ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ကျမ္မာရေး. Show all posts
Showing posts with label ကျမ္မာရေး. Show all posts

Monday, April 28, 2014

ဆူးပုပ်ရွက်၏ ကျန်းမာရေး စွမ်းပကားများ


ဆူးပုပ်ရွက်ဟာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။

ချောင်းဆိုးရောဂါများကို ပျောက်ကင်းစေတဲ့ အပြင် မီးယပ်ရောဂါ အတွက်လည်းကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ဒါ့အပြင် အစာမကြေ ရောဂါများ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ လေရောဂါများ အတွက်လည်း ကောင်းမွန်စေပါတယ်။

အသားမာတက်ခြင်းနှင့် သွားဖုံ သွေးထွက်ခြင်းတွေ အတွက် မှီဝဲပေးသင့်သော
အစာအစာ တစ်မျိုးဖြစ်လို့ ရေးသားလိုက်ရပါတယ်။

ခွေးတောက်ရွက်၏ ကျန်းမာရေး အကျိုးပြုပုံ




ခွေးကောက်ရွက်ကို ဘဲဥဖြင့် ကြော်စားခြင်းအားဖြင့် ခွန်အားဖြစ်စေ ပါတယ်။ဒါတ င်မကသေးပါဘူး။ ခွေးတောက်ရွက်ဟာ ပြည်တည်နာများ အနာဆွေးများသွေးစုနာများ အနားစိမ်းကို ပျောက်ကင်းစေနိုင်ပါ တယ်။ အရွက်ကို မီးကင်၍အုံပေးပါ။

ခွေးတောက်ရွက်ဟာ ဆီးချုပ် လေထိုး လေအောင့် လေငန်းရောဂါများ
အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါ တယ်။ ကြော်စား၍ဖြစ်စေ
အပြုတ်တို့ လုပ်ပြီးလစားသည် ဖြစ်စေ အာနိသင် ရှိပါတယ်။

ဒါ့အပြင် ကြက်သားဖြစ် ရောစပ်ကာ ချက်စားမယ် ဆိုရင် ဝမ်းတွင်း
အစိပ်အတောက်များကို ပြေစေနိုင်တဲ့ သတ္တိများစွာ ပါရှိလို့မြန်မာ့
ေ ဆေးဘက်ဝင် ခွေးတောက်ရွက်ကို မှီဝဲပေးကြပါရန် တိုက်တွန်း
အပ်ပါတယ်။

Saturday, April 26, 2014

Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ




ကွန်ပြူတာသုံးပြီး အလုပ်လုပ်ရသူပါ။ မျက်မှန်လည်း တတ်ပါတယ်။ ဒါပေမယ့် မျက်လုံးက ပိုအားနဲနဲ လာတယ် ထင်တယ် ခင်ဗျ။ အဲဒါ ဆေးအများကြီး မသုံးပဲ အစားအသောက်နဲရော ကုလို့ ရနိုင်ပါသလား ခင်ဗျာ။

တီဗွီတွေ၊ ကွန်ပြူတာတွေ မပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုး-မျက်စိလို သုံးဘို့သာ လိုခဲ့တယ်။ ကွန်ပြူတာ သုံးသူတွေ မျက်စိမှာ တခုခုလာဖြစ်တာကို (ကွန်ပလိန့်) လုပ်သူ ၅ဝ% ရှိတယ်။ ခေါင်းကိုက်၊ မျက်စိဝါး အပြင် အားအင် ကုန်သလို ခံစားလာရသူတွေလဲ ရှိတယ်။ ခုထိတော့ ရုတ်တရက် ဆိုးဝါးတဲ့ Glaucoma ရေတိမ် နဲ့ ကွန်ပြူတာ သုံးတာ ဆက်စပ်မှု မတွေ့ရသေးပါ။ Computer Vision Syndrome (CVS) ဖြစ်တာတွေ သက်သာဘို့ အလုပ်စခန်း၊ လူအနေအထား၊ မျက်မှန်၊ ကွန်ပြူတာမျက်နှာပြင်မှာ လိုတာတွေ ပြင်ပြီး မျက်စိ လေ့ကျင့်ခန်းတွေနဲ့ လုပ်နိုင်ပါတယ်။

မျက်စိဆရာဝန်နဲ့ မျက်စိစစ်ပါ။ National Institute of Occupational Safety and Health (NIOSH) အဆိုအရ ၁ နှစ် ၁ ခါ စစ်ပါ။ သက်သာစေနည်း ၁ဝ နည်း ပြောပါမယ်။
1. အလုပ်နေရာမှာ အလင်းရောင် မှန်-ကောင်းပါစေ။ လင်းလွန်းတာလဲ မကောင်းပါ။ ရုံးတွေမှာ အများဆုံး ထွန်းထာတဲ့ အလင်းရောင်ထက် ထက်ဝက်သာ လိုတတ်ပါတယ်။ ပြူတင်းပေါက် လိုက်ကာတွေ ချထားပါ။ အလင်းရောင်လာရာက ကိုယ့် (မော်နီတာ) နောက်က-ရှေ့က မဖြစ်စေပါနဲ့။ Overhead fluorescent lights သုံးရင် အဆင်မပြေသူတွေ ရှိတယ်။ (မော်နီတာ) အလင်းက အခန်းထက် ပိုသင့်တယ်။ နောက်ကျောက နံရံမှာ ကပ်မနေသင့်ပါ။ ပိုအရေးကြီးတာက ကိုယ့်ရှေ့မှာ နံရံရှိနေတာ မကောင်းပါ။ ပရိုဂရမ်တခု Install လုပ်နေတုံး Screen ကို စိုက်ကြည့်မနေပါနဲ့။
2. ပြောင်ချောနေတဲ့၊ အလင်းပြန်နိုင်တဲ့ နံရံတွေက မကောင်းဘူး။ နံရံ ဆေးပြင်သုတ်ပါ။ Wall paper ကပ်ပါ။ လိုအပ်ရင် ကိုယ့်ကွန်ပြူတာမှာ Anti-glare screen တပ်ပါ။ မျက်မှန်တပ်ရသူဆိုရင် Anti-reflective (AR) coating ပါတာကို သုံးပါ။
3. Display အဆင့်မြှင့်ပေးပါ။ CRT screens တွေအစား Flat-panel liquid crystal display (LCD) သုံးပါ။ ပိုကြီးတာ ပိုကောင်းတယ်။ Desktop computer ဒေါင့်ဖြတ်မျဉ်း 19 inches ဖြစ်ပါစေ။
4. ကွန်ပြူတာ မျက်နှာပြင်ရဲ့ Brightness and contrast ကို Adjust လုပ်ပါ။ အလုပ်ခွင်နဲ့ တူနေတာ ကောင်းတယ်။ စမ်းသပ်နည်း တခုကတော့ Web page အဖြူခံကို ဖွင့်ထားတဲ့အခါ အလင်းရောင်က အဲဒီက လာနေတာဆိုရင် များတယ်။ Dull and gray ဖြစ်နေရင်လဲ နည်းတယ်။
5. Text size နဲ့ Color တွေလဲ ကိုယ်နဲ့ ကိုက်ပါစေ။ အကောင်းဆုံး Text size ဆိုတာ ကိုယ်စာဖတ်နေကြ စာလုံး အရွယ်ရဲ့ ၃ ဆ ရှိသင့်တယ်။ အဖြူခံပေါ်က အနက်စာလုံး ပိုကောင်းတယ်။
6. မကြာမကြာ မျက်တောင် ပိုခတ်ပေးပါ။ အခန်းမှာ လေကခြောက်သွေ့နေတာ မကောင်းပါ။ မိနစ် ၂ဝ တခါ ၁ဝ ကြိမ် မျက်တောင်ခတ်ပါ။
7. မျက်လုံး လေ့ကျင်ခန်း လုပ်ပါ။ မိနစ် ၂ဝ တခါ၊ ကွန်ပြူတာကနေ အဝေး (ပေ ၂ဝ အဝေး) ကို ၂ဝ စက္ကန့်ကြာ ကြည့်ပေးပါ။ နောက်တနည်းကတော့ ပိုပြီးဝေးတဲ့ဆီကို ၁ဝ-၁၅ စက္ကန့်ကြာ ၁ဝ ခါ ကြည့်ပေးပါ။
8. မကြာမကြာ ကွန်ပြူတာအလုပ်ကနေ နားပေးပါ။
9. ချထားတဲ့ စာရွက်ကြည့်လိုက်၊ မောနီတာကြည့်လိုက် မကောင်းပါ။ Copy stand ကို Monitor မှာဆင်ပါ။ Desk lamp လိုရင် သုံးကြည့်ပါ။ စားပွဲ၊ ကုလားထိုင် အနိမ့်-အမြင့် အဆင်ပြေပါစေ။ Ergonomic furniture ကောင်းပါတယ်။ Computer screen က ကိုယ့်မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ ကိုယ့်မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေပါစေ။
10. Computer eyewear သုံးဘို့ စဉ်းစားပါ။ Computer glasses တွေဟာ Bifocals တို့ Progressive lenses မျက်မှန်တို့ သုံးရသူတွေအတွက်လဲ ကောင်းပါတယ်။

Computer Glasses ဆိုတာဘာလဲ။
မျက်မှန်ဟာ ၂၈ လက္မ ဖိုးကပ်စ် လုပ်နိုင်ရင် ကွန်ပြူတာနဲ့ သုံးနိုင်ပါတယ်။ Optical quality ကောင်းဘို့တော့လိုတယ်။ စပါယ်ရှယ် လုပ်ပေးထားတဲ့ မျက်မှန်ကိုမှ Computer glasses ခေါ်ပါတယ်။ Trifocals နဲ့ Weak Bifocals တွေလဲ သုံးလို့တော့ ရတယ်။ မကောင်းလှပါ။ ဒီမျက်မှန်တွေရဲ့ ဆုံချက်က မှန်ရဲ့ အောက်ခြေမှာ ရှိပြီး၊ ကွန်ပြူတာ-မျက်နှာပြင်က မျက်စိနဲ့ တည့်တည့် ဖြစ်နေလို့ပါ။ ခေါင်းကို ပြင်နေရတာက လည်ပင်း ကြွက်သားတွေ နာစေတယ်။ ရိုးရိုး စာကြည့် မျက်မှန်တွေက ပိုတော့ ကောင်းတယ်။ ဒါပေမဲ့ ၁၄ လက္မ ဖိုးကပ်စ် ဖြစ်တာ များလို့ ခေါင်းကို ရှေ့ငုံ့ရတော့မယ်။ လည်ပင်း-ပခုံး နာစေမယ်။ မျက်စိစွေ ကြည့်နေရလိမ့်မယ်။ ခေါင်းကိုက်လာမယ်။ မျက်စိ နားထင်ဘေးမှာ အရစ်တွေထင်စေမယ်။

မုဆိုးနဲ့စတော့ အကောင်နဲ့ အဆုံးသတ်ရမှာပေါ့။ အဲလိုဖြစ်တာကို Crow Foot ခေါ်တယ်။ “ငှက်ခြေ” ပေါ့။ ကွန်ပြူတာနဲ့ လုပ်ရတာ ကြာလို့ ဖြစ်နေပြီးများ ပြင်လို့ရပါတယ်။ Nicole Kidman လဲ အဲလို လုပ်ထားတာပါ။

Monday, April 7, 2014

Love Coffee ညစ်ညမ်းကော်ဖီ

Tuesday, April 08, 2014


“သင်္ကြန်အတွင်း မိန်းကလေးများ အထူးသတိပြုရမည့် ကာမစိတ်ကြွစေနိုင်သည့် ကော်ဖီမစ်” ဆိုတဲ့ သတိပေး သတင်းတခုကို (ဖေ့စ်ဘွတ်) မှာ မနှစ်က ဒီအချိန်လောက်က တွေ့ခဲ့ရပါတယ်။ ဒါနဲ့လေ့လာကြည့်တော့ ဒီလိုဒီလို တွေ့ရပါတယ်။
သတင်းရေးသူရေးသလို ကော်ဖီမစ်တော့ မဟုတ်ပါ။ တရုပ်လုပ်ဖြစ်ပါတယ်။ Love Coffee (XS-X0014-D) လို့ အရောင်းကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ တွေ့ရပါတယ်။
Aphrodisiac coffee products "လိင်စိတ်အားပေးစေတဲ့ ကော်ဖီ" လို့ ရေးထားပါတယ်။ ကြော်ညာတဲ့ဆိုက်က ရေးထားတဲ့ အင်္ဂလိပ်စာက အမြီးအမောက်သိပ်မတည့်တာလည်း သတိထားမိပါတယ်။ ကြောညာထဲမှာ (ပရက်ဆီးဒင့်) ဆိုသူဟာ ဒီကော်ဖီဆိုတာသောက်ပြီး ၁ဝ မိနစ်နေတော့ အသက်ရှူမဝသလိုဖြစ်လာ၊ ခေါင်းထဲရှိတာကို ဖွင့်ပြချင်လာ၊ ဆန့်ကျင်ဘက်လိင်နဲ့ အတူနေချင်လာတယ်လို့ ဆိုပါတယ်။
3000mg ပါတဲ့ ၄ ထုပ်ကို စက္ကူဘူးမှာထည့်ပြီး ရောင်းချပါသတဲ့။ တထုပ်ကို ရေနွေးပူပူ ၁၅ဝ စီစီထဲမှာ ဖျော်ရတယ်။
သတိပေးချက်တွေလည်း ရေးထားပါသေးတယ်။ အသက် ၁၈ နှစ်အောက်မိန်းကလေးများ မသောက်ရ။ မဖွယ်မရာ လိင်ဆက်ဆံရာမှာ မသုံးရ။ ကိုယ်ဝန်ဆောင်နေရင် ရှောင်ကျဉ်ပါ။
ဒီကုမ္ပဏီရဲ့ ထုတ်ကုန်စာရင်းထဲမှာ ဒါတွေလဲပါသေးတယ်။
1. Slimming Products Slimming Products ပိန်ဆေး၊ = ဆေးတောင့်၊ ဆေးပြား၊ ကော်ဖီ၊ ဆေးရွက်၊ ဆေးမှုံ့။
2. Male and female health products Man and woman Sex products ယောက်ျားသုံး၊ မိန်းမသုံး ကျန်းမာရေးနှင့် လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ = ကွန်ဒွမ်၊ လိင်ဆေးတောင့်၊ လိင်ဆေးပြား၊ ဗိုင်ယာဂရာ (ပန်းသေခြင်းအတွက်ဆေး)၊
3. Woman sex products Woman sex products မိန်းမသုံး လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ။ အခုပြောနေတာက ဒီခေါင်းစဉ်အောက်ကပါ။
တရုပ်နိုင်ငံ၊ ဖူဂျီယန်၊ ဖူဇိုးမြို့ကထုတ်နေတာဖြစ်ပါတယ်။
• MAXIDUS Capsules ကောင်းဆေး၊ ကြာဆေး၊
• Kamagra-100 Sildenafil Citrate Tablets ပန်းသေ-ပန်းညှိုးအတွက်ဆေး၊
• Mens Coffee ယောက်ျားသောက်ကော်ဖီ၊
• STIFF NIGHTS ကျား-စိတ်လာဆေး၊
• Love Coffee မ-စိတ်လာဆေး စတဲ့တခြားဆေးအမျိုးမျိုးတွေလည်း ကြောညာမှာပါသေးတယ်။
ကြော်ညာမှန်းသိသာတဲ့ နောက်တချက်က သူ့ ဝက်ဘ်ဆိုက်ကို ဖွင့်နေရင်း ဆေးအရောင်းကိုယ်စားလှယ်က ‘ကျွန်တော်တို့ အွန်လိုင်းမှာရှိပါတယ်’ ဆိုပြီး အသိပေးချက်က တောက်လျှောက် ထွက်နေပါတယ်။ FDA ခေါ်တဲ့ အစိုးရကနေ တရားဝင်ခွင့်ပြုချက် မပါတာသတိထားရပါမယ်။ ဘေးထွက်-ဆိုးကျိုးနဲ့ ထိရောက်မှုအတွက် သုတေသနလုပ်ထားတာတွေ မတွေ့ရပါ။
စောစောက Advice for Water festival သင်္ကြန်တွင်းကြ ယူကြုံးမရ မဖြစ်ရအောင် ကိုရေးတော့ တယောက် မေးပါတယ် ‘ဘယ်လို အစားအသောက်တွေထဲ ခပ်နိုင်သလဲဆရာ’ တဲ့။ ဘီယာအပါအဝင် အရက်အမျိုးမျိုး၊၊ ကိုလာအပါအဝင် အရည်အမျိုးမျိုး၊ လိမ်မော်ရည်အပါအဝင် သောက်စရာအမျိုးမျိုး၊ နောက်ပြီး ရွှေရင်အေးထဲလဲ ခပ်နိုင်ပါမယ်။ အခုရေးသလို ကော်ဖီထဲမှာလဲ ညစ်ညမ်းဆေးက တခါတည်းပါပြီး ဖြစ်နေနိုင်တာကို သတိပေးပါရစေ။
သင်္ကြန်မှာသာမက အခုကတည်းကနေ နှစ်ကူးပြီးရင်ပါ သတိထားကြစေချင်ပါတယ်။ ‘မကောင်းမှုဟူသည် ဆိပ်ကွယ်ရာမရှိ’ ဆိုတာ မှန်သလို ‘မကောင်းတာလုပ်ချင်သူတွေက နားရက်မယူကြ’ လို့ပါ ဖြည့်လိုက်ပါတယ်။
ဒေါက်တာတင့်ဆွေ

