ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, July 30, 2013

မြန်မာပြက္ခဒိန် gadget လေးလိုချင်ရင်

မြန်မာပြက္ခဒိန် gadget လေးလိုချင်ရင်

ကူးထည့်လိုက်ပါ

BLOG HTML ကုတ်များ

BLOG HTML ကုတ်များ

ညီ အကို ဘော်တာ တစ်ယောက် မေးတာ လေး ကို
သတိရ လို့  မှတ်တမ်းအနေ နဲ့  ရော နောက် ကို လိုချင်ရင် အလွယ်တကူ
ရှာလို့ ရအောင် အတွက် တင်လိုက်ခြင်း ဖြစ်ပါတယ်
ဘာလေးလဲဆိုတော့ ကာ မိမိဘလောက် မှာ နှင်းပွင့် တွေ ကျလာအောင် ပြုလုပ် တဲ့ ကုတ်လေးပါ
ကုတ်လေး ကို ကော်ပီ ကူးပြီး
Layout ရဲ့ Add a Gadget က HTML/JAVA ထဲမှာ ထည့်လိုက်ရင် ရပါပြီ။
အောက်ပါကုတ်လေးက နှင်းပွင့် ကုတ်လေး ဖြစ်ပါသည်..
ကုတ် ၁ ။ ။

ကုတ် ၂ ။ ။

ကုတ် ၃ ။ ။ အောက်ကုတ်လေးက သစ်ရွက်တွေ ကျအောင် လုပ်တဲ့ ကုတ်လေးပါ

Sunday, July 28, 2013

ဂျာမနီအခြေစိုက် Mercedes-Benz ကားကုမ္ပဏီ၏ ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

ဂျာမနီအခြေစိုက် Mercedes-Benz ကားကုမ္ပဏီ၏ ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

M-28-7

Mercedes - Benz ကားကုမ္ပဏီ၏ နောက်ဆုံးပေါ် The New E-Class Model ကားအား မိတ်ဆက်ပြသ ထားသည်ကို တွေ့ရစဉ်
ဂျာမနီအခြေစိုက် Mercedes-Benz ကားကုမ္ပဏီ၏ Original Spare Parts နှင့် အထွေထွေ ၀န်ဆောင်မှုစင်တာကို ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Satellite Workshop တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လာမည့်နှစ် အစောပိုင်းတွင် Mercedes -Benz ၏ Main Showroom ကို အမှတ် (၅၀) ပြည်လမ်း မရမ်းကုန်းမြို့နယ်နှင့် Car Workshop ကို အမှတ်(၄/၅/၁၅/၁၆)၊ ရွာမကျောင်းလမ်း လှိုင်မြို့နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ Daimler AG နှင့် Jardine Cycle and Carriage Ltd တို့ ပူးပေါင်း၍ Mercedes - Benz ကားများကို ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်သွင်းမည့်အပြင် ဂျာမနီမှ နည်းပညာရှင်များ၏ ၀န်ဆောင်မှုကိုလည်း ပေးသွားမည်ဖြစ်ကြောင်း Jardine Cycle and Carriage Ltd မှ ဦးအောင်မိုးကျော်က ပြောကြားသည်။
ဂျာမနီအခြေစိုက် Mercedes - Benz ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး Original Spare Parts နှင့် အထွေထွေဝန်ဆောင်မှု စင်တာကို ဖွင့်လှစ်ခဲ့ပြီး လာမည့်နှစ်တွင် ကားအရောင်းပြခန်းကို ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ Mercedes - Benz ကားကုမ္ပဏီသည် S, C, E, CLS, M, ML, G, GL, GLK စသည့်ဖြင့် Class Model များ ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် Mercedes - Benz အသုံးပြုနေသူများ အနေဖြင့် S, C, E, CLS, M, ML, G, GLK Class Model များကို လူကြိုက်များကြောင်း ပြည်တွင်းကားရောင်းဝယ်ရေး အသိုင်းအ၀ိုင်းထံမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ဂျပန်အခြေစိုက် ကားကုမ္ပဏီများဖြစ်သော Nissan, Toyota, Mitsubishi, suzuki၊ အမေရိကန်အခြေစိုက် Ford, Chevrolet တို့အပြင် တောင်ကိုရီးယား အခြေစိုက် K.I.A နှင့် Hyundai ကားကုမ္ပဏီများ၏ အရောင်းပြခန်းများ၊ Original Spare Parts နှင့် ၀န်ဆောင်မှု စင်တာများကို မကြာမီ ဖွင့်လှစ်မည်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း Knight Frank ၏ ကြွယ်ဝချမ်းသာမှု အစီရင်ခံစာတွင် ဖော်ပြ

