Monday, September 2, 2013
ကမ္ဘာလှည့်များအတွက် ဆွဲဆောင်မှုထိပ်သီး နိုင်ငံများတွင် မြန်မာပါဝင်
အပန်းဖြေနှင့် အလည်အပတ် ခရီးသွားလိုသည့် ကမ္ဘာလှည့် ခရီးသည်များအတွက် ဆွဲဆောင်မှု အကောင်းဆုံး ထိပ်တန်းနိုင်ငံများတွင် မြန်မာပါဝင်နေကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Cox & Kings ခရီးသွားအင်စတီကျု၏ သြဂုတ်လ ၂၉ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လူကိုယူပါ ဘုရားကိုချမ်းသာပေးပါ
Monday, September 02, 2013

ရန်ကုန်တိုင်း၊ သံလျင်မြို့၊ သိပ္ပံလမ်းမှာနေသည့် ဗမာမိန်းကလေးတစ်ယောက်။ အမည်က(……)၊ အသက်(…..) နှစ်။ ဘွဲ့ရပြီးသူ။
သူမအလုပ်လုပ်သည့်ဆိုင်ရှင် အိမ်အမှတ်(၁၄)၊ သီရိလမ်းမှ ဦးဝင်းမောင်+ဒေါ်သန်းသန်းဝင်း၏သား အောင်ကျော်ထွန်းနှင့် လက်ထပ်ယူကြသည်။ မယူခင် လွတ်လပ်စွာကိုးကွယ်ကြဖို့ ကတိပေးခဲ့ကြသော်လည်း ရက်ပိုင်းအတွင်း အောင်ကျော်ထွန်း သဘောထားပြောင်းလဲလာခဲ့။
နှစ်ဖက်မိဘများအိမ်မှာ မနေကြဘဲ အိမ်ငှားနေကြခြင်း၏ ရည်ရွယ်ချက်က ဘာသာရေးလွတ်လပ်မှု ရှိစေချင်၍ ဖြစ်သော်လည်း အစ္စလာမ်ဘာသာထဲ ဝင်ရမည်ဟု အောင်ကျော်ထွန်းက ဆိုလာသည်။ ဗလီတက်ပြီး ပြန်လာချိန်မှ စဖောက်ခြင်းဖြစ်သည်ဟု မိန်းကလေးက ဆိုလာသည်။
မိန်းကလေးက မကူးပြောင်းသည့်အခါ အောင်ကျော်ထွန်းက ပညာစပြတော့သည်။ ဈေးဖိုးလုံးဝ မပေးတော့။ ဟင်းချက်စရာမရှိ၍ ထမင်းမချက်ဘဲ ကောင်မလေးက သူမ မိဘများအိမ် လိုက်စားဖို့ အောင်ကျော်ထွန်းကို ခေါ်သွားသည်။ ဘုရားစင်မြင်လျှင် စားမရ-သောက်မရဟုဆိုကာ ထမင်းလည်းမစားနိုင်၊ ရေလည်းမသောက်နိုင် ဖြစ်ခဲ့သူက အောင်ကျော်ထွန်း။
ဤသို့ဖြင့် လင်မယားနှစ်ယောက်လုံး သူ့အိမ်သူပြန်စား၊ ကိုယ့်အိမ်ကိုယ်ပြန်စားစနစ်ဖြင့် ဆက်လက်ပေါင်းသင်း နေထိုင်ကြလေ၏။
မကြာလိုက်ပါ အောင်ကျော်ထွန်းက ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှု ပြုလာတော့သည်။ မဝင်လျှင် ကွာရှင်းပေးရမည်ဟု အောင်ကျော်ထွန်းက တောင်းဆိုလာသည်။ ကောင်မလေးက "ခုယူ ခုကွဲ မလုပ်နိုင်" အရှက်တရားဖြင့် ရပ်တည်ရသောမိန်းကလေးတစ်ယောက်ဖြစ်၍ ချက်ခြင်းကြီး မကွာရှင်းနိုင်ဟု ငြင်းဆိုလိုက်သည့် အခါ အောင်ကျော်ထွန်းက ရှေ့နေခေါ်လာပြီး လက်မှတ်ထိုး ကွာရှင်းခိုင်းတော့၏။ ကောင်မလေးဘက်မှ အသိသက်သေမရှိသည့်အခါ ဆိုင်ကယ် ကယ်ရီသမားကို လက်မှတ်ထိုးခိုင်းကြလေသည်။
