ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, November 2, 2013

? Start Mar 6,13 ရှာဖွေရန် နေ့ စဉ် သတင်းများ ရှာဖွေရန် Followers အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည် ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု


ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါးကြာ ကြုံခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မယ့် ဥပဒေကြမ်း တခုကို အောက်လွှတ်တော်က ဒီကနေ့ သောကြာနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ ကိုယ်စားလှယ် ၅၀၀ ပါဝင်တဲ့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို ၁၉ နာရီကြာ အချေအတင် ဆွေးနွေးပြီး အတည်ပြုခဲ့ပေမဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေ ကတော့ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့ အနေနဲ့ ညီလာခံကနေ ထွက်သွားခဲ့ကြတာပါ။

လွှတ်တော်မှာ ကျန်ခဲ့တဲ့ ညွန့်ပေါင်းပါတီတွေက ကိုယ်စားလှယ် ၃၁၀ ကတော့ ကန့်ကွက်မဲ့သူမရှိ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အစီအစဉ်နဲ့ ပတ်သက်လို့ အချေအတင် ဖြစ်စရာတွေ ကြုံလာရတဲ့အတွက်လည်း သွေးထွက်သံယို ပဋိပက္ခတွေ တကျော့ပြန် ကြီးထွားလာမှာကို စိုးရိမ်မှုတွေ လည်း ပေါ်ပေါက်လာပါတယ်။

ဥပဒေအဖြစ် အတည်ဖြစ်လာဖို့ အတွက်ကတော့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမှာပါ။ ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုတွေကတော့ ဥပဒေသစ်ဟာ လက်ရှိဝန်ကြီးချုပ် Yingluck Shinawatra ရဲ့အကိုဖြစ်သူ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကျူးလွန်ခဲ့တဲ့ အမှုတွေကို ပယ်ဖျက်ပေးရာ ရောက်လိမ့်မယ်ဆိုပြီး ကန့်ကွက်ကြပါတယ်။

၂၀၀၈ ခုနှစ်မှာတုန်းက စစ်တပ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် အကျင့်ပျက်ခြစားမှုနဲ့ အရေးယူထားတဲ့ ၀န်ကြီးချုပ်ဟောင်း ပြည်တော်ပြန်နိုင်အောင် လမ်းဖွင့်ပေးဖို့ ကြိုးပမ်းတဲ့ အစီအစဉ်ဖြစ်တယ်ဆိုပြီးတော့လည်း ကန့်ကွက်နေကြတာပါ။

KNU/KNLA မှ ထုတ်ပယ်ထားသူတစ်ဦး ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူခဲ့ဟုဆို


လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရေးတပ်ဖွဲ့ KNU/KNLA မှ ထုတ်ပယ်ထားသည့် စောမောင်မောင်ဆိုသူသည် ဒုတိယဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူထားခဲ့ကြောင်း KNU/KNLA မှ သတင်း ရရှိသည်။

ငြိမ်းချမ်းရေးဖော်ဆောင် နေစဉ်ကာလအတွင်းရုံးလုပ်ငန်း များလုပ်ဆောင်ရန် တပ်ဖွဲ့မှ ထုတ်ပေးထားသော ကားများမဟုတ်ဘဲ ၎င်းင်ုးNU/KNLA မှ ဗိုလ်မှူးချုပ် စောထူးဂေ၏ လက်မှတ်ကို အတုပြုလုပ်၍ စာရွက်စာတမ်းများ ထုတ်ပေးစီးနင်းစေခြင်း၊ အဖွဲ့အစည်း၏အမည်ကို အလွဲသုံးစားပြုလုပ်၍ စီးနင်းစေခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်ကြောင်း KNU/ KNLA မှ တာဝန်ရှိသူများကပြောသည်။

နိုင်ငံတော်မှ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည့် တပ်ဖွဲ့များကို လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုင်စင်မဲ့ကားများ စီးနင်းခွင့်ထုတ်ပေးခြင်းကို အဆိုပါ စောမောင်မောင်ဆိုသူက ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လက်မှတ်များအတုပြုလုပ်၍ ကားစီးနင်းခွင့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောအောင်လင်းကပြောသည်။

ထိုသူသည် တပ်မတော်၏ ရာထူးအဆင့်ဖြစ်သည့် ဒုဗိုလ်မှူးကြီး ရာထူးတံဆိပ်များကို KNU/ KNLA ၏ ယူနီဖောင်းတွင် တပ်ဆင်သုံးစွဲခဲ့၍ အဖွဲ့အစည်းကို နိုင်ငံတော်မှပေးအပ်သည့် အခွင့်အရေးများကို အယောင်ဆောင် တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ်စောထူးဂေက အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

စောမောင်မောင်ဆိုသူကို ဖမ်းဆီးနိုင်ရေးအတွက် KNU/KNLA က ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံး၊ ရန်ကုန်တိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်များသို့ အကူအညီတောင်းခံပြီး ဆောင်ရွက်နေသည်ဟုဆိုသည်။
““သူက ကျွန်တော်တို့တပ်ဖွဲ့ နာမည်ကို အလွဲသုံးစားလုပ်တာကြောင့် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ ဒါက တော်တော်အဟန့်အတားဖြစ်ပါတယ်။
ဒါကြောင့် သူ့ကိုဖမ်းပြီးတာနဲ့ စစ်ဆေးနိုင်ဖို့ ဗဟိုကို ပြန်ခေါ်သွားမှာပါ””ဟု ဗိုလ်မှူးစောအောင်လင်းကပြောသည်။

၎င်း၏လုပ်ဆောင်ပုံနှင့် ပတ်သက်ပြီး ကားစီးနင်းခွင့် (သို့မဟုတ်) လိုင်စင်များကို မည်သို့လုပ်ဆောင်သလဲ ဆိုသည်ကိုမူ ဖမ်းဆီးမိ၍ စစ်ဆေးပြီးမှသာ သိနိုင်မည်ဟု KNU/KNLA ဒုဥက္ကဋ္ဌ ဦးအောင်ကျော်သိန်းက ပြောသည်။
““ပြည်သူတွေကို ကားရမယ်။ လိုင်စင်ရအောင် လုပ်ပေးမယ်ဆိုပြီး ပြောတာလို့ ကြားရတယ်။ သူ့အိမ်မှာဝင်ရှာတော့ သူ့ နာမည်နဲ့လုပ်ထားတယ်ဆိုတဲ့ ၄၇ စီးရှိတဲ့ စာရွက်တွေ တွေ့ရှိတယ်။ အဲဒါကို ဘယ်လိုပုံစံနဲ့လုပ်လဲတော့ မသိဘူး။ ဖမ်းဖို့လည်း လုပ်နေတယ်။ နောက်ဒါမျိုးမဖြစ်အောင်တော့ တားဆီးသွားမှာပါ”” ဟု ဦးအောင်ကျော်သိန်းက ပြောသည်။

အစိုးရဝန်ထမ်းများ တာဝန်ကျေပွန်ရေး လစာလုံလောက် ရန်လိုဟုဆို


ရန်ကုန် ၊ အောက်တိုဘာ ၃၁။ ။ အ စိုးရဝန်ထမ်းများ မိမိအလုပ်ကိုချစ် ပြီး တာဝန်ကျေပွန်စွာလုပ်ဆောင် နိုင်ရန်အတွက် လုံလောက်သော လစာရရှိရန် လိုအပ်သည်ဟု က ရင် တိုင်းရင်းသားရေးရာဝန်ကြီး က ပြောသည်။

''အစိုးရဝန်ထမ်းတွေ အား လုံး ကိုယ့်အလုပ်ကိုချစ်ပြီး တာ ဝန်ကျေအောင် လုပ်ဆောင်နိုင်ဖို့ လစာလောက်အောင် ပေးရမယ်။ လုံလောက်တဲ့ လစာရှိရင်အကျင့် ပျက်ခြစားမှုတွေ လျော့နည်းလာ မယ်''ဟု ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစောထွန်းအောင် မြင့်ကဆိုသည်။

