ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, December 31, 2013

သမ္မတလွတ်ငြိမ်းခွင့်အမိန့်ဖြင့် အိုးဘိုထောင်မှ ၅၀၅ ခ ပြစ်ဒဏ်သင့် ၉ ဦးလွတ်မြောက်


မန္တလေး၊ မဇ္ဈိမ။ ။နိုင်ငံတော်သမ္မတမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ဒီဇင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့ရာ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)မှ နိုင်ငံတော်ဆူပူစေရန် လှုံ့ဆော်မှု ၅၀၅(ခ) ဖြင့် စွဲဆိုကာ ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား ၉ဦးကို ဒီဇင်ဘာ ၃၁ရက် နေ့လယ် ၂ နာရီခွဲတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသည်။

ယနေ့လွတ်မြောက်လာသော ကိုးဦးသည် ကျောက်ဆည်မြို့၊ လက်ပံရွာမှ ၃ ဦး၊ မန္တလေးမြို့ မင်းတဲအီကင်းရပ်မှ ၃ ဦး၊ မန္တလေးမြို့ ၃၅ လမ်းဆူပူမှုမှ ၃ ဦး တို့ဖြစ်သည်။

“နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၉ ဦး လွတ်ငြိမ်းခွင့်ရတာဖြစ်ပါတယ်။ အားလုံးက မိတ္ထီလာအရေးအခင်းပြီးနောက်ပိုင်း ဆူပူအောင်လှုံ့ဆော်မှုနဲ့ ပါဝင်ပတ်သတ်လို့ ပြစ်ဒဏ်ကျခံရတာ ဖြစ်ပါတယ်။ ၈လလောက် အိုးအိုထောင်မှာ နေခဲ့ရပြီး လွတ်ငြိမ်းခွင့်ရတာဖြစ်ပါတယ်"ဟု နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ရုပ်မြင်သံကြားက ဒီဇင်ဘာ ၃၀ရက်ည ၈နာရီသတင်းတွင် အကျဉ်းသားမျာ လွှတ်ပေးမည်ဟု ကြေငြာသဖြင့် မိသားစုများက ဒီဇင်ဘာလ ၃၁ ရက် မနက် ၇ နာရီဝန်းကျင်ခန့်ကပင် လာရောက် စောင့်ဆိုင်းခဲ့ကြသည်။

"ကျွန်တော့်ညီက တပ်ကုန်းရွာသစ် ဗလီဖျက်တဲ့အထဲ ပါတယ်ဆိုပြီး အဖမ်းခံရတာ ထောင်၃နှစ်ချခံရတယ်။ ပြန်လွှတ်မယ်လို့ယုံကြည်လို့လာကြိုတာပါ "ဟု တပ်ကုန်းမြို့မှလာရောက်သူ ကိုအောင်မျိုးလတ်က မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြကလည်း "ဒါဟာလုပ်သင့်တဲ့အလုပ်ကို လုပ်တာပါ။ ဒီလိုလွှတ်တယ်ဆိုတော့ ဝမ်းသာတာပေါ့။ လွှတ်ပြီးပြန်မဖမ်းဖို့လည်းလိုတယ်။ နိုင်ငံရေးဇာတ်ခုံပေါ်ကို အားလုံးတင်ပေးလိုက် တယ်လို့မြင်တယ်။ ကျန်တာကတော့စောင့်ကြည့်ရမှာပေါ့"ဟု မဇ္ဈိမကိုပြေသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှ ငါးဦး၊ ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုနှင့် အကျဉ်းကျသူ ငါးဦး အပြင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံရသူ၊ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၁၃၀ဦး ရှိပြီဖြစ်သည်။

ဖျာပုံ မီးငြှိမ်းရန်အသွား မီးသတ်ယာဉ်တိမ်းမှောက်၊ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး


ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ၁၂ ရပ်ကွက်ရှိ စက်မှုလယ်ယာဝင်း အတွင်းတွင် ဒီဇင်ဘာလ ၂၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်ကျွမ်း သောကြောင့် ဖျာပုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းရန် မီးသတ်ယာဉ်နှစ်စီး သွားရောက်စဉ် မီးသတ်ယာဉ်တစ်စီးမှာ အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့သဖြင့် သန္ဓေမီးသတ် တပ်သားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်မီးသတ် တပ်ဖွဲ့ဝင် ငါးဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။

စက်မှုလယ်ယာဝင်း အတွင်းရှိ ကုန်သွယ်လယ်ယာအဆောက်အအုံ အနီးတွင် ဆောက်လုပ်ထားသော နေအိမ်တွင်း မျက်နှာကြက်၌ တပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်း ခဲ့ချိန်တွင် မီးငြှိမ်းသတ်ရန် ရောက်ရှိလာသော မီးသတ်ယာဉ်နှစ်စီး အနက် မီးသတ်ယာဉ် တစ်စီးမှာ အမှတ် (၂) လမ်းအတွင်းမှ မီးလောင်နေရာသို့ ဝင်ရောက်စဉ် ယာဉ်ရှေ့ရှိ ဆိုင်ကယ်ကို ဖြတ်ကျော်ရာမှ အရှိန် မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင်း နေသူများထံမှ သိရှိရသည်။

"မီးသတ်ကားက ဥသြဆွဲပြီး လမ်းထဲကို အရှိန်နဲ့ ဝင်လာတုန်း လမ်းပေါ်မှာ ဆိုင်ကယ်က ရပ်ထားတာကြောင့် လမ်းဘေးက ဝိုက်ပြီး ကျော်တက်တာ။ လမ်းက တစ်ဖက်နိမ့် ဖြစ်နေပြီး မီးသတ်ကားပေါ်မှာ ရေဝိတ်ပါတာကြောင့် ကားက စောင်းပြီး လိမ့်ထွက်သွားတာ" ဟု မျက်မြင် တွေ့ရှိခဲ့သော ကိုဇေယျာထွန်းက ရှင်းပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက်စဉ် သန္ဓေမီးသတ်တပ်သား ကိုကျော်ဖြိုးဇင်မှာ ရေတိုင်ကီအောက်တွင် ပိမိနေသဖြင့် အနီးရှိ လူ ၂၀ ဦး ကျော်ခန့်က မီးသတ်ယာဉ်ကို ဝိုင်းတွန်းကာ ကယ်ဆယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိသောကြောင့် အနီးရှိ ဆီဆိုင်မှ ကရိန်းယာဉ်၏ အကူအညီဖြင့် ဆွဲထုတ်နိုင်ခဲ့သော်လည်း ကိုကျော်ဇင်ဖြိုးမှာ ခါးကို ရေတိုင်ကီ ပိထားသော ဒဏ်ကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ဖျာပုံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
"မီးလောင်တဲ့အိမ်ကို ကျန်တဲ့ မီးသတ်ယာဉ် တစ်စီးက နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်။ ယာဉ်တိမ်းမှောက် တုန်းက လွင့်စဉ်ပြီး ပွန်းပဲ့ ဒဏ်ရာရရှိသွားတဲ့ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ ငါးဦးကို ရပ်ကွက်ထဲက လူတွေက ဆိုင်ကယ်နဲ့ ဆေးရုံလိုက် ပို့ပေးခဲ့တယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သော နေအိမ်ပိုင်ရှင် ဦးကျော်ကျော်ဦးကို ဖျာပုံမြို့နယ် ရဲစခန်းမှ (ပ) ၃ဝ၈/ ၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်းနှင့် မီးသတ်ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ယာဉ်မောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသထားပြီး အမှုနှင့် ပတ်သက်၍ ယာဉ်ထိန်း တပ်ဖွဲ့စုမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဖျာပုံမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မိန်းကလေး တစ်ယောက် အနေနဲ့ ကိုယ်ခန္ဓာ အလှကို ဂရုစိုက် သင့်တယ်





ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသားတိုင်း ကျန်းမာခြင်းနဲ့ အတူ လှပခြင်း ကိုလည်း ပိုင်ဆိုင် ချင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အသားအရေလှလိုက်တာ၊ ဆံပင် ကောင်းလိုက်တာ၊ သွား လေးတွေက

ပုလဲလေးတွေ စီထားတဲ့ အတိုင်း ညီညာလိုက်တာ စသည် ဖြင့် ပိုင်ဆိုင်ချင်ကြမှာပါပဲ။ ဒီလို အလှတရားတွေ ပိုင်ဆိုင်ဖို့ အတွက် ဘယ်လို ထိန်းသိမ်းလေ့ ရှိလဲဆိုတာ လေ့လာကြည့် လိုက်ရအောင် .....