BB-28-7

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အိမ်ခြံမြေ အကြံပေးကုမ္ပဏီဖြစ်သော Knight Frank က ၂၀၁၃ ခုနှစ် ချမ်းသာကြွယ်ဝမှုအ စီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် HNWI ဟုခေါ်သော အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း သိရသည်။ ၎င်းအပြင် မြန်မာနိုင်ငံသည် HNWI အရေအတွက် များပြားလာနိုင်ခြေတွင် အာရှတိုက်၌ အမြင့်မားဆုံးဖြစ်ပြီး ၁၀ စုနှစ် တစ်ခုအကြာ ၂၀၂၂ ခုနှစ်သို့ အရောက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၀၇ ဦး ရှိလာလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် ပြောင်းလဲနိုင်မှု ရာခိုင်နှုန်းသည် ၆၈၇ ရာခိုင်နှုန်းဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးဖြစ်သည်။
ယင်းခန့်မှန်းမှုမှာ ချမ်းသာကြွယ်ဝမှုကို ဖန်တီးနိုင်မှု အခြေအနေနှင့် စီးပွားရေးလမ်း ပွင့်လာမှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၎င်းအပြင် နိုင်ငံရေး ပြောင်းလဲမှု အကြီးအကျယ် ဖြစ်ပေါ်လာခြင်း၊ ပိတ်ဆို့ခံထားရမှုများ လျော့ကျလာခြင်းနှင့် ဖွံ့ဖြိုးရေး စီမံချက်များအတွက် ရန်ပုံငွေ ရရှိရန် အာမခံချက်များ ရရှိလာခြင်းတို့ကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။ မြန်မာနိုင်ငံ၌ နိုင်ငံခြား ကုမ္ပဏီများ အကြီးအကျယ်  လာရောက်ရင်းနှီး မြှုပ်နှံမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံများ၊ စွမ်းအင်ကဏ္ဍ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပညာရေး ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာရန် အလားအလာကောင်းများရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းကဏ္ဍများတွင် ပုဂ္ဂလိက လုပ်ငန်းစုများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုသည်။
အင်္ဂလန်နိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ ထိပ်တန်းဂျာနယ် တစ်စောင်ဖြစ်သော Prime Resi မှ ထုတ်ဝေခဲ့သော စစ်တမ်းတစ်ရပ်တွင်လည်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် အခြားနေရာများတွင် အိမ်ခြံမြေကဏ္ဍ၌ မြန်မာတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားလာနေပြီး ၂၀၀၃ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် တန်ဖိုးရှိသော အိမ်ခြံမြေများ ၀ယ်ယူမှု၏ တစ်ရာခိုင်နှုန်းသည် မြန်မာများဖြစ်ကြောင်း သိရသည်။ ယင်းပမာဏသည် ဟောင်ကောင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ၀ယ်ယူမှု ပမာဏနှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ၏ လန်ဒန်မြို့တွင် လာရောက်ရင်းနှီးမြှုပ်နှံမှု အလားအလာ လွန်စွာကြီးမားလာသည့်အတွက် အင်္ဂလန်နိုင်ငံမှ အိမ်ခြံမြေ အကြံပေး ကုမ္ပဏီဖြစ်သော Landon Dom ကုမ္ပဏီသည် ယခုလအတွင်း ရန်ကုန်မြို့၌ ရုံးခန်းတစ်ခု လာရောက်ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။ Daily Eleven မှ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာကြွယ်ဝသူ သို့မဟုတ် စီးပွားရေး အစုအဖွဲ့ သုံးဦးမှ လေးဦးအထိရှိကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် ၀င်ငွေအနည်းပါးဆုံး နိုင်ငံဖြစ်ပြီး Wikipedia ၌ ဖော်ပြချက်အရ ၂၀၁၂ ခုနှစ်အတွက် တစ်ဦးချင်း ဂျီဒီပီသည် ဒေါ်လာ ၈၄၉ သာရှိပြီး အမြင့်ဆုံးဖြစ်သော စင်ကာပူသည် ၄၉,၉၃၆ ရှိကြောင်း သိရသည်။

