ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, October 2, 2013

ထောင်ချောက်ထဲ သက်ဆင်းမိသော သံတွဲသားများ
















ဒီနေ့ မနက် 9:30 နာရီခန့်မှာ ငါးစိမ်းသည်နှစ်ယောက် စကားများရန်ဖြစ်ကြပါတယ်။ ဒွါရာဝတီသံတွဲ ဈေးထဲမှာပါ။ ဂျိတ်တောမှာ ရခိုင်ငါးစိမ်းသည်နှင့် သံတွဲမှ မူဆလင်ငါးစိမ်းသည်တို့ စကားများကြတာပါ။ နှစ်ဖက်အုပ်စု အင်အားများလာပြီး ဆိုင်တွေပိတ်ကြတဲ့အထိ ကောလာဟလကြီးမားသွားပါတယ်။

သဗြုချိုင်အောက်ရွာ၊ သဗြုချိုင်အလယ်ရွာ၊ သဗြုချိုင်တောင်ပေါ်ရွာ-(သဗြုချိုင်သုံးရွာ) သို့ အင်းအား ၂၀၀ ခန့်ရှိ ရခိုင်လူအုပ်ကြီး ချီတက်သွားရာမှ အိမ်ခြေ (၁၄) လုံး မီးရှို့ခံရတာပါ။

လင်းသီ-ပြင်ယောင်း-ရွှေလှေ ရွာတို့မှာလည်း- ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း အခြေအနေအရပ်ရပ်တပ်အပ် မပြောနိုင်ကြောင်း
သံတွဲအနောက်ဘက် နှစ်မိုင်ခန့်ကွာဝေးတဲ့ မဲကျွန်းရွာမှ မူဆလင်အိမ်(၂၀) အဖျက်ဆီးခံရကြောင်း
ယနေ့ (1.10.2013) မနက် 10:00 နာရီခန့်မှာ သံတွဲမြို့ အမှတ် (၅) မူဆလင်ရပ်ကွက်မှ ရခိုင်များ ဘုန်းကြီးကျောင်းများသို့ ပြောင်းကြကြောင်း၊ အဖိုးအဖွားနှင့် အမျိုးသမီးများ၊ ကလေးများ ပြောင်းကြတာဖြစ်ပြီး အမျိုးသားများသာ အိမ်စောင့်ကျန်ခဲ့ကြကြောင်း သိရသည်။

သဗြုချိုင်သုံးရွာမှ မူဆလင်များနှင့် ရွှေလှေရွာမှ မူဆလင်များ တောထဲမှာ ပုန်းခိုနေကြရကြောင်း၊ ညမထွက်ရ အမိန့်ကို ညနေ 6:00 နာရီမှ မနက် 6:00 နာရီထိ တိုးမြှင့်ခဲ့ကြောင်း၊ လုံခြုံရေးများကို တိုးမြှင့်ချထားခဲ့ကြောင်း၊ ည 7:00 မှာ ခြောက်လှန့်ပစ်သံများ ဆူညံနေခဲ့ကြောင်း၊ ယခုညတော့ ငြိမ်သက်လျက်ရှိကြောင်း သိရသည်။

သံတွဲသားတွေ ထောင်ချောက်မိသွားပြီ။ မကြာမီလာပါတော့မည်။ လူနည်းစုဆိုတာတွေ၊ ဗုဒ္ဓဘာသာအကြမ်း ဖက် လူရမ်းကားအုပ်စုဆိုတာတွေ၊ ဘာသာရေး-လူမျိုးရေး ဖိနှိပ်မှုဆိုတာတွေ-ဓာတ်ပုံ-ရုပ်သံမှတ်တမ်း စုံလင်စွာ ဖြင့် မျက်ရည်ပါသော ငိုခြင်းရော-မျက်ရည်မပါသောငိုခြင်းပါ ငိုခြင်းသည်မျိုးစ၏ုံ ရင်ဖွင့်သံများ ကြားရ ပေ တော့ မည်။ 

သံတွဲသားတို့ရေ-သားသမီးမကောင်း မိဘခေါင်းဗျ။ သမ္မတကြီးတော့ ခံပေရော့ပဲ။ (သမ္မတကြီး၏ သံတွဲခရီးစဉ် မသေချာတော့ကြောင်း သိရသည်။)

သံတွဲဒေသ ပဋိပက္ခ တစ်ဦးသေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သဗြုချိုင်ကျေးရွာနှစ်ရွာမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်း အခြေအနေတွေကို သံတွဲဒေသတွင်း သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းနိုင်က RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့အခြေအနေကတော့ သဗြုချိုင်မှာ မီးရှို့နေတယ်၊ ရဲကလည်း မိုးပေါ်ထောင်ပစ်နေပါတယ်၊ အဲဒီမှာ ရွာသားတွေက ချောင်ပိတ်မိနေပါတယ်"

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က လုံခြုံရေးမရှိသေးတဲ့ ကျေးရွာတွေမှာ အဲဒီလို မီးရှို့တိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို့ အခုလို ပြောပါတယ်။

"ဒီဖြစ်တာက မြို့ပေါ်မှာမဟုတ်ဘူး၊ ဒီမြို့ပေါ်ကပြီးသွားပြီ၊ မြို့နဲ့ လုံခြုံရေးနဲ့ အလှမ်းဝေးတဲ့နေရာပေါ့၊ ရွှေလီဘက်ဆိုရင် မြို့နဲ့မိုင် ၂ဝ လောက်ဝေးတယ်၊ အဲလိုဖြစ်လို့သတင်းကြားတာနဲ့ တခါတည်း အဲနေရာကိုတော့သွားတာပေါ့၊ သဗြုချိုင်လည်းအဲလိုပဲ၊ ဖြစ်မယ်ထင်လို့ ဒီနေ့မနက်မှာ လုံခြုံရေးမရောက်ခင်အချိန်လေးမှာပဲ ဒီပြဿနာတွေဖြစ်တယ်လို့ပဲ သိရတယ်"

နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် သဗြုချိုင်ကျေးရွာနဲ့ ပေါက်တောကျေးရွာတွေမှာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ကျွမ်း မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပေမဲ့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို အတည်ပြုပြောကြားတာ မရှိပါဘူး။

ဒီနေ့ မီးရှို့တိုက်ခိုက်ခံရတဲ့ သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေဟာ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေက သံတွဲမြို့ပေါ်မှာ ကမန်အမျိုးသားတစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးတို့ သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ မီးရှို့မှုဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

သံတွဲဒေသမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

Tuesday, October 1, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး





နေပြည်တော် အောက်တိုဘာ ၁
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဌေးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်တို့ လိုက်ပါလျက် ရဟတ်ယာဉ် ဖြင့် မြောက်ဦးမြို့သို့ ရောက်ရှိပြီး မြို့တည်ငြိမ် အေးချမ်းမှု အခြေအနေကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် မြောက်ဦးမြို့ နဝရတ်ဟိုတယ် ဧည့်ခန်းမ၌ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဦးတို့က မြောက်ဦးမြို့ သို့ နှစ်အလိုက် နိုင်ငံခြားသား လာရောက်လည်ပတ်မှုနှင့် ခရီးသွားလုပ်ငန်း အခြေအနေ၊ ခရိုင်အတွင်း စိုက်ပျိုးမြေ ဧရိယာနှင့် စိုက်ပျိုးထားမှု၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတ က ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ဖွယ်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း (ခေါ်) ရန်အောင်ဇေယျ ပုထိုးတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ လှူဒါန်းသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့သို့ ရောက်ရှိကြပြီး သမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော် ကြည်ညိုကာ ရွှေသင်္ကန်းကပ်လှူ ပူဇော်သည်။
ယင်းနောက် မြို့နယ်ရှိ နဝရတ်ခန်းမ၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှု၊ မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင် များက ဝိုင်းဝန်းစဉ်းစား ဆွေးနွေး၍ လိုအပ်သည်များကို အဆင့်ဆင့် တင်ပြဆောင်ရွက် သွားရန်လိုအပ်မှု၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဒေသခံပြည်သူများက ဝိုင်းဝန်း ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကို တင်ပြကြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မောင်တောခရိုင်၊ မောင်တောမြို့သို့ ရောက်ရှိသည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်မှူးရုံး ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် အတူတကွ ဝိုင်းဝန်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒုက္ခသည်များအတွက် လူနေအိမ်များ ပြန်လည် ဆောက်လုပ်ပေးထားမှုကို ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ညနေပိုင်းတွင် စစ်တွေ မြို့သို့ ပြန်လည်ရောက်ရှိသည်။

သံတွဲ ကုလား-ရခိုင် အဓိကရုဏ်း ၁ ဦးသေ၊ အိမ် ၁၄ လုံး မီးလောင်


 ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ၁၇ မိုင် အကွာမှာရှိတဲ့ ရွှေလှေ ကျေးရွာ အုပ်စု ထဲက သပြုချိုင်၊ ပေါက်တောနဲ့ ရွှေလှေ ကျေးရွာ ၃ ခုမှာ မွတ်ဆလင် အိမ်တွေကို လူအုပ်နဲ့ ဝိုင်းပြီး မီးရှို့ တိုက်ခိုက်တဲ့ အတွက် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အိမ်ခြေ ၁၄ လုံးထက်မနည်း မီးလောင် သွားတယ်လို့ သံတွဲ ခရိုင် ဒုရဲမှူးကြီး ကျော်တင့်က ပြောပါတယ်။

အခုအခါ အဲဒီ ကျေးရွာတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ဆောင်ရွက် ပေးနေပြီး အခြေ အနေကို ထိန်းချုပ်ထားနိုင်ပြီလို့ သူက ဆိုပါတယ်။

ဒေသတွင်းမှာ ရောက်နေတဲ့ သတင်းထောက် တစ်ဦးရဲ့ အပြော အရတော့ ညနေ ၅ နာရီအထိ ကျေးရွာတွေမှာ မီးလောင်နေတာ တွေ့ရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သံတွဲ မြို့နယ် အတွင်းမှာ ညမထွက်ရ အမိန့်ကို အရင်က ည ၉နာရီကနေ မနက် ၆ နာရီအထိ သတ်မှတ် ထားရာ ကနေ အခုအခါ ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့် သတ်မှတ် ထားတယ်လို့ သိရပါတယ်။


 မကြာသေးခင်ကလည်း မတ္ထီလာမှာ မွတ်ဆလင်များက ဗုဒ္ဓဘာသာ ဆရာတော် ဦးသောဘိတကို ဗလီတွင်းစွဲသွင်းပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကို မခံနိုင်လို့ မြန်မာ-ကုလား အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။

ကျွန်တော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာဆိုရင် သမ္မတဖြစ်ရေးထက် ပါတီခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ အနေအထားကို ပိုသဘောကျမိမှာ အမှန်ပဲ ~ ဦးရဲထွန်း

မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဟု ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု အသီးသီး ထောက်ပြ ပြောဆိုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ရေးနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကို မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice : ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒ သဘောထားကို ပြောပြပေးပါ။
UYH : ကျွန်တော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထား ဆိုတာထက် ကျွန်တော့် ထင်မြင်ယူဆချက်ကိုပဲ ပြောပါရစေ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယ အပတ်ထဲက တောင်ကြီးမြို့မှာ ကျွန်တော်တို့ပါတီက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ အဓိကကတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့ လေ့လာ သုံးသပ်ရေး ကော်မတီမှာပါတဲ့ ကျွန်တော်တို့ပါတီက အဖွဲ့ဝင်လေးဦးကို အချက်အလက်တွေ စုဆောင်းပေးတဲ့ အစည်းအဝေးပေါ့။ အဲဒီမှာ ကျွန်တော် နားလည်လိုက်တဲ့ သဘောထားကတော့ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲခြင်းထက် ပြင်ဆင်ဖြည့်စွက် အသုံးပြုခြင်းက နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် ပိုမိုကောင်းမွန်တယ်။ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဝိုင်းဝန်းကြိုးစား ရာမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေးမှာ တိုးတက် ကောင်းမွန်လာနေတဲ့ အပြန်အလှန် ယုံကြည်မှုကို မထိခိုက်စေရန်။ (၃) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အဓိက ရည်မှန်းချက်အဖြစ် ထားရှိသင့်တဲ့ ကိစ္စဟာ တိုင်းရင်းသားတိုင်း တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိရေးတို့အပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပီပြင်ရေး စတဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်သုံးချက်ဟာ ပါတီရဲ့ အမြင်ဖြစ်တယ်လို့ ကျွန်တော်မှတ်ယူပါတယ်။

Voice : တောင်ကြီးမှာ လုပ်ခဲ့တဲ့ မွန်၊ ရှမ်း၊ ကယားညီလာခံမှာ အခြေခံဥပဒေပြင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးနှစ်မျိုး ပြောထားပါတယ်။ ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် ဘယ်လမ်းက ပိုပြီးသင့်တော်မလဲ။ ဘာကြောင့်လဲ ဆိုတာကော နည်းနည်းလောက် ရှင်းပြပါလား။

UYH : ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် အသစ်ပြန်လည် ရေးဆွဲတာထက် တိုင်းပြည် တည်ငြိမ်ပြီး ကြီးပွားတိုးတက်ဖို့အတွက် လိုအပ်တယ်လို့ ဘုံသဘောတူ ယူဆထားချက်တွေကို ပြင်ဆင် အသုံးပြုတာက ပိုကောင်းပါတယ်။ ယခု ဘုံသဘောမတူနိုင်သေးတဲ့ အချက်တွေကို ခဏထားလိုက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ တပ်မတော်က ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး တောက်လျှောက် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာခဲ့ရာက တပ်မတော် စိတ်ကြိုက် နိုင်ငံနဲ့ သင့်တော်မယ်လို့ သူတို့ယူဆတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အုပ်ချုပ်လာတာ ၂ နှစ်ခွဲကျော်ကျော်ပဲ ရှိပါသေးတယ်။