လုပ်ဖြစ်တဲ့လေ့ကျင့်ခန်း

အားကစားအနေနဲ့ဆို ခါးလှည့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဖြစ်နေတယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းက ချက်ချင်းတော့ သူ့အကျိုးကျေးဇူးက မသိသာဘူး။ နှစ်ချီပြီးတော့လုပ်ရတာ။ ခါးလှည့်တော့ ကျောက အဆီ ကျတယ်။ ခါးအဆီလည်း မတက်ဘူး။ ခါးကိုလည်း သေးစေတယ်။ အချိန်ကုန် ငွေကုန်မရှိဘူး ဒီလေ့ကျင့်ခန်းက အချိန်လည်း မကုန်ဘူး။ စက်တွေနဲ့လည်း လုပ်စရာ မလိုဘူး။ အိမ်မှာ ဝါးလုံး လေးတစ်ချောင်းရှိရင် အဆင်ပြေ ရွေးပြီးတော့ လုပ်ဖြစ်တယ်။ ခါးလှည့်တဲ့အပြင် ကြက်တောင် ရိုက်တာတို့ စက်ဘီး စီးရတာကို လည်း သဘောကျတယ်။

ဓာတုဆေးဝါးမသုံးပါနဲ့

အသီးအရွက်များများစားပါ။ နွားနို့သောက်ပါ။ အသားတွေ သိပ်မစားပါနဲ့။ ဓာတုဆေးဝါးက ချက်ချင်းတော့ သိသာပါတယ်။ ဒါပေမဲ့ ကြာရင်တော့ အဆင်မပြေဘူး။ အားကစား လေ့ကျင့်ခန်း လုပ်တာက အဆင်ပြေတယ်။ ဓါတုဆေးဝါးကိုမသုံးတာကောင်းပါတယ်။

အသီးအရွက်များများစားပါ

ကျန်းမာရေးက အရေး ပါပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ် ထဲမှာအောင်းနေတဲ့ ချွေးပုပ် တွေကို ထွက်စေတဲ့ အတွက်လည်း ကောင်းတယ်။ အမောလည်း ခံနိုင်တယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းလည်း လုပ်ပါ။ အသီးအရွက် စားပါ။ မိန်းကလေး တစ်ယောက် အနေနဲ့ ခန္ဓာကိုယ် အလှကို ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။ 

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ကုလသမဂ္ဂကြိုဆို





ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကို ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR၊ ဗြိတိန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ က ကြိုဆို လိုက်ကြပါတယ်။
ဒီ လွတ်ငြိမ်းခွင့်အမိန့်ဟာ သမ္မတ ရဲ့ ကတိစကားနဲ့အညီလည်းဖြစ်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျဉ်းသား ပြဿနာဖြေရှင်းရေးမှာ ထင်ရှားတဲ့တိုးတက်မှုကို ပြသလိုက်တာလည်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမှုတွေနောက်ထပ် မပေါ်ပေါက်ရအောင် ဥပဒေတွေ ပြုပြင် ပြောင်းလဲရေးအတွက် မြန်မာအစိုးရအပါအ၀င်၊ သက်ဆိုင်သူတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ဖို့မျှော်လင့် ပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်က ဖမ်းဆီးခံထားရတဲ့ NGO ၀န်ထမ်းသုံးဦး မပါဝင်တာကတော့ ၀မ်းနည်းဖို့ ကောင်းတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် ကင်တာနားကလည်း သမ္မတ ဦးသိန်းစိန် ရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း၊ တချိန်တည်းမှာလည်း နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ဖမ်းဆီး အပြစ်ပေးရာမှာ သုံးစွဲနေတဲ့ တည်ဆဲဥပဒေတွေကို စီစစ် ဖျက်သိမ်းဖို့လည်း အရေးတကြီးလိုတယ်လို့ ပြောကြား လိုက်ပါတယ်။

အလားတူ ဗြိတိန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး Hugo Swire ကလည်း နောက်ထပ်ဖမ်းဆီးတာတွေ ပြန်ဖြစ်လာ မှာ ကို အထူးစိုးရိမ်ကြောင်း၊ လက်ရှိ အပြုသဘောဆောင်နေတဲ့အပြောင်းအလဲတွေဟာ ၂၀၁၄ ခုနှစ်အထိ အရှိန်အဟုန်နဲ့ ဆက်လက်တိုးတက်နေမယ်လို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။

Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း သမ္မတ အမိန့်အပေါ် ကြိုဆိုလိုက် ပြီး နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်လွှတ်ပေးတဲ့နေရာမှာ ဘယ်လို ခြွင်းချက်မျိုးမှ မရှိသင့်ဘူးလို့ ပြောပါတယ်။

၅၉ စ ကိုပြင်မည်ဆိုလျှင်လည်း ဒေါ်စုသမ္မတဖြစ်ရန် ဝေးပါသေးသည်....



ဒေါ်စု သမ္မတဖြစ်ဖို့ အဟန့်အတားဖြစ်စေတဲ့ ၅၉ စ ကိုဖြေလျော့ပေးဖို့ ကြံ့ဖွံ့လည်း သဘောတူလိုက်တယ်....

- ဒါဆို ဒေါ်စုသား ၂ ယောက်ဟာ ဒေါ်စုသမ္မတဖြစ်ဖို့ နိုင်ငံသား ခံယူရမယ်.....

- သား အငယ်ကောင်က ဒေါ်စုအတွက် နိုင်ငံသားခံယူဖို့ စည်းရုံးနိုင်ပေမဲ့
သား အကြီးက ဒေါ်စု ပြည်ပလာရင်တောင် တခါမှ သူ့အမေကို လာမတွေ့ဘူး....

- သားအကြီးက သူ့မိသားစုနဲ့သူ အခြေတကျ ဖြစ်နေတဲ့ အပြင် ဒေါ်စုကိုပါ အမေတစ်ယောက်လို သဘောထားပုံမရဘူး 
ဒါ့ကြောင့် သားအကြီးကို ဒေါ်စု စည်းရုံးရမလွယ်ကူလောက်ဘူး

- နောက်တချက်က ဒေါ်စုသားတွေကို မြန်မာနိုင်ငံသား ခံယူမယ်ဆို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ငြိနိုင်တယ်.....
NLD က Constitution ပြင်နေတဲ့ မွတ်ကိုနီ အကြိုက်ဖြစ်သွားနိုင်တယ်...
ဒီကုလားက သူ့ဆွေးမျိုး ဘင်္ဂလိမ်တွေအတွက် ၁၉၈၂ နိုင်ငံသား ဥပဒေကို မျက်စောင်းထိုးနေတာ...

- ၁၉၈၂ နိုင်ငံသား ဥပဒေကို ထိရင် အမျိုးသားအကျိုးစီးပွားအတွက် အန္တရာယ်ရှိလာနိုင်တယ်

- ဒါ့အပြင် အမျိုးသားရေးဝါဒီတွေနဲ့ NLD နဲ့ထိပ်တိုက်တွေ့နိုင်သလို......
၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဖို့ကျိုးစားရင် NLD အနေနဲ့ လူထုထောက်ခံမှုကျဆင်းလာနိုင်တယ်.....

- ဒါပေမဲ့ ဒေါ်စုဟာ ဘယ်ကွေ့မှာ ဘယ်တက်နဲ့ လှော်ရမလည်းဆိုတာ သူနားလည်လောက်တယ်....


- ၅၉ စ ပြင်ဖို့ဆိုတာလည်း လွတ်တော်မှာ ၇၅% အထက်ထောက်ခံရမှာ....
လွတ်တော်မှာ ကြံ့ဖွံ့ နဲ့ NLD ပဲရှိတာမဟုတ်ဘူး တခြားပါတီတွေလည်းရှိတာမို့ ဒေါ်စုတစ်ဦးတစ်ယောက်တည်းအတွက်ပြင်ဖို့သက်သက်နဲ့၇၅% အထက်ထောက်ခံမှုရဖို့ဆိုတာမလွယ်ဘူး
ဒါ့အပြင် လူထု ဆန္ဒခံယူပွဲမှာ ၅၀% အထက်လူထုထောက်ခံမှုရမှ ပြင်ဖို့ဖြစ်နိုင်မှာ....

- နောက်တစ်ချက်က ၅၉ စ ကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ပြင်လိုက်ရပေမဲ့ အဲ့လူတစ်ယောက်အတွက်နဲ့ တမျိုးသားလုံးတော့ မလဲနိုင်ဘူး
ဒါကြောင့် ၅၉ စ ကို ပြန် recovery လုပ်ထားတဲ့ နည်းဥပဒေတစ်ခုကို ပြန်ရေးဆွဲသင့်တယ်
ဒါမှ နောင်တချိန် လွတ်တော်မှာ လူမျိုးခြားတွေ ဝင်သမ္မတ မလုပ်နိုင်မှာ.....

- ဒေါ်စုအနေနဲ့ အာဏာရပါတီက ဒီလောက်အထိ လိုက်လျောတဲ့ အပြင်...
အမျိုးသားနိုင်ငံရေးကို လုပ်နေတဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်နေတဲ့ တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍကိုမလျော့ချသင့်ဘူး.....

- ဘာကြောင့်လည်းဆို ဒီအကူးအပြောင်းဒီမိုကရေစီကာလမှာ နိုင်ငံရေးကို Check&Balance လုပ်ပေးမဲ့ ဘယ်ပါတီဘက်မှမလိုက်တဲ့ အမျိုးသားနိုင်ငံရေးသမားတွေလိုအပ်တယ်.....

- NLD အနေနဲ့ ကိုယ့်ပါတီကိုယ်ကျိုး တစ်ခုတည်းအတွက် နိုင်ငံရေးလုပ်မယ်ဆိုရင် တချိန်ချိန်မှာ ရွာပြင်ဝိုင်းထုတ်ချင်းခံရနိုင်မဲ့ အပြင် လူထုထောက်ခံမှုလည်း စုတ်ပြတ်သတ်သွားနိုင်တယ်....

- NLD လုပ်နေတဲ့ ပုံစံက အာဏာရှင်ဆန်လာပြီး မည်သည့်ပါတီမှ NLD လို ဟိုဟာပြင်မယ် ဒီဟာပြင်မယ် မရရင် ကလေးလိုစိတ်ကောက်မယ် သပိတ်မှောက်မယ် မပြောဘူး.....