Monday, July 22, 2013

တောင်ကြီးရှမ်းသီချင်းလေးပါ။

တောင်ကြီးရှမ်းသီချင်းလေးပါ။

Sunday, July 21, 2013

အင်တာနက်ကနေ ဖုန်းကို ဖရီးခေါ်မယ်(မြန်မာနိုင်ငံအပါ)

အင်တာနက်ကနေ ဖုန်းကို ဖရီးခေါ်မယ်(မြန်မာနိုင်ငံအပါ)

ကျွန်တော်စမ်းတာတော့ တကယ်ရတယ်ဗျ ။ ဒါကြောင့် ပြန်ရှဲပေးလိုက်တာ ။ ရသလောက်ဆိုဒ်တွေကို ပြန်တင်ပေးပါတယ် ။ တစ်ဆိုဒ်ချင်း အသုံးပြုပုံကို ကျွန်တော် မရေးတော့ပါဘူး ။ ကိုယ့်ဖာသာကို ကလိစူးစမ်းကြပါလို့ ။ ဟုတ်ပါတယ်ဗျာ ။ ဆိုဒ်တစ်ခုရဲ့ အသုံးပြုပုံကို ရေးပေးစရာမလိုတော့ပါဘူး ။ ဘာလို့ဆိုတော့ နေ့တိုင်း ကျွန်တော်တို့တွေ ဆောပ်ဝဲလ်တစ်ခု မဟုတ်တစ်ခု အသုံးပြုနေကြပါတယ် ။ ဓါတ်ပုံပြင်တဲ့ သူလည်း ဖိုတိုရှောပ်.. အမျိုးမျိုးပဲလေ ။ အဲဒါတွေတောင်မှ သုံးတတ်တာကို ဒီလို ဆိုဒ်ကလေးလောက်တော့ သနားပါတယ်လို့ ပြောလိုက်ပါ ။ Option ဘယ်နှစ်ခုပါလို့လဲ ။ မရရင် တွေ့သမျှ အကုန်လိုက်နိပ်လိုက် ။ ဘာမှမဖြစ်ပါဘူးဗျာ။ အရေးကြီးတာက သုံးတတ်ဖို့ပဲလေ ။ သူများသင်ပေးလို့ တတ်တာက သူများသင်ပေးသလောက်ပဲ ရမယ် ။ ကိုယ်ဖာသာကိုယ် တတ်တာက ကိုယ်တတ်ချင်သလောက်တတ်လို့ရတယ် ။ တတ်ချင်သလောက် လေ့လာနိုင်တယ် ။ ဒါကြောင့် ကိုယ့်အားကိုကိုးစမ်းပါလို့ တိုက်တွန်းပါရစေဗျာ ။ ဒါတော့ ကျွန်တော်ရဲ့ အတွေးအမြင်ပါ ။ အတွေးအမှန်ဆိုတာ ကိုယ်တွေးတဲ့ဘက် ကိုယ်မြင်တဲ့ဘက် မှန်တာပါနော် ။