တချို့ကိစ္စတွေမှာဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော်လည်း လက်တွေ့မှာ မကျင့်သုံးသေးတာမျိုးတွေ ရှိနေလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်လား၊ လက်တွေ့ အကောင်အထည် ဖော်နေသူတွေရဲ့ အားနည်းချက်ကြောင့်လားဆိုတာ အသေအချာ မပြောနိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေကို စပွန်ဆာလုပ်ခဲ့တဲ့ တပ်မတော်ဟာ ကနေ့မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးမှာ အဓိကအင်အားစု တစ်ရပ်အနေနဲ့ ရှိမြဲ ရှိနေပါသေးတယ်။

ကနေ့သွားနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ တကယ်တော့ စစ်ဘက်-အရပ်ဘက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးပဲဖြစ်လို့ အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးကို ထိပ်တန်း တင်လိုက်ရင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်။

Voice : အသစ်ပြန်ရေးမယ် ဆိုတဲ့အခါ နိုင်ငံရဲ့လက်ရှိသွားနေတဲ့ လမ်းကြောင်းနဲ့ အနာဂတ်ကို ဘယ်လို အကျိုးသက်ရောက် နိုင်မလဲ။

UYH : နိုင်ငံ လက်ရှိသွားနေတဲ့ လမ်းကြောင်းက စစ်ဘက်-အရပ်ဘက် ယုံကြည်မှု တည်ဆောက်ရေး၊ တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေး။ အဲဒီမှာ အဓိကဦးဆောင်တဲ့ အင်အားစုက တပ်မတော် ဖြစ်နေသေးတယ်။ အဲဒီအင်အားစုက နားလည် သဘောပေါက်လာအောင် လုံလောက်တဲ့ အချိန်နဲ့ လက်တွေ့ ဖြတ်သန်းမှု တစ်စုံတစ်ရာ မလုပ်ရသေးခင်မှာ သူတို့ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ဘေးချိတ်လိုက်ပြီး အသစ်ပြန်လည် ရေးကြစို့လို့ပြောရင် ရန်စကား ပြောသလို ဖြစ်နေလို့ အနည်းနဲ့အများ ဆိုသလို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

Voice : ခုတိုင်းပြည်မှာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ကြတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် အဟန့်အတားတွေ ရှိနေတယ်လို့ ဆရာ့အနေနဲ့ ယူဆပါသလား။ တချို့အဖွဲ့တွေက ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး ပြောကြတော့ ငြိမ်းချမ်းရေးအတွက် ဘယ်လို ရှေ့ဆက်သွားသင့်သလဲ။

UYH : လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အတွင်းကျကျ ပါဝင်ခဲ့တဲ့သူ မဟုတ်တော့ သူတို့က ဘာတွေ တောင်းဆိုတယ်။ တိုင်းပြည် အနာဂတ်မှာ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ရင် သူတို့က ဘယ်လို ဖြစ်စေချင်တယ်ဆိုတာ အတိအကျ မသိရပါဘူး။ အဲဒီအချက်တွေကို အတိအကျ သိရရင်တော့ အဟန့်အတား ဖြစ်နေတဲ့ ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်လား၊ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချက်လားဆိုတာ ထောက်ပြ ဝေဖန်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက် ပြောဆိုချက်တွေကို အသိပေး ထုတ်ပြန် ကြေညာသင့်ပါတယ်။

Voice : ခုတွေ့နေရတာက ကြံ့ခိုင်ရေးကလည်း အခြေခံဥပဒေ ပြင်တဲ့အခါ သူတို့ အကျိုးစီးပွား မထိခိုက်အောင် ထိန်းသိမ်းချင်တဲ့ သဘောရှိတယ်။ တိုင်းရင်းသားပါတီ အသီးသီးကလည်း ဖက်ဒရယ်ကို အမျိုးမျိုး အားပြုပြောနေကြတယ်။ တစ်ဖက်မှာ အဓိက အတိုက်အခံဖြစ်တဲ့ NLD မှာလည်း ကိုယ်ပိုင် Interest ရှိနေတယ်။ ဒီလို လမ်းကြောင်းတွေ မတူကြတဲ့အပေါ် ဘယ်လို သဘောထားပါသလဲ။

UYH : ပါတီစုံ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီအကျိုး စီးပွားအတွက်လည်းဖြစ်တဲ့ ကိစ္စတစ်ခုကို ဒါဟာ ပြည်သူ့ အကျိုးစီးပွားပါလို့ ပြောကြာ ဓမ္မတာပါပဲ။ သိပ်တော့ မဆန်းပါဘူး။ လွတ်တော်ထဲမှာ အင်အားတောင့်တဲ့ ပါတီကတော့ ပြောလည်းပြော အကောင်အထည်လည်း ဖော်သွားနိုင်မှာပေါ့။ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလို သူအလှည့် ရှိသလို ကိုယ့်အလှည့်လည်း ရှိမှာပေါ့။

Voice : အခြေခံဥပဒေကို ပြင်တဲ့အခါ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုအသီးသီး၊ တိုင်းရင်းသားအဖွဲ့တွေ ဘယ်လိုလက်တွဲ အလုပ်လုပ်သွားနိုင်မယ်လို့ ခန့်မှန်းပါသလဲ။

UYH : အခုလေ့လာသုံးသပ်ရေး ကော်မတီက Guidelines ချထားရာမှာ ကော်မတီအနေနဲ့ ဖြစ်စေ၊ ကော်မတီဝင် တစ်ဦးချင်းဖြစ်စေ လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုတွေ၊ ပညာရှင်တွေ၊ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး သဘောထား ရယူနိုင်ကြောင်း ပြောထားတာ ရှိလေတော့ အဲဒီကိစ္စအတွက် လွတ်လွတ်လပ်လပ် အကြံပေးနိုင်ကြမှာပါ။

Voice : လတ်တလောမှာ အခြေခံဥပဒေကို အသစ်ပြန်ရေးဖို့ပြောတဲ့ အသံတွေ အားကောင်းလာတာ တွေ့ရတယ်။ ဒါပေမဲ့ တပ်မတော်မှာက အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေးဆိုတဲ့ ဦးတည်ချက် ရှိနေတော့ အဲဒီနှစ်ခု ထိပ်တိုက်တွေ့ခဲ့ရင် အားလုံးစိုးရိမ်တဲ့ နောက်ကြောင်း ပြန်လှည့်မှုမျိုးဆိုတာ ဖြစ်သွားနိုင်လား။