- ဒီမိုကရေစီဆိုတာ စာအုပ်ကြီးတိုင်းလိုက်လုပ်လို့မရသလို
US ဒီမိုကရေစီ UKဒီမိုကရေစီဆိုပြီး သူများနိုင်ငံကိုပုံတူကူးချလို့မရဘူး...

- နိုင်ငံရဲ့ အခြေအနေ ပထဝီနိုင်ငံရေး ထုံးတမ်းစဉ်လာ လူတွေရဲ့ ခံယူချက် စတာတွေနဲ့ ချိန်ထိုးပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းသင့်တယ်...

- အာရပ်နွေဦးထက် ညင်သာတဲ့ နိုင်ငံတကာကပါလက်လန်အောင်တအံတသြဖြစ်ရတဲ့ မြန်မာ့နွေဦး ဒီမိုကရေစီအကူးအပြောင်းဟာ မြန်မာ့နည်းမြန်မာ့ဟန် အမျိုးသားအကျိုးစီးပွားကို အလေးထားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ဒေါ်စုဟာ နိုင်ငံရေး Power တစ်ခုပါ...

- အဲ့ Powerကို ဝိုင်းဝန်းထိမ်းသိမ်းပေးဖို့လိုပါတယ်။ 

လားရှိုးတွင် နေ့ခင်းဘက်၌ အနုကြမ်း စီးမှုဖြစ်ပွား

လားရှိုး၊ ဒီဇင်ဘာ ၃၀
လားရှိုးမြို့ရပ်ကွက်တွင်းရှိ လူနေအိမ်တစ်အိမ်အား ဒီဇင်ဘာ(၂၉)ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိ လူသုံးဦးမှ အနုကြမ်းဝင်စီးသွားကြောင်း ၎င်းမိသားစုများထံမှ သိရသည်။ အဆိုပါအနုကြမ်း ၀င်စီးခံရသည့် နေအိမ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၂)၊ အောင်သပြေလမ်းမှ အိမ်အမှတ်(၃၄)ဖြစ်သည်။ ပြောင်းဖူးကုန်သည်လုပ်ငန်းဖြစ်၍ အဆိုပါနေအိမ်၌ ကားသမားများ၊ ပြောင်းဖူးကုန်သည် ကိုယ် စားလှယ်များ၊ ပြောင်းပိုင်ရှင်များ လာရောက်ကြပြီး ငွေကြေးစာရင်းရှင်းတမ်းများ ပြုလုပ်ကြသည်ဟု သိရသည်။ ဒီဇင်ဘာ၂၉ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိလူသုံးဦးရောက်လာပြီးနောက် ပြောင်း ကိုယ်စားလှယ်များဟုဆိုကာ အိမ်ခြံဝင်းတံခါးဖွင့်ခိုင်း၍ဆ ယ့်သုံးနှစ်အရွယ် အိမ်ဖေါ်ကလေးမှ ခြံတံခါးဖွင့်ပေးခဲ့ကြောင်း၊ အဆိုပါလူသုံးဦးအနက်တစ်ဦးမှာ ၎င်းခြံဝင်းအိမ်အပြင်ဘက်တွင် ကျန်နေခဲ့ပြီး ကျန်နှစ်ဦးမှာ စာရေးမနှင့်တွေ့ချင်တယ်ဟု အိမ်ဖေါ်ကောင်လေးအားပြောကာ အသက်၂၄နှစ်အရွယ် စာရေးမ၊ မစုစုဝင်းဆိုသူ ထွက်လာပြီး တွေ့ချင်သည့် အကြောင်းကိစ္စ မေးရာ ၀င်လာသူ၊ သူစိမ်းနှစ်ဦးက ပြောင်းဖူးဘောက်ချာ ဖြတ်ပိုင်းနှစ်ရွက်ထုတ်ရင်း ငွေထုတ်ရန်ပြောသောကြောင့် စာရေးမ မစုစုဝင်းက သူ၏ ရုံးခန်းအားခေါ်သွားခဲ့ကြောင်း၊ စာရေးမရုံးခန်းသို့ သူစိမ်းလူနှစ်ဦးမှ တစ်ဦးသာ လိုက်သွားပြီး ကျန်တစ်ဦးမှာ အိမ်ရှေ့ ဧည့်ခန်းထဲတွင်ကျန်နေခဲ့ကြောင်း၊ လူစိမ်းတစ်ဦးမှပေးသော ပြောင်းဖူးဘောက်ချာမှ ပြောင်းဖူး အိပ် ၃၄၅အိပ်ဖိုးငွေတွက်ရန် မစုစုဝင်းက ဂဏန်းပေါင်းစက်ဖြင့် တွက်နေစဉ်အနားရှိသူစိမ်းလူက မစုစုဝင်း ၏လည်ပင်းကို ပလပ်စတစ်ကြိုးဖြင့်ရစ်ပတ်ရင်း သေနတ်ထုတ်၍ မီးခံသေတ္တာထဲမှ ငွေများထုတ်ပေးရန် ခြိမ်းခြောက်၍ တောင်းကြောင်း၊ အဆိုပါအနုကြမ်းစီးသူသည် တရုတ်လူမျိုးဖြစ်ပြီး ကိုးကန့်စကားပြော၍ ခြိမ်းခြောက်ကြောင်း၊ မစုစုဝင်း၏ ထွက်ဆိုချက်အရ သိရသည်။ ယင်းအပြင် မစုစုဝင်း၏ရုန်းရင်းဆန်ခတ် အသံကြောင့်အိမ်ဖေါ် ကလေး မှ မြင်၍`“ဓါးမြ”ဟု အော်ဟစ် အကူအညီတောင်းရင်း အိမ်ခြံဝင်း အပြင် ဘက်သို့ ထွက်ပြေးနေစဉ် အိမ်ဧည့်ခန်းတွင် ရှိနေသော သူစိမ်းတစ်ဦးက တားဆီးချုပ်နှောင်သော်လည်း မမိဘဲ အိမ်ဖေါ်ကလေးထွက်ပြေးသွားနိုင်ခဲ့ကြောင်း ၊ ထို့အတူ အိမ်ဖေါ်ထမင်းချက် တစ်ဦးမှာလည်း အသံ ကြား၍ ပြေးထွက်လာပြီး “ဓါးမြ”ဟု အော်ဟစ်ကာ အိမ်ခြံဝင်းအပြင်ဘက်သို့ ထွက်ပြေးသွားကြောင်း၊ ယင်းရုန်းရင်းဆန်ခတ် အသံများကြောင့် အိမ်ခြံဝင်းအပြင်ဘက်တွင် စောင့်ကျန်နေသူ တစ်ဦးမှာလည်း ထွက်ပြေးသွားကြောင်း၊ ခဏအကြာအနုကြမ်း ၀င်စီးသူ နှစ်ဦးအိမ်ထဲမှ ပြေးထွက်လာပြီး ခြံဝင်းအပြင်ဘက် လမ်းဘေး တနေရာမှ အသင့်ရပ်ထားသော ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း၊ အနီးဝန်းကျင်မှ လူများ အချိန်မီ ရောက်လာသောကြောင့် ပစ္စည်းတစ်စုံတစ်ရာမှ မပါသွားကြောင်း၊ အနုကြမ်းဝင်စီးနေချိန်တွင် အိမ်ရှင်ဦးကျင်းယုံမရှိသည့် အချိန်ဖြစ်ကြောင်း၊ အထက်ပါစာရေးမတစ်ဦးနှင့် အိမ်ဖေါ်နှစ်ဦးသာရှိကြောင်း ဖြစ်စဉ်၌ သိရသည်။ ၎င်းအမှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာအာဏာပိုင်ရဲတပ်ဖွဲ့နှင့် လားရှိုးမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်မှ စစ်ဗျူဟာမှုးများက လာရောက်စစ်ဆေးကာ တရားခံအနုကြမ်း စီးသူသုံးဦးအား အမြန်ဆုံးဖေါ်ထုတ် အရေးယူ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။ 
ထွန်းထွန်း The Myanma Age
မူ၇င်း =>

ကျောပြင် နဲ့ ဂုတ်ပိုးအဆီတွေ ကျမယ် ၊ ရင်ကို တင်းရင်း လှပစေမယ်


 

 
  
နည်းလမ်း ( ၁ ) ခါး ၊ ကျောပြင် နဲ့ ဂုတ်ပိုးအဆီတွေ ကျမယ် ၊ ရင်ကို တင်းရင်း လှပစေမယ် ... 
ခြေနှစ်ဘက် ကို စု ၊ ဒူးဆန့် ၊ ခါးဆန့် မတ်မတ်ရပ်ပြီး ခေါင်းငုံ့ထားပါ ၊ လက်နှစ်ဘက် ကို နောက်ပစ်ပြီး ခါးမှာ ကပ်ထားပါ ။ 

 

ပထမ အနေအထားမှာ စိတ်မှတ် နဲ့ တစ် ၊ နှစ် ၊ သုံး ရေတွက်လိုက်ပြီး ခေါင်းကို မော့ ၊ လက်များ ကို အပေါ်မြင့်နိုင်သမျှ မြှင့် ၊ ဆန့်နိုင်သမျှ ဆန့်ပြီး အဲဒီ အနေအထားအတိုင်း ကို ၁ မှ ၃၀ အထိ စိတ်မှတ် နဲ့ ရေတွက်ပေးပါ ။ 

 

၁၀ ကျော့ ပြုလုပ်ပေးပါ ...