ကဲ စကားများနေပြန်ပါပြီ ။ ကဲ အောက်က ဆိုဒ်တွေက တစ်ခုချင်းစီ စမ်းကြည့်လိုက်ပါ ။ လုံးဝခေါ်လို့ရတယ်လို့တော့ ကျွန်တော် အာမခံပါတယ် ။ စမ်းကြည့်လိုက်ပါဗျာ ။
http://localphone.com
ဒီဆိုဒ်က ကျွန်တော် စမ်းတာ တကယ်ရတယ် ။ ရတယ်ဆိုပြီးရောပဲ ဘယ်လောက်ထိ ဖရီးပေးတယ်ဆိုတာတော့ ကျွန်တော်လည်း မသိရသေးပါဘူး :)
free 5minutes call to anywhere in the world လို့တော့ ပြထားပါတယ်ဗျ ။
register လုပ်ဖို့တော့ လိုပါတယ် ။ facebook အကောင့်ရှိရင် ပိုအဆင်ပြေပါတယ် ။ sing up with facebook ကို နိပ်လိုက်ရုံနဲ့ ခဏစောင့်ပြီး အဲဒီမှာ အဲဒီဆိုဒ်မှာ သုံးဖို့ password ကို ရိုက်ထည့်ရုံနဲ့ အသုံးပြုနိုင်ပါပြီ ။ စတင်ခေါ်ဆိုနိုင်ပါပြီ ။ ဒါတော့ ကျွန်တော် စမ်းတဲ့ ဆိုဒ်ရဲ့ အနေအထားပါ ။(မြန်မာနိုင်ငံပါ ခေါ်နိုင်ကြောင်း အထူးသတင်းအနေနဖြင့် ပါးအပ်သည်။ ကျွန်တော်နိုင်ငံတွင် အသိဖုန်းနံပါတ် မရှိသဖြင့် မစမ်းလိုက်ရပါကြောင်း ထပ်လောင်းပြောကြားပါသည် :D )

နောက်တစ်ဆိုဒ်ကတော့  http://economycalling.com ပါ ။ သူရဲ့ အသုံးပြုပုံကတော့ ဒီလိုပါ ။
ထုံစံအတိုင်း သူ့ဆိုဒ်မှာ Register လုပ်ရပါမယ် ။ ပြီးရင် မိမိရဲ့အကောင့်မှာ မိမိရဲ့ ဖုန်းနံပါတ်ကို ထည့်ပါ(မိမိအကောင့်ဆိုတာ အဲဒီဆိုဒ်က အကောင့်ကိုပြောတာပါ ။ ဆိုလိုတာက ning site တွေမှာ profile သဘောမျိုး)
ပြီးရင်တော့ ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို နိပ် ။ များသောအားဖြင့် နိုင်ငံကို အရင်ရွေးပေးရပါတယ် ။ နိုင်ငံကို ရွေးပေးပြီးတာနဲ့ နိုင်ငံရဲ့ ကုတ်က အော်တိုပေါ်တယ် ။ကိုယ်ရိုက်ထည့်ရမှာက နောက်ကဂဏန်းတွေပဲ ။ တစ်ခုတော့ရှိတယ်နော် ။ ကျွန်တော်တို့ ထိုင်းဖုန်းမှာတော့ ဒီလိုပေါ်တယ် ။ 08 or +66 အဲလိုရှိတယ် ။ ကျွန်တော်တို့ချင်းချင်း ခေါ်ရင်တော့ 08နဲ့ပဲ ။ နိုင်ငံခြားကနေရင်တော့ +668 အဲအရင်ခံပြီးတော့ ခေါ်ရပါတယ် ။ ဒါတော့ ကျွန်တော် သိသလောက်လေးပါ ။ ကျန်တဲ့  နိုင်ငံ ဘယ်လိုလဲ ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ကြောင်းပါ ။ ကိုယ်နေနေတဲ့ နိုင်ငံရဲ့ ကုတ် အကြောင်းကိုတော့ သိထားရမယ်လေ ။ တော်ကြာနေ မရပါလား ဆိုနေမှာ စိုးလို့ ။ စကားကြောလည်း ရှည်ပြန်မိပြီ ။ အဲ... သူငယ်ချင်းတွေကို ခေါ်တဲ့အဆင့်ရောက်ပြီနော် ။ မိမိအကောင့် မိမိဖုန်းနံပါတ်ကို ထည့်ထားပြီးရင်တော့ ခေါ်လိုက်တော့ပေါ့ ။ အဲဒီခါကျရင် သင့်ဖုန်းထဲကို Code ကို ဆိုဒ်က ပို့လာပေးလိမ့်မယ် ။ အဲဒီ code ကို ရိုက်ထည့်ပေးလိုက်ရုံဖြင့် စတင်ခေါ်ဆိုနေပြီ ဖြစ်ကြောင်း ။