Sunday, April 6, 2014

Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း


Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ဒါကြောင့် ယင်းဆိုးကျိုး များကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လို အသုံးပြု ရမယ်ဆို တာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။
Get a Large Screen
Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ် ကို ရွေးချယ်ဝယ် ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။
Use a Separate Mouse
Laptop မှာပါတဲ့ မော့က်စ်က အသုံးပြုလို့အဆင်မပြေပါ ဘူး။ နေရာ အကုန်အကျနည်းအောင် အဆင်ပြေသလို မဖြစ်ဖြစ်အောင် ထည့်ပေးထား တာ ဖြစ်ပါတယ်။ လက်ရဲ့ ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက် လက်ကောကဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။ ဒါကြောင့် သီးခြား မောက်စ် တစ်လုံးဝယ်သုံးခြင်းဖြင့် လက်ကောက်ဝတ်နာကျင်မှု ကို ရှောင်းရှားနိုင်စေ ပါတယ်။
Level to the Eye
Laptop ရဲ့ ဖန်သားမျက်နှာပြင်ကို မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။ ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့ မတိုက်တွန်းလိုပါဘူး။ အသုံးပြုသူက အလွယ်တကူ လည်ပါင်း၊ ခေါင်း အများကြီး လှုပ်ရှားစရာမလိုပဲ ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။
Use a Separate Keyboard
Laptop မှာ ပါဝင်တဲ့ ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။ ဒီတော့ ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။ သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။ ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့ သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။ သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။ လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။
Take a Break
Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း ခဏအနားယူရ ပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း မျက်လုံးကို ဖန်သားပြင်ရဲ့ အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊ ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါ မယ်။ ခေတ္တ အနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။
Recline Slightly
အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊ သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။ အသုံးမပြုချင်ဘူးဆို ရင် နောက်တစ်နည်းနဲ့ ရှောင် ရှားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။ အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ ကိုယ်ဟန်အတိုင်း ထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင် မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း အညောင်းသက်သာစေပါတယ်။
အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့ Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်းများ - ဒုက္ခရောက်နိုင်စရာသူတွေအတွက် အကူအညီဖြစ်ဖို့ ပြန်တင်ပေးလိုက်ပါတယ် ( ၁၈နှစ်ကျော်မှ ဖတ်ပါ။)

Monday, April 07, 2014


ဒီစာကို ဖေ့စ်ဘွတ်မှာတင်ရမလား စဉ်းစားနေခဲ့တာ အတော်ကြာပါပြီ။ အခုလဲ မတင်သင့်ဘူးလို့ ပြောမှာတွေ ရှိနိုင်ပါတယ်။ အပြစ်တင်ခံပြီး၊ ဒုက္ခရောက်နေသူတွေနဲ့ ဒုက္ခရောက်နိုင်စရာသူတွေအတွက် တင်ဘို့ဆုံးဖြတ်လိုက်ပါတယ်။

ယောက်ျားတွေ ကိုယ့်အင်္ဂါကို ဘာအတွက်ဖြစ်ဖြစ် အဆန်းလုပ်တာတွေမှန်သမျှ နောက်ကြောင်း မအေးပါ။ အဆန်း ဆိုတာတွေက တကယ့်အဆန်းတွေ။ ပစ္စည်းတမျိုးမျိုး ထည့်တာ၊ ဆေးထိုးတာတွေပါတယ်။ လူဖြစ်ရှုံးတဲ့အထိ ဆက်ဖြစ်တာတွေ တကယ်ရှိပါတယ်။ တိုက်ရိုက်မေးလို့ တိုက်ရိုက်သာဖြေတာမို့ ဘလော့ခ်မှာရော ဖေ့စ်ဘွတ်မှာပါ မတင်ပါ။


၁။ ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ၊
၂။ အရပ်နည်း ထပ်ပြီးမလုပ်ကြပါနဲ့၊
၃။ ကျားအင်္ဂါ ကြီးစေခြင်း (၆) ဆိုးကျိုးတွေ၊
၎။ ကျားလိင်အင်္ဂါ ဆေးထိုးခြင်း (၂) စာတွေရေးထားပါတယ်။ ဖေ့စ်ဘွတ်မှာတော့ မတင်ပါ။

လူဆိုတာ အာရုံခံစားနိုင်စွမ်း မတူကြပါ။ ‘ကဲချင်သူ’ ရှိပေမဲ့၊ ‘လှေကြီးထိုးသမား’ ပိုများတယ်။ အမျိုးသမီးတွေမှာလည်း ဒီလိုပါဘဲ။ အဆန်းဆိုတာမျိုးက စိတ်ကိုလှုတ်ရှားစေနိုင်ပေမဲ့ ကြောက်စရာလည်း ဖြစ်နိုင်တယ်။ လူငယ်၊ လူလွတ်ဘဝမှာ စိတ်နောက် လိုက်ရတာတွေ များကြမယ်။ ဒါပေမဲ့ ဘယ်သူမှ တသက်လုံး ငယ်မနေကြ၊ လွတ်မနေကြပါ။ တချိန်မှာ သူများထက် ကဲချင်သူတွေဟာ သူများထက် သတိကဲစရာတွေရှိပါမယ်။

• လိင်အင်္ဂါထဲဆေးထိုးခြင်း
ဆရာဝန်တွေ ကျားလိင်အင်္ဂါကိုဆေးထိုးခိုင်းတာက Caverject ထိုးဆေးဖြစ်တယ်။ ပန်းသေပန်းညှိုးဖြစ်လို့ ထိုးရတာပါ။ ဆေးကုပေးတာပါ။ ဒါပေမဲ့ အရပ်နည်းနဲ့ လက်တည့်စမ်းကြတယ်။ Vaseline နဲ့ Olive oil တွေကို ထိုးထည့်ကြတယ်။ တခြားနိုင်ငံတွေမှာသုံးတဲ့ Silicone နဲ့ Paraffin ထက် ရှာရတာလွယ်လို့ ဖြစ်တယ်။ ပိုးဝင်တာ အနည်းနဲ့အများ ဖြစ်တယ်။ နောင်မှာ ထိုးထားတာတွေနဲ့ အသားမာတွေကို ပြန်ထုတ်ပြစ်ဘို့ ဆရာဝန်တွေက အကြံပေးရတယ်။ မိမွေးတိုင်း မဟုတ်တော့ပါ။

အလေးစား သတ္တုတွေကိုလဲ ထည့်ကြတယ်။ လိင်အင်္ဂါအနာ ဖြစ်ရင် ကုသရတာ ပိုခက်ခဲတယ်။ ပုံမှန်ခွဲစိတ်ခမ်းသုံး ကရိယာတွေနဲ့ မရတာမျိုးဖြစ်တတ်တယ်။ Ring cutters, Bolt cutters, Motorized rotary tool စတဲ့ စက်ပြင်ကရိယာတွေ သုံးရတတ်တယ်။ Barbell နဲ့ Sledgehammer head တွေကို ထုတ်ပေးရတာ တကယ်ရှိတယ်။ မြန်မာပြည်မှာတော့ ‘စက်ဘီးဘောစေ့’ ထည့်ထားတာကို ကိုယ်တိုင်ထုတ်ပေးရဘူးတယ်။ သူ့ဇနီးပါလိုက်တာပြီး ခွဲထုတ်ခိုင်းတာပါ။

လိင်တံထဲ ဆေးထိုးကြတဲ့ ထိုင်းအမျိုးသား (၈) ဦးကို လေ့လာမှုတခု လုပ်ထားတာ ရှိတယ်။ အသက် ၂၄ နှစ်ကနေ ၅၂ နှစ်အထိဖြစ်တယ်။ သူတို့ထဲက ၇၅% မှာ လိင်အင်္ဂါနာတယ်လို့ ပြောတယ်။ အဲလိုဖြစ်သွားတာကို ဆေးကုပေးရတာလဲ မအောင်မြင်သလောက်ရှိခဲ့တယ်။ ၈၇့၅% က ကိုယ်တိုင် ဆေးထိုးတာကို လေ့လာမှု မတိုင်ခင် ပျမ်းမျှ ၁့၈ နှစ်တုံးက လုပ်ခဲ့တယ်။ သူတို့အားလုံးဟာ လိင်ဆွဲဆောင်မှုကို မျှော်ကိုးပြီး သူငယ်ချင်းတွေ တိုက်တွန်းလို့ လုပ်ကြတာဖြစ်တယ်။ ဒီလေ့လာမှုထဲက လူတွေမှာ နောင်မှာ အနာဖြစ်တာ မတွေ့ရပေမဲ့ အရင်လေ့လာမှုမှာ လိင်တံမှာ အနာဖြစ်တာ ရှိတယ်။

• ပန်းအဖျား အဆန်းအပြားလုပ်ခြင်း
ယောက်ျားအင်္ဂါမှာ အဆန်းထွင်တာတွေကို ဆေးရုံတွေမှာ လုပ်မပေးပါ။ လုပ်ပေးနိုင်သူများကို တိုးတိုးတိတ်တိတ် အပူကပ်ပြီး၊ တမင်တကာ ပစ္စည်းတခုခု ထည့်ခိုင်းတတ်တယ်။ ဒီလိုလုပ်တာက စိတ်ကူးကတော့ ကြီးအောင်၊ ထူးအောင် နေမှာပေါ့။ ခွဲစိတ်တုံးမှာ ပိုးမွှားမဝင်ရင် ကံကောင်းပါတယ်။ အမှန်က သီအိုရီအရပြောရရင် ကိုယ်ပိုင်ပစ္စည်း မဟုတ်တာကို ကိုယ်ထဲမှာ ကြာကြာလက်မခံပါ။ နောက်ကြ ထုတ်ပြစ်ရမှာပါ။ ‘မောင်အေး-နှစ်ခါနာ’ ဖြစ်ပါမယ်။

ယောက်ျားအင်္ဂါမှာ တခြားအရာတခုခု စွပ်ထားတာ၊ ထိုးသွင်းထည့်ထားတာ၊ ဆေးတမျိုးမျိုးထိုးထားတဲ့လူနာတွေကို တွေ့ရတတ်ပါတယ်။ တချို့မှာ အဖေါ်မိန်းမကနေ ကူညီလုပ်ပေးတာလဲ ရှိတယ်။ အတူနေဖက်က ဘယ်လို စိတ်ထားမလဲ မပြောတတ်ပါ။ တခါတလေဆိုတာမျိုး စိတ်လှုပ်ရှားနိုင်မယ်။ ဒါပေမဲ့ အများစုဟာ သဘာဝမဟုတ်တာကို လက်ခံဘို့ ခက်မယ်ထင်ပါတယ်။ (ကွန်ဒွမ်) သုံးတာတောင် လက်မခံချင်တဲ့ မိန်းကလေးတွေ ရှိတယ်။

သူများကို ဆွဲဆောင်ချင်တဲ့စိတ်ဆိုတာက ပုံမှန်ပါဘဲ။ ဒါပေမဲ့ လမ်းမှန်ပါစေ။ ကိုယ့်အဖေါ်က ဘာကိုလိုလားသလဲ။ ‘ပိုက်ဆံပေးရသူဆိုရင် ပိုက်ဆံသာလိုတာပါ’။ တရားဝင်အိမ်ထောင်ပြုထားသူအတွက် ‘သာယာမှု၊ ကျေနပ်မှု၊ လုံခြုံမှု၊’ တွေကို ပေးစွမ်း-ဖြည့်ဆီးနိုင်ဘို့ဟာ ကိုယ်အင်္ဂါထူးခြားတာထက် ပိုပါတယ်။ ဂဏန်းလိုပြောရင် ရှည်တာ၊ ကြီးတာတွေက အရည်အတွက်အရများတာ မှန်ပါတယ်။ ဒါပေမဲ့ ‘လူ့ဆက်ဆံရေးဆိုတာ သင်္ချာနည်းတက် လေးနက်-နူးညံ့၊ ရှုတ်ထွေး-ကျယ်ပြန့်ပါတယ်’။

ဒီကိစ္စမျိုးကို ဗမာပြည်မှာ ခိုးကြောင်ခိုးဝှက်သာ လုပ်ရတာမို့ ပိုပြီးစိတ်မချရပါ။ ညဈေးလို၊ နေ့ခင်းလမ်းဘေးဈေးလိုမှာ လူကဲခပ်ပြီး၊ လက်တို့ရောင်းတဲ့ အရာတွေဟာ အညာတွေပါ။ ပရုပ်အမှုံ့ကို ပီယဆေးလိုလို၊ ဆွဲဆောင်ဆေးလိုလို လုပ်ရောင်းတာရှိတယ်။ ရာဘာကွင်းမှာ အမွှေးအမျဉ် တပ်ရောင်းတာလဲ ရှိတယ်။ ကိုယ့်အတွက်လဲ စိတ်မချရသလို အဖေါ်ကိုလဲ ထိခိုက်နိုင်တယ်။ သူငယ်ချင်းကောင်း ရွေးပေါင်းပါ။

• ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား။ ရိုးရိုးသာမန်နဲ့ ဘာကွာနိုင်ပါသလဲ။ သူငယ်ချင်းက ထည့်ထားပါတယ် ဆရာ။ သူက အခုကျနော်ကိုထည့်ဖို့ တိုက်တွန်းနေလို့ပါ။ ကိုယ့်အပေါ်စွဲလမ်းမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဟုတ်နိုင်ပါ့မလား။

သူငယ်ချင်းကပြောတဲ့ ရည်ရွယ်ချက်အတွက်ဆိုရင် သူပြောတာ တချို့တဝက် မှန်နိုင်ပါတယ်။ လူဆိုတာ တယောက်နဲ့ တယောက် ဘယ်ကိစ္စမှာဖြစ်ဖြစ် အကြိုက်မတူကြပါ။ တယောက်ထဲတောင်မှ တချိန်နဲ့ တချိန် မတူတတ်ပါ။ ဆေးပညာသက်သက် ကြည့်ပြောရရင် ကိုယ်အင်္ဂါထဲကို ပစ္စည်းတခုခု ထည့်တယ်ဆိုတာ Foreign body တခု သွင်းထားတာပါ။ လူ့ကိုယ်က ကိုယ့်အရာ မဟုတ်တာဆို လက်မခံဘူး။ နှလုံးအစားထိုး၊ အသဲအစားထိုး၊ ကျောက်ကပ် အစားထိုးပေးရတာမှာ အဲဒီသဘောကို လွန်ဆန်ဘို့ ကြိုးစားရတာဟာ ဆရာဝန်တွေအဖို့ သိပ်ခေါင်းစားတယ်။ လူနာလည်း ငွေကုန်-လူပန်း မဟုတ်လား။ တမင်တကာ ခုခံအားနည်းနေစေအောင်ဆေးမျိုး ပေးနေရတယ်။

ခွဲစိတ်ကုသတဲ့အခါ သွေးထွတ်တာ တားဘို့ သွေးကြောကို ချည်ပေးရတဲ့ အပ်ချည်စကိုတောင် တိုနိုင်သမျှ တိုအောင် ဖြတ်ပေးမှ။ ခြေကျိုး-လက်ကျိုး သတ္ထုချောင်းထည့်ထားရင်လည်း နောက်ဆိုပြန် ဖြုတ်ပေးရတတ်တယ်။ လူ့အသွေးအသားက သူ့ကိုယ်ပိုင်မဟုတ်တာ ဝင်နေလို့ကတော့ ထုတ်ပြစ်ဘို့ အချိန်ရှိသ၍ ကြိုးပမ်းနေလိမ့်မယ်။ ဗိုက်ခွဲချုပ်ရိုးကနေ အပ်ချည်စ ပြန်ထုတ်ပေးရတာ အကြောင်း မဟုတ်လှဘူး။ သူငယ်ချင်းရဲ့ ဟိုနေရာမှာ တခုခု ဖြစ်လို့ကတော့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန် ဖြစ်သွားရင် ပြီးပါလေရော။

• ဆရာဝန်ဘက်က လိုအပ်ချက် (၅-၄-၂ဝ၁၄ နေ့ရတဲ့စာပါ။)
နယ်ဘက်ကပါဆရာ။ အထူးကုဆေးခန်းမှာ ပန်းအဖျားလှီးတာ၊ Circumcision လို့ ပြောပါတယ်။ အရေပြား ဖြတ်တာ များသွားပြီး၊ တိုသွားပါတယ်။ မိန်းမနဲ့လည်း ဆက်ဆံဖို့ ခက်ခဲနေပါတယ်။ ၂ နှစ်ခန့် ရှိပါပြီ ကလေးလဲမရတော့ပါ၊ ကူညီပါဆရာ။

ဆောရီးဗျာ။ ဖြစ်တတ်ကြပါတယ်။ ကလေးမရစေတာကတော့ အဲဒီခွဲစိတ်မှုကြောင့် မဖြစ်နိုင်ပါ။ ဖြတ်တာကလိုတာထက် များသွားလို့ ဖြစ်ပါမယ်။ ပြန်တော့ အလိုလိုရှည်မလာနိုင်ပါ။ ပလပ်စတစ်ခွဲစိတ်နည်းနဲ့ လုပ်ရင် ရနိုင်ပါမယ်။ အရေပြား အစားထိုးပေးတာမျိုးလုပ်နိုင်မယ်လို့ မှန်းဆကြည့်တာပါ။ ဆီးလမ်း အထူးကုဆရာဝန်ဖြစ်ဖြစ်၊ Plastic surgeon ကိုဖြစ်ဖြစ် တိုင်ပင်ကြည့်ပါ။

‘ပန်းအဖျား လှီးဖြတ်ပေးခြင်း’ ထဲမှာ ဒီလိုရေးခဲ့ပါတယ်။ ဖြတ်ပေးတာ နည်းရင်လဲ ကုပေးတာ အရာမရောက်ဘူး။ ထပ်လုပ်ချင် လုပ်ရတတ်တယ်။ ဒီ ‘အော်ပရေးရှင်း’ က ‘ဗဲရီး-မိုင်နာ’ ပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကိုသာ အားကိုးပါ။ ‘ရှေ့နေပျိုမှ၊ သမားအိုမှ’ ဆိုတာရှိတယ် မဟုတ်လား။ အတွေ့အကြုံများတဲ့ သူတွေက အသေးစိတ်ကအစ ကြိုမြင်တတ်တယ်။ ခွဲစိတ်ဆရာဝန် တယောက်ရဲ့ ရှိအပ်တဲ့ အရည်အသွေး သုံးရပ်ဆိုတာ ပြောစမှတ်ရှိတယ်။ (၁) အမျိုးသမီးရဲ့ လက်များလို ညင်သာ သိမ်မွေ့ရမယ်။ (၂) သိန်းငှက်တို့ မျက်စိလို စူးရှပြီး မြင်နိုင်စွမ်း ကောင်းရတယ်။ နောက်ဆုံး (၃) ခြင်္သေ့တို့ထုံး နှလုံးမူဆိုတာ ပိုအရေးကြီးတယ်။ သားကောင်ကိုဖမ်းရင် သားကောင်ကြီးကို စိုက်ထုတ်တဲ့ လုံ့လနဲ့ ယုံကလေးကို စိုက်ထုတ်ရတဲ့လုံ့လ အတူတူ ထားရတယ်၊ ‘မိုင်နာ-အော်ပရေးရှင်း’ ဆိုပြီး ခပ်ပေါ့ပေါ့ မလုပ်ရဘူး

Sunday, March 30, 2014

လင်-မယား ရောဂါ

Sunday, March 30, 2014

တစ်ချို့အိမ်ထောင်သည်တွေမှာ ယောက်ျားနဲ့ မိန်းမ ဓာတ်မတည့်ရင် မိန်းမဖြစ်သူ ပိန်သွားတာ အသားမဲသွားတယ် ရှိတယ်လို့ သိရပါတယ်။ အမှန်တကယ် ဓာတ်မတည့်ခြင်း ဆိုတဲ့ အနေအထားတွေ ရှိပါသလား။

အိမ်ထောင်သည် အချင်းချင်း ဓာတ်မတည့်ခြင်း ဆိုတာ ဆေးပညာမှာ မရှိပါ။ ယောက်ျားကြောင့် မိန်းမကို သက်ရောက်သလို မိန်းမကနေ ယောက်ျားကိုသက်ရောက်နိုင်တယ်ဆိုတာ အရပ်စကားမှာတော့ မကြားဘူးဘူး။ ဆေးပညာမှတော့ ရှိပါတယ်။ အပြန်အလှန်သဘောပါ။

မိဘတွေကနေ သန္ဓေအပေါ်မှာတော့ သက်ရောက်မှု ရှိနိုင်ပါတယ်။ မျိုးဗီဇ ချို့ယွင်းမှုကနေ Mutation ဆိုတာဖြစ်၊ Chromosome (ခရိုမိုဇုမ်း) အပြောင်းအလဲတွေပါ ဖြစ်ပြီး ရနိုင်တဲ့ ရောဂါတွေ အများကြီးပါ။ နားယဉ်လောက်မှာတွေသာ ရေးပါမယ်။ Coeliac disease, Color blindness, Cystic fibrosis, Down syndrome, Haemophilia, Polycystic kidney disease, Neurofibromatosis, Sickle-cell disease, Turner syndrome တွေ ဖြစ်ပါတယ်။ မွေးလာတဲ့ ကလေးမှာ Hemolytic disease ရောဂါ ဖြစ်ရတာက ကလေးသွေးနဲ့ မအေသွေး မတည့်ကြလို့ ဖြစ်ရတယ်။

Husband and wife disease “လင်-မယား ရောဂါ” လို့ ခေါ်ကြတာတွေ တကယ်ရှိပါတယ်။ Infectious diseases ကူးစက်-ရောဂါတွေ နဲ့ Non-communicable or psychological cause ကူးစက်တာ မဟုတ်ဘဲ စိတ်ပိုင်း သက်ရောက်မှုတွေ ဖြစ်ကြတယ်။

ကူးစက်ရောဂါ ၄ မျိုး
၁။ Genito-urinary infections မျိုးပွါးလမ်း+ဆီးလမ်း ကူးစက်ရောဂါတွေ၊
၂။ Skin diseases အရေပြားကနေ ကူးစက်တဲ့ ရောဂါတွေ၊ ဥပမာ Flat warts ကြွက်နို့၊ Athlete's foot အားကစားသမား ခြေထောက် ခေါ်တဲ့ ဖန်းဂတ်စ် မှို ရောဂါ၊ ဝဲ-ပွေးစတာတွေ၊
၃။ Peptic ulcer (Helicobacter pylori) အစာအိမ်-လေနာ၊
၎။ Hepatitis B, AIDS and other sexually transmitted diseases လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်ကြတယ်။

ကူးစက်ရောဂါ မဟုတ်တာ ၅ မျိုး
၁။ Diabetes ဆီးချို၊
၂။ High blood pressure သွေးတိုး၊
၃။ Cancer ကင်ဆာ၊
၎။ Sleep insomnia အိပ်ရေးပျက်၊
၅။ Irritable bowel syndrome အစာမကျေ ဝမ်းမကောင်း ရောဂါ။

ဆေးပညာမှာ အင်္ဂလိပ်လို အင်မတန် အသုံးများတဲ့ ဝေါဟာရတခု ရှိတယ်။ Not uncommon "တွေ့နေကြ မဟုတ်တာမျိုး မဟုတ်ပါ" တဲ့။ Husband and wife disease “လင်-မယား-ရောဂါ” ဆိုတာ အဲဒီလို အမျိုးအစားဘဲ။ အိမ်ထောင်သည် ၆ဝဝ ကို ဆန်းစစ်ကြည့်တယ်။ ၅၅့၎% မှာ Couple disease အတွဲရောဂါဆိုတာ လာတွေ့နေတယ်။ သုတေသနတွေ များများ လုပ်ရာကနေ ရောဂါ ၁ဝ မျိုးအထိ ရှိလာရတယ်။ ပြောခဲ့တာတွေအပြင် Alzheimer's ရောဂါ နဲ့ Kidney failure ကျောက်ကပ်-ရောဂါတွေပါ လာတယ်။

Husband and wife disease concept လင်-မယား-ရောဂါ အယူအဆကို ၁၉၇ဝ ကျော်စကတည်းက ပေါ်လာခဲ့တာပါ။ အမေရိကားက Masters and Johnson ကနေစသုံးခဲ့တုံးက Sexuality famous couples လိင်ကိစ္စနဲ့ နာမည်ကြီးတဲ့ အတွဲတွေမှာ Transmitted diseases ကူးစက်ရောဂါတွေနဲ့ Sexual dysfunction လိင်ပိုင်းချို့ယွင်းမှုတွေကိုသာ Sick couple “ဂီလာန-စုံတွဲ” ဆိုပြီး ရေးခဲ့တယ်။

၂ဝဝ၂ ခုနှစ်က (ယူကေ) မှာရှိတဲ့ University of Nottingham က Julie Westerly Olympus Li ကနေ Husband and wife disease လင်-မယား-ရောဂါ ဆိုပြီး British Medical Journal မှာ ပဌမဆုံး ဆောင်းပါး ရေးခဲ့တယ်။ အဲဒီ အမျိုးသမီး ပါမောက္ခ ရေးတာတွေထဲမှာ Diabetes ဆီးချို၊ High blood pressure သွေးတိုး၊ Ischemic heart disease နှလုံး သွေးကြောကျဉ်း ရောဂါ၊ Asthma ပန်းနာ၊ Kidney disease ကျောက်ကပ်-ရောဂါ နဲ့ Depression စိတ်ကျ-ရောဂါတွေ ပါတယ်။

လင်-မယား နှစ်ယောက်သား အတူနေ အတူစားကြတော့ ကြာရင် Husband and wife relative သွေးသား တော်စပ်တဲ့ အမျိုးတွေလို ဖြစ်လာကြတယ်။ တနေ့ကဘဲ မိန်းကလေး တယောက်က ပြောနေသေးတယ်။ “မမေးဘဲနဲ့ ကျမကို (့) ရဲ့ မိန်းမလို့ သိတယ်” တဲ့။

ဆရာရွှေပြည်အေးရဲ့ သီချင်းထဲကလို “သွားအတူတူ၊ လာအတူတူ၊ စားအတူတူ၊ နေအတူတူ၊ အိပ်အတူတူ၊ ထိုင်အတူတူ၊ မခွဲတူနှစ်ကိုယ်၊ အမြဲမြှူချိုချို၊ အသည်း ယူတော့ဆို့” တကယ် အမျိုး မတော်ရင် အသည်းပေးလို့တော့ မရပါ။ ရောဂါတွေတော့ မျှဝေနိုင်ကြပါတယ်။

Peking University (ဘေဂျင်း) တက္ကသိုလ်၊ First Hospital of Department of Endocrinology (အင်ဒိုခရိုင်းမ်) ဌာန ဒါရိုက်တာ Professor Guo Xiaohui က ပြောတယ် “လင်နဲ့မယား ကြာတော့ စားကြလဲ အတူတူ၊ လူနေမှု ပုံစံလဲ အတူတူ ဖြစ်လေတော့ ရောဂါတွေလဲ အတူတူ ဖြစ်ကြရရော” တဲ့။

Shanghai Medical University (ရှန်ဟဲ) ဆေးတက္ကသိုလ်က Chinese Medical Association ဥက္ကဌ Yu-min ကလဲ Husband and wife cancer လင်-မယား-ကင်ဆာ ဖြစ်နိုင်ပါသတဲ့။ နေအိမ်၊ သား-သမီး၊ အလုပ်အကိုင်၊ စိတ်ဖိစီးမှု၊ စတာတွေကနေ အတူတူ သက်ရောက်ခံကြရလို့ပါ။ ဒီကြားထဲ ဆေးလိပ် သောက်ရင်၊ လေသန့် မရရင်၊ အစာအာဟာရ မပြည့်ဝရင် ပိုဆိုးမယ်။ ဘဝကို အနုတ်သဘော မြင်တတ်သူတွေ၊ နောက်ပြီး ပတ်ဝန်းကျင် သက်ရောက်မှုတွေကနေ လင်ရော မယားပါ Cancer ကင်ဆာကို ဖိတ်ခေါ်နေကြတယ်။