 နည်းလမ်း ( ၂ )

နံကြားနှစ်ဖက် နှင့် ခါးအဆီတွေကို ကျစေပြီး ခန္ဓာကိုယ် ကောက်ကြောင်း ပေါ်လွင် လှပစေမယ် ...
ခြေနှစ်ဘက်ကိုစု ၊ ဒူးဆန့် ၊ ခါးဆန့် ၊ ခါးထောက်ပြီး မတ်မတ်ရပ်ပါ ။

ပုံမှာတွေ့ရတဲ့ အတိုင်း လက်ကို ခေါင်းပေါ်ကျော်တင်ပြီး ခန္ဓာကိုယ် ကို ဘေးတိုက်တည့်တည့်ချိုးပါ ။ ဒူး နဲ့ ခါး ကို ဆန့်ဆန့်ထားဖို့ သတိပြုပါ။

 

ဘယ်တစ်လှည့် ၊ ညာတစ်လှည့် ကို တစ်ကြိမ်သတ်မှတ်ပြီး အကြိမ် ၂၀ မှ ၃၀ ကြိမ် ပြုလုပ်ပေးပါ

 

 နည်းလမ်း (၃) 

တင်ပါး နဲ့ ပေါင်တံ ကို ကျစ်လျစ်စေပြီး ခါးက အဆီပိုတွေ ကို ကျစေမယ် ... 

ခြေစုပြီး မတ်မတ်ရပ်ပါ။ လက်နှစ်ဘက် ကို ဘေးမှာ ဆန့်ချထားပါ။
ခေထြောက် တစ်ဘက်ကို လက်နှစ်ဘက် နှင့် တင်းနိုင်သမျှ တင်းအောင် ဆွဲထားပြီး ခါးကို ဆန့်နိုင်သမျှ ဆန့်ထားပါ။

အဲဒီ နည်းအတိုင်း ၁ မှ ၃၀ အထိ စိတ်မှတ် နဲ့ ရေတွက်ပြီး နေပေးပါ။

 

ဘယ် ၊ ညာ တစ်လှည့်စီ ကို ( ၁၀ ) ကြိမ်စီ ပြုလုပ်ပေးပါ။

 

 နည်းလမ်း ( ၄ ) 

တင်ပါးကို ပင့်တင်ပေးပြီး ပေါင်တံ ကို ပါ အဆီကျ ကျစ်လျစ်လှပစေပပါမယ် ... 
ခြေတံ နှစ်ဘက် ကို တစ်လံလောက်ချဲ မတ်တပ်ရပ်ပြီး လက်နှစ်ဘက် ကို ပုံမှာတွေ့ရတဲ့ အတိုင်းထားပါ။
ချဲထားတဲ့ ခြေထောက်ပို ခြေဦးတည့်ရာ အတိုင်း ဒူးကို ၉၀ံ ဒီဂရီ ကျတဲ့ အထီ ခန္ဓာကိုယ် ကို ညွှတ်ချလိုက်ပြီး ကွေးထားတဲ့ ခြေထောက်ပေါ်မှာ လက်နှစ်ဘက် ကို တင်ထားပေးပါ .... 
ကျန်ခြေတစ်ဘက်ဟာ ဒူးဆန့်ပြီး ဖြောင့်တန်းနေရပါမယ် ... 

အဲဒီ အနေအထားအတိုင်း ၁ မှ ၃၀ အထိ စိတ်မှတ် နဲ့ ရေတွက်ပြီးနေပေးပါ ။ ဘယ် ၊ တစ်လှည့် ညာတစ်လှည့် ကို ၁၀ ကြိမ် စီ ပြုလုပ်ပေးပါ ။

 

 

နည်းလမ်း ၅ 

ပေါင်အတွင်း ၊ ကြွက်သား ၊ ခါး နဲ့ ခြေသလုံး ကြွက်သားများကို အထူးပျော့ပြောင်းစေပြီး သက်တောင့်သက် သာ ရှိစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ် ... 

သက်တောင့် သက်သာ အနေအထားနဲ့ ပက်လက်လှန် အိပ်ပြီး ခြေတစ်ဘက် ကို ကျန်ခြေတစ်ဘက် ပေါ်သို့ ပေါင်ရင်းမှ တင်ထားပေးပါ ... 

လက်နှစ်ဘက် ကို ၁၈၀ံ ဒီဂရီ တည့်အောင် ဆန့်တန်းပြီး ခြေထောက်နှစ်ချောင်းကို ဆန့်ကျင်ဘက် အတိုင်း တင်းနိုင်သမျှ တင်းအောင် ဆန့်ထားပါ ... ဒူးများ ကို လုံးဝ မကွေးစေဖို့ သတိပြုပါ ... 
အဲဒီ အနေအထားအတိုင်း ၁ မှ ၃၀ အထိ စိတ်မှတ် နှင့် ရေတွက်ပြီး နေပေးပါ ... ဘယ် ၊ ညာ တစ်လှည့်စီ ကို ၁၀ ကြိမ်စီ ပြုလုပ်ပေးပါ ...

 

 

ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများကို ပျော့ပြောင်းသွားစေပြီး အကြောတက် ညောင်းညာခြင်းမျာကို သက်သာပျောက်ကင်းစေမယ့် လေ့ကျင့်နည်းဖြစ်ပါတယ် ... 

ခြေထောက် နှစ်ဘက်ကို တစ်လံလောက်ချဲပြီး လက်နှစ်ဘက်ကို ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ကပ်ထားပါ ...
ကိုယ် ကို ပထမဆုံး လှည့်မယ့်ဘက်သို့ ရှေ့ခြေဖနောင့် ကို ၉၀ံ ဒီဂရီ ချိုးပြီး ဖနောင့်ချပါ ... နောက်ခြေထောက် ကို ဒူးဆန့်ထာားပြီး ရှေ့ခြေ နဲ့ တစ်တန်းထဲ ဖြစ်အောင် ချပါ ... 
လက်နှစ်ဘက် ကို ဆန့်ဆန့် မြှောက်တင်ထားပါ ... 

အဲဒီ အနေအထားအတိုင်း ၁ မှ ၃၀ အထိ စိတ်မှတ် နှင့် ရေတွက်ပြီး နေပေးပါ ...ဘယ်ညာ တစ်လှည့်စီ ကို ၁၀ ကြိမ် စီ ပြုလုပ်ပေးပါ ...

သက်လတ်ပိုင်း လေဒီများ အခုလို နည်းလမ်း ( ၆ ) ခု ကို အသုံးပြုပြီး ကျန်းမာရေးလည်းကောင်း ၊ ဘော်ဒီလေးတွေ လည်း လှပနေစေဖို့ ဆန္ဒပြုလိုက်ပါတယ် ...

ကုရ်အာန်ကျမ်းစာအုပ်များကို ရေဟောင်းပြွန်၊ရေနုတ်မြောင်းများအတွင်း စွန့် ပစ်ထား

 

မုဟမ္မဒ် မွေးဖွားရာ ဆော်ဒီအာရေဘီးရားနိုင်ငံ၊ Taif ခရိုင်ရှိ မြို့ ၏ ရေဟောင်းများ
စွန့် ပစ် စီးဆင်းရာ မြောင်းများအတွင်း ကုရ်အာန်ကျမ်းစာအုပ် ဒါဇင်ပေါင်းများစွာ
စွန့် ပစ်ထားသည်ကို ဆော်ဒီရဲတပ်ဖွဲ့ မှ တွေ့ ရှိခဲ့ပါတယ်၊ ရှရီအသ် ဥပဒေ
ကျင့်သုံးရာ အစ္စလာမ် ဌာနချုပ် ဆော်ဒီမှာ အခုလို ကုရ်အာန်ကျမ်းစာအုပ်ကို စွန့် ပစ်ခြင်းဟာ သေဒဏ် ကျခံနိုင်ပါတယ်၊ အဆိုပါ ဖြစ်ရပ်အတွက် ဆော်ဒီရဲမှ
စုံစမ်းစစ်ဆေးမူများ ဆက်လက် ပြုလုပ်နေပါတယ်။

ဒီဖြစ်ရပ်က ဘာကို ပြနေသလဲ ဆိုရင် ကောင်းကင်ကျကျမ်း ကုရ်အာန် အပေါ် မွတ်စလင်တို့ ၏ ရင်ထဲက တကယ် လေးစားမူအမှန်ကို မြင်တွေ့ နိုင်ပါတယ်၊ အကယ်၍သာ အစ္စလာမ်မှ ထွက်ခွာသူကို သေဒဏ် အပြစ် ပေးခြင်း မရှိဖူးဆိုလျင် ကောင်းကင်ကျကျမ်း ကုရ်အာန်စာအုပ်အားလုံးဟာ
မြောင်းထဲ ရောက်သွားမှာ ဖြစ်သလို မွတ်စလင်များ ပျော်ရွှင်စွာ
အစ္စလာမ်ကို စွန့် လွှတ်ကျမှာ ဖြစ်ပါတယ်။

ကိုးကားလင့်ခ်ကို ဖတ်ရန်မှာ
http://pakistan.worldnewsviews.com/2013/12/16/holy-quran-found-in-street-drains-of-taif-saudi-arabia-astaghfirullah/

Taif Saudi Arabia Police authorities, in collaboration with the Commission for the Promotion of Virtue and Prevention of Vice in Taif have uncovered over fifty copies of the Holy Quran discarded in the street drainage system in Al-Salama district of Taif.