နောက်ကျန်တဲ့ ဆိုဒ်အကြောင်းတွေကိုတော့ ကျွန်တော် မရေးပေးတော့ပါဘူး ။ ကိုယ့်ဖာသာကိုယ် စူးစမ်းကြပါတော့လို့ အတိုကောက်ပဲ ပြောပါရစေတော့နော် ။နည်းနည်းလည်း ပန်းနေလို့ ဒီနေ့ ။ ကိုကြီးဆီမှာ ကွန်ပျူတာ ဝယ်ထားတာလေ ဒီနေ့ :)

အဆင်ပြေကြပါစေဗျာ ။

Saturday, July 20, 2013

ဟာသ သီချင်းလေးပါ

ဟာသ သီချင်းလေးပါ

ဂျပန်နိုင်ငံက လေးထောင့်ဖရဲသီး

ဂျပန်နိုင်ငံက လေးထောင့်ဖရဲသီး

Photo: ဂျပန်နိုင်ငံက လေးထောင့်ဖရဲသီး

မျက်နှာနှစ်ခုနှင့် လူသား

မျက်နှာနှစ်ခုနှင့် လူသား

Photo: မျက်နှာနှစ်ခုနှင့် လူသား

ဂင်းနစ်စံချိန်ချိုးသွားသော အိန္ဒိယနိုင်ငံမှ ၂ပေမျှသာရှိသော ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီး

ဂင်းနစ်စံချိန်ချိုးသွားသော အိန္ဒိယနိုင်ငံမှ ၂ပေမျှသာရှိသော ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီး

Photo: ဂင်းနစ်စံချိန်ချိုးသွားသော အိန္ဒိယနိုင်ငံမှ ၂ပေမျှသာရှိသော ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီး

ပျဉ်းမနား မြို့နယ်၌ ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေး ဖွား

ပျဉ်းမနား မြို့နယ်၌ ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေး ဖွား

Photo: ပျဉ်းမနား မြို့နယ်၌ ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေး ဖွား

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ဥယျာဉ်စု အုပ်စု ဦးကျေးရွာတွင် ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေးဖွားကြောင်း ကြားသိရသည်။

ဖြစ်စဉ်မှာ ဥယျာဉ်စု အုပ်စု ဦးကျေးရွာတွင် နေထိုင်သော ဦးထွန်းနိုင်-ဒေါ်နီနီလွင်တို့ မွေးမြူ ထားသော နွားမကြီးမှ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၁ နာရီက နွားမလေး တစ်ကောင် မွေး ဖွားသည်။ အဆိုပါ နွားမလေးသည် ထူးဆန်းစွာ ဦးခေါင်းနှစ်လုံး ပါပြီး မိခင်ဝမ်းမှ ပြင်ပသို့ ချောမောစွာ မွေးဖွားသန့်စင် ခဲ့သော်လည်း ၄၅ မိနစ်ခန့်တွင် သေဆုံး သွားကြောင်းနှင့် မွေး ဖွားပြီး ချိန်တွင် ဦးခေါင်း နှစ်လုံးစီတွင် ပါရှိသော နှာခေါင်း ပေါက်တို့မှ အသက်ရှူခဲ့ သည်ဟု ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းနိုင်-ဒေါ်နီနီလွင် တို့က ပြောကြား ခဲ့ကြောင်း သိရသည်။

