မြန် မာအသင်းဟာ သူတို့ရဲ့ပွဲဦးထွက် ပွဲဖြစ်ပေမယ့် အဓိကကစားသ မားအချို့ကို
အနားပေးထားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် စန်း စန်းမော်က ဦးဆောင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ
ပွဲစက တည်းက လာအိုအသင်းဘက်ကို တစ်ဖက်သတ်ဖိအားပေးကစား ခဲ့ပေမယ့်
တိုက်စစ်မှူးတွေနား လည်မှုလွဲနေခဲ့တာကြောင့် ပွဲချိန် အစောပိုင်းမှာ
ဂိုးမရခဲ့ပါဘူး။ မြန် မာအသင်းတိုက်စစ်မှူး ရီရီဦးဟာ ပထမပိုင်းမှာ
အခွင့်အရေးတွေရ ရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာ ကြောင့်
မြန်မာတို့အဖွင့်ဂိုးနဲ့ဝေး ခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် ၃၁ မိနစ်မှာတော့
မြန်မာအသင်း ပင် နယ်တီရရှိခဲ့ပြီး အသင်းခေါင်း ဆောင်စန်းစန်းမော်က အမှားအ
ယွင်းမရှိကန်သွင်းပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း
လာ အိုအသင်းအနေနဲ့ မြန်မာတိုက်စစ် ကိုသာခုခံနေခဲ့ရပြီး လူစားဝင် ကစား သမား
ခင်မာလာထွန်းက ၅၃မိနစ်မှာ ဒုတိယဂိုးသွင်းယူ ပေးခဲ့ပါတယ်။ မြန်မာအသင်းအ
တွက် တတိယဂိုးကို ရီရီဦးက မာ ဂရက်မေရီရဲ့ပေးပို့မှုကနေ သွင်း
ယူခဲ့တာဖြစ်ပြီး လက်ကျန်နှစ်ဂိုး ကိုတော့ ခင်မိုးဝေက ၇၉မိနစ်နဲ့
၈၂မိနစ်တွေမှာ ခေါင်းတိုက်သွင်း ယူခဲ့လို့ မြန်မာအသင်း(၅-၀)ဂိုး နဲ့
အနိုင်ရရှိခဲ့ပါတယ်။
ပွဲအပြီးပြောစကား
''ကျွန်တော်တို့အသင်းဟာ
မြန်မာအသင်းနဲ့ယှဉ်ရင် အတွေ့ အကြုံပိုင်းအားနည်းပါတယ်။ ကစားသမားတွေက
အကောင်း ဆုံးကစားခဲ့ပါတယ်။ မြန်မာအသင်းက နည်းပြကောင်းတစ် ယောက်အပြင်
ကစားသမားကောင်းတွေပါပိုင်ဆိုင်ထားတဲ့အ သင်းပါ'' ကိုင်ဟိုမား(လာအိုနည်းပြ)
''ပထမပိုင်းမှာ
မျှော်လင့်ထားတဲ့အတိုင်း မကစားနိုင်ခဲ့တာ ကိုတော့ ကျေနပ်မှုမရှိပါဘူး။
ဒုတိယပိုင်းမှာတော့ ကစားပုံကောင်း ခဲ့ပေမယ့်
ပြိုင်ဘက်အသင်းပင်ပန်းနေတဲ့အချိန်မှာ ကောင်းလာ တာဖြစ်လို့ နောက်ပွဲတွေမှာ
သေချာပြင်ဆင်သွားမှာပါ။ ဖိုင်နယ် အထိရောက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်''
ကုမာဒါ(မြန်မာအသင်းနည်းပြ)