Wednesday, September 4, 2013
မြန်မာဝတ်စုံတွေပဲအ၀တ်များတယ်ဆိုတဲ့ အေးမြတ်သူ
Sexy ဆန်ဆန် ဒီဇိုင်းများ ၀တ်ဆင်လေ့ရှိသော အေးမြတ်သူက ယခုနောက်ပိုင်းတွင်
အသက်အရွယ်အရ တည်ငြိမ်သည့်ဘက်သို့ ရောက်ရှိလာသောကြောင့် မြန်မာဝတ်စုံများကို
ဦးစားပေးဝတ်ဖြစ်ကြောင်း ပြော
သည်။
“အမျိုးသမီးတစ်ယောက်က သူ့အသက်အချိုးအဆစ်တစ်ခုမှာ အပြောင်းအလဲဖြစ်တယ်။
အဲဒီလို အပြောင်းအလဲလိုမျိုး ကျွန်တော့် အကြိုက်တွေလည်း
ပြောင်းလဲသွားတာပါ”ဟု အေးမြတ်သူက ပြောသည်။
အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် ရဲတပ်ဖွဲ့နေ့ဂုဏ်ပြုဇာတ်လမ်းတွင်
ရဲအုပ်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး ဖြိုးငွေစိုးနှင့်
တွဲဖက်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း အေးမြတ်သူက ပြောသည်။
“ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင်ကားတွင်လည်း ဘ၀ကို
လေးလေးနက်နက်မတွေးဘဲနေထိုင်သည့် မိန်းကလေးတစ်ဦး၏ပုံစံ သရုပ်ဆောင်ထားပြီး
ရိုက်ရက်အနည်းငယ် ကျန်နေသေးကြောင်း အေးမြတ်သူက ပြောသည်။ “လုပ်ကွက်လည်းရတယ်။
ကိုယ့်ရဲ့အိုက်တင်ကိုလည်း ပြခွင့်ရတယ်။ ကံကောင်းလို့ ရိုက်ခွင့်ရတာပါ” ဟု
၎င်းကပြောသည်။
ယခုရိုက်ကူးပြီးသည်အထိ ဒါရိုက်တာခိုင်းသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးကြိုးစားထားကြောင်း အေးမြတ်သူက ပြောသည်။
၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်၍ နိုင်ငံခြားခရီးများ ဆက်တိုက်သွားဖြစ်နေပြီး
ပြီးခဲ့သည့် သြဂုတ်လက သွားရောက်ခဲ့သော ကိုရီးယားခရီးစဉ်မှာမူ ဒါရိုက်တာ
မောင်မျိုးမင်း၏ ကမ်းလှမ်းမှုကြောင့်ဖြစ်သည်ဟု ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံများသို့ သွားရောက်မည်ဖြစ်သော်လည်း မလေးရှားသို့ ၀င်ရန် အစီအစဉ်မရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ
အရှေ့ဥရောပ ကို ထွက်ခွါမယ့် ခရီစဉ်မှာ မြန်မာအများစုအဖမ်းဆီး ခံ နေရတဲ့
မလေးရှား နိုင်ငံကို ၀င်ရောက်ဖို့ အစီအစဉ် မရှိဘူးလို့သိရပါတယ်။
သူမရဲ့ ခရီးစဉ်အပေါ် မျှော်လင့်နေကြတဲ့မလေးရောက် မြန်မာတွေ ကတော့ မလေးရှား
ကို ၀င်ဖို့ အစီအစဉ် မရှိကြောင်းသိရလို့
စိတ်မကောင်းဖြစ်ရကြောင်းအခုလိုပြောပါတယ်။
"ကျွန်တော် တို့ ကတော့ အမေစု ခရီးစဉ် ရှိတယ် ၊ လာဖို့ ရှိတယ်လို့
ကြားထားတော့ စိတ်ထဲမှာ အားရှိခဲ့တာ။ အမေစု လာကူညီမယ်လို့လဲ မျှော်လင့်ခဲ့တာ
၊ အခုလို ၀င်ရောက်ဖို့ မရှိဘူးဆိုတော့ ကျွန်တော် ဘာပြောရမှန်းမသိပါဘူး"
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ
ခရီး စဉ် ကို စက်တင်ဘာလ ၁၀ရက်နေ့ က ပိုလန်နိုင်ငံက