The service of a company that specializes in opening grated drainage inlets was availed, and dozens of copies of the Holy Scripture were retrieved from the drain water.

Akhbaar24 reported that close to several copies of the scared book were found from within different storm water inlets in the area. While authorities are conducting further search and recovery, Taif police has launched an investigation into the incident.

Article Source

လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေးနေ

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေး နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများကို ခေါ်ယူစစ်ဆေးနေသည့် အဆင့်သာရှိနေပြီး ပါဝင်ပတ်သက်မှု မရှိသူများကိုလည်း ပြန်လည် လွှတ်ပေးနေကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အနေနဲ့ ဒီဖြစ်စဉ်ကို ဖိဖိစီးစီး ကိုင်တွယ်ဆောင်ရွက် နေတယ်။ ထပ်မံပြီးတော့ မဖြစ်ပွား အောင်လည်း ရဲလုပ်ငန်းတွေအရ ပြင်ဆင်ထားပြီး ဖြစ်တယ်။ မသင်္ကာလို့ ခေါ်ယူစစ်ဆေးတဲ့ တချို့လူတွေဆိုရင် စစ်ဆေးတဲ့ အခါမှာ ခက်ခဲမှုတွေရှိတယ်။ အခုလက်ရှိ စစ်ဆေးလို့ ရရှိတဲ့ အချက်အလက်တွေကို သတင်းထုတ်ပြန်ပေးဖို့ စောပါသေးတယ်။ အခုသံသယရှိလို့ စစ်ဆေးတဲ့ သူတွေထဲမှာ ကျူးလွန်သူ ပါဝင်တယ် ဆိုတာကတော့ ပြောဖို့စောပါသေးတယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဆိုသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ စိန်ပန်းရပ်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အရှေ့ဘက် ပြည်တော်အေးလမ်းမဘေး၊ လမ်းသွယ်စည်ပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် လူငယ်ထိန်းသိမ်းရေး မိဘမဲ့ ဂေဟာကြားရှိ လမ်းဘေး ရေမြောင်းငယ်အတွင်း လက်လုပ်မိုင်း တစ်ခုကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းလမ်းဘေး ရေမြောင်းငယ် အတွင်း၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ် တစ်ခုကို တွေ့ရှိခဲ့ရသည်ဟု စည်ပင်ဝန်ထမ်း တစ်ဦးမှ သတင်းပေး တိုင်ကြားချက်အရ သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာတွင် အဆိုပါ လက်လုပ်မိုင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

EMG

(ဒီဇင်ဘာ ၂၅ ရက်က တောင်ကြီးမြို့တွင် တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းဗုံးကို ကာကွယ်ထားမှုအား တွေ့ရစဉ်)

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ သားမယားပြုကျင့်ကျူးလွန်ခဲ့သူ တရားခံပြေးနှစ်ဦး ဖမ်းဆီးရမိ


သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြုကျင့်မှုဖြစ်ပွားပြီး ဒီဇင်ဘာ(၉) ရက်နေ့က မကွေးမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၅၀၆/၁၁၄ အမှုမှထွက်ပြေးတိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
အဆိုပါတရားခံများအား ဖမ်းဆီးရမိရန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊

ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင် မကွေးမြို့နယ်၊
ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌
ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့သော အရိုးငါးလက်မ၊ အသွားသုံးလက်မခွဲရှိ မောင်းပြန်ဓါးချွန်တစ်ချောင်းအားကိုင်ဆောင်ထားသူ ခင်မောင်ကြည်(၅၄)နှစ်၊(ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြို့နယ်၊ အား ၀ိုင်းဝန်းဖမ်းဆီးရမိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ(၁၅)နေ့က တရားခံ ၀င်းနိုင်(၄၁)နှစ်၊(ဖ)ဦး
ခင်မောင်ထွေး၊ ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြိုနယ်နေသူထိုင်အား ၎င်းရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတရားခံနှစ်ဦးကို ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။

ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုအပေါ် ကယ်လီဘရွတ်ခ် ဝေဖန်





ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေသ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည်
သူမအနေဖြင့် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုမျိုး လုံးဝခံယူသွားမည် မဟုတ်ဟု စိတ်ပိုင်းဖြတ်ထားကြောင်း ကယ်လီဘရွတ်ခ်က ထုတ်ဖော် ပြောကြားလိုက်သည်။ ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေသ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည်။ ဟောလီးဝုဒ်တွင် မျက်နှာနှင့် ခန္ဓာကိုယ် အလှအပအတွက် ခွဲစိတ်မှုများ တဖြည်းဖြည်း ခေတ်စားကျယ်ပြန့်လာသော်လည်း Piranha 3Dစတား မော်ဒယ်လ် မင်းသမီးက သူမသည် ပလစ်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်မှုများကို ဆန့်ကျင်သည့် အမာခံတစ်ဦးဟု ပြောဆိုခဲ့သည်။ ထို့အပြင် သူမကိုယ်တိုင် အတွက်လည်း ယင်းကဲ့သို့ ခွဲစိတ်မှုမျိုးဖြင့် မိမိကိုယ်ကိုယ် ပိုမိုကျေနပ်မိမည် မထင်ကြောင်း ကယ်လီက သုံးသပ်သွားသည်။

 "ကျွန်မက ကျွန်မကိုယ်ကျွန်မပဲ ဆင်တူချင်တယ်။ ဘယ်သူနဲ့မှ မတူချင်ဘူး။ ပြီးတော့ ကျွန်မရဲ့ မျက်နှာဟာ ပလပ်စတစ် Versionတစ်ခု ပြောင်းနေတာမျိုးလည်း မလိုလားဘူး။ တကယ်တမ်းကျတော့ နှာခေါင်းအသစ် ပုံစံပြောင်းသွားလို့ လူတွေက ဟယ်၊ ဒီနှာခေါင်းလေးနဲ့ သိပ်ကြည့်ကောင်းတာပဲလို့ ပြောကြမှာ မဟုတ်ပါဘူး။ ခွဲစိတ်မှု ခံယူပြီး ပုံပြောင်းလိုက်ပြီ ဆိုတာကိုပဲ ထောက်ပြကြလိမ့်မယ်"ဟု ကယ်လီက ဆိုသည်။ သူမက "ရှင့်အနေနဲ့ နှုတ်ခမ်းကို ခွဲစိတ်တာဖြစ်ဖြစ်၊ ရင်သားကို ခွဲစိတ်တာပဲဖြစ်ဖြစ် အဲဒီအရာ အားလုံးဟာ ကိုယ့်တန်ဖိုးကိုယ် ယုံကြည်မှု မရှိတဲ့ လက္ခဏာရပ်တွေပါပဲ"ဟုလည်း ထောက်ပြခဲ့သည်။

အသက်(၃၃)နှစ်ရှိ ကယ်လီက သူမအနေဖြင့် ယခုခန္ဓာကိုယ် အချိုးအဆက်ထက် ပိန်သွယ်သင့်ကြောင်း ဝေဖန်မှုများကိုလည်း အရေးမထားကြောင်း ဆိုသည်။ "ကိုယ်ပိုင် အရေပြားထဲမှာ ကျွန်မရဲ့ ကိုယ်ပိုင်ဘဝ ရှိနေတယ်။ ဒါကို ယုံကြည်မှု အပြည့်ရှိတယ်။ ကျွန်မဟာ တကယ့် ပါးပါးလှပ်လှပ် ကောင်မလေး မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မမှာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်။ ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်၊ ကျွန်မရဲ့ အသွင်အပြင်ကို ကျွန်မ ကျေနပ်တယ်။ လူတိုင်းဟာ ကိုယ့်ဘဝပေး ကုသိုလ်အတိုင်း ရထားတဲ့ ခန္ဓာကိုယ်အပေါ် ကျေနပ်ရမှာပါပဲ"ဟုလည်း ကယ်လီက ပြောကြားသွားသည်။

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးနှစ်ဦးဓားထိုးခံရပြီးသေဆုံး



မလေးရှားနိုင်ငံ ပီနန်းခရိုင်ရှိ ဆီဘီယန်းဂျာရာမြို့တွင် မြန်မာ အမျိုးသမီးနှစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့သည်ဟု ပီနန်းရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့ကြောင်း မလေးရှားနိုင်ငံထုတ် စတား သတင်းစာက ယနေ့ဖော်ပြသည်။ 

သေဆုံးသူနှစ်ဦးမှာ အသက် (၂၁) နှစ်အရွယ်ရှိ ဌေးဌေးသန်း ဆိုသူနှင့် အသက်(၄၁) နှစ်အရွယ် ရှိ သန်းဟုသာအမည်သိရသေးသူ များဖြစ်ကြောင်း ပီနန်းခရိုင်မှုခင်း ဆိုင်ရာအရာရှိချုပ် မာဇလန်ကီ ဆက်ခ်ျက ပြောသည်။ 

ပီနန်းရဲ တပ်ဖွဲ့မှ ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် ဌေးဌေးသန်း သည် လည်ပင်း၌ ပြတ်ရှဒဏ်ရာ များရရှိထားကြောင်း တွေ့ရှိခဲ့ရပြီး သန်းဟုသာ သိရသေးသူမှာလည်း မျက်နှာနှင့် ခန္ဓာကိုယ်နေရာအနှံ့ အပြားတွင် ဓားဒဏ်ရာများတွေ့ရှိ ခဲ့ရကြောင်း အတည်ပြုဖော်ပြခဲ့ သည်။ 