ကိုကို မမတို့အားလုံး အတွက် သိထားသင့်တဲ့ နည်းလေးများ

ကိုကို မမတို့အားလုံး အတွက် သိထားသင့်တဲ့ နည်းလေးများ

Photo: ကိုကို မမတို့အားလုံး အတွက် သိထားသင့်တဲ့ နည်းလေးများ

ဒီနေ့တော့ သူငယ်ချင်းတွေ အတွက် ကောင်းနိုး ရာရာ လေးတွေရွေးလို့ မှတ်သားစရာ လေးများ ပြောပြ ဦးမယ်နော်။ တကယ်လဲ အသုံး ဝင်တဲ့ နည်းလေး တွေပါ။

ခေါင်းကိုက်နေပါသလား၊

သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေ သက်သာ သွားပါလိမ့်မယ်။

ခြင်ကိုက်လို့ ယားနေပါလား၊

ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ် သက်သာပါတယ်။

သကြားအညိုတွေ ခဲနေပါက ပန်းသီးတစိပ်လောက် ထည့်လိုက်ပါ ချက်ချင်း အရည်ပျော် သွားပါလိမ့်မယ်။

တလတခါ ရာသီလာချိန်မှာ ကိုက်ခဲနာကျင် တတ်သူ အစ်မနဲ့ ညီမလေးတွေ အတွက်ပါ၊ ဒိန်ချဉ် ဘူးလေးပဲ ဖြစ်ဖြစ်၊ ရိုးရိုး ဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင် မှု ဝေဒနာ တွေ သက်သာ စေပါတယ်။

ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်း ထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူးရဲ့ သဘာဝ အချိုဓါတ်တွေ ထွက်လာ စေပါတယ်။

ပုရွက်ဆိပ် ကလေးတွေ အိမ်မှာ တန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေ ထည့်ပြုတ်လိုက်ပါ

ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့ တိုက်လိုက်ပါ

မီးဖိုချောင်သုံး စတီးအိုး ခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပီး အပြင်၊ အစွန်းအထင်း တွေကိုပါ ဖုံးလွှမ်း ပေးနိုင်ပါတယ်။

ရုံပတီသီးကြော် စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာ မကြိုက်ပါက ဟင်းအိုးချတဲ့ အချိန်မှာ သံပုရာသီး တစိပ် ထည်လိုက်ပါ လုံးဝ မချွှဲတော့ပါဖူး

ကြက်သွန်နီနွာလို့ မျက်ရည် မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ် သုတ်ပီး လှီးပါ

အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေ စွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေ ပျောက်သွား ပါလိမ့်မယ်

ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေ လာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ

ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ အရောင် လွှင်ပြယ်တာကို ကာကွယ်တဲ့ အပြင် ၊မှိုတက် မဖြစ်တော့ပါဖူး

သတင်းစာကို ရေနဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည် လင်လင်လေး ဖြစ်လာ ပါလိမ့်မယ်

ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကို စင်ကြယ်အောင် တိုက်ချွတ် နိုင်ပါတယ်။

ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။

အားလုံလဲ မှတ်ထားလို့ပျော်ရွင်ကြပါစေ။

Credit >  Myanmar News Update

ပလီပလာ ထွေကာလီကာ

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

Photo: မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...

၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

www.mmdailystar.com

လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ပင်လယ်ပြင်မှဆယ်ယူ ရရှိ

လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ပင်လယ်ပြင်မှဆယ်ယူ ရရှိ

Photo: အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ ------------------------------- တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။  ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။  ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများ ပါရှိသည်။  “PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည်တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။  လွန်ခဲ့သည့် ၁၇ ရာစုဝန်းကျင်က ပင်လယ်ဓားပြအုပ်စုများတွင် နာမည်ကြီးသည့် ယိုးဒယားတစ်ဝိုက် ပင်လယ်ဓားပြများ တနင်္သာရီတွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများအထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော်သူရက ပြောသည်။  မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူများက ပြောသည်။  Dawei Watch Mizzima - News in Burmese