နေစတင်သွားရောက်မှာဖြစ်ပြီးစက်တင်ဘာ ၁၇ ရက်မှာတော့
ဥရောပခရီးစဉ်ကိုအဆုံးသတ်ပြီး မြန်မာကို ပြန်လည်ထွက်ခွာမှာဖြစ်ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါက်တာ တင်မာအောင်၊ ဒေါက်တာ မျိုးအောင်နဲ့
ဦးစိုးဝင်းတို့ လိုက်ပါသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မကွေးမြို့ ကုလား-မြန်မာ အဓိကရုဏ်း သတင်း
မကွေးမြို့မှာ သက်ငယ်မိန်းကလေးတစ်ယောက်ကို မူဆလင်ကုလား သက်ကျားအိုကြီးက မုဒိမ်းကျင့်လို့ မကျေနပ်သူတွေ ဟိုတစ်စု ဒီတစ်စု စုစည်းနားစွင့်နေကြပါတယ်။ ကုလားကို ဖမ်းထားပြီး၊ လုံခြုံတဲ့နေရာပို့ထားလို့ ဆူပူအုံကြွမှု မဖြစ်အောင် ထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းအရင်းအမြစ်ကို ဆက်လက်စုံစမ်းနေပါတယ်။ သတိပေးလိုတာကတော့ ဥပဒေမဲ့ တုန့်ပြန်ခြင်းဖြင့် မူဆလင်ထောင်ချောက်ထဲ တိုးမဝင်မိကြဖို့ပါပဲ။
လှေစီးတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် လန်ချားစီးတဲ့ တို့အမေစု
ဘယ်လိုသာလည်း
စွဲကိုင်လက်နက်
ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား မကိုးစားလျှင်
ဓားသွားလည်းကြွေ လှံလည်းခွေအံ့…။
(နန္ဒိသေနပျို့)
ဆိုတဲ့ ပျို့အတိုင်း မကျင့်သုံးတတ်တော့ ပြည်သူတွေရေဘေးအခက်အခဲကို လိုက်လံစစ်ဆေးတဲ့
ပဲခူးတိုင်း ၀န်ကြီးချုပ်လည်း လှေစီးမိတာကြောင့် လှေစီးတဲ့ပုံကိုကြည့်ပြီး၂၀၁၅ မှ မဲမပေးဘူး
တော့ဘူးလို့ ၀ိုင်းဝန်းပြောဆိုခံရပါတယ်။
ရေကြောက်တတ်လို့လား။ အောက်က လူတွေကပဲ ဖားလို့လား။ ဒါမှ မဟုတ်ကိုယ်ကိုတိုင်
စီးချင်လို့ စီးတာလား မသိရပါဘူး။
ပြည်သူ့ ကွယ်ရာမှာ ဘာတွေပဲ ကောင်းအောင်လုပ်နေပါစေ ပြည်သူ့နှလုံး မသိမ်းကြုံးနိုင်တဲ့အခါ ရှုံးနိမ့်ရတာပါပဲ။ အလုပ်ကောင်းဖို့တာ အမြင်ကောင်းဖို့ပါလိုတယ်လို့ သင်ခန်းစာတစ်ခုတော့ရလိုက်ပါပြီ။
၁။ လှေစီးခဲ့၍
၂၀၁၅ မဲမရတော့လို့ ဆိုခံရတယ်။
၂။ ကားစီးခဲ့တဲ့ တို့အမေ ထီးမိုးမဲ့သူအသင့်ပဲ
၃။ ဒီလိုလေးနဲ့ ပြည်သူ့နှလုံးသိမ်းကြုံးနိုင်တော့။
၎။ သူတို့တွေက ချစ်ကြတယ်။
၅။ အမိုးအောက်ရောက်နေလည်း ထီးကြီးမိုးပေး။
၆။ ခရီးသွားလည်း တို့အမေထမီထုတ်ဆွဲပေးမှာပဲ။
၈။ နောက်ဆုံး ဗျူဟာကောင်းတော့ ဗမာသာကမ
ကုလားကပါ တို့အမေကို ချစ်ကြတယ်။
Tuesday, September 3, 2013
ဦးဝင်းထိန် အားမိတ္ထီလာ မြို့ သူမြို့ သားများ မြို့ လုံး ကျွတ် စုပေါင်းဆန္ဒပြမည် (ကြားဖြတ်သတင်း)
Tuesday, September 03, 2013

5.9.2013 ရက်နေ့ မိတ္ထီလာ အမတ် ဦးဝင်းထိန်အား မိတ္ထီလာမြို့ လုံး ကျွတ်ဆန္ဒပြမယ်လို့  သိရပါတယ်. ဆန္ဒဖော်ထုတ်ဖို့  သက်ဆိုင်ရာ ကို စာတင်ထားတာလည်း ကျလာပြီလို့ သိရပါတယ်..