ကနဦး စုံစမ်းစစ်ဆေးမှု များအရ အဆိုပါ အမျိုးသမီးနှစ်ဦး မှာ ဆီဘီယန်းဂျာရာမြို့ရှိ စက်ရုံ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည် မှာနှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ လမ်း လျှောက်လာစဉ် လူသွားလူလာ ပြတ်လပ်ပြီး ချုံပုတ်များထူထပ် သောနေရာ၌ အခင်းဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့သည်ဟု သိရသည်။ 

ပီနန်းရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ကနဦးစုံစမ်းစစ်ဆေး မှုများပြုလုပ်ခဲ့ရာတွင်မသင်္ကာဖွယ်ရာ အခြေအနေမျိုးတွေ့ရှိခဲ့သော မြန်မာ အမျိုးသားနှစ်ဦးကို အခင်းဖြစ်စဉ် နှင့် ပတ်သက်ဖွယ်ရှိသည်ဟု ယူဆ ကာစစ်ဆေးနေကြောင်းသိရသည်။

မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်



ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့မှစ၍ ၃ လကြာ ယာယီ ရပ်ဆိုင်း သွားသော်လည်း နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူများနှင စေခိုင်းသူများအကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။

``မိကျောင်းကန် မြေသိမ်းခံရတဲ့ထဲမှာ ပါဝင်ပြီး ဆန္ဒပြရာမှာ ဦးဆောင်တဲ့ မိုးသီးဇွန်ရဲ့ တပည့်ကိုယ်တိုင် ကျွန်မတို့ကို လာခေါ် တာပါ။ တစ်နေ့ကို ရှစ်ထောင်ပေးမယ်ဆိုပြီး ခေါ်လာတာပါ။ ဆန္ဒပြပွဲလည်းပြီးရော ငါးထောင်ပဲ ပေးတယ်´´ ဟု နေ့တွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မခိုင်မာက ပြောသည်။

အဆိုပါ မိကျောင်းကန်ဆန္ဒပြမှုများသည် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဆွေးနွေးပြီးနောက် သဘော တူညီမှုရရှိခဲ့ပြီး ၃ လစောင့်မည် ဟု သပိတ်စခန်းဖွင့်ဆန္ဒပြသူများက ကတိပြုခဲ့ကြောင်း သိရသည်။

သပိတ်စခန်းဖွင့်ဆန္ဒပြသူများတွင် မိကျောင်းကန်ရပ်ကွက်အပိုင်း(၁၊၂၊၃) တွင်နေထိုင်သူများ အပါအ၀င် အခြားမြို့နယ်များ မှလည်း နေ့တွက်စရိတ်ဖြင့် လာရောက်ဆန္ဒပြသူများလည်း ပါဝင်ကြောင်း၊ နေ့တွတ်စရိတ်ငွေကြေး အရှုပ်အရှင်းများကြောင့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

``တစ်ချို့က အစအဆုံး ဆန္ဒပြတဲ့အထဲပါတယ်။ တစ်ချို့ကလည်း တစ်ပတ်ဆယ်ရက် စသဖြင့်ပေါ့၊ တစ်နေ့ရှစ်ထောင် ပေးမယ်ပြောလို့ လာပြီးဆန္ဒပြကြတာပါ။ 
ဆန္ဒပြပွဲပြီးတော့ ငွေရှစ်ထောင်မဟုတ်ဘဲ၊ ငါးထောင်ပဲပေးတယ်။ 
ကျန်တဲ့ သုံးထောင်က တစ်နေ့စားစရိတ်နဲ့ တူညီဝတ်စုံ ဖိုးဆိုပြီးတော့ဖြတ်တယ် 
အမှန်ဆိုရင် ကျွန်မတို့က စားစရိတ်မှ မလိုတာ။ 
အပြင်က လာလှူ တဲ့ ထမင်းဗူးတွေနဲ့ ရေသန့်ဗူးတွေက အလျှံပယ်ဘဲလေ။ 
အဲဒါ ခေါင်းဆောင်လုပ်သူကို ရှစ်ထောင်ပေးဖို့ တောင်းကြ တာပေါ့။ 
ခိုင်းတဲ့အဖွဲ့ကို ပြန်ပြောပေးမယ်ဆိုပြီး ဒီနေ့အထိ အကြောင်းမပြန် သေးဘူးလေ´´ ဟု နေ့တွက်ပါဝင်ဆန္ဒပြခဲ့သူ ကိုကျော်လင်းသောင်းက ပြောပြသွားသည်။

``မိကျောင်ကန်အပိုင်း(၁၊၂၊၃) ဟာ အစိုးရဘက်က စွပ်စွဲပြောဆိုသလို ကျူးကျော်တွေ တကယ်ဟုတ်၊ မဟုတ် စစ်ဆေးဖို့ လိုပြီးတော့ မိကျောင်းကန် မြေနေရာဟာ အရင်က ရပ်ကွက်တစ်ခုအဖြစ် နေထိုင်ခဲ့တာဖြစ်တဲ့အတွက် သေချာပြန်ပြီး စိစစ် ပြီး ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်´´ လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း က ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် ပါဝင်သူများအတွက် နေ့တွက်စရိတ် တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်းအား မိုးသီးဇွန်မှ ၎င်း၏တပည့်မှတစ်ဆင့် ရှင်းပေးခိုင်းကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးမှ ပြောဆိုခဲ့သည်။

အောင်မြင့်(သင်္ကန်းကျွန်း)

Monday, December 30, 2013

နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများအပြင် ကြားနာစစ်ဆေးဆဲခံနေရသူများနှင့် စုံစမ်းအရေးယူ ခံနေရဆဲသူအားလုံးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြု


နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ခံနေရသူများအပြင် ကြားနာစစ်ဆေးဆဲခံနေရသူများနှင့် စုံစမ်းအရေးယူဆဲ ခံနေရသူများအား နိုင် ငံေ တ်ာသမ္မတရုံး (အမိန့်အမှတ်၊ ၅၁/၂၀၁၃) ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်တစ်ရပ် ထုတ်ပြန် ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။ ယင်းလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နှင့် ထိုနေ့မတိုင်မီ မတရားအသင်း အက်ဥပဒေပါ ပြစ် မှုများ၊ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါပြစ် မှုများ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါပြစ်မှုများ၊ အများပြည်သူ၏ အကျိုးပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅)နှင့် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေပါပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရ သူအား လုံးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း၊ သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာစစ်ဆေးဆဲ ပြစ်မှု ဆိုင်ရာအမှု များကို ပိတ်သိမ်း ပြီး တရားခံများအားအမှုမှ ချက်ချင်းလွှတ်ရမည်ဖြစ်ကြောင်းနှင့် စုံစမ်းအရေးယူဆဲဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။

ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းတွင် ကျူးလွန်သောအပိုဒ် (၃) ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှိစေရဟုလည်း လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ သမ္မတအမိန့်ဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမှုအပေါ် နိုင်ငံရေးနယ်ပယ်မှ ထင်ပေါ်ကျော်ကြားသူအ သီးသီးက ကြိုဆိုမှုများ ပြုလုပ်ခဲ့သည်။

"အခုလို နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျနေတဲ့သူတွေကော၊ အမှုရင်ဆိုင်ဆဲသူတွေကော ပြန်လွှတ်ပေးလိုက်တဲ့ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို နံပါတ်တစ် ကြိုဆိုတယ်။ နံပါတ်နှစ် သမ္မတကြီးရဲ့ အခုလိုဆောင်ရွက်မှုကို သမိုင်းက အသိအ မှတ်ပြုပါလိမ့်မယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စွမ်းဆောင်ဖို့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ခဲ့ တာပေါ့ ။ နောက် တစ်ခုက နိုင်ငံရေးအကျဉ်းသားတင်မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံသားအကျဉ်းသားကြားမှာေ၀၀ါးနေတဲ့ ပုဒ်မေ လးတွေ ရှိတယ်။ အဲလိုပဲ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘဲနဲ့ နိုင်ငံရေးပုဒ်မနဲ့ ထောင်ထဲရောက်နေတဲ့သူတွေလည်းရှိတယ်။ အဲတော့တို့ တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံသားအကျဉ်းသားဆိုပြီး တိကျတဲ့သတ်မှတ်မှု မရှိတဲ့အချိန်မှာ နိုင်ငံသား အကျဉ်း သားေ တွကိုလည်း ရှေ့ဆက်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့် က ပြော ကြားသည်။

ယခုပုဒ်မများဖြင့် လွှတ်ပေးမှုတွင် သာယာဝတီထောင်တွင် အကျဉ်းကျခံနေရသည့် ဗိုလ်မှူးဝင်းနိုင်ကျော် ပါဝင်လာမည်မဟုတ်ေ သးကြောင်းနှင့် သံချောင်း (ခ) စ၀်ခွန်ကျော်လည်း ပါဝင်လာမည် မဟုတ်သေးကြောင်း၊ ထောက်လှမ်းရေးများလည်း ပါဝင်မည်မ ဟုတ်ကြောင်း၊ ဇန်န၀ါရီပထမပတ်အတွင်း ထပ်မံလွှတ်ပေးမည့်သဘောရှိပြီး ယင်းကာလတွင်မူ ၎င်းတို့အပြင် သာမန်ပြစ် မှုများဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး ကောင်းမွန်စွာ နေထိုင်ခဲ့သည့်သူများပါ ပြန်လည်လွတ်မြောက်ဖွယ်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအဖွဲ့ဝင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ကိုဘိုကြည် ကပြော ကြားသည်။

"လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတော့ ကောင်းပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတော့ ကျွန်တော်တို့ လက်ခံပါတယ်။ အစကတည်းက နိုင်ငံရေးအကျဉ်းသားတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အဖမ်းခံရတာလေ။ ရာဇ၀တ်ပြစ်မှုအမျိုးမျိုးနဲ့ ကြံဖန်ပြီး အဖမ်းခံရတာကိုး။ ဒါကိုပြောထားတဲ့အတိုင်း နှစ်ကုန်မှာ လွှတ်ပေးမယ်ဆိုပြီး လွှတ်ပေးလိုက်တဲ့အ တွက် ကျေနပ် ၀မ်း သာပါတယ်"ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။

လယ်ယာမြေများ ပြန်လည်ရရှိရေး လုပ်ဆောင်ခဲ့ကြပြီး ဖမ်းဆီးခံခဲ့ရသည့် လယ်သမားများထဲမှ အချို့မှာမူ ကျန်ရှိနေနိုင်ေ သးကြောင်း၊ အဆိုပါကျန်ရှိနေသေးသူများကို ဆက်လက်စိစစ်မှုများ ပြုလုပ်နိုင်ရန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာမူ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်းလည်း ကိုဘိုကြည်က ပြောကြားသည်။

"အခုလို နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးတဲ့ သမ္မတကြီးရဲ့အမိန့်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါဟာ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုဖြစ်ပါ တယ်"ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ယခုပုဒ်မများဖြင့် လွှတ်ပေးမှုအရ ဒေါ်နော်အုန်းလှ၊ ကိုရဲမင်းဦး၊ ကိုထင်ကျော်၊ ကိုတင်ထွဋ်ပိုင်၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဗိုလ်ကြီးနေမျိုးဒွေး စသူတို့ ပါဝင်လာမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုမြင့်အောင်က ပြောကြားသည်။

တရားရုံး ဧည့်မှတ်တမ်း စာအုပ်ကို ဒေသခံ ပြည်သူတစ်ဦးက ဝင်ရောက် ဖျက်ဆီး




စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်း မြို့နယ် တရားရုံး၏ ဧည့်စာရင်း မှတ်တမ်း စာအုပ်ကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခွဲတွင် ဒေသခံ ပြည်သူတစ်ဦးက တရားရုံးအတွင်း ၀င်ရောက် ဖျက်ဆီး ခဲ့ကြောင်း တရားရေး ၀န်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ တရားရုံး၏ ဧည့်စာရင်း မှတ်တမ်းအား ၀င်ရောက် ဖျက်ဆီးခဲ့သူမှာ ဦးချစ်မြ ဆိုသူဖြစ်ပြီး မူးယစ် သောက်စားထားကာ တရားရုံးဝင်း အတွင်းသို့ အကြောင်းမဲ့ ၀င်ရောက်လာခဲ့ပြီး ဧည့်စာရင်း မှတ်တမ်း စာအုပ်တွင် တာဝန်ရှိသူမှ လက်မှတ် ရေးထိုးခိုင်းခဲ့ရာ လက်မှတ် ရေးထိုးခြင်း မရှိဘဲ စာအုပ်ကို ဆွဲယူ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု တရားရုံးမှ ဆိုသည်။

ထို့ကြောင့် တရားရုံး၏ တာဝန်ဝတ္တရားများ ဆောင်ရွက်နေသူများကို ဟန့်တား နှောင့်ယှက်သည်ဟု ဆိုကာ ဒီပဲယင်း မြို့မ ရဲစခန်းတွင် ဦးချစ်မြကို အမှုရေးဖွင့်ခဲ့ရာ ရဲစခန်းက (ပ) ၁၆၁/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၅၃ အရ လက်ခံ ခဲ့ကြောင်း သိရှိရသည်။

၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

ဒီဇင်ဘာ ၃၀၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

၁၀ နှစ်အောက် ကလေးသုံးဦးအဓမ္မပြုကျင့်ခံရပြီးနောက် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံအဓမ္မပြုကျင့်ခံရမှုတစ်ခု လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လှည်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် မြို့ပေါ်တွင် ဈေးရောင်းနေသည့် အသက် (၃၈)နှစ်အရွယ် ကလေးငယ်ဖခင်ကို တစ်ခြံ တည်းနေထိုင်သူက သမီးငယ်ဖြစ်သူမှာ နေအိမ်တွင် မရှိကြောင်းလာရောက်အသိပေးခဲ့ရာမှတစ်ဆင့် သိရှိခဲ့ရသည်ဟု ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်လာစဉ်တွင် သမီးငယ်ဖြစ်သူကို Max ဓာတ်ဆီအရောင်းဆိုင်ရှေ့အရောက် တွင် တွေ့ရှိခဲ့သဖြင့် ယင်း၏ဈေးဆိုင်သို့ ခေါ်ယူပြီး မေးမြန်းခဲ့သည်ဟု ဖခင်ဖြစ်သူက ရဲစခန်းသို့ အမှု ဖွင့်ရာတွင် ပြောဆိုထားသည်။

သမီးဖြစ်သူက ပြောပြရာတွင်လည်း နေအိမ်တွင် တစ်ဦးတည်း အိပ်ပျော်နေစဉ် ညသန်းခေါင်အချိန်၌ တစ်ခြံတည်းနေ သက်ပိုင်ဦး (၁၈)နှစ်က နေအိမ်နောက်ဘက် မြေပြင်ပေါ်သို့ ခေါ်သွားကာ သားမယား အဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် သမီးဖြစ်သူကို သားမယားပြုကျင့်ခဲ့သူအပေါ် အရေးယူပေးရန် ဒီဇင်ဘာ ၂၈ ရက်တွင် ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် လှည်းကူးရဲစခန်းက (ပ) ၅၇၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး အဓမ္မပြု ကျင့်သူအဖြစ် စွပ်စွဲတိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေကာ အမှန်တကယ်ပြစ်မှု ကျူးလွန် ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းအား နိုင်ငံခြားသားပညာရှင်က "ဖွတ် ပဲ လွှင့်ပစ်လိုက်" လို့ ဝေဖန်ခဲ့


ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပြီးမှာတော့
အကယ်ဒမီဆုရသင့်တယ်လို့ ပရိသတ်က မျှော်မှန်းထားတဲ့သူတွေရသွားလို့ ပရိသတ်များကျေနပ်ခဲ့ရသလို
မျှော်မှန်းထားသော်လည်း မရခဲ့တဲ့အတွက် မချိတင်ကဲနဲ့ ဝေဖန်ပြောဆိုသံတွေဆူညံခဲ့ပါတယ်။
နောက်ပြီး အကယ်ဒမီပေးပွဲရဲ့ အပြင်အဆင် တင်ဆက်မှုတွေအပေါ် ကြိုက်သူတွေရှိသလို
မနှစ်သက်ကြတဲ့သူတွေလည်း အများအပြားပါပဲ။

မြန်မာ့ရုပ်ရှင်လောကဟာ အစိုးရသစ်လက်ထက်ကစပြီး ဆင်ဆာအဖွဲ့တွေဖျက်သိမ်း
လွတ်လပ်တဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံးတွေထူထောင်ပြီး ကိုယ့်လမ်းကိုလျှောက်ခဲ့ကြပေမဲ့
လက်တွေ့မှာ အောင်မြင်မှု မရရှိသေးသလို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟာ လူစိတ်ဝင်စားမှု
အင်မတန်လျော့ကြလာတယ်လို့ မြန်မာရုပ်ရှင်ချစ်သူပရိသတ်ကြားမှာ ဝေဖန်မှုတွေ ဆူညံခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ မြန်မာ့ရုပ်ရှင်လောကအတွက်သာမက ကမ္ဘာ့ရုပ်ရှင်လောကကိုပါ
သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ထိုးဖောက်နိုင်ရမယ်လို့ ရဲရဲဝံ့ဝံ့ယုံကြည် မျှော်လင့်ထားကြတဲ့
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ရုပ်ရှင်အဖြစ်ရိုက်ကူးမဲ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်ခဲ့တာ လာမဲ့
ဖေဖော်ဝါရီလဆို ၂ နှစ်တိတိပြည့်ခဲ့ပါပြီ။ 