UYH : ဒီမိုကရေစီစနစ် လူ့ဘောင်မှာ လူတိုင်းလွတ်လပ်စွာ သဘောထား ဖော်ထုတ်ခွင့်ရှိတယ် ဆိုတာရယ်၊ အခြေခံဥပဒေ အပါအဝင် ဥပဒေ ပြဋ္ဌာန်းရေးဟာ လွှတ်တော်ကပဲ ဆုံးဖြတ်တာ ဖြစ်တယ် ဆိုတာရယ်၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရမယ်၊ မလိုက်နာရင် အရေးယူခံရမှာ ဖြစ်တယ်ဆိုတဲ့ အချက်တွေကို ပါဝင်ပတ်သက်နေသူ အားလုံးက လေးလေးနက်နက် သဘောပေါက်ကြရင် ဘာအန္တရာယ် မှမရှိနိုင်ပါဘူး။ ဒါပေမဲ့ တစ်ဖက်က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာနဲ့ အားမရသေးဘဲ လူ့အဖွဲ့အစည်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ပြီး မိမိတို့ တောင်းဆိုချက်တွေကို အတင်းအဓမ္မ လုပ်လာမယ်ဆိုရင် နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ အန္တရာယ် ရှိသလို တစ်ဖက် မှာလည်း သူတစ်ဖုံငါတစ်မျိုး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာ လေးလောက်ကို တိုင်းပြည်တော့ ပြိုကွဲတော့မှာပဲလို့ ပုံကြီးချဲ့ တွေးတောပြီး ၆၂ ခုနှစ်ကလို ပြန်လုပ်ကြမယ် ဆိုရင်တော့ အန္တရာယ် ရှိတာပေါ့။

ဒါက တပ်မတော် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး နားလည်မှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။

Voice : နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ဖို့ အခြေခံဥပဒေမှာပါတဲ့ အချက်တချို့ကို ဖယ်ရှားမယ်ဆိုရင် အမျိုးသား လုံခြုံရေးဘက်မှာ စိုးရိမ်စရာ ရှိတယ်လို့ ပြောကြတော့ ဘယ်လို ဖြေလျှော့မှုက အကောင်းဆုံး ဖြစ်နိုင်မလဲ။

UYH : အကောင်းဆုံး ဖြေလျှော့မှုကတော့ လူ့အဖွဲ့အစည်းတစ်ခု၊ တိုင်းနိုင်ငံတစ်ခု ကောင်းမွန်တဲ့ စနစ်တစ်ခုဆီကို ချီတက်ရာမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းထက် Institution များ ပြောင်းလဲရေးက ပိုမိုအဓိက ကျတယ်ဆိုတဲ့ အချက်ရယ်၊ ဒီနေ့ အခြေခံဥပဒေမှာ သမ္မတမှာလည်း လုပ်ပိုင်ခွင့် ရှိသလို ပါတီပိုင်းနဲ့ လွှတ်တော်ဥက္ကဋ္ဌ တာဝန် နှစ်ခုလုံးကို ပူးတွဲ တာဝန်ယူထားနိုင်တဲ့ ပုဂ္ဂိုလ်မှာလည်း ကြီးမားတဲ့ လမ်းညွှန်မှုပေးတဲ့ အလုပ်တွေ လုပ်နိုင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်ရင် အားလုံး အဆင်ပြေသွားမှာပါ။ ကျွန်တော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာဆိုရင် သမ္မတဖြစ်ရေးထက် ပါတီခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ အနေအထားကို ပိုသဘောကျမိမှာ အမှန်ပဲ။

Voice : ဦးရဲထွန်းကိုယ်တိုင် ၂၀၀၈ အခြေခံဥပဒေ အောက်မှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ယူနေတာဆိုတော့ အခြေခံဥပဒေ ပြန်ရေးကြမယ်ဆိုတဲ့ သဘောထားအပေါ်မှာ ဘာများပြောချင်ပါလဲ။
UYH : မျက်မှောက်နိုင်ငံရေး အခြေအနေကို ထည့်သွင်း စဉ်းစားတာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် အခြေခံဥပဒေ အသစ်ပြန်ရေးမယ်ဆိုတဲ့ သဘောထားက စိတ်ကူးယဉ် ဆန်လွန်းပါတယ်။

Voice : လက်နက်ကိုင် တိုက်ပွဲမှာလည်း ပါခဲ့ဖူးတယ်။ အခု လွှတ်တော်တွင်းကနေ တိုင်းပြည် အပြောင်းအလဲကိုလည်း ဖော်ဆောင်နေသူဖြစ်တော့ လက်ရှိ နိုင်ငံသွားနေတဲ့ အနေအထားနဲ့ ၂၀၁၅ ထိ ရှေ့အလားအလာကို ဘယ်လို သုံးသပ်မလဲဗျ။

UYH : ဒီကိစ္စသုံးသပ် ပြောကြားဖို့ကတော့ သိပ်ကျယ်ပြန့်ပါတယ်။ တိုတိုနဲ့ ပြောရင်လည်း မပြည့်မစုံ ဖြစ်နေနိုင်တယ်။ ၂၀၁၅ ခုနှစ်အထိ သုံးသပ်ရမယ် ဆိုရင်တော့ အရင်ထက်စာရင် ကျွန်တော်တို့တစ်တွေဟာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ ကျင့်စဉ်တွေနဲ့ ပိုမိုယဉ်ပါးလာမှာ ဖြစ်သလို၊ ပါတီ တည်ဆောက်ရေး၊ လွှတ်တော်တွင်း လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာရေး စတာတွေမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ပါတယ်။ ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်နဲ့ သမ္မတဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့ကြားမှာလည်း ယခင်ကထက် ပိုမိုစည်းလုံး လာနိုင်ဖွယ်ရာ အရိပ်အယောင် တွေ့ရပါတယ်။

တစ်ဖက်ကိုတစ်ဖက် အပြုတ်တိုက်ရေး လုပ်တာဟာ အားလုံးအတွက် အကျိုးမရှိဘူးဆိုတာ (တိုင်းပြည် အတွက်ရော၊ ပြည်ခိုင်ဖြိုးပါတီ အတွက်ရော) နားလည် သဘောပေါက် လာကြရင်ပေါ့။

Voice : NLD နဲ့ တိုင်းရင်းသားပါတီများ ညှိနှိုင်း သဘောတူညီချက်အရ အခြေခံ ဥပဒေပြင်ရေးသို့ အသစ်ပြန်ဆွဲရေးကို ပြည်သူ့ သဘောဆန္ဒ ကောက်ယူပြီး လွှတ်တော် ပူးပေါင်း ကော်မတီထံ အစီရင်ခံစာ တင်သွင်းသွားမယ်လို့ သိရပါတယ်။ ပြည်သူတွေရဲ့ Awareness နဲ့ အခြေခံ ဥပဒေပြင်ရေးသို့ အသစ်ပြန်ဆွဲရေးကို တည့်တည့်မတ်မတ် သဘောဆန္ဒ ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။

