့်ဖြူးပေးနေသော ဈေးမှာ တစ်ယူနစ်လျှင် သုည ဒသမ ၀၆ ဒေါ်လာနှုန်းဖြစ်သည်။

အစ္စလမ်မစ်သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်


မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်ရွာအနီး၊ သစ်တောကြိုးဝိုင်း အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ အစွန်းရောက် အစ္စလမ်မစ် သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက People Power သို့ ဆက်သွယ်ပြောကြားသည်။

ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်စပ်ဆက်နေသော နယ်စပ် နေရာဖြစ်သည့် ယင်းသစ်တော ကြိုးဝိုင်းအတွင်းရှိ မြေဧက ၁၀၀၀၀ကို Moon as star (ကြယ်နှင့်လ) ကုမ္ပဏီမှ နှစ်၃၀ မြေအဌားစာချုပ်ဖြင့် ဌားရမ်းလုပ်ကိုင်ရန် သစ်တော ဝန်ကြီးဌာနသို့ လျှောက်ထားကြောင်း ၎င်းကရှင်းပြသည်။

“ဘာသာခြား ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့် ပေးလိုက်မယ်ဆို ထိုင်းနိုင်ငံဘက်က အစ္စလာမ်မစ်စစ်သွေးကြွ သူပုန်တွေ လာရောက်တောခိုမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်" ဟု မောတောင်ရွာသားများ၏
စိုးရိမ်မှုကို ၎င်းက ကိုးကား၍ ပြောဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်းအတွက် စိုက်ပျိုးမြေအဖြစ် ဖန်တီးလိုခြင်းဖြစ်ပြီး ဒေသခံများကို ကန်ထရိုက်စနစ်ဖြင့် ပြန်လည်လုပ်ကိုင်စေမည် ဖြစ်ကြောင်း Moon as star (ကြယ်နှင့်လ)ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်သန်းဦးက ရှင်းလင်းပြောဆိုသည်။

“အစ္စလာမ်မစ် စစ်သွေးကြွ သူပုန်ကိစ္စက မဟုတ်ပါဘူး။ စီးပွားရေး ပြိုင်ဘက်တွေက လွှင့်တဲ့ ကောလဟလတွေပါ” ဟု ၎င်းက ပြောဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်စလင်သူပုန်များသည် ထိုင်းအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်လျက်ရှိသော်လည်း ယနေ့ထိငြိမ်းချမ်းရေး မရသေးဘဲ ထိုင်းနိုင်ငံမှ သီးခြားခွဲထွက်ရန် တောင်းဆိုမှု ပြုလုပ်နေဆဲဖြစ်သည်။

သမ္မတကြီးဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ကိုယ်တိုင်ဖွင့်ဟခဲ့သည့် အချစ်အကြောင်း





 



 
လက်ရှိ သမ္မတဦးသိန်းစိန်ရဲ့ ငယ်ဘဝ အကြောင်း၊ နှလုံးသားရေးရာအကြောင်း ဖတ်ရတာ မဆိုးပါဘူး။ နောက်တဆက် သမ္မတလုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "မောင်လေးအဲရစ်ကို ချစ်လိုက်တာ" ဆိုတဲ့ နှလုံးသားရေးရာအကြောင်း ကိုယ်တိုင်ရေးလေးတွေ ရှိရင်လည်း ပို့ပေးကြပါအုံး...။ အမှန်တရားကို တင်ရဲတဲ့လူရှိရင်လည်း တင်ပေးကြပါအုံး..။

ဖုန်းလိုင်းကြားဖြတ်နားထောင်ခံရမှု စာရင်း မြန်မာပါဝင်၊ ဂျာမနီ နှင့် အခြား နိုင်ငံပြည်သူများ အမေရိကန်ကို ဆန္ဒပြလျှက်ရှိ၊ လူ့ အခွင့်ရေး ချိုးဖောက် ခံရသည့် မြန်မာပြည်သူများလည်း ဆန္ဒပြသင့်


အမေရိကန် ပြည်ထောင်စုက လူ့အခွင့်အရေးချိုးဖောက်ကာ တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံ နှင့် မြန်မာပြည်သူတို့လည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။

သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို အမေရိကန်က ကြားဖြတ် ထောက်လှမ်းနေပြီး အဲဒီထဲမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံထုတ် Sydney Morning Herald သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။


လူ့အခွင့်အရေးချိုးဖောက် ခံရမှုအတွက် ဂျာမနီအပါအဝင် အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံများမှ ပြည်သူ အများအပြား ဆန္ဒပြလျှက်ရှိပေမယ့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ တစ်ခု အပါအဝင်ဖြစ် တဲ့ မြန်မာပြည်သူများကတော့ ဆန္ဒပြတာမျိုး မရှိသေးပါဘူး။


အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ မဟာမိတ် နိုင်ငံတွေကိုတောင် ဆက်သွယ်မှုတွေနဲ့ ပတ်သက်လို့ ကြားဖြတ်နားထောင်တဲ့ အမေရိကန်က မြန်မာ နိုင်ငံကို အလားတူ လုပ်ဆောင်မယ် ဆိုရင်လည်း အံ့သြစရာတော့ မရှိဘူးလို့ သူက ပြောပါတယ်။

မြန်မာပြည်သူများဟာ မိမိနိုင်ငံအစိုးရ (သို့မဟုတ်) ဆက်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်လုံခြုံရေး အကြောင်းပြပြီး ကြာဖြတ်နားထောင် တယ်ဆိုရင် အသံပေါင်းစုံထွက်ကာ ဆန္ဒပြကြမှာဖြစ်ပေမယ့် တခြားနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ပြီး နားထောင်ခြင်းကိုတော့ ဆန္ဒမပြရဲကြသေးဘူးလို့ သိရပါတယ်။ မွတ်ဆလင်အကြမ်းဖက်မှု ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ဆိုတဲ့ စကားကို အကြိမ်ကြိမ်သုံးပြီး နာမည်ကောင်းယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကင်တားနား၊ ဒလိုင်းလားမား၊ BC UK နဲ့ အီလက်ထရောနစ်ပုဒ်မ နဲ့ တရားစွဲလေ့ရှိတဲ့ Eleven Media အပါအဝင် အခြား မြန်မာအသင်း အဖွဲ့များကလည်း မြန်မာပြည်သူတို့အပေါ် အမေရိကန်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တစ်စုံတရာ ပြောဆိုကန့်ကွက်ကြခြင်း မရှိပဲ ဆွံ့အနေကြတာကို ထူးဆန်းစွာတွေ့ရပါတယ်။

ဆီးဂိမ်းပြည်ပဧည့်အဝင် မျှော်မှန်းထားသည်ထက်များပါက ပူရန်မလို၊ အခန်း ၂ဝဝ ကျော် အရန်သင့်ရှိဟုဆို

 
ဆီးဂိမ်းတွင် နိုင်ငံခြားဧည့်အဝင် နှုန်းခန့်မှန်းထားသည်ထက် များပါက လည်း အခက်အခဲမရှိစေရန် အိပ်ခန်း ဆောင်နှစ်ရာကျော်အရန်သင့် စီစဉ် ထားကြောင်းရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။

''လာမယ့် ဆီးဂိမ်းအတွက် အား လုံးအရန်သင့်ဖြစ်နေပြီ၊ ခုက လူမငြိမ် သေးဘူး။ ဟော်ကီအားကစားပါတယ်။ ဘာညာနဲ့သေချာမငြိမ်သေးဘူး။ ဒါပေမဲ့ ရန်ကုန်ဇုန်အနေနဲ့ဝန်ကြီးဌာနက သတ် မှတ်တဲ့အတိုင်း အဆင်သင့်ပဲ'' ဟု ဦး တင်ဝင်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီး၌ ဟိုတယ်အသစ်များလည်း ထပ်မံ တိုးချဲ့ဆောက်လုပ်လျက်ရှိပြီး ဆီးဂိမ်း အမီဖွင့်လှစ်သွားမည့် ဟိုတယ်အသစ် များရှိသကဲ့သို့ ဆီးဂိမ်းမမီပါကလည်း နောင်တွင် ဖွင့်လှစ်သွားရန် စီစဉ်နေ သည့် ဟိုတယ်များရှိသောကြောင့် မြန် မာနိုင်ငံ သို့ နိုင်ငံခြားသားဧည့်ဝင်ရောက် မှုနှုန်း တိုးလာတာနှင့်အညီ ဟိုတယ်အခန်း အရေအတွက် လောက်ငမှုရှိ ကြောင်း ၎င်းက ရှင်းပြသည်။

''လူကြီးက စိုးရိမ်တာက ဧည့် သည်ဝုန်းဆို ဝင်လာရင် မဆံ့မှာစိုးလို့ အရန်ထားတာပေါ့။ အဆင်ပြေတာက ပြေပါတယ်။ ဒီဧည့်သည်ကလည်း ဝင် လာတာနဲ့ ဟိုတယ်တွေကလည်း တိုး လာတာတွေရှိတယ်''ဟု ဦးတင်ဝင်းက ပြောသည်။ ထို့အပြင် လုံခြုံရေးအပိုင်း စိတ်ချ ရစေရန်အတွက် ဝန်ကြီးဌာနမှ သတ် မှတ်ပေးထားသည့် ဟိုတယ်များတွင် လည်းလုံခြုံရေး အထူးကြပ်မတ်မှုရှိစေ ရန် စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိ ပြီး ဆီးဂိမ်းမရောက်ခင်ကြား ကာလ တွင်လည်း ထပ်မံစစ်ဆေးမှုများ ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

''ဆီးဂိမ်းအတွက် လုံခြုံရေးက တော့ ပြန်စစ်ရမှာ၊ လိုတာတော့ သိပ် မတွေ့တော့ဘူး။ စီစီတီဗီကတော့ ဘယ် နှလုံးတပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် တော့မရှိဘူး။ ဧည့်ကိုလည်း အနှောင့် အယှက်မဖြစ်အောင်လုပ်ရတယ်လေ''ဟု ဦးတင်ဝင်းက ဆက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လက် ရှိ၌ ဟိုတယ်အလုံးရေ နှစ်ရာ့နှစ်ဆယ် ရှိပြီး ပြီးခဲ့သည့်နှစ်တွင် အလုံးရေ တစ် ရာ့ရှစ်ဆယ်သာရှိခဲ့ပြီး ဟိုတယ် အလုံးရေနှင့် ဟိုတယ်အခန်းပေါင်း ပိုမိုတိုးလာကြောင်း သိရသည်။

မြန်မာပြည်သူအများအပြား လေးစားအားကျသည့် ဒီမိုကရေစီ အမေရိကန်တွင် ထောက်လှမ်းရေးများက Google နဲ့ Yahoo ကြားဖြတ်ဖမ်းယူ၊ မြန်မာထောက်လှမ်းရေးလည်း အတုယူသင့်


ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။

NSA အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာဟောင်း Edward Snowden ဖောက်ထုတ်လိုက်တဲ့ အချက်အလက်တွေနဲ့၊ နားကြီး မျက်စိကြီး အာဏာပိုင်တွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး NSA အမေရိကန် အမျိုးသားလုံခြုံရေး လျှို့ဝှက် အစီအစဉ်အချို့ကို သိရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် The Washington Post သတင်းစာကြီးမှာ ရေးသားဖော်ပြပါတယ်။

NSA နဲ့ ဗြိတိန်က GTCHQ ဗြိတိန်အစိုးရ ထောက်လှမ်းရေးအေဂျင်စီတို့ တွဲပြီး MUSCULAR ဆိုတဲ့ စီမံချက်တခု ဆောင်ရွက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီစီမံချက်ဟာ Google နဲ့ Yahoo ရဲ့ နိုင်ငံတကာကွန်ယက်တွေအကြား သတင်းအချက်အလက်တွေ သယ်ပို့တဲ့ ဖန်ကြိုးမျှင် Cable ကို လျှို့ဝှက် ကြားဖြတ် သတင်းရယူတာမျိုးတွေ လုပ်တာလို့ ဆိုပါတယ်။

Google နဲ့  Yahoo ကတော့ သူတို့အနေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို အခုလို ကြားဖြတ်ပြီး လျှို့ဝှက် အချက်အလက်ယူတာမျိုး သူတို့ ခွင့်ပြုပေးခြင်း မရှိဘူးလို့ ကြေညာချက်ထုတ် တုံ့ပြန်ထားပါတယ်။

ဖလမ်းတွင် အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ

 
ဖလမ်း အောက်တိုဘာ ၃၁ ချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။ ''ကျွန်တော် တို့ ရှာဖွေတွေ့ရှိထားတဲ့ကိစ္စကို အထက်အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တူးဖော်ခွင့်ကိုလည်း မကြာခင်မှာ ရရှိနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်'' ဟုလာလ်းရမ်းပမ်းနာ က ပြောသည်။ ဓာတ်ပုံများတွင် တွေ့ရှိချက်အရ ယင်းကျောက်မျက်များသည် ပတ္တမြားကဲ့သို့အစိမ်းရောင် သန်းကာ ကြည်လင်နေပြီး အခြားသောအရောင်များဖြင့် ခြယ်သကာ အလှပစ္စည်းနှင့် အိမ်တွင်းအလှ ဆင်မြန်းရာတွင် အဓိကအသုံး ပြုလျက်ရှိကြသည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ တောင်ကြောတစ်ခုတွင် Chrysoprase ကျောက်မျက်အမြောက်အမြား ထွက်ရှိနိုင်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ ကျော် ခန့်ဖြင့် ပေါက်ဈေးရှိသည်ဟု သိရသည်။
 