Urogenital infection မျိုးပွါးလမ်း+ဆီးလမ်း ကူးစက်ရောဂါတွေက လိင်လမ်းကနေ ကူးစက်တယ်။ မိန်းမကို ဆေးကုပေးလို့ ပျောက်ပြီး ပြန်ဖြစ်တာဟာ သူ့ယောက်ျား (သူ့အဖေါ်) ကနေ ပြန်ကူးစက်လာလို့ဘဲ။

Harbin Medical University (ဟာဘင်) ဆေးတက္ကသိုလ်၊ Fourth Affiliated Hospital ဆေးရုံက ပါမောက္ခ Cheng Chi-fung ပြောတာက “ကနေ့ကာလတွေမှာ Fast food အလွယ်ဝယ်-စားစရာ၊ Instant noodles ခေါက်ဆွဲခြောက်ထုပ်၊ Exercise less လေ့ကျင့်ခန်းလဲ မလုပ်၊ Stay up late ညဉ်းနက်သန်းခေါင်အထိ အလုပ်လုပ်ကြလို့ Couple of diabetes “ဆီးချို-စုံတွဲတွေ” များလာနေတယ်။ ဒါတင်မက Obesity လူတွေက ပိုဝ၊ Fatty liver အသဲက အဆီများလာ၊ အဆစ်နာ Gout ဂေါက်ရောဂါ ပိုဖြစ်ကြတယ်။”

မြက်မြက် သက်သက် စားရအောင် အိမ်မှာချက်ရင် ခပ်လေးလေး ဆိုတော့ Hypertension လင်ရော မယားပါ သွေးတိုး ကြမယ်။ လူမှုဘဝက အတူဆိုတော့ စိတ်ဖိစီးတာလဲ တူကြလို့ ပိုဖြစ်နိုင်ပြန်တယ်။ Sleep insomnia ဘဝတူတွေ စိတ်ခံစားမှု တူတာတွေကနေ အိပ်ယာတူပေါ်မှာ အတူအိပ်မပျော်နိုင်ကြဘူး။

ဗိုက်နာ၊ အစာမကျေ၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ စတာတွေကို Irritable bowel syndrome ခေါ်တယ်။ အတူ ဖြစ်ကြတတ်တယ်။ အစားအသောက်နဲ့ စိတ်ပါ ဆိုင်တယ်။ Common bad habits မကောင်းတာလေးတွေကိုလဲ အတူ လုပ်တတ်ကြတာကိုး၊ သိပ်စပ်တာ အတူကြိုက်ကြမယ်။ ကော်ဖီ ခါးခါး အတူသောက်ကြမယ်။ နှစ်ယောက်လုံး အသား လုံးဝမစားဘူး၊ စတာတွေ တူနေတတ်တယ်။ Anxiety စိုးရိမ်စိတ်ကဲတာနဲ့ Depression စိတ်ကျတာကနေ Vagus nerve (ဗေးဂတ်စ်) အာရုံကြောကို သက်ရောက်၊ Gastric acid အစာခြေရည်တွေ များရာကနေ ပြောခဲ့တဲ့ရောဂါတွေ နှစ်ယောက်သား ဖြစ်ကြရတယ်။

Peking University First Hospital ဆေးရုံက Andrology Center ကိုလာကြတဲ့ Erectile dysfunction ပန်းသေ-ပန်းညှိုး လူနာ ၁ဝဝဝ ကျော်ထဲမှာ အသက် ၃ဝ အောက်ရှိသူတွေရဲ့ ၁ဝ%၊ ၃ဝ နဲ့ ၄ဝ ကြားရှိသူတွေထဲက ၂ဝ့၆%၊ ၄ဝ-၅ဝ ကြား ရှိသူတွေထဲက ၅ဝ% ရဲ့ ဇနီးတွေမှာလဲ Sexual dysfunction လိင်ပိုင်း အားနည်းမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။

စိတ်တူ၊ ကိုယ်တူနေကြလို့ ရောဂါတူ ရနိုင်တာတွေကိုသာ ကွက်ရေးတော့ စိတ်မတူ၊ ကိုယ်မတူတာ ပိုကောင်းမယ်တော့ မထင်လိုက်ပါနဲ့။ ဆရာဝန်လဲ မကယ်နိုင်တာတွေ ဖြစ်နေမယ်။

Tuesday, December 31, 2013

မိန်းကလေး တစ်ယောက် အနေနဲ့ ကိုယ်ခန္ဓာ အလှကို ဂရုစိုက် သင့်တယ်





ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသားတိုင်း ကျန်းမာခြင်းနဲ့ အတူ လှပခြင်း ကိုလည်း ပိုင်ဆိုင် ချင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အသားအရေလှလိုက်တာ၊ ဆံပင် ကောင်းလိုက်တာ၊ သွား လေးတွေက

ပုလဲလေးတွေ စီထားတဲ့ အတိုင်း ညီညာလိုက်တာ စသည် ဖြင့် ပိုင်ဆိုင်ချင်ကြမှာပါပဲ။ ဒီလို အလှတရားတွေ ပိုင်ဆိုင်ဖို့ အတွက် ဘယ်လို ထိန်းသိမ်းလေ့ ရှိလဲဆိုတာ လေ့လာကြည့် လိုက်ရအောင် .....

လုပ်ဖြစ်တဲ့လေ့ကျင့်ခန်း

အားကစားအနေနဲ့ဆို ခါးလှည့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဖြစ်နေတယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းက ချက်ချင်းတော့ သူ့အကျိုးကျေးဇူးက မသိသာဘူး။ နှစ်ချီပြီးတော့လုပ်ရတာ။ ခါးလှည့်တော့ ကျောက အဆီ ကျတယ်။ ခါးအဆီလည်း မတက်ဘူး။ ခါးကိုလည်း သေးစေတယ်။ အချိန်ကုန် ငွေကုန်မရှိဘူး ဒီလေ့ကျင့်ခန်းက အချိန်လည်း မကုန်ဘူး။ စက်တွေနဲ့လည်း လုပ်စရာ မလိုဘူး။ အိမ်မှာ ဝါးလုံး လေးတစ်ချောင်းရှိရင် အဆင်ပြေ ရွေးပြီးတော့ လုပ်ဖြစ်တယ်။ ခါးလှည့်တဲ့အပြင် ကြက်တောင် ရိုက်တာတို့ စက်ဘီး စီးရတာကို လည်း သဘောကျတယ်။

ဓာတုဆေးဝါးမသုံးပါနဲ့

အသီးအရွက်များများစားပါ။ နွားနို့သောက်ပါ။ အသားတွေ သိပ်မစားပါနဲ့။ ဓာတုဆေးဝါးက ချက်ချင်းတော့ သိသာပါတယ်။ ဒါပေမဲ့ ကြာရင်တော့ အဆင်မပြေဘူး။ အားကစား လေ့ကျင့်ခန်း လုပ်တာက အဆင်ပြေတယ်။ ဓါတုဆေးဝါးကိုမသုံးတာကောင်းပါတယ်။

အသီးအရွက်များများစားပါ

ကျန်းမာရေးက အရေး ပါပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ် ထဲမှာအောင်းနေတဲ့ ချွေးပုပ် တွေကို ထွက်စေတဲ့ အတွက်လည်း ကောင်းတယ်။ အမောလည်း ခံနိုင်တယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းလည်း လုပ်ပါ။ အသီးအရွက် စားပါ။ မိန်းကလေး တစ်ယောက် အနေနဲ့ ခန္ဓာကိုယ် အလှကို ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။ 

ကျောပြင် နဲ့ ဂုတ်ပိုးအဆီတွေ ကျမယ် ၊ ရင်ကို တင်းရင်း လှပစေမယ်


 

 
  
နည်းလမ်း ( ၁ ) ခါး ၊ ကျောပြင် နဲ့ ဂုတ်ပိုးအဆီတွေ ကျမယ် ၊ ရင်ကို တင်းရင်း လှပစေမယ် ... 
ခြေနှစ်ဘက် ကို စု ၊ ဒူးဆန့် ၊ ခါးဆန့် မတ်မတ်ရပ်ပြီး ခေါင်းငုံ့ထားပါ ၊ လက်နှစ်ဘက် ကို နောက်ပစ်ပြီး ခါးမှာ ကပ်ထားပါ ။ 

 

ပထမ အနေအထားမှာ စိတ်မှတ် နဲ့ တစ် ၊ နှစ် ၊ သုံး ရေတွက်လိုက်ပြီး ခေါင်းကို မော့ ၊ လက်များ ကို အပေါ်မြင့်နိုင်သမျှ မြှင့် ၊ ဆန့်နိုင်သမျှ ဆန့်ပြီး အဲဒီ အနေအထားအတိုင်း ကို ၁ မှ ၃၀ အထိ စိတ်မှတ် နဲ့ ရေတွက်ပေးပါ ။ 

 

၁၀ ကျော့ ပြုလုပ်ပေးပါ ...

 နည်းလမ်း ( ၂ )

နံကြားနှစ်ဖက် နှင့် ခါးအဆီတွေကို ကျစေပြီး ခန္ဓာကိုယ် ကောက်ကြောင်း ပေါ်လွင် လှပစေမယ် ...
ခြေနှစ်ဘက်ကိုစု ၊ ဒူးဆန့် ၊ ခါးဆန့် ၊ ခါးထောက်ပြီး မတ်မတ်ရပ်ပါ ။

ပုံမှာတွေ့ရတဲ့ အတိုင်း လက်ကို ခေါင်းပေါ်ကျော်တင်ပြီး ခန္ဓာကိုယ် ကို ဘေးတိုက်တည့်တည့်ချိုးပါ ။ ဒူး နဲ့ ခါး ကို ဆန့်ဆန့်ထားဖို့ သတိပြုပါ။

 

ဘယ်တစ်လှည့် ၊ ညာတစ်လှည့် ကို တစ်ကြိမ်သတ်မှတ်ပြီး အကြိမ် ၂၀ မှ ၃၀ ကြိမ် ပြုလုပ်ပေးပါ

 

 နည်းလမ်း (၃) 

တင်ပါး နဲ့ ပေါင်တံ ကို ကျစ်လျစ်စေပြီး ခါးက အဆီပိုတွေ ကို ကျစေမယ် ... 

ခြေစုပြီး မတ်မတ်ရပ်ပါ။ လက်နှစ်ဘက် ကို ဘေးမှာ ဆန့်ချထားပါ။
ခေထြောက် တစ်ဘက်ကို လက်နှစ်ဘက် နှင့် တင်းနိုင်သမျှ တင်းအောင် ဆွဲထားပြီး ခါးကို ဆန့်နိုင်သမျှ ဆန့်ထားပါ။

အဲဒီ နည်းအတိုင်း ၁ မှ ၃၀ အထိ စိတ်မှတ် နဲ့ ရေတွက်ပြီး နေပေးပါ။

 

ဘယ် ၊ ညာ တစ်လှည့်စီ ကို ( ၁၀ ) ကြိမ်စီ ပြုလုပ်ပေးပါ။

 

 နည်းလမ်း ( ၄ ) 

တင်ပါးကို ပင့်တင်ပေးပြီး ပေါင်တံ ကို ပါ အဆီကျ ကျစ်လျစ်လှပစေပပါမယ် ... 
ခြေတံ နှစ်ဘက် ကို တစ်လံလောက်ချဲ မတ်တပ်ရပ်ပြီး လက်နှစ်ဘက် ကို ပုံမှာတွေ့ရတဲ့ အတိုင်းထားပါ။
ချဲထားတဲ့ ခြေထောက်ပို ခြေဦးတည့်ရာ အတိုင်း ဒူးကို ၉၀ံ ဒီဂရီ ကျတဲ့ အထီ ခန္ဓာကိုယ် ကို ညွှတ်ချလိုက်ပြီး ကွေးထားတဲ့ ခြေထောက်ပေါ်မှာ လက်နှစ်ဘက် ကို တင်ထားပေးပါ .... 
ကျန်ခြေတစ်ဘက်ဟာ ဒူးဆန့်ပြီး ဖြောင့်တန်းနေရပါမယ် ... 

အဲဒီ အနေအထားအတိုင်း ၁ မှ ၃၀ အထိ စိတ်မှတ် နဲ့ ရေတွက်ပြီးနေပေးပါ ။ ဘယ် ၊ တစ်လှည့် ညာတစ်လှည့် ကို ၁၀ ကြိမ် စီ ပြုလုပ်ပေးပါ ။

 

 

နည်းလမ်း ၅ 

ပေါင်အတွင်း ၊ ကြွက်သား ၊ ခါး နဲ့ ခြေသလုံး ကြွက်သားများကို အထူးပျော့ပြောင်းစေပြီး သက်တောင့်သက် သာ ရှိစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ် ... 

သက်တောင့် သက်သာ အနေအထားနဲ့ ပက်လက်လှန် အိပ်ပြီး ခြေတစ်ဘက် ကို ကျန်ခြေတစ်ဘက် ပေါ်သို့ ပေါင်ရင်းမှ တင်ထားပေးပါ ... 

လက်နှစ်ဘက် ကို ၁၈၀ံ ဒီဂရီ တည့်အောင် ဆန့်တန်းပြီး ခြေထောက်နှစ်ချောင်းကို ဆန့်ကျင်ဘက် အတိုင်း တင်းနိုင်သမျှ တင်းအောင် ဆန့်ထားပါ ... ဒူးများ ကို လုံးဝ မကွေးစေဖို့ သတိပြုပါ ... 
အဲဒီ အနေအထားအတိုင်း ၁ မှ ၃၀ အထိ စိတ်မှတ် နှင့် ရေတွက်ပြီး နေပေးပါ ... ဘယ် ၊ ညာ တစ်လှည့်စီ ကို ၁၀ ကြိမ်စီ ပြုလုပ်ပေးပါ ...

 

 

ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများကို ပျော့ပြောင်းသွားစေပြီး အကြောတက် ညောင်းညာခြင်းမျာကို သက်သာပျောက်ကင်းစေမယ့် လေ့ကျင့်နည်းဖြစ်ပါတယ် ... 

ခြေထောက် နှစ်ဘက်ကို တစ်လံလောက်ချဲပြီး လက်နှစ်ဘက်ကို ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ကပ်ထားပါ ...
ကိုယ် ကို ပထမဆုံး လှည့်မယ့်ဘက်သို့ ရှေ့ခြေဖနောင့် ကို ၉၀ံ ဒီဂရီ ချိုးပြီး ဖနောင့်ချပါ ... နောက်ခြေထောက် ကို ဒူးဆန့်ထာားပြီး ရှေ့ခြေ နဲ့ တစ်တန်းထဲ ဖြစ်အောင် ချပါ ... 
လက်နှစ်ဘက် ကို ဆန့်ဆန့် မြှောက်တင်ထားပါ ... 

အဲဒီ အနေအထားအတိုင်း ၁ မှ ၃၀ အထိ စိတ်မှတ် နှင့် ရေတွက်ပြီး နေပေးပါ ...ဘယ်ညာ တစ်လှည့်စီ ကို ၁၀ ကြိမ် စီ ပြုလုပ်ပေးပါ ...