''အကျင့်ပျက်ခြစားမှု ဆို တာက နှစ်မျိုးရှိတယ်။ လောဘ ကြောင့် မတရားလာဘ်စားတာရယ်၊မလောက်ငလို့လာဘ်စားရတာရယ် နှစ်မျိုးရှိတယ်။ အစိုးရ ဝန်ထမ်း၊ ဝန်ကြီးဌာနတွေမှာ ပြင်ပ ဝင်ငွေလုံးဝမရဘဲ လစာလေးနဲ့ ရပ်တည်နေရပြီး ဝန်ကြီးဌာနလည် ပတ်ဖို့ ဘဏ္ဍာငွေမရတဲ့ဝန်ကြီး ဌာန တွေရှိတယ်။ ခုလောလောဆယ် မှာ ဝန်ကြီးတစ်ဦးရဲ့ တစ်လဝင် ငွေ ကျပ်လေးသိန်းခွဲနဲ့ ရပ်တည် နေရပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သတ်မှတ်ထားတာက တော့ ဝန်ကြီးတစ်ဦးကိုကျပ်သိန်း ၂၀ လောက်ရမယ် လို့ပြဋ္ဌာန်းထား ပေမယ့် ပြည်သူတွေအတွက်လျှော့ ယူထားရပါတယ်။ သတ်မှတ်ချက် အတိုင်း မရရင်တောင် လောက်င တဲ့ အတိုင်းအတာအထိ ရရှိရင်ပို ကောင်းပါမယ်''ဟု အစိုးရအဆင့် မြင့် ဝန်ကြီးတစ်ဦးက ပြောသည်။

အသွင်ကူးပြောင်းရေးအတွက် အထောက်အပံ့ ဖြစ်စေမည့် တပ်မတော်ဖြစ်ရေး အမေရိကန် ကူညီမည်


မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး စာမျက်နှာသစ် ပြန်လည် ဖွင့်လှစ်ခဲ့သော အမေရိကန် တပ်မတော်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့ ဖြစ်စေမည့် တပ်မတော်တစ်ရပ် ဖော်ဆောင်နိုင်ရန် အထောက်အပံ့ ကောင်းများ ပေးအပ် သွားမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Scot Marciel က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍသည်လည်း အရေးပါသောကြောင့် လူ့အခွင့်အရေး လေးစားလိုက်နာပြီး ခေတ်မီ ကျွမ်းကျင် တပ်မတော်တစ်ရပ် ဖြစ်လာစေရေးအတွက် အမေရိကန် တပ်မတော်က သင်တန်းများ၊ နည်းပညာ အထောက်အပံ့များအပြင် အတွေ့အကြုံများ မျှဝေပေးရန် အစီအစဉ်များ ရှိကြောင်း ၎င်းကဆိုသည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေမယ့်၊ သင့်လျော်မယ့် တပ်မတော်တစ်ရပ် ပေါ်ထွန်းလာစေ ဖို့ကိုလည်း အမေရိကန်တပ်မတော် အနေနဲ့ ကူညီသွားမှာပါ” ဟု ၎င်းကဆိုသည်။

အမေရိကန် တပ်မတော်က ပေးအပ်မည့် အခြားထောက်ပံ့မှုများတွင် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ပါက မြန်မာ့တပ်မတော်အနေနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ရိက္ခာထောက်ပံ့မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက်လည်း သင်တန်းများ၊ နည်းပညာ ဖလှယ်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် အမေရိကန် တပ်မတော်သည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင် တိုးတက်လာမှုအပေါ် မူတည်၍ မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍ ပိုမိုပီပြင်အားကောင်း လာစေရန် အဆင့်ဆင့် ဆောင်ရွက်ပေးသွားရန်များ ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူး ဆက်ခံတော့မည့် မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ ဖော်ဆောင်မည့် ပန်းတိုင်များကို အကောင်အထည် ဖော်ရန်သာမက ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေးနှင့် စည်းလုံးညီညွတ်မှု ရှိစေရေး အတွက်လည်း မြန်မာနိုင်ငံ၏ အခန်း ကဏ္ဍသည် အရေးပါကြောင်း Mr. Scot Marciel က မှတ်ချက်ပြု ပြောကြားသည်။

အမေရိကန် အစိုးရသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက မြန်မာတပ်မတော်ကို အမေရိကန် တပ်မတော်၏ ထင်ရှားသော Cobra Gold စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် ဖိတ်ခေါ်ခဲ့ပြီး ယခုနှစ် အစောပိုင်းကလည်း မြန်မာနိုင်ငံကို ပဋိပက္ခကိုင်တွယ် ဖြေရှင်းရေးအတွက် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

အသေးအမွှား၊ ကလေးကစားစရာ မဟုတ်ပါ

 

“အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ နေရာ ယူလာမှုတွေကို ပေါ့ပေါ့လေး တွေးပြီး လွှတ်ထားဖို့ မဖြစ်နိုင်တော့ဘူး။ မဟုတ်တာတွေကို လုပ်ဖို့ အားပေး အားမြှောက် လုပ်နေတာတွေကလည်း ပတ်ဝန်းကျင်မှာ ပြည့်နေတာပဲ။ ဝန်းကျင်မှာ ဒါတွေ ရှိနေမှတော့ မပျက်စီးချင်လည်း ပျက်စီးတော့မှာ သေချာတယ်”
ဒေါက်တာသာမာစီလန် (မလေးရှား ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ)

မကြာသေးမီက မလေးရှားနိုင်ငံတွင် အွန်လိုင်းပေါ်သို့ အသက်ရှစ်နှစ်နှင့် ၁၀ အရွယ် ညီအစ်ကိုနှစ်ယောက်က အရွယ်မရောက်သေးသည့် ပထမတန်း ကောင်မလေး တစ်ယောက်ကို မဟားဒယားပြုကျင့်မှု ဗီဒီယိုပြကွက်များ တက်လာသဖြင့် တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။ ကလေးတွေပဲဟု သာမန် အလေးမထားစရာ ကိစ္စဟု ထင်လိုက်လျှင် မှားသွားပေ လိမ့်မည်။ ဤအရွယ်လေးတွေက ဤကိစ္စကို နားလည်နေကြပြီ ဆိုခြင်းကို ပြန်လည်ဆန်းစစ်ရန် လိုလာပြီ ဖြစ်သည်။

ယခုတွေ့ မြင်လိုက်ရသည်က လူသိအောင်လုပ် ပေးလိုက်သည့် ကိစ္စလေးတစ်ခုသာ ဖြစ်ပြီး လူမသိ သူမသိနိုင်သော ကိစ္စပေါင်းများစွာ နောက်ကွယ်တွင် ရှိနိုင်သေးသည်။ ထိုအဖြစ်အပျက် များသည် ယနေ့ခေတ် လူငယ်များကို ကိုယ်စားပြုနေသည့် စဉ်းစားစရာလည်း ဖြစ်နေသည်။ သူတို့ ဘာတွေ သိနေသလဲ၊ ဘယ်လောက် သိနေသလဲ၊ ဘာကြောင့် သိနေသလဲ ဆိုသည့် အကြောင်းများမှာ မေးစရာကိစ္စများ ဖြစ်လာသည်။

မုဒိမ်းကျင့်ခံရခြင်း၏ ၈၀ ရာခိုင်နှုန်းသည် မိမိ ပတ်ဝန်းကျင်၊ မိမိ သိကျွမ်းသူများနှင့် ပတ်သက်နေကြောင်း မလေးရှားနိုင်ငံ ဆေးပညာအဖွဲ့ (MMA) ဥက္ကဋ္ဌ ဒေါက်တာ သာမာစီလန်က ဆိုပါသည်။