ဘာတွေကို မကျေနပ်လိုဆန္ဒ့ ပြတယ်.. ဘယ်လိုတွေ တောင်းဆိုတယ်ဆိုတာ ကိုတော့ ထပ်မံစုံစမ်းပြီး တင်ပေးပါ့မယ်.
မောင်ဖိုးအောင်
Myanmar Express Group မှ ကူးယူဖေါ်ပြပါသည်။
အလုပ်သမားအရေး ဖြေရှင်းရန် မလေးရှားသို့ မြန်မာအထူးကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်
လတ်တလော၌ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဆိုပါအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယခုလ ၉ ရက်နေ့ ဝန်းကျင်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
သုံးလကြာ စစ်ဆင်ရေး ပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ် Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေးထားသည့် ယင်းစစ်ဆင်ရေး တစ်ရပ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်နေပြီဖြစ်ပြီး ၂၄ နာရီအတွင်း တရားမဝင် မြန်မာလုပ်သား ၅၅၅ ဦး အပါအဝင် နိုင်ငံခြားသား ၂၄၄၃ ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း မလေးရှား အခြေစိုက် The Star သတင်းစာက စက်တင်ဘာ ၂ ရက်နေ့တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်ကာ မြန်မာနိုင်ငံသား ဟု အမည်ခံထားသူများကိုလည်း သေချာစိစစ်သွားမည်ဖြစ်ပြီး အမှန်တကယ် မြန်မာနိုင်ငံသား ဖြစ်သူများအရေးကို ဖြေရှင်းပေးသွား မည် ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“အဖမ်းခံထားရတဲ့ သူတိုင်းကို မြန်မာလို့ ပြောလိုက်ရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရာ ရောက်သွားမယ်” ဟု ၎င်းကဆိုသည်။
မလေးရှားနိုင်ငံတွင် ကွာလာလမ်ပူ မြို့တော်၊ ပီနန်း၊ ဂျိုးဟိုး အစရှိနေရာများရှိ တရားမဝင် အလုပ်သမားအများစု ခိုအောင်းရာ နေရာများ၊ စက်ရုံများကို အဓိကထား စစ်ဆေးဖမ်းဆီးနေကြောင်း၊ အဖမ်းအဆီးများ ပြုလုပ်ရာတွင် မျက်နှာကြက်၊ ကြမ်းပြင်အောက်များတွင် ပုန်းနေသူများကိုပါ ရှာဖွေ ဖမ်းဆီးကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။
မြန်မာ ဈေးဆိုင်များရှိသည့် နေရာတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး တရားဝင် အထောက်အထား ရှိသူများကို ချက်ချင်းပြန်လွှတ်ပေးကြောင်း ပီနန်းမြို့တွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။
“ဖမ်းဆီးတာတော့ မတွေ့ရသေးဘူး။ စာအုပ် (နိုင်ငံကူးလက်မှတ်) မရှိတဲ့ သူတွေကတော့ မအိပ်နိုင် မစားနိုင်ဖြစ်နေကြတယ်” ဟု စလန်ဂေါပြည်နယ် ဓမာဆာရာမြို့တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။
ယခုနှစ်အကုန်ထိ တရားမဝင် နိုင်ငံခြားသား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅၀၀၀ ကို ဖမ်းဆီး အရေးယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှား သတင်းများတွင် ဖော်ပြသည်။
“မြန်မာတွေ အပြင်မထွက်ရဲတော့ဘူး” ဟု ဆာလာဘန်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် ဦးပြည်ကျော်စိုးက ပြောကြားသည်။
အော်ပရာစီ စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ အပါအဝင် အင်အား ၁၃၅,၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် မလေးရှားနိုင်ငံ သတင်းများတွင် ဖော်ပြသည်။
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ် ငါးသိန်းနှင့် ထောင်ဒဏ် ငါးနှစ်၊ ကြိမ်ဒဏ် ခြောက်ချက် သိုမဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။ .