သက်လတ်ပိုင်း လေဒီများ အခုလို နည်းလမ်း ( ၆ ) ခု ကို အသုံးပြုပြီး ကျန်းမာရေးလည်းကောင်း ၊ ဘော်ဒီလေးတွေ လည်း လှပနေစေဖို့ ဆန္ဒပြုလိုက်ပါတယ် ...

Thursday, December 26, 2013

အဖြူဆင်းခြင်းနှင့် ပတ်သက်ပြီး သံသယ ဖြစ်နေ သလား



မိန်းကလေး တွေမှာ အဖြူဆင်း တာကလည်း ဓမ္မတာ တစ်ခုပါပဲ။ အပျိုဖော် ဝင်စကနေ သွေးဆုံးချိန် အထိ အဖြူဆင်း တတ်ကြပါတယ်။

သာမန် ဖြစ်ရိုး ဖြစ်စဉ် ရိုးရိုး အဖြူဆင်း တာပဲ ဖြစ်တာကြောင့် ရောဂါရယ် လို့တော့ သံသယ မဝင်သင့်ပါဘူး။ သင့်မှာ ရောဂါ တစ်ခုခု ရှိလာတဲ့ အခါ အဖြူဆင်းတာ ပြောင်းလဲ သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ မဟော်မုန်း အီစထရိုဂျင် အနည်း အများ ပေါ်မူတည်ပြီး ရာသီမလာခင်နဲ့ လာအပြီးမှာ အဖြူဆင်းတာ အနည်း အများ ကွာခြား နိုင်ပါတယ်။ မိန်းကလေး တစ်ဦးနဲ့ တစ်ဦး အဖြူဆင်းတဲ့ ပမာဏ ချင်းလည်း မတူညီ နိုင်ပါဘူး။


မိန်းမကိုယ်ကို သန့်စင်လွန်းခြင်း

တချို့ မိန်းကလေးတွေက အသန့် ကြိုက်လွန်း တာကြောင့် ကြော်ငြာ ကောင်းတဲ့ မိန်းမ ကိုယ်သန့်စင် ဆေးရည်တွေကို အလွန်အကျွံ ဝယ်သုံးမိတတ် ကြပါတယ်။ မိန်းမကိုယ်ကို အလွန်အမင်း သန့်စင် လွန်းတာကလည်း မိန်းမကိုယ်ရဲ့ pH Level ကို ထိခိုက်စေပြီး မိန်းမကိုယ်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို ဖယ်ရှား လိုက်တာကြောင့် ပြင်ပက ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေကို မတိုက်ထုတ် နိုင်တော့ဘဲ ပိုးဝင် လွယ်စေပါတယ်။

အဖြူဆင်းများခြင်း

အဖြူဆင်းများ ရတဲ့ အကြောင်းတွေက စိတ်ဖိစီးမှု များတာ၊ ပင်ပန်းလွန်းပြီး အားနည်းနေတာ၊ စိတ်ဆန္ဒ ဖြစ်ပေါ်နေတာ၊ မျိုးဥ ကြွေချိန်နဲ့ ကိုယ်ဝန်ဆောင် ချိန်တွေမှာ အဖြူဆင်းတာ များတတ်ပါတယ်။

အဖြူဆင်းခြင်းနှင့် ပိုးစွဲကပ်ခြင်း

မိန်းမကိုယ်မှာ ပိုးစွဲ ကပ်တာကို သိနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ မိန်းမကိုယ် ယားယံ နေတယ်၊ အဖြူဆင်းတဲ့ အခါ အနံ့နံမယ်၊ အရောင်ပြောင်း နေမယ်။ ညိုညစ်ညစ် အရောင် ဖြစ်နေတာ၊ ဒါမှမဟုတ် အစိမ်းရောင်၊ နို့နှစ်ရောင် ဖြစ်နေတာ၊ အမြှပ်ထနေတာတွေ ဖြစ်လာရင် မိန်းမကိုယ်မှာ ပိုးဝင်နေတယ်လို့ ယူဆနိုင်ပါတယ်။

Tip

- အလွန်အမင်း သန့်စင်လွန်းတာကို ရှောင်ကြဉ်ပါ

- အမျိုးသားနဲ့ အတူနေပြီးတဲ့အခါ ဆီးသွားပေးပါ။

- မိန်းမကိုယ်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။

- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ ဝတ်ဆင်တာကို ရှောင်ရှားပါ

- ဆီး၊ ဝမ်းသွားပြီးတဲ့အခါ အရှေ့မှအနောက်သို့ သန့်စင်ဆေးကြောပါ

- Tampon အစား လစဉ်သုံး ဂွမ်းထုပ်ကိုသာ အသုံးပြုပါ။

Wednesday, December 18, 2013

ကျားဟော်မုန်းများခြင်းက အသက်တိုခြင်းနှင့် ဆက်စပ်နေ


ကျားဟော်မုန်းများခြင်းက အသက်တိုခြင်းနှင့် ဆက်စပ်နေတက်စတို စတီးရုန်း၊ (ကျားဟော်မုန်း)ဟာ နှလုံး၏ လုပ်ငန်းဆောင်တာ များကို ထိန်းညှိရာတွင် အကူအညီ ပေးပါတယ်။ သုက်ပိုး ထုတ်လုပ်ခြင်း၊ အရိုး ကျန်းမာရေး၊ စွမ်းအင်ပမာဏ၊ အာရုံစူးစိုက်ခြင်းနှင့် ကြွက်သားထု ထည်တို့တွင် တစ်စိတ်တစ်ပိုင်း ပါဝင် ဆောင်ရွက်ပါတယ်။အမျိုးသား အများစုဟာ အသက် ကြီးလာတာနဲ့ အမျှ သဘာဝအရ ထိုဟော်မုန်းပမာဏ လျော့နည်းလာ ခြင်းကို ကြုံတွေ့ရ ပါတယ်။ ဟော်မုန်း ပမာဏကို ထိန်းညှိရန် ဆေးဝါးများ သောက်သုံးကြရပါတယ်။ သုတေသီများက တက်စတို စတီရုန်းပမာဏ အလွန်နည်းခြင်းက မကောင်းသော အရာတစ်ခုဖြစ်သလို အလွန်များခြင်းကလည်း မကောင်း နိုင်ပါဘူးလို့ ဆိုတယ်။

တက်စတို စတီရုန်း ပမာဏ သင့်တင့်မျှတသော အဘိုးအို များဟာ အသက်ရှည်နိုင်ဖွယ်ရာရှိကြောင်း တွေ့ရှိခဲ့ကြ ပါတယ်။ ခန္ဓာကိုယ်မှ ထိုဟော်မုန်းကို ချေဖျက်တဲ့ အခါ Dihydrotesto sterone (DHT) လို့ခေါ်တဲ့ နှလုံး သွေးကြော ရောဂါဖြစ်နိုင်ခြေနှင့် ဆက်စပ်နေတဲ့ ဓာတု ပစ္စည်းထုတ် လုပ်ပါတယ်။ ကျားဟော်မုန်း ပမာဏ သင့်တင့်စွာရှိခြင်းနှင့် DHT ပမာဏ မြင့်မားခြင်းဟာ အမျိုးသား များတွင် အသက်ကြီး လာတာနဲ့အမျှ ကျန်းမာ ရေး ကောင်းစေနိုင်ကြောင်း တွေ့ရှိ ခဲ့ကြပါတယ်။

Monday, December 16, 2013

အမျိုးသမီးများအတွက် အန္တာရယ်ကြီးသော ကိုယ်ပျောက်လူသတ်သမား


သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေးစစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီ ဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အ ကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြော သည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့ သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုး သားထံမှ ကူးစက်ခံခဲ့ရသည့်ရောဂါကိုတော့ လက် မခံချင်၍ မရတော့။ နိုင်ငံတကာစစ်တမ်းများအရ အ မျိုးသမီးများတွင် အဖြစ်အများဆုံး ကင် ဆာမှာ ရင်သား ကင်ဆာပြီးလျှင် သား အိမ်ခေါင်းကင်ဆာပင်ဖြစ်ပြီး သေ ပျောက်မှုနှုန်းမှာတော့ သားအိမ်ခေါင်း ကင်ဆာက အများဆုံးဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် နှစ်စဉ် အမျိုးသမီး ၆၄ဝဝ ကျော် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနေပြီး ၃၅ဝဝ ကျော်နှစ်စဉ် သေဆုံးနေသည်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေအဆင့်များတွင် ရောဂါလက္ခဏာ ဘာမှမပြတတ်၍ ကမ္ဘာပေါ်တွင် အမျိုး သမီး ၁ဝ ဦး တွင် ၈ ဦးမှာ မသိဘဲ ရောဂါပိုးမှာ ကိုယ်ဆီတွင်
ရောက်နေတတ်သည်ဟု မီးယပ်နှင့် သားဖွား ဆိုင်ရာအထူးကု ဒေါက်တာစိုးလွင်က ပြောသည်။ သားအိမ်ခေါင်ကင်ဆာအဓိက ဖြစ်ပွားရသည့်အကြောင်းရင်းမှာ HPV (Human Papilloma Virus)ပိုးကြောင့် ဖြစ်ပြီး ထိုပိုးသည် လိင်မှတစ် ဆင့်ကူးစက်တတ်သောရောဂါများတွင် အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ် သည်။ HPV ပိုးအမျိုးပေါင်း ၄ဝ ကျော် ရှိသည့်အနက် ပိုးမျိုးကွဲ ၁၆ နှင့် ၁၈မှာ သားအိမ်ခေါင်းကင်ဆာရောဂါ ၇ဝ ရာ ခိုင်နှုန်းဖြစ်စေနိုင်ပြီး ကျန်ပိုးမျိုးကွဲများ မှာ ၃ဝ ရာခိုင်နှုန်း သားအိမ်ခေါင်းကင် ဆာရောဂါ ဖြစ်စေနိုင်သည်ဟု သိရ သည်။

HPV ပိုးမျိုးကွဲတချို့သည် သား အိမ်ခေါင်းထဲ ဝင်ရောက်ပြီးနောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာ ခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ရောဂါဖြစ်ပွား ခြင်းမရှိဘဲ ခန္ဓာကိုယ်ခုခံအားက ပိုးကို တိုက်ခိုက်နိုင်ကြောင်း သို့သော်ပိုးမျိုးကွဲ ၁၆ နှင့် ၁၈ မှာ တခြား မျိုးကွဲများထက် သားအိမ်ခေါင်းအတွင်း ဆက်လက် တည်ရှိနေပြီး သားအိမ်ခေါင်း ကင်ဆာ ရောဂါအထိ ဖြစ်စေနိုင်ကြောင်း၊ HPV ပိုး သားအိမ်ခေါင်းအတွင်းဝင်ရောက်ပြီး ရောဂါလက္ခဏာမပြသည့် အမျိုးသမီး မှာ ၂ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်း အထိရှိကြောင်း သုတေသန တွေ့ရှိဖော် ပြချက်များအရ သိရသည်။

ထိုသို့ ကြိုတင်မသိရှိနိုင်ခြင်းနှင့် ကျန်းမာရေးအသိ အလွန်နည်းခြင်း ကြောင့် မသန်းဌေးကဲ့သို့ပင် ဆရာဝန် က တိုက်တွန်းမှသာ ဆေးစစ်ကြသလို ထိုရောဂါဖြစ်သူ မိမိပတ် ဝန်းကျင်တွင် တွေ့ရှိမှလည်း ကြောက်ရွံ့ပြီး ရောဂါ စစ်ဆေးသူတို့ ရှိသည်။ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဒေါ်အေးအေးမူက တစ်လင် တစ်မ ယားစနစ်ကျင့်သုံးလျှင် သားအိမ် ခေါင်းကင်ဆာ မဖြစ်နိုင်ဟု ယူဆချက် မှာ ယခင်က မှန်နိုင်သော်လည်း ယခု အချိန်တွင် အမျိုးသားနှင့် ကာမဆက် ဆံဖူးသူ တိုင်း ဖြစ်နိုင်သည့် အခြေအနေ ရှိနေသည်ဟု ပြောသည်။သားအိမ်ခေါင်းကင်ဆာနှင့် ပတ် သက်၍ယနေ့အချိန်အထိရောဂါ အစစ် ဆေးခံ သည့် နှုန်းမှာ မြန်မာနို င်ငံတွင် အလွန် နည်းနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။ မကြာခင်က မြောက်ဥက္ကလာ မြို့ နယ်မှ လမ်းတစ်လမ်းတည်းနေ အမျိုး သမီး အယောက်အစိတ်ခန့် တစ်ပြိုင် တည်း ဆေးစစ်မှု ခံယူခဲ့သည်ကိုတော့ ဒေါက်တာ ဒေါ်အေးအေးမူ မမေ့။ တစ်

လမ်းတည်းနေအသက် အစိတ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် လေးဆယ် ကျော် အမျိုးသမီးတစ်ဦးတို့ သားအိမ် ခေါင်းကင်ဆာဖြစ်သည်ကို သိရှိပြီး နောက် ထိုအမျိုး သမီးများတစ်ပြိုင်တည်း ဆေးစစ်ခံခဲ့ခြင်းဖြစ်ပြီး ည ၁၂ နာရီ အထိ ကြည့်ပေးခဲ့ရကြောင်း ၎င်းက ပြောပြသည်။ ရောဂါဖြစ်သည့်အမျိုးသမီး၂ ဦး အနက် အသက်လေး ဆယ်ကျော် အမျိုး သမီးမှာ ရောဂါဖြစ်ကြောင်း သိရှိပြီး မကြာခင် ဆုံးပါးခဲ့၍ သူတို့ ပိုကြောက် လန့်ကာ ထိုသို့ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင် သည့် အကြောင်းအရာများတွင် သား အိမ်ခေါင်းတွင် အနာရှိခြင်း၊လိင်မှ တစ်ဆင့် ကူးစက်တတ်သောရောဂါရှိခြင်း၊ လိင်စတင် ဆက်ဆံသည့် အသက်အ ရွယ်ငယ်ရွယ်ခြင်း၊ ကိုယ်တိုင်သော် လည်းကောင်း ခင်ပွန်းသော်လည်းကောင်း လိင်ဆက်ဆံဖက် များခြင်း၊ ကိုယ်ဝန် ဆောင် ချိန် များခြင်း၊ ဆေး လိပ်စီးကရက် သောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း၊ မိခင်နှင့် ဆွေမျိုးများတွင် သား အိမ်ခေါင်းကင်ဆာဖြစ်ဖူးခြင်း စသည် အချက်များ အဓိက ပါဝင် သည်။ရောဂါဖြစ်ပွားလျှင်တော့ အနံ့အ သက်ရှိသော