Photo: အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ ------------------------------- တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။  ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။  ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများ ပါရှိသည်။  “PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည်တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။  လွန်ခဲ့သည့် ၁၇ ရာစုဝန်းကျင်က ပင်လယ်ဓားပြအုပ်စုများတွင် နာမည်ကြီးသည့် ယိုးဒယားတစ်ဝိုက် ပင်လယ်ဓားပြများ တနင်္သာရီတွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများအထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော်သူရက ပြောသည်။  မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူများက ပြောသည်။  Dawei Watch Mizzima - News in BurmesePhoto: အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ ------------------------------- တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။  ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။  ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများ ပါရှိသည်။  “PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည်တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။  လွန်ခဲ့သည့် ၁၇ ရာစုဝန်းကျင်က ပင်လယ်ဓားပြအုပ်စုများတွင် နာမည်ကြီးသည့် ယိုးဒယားတစ်ဝိုက် ပင်လယ်ဓားပြများ တနင်္သာရီတွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများအထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော်သူရက ပြောသည်။  မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူများက ပြောသည်။  Dawei Watch Mizzima - News in BurmesePhoto: အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ ------------------------------- တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။  ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။  ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများ ပါရှိသည်။  “PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည်တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။  လွန်ခဲ့သည့် ၁၇ ရာစုဝန်းကျင်က ပင်လယ်ဓားပြအုပ်စုများတွင် နာမည်ကြီးသည့် ယိုးဒယားတစ်ဝိုက် ပင်လယ်ဓားပြများ တနင်္သာရီတွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများအထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော်သူရက ပြောသည်။  မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူများက ပြောသည်။  Dawei Watch Mizzima - News in Burmese
အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ ------------------------------- တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။ ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။ ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများ ပါရှိသည်။ “PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည်တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။ လွန်ခဲ့သည့် ၁၇ ရာစုဝန်းကျင်က ပင်လယ်ဓားပြအုပ်စုများတွင် နာမည်ကြီးသည့် ယိုးဒယားတစ်ဝိုက် ပင်လယ်ဓားပြများ တနင်္သာရီတွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများအထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော်သူရက ပြောသည်။ မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူများက ပြောသည်။

ညစ်ပတ်လာရင် ရေစိမ်ဆေးလို့ရမယ့် ကီဘုတ်တစ်မျိုး Logitech မှထုတ်လုပ်

ညစ်ပတ်လာရင် ရေစိမ်ဆေးလို့ရမယ့် ကီဘုတ်တစ်မျိုး Logitech မှထုတ်လုပ်

keyboard

ဆွစ်ဇာလန်အခြေဆိုက် ကွန်ပျူတာ အပိုပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ Logitech မှ ရေစိမ်ဆေးလို့ ရမယ့် ကီးဘုတ် ထုတ်လုပ်လိုက်ပါပြီ။

ကီဘုတ်နောက်ကျောဘက်မှာလည်း ရေတွေ ပြန်စစ်ထုတ်ဖို့အတွက် အပေါက်ပါနေပါသေးတယ်။ ကီးတွေကို လေဆာ Printed လုပ်ထားပြီး နေပူဆာလှမ်းတဲ့အခါ chipများ ပျက်ဆီးမသွားအောင် UV Protect layer လည်း ပါဝင်ပါသေးတယ်။ အလွယ်တကူ အသုံးပြုလို့ရမယ့် Short cut ( Hot Key) ၁၂ မျိုးပါရှိပါတယ်။ ဥပမာ- အင်တာနက်၊ အီးမေးလ်၊ Play, အသံနိမ့်မြင့် အစရှိသဖြင့်။ Window XP, Window Vista, Window 7 တို့နဲ့ Compact ဖြစ်တဲ့ Keyboard ဖြစ်ပြီး ဈေးနှုန်းကတော့ ဗြိတိန်ပေါင် ၃၄.၉၉ တန်ဖိုးရှိပါတယ်။ လာမယ့် အောက်တိုဘာမှ ဥရောပ အနှံ့ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒါကြောင့် K310 ဟာ ကွန်ပျူတာရှေ့ထိုင်ပြီး အအေးသောက် သူများ၊ ခေါက်ဆွဲစားသူများအတွက် အထူးသင့်တော်မယ့် ကီးဘုတ်လေး ဖြစ်ပါတယ်။

Twitter Bird Gadget