“မုဒိမ်းမှုဆိုတာ သဘောတူသည် ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ ဖြစ်တတ်တဲ့ သဘောရှိတယ်။ ဖြစ်စေတဲ့ အကြောင်းတရားတွေလည်း အများကြီးရှိတယ်။ လိင်စိတ်ကို နိုးကြား တက်ကြွလာစေတဲ့ အကြောင်းအရာတွေ၊ ပတ်ဝန်းကျင်က စေ့ဆော်တဲ့ တွန်းအားတွေ၊ ဖြစ်နိုင်တဲ့ အနေအထားတွေကို သတိ မမူတာတွေ၊ စူးစမ်းချင်တဲ့ ကလေးတွေရဲ့သဘာဝကို လျစ်လျူရှုထား တာတွေဟာ ကလေးတွေကို ဒီလိုလုပ်အောင် တွန်းပို့နေ သလိုဖြစ်တယ်” ဟု သူက ဆိုသည်။

ကလေးပီပီ စပ်စုခြင်းနှင့် သိချင်စိတ် ပြင်းပြခြင်းတို့ကို လူကြီးတွေက အချိန်မီ မထိန်းနိုင်လျှင် ကလေးများ မဟုတ်သည့်လမ်းသို့ ရောက်သွားနိုင်သည်။ သူပြောသည့် တွန်းအားနှင့် စေ့စော်အား များဆိုသည်မှာ မူးယစ်ဆေး၊ အရက်နှင့် ကလေးများကို အလေးမထား လုပ်ချင်ရာ လုပ်နေသည့် ပတ်ဝန်းကျင်တို့ ဖြစ်သည်။

“မိဘတွေက အရေးကြီးတယ်။ သူတို့က အရေးပါတဲ့ နေရာမှာ ရှိနေတယ်ဆိုတာ သိတဲ့သူ နည်းတယ်။ ဆင်းရဲတဲ့ မိသားစုတွေမှာ ကလေးတွေကို ကိုယ်ကျင့်တရား၊ အရှက်နဲ့ သိက္ခာတွေကို သင်ပေးဖို့ အချိန်မရှိဘူး။ သူတို့ကလည်း အဲဒါတွေကို အရေးကြီးမှန်း မသိကြဘူး။ မိသားစုအတွင်း ဒုက္ခတွေ ရောက်ပြီး စီးပွားရေးအဆင် မပြေကြရင် ပိုဆိုးသေးတယ်။ အဲဒီမိသားစုအတွင်း ကြီးပြင်းရတဲ့ သူတွေအတွက် ကတော့ အချိန်မရွေး ပေါက်ကွဲဖို့ အသင့်ဖြစ်နေတတ်တယ်” ဟု ဒေါက်တာ သာမာက ဆိုသည်။

အချို့အချက်များကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်သည်။ ကလေးတွေ ဘာကြောင့် မဟုတ်တာ လုပ်သနည်းဆိုသည့် အချက်တွင် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ စိတ်မနှံ့ခြင်းများကြောင့် ဖြစ်နိုင်ကြောင်းကိုလည်း တွေ့ရသည်။ ထိုကလေးများကို အချိန်မီ မထိန်းသိမ်းနိုင်လျှင် သို့မဟုတ် လျစ်လျူ ရှုထားလျှင်လည်း ဤအဖြစ်မျိုးများကို ရင်ဆိုင်ရဖွယ်ရှိကြောင်း သူက ထောက်ပြထားသည်။

မလေးရှား ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ဟာမီဒါ ယူနွတ်က ၂၀၁၁ ခုနှစ် မတိုင်မီအထိ ကလေးသူငယ်ဆိုင်ရာ သာမန်ပြစ်မှုဟု သတ်မှတ်ခံရလောက်သည့် အမှုများကို တိုင်ကြားခဲ့ခြင်း မရှိသေးကြောင်း ထုတ်ဖော် ပြောကြားသည်။

သို့သော် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် မလေးရှားနိုင်ငံ၌ ကလေးသူငယ် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှု ခုနစ်မှုနှင့် ယခုနှစ် စက်တင်ဘာလအထိ ခြောက်မှု ဖြစ်ပွားခဲ့သည်။ ထို ၁၃ မှုစလုံးသည် အသက် ၁၃ နှစ်အောက် မုဒိမ်းမှုများ ဖြစ်နေသည်။

ထိုကဲ့သို့ မကြုံစဖူး မုဒိမ်းမှုများ ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ အစီရင်ခံစာကလည်း ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ကလေးသူငယ်များတွင် မဟုတ်တရုတ်ပုံများကို အချိန်မရွေး ကြည့်နိုင်သည့် အခွင့်အရေးများ ရနေကြသည်။ အထူးသဖြင့် အင်တာနက်တွင် ပက်ပက်စက်စက် တစ်တစ်ခွခွ ပုံများ၊ ဗီဒီယိုကားများကို မချိန်မရွေး ရယူကြည့်နိုင်သည်။ ထိုသို့ အလွယ်တကူ ကြည့်နိုင်စေရန် အတွက်လည်း မိုဘိုင်းလ် ဖုန်းများ၊ တက်ဘလက်များကို အလွယ်တကူ ဈေးပေါပေါနှင့် ဝယ်ယူ သုံးစွဲနိုင်သည်။ ထို့ကြောင့် ကာမ ရာဂစိတ်များ လူကြီးတွေသာမက ကလေးတွေပါ အချိန်မရွေး ပေါက်ကွဲရန် အားမြှောက်ပြုသလို ဖြစ်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က ဆိုထားသည်။

“ကျွန်မ ပြစ်မှုကျူးလွန်တဲ့ ကလေးတစ်ယောက်ကို စစ်ဆေးကြည့်တော့ သူက ဟင်ဒီစကားပြော ရုပ်ရှင်ကားထဲမှာ မင်းသမီးက မလုံ့တလုံ အဝတ်အစားလေးနဲ့ ကတာကို ကြည့်ပြီး ဒီလို ကျူးလွန်ဖြစ် သွားတာလို့ ပြောတယ်။ သူက အဲဒီရုပ်ရှင်ကို ကြည့်ပြီး အသက် ၁၂ နှစ် သမီးလေးကိုသွားပြီး မဟားဒယား လုပ်တာ။ အဲဒီလိုလုပ်ဖို့ ကြိုတင် ပြင်ဆင်သွားတာတွေက သူ့မှာ အများကြီးပဲ။ အဲဒီလိုဟာတွေကို ဆောင်ထားရတယ် ဆိုတာကို သူ့အရွယ်လောက်နဲ့ ဘယ်လိုလုပ်ပြီး သိရတာလဲ။ သူက အဲဒီလို လုပ်ရတာတွေ၊ ဆောင်ရန်တွေကို အင်တာနက်ကနေ သိတာတဲ့လေ” ဟု ဒုတိယရဲမင်းကြီး ဟာမီဒါက ဆိုသည်။
ကလေးသူငယ်များသည် အထိန်းအကွပ်မရှိ အင်တာနက်သုံးခွင့်၊ ကြည့်ချင်ရာ ကြည့်ခွင့်များ ရနေသည့်အပေါ် ပြန်လည် စဉ်းစားရန် လိုကြောင်း ဟာမီဒါက ထောက်ပြထားသည်။

“သူတို့ အရွယ်တွေက ဘယ်ဟာက မှားပြီး ဘယ်ဟာက မှန်မှန်းသိမှာ မဟုတ်ပါဘူး။ ဘယ်သူကမှလည်း သူတို့ ကြည့်ရှုခံစားနေတာ တွေဟာ မကောင်းဘူးလို့ ပြောမယ့်သူလည်း ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လည်း ဆိုတော့ သူတို့ ဘာလုပ်နေတယ် ဆိုတာ ဘယ်သူမှ မသိနိုင်လို့ပဲ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး ဂျိမ်းစ်နာရာဂမ်ကလည်း ကျောင်းများတွင် လိင်ကိစ္စကို အလေးမထားစရာ အသေးအမွှားပမာ သဘောထား နေကြခြင်းကို ပြစ်တင် ဝေဖန်ထားသည်။

