ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label photpshop. Show all posts
Showing posts with label photpshop. Show all posts

Monday, October 7, 2013

Photoshop မှာ အလွယ်တကူ ရောင်စုံအသုံးပြုနိုင်မည့် Brush များ ဖန်တီးခြင်း


ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ..။ ဒီလို လေ့ကျင့်ခန်းလေးတွေ ထပ်တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများလည်း ရှိတဲ့အတွက် ဒီနေ့တော့ ဒီ Brush တူးလေးတွေ ဖန်တီးတဲ့ နည်းလေးကို အားလုံးပဲ လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ ဒီပိုစ့်မှာတော့ အပေါ်ကပုံအတိုင်း သစ်ပင်လေးနဲ့ လုပ်ပြထားတာဖြစ်ပြီး သစ်ပင်မဟုတ်တဲ့ တခြား ဓါတ်ပုံတွေနဲ့လည်း ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ လုပ်နည်းက လွယ်ကူပြီး Google ကနေ ကျနော် ရှာယူလိုက်တဲ့ ဒီသစ်ပင် ပုံလေးကို.. သစ်ပင်မဟုတ်တဲ့ တခြား ပုံများကိုလည်း  အလွယ်တကူ ရှာယူတတ်အောင်ပါ ပြပေးထားပါတယ်..။ ဒီလုပ်နည်းကို ကျနော့် Blog မှာ အရင်တင်ပေးခဲ့ဖူးတဲ့ Portable Photoshop CS6 13.1.2 နဲ့ ပြပေးထားတာ ဖြစ်ပြီး Photoshop CS6 လိုအပ်တဲ့ သူများအတွက်ပါ ဒီပိုစ့်ကနေ ဒေါင်းယူလို့ ရအောင် လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ မိမိတို့ ဝင်းဒိုးအလိုက် 32-bit or 64-bit ကို ရွေးပြီး ဒေါင်းယူအသုံးပြုနိုင်ပါတယ်..။ 

ဒီဖိုင်ကို ဒေါင်းယူတဲ့အခါ အောက်ကပုံလေးမှာ ပြထားတဲ့အတိုင်း Slow Download အဝါရောင်နေရာကို ကလစ်ပြီး ဒေါင်းယူရင် အဆင်ပြေပါတယ်..။ 


Portable Photoshop CS6 13.1.2 - 32-bit (93 MB)
Download 1

Portable Photoshop CS6 13.1.2 - 64-bit (105 MB)
Download 1
Download 2

ပုံတွေကို ရှာယူလိုရင်တော့ Google မှာ မိမိရှာယူလိုတဲ့ ပုံနာမည်ကို ရိုက်ထည့်ပြီး Images ကို ကလစ်လိုက်ရင် ပုံတွေ ပေါ်လာပါလိမ့်မယ်..။ ကျနော်ကတော့ သစ်ပင်ပုံယူမှာ ဖြစ်လို့ အောက်ကပုံလေးအတိုင်း ရှာယူလိုက်ပါတယ်..။



မိမိယူလိုတဲ့ ပုံကို အပေါ်ကပုံအတိုင်း Save Image As နဲ့ သိမ်းယူပြီး အေက်ကပုံလေးအတိုင်း နာမည်ပေး Save လိုက်ရင် ရပါပြီ..။


အောက်ကအဆင့်မှာတော့ Photoshop CS6 ထဲကို မိမိ Brush အဖြစ် ဖန်တီးလိုတဲ့ ပုံကို File >> Open ကနေ သွားယူထည့်ပေး ရမှာပါ..။



ကျနော်ကတော့ သစ်ပင်ပုံလေးနဲ့ လုပ်ပြထားဖြစ်လို့ အောက်ကပုံလေးအတိုင်း မိမိတို့ရဲ့ ပုံလေး ပေါ်လာပြီဆိုရင် Grayscale ကို တချက်ကလစ်ပေးပါ..။ 



 အပေါ်ပုံအတိုင်း Discard ပေးပြီးရင်တော့ နောက်တဆင့်မှာ Brightness/Contrast ကို ဝင်ယူလိုက်ပါ..။


အောက်ကပုံ ၂-ပုံအတိုင်း အရောင်တွေကို ချိန်ယူပါတယ်..။ 


Contrast မှာ 100 အပြည့်ထားပေးပြီး.. Brightness မှာတော့ (-) အနုတ်ရဲ့ တဝက်လောက်ကိုပဲ ထားပေးပါ..။ အောက်ကပုံအတိုင်း ပါပဲ..။ ပြီးရင်တော့ OK ပေးလိုက်ပါ..။


နောက်တဆင့်မှာတော့ Edit >> Define Brush Preset.. မှာ သိမ်းပေးရမှာပါ..။ အောက်ကပုံလေးအတိုင်း သိမ်းပြီး OK ပေးလိုက်ပါ..။



ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Brush တူးလေးကို ကလစ်ပြီး ဖွင့်ကြည့်လိုက်ရင် ကျနော်ဖန်တီးပြီး သိမ်းလိုက်တဲ့ သစ်ပင်ပုံလေး အောက်ဆုံးမှာ ရောက်နေပါပြီ..။



မိမိတို့ ဖန်တီးယူလိုတဲ့ ပုံပေါ်မှာ ဒီ Brush လေးကို အရောင် မျိုးစုံနဲ့ ဖန်တီးယူလို့ ရပါပြီ..။ ကျနော်ကတော့ စာရွက်အသစ်ကို အောက်ကပုံလေးအတိုင်း ယူပြီး ကျနော် ဖန်တီးထားတဲ့ ဒီသစ်ပင် Brush လေးနဲ့ အရောင်တွေ ပြောင်းပြီး အသုံးပြုတတ်အောင် အောက်မှာ ဆက်ပြပေးထားပါတယ်..။



Brush တွေမှာ အသုံးပြုဖို့ မိမိစိတ်ကြိုက် အရောင်တွေကို အောက်ကပုံလေးအတိုင်း ကလစ်ပြီး တရောင်စီ လိုက်ပြောင်းယူလို့ ရပါတယ်..။ 


Brush အကြီး၊အသေးကိုလည်း Size နေရာမှာ ချိန်ယူလို့ ရမှာ ဖြစ်ပြီး.. အရောင် မှိန်ချင်တယ်ဆိုရင်တော့ Opacity မှာ ရာခိုင်နုန်းနဲ့ လျှော့ချယူလို့ ရမှာ ဖြစ်ပါတယ်..။ ပုံတွေကို တခုစီ လိုက်ပြောင်း ရွှေ့ယူလိုရင်တော့ လေယာအသစ်တွေနဲ့ တပုံစီ ဖန်တီးယူထားရမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်မှာတော့ လေယာတခုထဲပေါ်မှာပဲ လုပ်ပြထားတာပါ..။ အောက်ကပုံလေးကို ကြည့်ပြီး နားလည်လိမ့်မယ်လို့ ထင်ပါတယ်..။


အောက်ကပုံအတိုင်း အရောင်မျိုးမျိုး၊ ဆိုဒ်အမျိုးမျိုး ပြောင်းသုံးလို့ ရပါတယ်..။


ပုံတွေကို သိမ်းမယ်ဆိုရင်တော့ အောက်ကပုံအတိုင်း ၊ အရင်ပိုစ့်တွေမှာလည်း ပြပေးထားတဲ့အတိုင်း File >> Save as ကနေ ဓါတ်ပုံဖေါ်မတ်ဖြစ်တဲ့ JPEG နဲ့ ပြောင်းပြီး သိမ်းယူလို့ ရပါပြီ..။


 ဒီလောက်ဆိုရင်တော့ Photoshop မှာ Brush တူးလေးတွေကို ဖန်တီး အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်၊ကိုင်တတ်၍ အဆင်ပြေပါစေ..။
   ( မူရင်း )လွင်မင်းဗိုလ် မှ  ကူးယူဖေါ်ပြပါသည်။

Monday, August 19, 2013

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ




Shift + Deleteနဲ့ ဖျက်မိလို့  Recycle Binမှာလည်း ရှာလို့ မတွေ့တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်းအမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက်မိတဲ့ဖိုင်၊ ပျောက်ဆုံးနေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့  နည်းလမ်းတွေကို ရေးပေးပါမယ်။

တကယ် ဖျက်မိလားဆိုတာ သေချာအောင် အရင်စစ်ပါ
သင်ရှာနေတဲ့ ဖိုင်မတွေ့တော့တာဟာ တကယ် ဖျက်မိတာလား၊ နေရာထား မှားသွားတာလားဆိုတာ အရင် စစ်ဆေးသင့်ပါတယ်။ Recycle Binထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေများပြားနေရင် Right Clickနှိပ်ပြီး Sort By>Date Deletedနဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့နိုင်ပါတယ်။


နေရာထားမှားသွားတာကို ပြန်ရှာဖို့  Windows Explorer ကနေ သင်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကိုသွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာပြန်ရှာပါ။


တကယ်လို့ သင့် ဖိုင်တွေကို Dropbox, Google Drive, or SkyDriveတို့လို Cloud Storageမှာ သိမ်းတတ်တဲ့သူဆိုရင် အဲဒီမှာပြန်ရှာပါ။ ရှာမတွေ့ ရင် Trashထဲမှာ ရှာနိုင်ပါသေးတယ်။ Trashကလည်း Cloud Storageရဲ့  Recycle Binတစ်ခုပဲ ဖြစ်ပါတယ်။