Credit To:သတင်းနှင့်စာနယ်ဇင်း Zin Yaw မှ

Wednesday, October 30, 2013

ဘင်္ဂလားဒေ့ရှ် စက်လှေပျက်က ထွက်ပြေးသူ ၁၈ယောက် ထပ်မိ

 
ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားကို လူမှောင်ခို တင်ပို့တဲ့ စက်လှေကနေ ထွက်ပြေး ပုန်းအောင်းနေတဲ့ လူပေါင်း ၁၈၀ ခန့် ကို မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံ ဖမ်းဆီးနေတဲ့ နေရာမှာ မနေ့ကလည်း နောက်ထပ် လူတော်တော်များများကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလှေပေါ်ပါ လူတွေထဲက ၁၈ ယောက်ကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီး မိခဲ့တာဖြစ်ပြီး အခု နောက်ထပ် ၁၈ ယောက် ထပ်မံ ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ဖမ်းဆီးရမိသူ ၃၆ယောက် ရှိသွားပြီ ဖြစ်တယ်လို့ မောင်တာ ခရိုင် ရဲမှူးကြီးက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကျန်တဲ့ လူတွေကို ရဲနဲ့ စစ်တပ်က လိုက်လံ ရှာဖွေ နေတုန်းဘဲလို့ သိရပါတယ်။

ဒေသခံ တယောက်က ပြောပြရာမှာတော့ မြူတောင် အတိုင်းသွားရင် နယ်စပ်က ဗူးသီးတောင် မောင်တောကို အလွယ်တကူ ရောက်နိုင်တာကြောင့် ထွက်ပြေး လွတ်မြောက်သွားသူတွေဟာ လမ်းကျွမ်းကျင်ပုံ ရပြီး သူတို့ကို ဆက်လက် ရှာဖွေရာမှာ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။

အခုတော့ ဖမ်းဆီးရမိသူ ၃၆ ယောက်ကို မောင်တော ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ချိန်ခါလီ ကျေးရွာအနီးမှာ ဘင်္ဂလားဒေ့ရှ်က စက်လှေ တစ်စီး အတင်း ၀င်ရောက် ဆိုက်ကပ် လာတဲ့ အတွက် လူပေါင်း (၁၈) ဦးကို နယ်မြေခံ စစ်တပ်က ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စက်လှေဟာ လူပေါင်း ၁၈၀ ခန့်ကို တင်ပြီး မလေးရှားကို ဘင်္ဂလားဒေ့ရှ် ကနေ ထွက်ခွာလာရာမှာ စက်လှေ ပေါက်ပြီး မြန်မာဘက်ကို အတင်းထိုးတင်ခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလာ လူမှောင်ခို စက်လှေမှ ဖမ်းမိသူ ၃၆ ဦး ရှိပြီ


ရခိုင်ပြည်နယ် ရသတော့င်မြို့နယ်သို့ ၀င်ရောက် ဆိုက်ကပ်လာသော လူမှောင်ခို စက်လှေမှ ထွက်ပြေး ပုန်းရှောင်နေသူများကို နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုက်လံ ရှာဖွေ ဖမ်းဆီးနေရာ ယမန်နေ့ (အောက်တိုဘာလ ၂၉) ရက်နေ့ထိ ဖမ်းဆီးမိသူ အရေအတွက်မှာ ၃၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

၎င်းထွက်ပြေးတိမ်းရှောင်နေသူများကို ရသေ့တောင်နှင့် မောင်တောမြို့နယ် အတွင်း နယ်မြေခံ စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြောင်း မောင်တော ခရိုင်ရဲမှူးကြီး ဦးရွှေသန်းက ပြောကြားသည်။

“ သူတို့ ထွက်ပြေးသွားနိုင်တယ်လို့ ယူဆတဲ့ နေရာတွေကို ရဲနဲ့ နယ်မြေခံ တပ်ဖွဲ့တွေက လိုက်လံ ရှာဖွေ ဖမ်းဆီးမူတွေ ပြုလုပ်နေပါတယ်။ မနေ့က ညနေပိုင်းထိ ဖမ်းဆီးမိသူ အရေအတွက်က ၃၆ ဦး ရှိသွားပါပြီ” ဟု ယင်းက ဆိုသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က လူပေါင်း ၁၈၀ ခန့်ကို တင်ဆောင်ပြီး မလေးရှားနိုင်ငံသို့ တရားမ၀င် ထွက်ခွာလာသော မော်တော်ဘုတ် တစ်စီးသည် ဘင်္ဂလာဒေခ်ျ့မှ အထွက်တွင် ရာသီ ဥတုဆိုးရွားပြီး မော်တော်ဘုတ် ၀မ်းဗိုက်ထဲ ရေများ ၀င်လာသဖြင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ရသေ့တောင်မြို့နယ် ချိန်ခါလီ ကျေးရွာ ပင်လယ်ပြင် ကမ်းစပ်သို့ အတင်းထိုးတင်ခဲ့ရသည်ဟု သိရသည်။

ထိုသို့ ၀င်ရောက် ဆိုက်ကပ်လာသည်ကို ချိန်ခါလီ ကျေးရွာရှိ နယ်မြေခံ စစ်တပ်က သတင်းရသွားပြီး လိုက်လံ ဖမ်းဆီးရာ ပထမနေ့တွင် လူပေါင်း ၁၈ ဦးကို ဖမ်းမိခဲ့သည်။ ကျန်သူများမှာ အနီးရှိ မေယူတောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ တပ်ဖွဲ့တွေက လိုက်ရှာနေပါတယ်။ မောင်တောမြို့နယ် အတွင်းမှာရော၊ ရသေ့တောင်မြို့နယ် အတွင်းမှာရော ဖြစ်ပါတယ်။ မေယူတောင်က တောနက်ပြီး မောင်တော၊ ဘူးသီးတောင်ထိ သွားလာလို့ ရတယ်ဆိုတော့ ရှာဖွေ ဖမ်းဆီးရတာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ပီးရင် သူတို့က လမ်းလည်း ကျွမ်းပုံရပါတယ်” ဟု ရသေ့တောင်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

ယခု မလေးရှားသို့ လူမှောင်ခိုတင်ပို့သည့် စက်လှေတွင် ပါလာသူများ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာနိုင်ငံ မောင်တောမြို့နယ်မှ ဘင်္ဂလီလူမျိုးများ ဖြစ်ကြကြောင်း၊ ထိုအထဲတွင် အမျိုးသမီးလည်း (၅) ဦးပါဝင်သည်ဟု သတင်းရရှိကြောင်း ၎င်းရဲအရာရှိက ပြောဆိုသည်။

ရသေ့တောင်မြို့နယ် အတွင်းမှ ဖမ်းဆီးရမိသူများကိုလည်း ယခုအခါ မောင်တော ရဲစခန်းသို့ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း ၎င်းရဲအရာရှိက ဆက်လက် ပြောဆိုသည်။

ယခုအခါ ဖမ်းဆီးမိသူ ၃၆ ဦးကို မောင်တောရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမူများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

မလေးသို့ခိုးထွက်သည့် ဘင်္ဂါလီအများစု ရသေ့တောင်တွင် တိမ်းရှောင်နေဟုဆို


မလေးရှားသို့ လှေတစ်စင်းဖြင့် ထွက်ပြေး လာသည့် ဘင်္ဂါလီအ များစုမှာ မုန်တိုင်းကြောင့်ဆက် လက်မထွက်ခွာနိုင်ဘဲ ရသေ့ တောင်မြို့နယ်၊ ချိန်ခါလီကျေး ရွာအနီးတွင် ထွက်ပြေးတိမ်းရှောင် နေကြောင်း သိရသည်။

ဘင်္ဂါလီ ၁၈ဝဦးကို တင် ဆောင်လာသည့် အဆိုပါမော် တော်ဘုတ်မှာ ဘင်္ဂလားပင်လယ် အော်အတွင်း မုန်တိုင်းအန္တရာယ် ကို ခိုလှုံရန် အောက်တိုဘာ ၂ရ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ချိန်ခါ လီကျေးရွာအနီးသို့ ကမ်းကပ်စဉ် ယင်းကို ဒေသခံများမြင်တွေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြား ရာ ရသေ့တောင်အခြေစိုက် ခမရ (၂၃၄) မှတပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သန်းထွဋ်ဝင်း ဦး ဆောင်၍ အဆိုပါဘင်္ဂါလီများ အား လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီ ၁၈ဝဦးအနက် ၁၈ဦးကို မော်တော် ဘုတ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ဘင်္ဂါလီများမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း စစ်တွေ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

''မသင်္ကာဖွယ်ရာ စက်လှေ တစ်စင်းဆိုက်လာတာ မြင်တာနဲ့ ကျွန်တော်တို့လဲ စစ်တပ်ကို အ ကြောင်းကြားလိုက်တယ်။ စစ်တပ် နဲ့ကျွန်တော်တို့ ရွာသားတွေဝိုင်း ဖမ်းတော့ ၂၁ယောက်ဖမ်းမိတယ်'' ဟု ရသေ့တောင်မြို့မှ ဒေသခံ တစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေ သည့်ဘင်္ဂါလီများကို ယခုအခါ နယ်မြေခံစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံများ ဝိုင်းဝန်းရှာဖွေနေ ကြောင်း သိရသည်။

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ


ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။ ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ပွားဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy   ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့်Internet Governance  ဖိုရမ်၌ အထက်ပါအဖွဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမျိုးသမီးငယ်တစ်ဦးအား ဓားပြ၍ခြိမ်းခြောက်ပြီး ပါးစပ်ကို ပလာစတာနှင့်ပိတ်၊ လက်ကိုကြိုးတုတ်ပြီး အဓမ္မပြုကျင်

အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေးတစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဓားပြခြိမ်းခြောက်ပြီး၊ ပါးစပ်ကိုပလာစတာဖြင့် ကပ်၍ပိတ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ အမျိုးသားတစ်ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ ရဲဝန်ထမ်းတစ်ဦး ထံမှ သိရသည်။

ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌ ထမင်းရောင်းသည့် ဈေးသည်မလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုနေ့က မန္တလေး ရထားဆိုက်ရောက်ချိန်တွင် အဓမ္မပြုကျင့်ခြင်းခံရသည့် ရထားဈေးသည်မလေးသည် ထမင်းများလိုက်လံ ရောင်းချပြီးနောက် ဘူတာအနီး စိန်ပန်းပင်အောက်ရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် သူမနှင့် တစ်ရပ်ကွက်တည်းနေ အသက် (၂၁)အရွယ် အမျိုးသားတစ်ဦးက သူမအနီးသို့ ရောက်ရှိလာပြီး ထိုသူမှ စောင်ယူပေးရန် သူမအား ခိုင်းစေခဲ့သည် ဟု သူမမှဆိုသည်။

ထို့နောက် ထိုသူသည် သူမအား အိပ်ရအောင်ဟု ပြောဆိုခဲ့သဖြင့် သူမက ငြင်းဆန်းခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် ထိုသူမှ ဓားဖြင့်ခြိမ်းခြောက်ပြီး၊ သူမ၏ ပါးစပ်ကို ပလာစတာဖြင့်ကပ်၍ ပိတ်ခဲ့သည်။ ထိုမျှမက သူမ၏ လက်ကိုလည်း ထိုသူမှ ကြိုးဖြင့် ချည်နှောင်တုတ်၍ သူမ၏ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သူမက ကျေနပ်မှုမရှိသည့်အတွက် ယခုလ ၂၉ ရက်နေ့ည ၉ နာရီအချိန်တွင် အင်းတော်မြို့မ ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်အရေးယူပေးရန် ထိုင်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်း တိုင်ကြားချက်အား ရဲစခန်းက (ပ) ၂၂၃/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုအမှုအား စစ်ဆေးဆောင်ရွက်နိုင်ရန် ရဲစခန်းမှူး ဒုရဲမှူး မျိုးညွှန့်သန်းမှ အမှုစစ်တာဝန်များ ရယူလက်ခံထားကြောင်း စုံစမ်းသိရှိရသည်။

မြန်မာအမျိုးသမီးငယ်များ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရခြင်း ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသိပညာပေး ဆောင်ရွက်မှု လုပ်ငန်းများအား ထိုဒေသတွင် ပြုလုပ်သွားရန် သက်ဆိုင်ရာမှ အပူတပြင်း စီးစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ခင်ရွှန်းလဲ့ဝေ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အတူရိုက်ထားသည့် ဓာတ်ပုံ ထွက်ပေါ်