အဲယားကွန်းပါသော ဂျပန် RBE ရထားအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရန် စီစဉ်
Tuesday, September 03, 2013
ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ်
အတွဲလိုက် အင်ဂျင်ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့အတွင်း စမ်းသပ်ပြေးဆွဲလျက် ရှိနေကြောင်း သိရသည်။
ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ''အခုရောက်ရှိနေတဲ့ RBE ရထားတွဲက ဂျပန်နိုင်ငံမှာ သုံးပြီးသားကို ၀ယ်ယူထားတာ ဖြစ်ပေမယ့် အားလုံး အကောင်းအတိုင်းပါပဲ။ ရထားတွဲက ၁၀ တွဲပါတယ်။ အားလုံးမှာ အင်ဂျင်တပ်ထားတယ်။ ဂျပန်နိုင်ငံက ရထားလမ်း စနစ်နဲ့ဆိုရင်တော့ တစ်တွဲမှာ တစ်မြို့နယ်စီ တင်ပြီးတော့ တစ်ဂိတ်ကို တစ်တွဲဖြုတ်နိုင်ပေမယ့် ကျွန်တော်တို့ စီမှာတော့ မရနိုင်သေးဘူး။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်အောင် နောက်ပိုင်းတွေ စီစဉ်မှာပါ'' ဟု ပြောကြားသည်။
စမ်းသပ်ပြေးဆွဲရာတွင် ရန်ကုန်မြို့ပတ် ရထားလမ်း အခြေအနေနှင့် ကိုက်ညီမှု မရှိသေးသော နေရာများတွေ့ ရှိခဲ့ရပြီး ပြင်ဆင်မှုများ ပြုလုပ်သွားပြီး စတင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ဦးရဲလွင်က ပြောကြားခဲ့သည်။
RBE ရထားတွဲအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရာတွင် တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်သည့်အပြင် ကျိုက်ထီးရိုးသို့ ပို့ဆောင်မည့် လမ်းကြောင်းများပါ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဈေးနှုန်းမသတ်မှတ် ရသေးကြောင်း သိရသည်။
ဦးရဲလွင်က ''သီတင်းကျွတ်က ရောက်တော့မယ်။ ကျိုက်ထီးရိုးကို ပြေးဆွဲဖို့လည်း စီစဉ်နေတယ်။ ရန်ကုန်ကိုရောက်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကလည်း ရထားနဲ့ သွားချင်တာ ဖြစ်တဲ့အတွက် ပို့ဆောင်ဖို့ စီစဉ်နေပါတယ်'' ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ ရထားလမ်း ပို့ဆောင်ရေး စနစ်များအတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ၂၀၁၂ ခုနှစ် နှစ်ကုန်းပိုင်းမှ သဘောတူညီမှု ရရှိခဲ့သည့်အတွက် ရထားလမ်းများအား ဂျပန်နိုင်ငံရှိ ပညာရှင်များနှင့် ရထားလမ်း စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
Monday, September 2, 2013
ဆီးရီးယားကိုတိုက်မည့်အစီအစဉ် အိုဘားမား ရွှေ့ဆိုင်း
Monday, September 02, 2013
သမ္မတဘားရက်အိုဘား မားက ဆီးရီးယားသမ္မတဘာ ရှားအယ်လ်အာဆတ်၏ အစိုး ရကိုပြစ်ဒဏ်ပေးမည့် ဒုံးကျည် ဖြင့်တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