15.8.2013 ရက်နေ့မှာ လက်မှတ်ထိုးကွာရှင်းပေးပြီးသည့်အခါ ကောင်မလေးက ညှဉ်းပန်းနှိပ်စက်ပြီး ဘာသာသိမ်းသွင်းမှုဖြင့် တရားစွဲလိုက်၏။ ရဲစခန်းက တရားရုံးကို ဦးတိုက် လျှောက်ခိုင်း၏။ တရားရုံးက လက်ခံပြီး ရဲကိုပင် ပြန်စစ်ဆေးခိုင်း၏။ ယခုလ (၆) ရက်နေ့ (6.9.2013) မှာ တရားခွင်မှာ စတင်စစ်ဆေးမည် ဖြစ်သည်။
အောင်ကျော်ထွန်း(ခ) ဘစ်တာ ကလည်း ပြန်တိုက်သည်။ မီးရှို့မည်၊ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်သည်ဟု ကောင်မလေး၏ မိဘများကို ပြန်တရားစွဲခြင်း ဖြစ်၏။
သူတို့ဇာတ်လမ်းလေးက သိပ်မကြာလိုက်
3.7.2013 မှာ မန္တလေးသို့ ခိုးပြေးကြသည်။
6.7.2013 မှာ ပြန်ရောက်သည်။
15.8.2013 မှာ ကွာရှင်းသည်။
6.9.2013 မှာ တရားရုံးချိန်းသည်။
ဤမျှသာ ဖြစ်ပါ၏။
သူတို့နှစ်ယောက်သည် တိုက်အမှတ် (၆)၊ အခန်း (၄)၊ အောင်နိမိတ်လမ်း၊ အောင်မင်္ဂလာရပ်ကွက်မှာ အိမ်ငှားနေထိုင်ကြပြီးမှ ကွာရှင်းခဲ့ကြခြင်းဖြစ်ရာ အိမ်ရှင်များက မိန်းကလေးဘက်မှ သက်သေလိုက်ပေးကြမည် ဆို၏။
အောင်ကျော်ထွန်း(ခ) ဘစ်တာက ပထမ-အေးအေးဆေးဆေး သိမ်းသွင်း၏။ ဒုတိယ-အကြမ်းဖက်လာ၏။ တတိယ- ဓားကြိမ်းကြိမ်းလာ၏။
မိန်းမယူထားပြီး မိန်းမကို ဘာသာသိမ်းသွင်းနိုင်မှ ငါ့အသိုင်းအဝိုင်းမှ လက်မထောင်နိုင်မှာ။ မသိမ်းသွင်းနိုင်ရင် မျက်နှာငယ်ရတယ်။ ဘာသာခြားမိန်းကလေးတွေကို လက်ထပ်ယူပြီးရင် ဘာသာသိမ်းသွင်းရတာဟာ အစ္စလာမ်ရဲ့ တာဝန်ပဲ ဟု အောင်ကျော်ထွန်း(ခ)ဘစ်တာက အမြဲပြောသည်ဆို၏။
ယခုတော့ ဘာသာမတူ၍ အိမ်သူမဖြစ်နိုင်တော့။ တစ်ခြားမည်သည့်အကြောင်းမျှ မရှိဘဲ၊ ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြ၏။
ဘာသာက အဓိကလား၊ လူကအဓိကလား….?
ဘာသာကိုချစ်တာလား၊ လူကိုချစ်တာလား….?
ဘာသာကိုယူတာလား၊ လူကိုယူတာလား…..?
ဘာသာကိုလိုချင်တာလား၊ လူကိုလိုချင်တာလား….?