 မိုက်ကယ်အဲရစ် နှင့် ရရှိထား သားဖြစ်သူ ကင်မ်အဲရစ်ထံသို့ ၂ ကြိမ်ရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်၏ သမီး ဟု ဝန်ခံထားသူ ခင်ရွှန်းလဲ့ဝေမှ သူမနှင့် ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က ရိုက်ခဲ့သည့် ဓာတ်ပုံကို ထုတ်ဖော်ပြသလိုက်ပါတယ်။ 

ခင်ရွှန်းလဲ့ဝေ နှင့် NLD ပါတီဝင်တို့ ပြောဆိုထားသည့် အချက်အလက်များမှာ




ခင်ရွှန်းလဲ့ဝေဟာ သူမကိုယ်သူမ ဒေါ်အောင်ဆန်းစုကြည်၏ သမီးရင်းဖြစ်ကြောင်း ဝန်ခံထားသော်လည်း သူမ၏ ဖခင် မည်သူမည်ဝါ ဖြစ်သည်ကိုတော့ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိခြေ။



.. www.MyanmarExpress.net

မြန်မာတစ်နိုင်ငံလုံး WiFi အင်တာနက်လိုင်း ရရှိစေရေး ဆောင်ရွက်မည်





မြန်မာ့ဆက်သွယ်ရေးလုပ်ငန်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် WiFi အင်တာနက်လိုင်းရရှိရေး  အကျိုးတူလုပ်ငန်းများ လုပ်ကိုင်၍ ကြိုးပမ်းသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဌာနမှ သိရှိရသည်။

WiFi အင်တာနက်လိုင်းဝန်ဆောင်မူလုပ်ငန်းအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ရေး အကျိုးတူပူးပေါင်း လုပ်ဆောင်မည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ဒါဖိတ်ခေါ်ထားကြောင်း သိရသည်။

 တစ်နိုင်ငံလုံးအတိုင်းအတာရရှိအောင် လုပ်သွားမှာပါ၊ ပူးပေါင်းလုပ်ဆောင်မယ့် ကုမ္ပဏီတွေ ဖိတ်ခေါ်ထားတယ်၊ သူတို့ လုပ်ကိုင်မယ့်နေရတွေကို တင်ပြရမှာဖြစ်တယ်၊ ” ဟု မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

WiFi ဇုန်များအား ကနဦးအနေဖြင့် အင်တာနက်သုံးစွဲမူများသော မြို့များ၌ ထားရှိသွားမည်ဖြစ်ပြီး ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းတွင် လက်ရှိဝန်ဆောင်မှုပေးနေသော အင်တာနက်လိုင်းများမှာ ဖိုက်ဘာအင်တာနက်လိုင်း၊ADSL အင်တာနက်လိုင်း၊ Dial-up၊ E1၊ မိုဘိုင်းအင်တာနက်နှင့် ဝေးလံခေါင်းပါးသည့် နေရာများ၌ အသုံးပြုသည့် ဂြိုဟ်တုအင်တာနက်လိုင်းများဖြစ်သည်။

ပြည်တွင်း၌ အင်တာနက်အသုံးပြုသူမှာ ၁၃ သိန်းခန့်ရှိပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်မှာ လူဦးရေ ၁၁ သိန်းခန့်ရှိသည်ဟု သိရှိရသည်။ လက်ရှိ မြန်မာ့နိုင်ငံ၌ အင်တာနက်မြန်နှုန်း 11.5GBPS သာ အသုံးပြုနိုင်သေးသည်။

မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုဦးရေသည် ၆ သိန်းကျော်ရှိသည်ဟု ၂၀၁၂ ခုနှစ်အတွင်း ရတနာပုံ တယ်လီပို့မှ ခန့်မှန်း ထားရှိခဲ့သော်လည်း၊ ရန်ကုန်မြို့တွင် ၂၀၁၅-၂၀၁၆ ခုနှစ် အရောက်၌ အင်တာနက် အသုံးပြုသူအရေအတွက် ၂.၅ သန်းသို့ ရောက်ရှိလာလိမ့်မည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ခန့်မှန်းထားသည်။

အင်တာနက်မြန်နှုန်းတိုးမြှင့်ခြင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျပန်နိုင်ငံ NTT Communications တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဖုန်းကိုလည်း အမေရိကန်မှ ကြားဖြတ်နားထောင်မှုများ ပြုလုပ်ခဲ့နိုင်


ဂျာမနီမှ Der Spiegel မဂ္ဂဇင်းက အမေရိကန်သည် ဂျာမနီအဓိပတိ အိန်ဂျယ်လာမယ်ကယ်လ်ကို လွန်ခဲ့သော ၁၀နှစ်ကျော် ကတည်းက ထောက်လှမ်းနေခဲ့ဖွယ်ရှိသည်ဟု ရေးသားလိုက်သည်။ အောက်တိုဘာ ၂၆ ရက်က ထုတ်ခဲ့သော သတင်းတွင် မာကယ်လ်၏ ဖုန်းကို NSA ၏ Special Collection Service (SCS) တွင် GE Chancellor Merkel ဟု အမှတ်အသားပြုကာ စားရင်းသွင်းထားကြောင်း ဖော်ပြသည်။ ပြီးခဲ့သော ဇွန်လက သမ္မတအိုဘားမားက ဘာလင်သို့ သွားရောက် မလည်ပတ်မီ အချိန်အထိ ထိုစာရင်းမှာ ရှိနေခဲ့သည်ဟု ဆိုသည်။

မဂ္ဂဇင်းက SCS အထောက်အထားအရ စပိုင်လုပ်ငန်းခွဲများက နိုင်ငံခေါင်းဆောင်တစ်ဦး အမည်စာရင်းကို စုံစမ်းမှု စာရင်းတွင် ထည့်သွင်းထားခြင်းမှာ တရားမ၀င်သလို အမေရိကန်နှင့် အခြားနိုင်ငံများအကြား ဆက်ဆံရေးကို ကြီးမားစွာ ထိခိုက်စေသည်ဟု ရေးသားထားသည်။ ထိုမျှ မက ပြင်သစ်၊ မက်ဒရစ်၊ ရောမ၊ ဂျနီဗာ စသည့် ကမ္ဘာ့နေရာပေါင်း ၈၀ ခန့်တွင် ယင်းစပိုင် လုပ်ငန်းခွဲများ ရှိနေသည်ဟု ဆိုသည်။

သို့သော်လည်း မဂ္ဂဇင်းက SCS ပေါက်ကြားမှုနှင့် ပတ်သတ်ပြီး မည်သည့်သတင်းရင်းမြစ်ကိုမျှ ဖော်ပြခြင်း မရှိသလို၊ မှတ်တမ်းကိုလည်း ထုတ်ပြခြင်း မရှိသေးပေ။

ယခုသတင်းပတ်အတွင်း ဂျာမနီ ခေါင်းဆောင်အပေါ် စပိုင်လုပ်သည့် လုပ်ရပ်အတွက် အမေရိကန် သံအမတ်ကို ဆင့်ခေါ် ဆွေးနွေးမှု လုပ်ခဲ့သည်။ ယင်းဖြစ်ရပ်အတွက် ဂျာမနီ ထောက်လှမ်းရေး အကြီးအကဲက လာမည့်ရက်သတ္တပတ် အတွင်း ဖြေရှင်းချက်တောင်းရန် အမေရိကန်သို့ သွားရောက်မည်ဖြစ်သည်။

သမ္မတ အိုဘားမားကလည်း ဂျာမနီခေါင်းဆောင်ကို စပိုင်လုပ်ရပ်များ အမှန်တကယ်ဖြစ်ကြောင်း သူသိပြီဆိုသည်နှင့် ချက်ချင်း ရပ်တန့်စေရမည်ဟု ပြောခဲ့ကြောင်း မဂ္ဂဇင်းက ရေးသားထားသည်။ လက်ရှိအချိန်တွင် ၀ါရှင်တန်တွင် အွန်လိုင်း စပိုင်လုပ်ရပ်များအတွက် ထောင်နှင့်ရှိသော ကန့်ကွက်သူများက ချီတက်ဆန္ဒပြခြင်းများပြုလုပ်လျှက် ရှိသည်။

www.MyanmarExpress.net

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောင်းကင်ဂြိုလ်တု အကူအညီဖြင့်ကောက်မည်

 
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား တစ်နိုင်ငံ လုံးကို ကောင်းကင်ဂြိုလ်တုမှ ဓာတ်ပုံရိုက်ယူပြီး ဖော်ဆောင် ထားသော ကောက်ကွက်များ အတိုင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အတွင်း တွေ့ရာနေရာတွင် ကောက်ယူ သောဒီဖက်တိုနည်းစနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးခင်ရီကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊အစိုးရ ရုံးခန်းမဆောင်တွင် ဟိုတယ်လုပ် ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင် များကိုဖိတ်ခေါ်၍ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး ဆိုင်ရာ ရှင်းလင်းပွဲကျင်းပပြုလုပ် ခဲ့ရာတွင် ၎င်းကယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

““ပဋိပက္ခဖြစ်ပွားနေတဲ့နယ် မြေတချို့ဒေသတွေကို ယူရီယန် မြေပုံတွေနဲ့ကြည့်မယ်။ မြေပုံတွေ  ကိုလည်း မှာထားပြီ။ နောက်ထပ် တစ်နိုင်ငံလုံးကို ကောင်းကင် ဂြိုလ်တုကနေရိုက်ပြီးတော့ကောက် မယ်။ အဲဒီလိုလုပ်တဲ့အတွက် မရောက်နိုင်တဲ့နေရာတွေမှာရှိတဲ့ အိမ်အရေအတွက်တွေရမယ်။ လုပ်နိုင်မှုကတော့ တစ်နိုင်ငံလုံး ကို ရာခိုင်နှုန်းပြည့်လုပ်နိုင်သွား နိုင်မယ်လို့ ယုံကြည်ပါတယ်”” ဟု ၎င်းကပြောသည်။


သန်းခေါင်စာရင်းကောက်ယူ ရာတွင် မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ တွင် တာဝန်ထမ်းဆောင်နေ သော နိုင်ငံခြားသားသံတမန်များ နှင့် မိသားစုဝင်များ၊ ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်၊ ညဥ့်သန်းခေါင် ကျော်လွန်ပြီးမှ မွေးဖွားလာသော ကလေးများမှလွဲ၍ ကျန်သန်း ခေါင်စာရင်းရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်း ကောက်ယူမှုသည် မြန်မာနိုင်ငံ တွင်လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ကြိမ်သာကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။     

စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန် အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် မြန်မာပြည် ရောက်


အိန္ဒိယ, မြန်မာ, တပ်မတော်, စစ်တပ်, စစ်ဘက် ဆက်ဆံရေး 
 
 နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု တိုးမြှင့်ရန် အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီကာရမ် ဆင်း (Bikram Singh)နှင့် အဖွဲ့ ယနေ့ မြန်မာနိုင်ငံသို့ သွားရောက်ကြောင်း The Times of India သတင်းစာတွင် ဖော်ပြထားသည်။

ခရီးစဉ်အတွင်း မြန်မာတပ်မတော် ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ပိုမိုကောင်းမွန်သော နယ်စပ်ဒေသ စီမံခန့်ခွဲမှုမှသည် စွမ်း ရည် ပြည့်ဝသည့် မြန်မာတပ်မတော် တည်ဆောက်ရေး အထိ ဆွေးနွေးသွားမည်ဟု သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ နှင့် တိုးချဲ့ဆက်ဆံရန် ရည်ရွယ်ပြီး မြန်မာတပ်မတော်အား စွမ်းရည်မြှင့်တင်ပေးရေး အတွက် အိန္ဒိယ စစ်တက္ကသိုလ်များနှင့် စစ်သင်တန်းများတွင် မြန်မာစစ်အရာရှိများ ပိုမိုတက်ရောက်နိုင်ရေး စီစဉ်သွားမည်ဟုလည်း  အဆိုပါသတင်း၌ ဆက်လက် ဖော်ပြထားသည်။

ထို့အပြင် မြန်မာတပ်မတော်အား ရေတပ်ကင်းလှည့် လေယာဉ် များ၊ စစ်သင်္ဘောများ၊ ထောက်လှမ်းရေး ကိရိယာများ၊ ၁၀၅ မမ အမြောက်ကြီးများ စသည့် လက်နက်များ ထောက်ပံ့နေရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အိန္ဒိယနိုင်ငံလုပ် အသံလှိုင်းဖြင့် ရေ အောက် ထောက်လှမ်းရေး Sonar ကိရိယာများ မြန်မာရေတပ်သို့ ရောင်းချမည်ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ၀န်ကြီး ၏ အကြံပေး ပုဂ္ဂိုလ်ကို ကိုးကားပြီး The Hindu သတင်းစာတွင်လည်း ရေးသားထားသေးသည်။