ဓာတုလက်နက်အသုံးပြု တိုက်ခိုက်မှုပြုသည်ဟူသော စွပ် စွဲချက်ဖြင့် ဆီးရီးယားအစိုးရအား အရေးယူရေးအတွက် လွှတ်တော် မှ ထောက်ခံမှုရရှိရန်ကြိုးပမ်းမည် ဟူ၍ ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက် ယခုကဲ့သို့အစဉ်အလာ နှင့်ဆန့်ကျင်သော အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းမှာ အားလုံးကို အံ့ အားသင့်စေခဲ့သည်ဟုဆိုသည်။
စင်စစ်အားဖြင့် စစ်ရေးအ ရအရေးယူဆောင်ရွက်မှုအား အ မေရိကန်လွှတ်တော်အမတ်များ အားလပ်ရက်အနားယူရာမှ ပြန် လာချိန် အနည်းဆုံး စက်တင်ဘာ ၉ရက်အထိ ရွှေ့ဆိုင်းထားမည် ဖြစ်သည်။ သို့ရာတွင် သမ္မတအို ဘားမားက သူ့အနေနှင့် လွှတ် တော်၏ဆုံးဖြတ်ချက်ကို ဂရုမ ထားဘဲ တိုက်ခိုက်ပိုင်ခွင့်ကို ဆုပ် ကိုင်ထားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ အိမ်ဖြူတော်အရာရှိတစ်ဦးကမူ ရပ်နားထားသည့်အချိန်အတွင်း နိုင်ငံတကာမှ ထောက်ခံအားပေး မှုရရှိရန် သမ္မတအိုဘားမားအနေ နှင့် ဆောင်ရွက်နိုင်မည့်အချိန် ရ ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
လွန်ခဲ့သည့်ရက်က ကိုင်ရို တွင် အာရပ်အဖွဲ့ချုပ်၏ တွေ့ဆုံ ဆွေးနွေးပွဲတွင် သမ္မတအာဆတ် ကို ပြစ်တင်ရှုတ်ချမည်ဟု မျှော် လင့်ကြောင်း သိရသည်။ လာမည့် ရက်သတ္တပတ်တွင် ဆီးရီးယားအ ကျပ်အတည်းအရေးကိစ္စက လွှမ်း ခြုံနေမည့် ဂျီ- ၂ဝထိပ်သီးဆွေး နွေးပွဲကျင်းပမည့် ရုရှားနိုင်ငံသို့ သမ္မတအိုဘား မားတက်ရောက် မည်ဖြစ်ကြောင်း သိရသည်။
သမ္မတအိုဘားမားအနေ နှင့် ဆီးရီးယားအားစစ်ရေးအရ အရေးယူရန် ဗြိတိသျှပါလီမန်တွင် မဲခွဲဆုံးဖြတ်ရာ၌ ဝန်ကြီးချုပ်ဒေး ဗစ်ကင်မရွန်းကြုံတွေ့ခဲ့ရသော အဖြစ်နှင့် အလားတူရင်ဆိုင်ရ မည်ဖြစ်ကြောင်း လေ့လာအကဲ ခတ်သူတို့က သတိပေးခဲ့ကြောင်း သိရသည်။ အိမ်ဖြူတော်ရို့စ်ဂါး ဒင်းတွင် မိန့်ခွန်းပြောကြားမှုအ တောအတွင်း သမ္မတအိုဘား မားက တိုက်ခိုက်မှုအတွက် မည် သည့်အချိန်တွင် တိုက်ခိုက်သည် ဖြစ်စေ တိုက်ခိုက်ရန်အတွက် ပြင် ဆင်ထားမည်ဖြစ်ကြောင်း၊ တိုက် ခိုက်မည့်အချိန်သည် မနက်ဖြန် သို့မဟုတ် နောက်ထပ်ရက်သတ္တ ပတ် သို့မဟုတ် နောက်တစ်လ လည်းဖြစ်သွားမည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ထည့်သွင်း ပြောကြားသွားခဲ့ကြောင်း သိရ သည်။
အမေရိကန်ပြည်ထောင် စု၏ တိုမာဟော့ဒုံးကျည်များ တပ်ဆင်ထားသော စစ်သင်္ဘော ငါးစင်းခန့်သည် အရှေ့မြေထဲ ပင်လယ်တွင် ဆီးရီးယားအစိုးရ ပစ်မှတ်များကို အတိအကျထိ မှန်အောင်ပစ်ခတ်ရန်အသင့်ရှိ နေကြောင်းသိရသည်။ အလား တူပင် ပြင်သစ်နိုင်ငံကလည်း အမေရိကန်ပြည်ထောင်စုနှင့် ဆုံးဖြတ်ချက်တစ်သားတည်းရှိ နေမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)

