Backup မှာရှာပါ။

စက်ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာကြောင့် သင့်ရဲ့ အရေးကြီးဒေတာတွေကို မှန်မှန် Backup လုပ်ဖို့  အကြံပေးပါတယ်။ သင်ဟာ Backupလုပ်ထားသူ တစ်ယောက်ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။
Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့ မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။


Windows 8ရဲ့  File History feature ကို အသုံးပြုရင်လည်း ဖိုင်တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History buttonကိုနှိပ်ပြီး ပြန်ရှာပါ။
Hard Disk Drive Vs Solid State Drive
အပေါ်ကနည်းတွေ သုံးပြီးသင့်ဖိုင်တွေကို ရှာမတွေ့ဘူးဆိုရင် File Recovery Softwareတွေ သုံးပြီး ရှာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Drive အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အများဆုံးအသုံးပြုတဲ့ Drive တွေကတော့ Hard Disk Drive(HDD) or Magnetic Hard Driveတွေ ဖြစ်ပြီး Solid State Drive တွေကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့  Hard Driveက ဘာအမျိုးအစားလဲဆိုတာ Manufacturer Specificationမှာ ကြည့်ပါ။

HDDမှာ ဖိုင်တွေကို Pointersတွေနဲ့  ညွှန်ပြပါတယ်။ Pointersတွေက အဲဒီဖိုင်ရဲ့ ဒေတာအစနဲ့  အဆုံးနေရာတွေကို မှတ်သားညွှန်ပြတာပါ။ HDDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့  Pointer ကိုပဲ ဖျက်လိုက်တာဖြစ်ပြီး အဲဒီနေရာကို Free Spaceအနေနဲ့  သတ်မှတ်လိုက်ပါတယ်။ ဒေတာတွေကိုတော့ မဖျက်ပစ်သေးပါဘူး။

အဲဒီအတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwriteမလုပ်ခင် File Recovery Softwareတွေနဲ့ အမြန်ပြန်ရှာနိုင်ပါတယ်။ အမြန်ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwriteလုပ်သွားရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက်တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။
SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက်လိုက်တာ ဖြစ်တဲ့အတွက် Recovery Softwareတွေသုံးပြီး ပြန်ရှာလည်း မရနိုင်တော့ပါဘူး။ Modern solid-state drives တွေနဲ့  Windows 7 and 8စတဲ့ OSတွေမှာ TRIMကို အသုံးပြုကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Supportမပေးပါဘူး။ အဲလို အခြေအနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။

အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း
သင်ဖိုင် တစ်ခုကို မှားဖျက်မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Free Spaceအဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီးအပြီးတိုင် ပျက်သွားနိုင်ပါတယ်။ အင်စတောလုပ်ပြီးသား Softwareတွေ Backgroundမှာ Runနေတဲ့ Programsတွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာကို ပိတ်ပြီး Driveကိုစက်ကဖြုတ်ပြီး တစ်ခြားစက်တစ်လုံးမှာ Secondary Driveအနေနဲ့  တပ်ဆင်ပြီး Recovery Softwareတစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင်တွေကို ပြန်ရဖို့ အန္တရာယ်အကင်းဆုံးနဲ့  အောင်မြင်မှု အရှိနိုင်ဆုံးနည်းပါ။

အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း
ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံးပြန်ရှာဖို့  File Recovery Softwareတွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတောလုပ်ပါ။ Recuva နဲ့  Driveကို Scanလုပ်ပြီး ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင်တွေကို ပြန်ရဖို့ မသေချာပါဘူး။ Recuva ကို အင်စတောလုပ်တဲ့အခါ ဖျက်လိုက်မိတဲ့ဖိုင်ရဲ့  ဒေတာတွေအပေါ်ကို Overwrite လုပ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွားနိုင်ပါတယ်။


Professional Data Recovery Services
ဖျက်မိတဲ့ဖိုင်ဟာ သင့်အတွက် အလွန်အရေးကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ပြန်ရှာလို့မတွေ့ရင် စက်ကိုပိတ်ပြီး Professional Data Recovery Servicesတွေဆီကို ပို့ လိုက်ပါ။ အဲဒီ Servicesတွေ Dying Hard Drive, Overwrite ဖြစ်သွားတာတွေကိုပါ ပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Servicesတွေရဲ့ ဝန်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။

ဒီမှာတော့ မသိပါ။ သင့်ရဲ့  အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ 
သင့်ရဲ့အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့  အမြဲတမ်း Backupလုပ်ဖို့ အရေးကြီးပါတယ်။ Windows Backup Toolsတွေကို သုံးနိုင်သလို တစ်ခြား Softwareတွေကိုလည်း သုံးနိုင်ပါတယ်။ Cloud Storageတွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

 
Twitter Bird Gadget