အားနွဲ့သည့် လူများစုကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးကြပါဗျာဟု ဗျိုး….ဟစ်လိုက်ချင်တော့၏။
လူကိုယူပါ၊ ဘုရားကိုချမ်းသာပေးပါ မစ္စတာကုလားတို့ရာ- ဟုတ်ဘူးလား….?။
အကြောင်းစုံသိလိုက-ဦးပညာဓဇ=09-421007251 သို့ဆက်သွယ်ပြီး၊ ကောင်မလေးနှင့် တိုက်ရိုက် ပြောနိုင်ပါသည်။
မလေးရောက်မြန်မာများ ဘဝ မြင်ကွင်း
Monday, September 02, 2013
အဖမ်းအဆီး ကြမ်းမည်ဟု သတိပေးထားသည့်
မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားများ အပါအဝင်
နိုင်ငံခြားသားများကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ဖမ်းဆီးနေပြီ
ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။
မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တော် အပါအဝင် တရားမဝင် နိုင်ငံခြားသား အများစုရှိသည့် နေရာများတွင် စတင်ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း၊ လမ်းဆုံများတွင် ကားများရပ်ကာ ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်နေပြီး တရားမဝင်သူများဖြစ်ပါက ကားပေါ်ဆွဲတင်သွားကြောင်း ခုနစ်ရက်သားသမီး ကပုန်းနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးသောင်းက ပြောကြားသည်။
“သတိပေးထားသလောက်တော့ မကြမ်းသေးဘူး” ဟု ၎င်းကဆိုသည်။
သုံးလကြာ စစ်ဆင်ရေး ပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ်ကို Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) အမည်ပေးထားပြီး ယင်းစစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်နေပြီ ဖြစ်သဖြင့် ကွာလာလမ်ပူရှိ မြန်မာဆိုင်အချို့ ပိတ်ထားကြကြောင်း၊ အချို့ဆိုင်များကို လုံခြုံရေး အစောင့်များဖြင့် ဖွင့်ထားသည်ကို တွေ့ရကြောင်း ဦးသောင်းက ဆက်လက်ပြောကြားသည်။
ဂျိုးဟိုးပြည်နယ်ရှိ လက်အိတ်စက်ရုံတစ်ခု လုပ်ကိုင်နေသည့် တရားမဝင် မြန်မာလုပ်သားတစ်ဦးကမူ “ဖမ်းဆီးတဲ့ သတင်းတွေတော့ ကြားနေရပြီး ကိုယ်တိုင်မတွေ့ရသေးဘူး” ဟု ဆိုသည်။
အော်ပရာစီစတင်သည့် နံနက်ပိုင်းတွင်ပင် တရားမဝင် နေထိုင်နေသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံတို့မှ တရားမဝင် နိုင်ငံသား စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံ သတင်းဌာန The Star တွင် ဖော်ပြသည်။
ယခုနှစ်အကုန်ထိ တရားမဝင် နိုင်ငံခြားသား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅,၀၀၀ ကိုလည်း ဖမ်းဆီးအရေးယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှားအစိုးရ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းဌာနတွင် ဖော်ပြ ထားသည်။
တရားမဝင် မြန်မာအလုပ်သမားများကို အလုပ်ရှင်များက စက်ရုံများတွင်သာ နေစေပြီး အချို့အလုပ်ရှင်များက လုပ်သားများကို လုံခြုံသည့် နေရာများသို့ ပို့ဆောင်ထားကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။
အော်ပရာစီ စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ မီးသတ်နှင့် နိုင်ငံခြားလုပ်သားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) တာဝန်ခံ အေးဂျင့်များ၊ UN ကတ် (မလေးရှားနိုင်ငံသို့ ခိုလှုံခွင့် လျှောက်ထားသူကတ်) တရားဝင် ရရှိထားသူများအတွက် ကုလသမဂ္ဂမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၃၅,၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ သတင်းများတွင် ဖော်ပြသည်။