UYH : ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ သာမာန်ပြည်သူ တစ်ယောက်အဖို့ မဆိုထားနဲ့ ရိုးရိုးဥပဒေဘွဲ့ရ ပညာတတ်ပုဂ္ဂိုလ် တစ်ယောက်သည်ပင်လျှင် နိုင်ငံရေးကို လေ့လာလိုက်စား နားလည်မှု မရှိရင် ထိုအခြေခံဥပဒေဟာ တိုင်းပြည်တစ်ခုအတွက် တော်၏ မတော်၏ သင့်၏ မသင့်၏ဆိုတဲ့ ကိစ္စများကို မှန်ကန်စွာ အကဲဖြတ်နိုင်ဖို့ အင်မတန် ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို နိုင်ငံရေး အခြေအနေအရ အထိအခိုက် မခံနိုင်တဲ့ အနေအထားမျိုး (တစ်နည်းအားဖြင့် ပြောရရင် အမျိုးသား ရင်ကြားစေ့ရေးကို ကြိုးစား တည်ဆောက်နေဆဲ ကာလမျိုး) မှာ ပြည်သူတွေအတွင်း ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်လာစေနိုင်တဲ့ ကြီးလေးတဲ့ ကိစ္စကို ဆန္ဒခံယူပွဲ လုပ်ပြီး သဘောထား ရယူသွားမယ်ဆိုတာ မသင့်တော်ဘူးလို့ မြင်ပါတယ်။

Voice : ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်က ယိုယွင်းခဲ့တဲ့ တိုင်းပြည်ကို ပြန်တည်ဆောက်စ ကာလမှ ဒီလိုကြီးလေးတဲ့ ဝတ္တရားမျိုးကို ပြည်သူကို တာဝန်ယူစေသင့်လား။ ဒါမှမဟုတ် ပြည်သူကို ဦးဆောင်မယ့် သူတွေက ရဲရဲဝံ့ဝံ့ တာဝန်ယူသင့်လားဆိုတာ ဦးရဲထွန်းရဲ့ အမြင်ကို သိပါရစေ။ အထူးသဖြင့် အများကြီး Academic ဆန်တဲ့ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေလို ကိစ္စမျိုးမှာပေါ့။

UYH : ဒီလို ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေကို ချမှတ်နေဆဲ ကာလမှာ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ နိုင်ငံရေး တာဝန်ကြီးကို အဓိက ထမ်းဆောင်ရင်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာ နှစ်ဖက် နားလည်မှု ရှိရှိနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းကသာလျှင် တိုင်းပြည်ကို တည်ငြိမ်စွာ တဖြည်းဖြည်း အကောင်းဘက်သို့ ပြောင်းလဲစေနိုင်မှာ ဖြစ်ကြောင်း၊ နှစ်ဖက် အပြန်အလှန် အယုံအကြည် ပျက်စေမယ့် ကိစ္စမျိုးတွေကို ဒီအချိန်မှာ အဓိက မထားသင့်ကြောင်း နိုင်ငံရေးပါတီများက ပြည်သူကို ရှင်းလင်း ပြောပြသင့်ပါတယ်။ ဒါဟာ ပြည်သူအများစုရဲ့ လိုလားချက်နဲ့လည်း ကိုက်ညီလိမ့်မယ်လို့ ထင်ပါတယ်။
Voice : အဓိက အတိုက်အခံပါတီနဲ့ တိုင်းရင်းသားပါတီ ၁၀ ခုကျော်က အခြေခံဥပဒေအသစ် ပြန်ဆွဲရေးဘက်ကို ဦးတည် သွားနိုင်ခြေတွေ လက်ရှိအနေအထားအရ တွေ့နေတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါသလဲ။

UYH : အမြင်မတူတဲ့ နိုင်ငံရေးပါတီတွေက အသစ်ပြန်လည် ရေးဆွဲရေးကို စည်းရုံး ဟောပြောနေတာ လောက်နဲ့ကတော့ ပြဿနာ မကြီးပါဘူး။ ဒါဟာ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်ဆိုတဲ့ လူ့အခွင့်အရေးရဲ့ အခြေခံရပိုင်ခွင့်ကို အသုံးချတာဘဲ ဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေကို ပြင်ဆင်၊ ပြုစု၊ ပြဋ္ဌာန်းရမှာက ပြည်ထောင်စု လွှတ်တော်ပဲဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က အများဆန္ဒနဲ့ ဆောင်ရွက်လိုက်တာဟာ မိမိတို့ဆန္ဒနဲ့အညီ အခြေခံဥပဒေကို ပြင်ဆင်ပေးတာမျိုး မဟုတ်လို့ဆိုပြီး ပြည်သူတွေကို လမ်းပေါ်ထွက် ဆန္ဒပြလာအောင် လုပ်ကြမယ်။ ဆူဆူပူပူ ဖြစ်အောင် ဖန်တီးကြမယ် ဆိုရင်တော့ နောက်ကြောင်း ပြန်လှည့်သွားဖို့အတွက် အချက်အလက် ဖန်တီးပေးရာ ရောက်မှာ အသေအချာပဲ ဖြစ်ပါတယ်။

တစ်ဖက်ကလည်း (တပ်မတော် ဘက်ကလည်း) ပြည်သူတွေ အကြားမှာ ငြိမ်းချမ်းစွာ ဆွေးနွေးရုံ၊ ဟောပြော ဆွေးနွေးရုံ၊ ငြိမ်းချမ်းစွာ ဆန္ဒပြရုံနဲ့တော့ တိုင်းပြည် ပြိုကွဲတော့မယ့် အန္တရာယ် ရှိနေပြီဆိုပြီး အလျင်စလို အာဏာ ပြန်သိမ်းတာမျိုး မလုပ်သင့်ပါဘူး။ နှစ်ဖက်စလုံးက ဒီမိုကရေစီ ကျင့်စဉ်တွေကို လိုက်နာဖို့ လိုပါတယ်။

ဒေါ်စု ဥပက္ခာပြုခဲ့သော်လည်း သမ္မတဦးသိန်းစိန် စစ်တွေသို့ သွား၍ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များအား အောက်တိုဘာလ ၂ ရက်နေ့ တွေ့မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ် လွှတ်တော် အစည်းအဝေး ခန်းမ၌ အောက်တိုဘာလ ၂ ရက်နေ့တွင် တွေ့ဆုံရန် ဖိတ်ကြားထားသည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောကြားသည်။

ယင်းတွေ့ဆုံပွဲတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် ဖိတ်ကြားထားသော်လည်း တွေ့ဆုံဆွေးနွေးရန် အကြောင်းအရင်းကို သိရှိခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားပြီး ယင်းခရီးစဉ်တွင် ရခိုင်ပြည်နယ်၏ ပြန်လည် ထူထောင်ရေး အခြေအနေများ၊ လူ့အသိုင်းအဝိုင်း နှစ်ခုကြား ယုံကြည်မှု တည်ဆောက်နေသည့် အခြေအနေများ၊ တရားဥပဒေ စိုးမိုးရေး အခြေအနေများကို လေ့လာမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

သို့သော်လည်း ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာမည့် နေ့ရက်နှင့် ပတ်သက်၍ ပြောဆိုခြင်း မရှိပေ။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ရခိုင်လူထု ရန်ကုန်မြို့တော်ရှိ International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့သည်။