အဖြူ ဆင်းခြင်း၊ လိင် ဆက်ဆံပြီးလျှင်သွေးဆင်းခြင်း၊ သွေးဆုံး ပြီး မှသွေးပြန်ဆင်းခြင်း၊ လိင်ဆက်ဆံရာ တွင်နာကျင်ခြင်း၊ ကိုယ်အလေး ချိန် လျော့ကျခြင်း တို့ ဖြစ် တတ်သည်ဟု သိ ရသည်။ သားအိမ်ခေါင်းကင်ဆာနှင့် ပတ် သက်ပြီး ကျန်းမာရေးစစ်ဆေးရန်နှင့် ကာကွယ်ဆေးထိုးနှံရန် လွန်ခဲ့သည့် ၇ နှစ်ခန့်မှ စ၍ မြန်မာနိုင်ငံ အတွင်း အသိ ပေးလှုံ့ဆော်မှုများ စတင်ခဲ့ပြီး နိုင်ငံအနှံ့ မဟုတ်သော်လည်း မြို့နယ်ရပ်ကွက် အ ချို့၌ အခမဲ့ ကာကွယ်ဆေးထိုးနှံပေး ခြင်းတို့ ထိုအချိန် က ဆောင်ရွက် ခဲ့သည်။ ထိုနောက်တွင်တော့ ထိုကျန်းမာ ရေး အသိပေးလှုံ့ဆော်ခြင်းများ သိပ် မတွေ့ရတော့။ ထိုရောဂါမှာ ဖြစ်ပွား လျှင်ဖြစ်ပွားချင်း မသိနိုင်၍ အမျိုးသမီး အများစု မှာ ဆေးစစ် ရန်စိတ်ကူးပင်သိပ် မရှိသလို ထိုရောဂါ၏ သေဆုံးနိုင်ခြင်း ကိုလည်း မသိရှိကြပေ။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးကတော့ မိသားစုထဲတွင်ဖြစ်ပွားဖူးသူမရှိသော်လည်း သ တင်းစာထဲတွင် သားအိမ်ခေါင်း ကင် ဆာ ရောဂါအကြောင်း ဖတ်မိ၍ ထို ရောဂါ ရှိမရှိသိနိုင်ရန် ရန်ကုန်ရှိ ဗဟို အမျိုးသမီးဆေးရုံ၌ လာရောက် ဆေး စစ်ခဲ့သည်။ ကျန်းမာရေး အသိရှိသော်လည်း စစ်ဆေးမှုခံယူနိုင် သည့် ရောဂါ စမ်းသပ် ပေးသော အစိုးရဆေးရုံမှာ လက်လှမ်း မီရာတွင် မရှိ၍ ရန်ကုန်သို့ တကူးတက လာရောက်၍ သူမ ဆေးစစ်ခဲ့ခြင်းဖြစ် သည်။ ထိုသို့ ဆေးသွား စစ်ရန်လည်း အမျိုးသားဖြစ်သူက တိုက်တွန်းခဲ့သည် ဟု အိမ်ထောင်သက် ဆယ်နှစ်ရှိပြီဖြစ် သည့် ထိုအမျိုးသမီးက တက်တက် ကြွကြွ ပြောသည်။ ဆေးစစ်ပြီးသော် လည်း အဖြေချက် ချင်းမရ၍ နောက် တစ်ပတ်အကြာတွင် စိုးရိမ်စိတ်ဖြင့် ဘီးလင်းမှ သူမက ပြန်လာရမည်ဟုဆိုသည်။ သားအိမ်ခေါင်ကင်ဆာကို ဗဟို အမျိုးသမီးဆေးရုံ (ရန်ကုန်)၌ တစ်ပတ် လျှင်နှစ်ကြိမ် အခမဲ့စစ်ဆေးပေးနေပြီး သားဖွားနှင့်မီးယပ် ဆရာဝန်များရှိသည့် မြို့နယ်ကျန်းမာရေး ဆေးခန်းများတွင် လည်း စစ်ဆေးပေး လျက် ရှိကြောင်း သိရသည်။ ပုဂ္ဂလိက ဆေးရုံကြီးများ တွင်တော့ စစ်ဆေးခ နှစ်သောင်းကျပ် ခန့်ဖြင့် အချိန်မရွေးစစ်ဆေးနိုင်ကာ ရောဂါ မရှိက ကာကွယ်ဆေး လွယ်ကူ စွာ ဝယ်ယူထိုးနှံနိုင်သည်။ ကာကွယ် ဆေးမှာ နှစ်မျိုးရှိပြီး တစ်လုံးလျှင် သုံး သောင်း ခုနစ်ထောင်ခန့် ဈေးရှိသည်။

”သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးတဲ့ အရွယ်အပေါ်ကာ ကွယ်နိုင်စွမ်းက မူတည်တယ်။ ပုံမှန် အားဖြင့် ကာကွယ်ဆေးက ကာကွယ်မှု ရာခိုင်နှုန်း ၉၃ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်”ဟု ဒေါက်တာစိုးလွင်က ပြော သည်။ ယင်းကာကွယ်ဆေးမှာ Side Effect မရှိဘဲတစ်ခါထိုးပြီးလျှင် ကိုးနှစ်၊ ၁ဝ နှစ်ခန့် ပြန်ထိုးစရာမလိုကြောင်း သိ ရသည်။ဒေါက်တာ ဒေါ်အေးအေးမူက လည်း အပျိုမိန်းကလေးများအနေဖြင့် ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပြီး အိမ်ထောင်ပြုပြီးကလည်း ရောဂါကူး စက် နိုင်ခြေများသည့်အတွက် ကင်ဆာ ဖြစ်နိုင်ခြေ ရှိမရှိ စစ်ဆေးသင့်သည်ဟု သတိပေးသည်။

သားအိမ်ခေါင်းကင်ဆာဖြစ်စေ နိုင်သည့် HPV ပိုးကို အသက် ၄ဝမှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် အများဆုံး တွေ့ရပြီး အသက် ၂ဝနှစ်မှ ၂၉ နှစ်ရှိအမျိုး သမီးငယ်များတွင်လည်း တွေ့ရှိရသည်ဟု စစ်တမ်းများ ကဆို သည်။၂ဝဝ၆ ခုနှစ်ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏လမ်းညွှန်ချက်အရ အသက် ၂၅ နှစ်မှ ၄၉နှစ်အတွင်းရှိ အိမ်ထောင်သည် အမျိုးသမီးများသည် သုံးနှစ်လျှင် တစ် ကြိမ် သားအိမ်ခေါင်း ချွဲ စစစ်ဆေးသင့် ပြီး အသက် ၅ဝ နှစ်အထက် အမျိုးသမီး များမှာ ငါးနှစ်လျှင်တစ်ကြိမ် စစ်ဆေး သင့်ကြောင်း ညွှန်ကြားထားသည်။ သားအိမ်ခေါင်း ကင်ဆာ ပထမ အဆင့် ဖြစ်နေပြီဟု ဆေးစစ်ချက်အရ သိခဲ့ရသည့် မသန်းဌေးနှင့်ဆေးအတူ အစစ်ဆေး ခံခဲ့သည့်အမျိုးသမီး ၁ဝ ဦး ခန့်တွင် ရောဂါတွေ့ရှိသူ နောက်တစ်ဦး ရှိခဲ့သည်။

”သူသိပ်ကြောက်သွားတာ။ ကိုယ် လိုပဲ မဖြစ်နိုင်ဘူးလို့ သူတွေးထားတာ ကိုး။ ရောဂါတွေက သိပ်ဆန်းပြားလွန်း တယ်။ ခုလို စောစော သိလိုက်ရတာ ကံကောင်းတယ်လို့ မှတ်ရတော့မှာပဲ” ဟု မသန်းဌေးက ပြောသည်။

မြတ်စုငြိမ်း
..............................................

လူတွေအသိများတာက သားအိမ်ကင်ဆာလို့ ခေါ်ကြတယ်။ အမှန်တကယ်တော့ သားအိမ်လည်တံကင်ဆာ (သို့) သားအိမ် ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ အပေါ်ပိုင်းမှာရှိတဲ့ သားအိမ်ရဲ့ ကိုယ်ထည်မဟုတ်ပါဘူး။ သားအိမ်ကိုယ်ထည်ကလည်း သူ့ဟာသူ သီးခြားကင်ဆာဖြစ်နိုင်ပါတယ်။ စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။

၁။ ရောဂါဖြစ်နိုင်ချေရှိသူတွေက ဘယ်သူတွေလဲ။

ရောဂါဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ရှိတဲ့ အုပ်စုတွေကတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့ အမျိုးသမီးများ၊ အိမ်ထောင် တစ်ဆက်ထက် ပို၍များတဲ့အမျိုးသမီးများ၊ သားသမီးငါးယောက်ထက်များတဲ့ မိခင်များ၊ လိင်ဆက်ဆံရာမှတဆင့် ကူးစက်တက်တဲ့ ရောဂါတစ်ခုခု ရှိခဲ့ဖူးသူများ၊ မျိုးရိုးထဲမှာ သားအိမ်ကင်ဆာဖြစ်ဖူးသူရှိသူများ၊ အမျိုးသမီးများမှာ သဘာဝအတိုင်း ဆင်းတဲ့အဖြူ မဟုတ်ဘဲ ထူးခြားပြီး ရေရှည်အဖြူဆင်းနေတဲ့ အမျိုးသမီးများ၊ အမျိုးသားများနှင့် လိင်ဆက်ဆံတဲ့အခါ သွေးစသွေးနတွေ့တဲ့ အမျိုးသမီးများလည်း အန္တရာယ်ရှိတဲ့ အုပ်စုထဲမှာပါပါတယ်။ အရက်စွဲနေတဲ့ အမျိုးသမီးများ၊ ဆေးလိပ်များများသောက်တဲ့ အမျိုးသမီးများကိုလည်း အန္တရာယ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီမှာ အထူးပြောချင်တာက ဒီအုပ်စုထဲမှာပါလို့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်ရမယ်လို့ တစ်ထစ်ချမပြောနိုင်သလို၊ ဒီအုပ်စုစာရင်းထဲက လွတ်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်း ကင်ဆာ မဖြစ်တော့ဘူးလို့ မှတ်ယူလို့မရပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။

၂။ ရောဂါဖြစ်မှန်း ဘယ်လိုလုပ်သိမလဲ။

ကင်ဆာတွေအားလုံးဟာ အဆင့်စောတဲ့အခြေအနေမှာ နာကျင်ခြင်းစတဲ့ လက္ခဏာတွေမပြသလို့ ဒုက္ခရောက်နေကြရတာပါ။ သားအိမ်လည်တံ ကင်ဆာကလည်း ရောဂါဖြစ်မှန်း သိပ်မသိလွယ်ပါဘူး။ စောတုန်း အဆင့်မှာ အစားအသောက်လည်း မပျက်ပါဘူး ရောဂါရင့်တဲ့ အဆင့်ရောက်မှ ၀မ်းဗိုက်အောက်ပိုင်းနာတာတို့၊ ခါးနာတာတို့၊ ပေါင်ထိပ်နာတာတို့ ဖြစ်တတ်တာပါ။ အမျိုးသားနဲ့ ဆက်ဆံရင် သွေးစသွေးနတွေ့တယ်ဆိုတာကလည်း၊ ဆရာဝန်စမ်းသပ်တဲ့အခါ ရိုးရိုးမျက်စိနဲ့ မြင်နိုင်လောက်တဲ့ သဖန်းသီးများ ခွဲထားသလိုမျိုး၊ အနာလိုလို၊ အဖုလိုလိုတွေ့တဲ့အခါမှသာ သွေးထွက်ပါတယ်။ ရိုးရိုးမျက်စိနဲ့ ကြည့်လိုက်ရင် ချောမွေ့ပြီးဘာမျှ မမြင်ရဘူး။ ဒါပေမယ့် Pap-Smear လို့ခေါ်တဲ့ မှန်ပြားလေးနဲ့ သူ့မှာတွယ်ကပ်နေတဲ့ ကလာပ်စည်းလေးတွေကို ခြစ်ယူလိုက်ပြီး အဏုဇီဝမှန်ပြောင်းအောက်မှာ ကြည့်လိုက်ရင်၊ အဲဒီကလာပ် စည်းလေးတွေရဲ့ အတွင်းထဲမှာ ကလာပ်စည်း နံရံကို မကျော်သေးဘဲ ဖြစ်ပွားနေတဲ့ ကင်ဆာအဆင့်ကို တွေ့နိုင်ပါတယ်။ Pap-Smear လုပ်တဲ့နည်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်မှန်းကို အစောဆုံး သိနိုင်တဲ့ နည်းပါးပဲ။ ယနေ့အချိန်မှာ အားမရတဲ့အချက်တစ်ခုက ဆေးရုံတွေမှာရော၊ အပြင်ဆေးခန်းတွေမှာပါ သားအိမ်ခေါင်း ကင်ဆာသိရတဲ့အချိန်မှာ ၆၅% လောက်ဟာ အဆင့်လွန်နေတဲ့သူတွေပါပဲ။ ၃၅%ကသာ အန္တရာယ်ရှိနိုင်တဲ့ အုပ်စုထဲက လာရောက် ဆေးစစ်ရင်းနဲ့တွေ့တာပါ။ သားအိမ်ခေါင်း ကင်ဆာဖြစ်တဲ့ လူတော်တော်များများက မီးယပ်ဖြူ၊ မီးယပ်နီဆင်းတယ်။ ခါးတွေ၊ ဆီးစပ် တွေကို ခဲနာကျင်တယ်။ သွေးစသွေးနထွက်တယ်။ အစားအသောက်ပျက်လို့ ပိန်းချုံးသွားတယ်ဆိုတဲ့ သူတွေကများတယ်။ Pap-Smear စမ်းသပ်ခြင်းကို သားဖွားမီးယပ်ဆရာဝန်ထိုင်တဲ့ မည်သည့် ဆေးခန်းမှာမဆို လုပ်လို့ရနိုင်ပါတယ်။ ငွေကုန်ကြေးကျလည်း မများပါဘူး။ မှန်ပြားယူရတာလည်း မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပြီးပါတယ်။ အဖြေကလည်း ငါးရက်မှ တစ်ပတ်အတွင်းရပါတယ်။ ပုံမှန်ဝင်ငွေရှိတဲ့ လူတိုင်းနီးပါး ဒီလောက်ကုန်ကျစရိတ်ကို တက်နိုင်ကြပါတယ်။ Pap-Smaear မှာ ကင်ဆာဖြစ်တယ်လို့ သိရရုံနဲ့ ဓာတ်ကင်လို့မရပါဘူး။ နောက်တစ်ဆင့် အသားစယူရပါတယ်။ အသာစယူတဲ့အခါမှာ တိုက်ရိုက်ပဲယူယူ၊ မှန်ပြောင်းနဲ့ ကြည့်ပြီယူယူ၊ အသားစအဖြေထွက်မှသာလျှင် သားအိမ်ခေါင်းကင်ဆာ တကယ်ဖြစ်ပြီလို့ ရာနှုန်းပြည့်ပြောနိုင်ပါတယ်