ယခု အိန္ဓိယ ကြည်းတပ်ဦးစီးချုပ်၏ မြန်မာပြည် ခရီးစဉ် မတိုင်ခင် ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းက ကာကွယ်ရေးဝန်ကြီး အန်တိုနီ (A K Antony)လည်း မြန်မာပြည် သွားရောက်ခဲ့သေးသည်။ ယမန်နှစ် နိုဝင်ဘာလ အတွင်းကလည်း လေတပ်ဦးစီး ဗိုလ်ချုပ်ကြီး ဘရုန်း(N A K Browne) မြန်မာပြည်သို့ သွားရောက်ခဲ့ဖူးသည်။

မြန်မာတပ်မတော်သည် အစိုးရသစ်လက်ထက် ဒေသတွင်းနိုင်ငံများ၏ တပ်မတော်များနှင့် သာမက ဗြိတိန်၊ အမေရိကန် စသည့်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ရုရှား ၊ တရုတ်စသည့် နိုင်ငံများနှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သို့ သွားရောက်၍နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် ဆောင်ရွက်ခဲ့ပြီး တရုတ်ပြည်ရှိ စစ်လက်နက်ပစ္စည်းစက်ရုံများ ကို သွားရောက်ကြည့်ရှု ခဲ့သေး သည်။

မြန်မာ တပ်မတော်သည် ရေတပ်နှင့်လေတပ်ကို တိုးချဲ့ရန် ဆောင်ရွက်နေကြောင်း စစ်ဘက်နှင့် နီးစပ်သူများအဆိုအရ သိရသည်။

မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းလုပ်ဆောင်နေသည့် လမ်းကြောင်းပေါ် ရောက်ရှိနေဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်


မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ကြိုးပမ်းလုပ်ဆောင်နေ သည့်လမ်းကြောင်းပေါ် ရောက်ရှိနေ ကြောင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းတို့ ပူးတွဲပြုစုသည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ စည်းမျဉ်းဥပဒေများကို ယခုနှစ်အတွက် ထုတ်ဝေသည့် Doing Businessအစီ ရင်ခံစာတွင် ပထမဆုံးအဖြစ် ထည့်သွင်း ဖော်ပြခံရခြင်းလည်း ဖြစ်သည်။

Doing Business အစီရင်ခံစာ တွင် စတင်ပါဝင်လာခြင်းဖြင့် မြန်မာနိုင် ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များ၏ အကျိုးရလဒ်ကို အကဲဖြတ်နိုင် မည်ဟု အစီရင်ခံစာနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မြန်မာအစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲ မှုဖြင့် ငွေလဲနှုန်း များတည်ငြိမ်အောင် ဆောင်ရွက်ခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ် စေရန်နှင့် ဘဏ်တိုးနှုန်းလျှော့ချသတ် မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

သို့ရာတွင် အစိုးရက စီးပွားရေး ဆိုင်ရာ ပြောင်းလဲမှုများ ဆောင်ရွက်နေ သည်ဟု ဖော်ပြသော်လည်း နိုင်ငံရေး ပြောင်းလဲမှုများကိုသာ ပိုမိုမြင်တွေ့ရ ကြောင်း၊ စီးပွားရေးကဏ္ဍတွင် သိသာ သောပြောင်းလဲမှုများ မတွေ့ရကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ် ချက်ပြုသည်။

''စီးပွားရေး ပြောင်းလဲတယ်ဆိုရင် တစ်ဦးချင်းဝင်ငွေတွေ တက်လာရမှာ ပေါ့''ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ ယခုနှစ်Doing Business အစီရင်ခံစာသည် (၁၁)ကြိမ်မြောက် တည်းဖြတ်ထုတ်ဝေ ခြင်းဖြစ်ပြီး နိုင်ငံများ၏ စီးပွားရေးလုပ် ငန်းစဉ်များကို အစအဆုံးလေ့လာသည့် အစီရင်ခံစာ ဖြစ်သည်။ စီးပွားရေးလုပ် ငန်းများဆောင်ရွက်ရန် အဆင်ပြေအ လွယ်ကူဆုံး နိုင်ငံများအဖြစ် အညွှန်း ကိန်း(၁ဝ)ခုပေါ်တွင် အခြေခံကာ အဆင့်သတ်မှတ်ချက်များထုတ် ပြန်ပေး ပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို လေ့လာ ထားကြောင်း သိရသည်။

ယခုနှစ်တွင် အကောင်းဆုံးစီးပွားaရးစည်းမျဉ်းဥပဒေများရှိသည့် ထိပ် တန်းနိုင်ငံများ၌ နယူးဇီလန်၊ ဒိန်း မတ်၊ မလေးရှား၊ ကိုရီးယား၊ နော်ဝေ စသည် တို့ ပါဝင်ကြောင်း သိရသည်။

ရဲကို ဖမ်းဆီးကြိုးတုတ်ရိုက်နှပ်ခဲ့သည့် နေပြည်တော်သားများ The Voice ဂျာနယ် သတင်းထောက်ကိုလဲ ဝိုင်းရိုက်



တလောက ရဲကို ဖမ်းဆီးကြိုးတုတ်ရိုက်နှပ်ခဲ့သည့် နေပြည်တော်သားများသည် လွှတ်တော် အစည်းအဝေးများကို တက်ရောက်သတင်းရယူနေသူ The Voice သတင်းစာနှင့် အပတ်စဉ် ထုတ် စာစောင်၏ သတင်းထောက် ဦးအောင်ထက်ကို အမျိုးသား နှစ်ဦးက အောက်တိုဘာ ၂၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ထိုးကြိတ် ရိုက်နှက် ခံရကြောင်းကာယကံရှင် က ပြောကြားသည်။

ဦးအောင်ထက်သည် အဆိုပါ မြို့နယ် မင်္ဂလာရပ်ကွက်၊ အမှတ်(၂) သံလမ်းဂိတ် အနီးထမင်းဆိုင်တွင် ထမင်းစားပြီးနောက် The Voice ရုံးခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မြို့ဦးရပ်ကွက် ဗိုလ်တောက်ထိန် လမ်းထောင့် အောင်ချမ်းသာဘုရားအနီးတွင် ၎င်းရှေ့၌  စက်ဘီးတစ်စီး ယိုင်နဲ့ကာ စီးနင်းလာသောကြောင့် ၎င်းက ဆိုင်ကယ် အရှိန်လျော့၍ ရှောင်ကွင်းကာမောင်းနှင်ခဲ့ကြောင်း၊ ယင်းနောက် စက်ဘီးမှာလမ်းမလယ်သို့ ရောက်နေသဖြင့် ဆိုင်ကယ်ကို လမ်းဘေးချကာ မြေသားလမ်းတွင် မောင်းနှင်လာစဉ် စက်ဘီးသည် ဆိုင်ကယ်ဘက်သို့ လဲကျခဲ့သောကြောင့် ၄င်းက သွားရောက် တောင်းပန်စဉ် စက်ဘီးစီးလာသူ နှစ်ဦးကထိုးကြိတ်ခဲ့ကြောင်း  ၎င်းက ရှင်းပြသည်။

အဆိုပါ ဆိုင်ကယ်နှင့် စက်ဘီးချိတ်မိရာတွင် သတင်းထောက် စီးနင်းလာသောဆိုင်ကယ်တွင် နောက်ကြည့်မှန်ကို ထိခိုက်ခဲ့ပြီး စက်ဘီးစီးနင်းလာသူ နှစ်ဦးကိုထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

သတင်းထောက် ဦးအောင်ထက်ကို ကန်ကျောက် ထိုးကြိတ်ပြီးနောက် အဆိုပါ လူနှစ်ဦးက ၎င်းတို့ စီနင်းလာသော မိန်းမစီးစက်ဘီးကို ကိုယ်တိုင်ဖျက်ဆီးခဲ့ကြောင်း၊ အသက် ၂၀ ကျော်အရွယ် အခြားအမျိုးသားတစ်ဦးကလျှော်ကြေးတစ်သိန်းခန့် ပေးရန် ဝင်ပြောသဖြင့် ၎င်းက ပိုက်ဆံပါမလာသဖြင့် ရုံးသို့လိုက်ယူရန် ပြောကြားခဲ့ရာ ထပ်မံကန်ကျောက်ခဲ့ပြီး ဆိုင်ကယ်ပေါ်တင်ကာ လမ်းကြားတစ်ခုထဲသို့ မောင်းနှင်ရာကိုအောင်ထက်ကမလိုက်ရဲကြောင်းပြောဆို၍ ဆိုင်ကယ်ပေါ်မှ ခုန်ချစဉ် ထပ်မံကန်ကျောက်ခဲ့ကြောင်း ၊ စတင်ဖြစ်ပွားချိန်မှစ၍ ၄၅ မိနစ်အကြာတွင် အရပ်ဝတ်ဖြင့် ယာဉ်ထိန်းတစ်ဦးရောက်လာချိန်မှ သက်သာရာရခဲ့ပြီး ထိုးကြိတ်သူများက ထွက်ပြေးခဲ့ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

"တစ်သိန်း၊ တစ်သိန်းခွဲဆိုပြီးတောင်းတယ်။ ပေးမယ်လို့ ပြောတော့ လည်း ထပ်ထိုးတယ်။" ဟု ဦးအောင်ထက်ဆိုသည် အဆိုပါ ရိုက်နှက်သူကို ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ တရုတ်ကြီးသည် The Voice ရုံးခန်းဖွင့်လှစ်ရာ မြို့ဦးရပ်ကွက် ၊တောင်သာအုပ်စု ၊ပျဉ်းမနား မြို့နယ်တွင်နေထိုင်ပြီး ကျန်တစ်ဦးမှာ အမည်စုံစမ်းဆဲသာ ဖြစ်ပြီး အောင်ချမ်းသာရပ်ကွက် ၊ ကင်ပွန်းတန်းအုပ်စု ပျဉ်မနားမြို့နယ် တွင် နေထိုင်ကြောင်းပျဉ်းမနားမြို့နယ် မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ထိုးကြိတ်ခံရမှုကို( ပ ) ၆၄၉/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၂၃၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတွင် ညစ်ညမ်းသောသီချင်း၊ ကဗျာ၊ သီဆိုခြင်း၊ စကားပြောဆိုခြင်း ပြစ်မှုပုဒ်မ - ၂၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

  ပြည်သူလွတ်တော် တရားဥပေဒစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှုးဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် တို့ကလည်း ရဲတပ်ဖွဲ့များကို နေပြည်တော်သားများက ဝိုင်းဝန်ထိုးကြိတ်စဉ် နှင့် ဘောလုံးပွဲတွင် နေပြည်တော်သားများ ခုံများ ဖျက်ဆီးစဉ်က ဘာမှမပြောခဲ့သော်လည်း ယခု The Voice သတင်း သတင်းထောက် ရိုက်ခံရမှ မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

ဟံသာဝတီ လေဆိပ်သစ်ကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ တည်ဆောက်ရန် တောင်းဆို



ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အုံသာ တည်ဆောက်ရန် တောင်းဆိုကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယားနိုင်ငံ Incheon Airport ကုမ္ပဏီနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့အကြား လေဆိပ် တည်ဆောက်ရေး သဘောတူ စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယား ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ လိုအပ်ချက်များကို အပြန်လှန် ဆွေးနွေးလျက် ရှိသည်။ ယင်းသို့ ဆွေးနွေးမှုတွင် လေဆိပ်အရွယ်အစား၊ တည်ဆောက်ရေး အချိန်ကာလ စသည့်အချက်များအား ညှိနှိုင်းဆွေးနွေးနေပြီး ဒုတိယအကြိမ် ဆွေးနွေးမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

''ဒုတိယအကြိမ် ညှိနှိုင်းမှုမှာ နှစ်ဖက်လိုလား ချက်တွေကို အပြန်လှန် ညှိနှိုင်းပြီး မြန်မာဘက်က ခွင့်ပြုနိုင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်က လေဆိပ်အရွယ်အစားကို ခရီးသည် ၁၀ သန်းဆံ့ တည်ဆောက်ဖို့ တောင်းဆိုပါတယ်။ ဒီအချက်ကိုတော့ ခွင့်မပြုနိုင်တဲ့ အကြောင်းပြောပြီး သူတို့ဘက်က အကြောင်းပြန်မှာကို စောင့်နေပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံ မှ Incheon Airport ကုမ္ပဏီနှင့် ဆွေးနွေးရာတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များအပေါ် အခြေပြု၍ လက်တွေ့ တည်ဆောက်ရာတွင် လိုအပ်မည့် အချက်များကို ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တင်ဒါတင်သွင်းစဉ် အရေးကြီးသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေပါက လက်ခံမည် မဟုတ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါစည်းကမ်း ချက်များနှင့် ကွဲလွဲရာတွင် အရေးကြီးသည့် အဓိက အချက်များ ကွဲလွဲမှုအား မည်သည့် နည်းနှင့်မျှ လက်သင့်ခံမည် မဟုတ်ကြောင်းနှင့် အဓိက မကျသည့် အချက်များ ကွဲလွဲမှုကိုမူ လက်ခံညှိနှိုင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ Incheon Airport Consortium ကုမ္ပဏီသည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ် လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။

ဒုတိယအဆင့် အနေဖြင့် တစ်နှစ်လျှင် ခရီးသည် သန်း ၃၀ ၀င်ထွက်နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ၊ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။

ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်သိုလှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။