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ်ငါးသိန်းနှင့် ထောင်ဒဏ်ငါးနှစ်၊ ကြိမ်ဒဏ်ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။

ဆန်ဖရန်စစ္စကို မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်
ဆန်ဖရန်စစ္စကို မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်
Monday, September 02, 2013
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော Burma Superstar အမည်ရှိ မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။
ဆန်ဖရန်စစ္စကို ပြည်နယ် Richmond ခရိုင်ရှိ Clement လမ်းတွင် ဖွင့်လှစ်ထားသော အဆိုပါ စားသောက်တွင် သြဂုတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် လာရောက် စားသောက်ခဲ့သော ၁၄ ဦးသည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့မှုကြောင့် ပြည်သူ့ကျန်းမာရေးဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ယင်းကျန်းမာရေးဌာနက ထုတ်ပြန်သည်။
အဆိုပါ အခင်းဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ကျန်းမာရေး အရာရှိများနှင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယခုကဲ့သို့ အဖြစ်အပျက်များ ယခင်ကဖြစ်ဖူးလေ့ မရှိကြောင်း စားသောက်ဆိုင်ပိုင်ရှင် Desmon Tan က ကြေညာခဲ့သည်။
ထို့အပြင် ဆန်ဖရန်စစ္စကိုပြည်နယ် ပြည်သူ့ကျန်းမာရေး ဆေးရုံအရာရှိများက အဆိုပါ စားသောက်ဆိုင်တွင် အသုံးပြုသော အစားအစာများသည် ကျန်းမာရေး ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရခြင်း၏ အခြေအနေမှန်ကိုလည်း ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ဆေးမှုများအရ ဝေဒနာ ခံစားနေရသူများတွင် E.coli ရောဂါလက္ခဏာများ ဖြစ်သည့် ဝမ်းဗိုက်ရောင်ရမ်းခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်းနှင့် တစ်ခါတစ်ရံ သွေးအန်မှုများ ဖြစ်နေသည်ကို တွေ့ရကြောင်း ယင်းသတင်းများတွင် ဖော်ပြထားသည်။
ထို့ကြောင့် ကျန်းမာရေး အရာရှိများက ယင်းစာသောက်ဆိုင်ကို ဆက်လက်စစ်ဆေးနေပြီး အသုံးပြုသော အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော မြန်မာစားသောက်ဆိုင် Burma Superster သည် ၁၉၉၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အာရှဒေသ အကောင်းဆုံး စားသောက်ဆိုင်ဆုကို ဆွတ်ခူးရရှိခဲ့သည့်ဆိုင် ဖြစ်သည်။
Sunday, September 1, 2013
*ယောင်္ကျားလေးနဲ့ မိန်းကလေးတွေ ရဲ့ စိတ်သဘောထားကွာခြားချက်လေးကဒီလို
*****ယောင်္ကျားလေးနဲ့ မိန်းကလေးတွေ ရဲ့ စိတ်သဘောထားကွာခြားချက်လေးကဒီလို*****

♥♥ ယောက်ျားလေးတွေ
တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………."ဒါငါ့ ချစ်သူလို့ ပေါ့ .။
♥♥ မိန်းကလေးတွေ
တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်……….ခွဲမသွားနဲ့ လို့ ပေါ့ …။
♥♥ ယောက်ျားလေးတွေ
သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .……………..ဖုန်းတွေဆက်ကြ၊ စာတွေရေးကြတယ် ..း။
♥♥ မိန်းကလေးတွေ
သတိရတဲ့  အခါ……
အလုပ်တွေကြားထဲက………. စောင့် မျှော်တက်ကြတယ်….. ။
♥♥ ယောက်ျားလေးတွေက
အချစ်ကို ရူးရူးမိုက်မိုက်
မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်......
မိန်းကလေးတွေက သိုသို ၀ှက်ဝှက်
အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်…….