“ ကျွန်တော်တို့ သိရတာတွေက လာပြီး တိုင်မှ သိကြရတာ။ လာမတိုင်တဲ့ အမှုတွေလည်း အများကြီးပဲ ရှိနိုင်တယ်။ ဒီလို ဖြစ်တာတွေကို ပြန်ပြီးသုံးသပ်ရင် ကျောင်းတွေမှာ အမျိုးသမီး အခွင့်အရေး ဆိုတာတွေကို ကောင်းကောင်း သင်ကြားခြင်း မရှိသေးဘူးဆိုတာ ထင်ရှားတယ်။ ကျောင်းတွေမှာ အဓိက အရေးကြီးတဲ့ အချက်နှစ်ချက်ကို သင်ဖို့ လိုသေးတယ်။ အဲဒါတွေကတော့ လူ့အခွင့်အရေးနဲ့ လိင်ပညာရေးဆိုတဲ့ ဘာသာရပ် နှစ်ခုဖြစ်ပါတယ်”

“ကျွန်တော် နှစ်ပေါင်း ၃၀ လောက် ကျောင်းသားတွေနဲ့ ထိတွေးဖူးပါတယ်။ အရွယ် မရောက်သေးဘဲ ကိုယ်ဝန်ဆောင်မှုတွေ၊ တရားမဝင် ကိုယ်ဝန် ဖျက်ချမှုမျိုးတွေနဲ့ အများကြီး ကြုံတွေ့ခဲ့ရတယ်”

“ကျွန်တော်တို့ သုတေသန လုပ်ထားချက် အရကတော့ မလေးရှားနိုင်ငံမှာ တစ်ရက်ကို တရားမဝင် ကိုယ်ဝန် ဖျက်ချမှုပေါင်း ၃၀၀ လောက် ဖြစ်လာတာပါပဲ။ ဒီနိုင်ငံမှာက နှစ်ပေါင်း ၂၀ လောက် လိင်ပညာရေး ဆိုတာကို လျစ်လျူရှု ခဲ့ကြတာပါ။ ဘာသာရေးဘက်ကပဲ နည်းနည်းပါးပါး ထိန်းကျောင်းတာလေးတွေပဲ ရှိတယ်”ဟု ဂျိမ်းစ်က ဆိုသည်။

“ရှင်တို့အနေနဲ့ ကလေးတွေကို အွန်လိုင်းပေါ်မှာ ဒီအတိုင်း လွှတ်မထားကြပါနဲ့။ သူတို့ကို စောင့်ကြည့်ပါ။ ဘယ်လိုင်းတွေကို သူတို့ ဝင်ကြည့်နေကြသလဲ။ ကလေးတွေ ဆိုတာ အလွန် စပ်စုစူးစမ်းလို ကြတယ်။ ဒါကြောင့် သူတို့ကို မျက်ခြေမပြတ်အောင် စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်။ စောင့်ရှောက်ရမယ့် အချိန်မှာ ပစ်ထားလိုက်ရင် ပန်းကောင်း အညွန့်ချိုးခံထားရသလို ဖြစ်သွား နိုင်ပါတယ်” ဟု ဟာမီဒါက ဆိုသည်။

ထိုအချက်ကို ဂျိမ်းစ်ကလည်း လက်ခံသည်။ ဆိုရှယ် မီဒီယာများကို သုံးခြင်းကအစ စောင့်ကြည့်သင့်ကြောင်း သူက ထောက်ခံသည်။ သူက…
“ကလေးတွေကို လွှတ်မထားပါနဲ့ ။ အမှုမဲ့ အမှတ်မဲ့ မထားပါနဲ့။ မိဘတွေ၊ ညီအစ်ကို မောင်နှစ်မတွေက မဟုတ်တာတွေကို အင်တာနက်မှာ ကြည့်နေပြီး၊ အနားမှာ ရှိနေတဲ့ မူကြိုတန်း ကလေးအရွယ်လောက်ကို အလေးထားစရာ မလိုဘူးလို့ ထင်လိုက်ရင် မှားလိမ့်မယ်။ အင်တာနက်ကို မသုံးရဘူးလို့တော့ သွားပြီးမပိတ်ပင် လိုက်ပါနဲ့။ အဲဒါကပိုပြီး ဆိုးသွားလိမ့်မယ်။ အဲဒီနည်းကလည်း မထိရောက်နိုင်ဘူး” ဟု ဆိုသည်။

“ အရွယ်မရောက်သေးတဲ့ ကလေးတွေက လူကြီးတွေ ကိစ္စတွေကို အရမ်း စိတ်ဝင်စားကြတယ်။ ဒါကြောင့် သူတို့ကို လိင်ကိစ္စနဲ့ ပတ်သက်တာတွေကို ရှင်းပြနိုင်အောင် ကြိုးစားရမယ်။ နောက်တစ်ချက်က မိဘနဲ့ သားသမီးတွေကြားမှာ နှောင်ဖွဲ့တတ်တဲ့ သံယောဇဉ်ကြိုးကို ခိုင်မာအောင် ပိုပြီး လုပ်ရမယ်။ ရင်းရင်းနှီးနှီး သားသမီးတွေနဲ့ နေထိုင်ပြောဆိုပြီး လိင်ကိစ္စဆိုတာကို အသေးအမွှားကနေ၊ အလေးထားစရာ ကိစ္စတွေအထိ ရှင်းလင်း ပြောပြနိုင်အောင် ကြိုးစားရမယ်။ ကျောင်းတွေက မပြောရင် သူတို့နဲ့ အနီးစပ်ဆုံးက မိဘတွေပဲ ရှိတာကြောင့် မိဘတွေက ပြောရမယ်။ ဒီလို ရှင်းလင်း ပြောပြနိုင်မှ သူတို့ လမ်းမှားကို ရောက်မသွားမှာပေါ့။ သူတို့ အရွယ်ရောက်လာချိန်အထိ သာယာ ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးရင် စိတ်လေတာတွေ၊ တလွဲ သာယာနေတာတွေ မရှိနိုင်ဘူးပေါ့”
“ဥပဒေကြောင်း အရလည်း တားဆီးကာကွယ် ပေးထားဖို့ လိုတယ်။ အရွယ်မရောက်သေးတဲ့ ၁၂ နှစ် အရွယ်လေးတွေ အပြစ်ကျူးလွန်ရင် ဘယ်လို အရေးယူမယ်ဆိုတဲ့ ဥပဒေလည်း ရှိဖို့လိုတယ်” ဟု သူက ဆိုသည်။

မလေးရှားနိုင်ငံ မိဘများ ပညာရေးလှုပ်ရှားအဖွဲ့ (PAGE) ဥက္ကဋ္ဌ နူးဇီမာအဘဒူရာမင် ကလည်း ကျောင်းသားများကို လိင်ပညာရေးနှင့် ပညာပေးရန် အရေးကြီးကြောင်း သဘောတူသည်။ သို့သော် ပျံ့နှံ့နေသော လိင်အသားပေး ပုံများ၊ ဗီဒီယို ဇာတ်လမ်းများ နေရာတိုင်းလိုလိုတွင် အလွယ်တကူ ရရှိနေခြင်းကလည်း ပြဿနာရပ်တစ်ခု ဖြစ်ကြောင်း သူက ထောက်ပြထားသည်။ သူမ အနေဖြင့် ကျောင်းများရှိ ကွန်ပျူတာခန်းများတွင် မလိုအပ်သည့် လိုင်းများသို့ ဝင်ရောက်ကြည့်ရှုခြင်း မပြုနိုင်ရန် ကြိုတင် ကာကွယ်ရေးစနစ် (Fire-walls) များ တပ်ဆင်ထားရန် အကြံပြုထားသည်။