(Incheon Airport Consortium ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နမူနာ ပုံစံအား တွေ့ရစဉ်)


နာမည်ကျော် Mother Land ဘာလဲ ဘယ်လဲ

နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Mother Land အကြောင်းလေးများ မသိချင်ကြဘူးလား ။ အိုခေ.သိသလောက်ပြောပြမယ်။ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက် ရဲ့ ဒီအမိမြေ Mother Land အကြောင်း ကတော့ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်အခု သူတို့အကြောင်းပြောရင် ကုလားလို့ထည့်မရေးဘူး နော်ဟဲ.ဟဲ။ တော်ကြာလူမျိုးရေး ပဋိပက္ခ လော်ဘီလို့ခေါင်းစဉ် တပ်ခံရမှာတော့ကြောက် သဗျ။

Mother Land ကုမ္ပဏီ ဆိုတာ သန္ပေ္ဓကောင်းနဲ့ စတင်ခဲ့တာမဟုတ်ခဲ့ဘူးဗျ။ အခုဦးတင်မြင့်ရဲ့ အဖေ ဦးဝင်းမြင့်/ ဦးဟာမီဒူလာ က ၁၉၈၅ လောက်မှာ စထောင်ခဲ့တာ။အိမ်အကျိုးဆောင်လုပ်ငန်းဆိုပြီး ဗန်းပြလုပ်ရင်း နောက်ကွယ် ကနေ တရုတ်ကို မြန်မာကနေ မူဆယ်လမ်းအတိုင်း တိရစ္ဆာန်မှောင်ခိုချတယ် ။ဒါတင်ပဲလား မဟုတ်သေးဘူးနော် သဘောင်္သားတွေအလုပ်ရှာပေးတယ်။ အဲဒီမှာပဲ သဘောင်္သားတွေပို့တဲ့နေရာမှာ ပတ်စ်ပို့ (passport) အတုတွေလုပ်ပြီးပို့လို့ ထောင်ကျတယ် ။နောက်တော့ လေငန်းနဲ့ ဦးဟာမီဒူလာ သေတယ်။ အဲဒီနောက် ၁၉၉၅ မှာ ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက်က ကွယ်လွန်သူဖခင်ကြီးရဲ့ ခြေရာကို ထပ်လိုက်ခဲ့တယ်။ ခြေရာလိုက်တယ် ဆိုပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းကိုပဲ လုပ်ခဲ့တယ် ။ကျန်တာက ဆင်ပိန်တော့ကျွဲ လောက်ပေါ့။၂၀၀၈ မှာ အမျိုးသားစီမံကိန်းကနေ တရားဝင်မှတ်ပုံတင်ရတယ် ။၂၀၁၀ မှာ ကိုယ်ပိုင်ရင်းနှီိးမြုပ်နှံမှု လုပ်ငန်းလိုင်စင် အမှတ်(၉၀၇/ ၂၀၀၉-၂၀၁၀) နဲ့တရားဝင်မှတ်ပုံတင်တယ် ။အဆောက်အဦ ဆောက်လုပ်ခွင့်လိုင်စင်ကို လိုင်စင်အမှတ် ၃၄၇ နဲ့ ရန်ကုန်စည်ပင် ကရတယ်။အခု Mother Land ကုမ္ပဏီ လုပ်နေတာကတော့ အဆောက်အဦတွေကို လက်ငင်းရော အခန်းယူ/အခန်းပေးစနစ် နဲ့ဆောက်ပေးတယ်။ အဆောက်အဦတွေ ဒီဇိုင်းရောင်းတယ် ၊ အခန်းဖွဲ့တာတွေ နဲ့  Decoration လုပ်တယ် ၊ Ms Interior Security တံခါးတွေ ဆင်ပေးတယ်။မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတွေထဲက ထိပ်ဆုံးပိုင်းထဲမှာ တစ်ခုအပါအ၀င်ပဲလေ။ ဒါတွေ အားလုံးသိပါတယ် ။

ဦးတင်မြင့် က ကျိုက်မရောသား ဘင်္ဂလီ/မွန် ဗျ ။ဒါပေမယ့် ဗုဒ္ဓဘာသာကိုးကွယ်တယ် ။ သားဦးအကြီးဆုံးဖြစ်ပြီး ၈ တန်းအထိ ကျောင်းနေခဲ့တယ်။ သူ့မိန်းမက ဒေါ်နီလာ ၊ အစ္စလာမ်ကိုးကွယ်တယ် ။သူတို့မှာ ဝေဟင်ဦးနဲ့မြင့်မိုရ်ဦး ဆိုတဲ့ သမီးနှစ်ယောက်ရှိတယ်။ သူတို့လိပ်စာက၊ အမှတ် ၈၃ ၊ ၇ လွှာ ၊ဓမ္မစေတီလမ်း ၊မြေနီကုန်း ၊စမ်းချောင်း ။ ကျွန်တော်အခု ပြောနေတာတွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမဟုတ်ဘူးနော်။နိုင်ငံအတွက် အကျိုးရှိမယ့် အရာတွေတင်ပြနေတာ။ သူတို့ Mother Land ကုမ္ပဏီ က မင်္ဂလာတောင်ညွှန့်က သိမ်ဖြူလမ်း၊ အမှတ် ၄၃၅ မှာ ရုံးချုပ်ရှိတယ် ။ ဥက္ကဌက ဦးတင်မြင့် ၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဦးတင်အေး ၊ညွှန်ကြားရေးမှူးက ဒေါ်စုမြတ်နိုးဦး ၊ ၊အမှုဆောင်အရာရှိက ဒေါ်အေးအေးမာ၊ ဒါရိုက်တာအဖွဲ့ဝင်တွေက ဦးတင်မြင့်သမီး ဒေါ်ဝေဟင်ဦး နဲ့ သားမက် ဦးမင်းမင်းထွန်း တို့ပါဝင်တယ် ။ရုံးခွဲတစ်ခုကို အလုံတာဝါမှာ အခြေချထားတယ်။Mother Land က အဆောက်အဦး ဆောက်တာ အပြင် ပို့ကုန်/သွင်းကုန် လည်းလုပ်နေတယ်။ပဲတွေနဲ့လယ်ယာထွက်ပစ္စည်းတွေ နိုင်ငံခြား ပို့တယ်။ ပြန်သွင်းလာတာက ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ လျှပ်စစ်နဲ့ကားတွေ စက်ပစ္စည်းတွေ ရုံးသုံးပစ္စည်းတွေ၊ အို…အစုံလုပ်တယ်။ အဆောက်အဦ ဆောက်လုပ်ရေးက အဓိကပေါ့နော်။သူတို့လုပ်ငန်းကြီးက တကယ့်ဟဲဗီးကြီးနော်။ သူတို့ဆောက်တဲ့ အဆောက်အဦတွေ တိုက်ခန်းတွေကို အ၀ယ်များတာက ရင်းနှီးမြုပ်နှံသူတွေများတယ် ။အခုလက်ရှိ သူတို့ဆောက်လက်စ အဆောက်အဦ တွေလည်း ရှိသေးတယ် ။လမ်းမတော်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ပုစွန်တောင် တွေဘက်မှာ သူတို့လုပ်လက်စ အဆောက်အဦတွေရှိနေတယ်။

ကဲ…သူတို့အကြောင်းပြောနေရင်းနဲ့ စာတောင်ရှည်လာပြီ။အဓိကပြောချင်တာက သူတို့ အခွန်ရှောင်နေတာပဲဗျ။ အဲဒီလောက် လုပ်ငန်းကြီးတွေ လုပ်နေပေမယ့် ဦးတင်မြင့်တို့ အခွန်ရှောင်ချက်က လွန်တယ်နော် ။အခုထိ လှိုင်သာယာက FMI City ရယ် ပန်းလှိုင် အိမ်ယာက ကိစ္စတွေအခုထိ မပြီးသေးဘူးရယ်။ဒီကိစ္စတွေကို ရန်ကုန် တရားရုံးရှေ့နေ ဦးခင်မောင်ဝင်းအသိ။သူကိုယ်တိုင် လိုက်ရှင်းပေးနေရတာ အခုထိပဲဗျ။ Mother Land မှာ ဦးတင်မြင့်က မန်နေဂျင်း ဒါရိုက်တာနဲ့ ဒေါ်နီလာရယ် ဒေါ်ဝေနှင်းဦးရယ် ကဒါရိုက်တာလုပ်တယ် ။တစ်ယောက်ကို အစုရှယ်ယာ ၁၂၅၀ စီပိုင်ကြတယ်။ဦးတင်မြင့်က ၂၅၀၀ အထိပိုင်တယ်။ပြည်တွင်းအခွန်ဦးစီးရုံးမှာ ၂၀၀၈ ခုနှစ်အထိပဲ အခွန်ဆောင် ထားတယ် ။အခု အခွန်ရှောင်နေတာ ၅ နှစ်ရှိပြီ ။ဘာကြောင့်လည်းတော့မသိဘူး ။ဒီနှစ်တွေထဲမှာ Mother Land ရဲ့လုပ်ငန်းတွေ တော်တော် တွယ်ကျယ်အောင်မြင်လာတယ် ။NLD ကိုလည်း လစဉ်အလှူငွေ ပေးတယ်။ အဲဒီ အလှူငွေက ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် ဆီကနေတဆင့်သွားတယ်။ ဦးတင်မြင့်တို့ဝင်ငွေခွန်ရှောင်ပုံကတော့ ကန်ထရိုက် ဆောက်တယ် ။ဆောက်ပြီးတော့ မြေပိုင်ရှင်နဲ့ အခန်းပေး၊အခန်းယူ လုပ်တယ် ။အဲ.အခွန်ဆောင်တော့ မြေပိုင်ရှင်ကပဲ ဆောင်ရတယ်ဗျာ ။ အခွန်ဆောင်မယ့် တိုက်ခန်းတွေကို တိုက်ခန်းအကြမ်းထည်နဲ့တင်တယ်။ မြို့နယ် အခွန်မှာပဲ ရာပြတ်နဲ့ အဲဒီတိုက်ခန်းအကြမ်းကို ဈေးဖြတ်ပြီး အခွန်သွင်းတယ် ။၂၀၀၅-၂၀၀၆မှာ ၁၃၄ သိန်းတစ်ခါ သွင်းတယ်။ ၂၀၀၆-၂၀၀၇ မှာ သိန်း၂၀၀ ၊၂၀၀၇-၂၀၀၈ မှာ သိန်း၆၄၀ သွင်းတယ်။အဲဒီ နောက်ပိုင်း မသွင်းတော့ဘူး။ တိုက်ခန်းတစ်ခန်း သိန်း၃၀၀ အထက် မြေကွက်တစ်ကွက်သိန်းထောင်ချီနေတဲ့ အချိန်မှာ Mother Land ရဲ့ ၅ နှစ်ကြာရှောင်လိုက်တဲ့ အခွန်ဟာ သိန်း ၅၀၀၀ နီးပါးအခွန်ရှောင်နေတယ်။ဒါတွေ ဘယ်သူမှမသိဘူး အဲဒီလို ဈေးဖြတ်ပြီး တိုက်ခန်းအကြမ်းထည်ကို အခွန်သွင်းပြီးတော့အခန်းကို Decoration ပြင်တယ် ။မူလဈေးထက် ၂ ဆ ၃ ဆ မြှင့်ပြီး ရောင်းထုတ်လိုက်တယ် ။ဒါပဲလေ ။