♥♥ ယောက်ျားလေးတွေက
ဘာလုပ်ချင်တယ်ဆိုတာကို ပြောပြီး
မိန်းကလေးတွေက
ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။
♥♥ ယောက်ျားလေးတွေအသဲကွဲရင်
အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေအသဲကွဲရင်
မျက်ရည်ကသူငယ်ချင်းဖြစ်သွားကြတယ်……….။
♥♥ ယောက်ျားလေးတွေကအချစ်ကို
ရှေ့တန်းတင်ပြီးသူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို
သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………
♥♥ ယောက်ျားလေးတွေက
ချစ်သူ့ကို " လက်ထပ်မယ် " လို့  တယုတယပြောတဲ့ 
အချိန်……. မိန်းကလေးစိတ်ထဲက လေးလေးနက်နက်
ပြန်ပြောတာက " သစ္စာရှိပါနော် " တဲ့ …။
ဟုတ်သလားနော်တကယ်ချစ်တဲ့ အခါ ……

ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်
ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်
Sunday, September 01, 2013
ရန်ကုန်- ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ
မှန်ပြေးဆွဲပေးမည့် အငှားကားဝန်ဆောင်မှုလုပ်ငန်းကို
အမေရိကန်လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင်စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“လေယာဉ်တစ်စီးဆိုက်တိုင်း တစ်ခေါက်ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေးမယ်။ နိုင်ငံခြားသားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ်ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီအကြီးအကဲ ဦးကျော်ကျော်က ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆူးလေနှင့်ပန်းဆိုး တန်းအထိပြေးဆွဲပေးမည်ဖြစ်ပြီး နိုင်ငံခြားသားများအတွက် ဟိုတယ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ကာ ပြည်တွင်းခရီးသွားများအတွက်မူ လေဆိပ်မှအင်းစိန်လမ်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ အနီးဆုံးနေရာများတွင် ချထားပေးမည်ဟု ဦးကျော်ကျော်ကပြောသည်။
“နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာပဲလေ။ ခရီးသွားလုပ်ငန်းကောင်းလာရင် ဒါမျိုးဝန်ဆောင်မှုတွေက ၀င်လာမှာပဲ။ နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သုတေသနလုပ်ပြီးမှလုပ်တာ”ဟု Nature Dream ခရီးသွား ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဒေါ်စပယ်အောင်က ပြောသည်။
Yangon Ariport Shuttle ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံစဉ်အဆို ပါလုပ်ငန်းနှင့်ပတ်သက်၍တင်ပြခဲ့၍ နိုင်ငံတော်သမ္မတနှင့်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတို့က လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် Yangon Ariport Shuttle ကုမ္ပဏီသည် ၀ှီးချဲ ပါတင်ဆောင်နိုင်သောကားအပါအ၀င် ကားခြောက်စီးဖြင့်လုပ်ငန်း စတင်မည်ဖြစ်သည်ဟုဆိုသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

မလေးရှားမှာ မြန်မာ ၅ဝ ကျော် ဖမ်းဆီးခံရ၊ အိုဗာစတေး ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန်
မလေးရှားမှာ မြန်မာ ၅ဝ ကျော် ဖမ်းဆီးခံရ၊ အိုဗာစတေး ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန်
Sunday, September 01, 2013