“ကျောင်းသားတွေကို Facebook မသုံးရဆိုတဲ့ ကန့်သတ်ချက်မျိုးတွေနဲ့ ပိတ်ပင်စရာတော့ မလိုဘူး။ သူ့အသက်အရွယ် အပိုင်းအခြားနဲ့သာ သုံးခွင့်ပြုသင့်တယ်” ဟုလည်း ဇီမာက ဆိုသည်။ သူက အင်တာနက်ကို ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ ဆင်ဆာဖြတ်ခြင်းတို့သည့် အဖြေ မဟုတ်ကြောင်း လက်ခံထားသည်။

“မိဘတွေအနေနဲ့ အကောင်း၊ အဆိုးကို ခွဲခြားပြီး သဘောပေါက်အောင် ရှင်းပြဖို့ လိုမယ် ထင်တယ်။ အမှား၊ အမှန် ခွဲခြားနိုင်အောင် လေ့ကျင့် သင်ပေးဖို့လည်း လိုလိမ့်မယ်။ အင်တာနက်ကို အသုံးမပြုနဲ့ ဆိုပြီး ပိတ်လိုက်ရင် ဒီနေရာပိတ်၊ အခြားတစ်နေရာ ရောက်သွားမှာပဲ။ ကလေးတွေကို မလုပ်ရဆိုပြီး တားမြစ်မယ့်အစား အကျိုးရှိအောင် ဘယ်လိုသုံးရတယ် ဆိုတာတွေကို လမ်းညွှန် ပြပေးနိုင်ရင် ပိုကောင်းမယ်။ အကောင်းမြင်စိတ်နဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပြီး ကိုယ်လည်း အကျိုးရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိတာတွေကို ထုတ်လုပ်မှု တစ်ခုခုအနေနဲ့ ရလဒ် ပေါ်လာအောင် သုံးစွဲခိုင်းရင် ပိုကောင်းမယ် ထင်ပါတယ်” ဟူ၍ ပြောကြားချက်သည် ခေတ်သစ် မိဘများနှင့် ဆရာများအတွက် စဉ်းစားစရာ ဖြစ်သည်။

Ref: Rising Cases of Minors Raping Minors, by New Sunday Times, 2013 October

အယ်ဒီတာတစ်ဦး

The Voice Weekly

မလေးရှားနိုင်ငံအတွင်း အရွယ်မရောက်သေးသည့် လိင်မှုဆိုင်ရာ ဆိုးရွားသည့် အဖြစ်အပျက်များ
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ : မလေးရှားနိုင်ငံ ဒေသဆိုင်ရာ သတင်းစာ တစ်စောင်၏ ဖော်ပြချက်အရ၊ သုံးတန်း တက်နေသော အသက် ကိုးနှစ်အရွယ် မိန်းကလေး တစ်ယောက်သည် အိမ်နီးချင်း ၁၄ နှစ်အရွယ် ကောင်လေး တစ်ယောက်နှင့် မှားယွင်းဖောက်ပြားကာ ကိုယ်ဝန်ရှိလာပြီး သားယောက်ျားလေး တစ်ယောက် ဖွားမြင်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် : အသက် ၁၂ နှစ်နှင့် ၁၄ နှစ်ကြား လူငယ် ရှစ်ဦးသည် အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ကွာလာကူဘူဘာရူ မြို့ရှိ လူမနေသော အိမ်ကြီးတစ်လုံးတွင် မုဒိမ်း ပြုကျင့်မှုကြောင့် အဖမ်းခံကြရသည်။

ထိုမုဒိမ်းမှု ကျူးလွန်ခံရသည့် မိန်းကလေးသည် အခင်းဖြစ်ပွားသည့်နေ့ မတိုင်မီကတည်းက ကျောင်းပြေးပြီး အိမ်ကိုလည်း ပြန်မလာခဲ့ကြောင်း ဒေသဆိုင်ရာရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မိန်းကလေးသည် သူ့အိမ်နှင့် မိုင် ၁၀၀ ခန့်ဝေးသည့် အိမ်ပျက်ကြီးသို့ ရောက်လာပြီး အိပ်စက်နေစဉ် ထိုသို့ မုဒိမ်းကျင့်ခံရခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် : မာလက်ကာမြို့တွင် နေထိုင်သော လေးတန်း ကျောင်းသားနှင့် နှစ်တန်းကျောင်းသား နှစ်ယောက်သည် ပထမတန်း တက်နေသည့် ကျောင်းသူလေး တစ်ဦးကို အတင်းအဓမ္မ ပြုကျင့်နေသည့် ဗီဒီယိုပြကွက်များ လူကြီးများကြည့်သည့် Website တစ်ခုပေါ်သို့ တက်လာသည်။

ထိုညီအစ်ကို နှစ်ယောက်သည် ကျောင်းရှိ ကွန်ပျူတာခန်းတွင် လူကြီးကြည့် ဇာတ်လမ်းများကို ကြည့်ခဲ့ပြီးနောက် ကျောင်းမှ ကောင်မလေးကို အိမ်သို့ ခေါ်သွားပြီး မဟားဒယား ကျင့်ခဲ့ကြောင်း မိန်းကလေး၏ မိခင်က ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် ကြားးဖြတ်ထောက်လှမ်းသည့် နေရာတစ်ခုဟုဆို

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အီလက်ထရောနစ်ဆက်သွယ်ရေး ကွန်ယက်အတွင်း
ဆက်သွယ်မှုများကို ကြားဖြတ်ထောက် လှမ်းသည့် နေရာတစ်နေရာ ဖြစ်ကြောင်း အောက်တိုဘာ
လ ၂၉ ရက်နေ့ထုတ် ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့သည်။

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသည် အမေရိကန်အမျိုး
သားလုံခြုံရေးအဖွဲ့ (NSA) နှင့် ဗဟိုထောက် လှမ်းရေးအဖွဲ့(CIA)တို့က တိုက်ရိုက်ကိုင်တွယ်သည့်
သတ်မှတ်ဝန်ထမ်း ခန့်ထားထောက်လှမ်းရာ အခြေစိုက်စခန်း တစ်ခုဖြစ်ကြောင်း အင်အက်စ် အေ
(NSA)၏ အကြီးအကဲဟောင်းဖြစ်သူ အက်ဒ၀တ်စနိုးဒင်ထံမှ ပေါက် ကြားသည့် မြေပုံတစ်ခုကို
ကိုးကားကာ ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့သောစခန်းများသည် တယ်လီ ဖုန်းဆက်သွယ်မှုများ၊အီးမေးလ်ဆက်သွယ်မှုများနှင့် အခြား
အီလက်ထ ရောနစ် ဆက်သွယ်မှုများကို ကြားဖြတ်ထောက်လှမ်းမှုများ ကို ပြုလုပ်ကြောင်း၊ ကမ္ဘာ
တစ်ဝှန်းတွင် အလားတူ စခန်းပေါင်း ၉၀ ရှိပြီး စခန်း ၇၄ ခုတွင် သတ်မှတ်ဝန်ထမ်းများခန့်အပ်ထား
ကာ အဝေးထိန်းစနစ်ဖြင့် ထောက်လှမ်းသည့်နေရာ ၁၄ ခုနှင့် နည်းပညာပိုင်းဆိုင်ရာပံ့ပိုးပေးမည့်
စခန်း ၂ ခုလည်း ပါဝင်ကြောင်း သိရသည်။

ကြားဖြတ်ထောက်လှမ်းသည့်ကိစ္စကို သိရှိခြင်းမရှိသည့်အတွက် မှတ်ချက်ပေးစရာမရှိကြောင်း
နိုင်ငံတော်သမ္မတ၏ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က
ဆိုသည်။