တာဝန်ရှိသူလူကြီးမင်းများခင်ဗျား။ပြည်တွင်း အခွန်ဦးစီးဌာနမှာ အခွန်ထမ်းမှတ်ပုံတင်အမှတ် MCO/4437 နဲ့မှတ်ပုံတင် ထားတဲ့ Mother Land ကုမ္ပဏီကို တိတိကျကျ အရေးယူစုံစမ်းပေးပါခင်ဗျား။ဦးတင်မြင့်တို့ဟာ သိန်းပေါင်း ၅၀၀၀ နဲ့ စတင်ရင်းနှီိးမြှုပ်နှံပြီး ၂၀၀၄-၂၀၀၅ မှာစတင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ တစ်နှစ်ကို အဆောက်အဦ လုပ်ငန်းတစ်ခုကပဲ ၀င်ငွေသန်းချီဝင်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံးနာမည်တပ်ဝင်လာတဲ့ သွင်းကုန်တွေထဲ ကနေလည်း နောက်ထပ်ဝင်ငွေ သိန်းပေါင်း သောင်းဂဏန်းအထက် ၀င်ငွေစီးဆင်းမှုရရှိနေပါတယ်။ဒီ ကုမ္ပဏီကြီးတွေ အခွန်ရှောင်နေတာကို ဂရုမပြုပဲလုပ်ငန်းငယ်တွေကိုပဲ အခွန်စည်းကြပ်မှု တင်းကျပ်နေမယ်ဆိုရင် တာဝန်ရှိသူများ၏ ပေါ့လျှော့မှုနဲ့ တာဝန်ကင်းမဲ့မှုပဲဖြစ်ပါတယ်။ ကိန်းဂဏန်းများ သိန်းပေါင်းများစွာဟာ သောင်းဂဏန်းနဲ့အထက် စီးဆင်းဝင်ရောက်နေတဲ့ဒီ ကုမ္ပဏီကြီးတွေ အခွန်ရှောင်နေတာကို လစ်လျူရှူထားတာကလည်း သင်္ကာမကင်းစရာပါပဲ။ သူတို့လို လုပ်ငန်းကြီးတွေကနေရလာမယ့် များပြားလှတဲ့ အခွန်ဝင်ငွေတွေဟာ တိုင်းပြည်ဘဏ္ဍာကိုထိခိုက်စေပြီး တိုင်းပြည် အတွက်လိုအပ်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက်လည်း တိုးတတ်မှုနောက်ကျစေပါတယ်။နောက်ပြီး လူမျိုးရေးပဋိပက္ခဖြစ်ရာဒေသတွေမှာ တစ်ဘက်နိုင်ငံမှဝင်ရောက်လာ သူများနဲ့ အစ္စလာမ် ဘာသာဝင်များကိုသာ ထောက်ပံ့နေသောကြောင့် ဖြစ်ပွါးနေသော လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေအတွက်လည်း အားပေး အားမြှောက် ပြုရာကျနေပါတယ်။ဒါကြောင့် အခုလို ၀င်ငွေခွန် ရှောင်နေတဲ့ Mother Land ကုမ္ပဏီ ရဲ့ ၀င်ငွေစည်းကြပ်မှုကို ရှောင်တခင်ဝင်ရောက်စစ်ဆေးသည့်အပြင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းကနေ တရားမ၀င်ပါလာတဲ့ ပစ္စည်းတွေကိုလည်း စောင့်ကြည့်ဖမ်းဆီးပေးဖို့ တင်ပြလိုက်ရပါတယ်။

Tuesday, October 29, 2013

အစိုးရကို အယုံအကြည်နည်းစေတဲ့ အကြောင်းများ


ပြုပြင်ရေးလုပ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို ပြည်တွင်းပြည်ပမှာ အယုံအကြည်နည်းပါးစေတဲ့ အကြောင်းရင်းတွေကို လတ်တလောနဲ့ အခြေခံဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ပွားတဲ့ ပြဿနာနဲ့ ပဋိပက္ခတွေဟာ အစိုးရကို အယုံအကြည်နည်းစေတဲ့ လတ်တလောအကြောင်းရင်းတွေ ဖြစ်ပါတယ်။ အနှစ် (၅၀) ကျော် စစ်ခေါင်းဆောင်တွေ အဂတိလေးပါး လိုက်စားခဲ့တာဟာ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ အဂတိလိုက်စားတယ်ဆိုတာဟာ လာဘ်ပေးလာဘ်ယူတင် မဟုတ်ပါဘူး။ မတရားလုပ်မှု၊ မမှန်မကန်လုပ်မှု၊ ကြောက်ပြီးလုပ်မှု၊ ဘက်လိုက်မှု စတာတွေလည်း ပါဝင်ပြီး အရိုးစွဲနေတဲ့ အကျင့်ဆိုးဖြစ်လို့ ပပျောက်အောင်လုပ်ဖို့ အလွန်ခက်ခဲတဲ့ ပြဿနာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းလိုက်တဲ့ကော်မရှင်ဟာ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍမှာ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရသက်တမ်း လပေါင်း (၂၀) အတွင်းမှာ ရဲတပ်ဖွဲ့ဝင် (၇၀၀) အပါအဝင် ဝန်ထမ်း (၁၇,၀၀၀) နီးပါးကို အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ Transparency International အဖွဲ့ရဲ့  အစီရင်ခံစာမှာတော့ မြန်မာဟာ အဂတိလိုက်စားမှု အများဆုံးနိုင်ငံထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

စစ်ဗိုလ်နဲ့ အခွင့်ထူးခံ ခရိုနီတွေ နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီးစိုးခဲ့တဲ့ဒဏ်ကို အခုထက်ထိ ပြည်သူတွေခံနေတုန်းပါ။ တရားဥပဒေရှိပေမယ့် စစ်ဗိုလ်တွေ ဥပဒေအထက်က နေခဲ့တဲ့အတွက် တရားစီရင်ရေးဌာနကို ပြည်သူလူထုက အယုံအကြည်မရှိပါဘူး။ ဒါကြောင့် တရားရေးဌာနမှာ အဂတိတရားလေးပါး ကင်းရှင်းဖို့ အရင်ဆုံးလိုအပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီဝင်အချို့  လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမှု၊ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ စာပေစီစစ်ရေးဖျက်သိမ်းမှု စတာတွေကြောင့် နိုင်ငံရေးဘက်မှာ အသင့်အတင့် ယုံကြည်မှု ရှိလာတယ်လို့ ဆိုနိုင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးတာကို တိုးတက်မှုလို့ ဆိုနိုင်ပေမယ့် ကိုယ်စားလှယ်နေရာ (၂၅) ရာခိုင်နှုန်း စစ်တပ်က ယူထားတာကတော့ အဂတိလိုက်စားမှု ဖြစ်ပါတယ်။

ရေပန်းစားနေတဲ့ ဆွေးနွေးပွဲတွေမှာ အဂတိလိုက်စားမှု ပပျောက်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးလည်း ပါဝင်နေတာ တွေ့ရပါတယ်။ စစ်အုပ်စုကြီးစိုးချိန်မှာ ညီမျှမှု၊ တရားမျှတမှု၊ ကတိတည်မှု၊ နိုင်ငံရေးလွတ်လပ်မှု စတာတွေ ကင်းမဲ့နေလို့ ယုံကြည်မှု မတည်ဆောက်နိုင်တာလို့ သျှမ်းသံတော်ဆင့် က ဇန်နဝါရီလ (၁၇) ရက်နေ့က ဖော်ပြပါတယ်။ အဂတိတရားတွေကြီးစိုးလို့ ယုံကြည်မှုတည်ဆောက်လို့ မရတာဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်သလို တိုင်းပြည်တည်ဆောက်ဖို့လည်း ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဦးသိန်းစိန်အစိုးရ ပြုပြင်ရေးလုပ်တဲ့ ပထမ (၂) နှစ်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်းမှာ ဒေသခံတွေ အတင်းအဓမ္မ ရွှေ့ ပြောင်းခံရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့  လွန်ခဲ့တဲ့ မတ်လထုတ် အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

သယံဇာတ ထုတ်ယူရေး၊ ရေအားလျှပ်စစ်၊ သစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ မြေယာသိမ်းပိုက်ပြီး ဒေသခံတွေကို နှင်ထုတ်နေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး အပစ်အခတ်ရပ်စဲထားပေမယ့် ဒေသခံတွေရဲ့  မြေယာပိုင်ဆိုင်မှုကို ကာကွယ်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ ဆိုပါတယ်။ လက်နက်ကိုင်ကြီးစိုးခဲ့တဲ့ နယ်မြေဖြစ်လို့ အစိုးရတပ် (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပုဂ္ဂလိကကုမ္မဏီ ပူးတွဲလုပ်ကိုင်တဲ့ စီမံချက်ကို ဆန့်ကျင်ဖို့မဝံ့မရဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီးတဲ့နောက်ပိုင်း မြေယာသိမ်းပိုက်မှု များပြားလာပါတယ်။ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ပူးပေါင်းပြီး သိမ်းယူတာဟာ လက်ရှိအစိုးရကို အယုံအကြည်ကင်းမဲ့စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

မြေယာသိမ်းယူမှုကို ကိုင်တွယ်ဖို့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်ကို လွှတ်တော်က ဖွဲ့စည်းထားပါတယ်။ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဖားအံ့နဲ့ သံတောင်ကို ဒီကော်မရှင်သွားပြီး မကျေနပ်တာကို တိုင်းကြားဖို့ အားပေးစကားပြောတာဟာ ချီးမွမ်းစရာဖြစ်ပေမယ့် ပြဿနာ မဖြေရှင်းနိုင်ပါဘူး။ ဥပဒေမဲ့ မြေသိမ်းတာကို ဟန့်တားပြီး တောင်သူလယ်သမား အကျိုးခံစားနိုင်ဖို့အတွက် အောက်တိုဘာလ (၈) ရက်နေ့က ဥပဒေပြဌာန်းပါတယ်။ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဦးဆောင်အဖွဲ့က အကောင်အထည်ဖော်မှာဖြစ်လို့ ဘယ်လောက် ထိရောက်တယ်ဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

စစ်တပ်ကို မထိန်းချုပ်နိုင်တာဟာလည်း အရပ်သားတပိုင်း အစိုးရကို အယုံအကြည် ကင်းမဲ့စေတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေအမျိုးမျိုးကို အကောင်အထည် မဖော်နိုင်ရင် အချည်းနှီးပါ။ လတ်တလော ဖြစ်ပေါ်တဲ့ ပြဿနာနဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ အတိုင်းအတာကိုလိုက်ပြီး ဦးသိန်းစိန်အစိုးရ ယုံကြည်မှုရရှိနိုင်ပါတယ်။ ဒါပေမဲ့ တဖက်သတ် လုပ်ကိုင်မှု၊ အနိုင်ကျင့်မှု၊ အခွင့်ထူးခံယူမှု၊ မတရားမှု၊ ဘက်လိုက်မှု၊ အလွဲသုံးစားလုပ်မှု စတဲ့ အဂတိတရားတွေ လိုက်စားနေသမျှ အစိုးရအဖွဲ့အစည်းတွေကို တိုင်းသူပြည်သားက ယုံကြည်ဖို့ ခက်ခဲနေမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့ မြန်မာသတင်းများ ရုပ် / သံ

                                   ပုပ်ရဟန်းမင်းကြီး Francis ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗာတီကန်ကျောင်းတော်မှာ သွားရောက်တွေ့ဆုံစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၁၃)
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံပြီး သြ၀ါဒခံယူတဲ့သတင်း၊ KIO ဦးဆောင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပထမဆုံးကြိမ် ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေကို ရှု့စားကြရမှာပါ

နိုင်ငံသားစိစစ်ရေး ကဒ်များ စမတ်ကဒ် အဖြစ်ပြောင်းမည်



မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ စမတ်ကတ်တွေ ပြောင်းလဲထုတ်ပေးနိုင်အောင် စီစဉ်နေတာလို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီဌာန ညွှန်ကြားရေးမှူး ဦးကြည်လင်းက ဒီဗွီဘီကို ပြောပါတယ်။
“၂၀၁၄ သန်းခေါင်စာရင်းပြီးရင် အဓိကကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုတဲ့ အခါမှာ မထပ် မကျန်အောင် လူစာရင်းတွေ ပါအောင် အထောက်အကူပြုမှာပါ။ လူဦးရေ အပေါ်မှာ ထပ်ပြီးရလာမယ့် အကျိုးအကျေးဇူး အားလုံး၊ ၀န်ကြီးဌာနအားလုံးကို အထောက်အကူ ပြုနိုင်မယ်။ နိုင်ငံတော်အတွက်လည်း အထောက်အကူပြုမယ်။ စိစစ်ရေး ကတ်ပြားတွေ စမတ်ကတ်တွေ ဖြစ်လာမယ်။ နောက် ပီအာရ် စနစ်တွေ ဆက်တိုက်လာမှာပေါ့။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ကြွယ်ဝချမ်းသာမှုအပေါ်မှာ မူတည်တာပေါ့။ လုပ်ပေးနိုင်တဲ့ အချက်အလက်တွေ အများကြီးထုတ်ထားပြီးပြီ။ နိုင်ငံတိုင်းမှာ စမတ်ကတ်တွေပဲ သုံးတော့တယ်။ ရေစိုပျက်တာတို့ ဘာတို့ သက်သာတယ်။ တာရှည်ရေရှည်အသုံးပြုနိုင်တယ်။”
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားတွေကို ကွန်ပျူတာစနစ်သုံး စမတ်ကတ်တွေအဖြစ် အသုံးပြုနေတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကတ္ထူစက္ကူနဲ့ လုပ်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကိုပဲ အသုံးပြုနေကြတာပါ။
ရန်ကုန်မှာ စမတ်ကတ်တွေ လုပ်ပေးနေတဲ့ ဒစ်ဂျစ်တယ် ကောဒစ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သပြေကတော့ အချက်အလက်တွေ ထည့်သိမ်းဆီးထားနိုင်တဲ့ နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေကို သုံးသင့်တယ်လို့ ပြောပါတယ်။
“လုပ်မယ်ဆိုရင် အကောင်းဆုံးကတော့ တကယ့် စမတ်ကတ်အစစ် အချက်အလက်တွေလည်း ထည့်ထားရမယ်။ နိုင်ငံတော် ဗဟိုအဆင့်မှာ ပြည်သူလူထုရဲ့ အချက်အလက်တွေကို ထည့်ထားမယ်။ ဒါတွေကို တိုက်ဆိုင်စစ်ဆေးမယ်၊ အဲဒီအဆင့်ထိ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မြန်မာပြည်မှာ အခု မှားယွင်းနေတာက ဘာမှ ကွန်ပျူတာနဲ့ သုံးလို့မရတဲ့ ပလတ်စတစ်ကတ်ကို စမတ်ကတ်လို့ ခေါ်နေတာက မှားယွင်းနေတာပေါ့။ သူတို့ ပြောတဲ့စမတ်ကတ်ဟာ ရိုးရိုး ပလတ်စတစ်ကတ်ပဲလား၊ ကွန်ပျူတာလုံခြုံရေးစနစ်တွေနဲ့ သုံးနေတဲ့ မခွဲခြားနိုင်လို့ ဖြစ်မှာပေါ့။”
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေပေါ်ပြီးနောက်ပိုင်း ၁၉၈၅ ခုနှစ်ကစပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးအတိုင်အတာနဲ့ ကတ်ပြားပေါင်း ၃၉ သန်းကျော် ထုတ်ပေးထားတယ်လို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် လက်ရှိလူဦးရေ စာရင်းအတိအကျကိုတော့ လာမယ့်နှစ် မတ်လမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မှုအပြီးမှာမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