သမ္မတကြီးဦးသိန်းစိန်၏ စက်တင်ဘာလကုန် ရေဒီယိုမိန့်ခွန်း (အပြည့်အစုံ)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzHH-BRMEznDf1SooqWLvx_bInmuNR2wXmjrqxMZ5n-Vuf041YcqZo3XhTC1a2iH9Y2t9qvUhJEbCPxlxCDAEneCsiSu40HiFTvNU_Bxny3JMfTYh_-6dyckNIrrYCnJ9CqMfu1pvIVAE/s400/www.myanmarexpress.net+(236).jpg

မိဘပြည်သူများ ခင်ဗျား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေများကို မိဘပြည်သူ များထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြား နေကျဖြစ်တဲ့အတိုင်း  ယခုလည်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။
ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ ယခင်လက အထူးပြု ပြောကြား ခဲ့တဲ့ ရေရှည်တည်ဆောက်ရမယ့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့  ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေကို ဦးစားပေး ပြောကြားသွားမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရရှိ ထားတဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်း တိုးတက်မှုများဟာလည်း  ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များနဲ့ အခြေခံကျကျ ဆက်နွှယ်နေတဲ့အတွက်  ယခုလမှာ  ကျွန်တော့်အနေနဲ့  ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်နဲ့ သဘောထားတွေကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အစဉ်တစိုက် ကြိုးပမ်းခဲ့ကြ ပါတယ်။ လုပ်ဆောင်မှုပုံစံနှင့် စိတ်စေတနာမှန်ခြင်း၊ မှားခြင်းဆိုတဲ့ ကိစ္စရပ်ကတော့ သမိုင်းက အဆုံးအဖြတ်ပေးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ သေချာတဲ့ အရှိတရား တစ်ခုကတော့ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တနေတဲ့ ခိုင်မာ၍ ရေရှည်တည်တံ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ နိုင်ငံရေး အရှိတရားပဲ ဖြစ်ပါတယ်။
သမိုင်းဖြစ်ရပ်တွေကို အခြေခံတဲ့ လက်တွေ့ သင်ခန်းစာတွေက ညွှန်ပြနေတဲ့ အချက် တစ်ခုကတော့ တိုင်းရင်းသား များ အားလုံးပါဝင်တဲ့  ခိုင်မာ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ပြဿနာတွေ ကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ဖို့ စတင်စဉ်းစားတဲ့ ကာလကတည်းက ရှေ့မှာ ပြောကြားခဲ့တဲ့ အရှိတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အစပြုခဲ့ပါတယ်။
ကျွန်တော်တို့ အစိုးရသစ် စတင်ဖွဲ့စည်းပြီး များမကြာမီမှာ ကျွန်တော့်အနေနဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေး စားပွဲဝိုင်းကို လာရောက်ဖို့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်များမပါဘဲ စိတ်ရင်းစေတနာ သန့်သန့်ဖြင့် ဖိတ်ခေါ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။  အဲဒီဖိတ်ခေါ်ချက်ကို  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုများနဲ့ စတင်ခဲ့ပါတယ်။
လိုအပ်ချက်များစွာ၊ စိန်ခေါ်မှုများစွာကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ  ပါဝင်ခဲ့ကြတဲ့  အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးရဲ့ မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့ ကျော်လွှားပြီး ယနေ့ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို အဆင့်ဆင့် အောင်မြင်စွာ ရေးထိုးနိုင်ခဲ့သည့်တိုင် မလွှဲမရှောင်နိုင်ခဲ့တဲ့  ထိတွေ့မှုများ ဖြစ်ပွားခြင်းများ ရှိသလို  တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း အဆင့်ဆင့် ညှိနှိုင်းမှုများဖြင့် တိုက်ပွဲပေါင်းများစွာကို ရှောင်လွှဲနိုင်ခဲ့တဲ့ သာဓကများ ရှိတယ်ဆိုတာ ကိုလည်း ပြောကြားလိုပါတယ်။  တိုက်ပွဲကြီး/ ငယ် ဖြစ်ခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကိုလည်း ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းများနဲ့ စစ်ရှိန်လျှော့ချ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။  ဒီသာဓကတွေကို ကြည့်ရင်   ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ   တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင်  ပါဝင်ပတ်သက်သူ အားလုံး အနေနဲ့   ငြိမ်းချမ်းရေးရရှိဖို့ ပြင်းပြတဲ့ ဆန္ဒရှိကြတယ်ဆိုတဲ့ အချက်ရယ်၊ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတွေကို  အခြေခံပြီး  ညှိနှိုင်းမှုများကို  ဇွဲသန်သန်ဖြင့် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်နှစ်ချက်ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
လိုအပ်ချက် ပေါင်းများစွာနဲ့ အားနည်းချက် ပေါင်းများစွာ ရှိနေတဲ့ကြားက ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်အတွက်   ကြိုးပမ်းအားထုတ်မှုများနဲ့ အဆင့်ဆင့် တက်လှမ်း နိုင်ခဲ့တဲ့  အောင်မြင်မှုများကို  ချိန်ထိုး ကြည့်မယ်ဆိုရင် တစ်ဖက်ကရှိနေတဲ့  လိုအပ်ချက် ပေါင်းများစွာနဲ့ အားနည်းချက်တွေထက် အောင်မြင်မှုများက  များစွာ ကျော်လွန်တဲ့အတွက် ကျွန်တော်တို့နဲ့  ဆွေးနွေးဖက်များဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးရဲ့ ခေါင်းဆောင်များကို လည်းကောင်း၊ တပ်မတော်ကို လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို လည်းကောင်း ချီးကျူး ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တိုးတက်မှုတွေအနက် ကျွန်တော့်အနေနဲ့ အားရမှုအရှိဆုံး ရလဒ်ကတော့ မိမိတို့ သဘောအလျောက် ပြည်ထောင်စုအတွင်း ပါဝင်ခြင်းဆိုတဲ့ အခြေခံမူကို ထင်ဟပ်စေတဲ့ ပြည်ထောင်စုမှ ခွဲထွက်ခြင်း မပြုဆိုတဲ့ သဘောထား ရပ်တည်ချက်များကို တိုင်းရင်းသားများ အားလုံးက အခိုင်အမာ ဆုပ်ကိုင်ထားမှုပဲ ဖြစ်ပါတယ်။
အထက်ပါ ဖြစ်ထွန်းမှုတွေကြောင့် မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာစေဖို့ အတွက် တစ်ပြည်လုံး အတိုင်း အတာ အကျုံးဝင်သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို မကြာမီ ကာလ များမှာ ရေးထိုးရန် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလုပ်ငန်းရပ်ဟာ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်များ ရေးထိုးစဉ်က တောင်းဆိုထားတဲ့ အချက်ကို အကောင်အထည် ဖော်ဖို့ အတွက် ဖြစ်ပါတယ်။ အခုလိုရေးထိုးခြင်းဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းဖြင့် ရပ်တန့်ရန် ကြိုးပမ်းမှု မဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးရဲ့ လိုလားချက်ဖြစ်တဲ့ မိမိတို့နိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများကို  အခြေခံ  ဇာစ်မြစ်များမှ ဖြေရှင်းနိုင်ရန် အတွက်  နိုင်ငံရေး ဆွေးနွေးပွဲများ  အစပြုနိုင်ရန် ဖြစ်ပါတယ်။
နိုင်ငံရေး ဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက် ရရှိစေဖို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး  လက်မှတ်ရေးထိုးပြီးတာနဲ့  တစ်ပြိုင်နက်  နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုရန် လိုအပ်မယ့် ပြင်ဆင်မှုတွေ ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင် (Political  Dialogue  Framework) များ ညှိနှိုင်းခြင်း၊  ရေးဆွဲခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မူဘောင်ကိစ္စဆိုင်ရာ  ညှိနှိုင်းမှုတွေကို  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးတို့ အဆင့်ဆင့် ညှိနှိုင်းရေးဆွဲ၍ သဘောတူညီမှု ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ သဘောတူညီချက် ရရှိပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံး အတိုင်းအတာ လွှမ်းခြုံနိုင်တဲ့ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံ တစ်ရပ် ကျင်းပရန်  ဦးတည်ချက်ထား  လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံ ကျင်းပခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို  ဆွေးနွေးပွဲအဆင့်ဆင့်မှာ မည်သို့မည်ပုံ ကျင်းပမယ်၊  အချိန်ကာလမည်မျှ သတ်မှတ်ထားရှိမယ်၊  ကိုယ်စားလှယ်တွေ  ဘယ်လိုရွေးချယ်မယ်၊ ဘယ်လိုကိစ္စရပ် တွေကို  ဆွေးနွေးမယ်ဆိုတဲ့  လုပ်ငန်းစဉ် အဆင့်ဆင့်ကို  ဆွေးနွေးညှိနှိုင်းမှုများ အပေါ်  အခြေခံ၍ ကျွန်တော့်အနေဖြင့် ပြည်သူလူထု တစ်ရပ်လုံးကို အလျဉ်းသင့်သလို တင်ပြသွားမှာလည်း ဖြစ်ပါတယ်။