အက်ဒ၀တ်စနိုးဒင်ထံမှ ပေါက်ကြားသည့် အချက်လက်များတွင် အမေရိကန်ပြည်ထောင်စုသည်
၎င်း၏မဟာမိတ်နိုင်ငံများမှ အကြီးအကဲများ၏ ဖုန်းများကိုလည်း ကြားဖြတ်နားထောင်ခဲ့ကြောင်း
ပါဝင်ခဲ့သဖြင့် လွန်ခဲ့သည့်တစ်လမှစ၍ အကြီးအကျယ် ဝေဖန်ခံနေရသည်။

သက်လှိုင်ဘာသာပြန်သည်။

ကမ္ဘာ့မြို့တော်များ ပြောင်းရွှေ့ခြင်းနှင့် နေပြည်တော်တည်ရခြင်းအကြောင်းရင်း – လင်းထိုက် (Y.I.T)

 
(နိုင်ငံခြားကြောက်ရောဂါ)နှင့် (အယူသီးမှု)တို့အပေါ်တွင် အခြေပြုစဉ်းစားခဲ့. . . ရွှေတိဂုံစေတီတော်ရန်ကုန်တွင် တည်ရှိနေခြင်းကလည်း အာဏာရှင် အစိုးရအဖို့ စိတ်မလုံမခြုံဖြစ်စေ . . .အာရပ်နွေဦးဂယက်နှင့် ရန်ကုန်မြို့တွင်း တရားခံလက်သည်မပေါ်သော ဗုံးပေါက်ကွဲမှု များမှာလည်း အကြောင်းရင်းခံများ . . .

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်အစိုးရသည် အစိုးရ ၀န်ထမ်းများအား မြို့တော်သစ်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက် ထုတ်ပြီး နောက်ပိုင်းတွင် နေပြည်တော် မြို့တော်သစ် ဇာတ်လမ်းအစပြု ခဲ့သည်ဟု ဆိုရပါမည်။ ထိုစဉ်အခါ ကမ္ဘာ့ သတင်းစာမျက်နှာ များတွင်တော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်၊ မနက် ၆ နာရီခွဲ တိတိတွင် ပျဉ်းမနား နေပြည်တော် မြို့သစ်သို့ အစိုးရ ရုံးများ ရုတ်တရက် ပြောင်းရွှေ့ သွားကြောင်း ကမ္ဘာ့သတင်း ဌာနများမှ ပလူပျံအောင် ရေးသား ဖော်ပြခဲ့ကြသည်။

တောင်၊ မြောက် ၁၁ မိုင်ကျော်၊ အရှေ့၊ အနောက် ၈ မိုင်နီးပါး၊ စတုရန်း မိုင်အားဖြင့် ၂၇၀၀ စတုရန်းမိုင် ကျယ်ဝန်းသော နေပြည်တော် မြို့တော်သစ်ကြီးသည် ရန်ကုန်မြို့ မြောက်ဘက်မှ ၂၄၄ မိုင် ကွာဝေးပြီး ပဲခူးရိုးမနှင့် ရှမ်းရိုးမ ကြားတွင် တည်ရှိပေသည်။ ပျဉ်းမနားမြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာ ပျဉ်းမနား – တောင်တွင်းကြီး၊ လယ်ဝေး လမ်းဆုံအနီးတွင် တည်ထားခြင်း ဖြစ်သည်။ ပျဉ်းမနားမြို့ ဟူသည် ဂျပန်ခေတ် ကာလက ဗိုလ်နေ၀င်း၏ တပ်ရင်း(၁) ဌာနချုပ် တည်ရှိခဲ့ဖူးရာ မြို့လည်း …  ဖြစ်သည်။ နေပြည်တော် မြို့တော်သစ်အား ၂၀၀၁ ခုနှစ် ကတည်းမှ လျှို့ဝှက် တည်ဆောက်ခဲ့သည်ဟု တချို့သော ကမ္ဘာ့ သတင်းဌာန များက ဖော်ပြခဲ့သည်။ မြို့တော်သစ်အား ယခင် စစ်အစိုးရနှင့် နီးစပ်သော ခရိုနီများ၏ ကုမ္ပဏီ အများစုမှ တည် ဆောက်ပေးခဲ့ပြီး တရုတ်ကုမ္ပဏီ များလည်း ပါဝင် တည်ဆောက် ပေးခဲ့သည်ဟု အစီရင်ခံစာ တချို့က ဆိုပါသည်။ ၀န်ကြီးရုံး ၃၀ ခန့်အား တောင်-မြောက် ၅မိုင်ခွဲ၊ အရှေ့- အနောက် ၃မိုင် နီးပါးကျယ်ဝန်းသော မြေ ဧရိယာပေါ်တွင် တည်ဆောက်ခဲ့ပြီး၊ တောင်ဘက် ချောင်းမကြီး ရေကာတာ အနီးတွင်မူ အစိုးရ ဧည့်ရိပ်သာ များကို တည်ဆောက် ထားသည်။ ၀န်ကြီးရုံးများ၏ တောင်ဘက်တွင် ၀န်ထမ်း အိမ်ရာများနှင့် ဈေးများကို တွေ့ရမည် ဖြစ်ပြီး မြို့တော်တောင်ဘက် ၈ မိုင်အကွာ ဧလာမြို့ အနီးတွင် ကြီးမားသော လေဆိပ်ကြီး တစ်ခုကို တည်ဆောက် ခဲ့သည်။ စစ်ရုံးချုပ် အပါအ၀င် အရေးကြီး စစ်ဘက် အဆောက်အအုံ များမှာမူ ပျဉ်းမနား အရှေ့မြောက်ဘက် တောတောင်များအား နောက်ခံ အကာအကွယ်ယူ၍ သီးခြား တည်ဆောက်ထားသည်ဟုဆိုသည်။

မြို့တော်သစ်ကြီးအား ၂၄ နာရီ လျှပ်စစ်မီး အပြည့်ရအောင် ဖြည့်ဆည်းထားပြီး ရှုမျှော်ခင်း လှပသော ပန်းခြံများ၊ ဂေါက်ကွင်းကြီးများ၊ အိမ်ကြီးရခိုင် ခံ့ညားထည် ၀ါသော အဆောက်အအုံကြီးများ၊ ရှားပါး ပင်ဂွင်းငှက် များပါ ပြသထားသော တိရစ္ဆာန် ရုံတစ်ရုံ စသည်ဖြင့် အစိုးရရုံး စိုက်ရာ မြို့တော်ကြီးသည် ခံ့ထည်ကြီးကျယ် ခမ်းနားမှု အပေါင်းနှင့် ပြည့်စုံပါပေသည်။

နေပြည်တော် မြို့တော်သစ်ကြီး၏ ကုန်ကျစရိတ်အား တိတိကျကျ တွက်ချက်ရန် ခက်ခဲ လှသော်လည်း ပညာရှင်များ သုံးသပ်ကြသည်ကတော့ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ နီးပါး ကုန်ကျခဲ့လိမ့်မည်ဟု ဆိုကြ သည်။ မြို့တော်သစ်ကြီးအား တရားဝင် ပြောင်းရွှေ့ခဲ့သည့် အချိန်တွင် နိုင်ငံတွင်းရှိ နိုင်ငံသားတစ်ယောက်၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈၀ (မြန်မာငွေ ၂ သိန်း ၈သောင်းခန့်) သာရှိခဲ့ပြီး တိုင်းပြည်တွင်းရှိ တချို့သော ကလေးငယ်လေးများသည် အမှိုက်ကြို အမှိုက်ကြားမှ ကောင်းပေ့ ဆိုသည့် အစုတ်အချာလေးများ လိုက်လံ ကောက်ယူပြီး အသက်မွေးမှု ပြုနေရသည်ဟု ပညာရှင်များ လေ့လာထားသော အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။