မန္တလေး အပါအဝင် မြို့ခြောက်မြို့တွင် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မည်




ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း ခြောက်ခုကို မန္တလေးမြို့တော် အပါအဝင် မြို့ကြီးများ၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားသည်။

မန္တလေးမြို့တော် ကမ်းနားလမ်းပေါ်တော်မူ ဘုရားရင်ပြင်တော်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန်းစစ်လေ့လာ အကဲဖြတ်ခြင်း လူထုတွေ့ဆုံ ရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းဆိပ်ကမ်းများအနက် မန္တလေးမြို့တော် ဆိပ်ကမ်းမြေနေရာမှာ လျာထားပြီးဖြစ်ကာ မြေဧရိယာ ၃၁ ဒသမ ၃၉ ဧကတွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းမှာ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

မန္တလေးမြို့တော်တွင် တည်ဆောက်မည့် အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း ပြီးစီးပါက တစ်နှစ်လျှင် ယေဘုယျ ကုန်စည် တန်ခြောက်သိန်း၊ ထုထည် ကုန်စည်နှင့် အရည်ကုန်စည် တန်ချိန် တစ်သန်း ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း ယင်းစီမံကိန်းအတွက် လူမှုစစ်တမ်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်း ကောက်ယူနေသည့် Royal Tree Services တာဝန်ရှိသူ ဦးတင်အောင်မိုးက ရှင်းပြသည်။

မန္တလေးမြို့တော်တွင် ဆောက်လုပ်မည့် ဆိပ်ကမ်း မြေနေရာသည် ဒေသခံတောင်သူ ခုနစ်ဦးနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးတို့ ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ယင်းစီမံကိန်း အကောင်အထည် ဖော်ဖြစ်ပါက သင့်လျော်သော မြေယာ လျော်ကြေးကို ပေးမည်ဖြစ်ကာ မတန်တဆ လျော်ကြေးများပေးရန် အစီအစဉ် မရှိကြောင်း ဝန်ကြီးဦးကျော်ဆန်းက တောင်သူတစ်ဦး၏ မေးမြန်းမှုကို ဖြေကြားသည်။

အဆိုပါ ဆိပ်ကမ်း စီမံကိန်းကို မန္တလေးမြို့ ရတနာပုံ သင်္ဘောကျင်း တောင်ဘက်ကွင်းအမှတ် ၆၀၅ တွင် တည်ဆောက်မည် ဖြစ်ပြီး ယင်းစီမံကိန်းနှင့် ဆက်စပ်မြေကွက်များမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀၀ ဝန်းကျင် ပေါက်ဈေး ရှိကြောင်း အဆိုပါ ဒေသခံတောင်သူများထံမှ သိရသည်။

ဆိပ်ကမ်း ဆောက်လုပ်ရန် လျာထားသည့် မြေ ၃၁ ဒသမ ၃၉ဧကတွင် ဂရိတ်ဝေါ ကုမ္ပဏီက ဧက ၂၀ ကျော် ပိုင်ဆိုင်ပြီး ကုမ္ပဏီပိုင် ဆိပ်ကမ်း ဆောက်လုပ်ရန်အတွက် တောင်သူများထံမှ ဝယ်ယူထားခြင်း ဖြစ်ကြောင်း ဂရိတ်ဝေါ ကုမ္ပဏီလုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
“အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မယ်ဆိုတာ ကောင်းပါတယ်။ ကုန်စည် သယ်ယူပို့ဆောင်ရာမှာလည်း မြန်ဆန်လာမယ်လို့ ထင်ပါတယ်” ဟု မန္တလေးမြို့မှ ဗန်းမော်သို့ ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဆင့်မြင့် ကွန်တိန်နာ ဆိပ်ကမ်းတည် ဆောက်ရာတွင် ဧရာဝတီမြစ် အခြေပြုဖြစ်သည့် မန္တလေး၊ ဗန်းမော်၊ မြင်းခြံ၊ ပခုက္ကူမြို့နှင့် ချင်းတွင်းမြစ် အခြေပြုသည့် မုံရွာ၊ ကလေးဝမြို့တို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းလွင်ဦးက ပြောကြားသည်။

Monday, October 28, 2013

ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ် ~ စည်သူအောင်မြင့်




 သမ္မတတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ
သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ
သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။ 

သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ
သမ္မတနဲ့ ကြိုတင် သဘောတူပြီး ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။
သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ အများက ယူဆနေ ချိန်မှာပဲ အခု ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။သမ္မတနဲ့ လွှတ်တော်အကြားမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ခုံရုံး ကိစ္စ အငြင်းပွားတာမျိုး ဖြစ်ခဲ့သလို ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ်တွေကို သူရ ဦးရွှေမန်းက စိတ်ကြေနပ်မှု မရှိတာကြောင့် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေးတွေ ခေါ်ဖို့ တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ
သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ် လို့ ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။

အတုများပေါ်လာပြီးနောက် ဂျပန်လူငယ်များ မိန်းမအစစ်ကို အချစ်တော့သဖြင့် မီဒီယာများမှ လူငယ်များကို လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာ


ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။
မိန်းကလေးအစစ်ကို မချစ်တတ်တော့သည့် ဂျပန်လူငယ် အမျိုးသားများ
မီးခလုတ်များကို လိုက်ပိတ်ပြီးနောက် အခန်းတံခါးကို ဆွဲပိတ်ကာ သော့ခတ်လိုက်သည်။ ထိုအခန်းကို မည်မျှအချိန်ကြာကြာ ပိတ်ထားရမည် မသိသေး။ ဂျပန်နိုင်ငံ၊ ဟော်ကိုင်ဒိုရှိ ဆေးရုံတစ်ခုမှ သားဖွားဆောင် အခန်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းသည် ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ပြီး ဆန်းကျယ်သော အကြောင်းအရာ တစ်ခု၏ ဂယက်ရိုက်ခတ်မှုဟုလည်း ဆိုနိုင်သည်။ အာရှတိုက်၏ အထင်ကရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွင် လူငယ်များ ကလေးမွေးဖွားနှုန်း သိသိသာသာ လျော့နည်းလာသည်။ အဘယ်ကြောင့်နည်း။ အဖြေက အမျိုးသားများက အမျိုးသမီး အစစ်များကို စိတ်မဝင်စားတော့၍ ဖြစ်လေသည်။

ဂျပန်နိုင်ငံတွင် (၂၀၆၀)ပြည့်နှစ်၌ လက်ရှိလူဦးရေ၏ (၃)ပုံ(၁)ပုံမျှ လျော့နည်းသွားနိုင်ကြောင်း သုတေသီများက သတိပေးထားသည်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာပြီး ယင်းတို့အနက် အထူးခြားဆုံးနှင့် အဆီအငေါ် အတည့်ဆုံး ပြဿနာ တစ်ရပ်မှာ လူငယ် အမျိုးသားများက လူငယ်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု နည်းပါးသွားခြင်း ဖြစ်သည်။ ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် လိင်သာယာမှုကို လက်တွေ့လောကထက် အတုအယောင် လောကတွင်သာ ရှာဖွေ ပျော်မွေ့နေသူများလည်း ဖြစ်ကြသည်။

ဂျပန်နိုင်ငံတွင် ဂိမ်းနှင့် ကာတွန်းဇာတ်ရုပ် မိန်းကလေးများကို စွဲလမ်းနှစ်သက်မှုသည် တရိပ်ရိပ် တိုးပွားလာနေသည်။ လူဦးရေ (၃၅)သန်း နေထိုင်သည့် တိုကျိုမြို့တော်ကြီးတွင် အိုတာကူ လူတန်းစားတစ်ရပ် လျင်လျင်မြန်မြန် ကျယ်ပြန့်ဖြစ်တည်လာခဲ့သည်။ တိုကျိုတွင် အေကီဟာဘာရာဆိုသော အရပ်ဒေသ တစ်ခုရှိသည်။ ယင်းကို အိုတာကူတို့၏ နိဗ္ဗာန်ဘုံဟု တင်စားကြသည်။ အသက်(၂၀)ဝန်းကျင် လူငယ်များသည် ကိုယ်ပိုင် ဖန်တီးထားသည့် စိတ်ကူးယဉ် ကမ္ဘာငယ်များဖြင့် အေကီဟာဘာရာတွင် ပျော်မွေ့နေကြသည်။ ယင်းနေရာတွင် Anime ကာတွန်းနှင့် ဂိမ်းအမျိုးမျိုးကို စုံလင်စွာ ရွေးချယ် ဝယ်ယူနိုင်ပြီး ဂိမ်းချစ်သူများ အကြိုက်ဆုံး ဆွဲဆောင်မှုလည်း ဖြစ်နေသည်။ ထို့နောက်ပိုင်းတွင် 3Dနည်းပညာဖြင့် ဖန်တီးထားသည့် အမျိုးသမီးငယ် ပုံရိပ်များသည် လူငယ် အမျိုးသားတို့၏ စိတ်အာရုံကို အဓိက လွှမ်းမိုး ချုပ်ကိုင်သွားတော့သည်။

"ခုချိန်မှာ ဂျပန်က အမျိုးသားလူငယ် တော်တော်များများဟာ လိင်မှုဘဝနဲ့ သွေးသားဆာလောင်မှုမှာ ထုံထိုင်းမှိုင်းဝေပြီး တက်ကြွမှု တော်တော် နည်းသွားပြီ"ဟု ဂျပန် မိသားစု စီမံကိန်းဌာနမှ ကူနီယို ကီတာမာရာက မှတ်ချက်ပြုခဲ့သည်။ ဂျပန်တွင် ချစ်သူစုံတွဲ အဖြစ်မှ ပြတ်စဲလမ်းခွဲမှုများ သိသာစွာ မြင့်တက်လာသလို (၂၀၁၀)ပြည့်နှစ်က ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ကောက်ယူသည့် စစ်တမ်းတွင် အသက်(၁၆)နှစ်မှ (၁၉)နှစ်ကြား အမျိုးသား လူငယ်များ၏ (၃၆)ရာခိုင်နှုန်းသည် လိင်ကိစ္စကို လုံးဝ စိတ်မဝင်စားတော့ကြောင်း တွေ့ရှိလာခဲ့သည်။ ယင်းသည် (၂၀၀၈)ခုနှစ်ကထက် (၂)ဆတိုးလာခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသား လူငယ်များ၏ ချစ်ခြင်းမေတ္တာသည် အတုအယောင် မိန်းကလေးများအတွက်သာ ဖြစ်တည်နေတော့သည်။

"အိုတာကူ နှစ်ယောက်ကို တွေ့ဖူးတယ်။ သူတို့နှစ်ယောက်လုံးက အတုအယောင် မိန်းကလေးတွေရဲ့ ချစ်သူအဖြစ်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားကြတာပါ။ တကယ်တော့ သူတို့ရဲ့ ချစ်သူဆိုတာ Nintendo ဂိမ်းထဲက မိန်းကလေးတွေပါပဲ"ဟု BBCမှ အနီတာ ရာနီက ပြောကြားခဲ့သည်။ Love Plus အမည်ရှိ ကွန်ပျူတာဂိမ်းသည် သေးငယ်ပေါ့ပါးသည့် Tablet ကွန်ပျူတာလေးများတွင် ဆော့ကစားရလေ့ ရှိသော ချစ်သူရည်းစားထားသည့် ဂိမ်းမျိုးဖြစ်သည်။ နူရီကန်နှင့် ယူဂီတို့သည် ရင်ကိုနှင့် နီနီဟု အမည်ပေးထားသည့် ကွန်ပျူတာဂိမ်း ချစ်သူနှစ်ဦးမှလွဲလျှင် မည်သည့် မိန်းကလေးကိုမျှ စိတ်မဝင်စားကြချေ။ ပန်းခြံထဲတွင် ချိန်းတွေ့ရန်၊ ချစ်သူကို မွေးနေ့လက်ဆောင် ကိတ်မုန့်ဝယ်ပေးရန် Love Plusက လမ်းဖွင့်ပေးထားပြီး ယင်းဘဝတွင်ပင် သာယာနေကြသည်။