From : မလေးရောက် ME သတင်းထောက်ယနေ့ (၁.၉.၂၀၁၃ တနင်္ဂနွေနေ့) Sunday, September 1, 2013 | 12:08:00 PM ယခုအချိန်မှ စတင်ကာ ကေအယ် ကိုတာရာယာ ဝန်းကျင်တွင် နှင့် ကားဂိတ် ၊ ရထားဂိတ် ၊ အဝေးပြေးသွားကားဂိတ်များတွင် နိုင်ငံခြားသားများအား အော်ပရာဇီ (အထူးစစ်ဆေး ဖမ်းဆီးခြင်း) အစီအစဉ်များ စတင်နေပြီ ဖြစ်ပါသည်။ကေအယ်တစ်ဝိုက်နှင့် အခြားနေရာများတွင်လည်း တစ်ပြိုင်နက် စတင်ဖမ်းဆီးမည် ဖြစ်ပါ၍ ကေအယ်နှင့် အခြားနေရာများ လူစည်ကားသော နေရာများသို့
သွားလာမှုများ ဂရုစိုက်ကြပါရန် ကြိုတင် အသိပေးအပ်ပါသည်။)
ယခု နံနက် (၁၀) အချိန်မှ စတင်ကာ ရဲများ လဝကများ ရေလာများ ပြည့်သူစစ်များမှ အဆင့်သင့် ပြင်ဆင်လျက် ရှိနေပြီ ဖြစ်သည်။ မလေးရှားနိုင်ငံ သတင်းဌာန၏ သတင်းထုပ်ပြန်ချက်များအရ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ယခုလ စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေ စပြီးစီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ အော်ပရာစီတွင် ဌာနပေါင်းစုံမှ ၀န်ထမ်းပေါင်း ၁၃၅,၀၀၀ (တသိန်း သုံးသောင်း ငါးထောင်)မှ ပါဝင် ဖမ်းဆီးအရေးယူဖြစ်ပြီး အဓိက ဖမ်းဆီးမည့် နေရာများမှာ Kuala Lumpur, Selangor, Penang, Johor, Kalang ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအနေဖြင့် အထောက်ရှိသူ အထောက်ထားမခိုင်လုံသူများ အကြောင်းမျိုးမျိုးကြောင့် အိုဗာစတေး ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန် ကြိုတင် သတိပေးအပ်ပါသည်။

မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ်သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
မနက်ဖြန်စတင်မယ့် အော်ပရာစီလို့ လူသိများတဲ့ အဲဒစီမံချက်မှာ တရားဝင်စာရွက်စာတန်းမရှိသူတွေ ပြေးစရာမြေမရှိလို့ ကြေညာထားပြီး၊ ရဲ၊ လူဝင်မူကြီးကြပ်ရေး၊ ပြည်သူ့စစ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးစစ်ဆေးမူတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီကနေ့ ပီနန်းမြို့မှာ လူစည်ကားတဲ့ဈေးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပီနန်းမြို့က ကိုဘိုမြက ခုလိုပြောပါတယ်။
“အခုပီနန်းမှာ လူစည်ကားတဲ့နေရာ ဘူကစ်မာတာဂျန်မှာ တော်တော်ဆွဲသွားတယ်၊ လူကခန့်မှန်း လော်လီ နှစ်စီးဆို ၈ဝ လောက်ပါသွားတယ်၊ ခန့်မှန်း ဗမာက ၅ဝ လောက်ပါမယ်ထင်တယ်၊ ဗမာက အများစုဖြစ်နေတယ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားပါမယ်၊ တရားမဝင်နေတဲ့သူအများစုက ဗမာနဲ့ အင်ဒိုနီးရှားကပိုများတယ်”
အဖမ်းခံရသူ မြန်မာတွေထဲမှာ အများစုဟာ တရားဝင်စာရွက်စာတန်းမရှိသူတွေဖြစ်ပြီး ၁ဝ ဦးလောက်ကတော့ အထောက်အထား စာရွက်စာတမ်းရှိပေမယ့်၊ ပါမလာသူတွေဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ စီမံချက်နဲ့ ဖမ်းဆီးမှုတွေမှာ တရားမဝင်နေထိုင်သူတွေများတဲ့ နေအိမ်၊ ရပ်ကွက်တွေကို အဓိကထားပြီး ညပိုင်းတွေမှာ ဝင်ရောက်ဖမ်းဆီးလေ့ရှိပေမယ့် ခုလိုဈေးအတွင်း ဝင်ရောက်ဖမ်းဆီးတာမျိုးတော့ သိပ်မတွေ့ရဘူးလို့ ပီနန်းမှာနေထိုင်တဲ့ မြန်မာတွေက ပြောပါတယ်။ အလားတူဖမ်းဆီးမှုတွေကို ကွာလာလမ်ပူမြို့ မြန်မာစားသောက်ဆိုင်တစ်ဝိုက်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။
Subscribe to:
Posts (Atom)