မြို့တော်သစ်ကြီး တည်နေရာ၏ ထူးခြားချက် တစ်ခုမှာ ပျဉ်းမနားမြို့၏ အရှေ့တွင် (ပင်လောင်းမြို့)၊ တောင်ဘက်တွင် (တောင်ငူမြို့)၊ မြောက်ဘက်တွင် (တပ်ကုန်းမြို့)တို့ တည်ရှိပြီး ထိုဝန်းရံထားသော မြို့အားလုံးမှာ ၉ ဂဏန်းဖြစ်ကြောင်း ဂမီ်္ဘရ ဗေဒင်ပညာရှင်များက ဆိုပါသည်။ အခြား ထူးခြားချက် တစ်ခုမှာ ထိုမြို့တော်သစ် ပြောင်းရွှေ့မည့် အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ၂၀၀၅ နိုဝင်ဘာ ၇ ရက်ညနေ ၃ နာရီမှ ၃ နာရီ ၅ မိနစ် အထိ ၅ မိနစ်သာကြာ မြင့်ပြီး မြန်မာပြည်တွင် အတိုဆုံး သတင်းစာ ရှင်းလင်းပွဲအဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။ ထိုသတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း (ယခု သမ ၀ါယမ၀န်ကြီး)က လမ်းပန်း ဆက်သွယ်ရေး အရ ဗဟိုကျသော မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပြောင်းရွှေ့ ရခြင်း ဖြစ်ကြောင်း တိုတို တုတ်တုတ် ပြောဆိုသွားခဲ့သည်။

နေပြည်တော် မြို့တော်သစ် ပြောင်းရွှေ့မှုသည် ခေတ်သစ်ကမ္ဘာ တွင်တော့ မြန်မာ တစ်နိုင်ငံတည်း မဟုတ်ခဲ့ချေ။ ပထမ ကမ္ဘာစစ်မှ စတင်ရေတွက်လျှင် နေပြည်တော်ကဲ့သို့ ရွှေ့ပြောင်းခဲ့သည့် မြို့တော် သစ်ပေါင်း ၁၇ မြို့ရှိခဲ့သည်။ တောင်အာဖရိက နိုင်ငံဆိုလျှင် မြို့တော် သုံးခုရှိသည်ဟုပင် ဆိုရမည်။ အုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံခြား သံရုံးများသည် ပရီတိုးရီးယားတွင်ရှိ၍ ဥပဒေပြုရေး အပိုင်းမှာ မူကိတ်တောင်း မြို့တွင် တည်ရှိကာ တရားစီရင်ရေး အပိုင်းကား ဗလိုရမ်ဖွန်းတိမ်း (BloemFontein) တွင် တည်ရှိပေသည်။

နေပြည်တော်ကဲ့သို့ မြို့တော်သစ် ပြောင်းရွှေ့မှုမျိုး ကမ္ဘာတွင် ရှိသည် ဆိုသော်လည်း နေပြည်တော် မြို့တော်သစ် ပြောင်းရွှေ့မှုကား ပိုမို ထူးခြားနေပြီး မြို့တော်သစ် ပြောင်းရွှေ့မှုများ ထဲတွင် နားလည်ရ အခက် ဆုံး ဖြစ်နေသည်ကို တွေ့ရသည်။

တခြား ကမ္ဘာ့နိုင်ငံများ၏ မြို့တော်သစ် ပြောင်းရွှေ့မှုများမှာ အေးချမ်းသော ပထ၀ီ အနေအထား၊ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား အုပ်စုများနှင့် တင်းမာမှု လျော့ပါးရေး စသည့် ရည်မှန်းချက် များအား အကောင်အထည် ဖော်ရေးအတွက်ဖြစ်သည်။

မြို့တော်သစ် ပြောင်းရွှေ့ ခဲ့ကြသော ကမ္ဘာ့နိုင်ငံ ၁၇ နိုင်ငံမှ မြို့တော်သစ် ၁၇ မြို့အနက် ၂ မြို့သာ မူလ မြို့တော်ထက် ပိုမိုကြီးမားသည်ကို လေ့လာတွေ့ ရှိရသည်။  မြန်မာပြည် မြို့တော်သစ်ကြီးမှာမူ မြို့တော် ဟောင်းထက် ပိုမိုကြီးမားအောင် တည်ဆောက် ထားသော်လည်း ထူးခြားချက်မှာ မြို့တော်ဟောင်း ရန်ကုန် တွင် မြန်မာပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်း (၆ သန်းခန့်) ရှိပြီး မြို့တော်သစ် နေပြည်တော်မှာမူ နိုင်ငံ လူဦးရေ၏ ၂ ရာခိုင်နှုန်း အောက် လူဦးရေ ၉ သိန်းခန့်သာ ရှိသော နေရာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ ပျံ့နှံ့မှုနှင့် အုပ်ချုပ်မှု ရေးရာကြား ဆက်သွယ်ချက် များအား သုတေသနပြု လေ့လာချက် ပြုလုပ်နေသော ဟားဗတ် ကနေဒီကျောင်း၏ ပါမောက္ခက ကျောင်းဆရာ Filipe Compante  မှ သုံးသပ်ပြသည် မှာ ““မြို့တော်တစ်ခုသည် နိုင်ငံလူဦးရေ များပြားရာ အရပ်နှင့် ဝေးရာသီးခြားတွင် တည်ရှိလေ၊ အစိုးရပိုင်း၏ အုပ်ချုပ်မှု စွမ်းရည်မှာ ပိုမိုညံ့ဖျင်း ဆိုးရွားလေ ဖြစ်သည်”” ဟု ဆိုခဲ့သည်။

လိပ်ပြာ မလုံသော အာဏာရှင်များသည် သူတို့ကိုယ်သူတို့ အကာအကွယ် ယူရန် မြို့တော်၏ ထီးတည်းဖြစ် အထီး ကျန်ဆန်မှုကိုတော့ ပေးဆပ်ခဲ့ရ လိမ့်မည်သာ ဖြစ်သည်။

မြို့တော်သစ် ပြောင်းရွှေ့မှုတွင် ငြီးငွေ့ ဖွယ်ရာ ကောင်းပြီး ယုတိ္တ မတန်သော ရှင်းလင်းချက်များဖြင့် မြို့တော်သစ်များဆီ ပြောင်းရွှေ့ဖို့ သင့်တော်သည် ဟူသော ရှင်းလင်းချက် များဖြင့်သာ အလွယ်ဖြေရှင်း ချက်ပေး နေသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အဖြေအား စဉ်းစား ကြည့်လျှင် ၎င်းအစိုးရများ၏ လွတ်မြောက်မှု အတွက်သာ သူတို့ ထည့်သွင်း တွက်ချက်ခဲ့ ကြခြင်းဖြစ်သည်။ မြန်မာ ဗုဒ္ဓဘာသာဝင် အများစု အထွတ် အမြတ်ထားရာ ရွှေတိဂုံ စေတီတော် ရန်ကုန်တွင် တည်ရှိနေခြင်း ကလည်း အာဏာရှင် အစိုးရအဖို့ စိတ်မလုံမခြုံ ဖြစ်စေခဲ့သည်။ အစိုးရအား တော်လှန်သော ဆန္ဒပြပွဲများသည် မြန်မာ့သမိုင်း တစ်လျှောက်တွင် ရွှေတိဂုံ ကုန်းမြေ၌ အခြေတည် ခြေကုပ်မှုများ ရှိခဲ့သည်။ ၁၉၄၀ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုလိုနီ ဆန့်ကျင်ရေး တရားများကို ရွှေတိဂုံကုန်း မြေပေါ်မှ ရဲရဲတောက် မိန့်ကြားခဲ့ဖူးသလို ၁၉၈၈ အစိုးရ ဆန့်ကျင် ရေး လူထုအရေး တော်ပုံကြီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပရိသတ် ငါးသိန်းကျော်ရှေ့တွင် ရွှေတိဂုံ ဘုရား ခြေရင်း၌ပင် အစိုးရဆန့်ကျင်ရေး တရားဟောခဲ့ဖူးသည်။ တစ်ဖန် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွင်လည်း သံဃာ၊ မယ်သီလရှင်နှင့် လူပုဂိ္ဂုလ်များ သည် ဆန္ဒပြရာတွင် ရွှေတိဂုံဘုရားဆီသာ ဦးတည် ချီတက်ခဲ့ကြသည်။

ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ခြုံငုံသုံးသပ် ကြသည်မှာတော့ ယခင်အာဏာပိုင် အစိုးရ၏ Xenophobia (နိုင်ငံခြား ကြောက်ရောဂါ)နှင့် Superstition (အယူသီးမှု)တို့အပေါ်တွင် အခြေပြု စဉ်းစားခဲ့သည်ဟု ဆိုသည်။ Xenophobia  ရှုထောင့်မှ စဉ်းစားလျှင် ရန်ကုန်သည် ပင်လယ်နှင့် နီး၍ နိုင်ငံခြား ရေတပ်များ အလွယ်တကူ ၀င်ရောက်လာနိုင်မှုသည် အာဏာရှင် အစိုးရ ဖိနှိပ်ခဲ့မှုများ၏ အကျိုးဆက်အတွက် စိတ် မလုံခြုံမှု ဖြစ်ခဲ့ ရသည်ဟု ဆိုသည်။ အယူသီးမှု ဟူသည်မှာတော့ ဗေဒင်လက္ခဏာ၊ ဂမီ်္ဘရပညာရပ်များ အပေါ် အားကိုးလွန်းခြင်း ကို ဆိုလိုခြင်း ဖြစ်သည်။ ဤတွင် အာရပ် နွေဦးဂယက်နှင့် ရန်ကုန်မြို့တွင်း တရားခံလက်သည် မပေါ်သော ဗုံးပေါက်ကွဲမှုများ (အထူးသဖြင့် ပြောင်းရွှေ့သည့် နှစ် လူ ၆၀ သေဆုံးသော ၂၀၀၅၊ မေ ၇ ရက် နေရာစုံ ဗုံးပေါက်ကွဲမှု) မှာလည်း အကြောင်းရင်းခံများ အဖြစ် နေပြည်တော် မြို့တော်သစ်ဆီ ပြောင်းရွှေ့ရန် အလျင်စလို စီစဉ်ရခြင်းများ ထဲတွင် ပါဝင်ခဲ့သည်။ ယခင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကမူ “Hear Land theory”  အရ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၀၆ ခုနှစ် အတွင်း စစ်ဆင်ရေး ညှိနှိုင်းအစည်း အဝေးတစ်ခုတွင် ပြောကြားခဲ့သည်ဟု နိုင်ငံခြား သတင်းဌာန တစ်ခုမှ ဖော်ပြခဲ့သည်။

၁၉၉၅ တွင် မလေးရှား နိုင်ငံ၌ အစိုးရ ရုံးများကို မြို့တော်သစ် တစ်ခုသို့ ပြောင်းရွှေ့ခဲ့ဖူး သော်လည်း မလေးရှား အစိုးရမှ မြို့တော် ပြောင်းရွှေ့မည့် ဆုံးဖြတ်ချက်နှင့် မြို့တော်သစ် တည်ဆောက်နေမှု တို့အား ပြည်သူအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ကြေညာ ပေးခဲ့သောကြောင့် အထူးအဆန်း သတင်းတစ်ပုဒ် မဖြစ် ခဲ့သော်လည်း နေပြည်တော် မြို့သစ် တည်ဆောက်မှုမှာမူ လျှို့ဝှက်မှုများဖြင့် ပြည့်နှက်နေ၍ ပြည် တွင်း တင်မက တစ်ကမ္ဘာလုံးမှ သတင်း ဌာနများကပါ အထူးစိတ်ဝင်စား ရေးသား ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ အရပ်သား အစိုးရမှာမူ နေပြည်တော် မြို့သစ်ကြီး၏ ထီးတည်းနိုင်မှု ကြားမှာပင် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ လုံခြုံမှု အပြည့်ဖြင့် စိတ်အား တက်ကြွနေပြီး နိုင်ငံရေး ဖြေလျှော့မှုများ ဖြင့် ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ပေါ်တွင် ခြေချ မိနေပြီဖြစ်ပါသည်။

အခြား အာရပ် ကမ္ဘာမှ အာဏာရှင်များ ကျဆုံးခဲ့ချိန်တွင် နေပြည်တော် အစိုးရအနေ ဖြင့်မူ အကျိုးစီးပွား ကာကွယ်မှု အကျိုးများ ရရှိနေပြီး၊ ပထ၀ီ အနေအထား အရလည်း ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံမှုများ ရှိနေသော ကြောင့် မြို့တော် ရန်ကုန်တွင် ရုံးစိုက်စဉ် ကကဲ့သို့ အာဏာ မတည်မြဲပြိုလဲမည်ကို စိုးရွံ့စရာများစွာ မလိုအပ်တော့ဘဲ လက်ရှိ ပေါ်လစီအပြောင်းတွင် နေပြည်တော် မြို့တော်သစ်ကြီး၏ လုံခြုံမှုအောက်တွင် ယုံ ကြည်မှုများ ပိုမိုတိုး၍ ခံစားနေကြရပါသည်။

လင်းထိုက် (Y.I.T)

လေ ကြောင်းရေကြောင်း ရဲတပ်ဖွဲ့ က တိုက်ခိုက်ရေးယာဉ်နှင့် လက်နက်များ ရုရှား နှင့် တရုတ်ထံမှ ထပ်ဝယ်မည်

လေ ကြောင်းရေကြောင်း ရဲတပ်ဖွဲ့အ နေဖြင့် တိုက်ခိုက်ရေးယာဉ်နှင့် လက်နက်များကို ရုရှားနှင့်တရုတ် တို့ထံမှထပ်မံဝယ်ယူသွားရန် စီ စဉ်ထားကြောင်း ပြည်ထဲရေးဝန် ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်  သတင်းစာသို့ ထုတ်ဖော်ပြောသည်။

ယင်းကဲ့သို့ဝယ်ယူရာတွင် နိုင်ငံတော်ဘတ်ဂျက်မှ ဝယ်ယူသွား မည်ဖြစ်ပြီး ယင်းရဲတပ်ဖွဲ့နှစ်ခုအ တွက် လိုအပ်သည့်ရေယာဉ်များ၊ လက်နက်ခဲယမ်းများ၊ နည်းပညာ မြင့် လုံခြုံရေးသုံး စက်ပစ္စည်း များ နှင့် အခြားလိုအပ်သည့်ပ
စ္စည်း ကိရိယာ များကို ယခုနှစ်အတွင်း ဝယ်ယူနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ''နိုင်ငံတော်လုံခြုံရေးအတွက် အ ဓိကဝယ်ယူတာပါ။ နှစ်ဖက်ဆွေး နွေးမှုတွေလုပ်နေတယ်။ လိုအပ် တဲ့ တိုက်ခိုက်ရေး၊ ကာကွယ်ရေး မှာ ထိရောက်တဲ့၊ နည်းပညာမြင့် တဲ့ပ
စ္စည်းတွေကိုပဲ ဝယ်ယူမှာ ပါ။ ဘယ်လောက်တန်ဖိုး ဝယ်မလဲဆို တာတော့ စိစစ်တုန်းပဲ''ဟု ပြော သည်။ ယင်းကဲ့သို့ ရေကြောင်း၊ လေကြောင်းရဲတပ်ဖွဲ့သည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အသစ် ထပ်မံဖွဲ့လိုက်သော အဖွဲ့အစည်း များဖြစ်ပြီး ယင်းဌာနများ ရှိအဆင့် မြင့်အရာရှိကြီး အတော်များများ သည် တပ်မှပြောင်းလာသူများ ဖြစ်ကြောင်း သိရသည်။

 
Twitter Bird Gadget