"ကျွန်တော်တို့ အထက်တန်း ကျောင်းသား ဘဝကတည်းက စိတ်ကူးယဉ်ထားတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်နေပြီလေ"ဟု နူရီကန်က ဂုဏ်ယူစွာ ဆိုသည်။ ၎င်းသည် ဂိမ်းကစားတိုင်း အသက်(၁၅)နှစ်အရွယ် ခံစားချက်မျိုးဖြင့် တက်ကြွနေသော်လည်း လက်တွေ့တွင် အသက်(၃၈)နှစ် ရှိနေပြီ ဖြစ်သည်။ အိမ်ထောင်ပြုရန် စိတ်မဝင်စားဘဲ ၎င်း၏ စိတ်ခံစားချက် အားလုံးကို ဂိမ်းထဲမှ မိန်းကလေး ရင်ကိုထံတွင်သာ နူရီကန်က မြှုပ်နှံပေးထားသည်။ "ကျွန်တော် အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် ကျွန်တော့် အချစ်ရေးက တည်မြဲနေမှာပဲလေ"ဟု အသက်(၃၉)နှစ် ရှိပြီဖြစ်သော ယူဂီက ပြောဆိုခဲ့သည်။ ၎င်းက "ဂိမ်းထဲမှာ ကျွန်တော်တို့ တူတူ ကျောင်းသွားကြတယ်။ ကျောင်းဆင်းရင် ဂိတ်ပေါက်မှာ ချိန်းထားပြီး ကျွန်တော်တို့တူတူ ပြန်လာတယ်။ ဒီဂိမ်းထဲမှာ ကျွန်တော့်အသက်က (၁၇)နှစ်လေ"ဟုလည်း ယူဂီက ဆိုသည်။

၎င်းသည် ဂိမ်းထဲမှ ချစ်သူမိန်းကလေး နီနီနှင့် အပြင်လောကတွင် တွေ့ဆုံရသည်ဟု စိတ်ကူးယဉ်ဖူးကြောင်းလည်း ယူဂီက ဝန်ခံခဲ့သည်။ နူရီကန်နှင့် ယူဂီတို့၏ စွဲလမ်းမှုအရ အိုတာကူ ပြဿနာသည် လူငယ်ပိုင်းတွင်သာမက၊ လူလတ်ပိုင်းသို့ပါ ကူးစက်လာကြောင်း ထင်ရှားလျှက်ရှိသည်။ ဂျပန်နိုင်ငံတွင် စုံတွဲများထံ ကောက်ယူသော စစ်တမ်းအရ ဖိုမဆက်ဆံမှုသည် သိသာစွာ ကျဆင်းလာနေကြောင်းလည်း သတင်းများက ဆိုသည်။ စုံတွဲ အားလုံး၏ (၂၇)ရာခိုင်နှုန်းကသာ ၎င်းတို့အနေဖြင့် အပတ်စဉ် ချစ်တင်းနှီးနှောဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ လက်ထပ်မှုနှုန်းမှာလည်း ဆုတ်ယုတ်လာနေသလို ကလေးမွေးဖွားမှုနှုန်းလည်း နည်းပါးသွားသည်။ အခြေတကျ လက်မထပ်မီ ကလေးယူမှုသည် (၂)ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။

ဂျပန်မီဒီယာ အများအပြားကလည်း လက်ရှိ အခြေအနေကို ဝေဖန် ရေးသားမှုများ ပြုလုပ်နေပြီး ဂျပန် အမျိုးသားများ အနေဖြင့် ပိုမို၍ လူလားမြောက်ပြီး လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာကြသည်။ ဂျပန် လူမှုရေး သုတေသီ အချို့ကမူ နိုင်ငံ၏ လူဝင်မှု စည်းမျဉ်းများ တင်းကျပ်လွန်းပြီး ကမ္ဘာအရပ်ရပ်နှင့် ထိတွေ့မှု အပိုင်းတွင် အကဲဆတ်လွန်းခြင်းကလည်း ယခုပြဿနာများ၏ တစ်စိတ် တစ်ဒေသဟု သုံးသပ်ထားကြသည်။

ဥရောပ တတိယခရီးစဉ်တွင် မိုက်ကယ်အဲရစ်အုတ်ဂူသို့ ဒေါ်စု သွားရောက်ဂါရ၀ပြုခဲ့



ဥရောပ(၅)နိုင်ငံခရီး စဉ်ထွက်နေတဲ့ ဒေါ်စုအနေဖြင့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိသွားပြီး ဗြိတိသျှအိမ်ရှေ့ မင်းသားချားလ်စ် နှင့်တွေ့ဆုံခဲ့ပါသည်။ထို့နောက် သူမ၏ကိုယ်ပိုင် သီးသန့်ဒရိုင်ဘာ မောင်းနှင်လာသော ကားနှင့် ပြန်လည်ထွက်ခွါသွားပါသည်ဟု looktothestars က ဖော်ပြခဲ့ပါသည်။ အောက်တိုဘာ ၂၄ ရက်နေ့တွင်မူ မြောက်အိုင်ယာလန်သို့ ရောက်ရှိနေပြီး ၂၅ ရက်နေ့ ညပိုင်းတွင် Sandhurst (ဆန်းဒတ်စ်) တော်ဝင်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများနှင့်တွေ့ဆုံပြီး မိန့်ခွန်းပြောကြားကာ စစ်တက္ကသိုလ်တွင် လေ့လာရေးပြုလုပ်ခဲ့ပါသည်။

အောက်တိုဘာ ၂၆ နှင့် ၂၇ ရက်များသည် စနေ၊တနင်္ဂနွေရုံးပိတ်ရက်များဖြစ်သဖြင့် သူမ၏ ကိုယ်ပိုင်အားလပ်ချိန်အား ဗြိတိန်တွင် အနားယူမည်ဟုကြေငြာခဲ့ပါသည်။အဆိုပါနေ့များတွင် ဒေါ်စုသည် မီဒီယာမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ ပါသည်။သို့သော် အဆိုပါနေ့ရက်များတွင် ၄င်း၏မိသားစုဝင်များနှင့် တွေ့ဆုံသည်ဟု သတင်းမထုတ်ပြန်သော်လည်း သားငယ် ကင်အဲရစ်နှင့် တွေ့ဆုံခဲ့သည့်အပြင်  မိတ်ဆွေဟောင်းများနှင့်လည်း ရှေးဟောင်းလက်ရာ အဆောက်အဦ သဏ္ဍာန်ရှိသော ဟိုတယ်တစ်ခုတွင်းရှိ VIP အခန်းတွင် ညစာအတူစားခဲ့သည်ဟုဆိုပါသည်။ ဒေါ်စုသည် ဗြိတိန်၌ရှိနေစဉ် ကိုယ်ပိုင်သီးသန့် ဒရိုင်ဘာတစ်ဦး မောင်းနှင်သော ကားတစ်စီးတည်းဖြင့်သာ လည်ပတ်မှု ပြုလုပ်ခဲ့သည်။ထို့အပြင် ဒေါ်စုသည် နှင်းဆီပန်းအနီတစ်ပွင့်ကို ကိုင်ဆောင်လျှက် ခရီးတိုတစ်ခုသွားခဲ့သည် ဟုလည်း ဆိုပါသည်။ ထိုခရီးတိုအတွက် ဒေါ်စုသည် သူမအား မီဒီယာများ၏ စောင့်ကြည့်မှု ကင်းလွတ်စေရန် ချာလ်းမင်းသားကြီး အား အကူအညီတောင်းခဲ့သဖြင့် ချားလ်မင်းသား၏ ကိုယ်ရံတော်အဖွဲ့မှ လိုက်လံစောင့်ရှောက်ပေးခဲ့မှုဖြင့် ကွယ်လွန်သူ ခင်ပွန်းမိုက်ကယ်အဲရစ်၏ အုတ်ဂူထံ သွားရောက်ပြီး နှင်းဆီပန်းတစ်ပွင့်ဖြင့် ဂါရ၀ပြုခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။ဒေါ်စုသည် ယင်းကဲ့သို့ သွားရောက်ခဲ့ရာတွင် သူမ၏ ဗြိတိသျှမိတ်ဆွေ အနည်းအကျဉ်းဖြင့်သာ သွားရောက်ခဲ့ပြီး သားငယ် ဖြစ်သူ ကင်အဲရစ်(ခေါ်)မောင်ထိန်လင်းမှာမူ လိုက်ပါခဲ့ခြင်းမရှိဟု ဗြိတိန်နိုင်ငံရောက် မြန်မာပညာတတ် အသိုင်းအ၀ိုင်းများ ထံမှသိရှိရပါသည်။

နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံတားကို အောက်တိုဘာလကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။

"ဘုရင့်နောင် လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတဲ့ အောက်ကဘုရင့်နောင် ခုံးကျော်တံတားကို ဒီလကုန်မှာစပြီး ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ သမိုင်းဘူတာရုံ လမ်းပေါ်က ခုံးကျော်တံတားကတော့ အသုံးပြုခွင့် မရသေးပါဘူး" ဟု ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားခဲ့သည်။

ဘုရင့်နောင် ခုံးကျော်တံတားသည် နှစ်ထပ်တံတား စီမံကိန်းဖြစ်ပြီး ဘုရင့်နောင် လမ်းမကြီးပေါ်တွင် တစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်တွင် တစ်စင်း တည်ဆောက်လျက်ရှိကြောင်း၊ ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်က စတင်ခဲ့ပြီး FMI Co.,Ltd မှ ဆောက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၁ ဘီလျံ ရှိနိုင်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများကို လာမည့်ဒီဇင်ဘာ အပြီးတည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။

"ဘုရင့်နောင် ပွဲရုံဝင်းထဲမှာရော၊ လမ်းမကြီးမှာပါ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ ခုံးကျော်တံတား တည်ဆောက်နေတော့ ပိုကျပ်တယ်။ ဒါပေမဲ့ လမ်းမကြီးပေါ်က တံတားက ဒီလကုန် ဖြတ်သန်းခွင့် ရတော့မှာဆိုတော့ လက်ရှိကြုံတွေ့နေတဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့သွားမှာပါ။ ၀င်းထဲမှာလည်း နေ့စဉ်နဲ့အမျှ ယာဉ်ထိန်းတွေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်" ဟုလည်း ဦးခင်ဟန်က ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာစေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားလေ့ရှိသည့် လှည်းတန်းလမ်းဆုံ၌ လှည်းတန်းခုံးကျော်တံတား တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က စတင်အသုံးပြုခွင့် ရခဲ့ကြောင်း၊ လက်ရှိတည်ဆောက်ဆဲ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများမှာ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင် ခုံးကျော်တံတားမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းအား အောက်တိုဘာ ပထမပတ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနယ်စပ်ဂိတ်များကို နိုင်ငံတကာ ဂိတ်ပေါက်အဖြစ် တိုးချဲ့မည်



  မြန်မာ နိုင်ငံနှင့် နယ်စပ်ဂိတ်များ အားလုံးကို ၂၀၁၄ခုနှစ် နောက်ဆုံး ထားကာ နိုင်ငံတကာဂိတ်ပေါက် များအဖြစ် လွတ်လပ်စွာသွားလာ ခွင့်ပြုရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။ လက်ရှိ နယ်စပ်ဂိတ်ပေါက် လေးခုကိုသာ နိုင်ငံတကာဂိတ်အ ဖြစ် ဝင်ထွက်ခွင့်ပြုနေပြီး လာမည့် ၂၀၁၄ခုနှစ်နောက် ဆုံးထားကာ အာဆီယံမူ ဘောင် အတိုင်း ခွင့်ပြု သွားရန် လုပ်ဆောင် မည်ဟု အောက် တိုဘာ၂၆ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ ခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည် ထောင် စုဝန်ကြီး ဦးခင်ရီက''ကရင် ပြည်နယ်ဘက်က ဂိတ်ပေါက်လေး ခုကို အရင်ခွင့်ပြုတယ် ဆိုတာက အဲဒီဒေသတွေက ငြိမ်းချမ်းသွား ပြီဆိုတဲ့အတွက် အရင်ခွင့်ပြုထား တာ၊ တခြား နယ်စပ်ဂိတ် ၁၂ခုကို လဲ တစ်ဖက်နိုင်ငံတွေနဲ့ပြောဆို ထားတဲ့အတွက် ၂၀၁၄ထက်တော့ နောက်မကျပါဘူး''ဟုဆိုသည်။ နိုင်ငံတကာဂိတ်ပေါက် အ ဖြစ် ဖွင့်လှစ်ထားသော ဂိတ်များ မှာ ထီးခီး-ဖွန်နရွန်၊ တာချီလိတ်- မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့ သောင်း-ရနောင်းဂိတ်ပေါက်များ ဖြစ်ပြီး ယင်းနေရာများမှတစ်ဆင့် Passport ကိုင်ဆောင်ထားသူများ မှာ နိုင်ငံတွင်း မည်သည့်နေရာ တွင်မဆို လွတ်လပ်စွာသွားလာခွင့် ရှိမည်ဖြစ်သည်ဟု သိရသည်။

 
Twitter Bird Gadget