လက်ရှိအချိန်ထိတော့ ဗိုလ်ချုပ်ရုပ်ရှင်ဟာ ဇာတ်ညွှန်းရေးသားပြီးစီးသွားပြီဖြစ်ကြောင်းသိရပါတယ်။ ဒါပေမဲ့ ဒီဇာတ်ညွှန်းကို နိုင်ငံတကာ Level  မှာ အဆင့်မီ မမီ ဆုံးဖြတ်ဖို့အတွက် ကနေဒါက ပရိုဂျူဆာတစ်ယောက်ကို
ဗိုလ်ချုပ်ရဲ့သမီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖိတ်ခေါ်ပြသကြည့်ရာမှာ အဆိုပါ ပရိုဂျူဆာက မြန်မာ့နာမည်ကြီး အနုပညာရှင်တွေစုပေါင်းတိုင်ပင်
ရေးသားထားတဲ့ ဗိုလ်ချုပ်ဇာတ်ညွှန်းဟာ ဖွတ်ပဲ။ အဲဒီဇာတ်ညွှန်းကို လွှင့်ပစ်လိုက်လို့ ဝေဖန်ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ ပရိုဂျူဆာက 
အဆိုပါဇာတ်ညွှန်းဟာ ရုပ်ရှင်နှင့် မတူကြောင်း အတ္ထုပ္ပတ္တိစာအုပ်လိုဖြစ်နေကြောင်း၊ ဇာတ်လမ်းရုပ်ရှင်
ပြမှာလား သတင်းကားပြမှာလားဟူ၍ သူ၏အမြင်ကို သုံးသပ်ပြောဆိုသွားခဲ့တယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်တဲ့ လူရွှင်တော်သရုပ်ဆောင် ဦးဇာဂနာက ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီဆိုတာကလည်း လက်ရှိမြန်မာ့ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း အပါအ၀င် နာမည်ကြီး ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ၊ အနုပညာရှင်၊အတတ်ပညာရှင် အသိပညာရှင်တွေအားလုံးနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးတစ်ခုပါ။ ဒီလိုအဖွဲ့က ဦးဆောင်ပြုလုပ်နေတဲ့ ဗိုလ်ချုပ်ရုပ်ရှင်မှာ ဇာတ်ညွှန်းကစလို့ အခုလို နိုင်ငံခြားသားတစ်ယောက်က ဖွတ်ဆိုပြီး ဝေဖန်ခြင်းခံခဲ့ရတယ်ဆိုတာ ငါတို့ ဘာတွေ လိုနေသေးလဲလို့ စဉ်းစားသုံးသပ်စရာပါ။ ဦးဇာဂနာကပဲ ဗိုလ်ချုပ်ဇာတ်ညွှန်းအတွက် အဆင့်အတန်းမီဖို့
နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဇာတ်ညွှန်းရေးစရာတစ်ယောက်လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

မြန်မာ့ရုပ်ရှင်လောက ကျဆင်းလာခဲ့ခြင်းဟာ နည်းပညာလိုအပ်မှု၊ အရင်အစိုးရရဲ့ လွှမ်းမိုးချုပ်ကိုင်မှု၊ ဆင်ဆာအဖွဲ့ရဲ့ထိန်းချုပ်မှုတွေကြောင့် လို့ အကြောင်းအမျိုးမျိုးပြခဲ့ကြပါတယ်။ ယခုအချိန်မှာ အစိုးရကလည်း
ချုပ်ကိုင်ထားမှုမရှိ၊ ဆင်ဆာအဖွဲ့ကလည်း ဖျက်သိမ်းပြီးဖြစ်လို့ မြန်မာ့ရုပ်ရှင်လောက တိုးတက်လာတော့မယ်လို့ မျှော်လင့်ထားသူတွေအတွက် အထက်ပါ ဖြစ်ရပ်တွေက စိတ်ဓာတ်ကျဆင်းစေသလို အနုပညာရှင်တွေရဲ့ ဦးဆောင်နိုင်မှုအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။

အကယ်ဒမီထူးချွန်ဆုပေးပွဲဟာ အားရကျေနပ်လောက်ဖွယ် အဆင့်အတန်းတစ်ခုကို မပြနိုင်သေးသလို
မြန်မာတစ်နိုင်ငံလုံးအတွက် အရေးပါယုံမက ကမ္ဘာကိုပါ ချပြမဲ့ မြန်မာတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကိုလည်း နိုင်ငံတကာအဆင့်မီဖို့အတွက် ပြင်ဆင်ခဲ့တာ ၂ နှစ်ပြည့်ခါနီးပေမဲ့
အားရစရာအနေအထားတစ်ခုထိ မရောက်ရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဆီးဂိမ်းကို အစိုးရက ဦးဆောင်ကျင်းပခဲ့ရာမှာ တရုတ်ကို အားကိုးလွန်းတယ်။ တင်ပြချက်တွေဟာ နိုင်ငံတကာအဆင့်မမီသေးဘူးလို့ ဝေဖန်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ ဦးဆောင်ပါဝင်နေတဲ့ ဦးဇာဂနာကိုယ်တိုင်ကလည်း
ယခုဗိုလ်ချုပ်ရုပ်ရှင်မှာ နိုင်ငံတကာအဆင့်မီဖို့ နိုင်ငံခြားဇာတ်ညွှန်းပညာရှင် သေချာပေါက်လိုအပ်တယ်လို့ 
ပြောဆိုခဲ့ပြီး မိမိတို့ကိုယ်တိုင် ဗိုလ်ချုပ်ရုပ်ရှင်ကို အဆင့်တန်းမီအောင် လုပ်ဖို့ လိုအပ်ချက်တွေရှိသေးတယ်လို့ ၀န်ခံခဲ့ရပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရရင် မြန်မာ့ရုပ်ရှင်လောက ဆုတ်ယုတ်လာခြင်းဟာ အစိုးရကြောင့်လား
ဆင်ဆာကြောင့်လား မိမိတို့ကိုယ်တိုင်လားဆိုတာ စုံစုံညီညီ အဖြေရှာဖို့ လိုအပ်နေပါပြီ။
ကိုယ်မဟုတ်တဲ့ သူတစ်ပါးကို အပြစ်တင်ဝေဖန်နေကြမဲ့အစား ကိုယ့်အပြစ်ကိုယ်ရှာလို့
ပြန်လည်ဆန်းစစ်ပြုပြင်ကြမှသာလျှင် အားလုံးအားလုံးမျှော်လင့်နေကြတဲ့ ပန်းတိုင်တစ်ခုကို
ရောက်ကြလိမ့်မယ်ဆိုတာ မြန်မာ့ရုပ်ရှင်လောကက သက်သေတစ်ခုဖြစ်လာပါလိမ့်မယ်။

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား


Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။ 
ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။ 

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူနာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။ 

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွား ခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါတယ်။ 

တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့ သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။ နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦးကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။ 

စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်စု၊ ဂုဏ်ပြု ဆု များ ရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွားရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။ အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ 

သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။

ရုရှားမြို့မှာ ဒုတိယအကြိမ် အသေခံဗုံးခွဲမှုကြောင့် လုံခြုံရေးတိုးမြှင့်




 ရုရှားနိုင်ငံ၊ Volgograd မြို့က ဖောက်ခွဲမှုကို စစ်ဆေးနေစဉ်။ (ဒီဇင်ဘာ ၃၀၊ ၂၀၁၃)
ရုရှားနိုင်ငံ တောင်ပိုင်းက Volgograd မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် အဲဒီမြို့တ၀ိုက်မှာ ရုရှားအာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့် ချထားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အသေခံဗုံးခွဲ တိုက်ခိုက် မှုနှစ်ကြိမ် ဖြစ်ခဲ့ပြီး လူ ၃၁ဦး သေဆုံးကာ အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တနင်္လာနေ့တုန်းက ဗုံးခွဲတိုက်ခိုက်မှုမှာတော့ ဓာတ်ရထားတစင်း အစအစ အပိုင်းပိုင်းဖြစ်ခဲ့ပြီး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ ဒီ မတိုင်ခင်တရက်မှာ အသေခံဗုံးခွဲတိုက် ခိုက်သူဟာ မြို့ရဲ့ ရထား ဘူတာအ၀င် လုံခြုံရေးဂိတ်မှာ ပါလာတဲ့ ပေါက်ကွဲပစ္စည်းတွေကို ဖောက်ခွဲ တိုက် ခိုက်တာကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

တနင်္လာနေ့ ကွဲတဲ့ဗုံးဟာ အဲဒီမတိုင်ခင် တနင်္ဂနွေနေ့ ရထားဘူတာအ၀င်ဝ လုံခြုံရေးဂိတ်မှာ ကွဲတဲ့ဗုံးနဲ့ ပုံစံအတူတူဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေးအေဂျင်စီ ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီ ဗုံးကွဲမှုနှစ်ခုဟာ ဆက်စပ်ဖွယ်ရှိတယ်လို့ ယူဆတဲ့အကြောင်းလည်း ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကို လုပ်တယ်ဆိုတာကိုတော့ ဘယ်သူမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။  မော်စကိုမှာတော့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ Volgograd မြို့နဲ့ ရုရှားအခြားနေရာအားလုံးမှာ လုံခြုံရေးအခြေ အနေ တိုးမြှင့်ယူဖို့ အကြမ်းဖက်မှု ဆန့်ကျင်ရေးအေဂျင်စီကို အမိန့်ပေးထားပြီလို့ ရုရှားအစိုးရက ပြော ပါ တယ်။

ဒီ တိုက်ခိုက်မှုတွေဟာ အမေရိကန်၊ အီရတ်နဲ့ နိုင်ဂျီးရီယားမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ပုံစံတွေနဲ့ အလားတူ တယ်ဆိုပြီး ရုရှားနိုင်ငံခြားရေးဌာနက နှိုင်းယှဉ်ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် အစွန်းရောက် အကြမ်းဖက်မှု အယူအဆနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာက စည်းလုံးလက် တွဲေ ဆာင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

 
Twitter Bird Gadget