၃။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ယခင်တုန်းကတည်းက သုံးလာတဲ့ စံကုထုံးတွေရှိပါတယ်။ ခေတ်မီရောဂါကုထုံး (၃)ခုရှိပါတယ်။ ပထမတစ်ခုက ခွဲစိတ်ကု သတဲ့နည်း။ စောသေးရင် သားအိမ်လည်တံလောက်ပဲဖြစ်တယ် (သို့) သားအိမ်ကိုပါ ထုတ်တယ် (သို့) သားအိမ်တင်မကဘူး သားဥ ပြွန်မျိုးဥ သားနံရည်ကျိတ်တွေတောင် အကုန်ထုတ်တဲ့နည်းရှိပါတယ်။ ဒုတိယနည်းကတော့ အခြားကင်ဆာများလိုပဲ ကင်ဆာဆေး များ နှစ်မျိုး၊ သုံးမျိုးပူးပေါင်းပြီး အကြောဆေးပေးတဲ့နည်းရှိပါတယ်။ စောစောကပြောတဲ့ သားအိမ်နှင့်တကွ သားဥပြွန်မျိုးဥ၊ သားနံ ရည် ကျိတ်တွေကို သမားရိုးကျခွဲစိတ်နည်းနဲ့ မထုတ်ဘဲ Key Hole ဆာဂျရီလို့ခေါ်တဲ့ ပေါက်သေးသေးလေးဖောက်ပြီး အဏုကြည့် မှန်ပြောင်းကို အသုံးပြုပြီး ခွဲတဲ့နည်းကို အသုံးပြုနေပါပြီ။ စင်ကာပူတို့၊ ဘန်ကောက်တို့မှာ လုပ်နေပါပြီ။ ဒီကုထုံး(၃)မျိုးထဲမှာ လူနာ ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ အဆင့်ပေါ်မူတည်ပြီး ခွဲသင့်တဲ့လူနာခွဲတယ်။ ဓာတ်ကင်တဲ့လူနာ ဓာတ်ကင်တယ်။ တစ်ခါတစ်ရံ ဓာတ်ကင်တာရော၊ ခွဲတာရော နှစ်ခုပေါင်းလုပ်တာရှိသလို ကင်ဆာဆေးပါ ပေးရတဲ့နည်း (၃) မျိုးစလုံး ပေါင်းလုပ်ရတာလည်း ရှိပါတယ်။

၎။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေမှန်းသိပြီးရင် ဘာတွေလုပ်မလဲ။

ဒါက သိပ်အရေးကြီးပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီလို့ ဓာတ်ခွဲခန်းအဖြေရတဲ့အခါ စိတ်ဓာတ်ကျသွားတဲ့ အမျိုးသမီး တွေ အများကြီးပါပဲ။ အမျိုးတွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေက တစ်ယောက်တစ်ပေါက် အကြံပေးကြတာ ဒါမျိုးဖြစ်ရင် ဓာတ်မကင်နဲ့ ရောဂါကနည်းနည်း၊ ဓာတ်ကင်တာက သေသွားမယ်၊ ဒါမျိုးဆိုရင် မခွဲနဲ့၊ ခွဲလိုက်ရင် ဆီးအိမ်ပေါက်တာတို့၊ ဆီးပြွန်ပြတ်တာတို့၊ အူမကြီးပေါက်တာတို့၊ ပြောတတ်ကြပါတယ်။ ဒါကြောင့် ဘေးစကားကို မယုံပါနဲ့။ ကုန်ကုန်ပြောရရင် သားအိမခေါင်းကင်ဆာ ရောဂါဖြစ်ပြီး ကုသမှုခံယူထားသူရဲ့ စကားကိုတောင်မယုံပါနဲ့။ ဘာလို့လဲဆိုတော့ ကင်ဆာကလာပ်စည်း အမျိုးအစားတူချင်မှ တူမယ်။ ကင်ဆာအဆင့်လည်း တူချင်မှတူမယ်။ ဒါ့ကြောင့် ကိုယ်ယုံကြည် အားကိုးလို့ အပ်နှံထားတဲ့ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန် ဆုံးဖြတ်တဲ့ အတိုင်းလိုက်နာပါ။

၅။ အများပြည်သူအား မှာကြားချင်သော အကြံပေးချက်။

သားအိမ်ခေါင်း ကင်ဆာဟာရောဂါ လက္ခဏာတွေမပေါ်ခင် အစောဆုံး သိနိုင်တဲ့နည်းရှိပါတယ်။ အဲဒါကတော့ အသက် (၃၅) နှစ်ကျော်တဲ့ အိမ်ထောင် သားမွေးပြုဖူးသူတိုင်း တစ်နှစ်တစ်ခါ Pap-Smear ကို သတိထားပြီး စမ်းသပ်သင့်ပါတယ်၊ ငွေကုန်ကြေးကျ လည်း မများပါဘူး။

Saturday, December 14, 2013

ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း



ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်းကလေးတွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။

ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေးနတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။

ရာသီအကြိုဝေဒနာ ဆိုသည်မှာ

လစဉ် ရာသီစတင်မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြိုဝေဒနာလို့ ခေါ် ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာ တွေကို စားချင်စိတ်ပြင်းပြ တာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ် ကျတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှု များတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ် ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာသွား တတ်ပါတယ်။

ရာသီအကြိုဝေဒနာကို ဘာကြောင့် မိန်းကလေးတချို့ကပဲ ခံစားရတာလဲ

ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေး တစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ် ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက် စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုကြတာပါ။ ရာသီ မလာခင် စားသောက်တဲ့ တချို့ အစား အသောက်တွေကြောင့်လည်း ဝေဒနာဖြစ်ပေါ်တယ် လို့ ဆိုကြပါတယ်။

ရာသီအကြိုဝေဒနာသက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

- သစ်သီးဝလံများများ၊ ဟင်းသီးဟင်းရွက်များများ ပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။

- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင် ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့်လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်ဒ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။

- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံအလောက်မှီဝဲတာ က တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာ မဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

- နေ့စဉ် လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာ လို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ်တင်ပေးတာကြောင့် ကြွက်သားတွေကို အနားရ စေပြီး ဗိုက်အောင့်တာကို သက်သာစေ ပါတယ်။

- ရာသီအကြိုဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင်ဆေးကို ဆောင်ထားပါ။

- ရာသီအကြိုဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူတွေကို ပြောပြပါ။

ရာသီသွေးဆင်းမှုအတွက် ဘယ်လို ပြင်ဆင်ထားသင့်သလဲ

ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ကို သိနားလည် ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့ အေးအေးဆေးဆေး ရင်ဆိုင်ကျော်လွှား နိုင်ဖို့ သိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါနေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစားတွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။

(၂) အိပ်ရေးဝ၀ အိပ်ပါ - ရာသီလာစဉ် ပင်ပန်း နွမ်းနယ်မှုပြေလျော့စေဖို့ အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။

(၃) အာဟာရပြည့်ဝအောင် စားပါ - ရာသီသွေး ဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှုအဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်း နိုင်အောင် အစိမ်းရောင်ဟင်းရွက်၊ အနီရောင်အ သား၊ တိရစ္ဆာန် ကလီစာ စတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီပါ ဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။

(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ - ရာသီသွေးဆင်းချိန်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ အခက်အခဲတွေ့ ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်း လွယ်အိတ်ထဲမှာ Non-Recycle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲ ဆောင်ထားပါ။ ပြီးရင် အမျိုးသမီးလစဉ် သုံးပစ္စည်း ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူပါ။ အမျိုးသမီး လစဉ်သုံး ပစ္စည်းကို လေးနာရီ ခြောက်နာရီ ခြားပြီး တစ်ကြိမ် အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။

Friday, December 13, 2013

သင့်ခန္ဓာကိုယ်၏ အံ့မခန်းလှည့်ကွက်များ


၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက်ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့အသံကို မကြားနိုင်ဖြစ်နေပါသလား.... ရုတ်ချည်းပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်းဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ်သွားချင်နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ်လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေးနိုင်ပါတယ်....


၎)ဆရာဝန်ကသင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူလမ်းကြောင်းပိတ်နေတဲ့အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ချောင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထားအတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကိုလှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်းအသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့်အင့်ကာအိပ်ချင်လာပြီဆိုရင်ဘယ်ဘက်ကိုစောင်းပြီးလှဲလျောင်းပါ...ဒီပုံစံဟာသင့်အစာအိမ်ကိုအစာပြွန်ထက်ပိုနိမ့်တဲ့အနေအထားမှာရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေသင့်လည်ချောင်းထဲကမထွက်လာအောင်ထိန်းပေးထားနိုင်ပါတယ်...

၇)သင်သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့လက်မနဲ့လက်ညိုးကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှုဝေဒနာကိုသိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင်ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့်လဲဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်းမှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင်ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက်သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေးဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွားစေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှားထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vagus လို့အမည်ရတဲ့ အာရုံကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင်တည်ငြိမ်မှုရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက်တဝကြီးရှူတာ ပုံမှန်ထက်မြန်မြန်ပြင်းပြင်းရှူတာမျိုးလုပ်မယ့်အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တိုအတွင်းများများလုပ်ဆောင်လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင်ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင်ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့အခါမှာ ပါးစပ်အပေါ်နံရံကနေပြီး ခေါင်းထဲထိထိုးကိုက်တာမျိုးဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံအတိုင်း အပြားလိုက်ဖိကပ်ထားပါ... လျှာနဲ့နေရာများများထိနိုင်သမျှ ထိအောင်ကပ်ထားပေးရပါမယ်... brain freezeဟာခံတွင်းနံရံမှာရှိတဲ့အာရုံကြောကိုအလွန်အမင်းအေးစေတဲ့အခါဦးနှောက်ကခန္ဓာကိုယ်တစ်ခုလုံးအေးနေတယ်လို့ ယူဆသွားတဲ့အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကိုနာကျင်ကိုက်ခဲတဲ့အထိ အပူပေးတဲ့လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်းအပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေပါတယ်....

၁၃)သင့်ရဲ့လက်တွေအိပ်ပျော်တဲ့အခါမှာလက်တွေဟာ ဘေးတစ်ဘက်တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေကပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက်လာပါတယ်... လက်တွေဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပြီး လည်ပင်းကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေအိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ်အောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Friday, November 22, 2013

အမြဲတန်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်

 အမြဲတန်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်
လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခု လိုပါပဲ။ ဦးနှောက်က ဘယ်လို အလုပ်လုပ် သလဲဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာရင်း အံ့အားသင့်စရာ ကောင်းတယ် ဆိုတာ ကို တဖြည်းဖြည်း တွေ့လာ ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မှတ်ဥာဏ် ထက်သန်စေဖို့ရာ အတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။
(၁) မှတ်ဥာဏ် ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားပါ
တချို့အပြုအမူ တွေက ဦးနှောက် ဆဲလ်တွေကို ထိခိုက်စေနိုင်ရုံသာမက မှတ်ဥာဏ်ကို ထုံထိုင်းစေပါတယ်။ အဲဒီ အပြုအမူတွေက ဂိမ်းကို အလွန်အကျွံ ကစားတာ၊ တီဗီကို အချိန်ကြာကြ ကြည့် တာတို့ ဖြစ်ပါတယ်။ ဒီအပြုအမူတွေက အသင့်အတင့် လုပ်ဆောင်ရင် ဦးနှောက် ကို ကျန်းမာစေပေမယ့် အကြာကြီး ထိုင် ပြီး အချိန်များများ ပေးလိုက်ရင်တော့ အာရုံစူးစိုက် နိုင်စွမ်းကို လျော့နည်းစေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေ ပါတယ်။

(၂) ဦးနှောက်အတွက် ကောင်းသော အစာကို ထည့်စားခြင်း
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေ ကောင်းမွန်စေဖို့ အတွက် တချို့အ စာတွေက အသုံးဝင်ပါတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကို ဆယ်လ်မွန်ငါး နဲ့ တူနာငါးတို့လို အဆီများတဲ့ ငါးတွေထဲ မှာ တွေ့ရပါတယ်။ ဒီအစာတွေကို စား တာကြောင့် ဦးနှောက်မှာ အာဟာရဓာတ် ရရှိပြီး ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်စေ ဖို့ လိုအပ်တဲ့ အရာတွေကို တည်ဆောက် ပေးပါတယ်။ ဦးနှောက်က အလုပ်ကောင်း ကောင်း လုပ်နိုင်ဖို့ အင်တီအောက်ဆီးဒင့် လည်း များများ လိုအပ် ပါတယ်။ မုန်လာ ဥနီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ် သီး၊ ဘလူးဘယ်ရီသီး၊ သံလွင်ဆီ တို့ကို များများစားတာကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၃) ကိန်းဂဏန်း၊ တေးဂီတတို့ဖြင့် ဦးနှောက်ကို လေ့ကျင့်ခြင်း
ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်း အမျိုးမျိုးရှိတဲ့ အတွက် တေးသီချင်းတွေ နဲ့ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့် နိုင်ပါတယ်။ ကဏန်းတွက်စက်မသုံးဘဲ သင်္ချာပုစ္ဆာတွေကို တွက်ချက်တာကြောင့် လည်း မှတ်ဥာဏ်ကောင်း စေပါတယ်။

(၄) အယ်လ်ကိုဟော ပမာဏကို လျှော့ချခြင်း
ကွန်ပျူတာ ဂိမ်းကို အလွန်အကျွံ ကစားတာနဲ့ တီဗီအကြာကြီး ကြည့်တာတို့ ကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို အယ်လ်ကိုဟောကြောင့်လည်း ထိခိုက် စေနိုင် ပါတယ်။ အယ်လ်ကိုဟောဟာ မှတ်ဥာဏ်လုပ်ငန်းဆောင်တာကို နှေးစေ ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဟန့်တား ပေးပါတယ်။ ဒါ့အပြင် အရာရာကို ရှင်း ရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း လျော့နည်းတတ်ပါသေးတယ်။

(၅) ဘာသာစကားအသစ် သင်ယူခြင်း
ဘာသာစကား အသစ်ကို သင်ယူ လေ့လာတာကလည်း ဦးနှောက်ကို လေ့ ကျင့်နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။ ဘာသာစကားနဲ့ ဆင်တူစကားလုံးတွေကို လေ့လာတာကြောင့် တွေးခေါ်မြော်မြင် နိုင်စွမ်း ပိုကောင်းလာတာကို သင် သတိပြုမိမှာပါ။

(၆) ဦးနှောက်ကောင်းစသည့် ဂိမ်းလေ့လာခြင်း
စကားလုံးတွေကို ဆက်ပြီး ကစား ရတဲ့ လေ့ကျင့်ခန်းဟာ ဦးနှောက်ကို လေ့ ကျင့်ပေးပြီး မှတ်ဥာဏ်ထက်မြက်စေပါ တယ်။ ဝေါဟာရကြွယ်ဝတဲ့အပြင် စိတ် ကိုပါ လန်းဆန်းစေတဲ့အတွက် ဥာဏ်ရည် ဥာဏ်သွေးကို ကောင်းမွန်စေပါတယ်။

(၇) အနားယူရန် သင်ယူခြင်း
နောက်ဆုံး ဆိုပေမယ့် အရေးကြီးဆုံး တစ်ခုက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ပူပင်သောက များတာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်း ကို ထိခိုက်စေပြီး ကျန်းမာရေး အပေါ်မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါ တယ်။ စိတ်ဖိစီးမှုဟာ ပူပင်သောကများ တာ၊ ကြောက်ရွံ့တုန်လှုပ်တာနဲ့ စိတ်ဓာတ် ကျတာတို့လို ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေသော နည်းလမ်းသုံးခု

 ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေသော နည်းလမ်းသုံးခု
ကျောက်ကပ်က ခန္ဓာကိုယ် တွင်းနဲ့ သွေးကြောတွေကို သန့်စင်ပေးတဲ့ အင်္ဂါ အစိတ်အပိုင်း တစ်ခုပါ။ ကျောက်ကပ်ထဲ မှာ ပိတ်ဆို့နေပါက အညစ်အကြေးတွေ ကို ကောင်းစွာ မစွန့်ထုတ်နိုင်ပါ။ အောက် ပါ နည်းလမ်း သုံးခုကို လိုက်နာပါက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ပြီး ကျောက်ကပ် ရောဂါတွေ ဖြစ်ပွားမှုမှ ကင်းဝေးစေပါတယ်။
(၁) ရေလုံလုံလောက်လောက် သောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက် ပါက ကျောက်ကပ် ရောဂါဖြစ်ပွားနိုင်ခြေ ၂ဝ ရာခိုင်နှုန်း ပိုများ ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ရှစ်ဖန်ခွက် သောက်ပါ။ သင်နဲ့ အနီးဆုံးနေရာ၊ လက်လှမ်းမီတဲ့ နေရာ၊ အလုပ်စားပွဲ စတဲ့နေရာတွေမှာ အလွယ်တကူ ရေသောက်နိုင်အောင် ရေ ဘူး၊ ရေကရားတွေ ထားရှိပါ။

(၂) ဒိန်ချဉ် သို့မဟုတ် နွားနို့သောက်ပါ
တစ်နေ့ကို နွားနို့တစ်ခွက် ဒါမှမ ဟုတ် ဒိန်ချဉ်နှစ်ခွက်သောက်တာက သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်း သိမ်းနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ နွားနို့ထဲမှာ ပါရှိတဲ့ ကယ်လ်စီယမ်ဓာတ်က သွေးဖိ အားမြင့်မားနိုင်ခြေကို လျှော့ချပေးပြီး ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို ၂ဝ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။

(၃) ဆားလျှော့စားပါ
ဆားစားသုံးမှု များတာက ကျောက် ကပ်မှာ ကျောက်တည်နိုင်ခြေကို မြင့်မား စေပါတယ်။ အစာတွေမှာ ဆားပိုထည့် စားတာကြောင့် ကျောက်ကပ်ကနေ ကယ်လ်စီယမ် စွန့်ထုတ်မှုကို များစေပြီး အရိုးသန်မာမှုကို လျော့နည်းစေ ပါတယ်။

ဆင်လောက်ဝစေသူများကို ပိန်စေသောဆေးနည်း

ဆင်လောက်ဝစေသူများကို ပိန်စေသောဆေးနည်း
ယနေ့ ခေတ်မှာ လူတွေအတွက် စိန်ခေါ်မှုတစ်ခုကတော့ အတိုင်းအတာတစ်ခုထက် ၀လာကြခြင်း
ပင်ဖြစ် ပါသည်။စားသောက်သော အစာများကြောင့်လည်းကောင်း၊ဆေးဝါးများကြောင်း လည်းကောင်း၊ပါစက၀မ်းမီးကျဆင်းမှုကြောင့်လည်းကောင်းကိုယ်လက်လှုပ်ရှားမှု နည်းလာကြခြင်းကြောင့်လည်းကောင်း၊စသောအကြောင်းခြင်းရာများစွာတို့ ကြောင့် အဆီတိုးလာနေကြပါသည်။

မည်သည့်အကြောင်းများကြောင့်ဝလာသည်ဖြစ်ပါစေ ပထမဦးစွာအစာကြေညက် ၀မ်းမီးကောင်းစေရန် ပြုပြင်ပေးရန်လိုအပ်လှပါသည်။ဒုတိယအနေနှင့်အသင့်တော်ဆုံးသော   ဆေးဝါးကိုပုံမှန်မှီဝဲပေးရန် လိုအပ်မည်ဖြစ်ပါသည်။အစာကြေညက်စေ၇န် အစားအသောက်   ရွေးချယ်စားသုံးခြင်း၊၀မ်းမီးကို ပျက်စိးစေသောဆေးဝါးများစားသုံးခြင်းမှ ရှောင်ခြင်း ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးခြင်းတို့ ကို   ပြုလုပ်သင့်ပါသည်။
ဆေးဝါးအနေနှင့် စရကသံဟိတာကုထုံးကျမ်းကြီးမှ ဆေးနည်းတစ်ခုကိုဖော်ပြပါမည်။
ရေငါးပုလင်းကို တစ်ပုလင်းကျန်အောင် မြေအိုးတွင်ထည့်၍ ထင်းမီးဖြင့် ကျိုချက်ပါ။
၎င်းကို ကြွေခရား၊ဖန်ပုလင်းတို့ နှင့်သိမ်းဆည်းပါ။ရေခဲသေတ္တာ၊ဓါတ်ဘူးတို့ နှင့်မသိမ်း
ဆည်းရပါ။၎င်းရေလေးဆတွင် ပျားရည်စစ်စစ် တစ်ဆထည့်၍ သောက်ပါ။ရေအစား
အဖျော်ရည်အစား ၄င်းကိုသာ သောက်ပေးခြင်းဖြင့် ဆင်ကဲ့သို့ ဝသောသူသည် ပိန်လာ
လိမ့်မည်ဟု ဖော်ပြထားပါသည်။
ပျားရည်သည် သွေးဝ၊လေ၀၊အဆီဝ အားလုံးအတွက် သင့်တော်လှပါသည်။သွေးအညစ်
အကြေးကို သန့် ရှင်းလျှော့ပါးစေတတ်ပါသည်။အသားထဲမှ အငုပ်အခိုးအမျိုးမျိုးကို
ပယ်ထုတ်နိုင်ပါသည်။အလွန်ဝနေသော သူငယ်ချင်းများအတွက် ဆေးနည်းကောင်းတစ်ခု
ရှာတင်ပေးလိုက်ပါသည်။

ကျမ်းကိုး
သဘာဝဆေးပညာနှင့် အိုနာသေမှုဝေးအောင်ပြုစို့ ———————မှ(ဆရာဦးဆက်ထွန်းလင်း)

Sunday, November 17, 2013

ကျောက်ကပ် ဝေဒနာရှင်များအတွက် ၀မ်းမြောက်ဖွယ် ( Sandar Laynyuntmg )

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါ သည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီခံ ရသော ရောဂါပါ ။ ကျောက်ကပ် ဆေးနေရ သူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာ များပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါ သည်။ ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက် ကင်း၍ နာတာရှည် ခံစားနေရသူများ သက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါ မည်ဟု လုံးဝအာမခံပါသည်။ ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်း ဆောင် ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေး ပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက်နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥ သစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာ ခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နာမည်ရနေပါပြီ။

ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)

၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။ သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက် ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာလာပါမည်။

၎။ ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို   တွေ့ရပါမည်။ ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာ ရှိပါသေးသည်။

သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။
ရေးသားသူ- Sandar Laynyuntmg

မြ၀တီ သတင်းစာမျက်နှာကနေပြီး ထပ်ဆင့် ယူလာခဲ့တယ် အကျိုးရှိမယ့် နည်းလမ်းလေးပေါ့..

Friday, November 8, 2013

သွားနာခြင်းကိုပျောက်စေမည့် နည်းလမ်းအသွယ်သွယ်

အနာမျိုး (၉၆)ပါးထဲမှာ ခံစားရ ခက်ခဲတဲ့ သွားရောဂါဝေဒနာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ သွားပိုးစား၍ သွားကိုက်တာမျိုးမဟုတ်ဘဲ အပူကန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွားဖုံးနာခြင်း၊ သွားဖုံး ပြည်ယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွားနဲ့ ခြင်း၊ မှက္ခရုနာများ၊ ရေခဲတုံး (သို့မဟုတ်) အစာမာမာ ဖိကိုက်မိခြင်းစတဲ့ ခံတွင်း ရောဂါအမျိုးမျိုးတို့ကြောင့် သွားနာရောဂါ ဖြစ်တတ်ပေရာ အောက်ပါရိုးရှင်းလွယ်ကူ တဲ့ အိမ်တွင်းကုထုံးလေးများဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

(၁) ရေနွေးနွေးလေးထဲမှာ ဆားနည်း နည်းခပ်၊TeaTree Oil (ခေါ်) လက်ဖက် စိမ်းရွက်အဆီထည့်ပြီး အာလုတ်နာနာ ကျင်းပေးပါ။ (Tea Tree Oil ကို City Mart ဆိုင်တွေမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်ပါတယ်) လက်ဖက်ခြောက် ရေ နွေးကြမ်း ငုံပေးခြင်းကလည်း သွားနာ၍ ထုံကျဉ်ခြင်းကို သက်သာလာစေပါတယ်။

(၂) ကြက်သွန်ဖြူနဲ့ လေးညှင်းပွင့်များ ကလည်း သွားနာခြင်းကို သက်သာစေပါ တယ်။ ကြက်သွန်ဖြူကို ညက်ညက် ထောင်း၍ နာနေတဲ့သွားပေါ်အုံပေးပါ (သို့မဟုတ်) လေးညှင်းပွင့်ငုံထားပါ။

(၃) နာနေတဲ့သွားရဲ့ပါးပြင်ကို အပေါ် ကနေ ရေခဲအိတ်ကပ်ပေးပါ။ ဒီနည်းက သွားနာခြင်းကို သက်သာစေတဲ့အပြင် ရောင်ကိုင်းမှုကိုပါ ပြေလျော့စေပါတယ်။

(၄) သစ်ကြံပိုးခေါက်နဲ့ မုန့်ဖုတ်ဆော်ဒါ တွေကလည်း သွားနာခြင်းအတွက် ဆေး ကောင်းလေးတွေပါပဲ။

(၅) ၁၉၉၃-၁၉၉၄ ခုနှစ်ကာလများမှာ တိုင်းရင်းဆေးသုတေသနဌာနခွဲနဲ့ သွား ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တို့ပူးပေါင်း သုတေသနတွေ့ရှိချက်အရ ဒန္တသုခပြုတ် ရည် ၁ ရာခိုင်နှုန်းငုံဆေးရည်ရဲ့ အကျိုး အာနိသင်ဟာ ဝ ဒသမ ဝ၂ ရာခိုင်နှုန်း Chlorhexidine Gluconate ငုံဆေးရည်နဲ့ အကျိုးအာနိသင်တူညီကြောင်း တွေ့ရှိပြီး ဖြစ်ပါတယ်။ ၄င်းပြုတ်ရည်ကို ငုံထွေး ခြင်းဖြင့် သွားကျောက်တည်ခြင်း၊ သွားဖုံး ရောင်ခြင်းကိုပါ သက်သာပျောက်ကင်း နိုင်ပါတယ်တဲ့။ ဒါ့အပြင် သွားနာခြင်းစတဲ့ သွားရောဂါအမျိုးမျိုးတို့အတွက် ဒန္တသုခ အရွက်သတ္တုရည်ညှစ်၍ လိမ်းပေးပါ (သို့မဟုတ်) အရွက်/အကိုင်း/အခြောက် ခံကာ ရေနွေးကြမ်းကဲ့သို့ သောက်ပေးပါ။

(၆) သွားဖုံးရောင်၍ သွားနာခြင်းအတွက် နနွင်းမှုန့်နှင့် ရေနွေးဖျော်၍ငုံပေးခြင်း၊ နနွင်းမှုန့်ထည့်၊ ဆားထည့်၍သောက်ပေး ခြင်း၊ သွားအောက်ခြေတွင် နနွင်းမှုန့်သိပ် ပေးခြင်း စသည်ဖြင့်ပြုလုပ်နိုင်ပါတယ်။

(၇) သွားနဲ့သွားဖုံးရောဂါအမျိုးမျိုးတို့ အတွက် ဖန်ခါးသီးရေအေးစိမ်ပြီး ငုံထွေး ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ (ရေခဲရည်မဟုတ်ပါ)

(၈) တမာရွက်ခြောက်မှုန့်ကို သိန္ဓောဆား ဆတူကြိတ်ပြီး နံနက်တိုင်းသွားတိုက်ပေး ခြင်းဖြင့် သွားနာ၊ သွားကိုက်၊ သွားပိုး စား၊ သွားဖုံးရောင်၊ ခံတွင်းပုပ်ရောဂါစတဲ့ ခံတွင်းရောဂါများအပြင် နှုတ်မမြိန်သော ရောဂါတို့ကိုပါ ပျောက်ကင်းစေပါတယ်။

(၉) သွားနာ၊ သွားဖုံးရောင်၊ သွားဖုံးပြည် ယို ရောဂါများကို မာလကာခေါင်ပြုတ် ရည်ငုံပေးခြင်း(သို့မဟုတ်) မာလကာသီး အစေ့မှုန့်ကို သွားအောက်ခြေ(သွားခြေ) တွင် သိပ်ပေးခြင်းဖြင့် သက်သာပျောက် ကင်းစေပါတယ်။

(၁ဝ) သွားဖုံးသွေးထွက်တတ်သူများ သံပရာရည်ကို နေ့စဉ်သောက်ပေးပါ။

(၁၁) သင်္ဘောသီး(အစေး)များက သွား နာ၊ သွားကိုက်ရောဂါအတွက် ဆေးဖက် ဝင်လှပါတယ်။

(၁၂) ကြိတ်မှန်ရွက်ကို အမှုန့်ထောင်း၍ ရလာသောအမှုန့် လက်ဖက်ရည်ဇွန်းတစ် ဇွန်းစာကို နွားနို့တစ်ခွက်ဖြင့် ညအိပ်ရာ ဝင်ခါနီးတိုင်း တစ်လကြာအောင်သောက် ပေးခြင်းဖြင့် ယိုင်နဲ့နေသောသွားများကို ခိုင်မာလာစေပါတယ်။

(၁၃) နတ်ဆေးဂမုန်းကိုလှီး၍ အခြောက် ခံပါ။ သွားကိုက်၊ သွားနာ၊ သွားနဲ့၊ သွားဖုံးရောင်ခြင်းတို့အတွက် အိပ်ရာဝင် ခါနီးတိုင်း ထိုနတ်ဆေးဂမုန်းအခြောက် ကို ကွမ်းဝါးသကဲ့သို့ ငုံထားပါ။ ၄င်းနတ် ဆေးဂမုန်းအပင်မြစ်ကိုလည်း ကျကျပြုတ် ၍ ငုံပေးပါ။ နံနက်အိပ်ရာထတဲ့အခါ နာကျင်ခြင်းဝေဒနာများ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

(၁၄) သွားဖုံးရောင်ခြင်းနဲ့ သွားရောဂါ အမျိုးမျိုးတို့အတွက် ပူဒီနာရွက်သတ္တုရည် ကို ပါးစပ်ထဲထည့်ပေးပါ။

(၁၅) ပျဉ်းတော်သိမ်အရွက်၊ အခေါက် တို့ကို ဆားအနည်းငယ်ထည့်၍ ပြုတ် သောက်ပေးခြင်းဖြင့် သွားနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

 
Twitter Bird Gadget