ယခုလို ပြင်ဆင်ဆဲကာလမှာ နိုင်ငံတော်သမ္မတ တစ်ဦးအနေဖြင့် ပြောကြားနိုင်တဲ့ သဘောထားနဲ့ ရပ်တည်ချက် ကတော့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့်အချက်များကို အခြေခံမူများ အဖြစ်ခံယူပြီး အပြုသဘော ဆောင်သည့် နိုင်ငံ တည်ဆောက်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေး ခိုင်မာစေရေးဆိုင်ရာ  နိုင်ငံရေး ဆွေးနွေးမှု များ အားလုံးကို  တံခါးဖွင့်ကြိုဆိုလျက် ရှိကြောင်း ပြောကြားလိုပါတယ်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးကို  ရှေးရှုပြီး  ကျွန်တော့် အနေနဲ့  ၈၈  မျိုးဆက် ငြိမ်းချမ်းရေးနှင့်  ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနဲ့ စက်တင်ဘာလလယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ရပ်ဖြစ်ဖို့နဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် ရှင်သန် ခိုင်မာစေဖို့ ကျွန်တော်တို့အနေနဲ့ အစဉ်ရှေးရှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထူးခြားမှု တစ်ရပ်ကတော့ ဒီနှစ်  နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်းရေး ပွဲတော်တွေကို ပြည်သူလူထုရဲ့ အသံ၊  ဆန္ဒတွေကို ထင်ဟပ်ပြီး  ဝိုင်းဝန်းကျင်းပ ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ၊   အထူးသဖြင့်  တိုင်းပြည်တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြရမယ့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြင်းပြတဲ့ဆန္ဒကနေ ပေါက်ဖွားလာတဲ့ တက်ကြွ လှုပ်ရှားမှုတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ကျွန်တော့်အနေနဲ့ အားရကျေနပ်မိပါတယ်။ ပြည်သူလူထု ပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အောင်မြင်မှု ရရှိမှာ ဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက် လာခဲ့တာမှာ ဒီမိုကရေစီနဲ့ ခွဲခြားလို့ မရစကောင်းတဲ့ လွတ်လပ်ခွင့်ကိုလည်း ကြိုးစား အကောင် အထည်ဖော် ပေးခဲ့တာကို  မိဘပြည်သူများ အသိပင်ဖြစ်ပါတယ်။ လွတ်လပ်ခွင့်တွေထဲက  တစ်ခုဖြစ်တဲ့  မီဒီယာ လွတ်လပ်ခွင့်ကိုလည်း အရှေ့တောင်အာရှ နိုင်ငံ အတော်များများ ထက်ပင် ရှေ့ရောက်နိုင်အောင် တိုးတက်ဖော်ဆောင် ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လွတ်လပ်ခွင့် ရှိလာတာနဲ့အမျှ တာဝန်ယူမှုလည်း   ပိုမိုတိုးတက်လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီ မျှတတဲ့ လူ့ဘောင်ကို  ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီအတွက်  မရှိမဖြစ် လိုအပ်တဲ့  မီဒီယာ လွတ်လပ်ခွင့်ကို မျိုးစေ့ချ ဆောင်ရွက်နေတဲ့ အချိန်မှာ  မီဒီယာ ကျင့်ဝတ်၊ မီဒီယာ စည်းကမ်း များကို လိုက်နာဖို့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပုတ်ခတ်မှုတွေ ပြုလုပ်ခြင်းကို ရှောင်ရှား ကြဖို့လည်း ကျွန်တော့် အနေနဲ့  တိုက်တွန်း ပြောကြားလိုပါတယ်။ ယခုလို သမိုင်းဝင်၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရမယ့်  အချိန်အခါမျိုးမှာ  မီဒီယာ လွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ မီဒီယာစည်းကမ်းနဲ့ မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြဘဲ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံ ပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်တို့ အစိုးရအနေနဲ့ ဆောင်ရွက် အကောင်အထည်ဖော်နေတဲ့ ပြည်သူလူထု ဗဟိုပြု  အုပ်ချုပ်မှုဆိုင်ရာ ပြုပြင် ပြောင်းလဲရေးများနဲ့  ပတ်သက် ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ တာဝန်ယူမယ့်  ကျန်ရှိတဲ့ အချိန်တွေမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ပြည်သူတွေရဲ့ လိုအင်တွေ၊ အင်အားတွေနဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဟန်ချက်ညီညီ ပေါင်းစည်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီတွေကို ပြုပြင် ပြောင်းလဲရေး ဦးဆောင် ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာ ဝန်ကြီးတွေက ပြည်နယ်/တိုင်းဒေသကြီး အားလုံးကို ကွင်းဆင်းသွားရောက်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ပါတယ်။ ဒါ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာများကို  ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့သလို ပြည်သူလူထု ရဲ့ နေ့စဉ်ဘ၀ဆိုင်ရာ လက်တွေ့ သတင်းအချက်အ လက်တွေကို  ရယူခဲ့ပါတယ်။ ဒီအချက်အလက်တွေ အပေါ်အခြေခံပြီး နောင်ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲတဲ့အခါမှာ  ပြည်သူတွေရဲ့  လက်တွေ့ လိုအပ်ချက်၊ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ အမှန်တကယ် ကိုက်ညီစေမယ့်  ဘတ်ဂျက်ကို  ရေးဆွဲ အတည်ပြုနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ပါဝင်တာနဲ့အမျှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်၊ ထိရောက်၊ အောင်မြင်လာမှာ ဖြစ်တဲ့ အတွက် ဒီဖွဲ့စည်းထားတဲ့ ကော်မတီတွေမှာလည်း စိတ်အားထက်သန်စွာ ပါဝင်အကြံပြု တိုက်တွန်းကြဖို့ ကျွန်တော့် အနေနဲ့ ပန်ကြားလိုပါတယ်။ ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဖြစ်ထွန်း တိုးတက်မှုများ၊ သဘောထား ရပ်တည်ချက်များကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြနိုင်တဲ့ အတွက် အားရကျေနပ်မိသလို ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိုးရိမ် စိတ်တွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ ရှိနေရင်လည်း လုံလောက်တဲ့ ရှင်းလင်းမှုတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်လို့ ရှေ့မှာပြောကြားခဲ့တဲ့အတိုင်း ပါဝင်ပတ်သက်သူ အသီးသီးရဲ့  စိတ်ရင်း စေတနာကိုအခြေခံတဲ့ ယုံကြည်မှုဖြင့်သာ တည်ဆောက်ထားရတဲ့ အတွက် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစု အသီးသီး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးပါဝင်မှသာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အောင်မြင်မှု ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ကျွန်တော်တို့ နိုင်ငံသား တစ်ဦးချင်းစီ ပူးပေါင်းပါဝင်တဲ့ အမျိုးသားရေး အင်အားစု တစ်ရပ် တည်ဆောက်နိုင်မယ် ဆိုပါက မိမိတို့အားလုံး ရယူပိုင်ဆိုင်လိုတဲ့ ခိုင်မာ၍ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရရှိနိုင်မှာ ဖြစ်ကြောင်း အလေးထား ပြောကြားလိုပါတယ်။ ကျွန်တော့် အနေနဲ့ကတော့  ကျွန်တော်တာဝန်ယူထားတဲ့  သက်တမ်း အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀  ပိုမိုတိုးတက် ကောင်းမွန် လာအောင် နောင်အနာဂတ် မျိုးဆက်တွေ အတွက်ပါ ပိုမို ကောင်းမွန်ပြည့်စုံတဲ့ ဘ၀တွေ ပိုင်ဆိုင် လာကြဖို့ အတွက်  ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

မစ္စတာကင်တားနား ထွက်တော်မူနန်းက ခွာတာကို သဘောကျတယ်ဟု ဦးသိန်းညွန့်ဆို

စက်တင်ဘာ (၂၄) ရက်က ကျင်းပခဲ့သောကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင် ရာကိုယ်စားလှယ် ကင်တားနား ကို ရာထူးသက်တမ်း ထပ်မံခန့် အပ်ခြင်း မပြုတော့ဘဲ အစားထိုး တစ်ဦးခန့်အပ်သွားမည်ဟု ကြား သိရသည်။ မစ္စတာကင်တားနားရာထူး သက်တမ်းထပ်မံခန့်အပ်ခြင်းမခံရ တော့သည့်အပေါ် အမျိုးသားဒီမို ကရေစီပါတီသစ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်က ““ကုလသမဂ္ဂလူ့အခွင့် အရေးကော်မရှင်မင်းကြီးအဖြစ် ခန့်အပ်တာ (၆) ကြိမ်ရှိပြီ။ သက် တမ်းအားဖြင့် ပြည့်သွားပြီဖြစ် တယ်။ ကွဲပြားနေတဲ့ ဗမာ့လူ့အဖွဲ့ အစည်းနဲ့ ပတ်သက်ပြီးတော့ သူ့ ကိုဘက်လိုက်တယ်ဆိုတဲ့ဟာကို ရခိုင်ဒေသမှာ ကန့်ကွက်ခြင်းနဲ့ တုန့်ပြန်ကြတာပဲ။ မိတ်္ထီလာမှာ လည်း လူထုကဆန္ဒဖော်ထုတ်ကြ တာကိုပြန်ကြားရေးဌာနရဲ့တာဝန် ရှိသူတွေ ထုတ်ပြန်ချက်အရဆိုရင် လည်း ခရီးစဉ်အစီအစဉ်အတိုင်း တိတိကျကျမဆောင်ရွက်တဲ့ အတွက် ဒီလိုကိစ္စမျိုးတွေဖြစ်ပေါ် ခဲ့တယ်လို့ သိရတယ်။ ကုလသမဂ္ဂ mandate မှာပါတဲ့အတိုင်းဆောင် ရွက်တယ်လို့ မယူဆဘူး။ ဒါကို ဘာဖြစ်လို့ကျွန်တော်ပြောသလဲ ဆိုရင် ၁၉၈၂ ခုနှစ်မှာပါတဲ့မြန်မာ နိုင်ငံသားဥပဒေကို ပြင်ဖို့ပြော လာခြင်းဟာ အချုပ်အခြာနိုင်ငံ ပိုင်တစ်ခုကို ၀င်ရောက်စွတ်ဖက် လိုက်တာဖြစ်တယ်။ ဒါကြောင့် မစ္စတာကင်တားနား အခုလိုဘာ အကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်အနေနဲ့ သူ့ရဲ့ထွက်တော် မူနန်းကခွာတာကို သဘောကျပါ တယ်”” ဟု ပြောသည်။ မစ္စတာကင်တားနားသည် သြဂုတ်လအတွင်းက မြန်မာနိုင်ငံ သို့ ဆယ်ရက်ကြာလာရောက်ခဲ့ စဉ်က မိတ်္ထီလာမြို့သို့သွားရောက် ရာတွင်ဒေသခံများကလမ်းကြောင်း ပိတ်ဆို့ကာ လိုက်ပါစီးနင်းလာ သောကားကု ၀ိုင်းဝန်းထုနက်ခဲ့ ကြောင်း သြဂုတ် (၂၁) ရက်တွင် ရန်ကုန်လေဆိပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့ပြီး အစိုးရဘက်မှ သတင်းထုတ်ပြန်ရာတွင်မူ ကား ကိုလူထုက ထုနှက်ခြင်း မဟုတ် ဘဲ အခြေအနေအရ မော်တော် ယာဉ်အမြန်ဆုံးထွက်ခွာရန်တာဝန် ရှိသူအချို့က အချက်ပေးခဲ့ခြင်း သာဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

 
Twitter Bird Gadget