ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 2, 2014

မြန်မာ နိုင်ငံသား ပထမ ဦးဆုံး စွန့်ဦး တီထွင်သူ စက်တပ် လေထီး စီးကာ ပျံသန်းသူ ကျောက်မဲ မြို့နယ်မှ ပေါ်ပေါက်



{ 2 Jan 2014 }

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ မန္တလေး- လားရှိုး လမ်းဘေး ပန်ဟုတ်ကျေးရွာ အနောက်ဘက် လယ်ကွင်းထဲ၌ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ကိုဖိုးလုံး(ခ) ကိုကျော်စိုးအောင်က တစ်နာရီလျှင် ကီလိုမီတာ ၃ဝ မှ ကီလိုမီတာ ၆ဝ အထိ ပျံသန်းနိုင်သော စက်တပ် လေထီးကို မြေပြင်မှ အထက်ပေ ၁ဝ၇ဝ အမြင့်မှ ပျံသန်း ပြသခဲ့သည်။

အဆိုပါ စက်တပ်လေထီး (ပါရာမိုတာ)ကို ကိုဖိုးလုံး (ခ) ကိုကျော်စိုးအောင်သည် သုံးနှစ်တိုင်တိုင် ကိုယ်တိုင် တီထွင်ကြံဆ တည်ဆောက်ခဲ့ကာ အပတ်တကုတ် ကြိုးစား လေ့ကျင့် ရခဲ့ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံသား ပထမ ဦးဆုံး စွန့်ဦး တီထွင်သူနှင့် ဝေဟင်ထက်မှ သက်စွန့်ကြိုးပမ်း ပျံသန်းနိုင်သူ ဖြစ်ကြောင်းသိရသည်။

အဆိုပါ စက်တပ် လေထီး (ပါရာမိုတာ)သည် အလေးချိန် ၂၅ ပိဿာ ရှိပြီး စက်တပ်ယာဉ်နှင့် တွဲထားသော လေထီးသည် ၂၅ မီတာရှိပြီး အမြင့်ဆုံး စမ်းသပ်ပျံသန်း မှုသည် ပေ ၃၅ဝဝ ထိ ပျံသန်း နိုင်ကြောင်း သိရသည်။

အန္တာတိကမှာ ပိတ်မိနေသူတွေကို ကယ်တင်ပြီး



Antarctica သမုဒ္ဒယာအတွင်း ရေခဲတွေကြားမှာ ပိတ်မိနေတဲ့ ရုရှားသုတေသန သင်္ဘောပေါ်က ခရီးသည်တွေကို ကြာသပတေးနေ့မှာ ရဟတ်ယာဉ်နဲ့ အောင်မြင်စွာ ကယ်တင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်မယ့် ရဟတ်ယာဉ်က အဲဒီ ခရီးသည်တွေရှိနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဆင်းလိုက်နိုင်တဲ့အတွက် အခုလို ကယ်တင်နိုင်တာလဲ ဖြစ်ပါတယ်။

ခရစ္စမတ်အကြိုနေ့ကတည်းက ပိတ်မိနေတဲ့ Akademik Shokalskiy သုတေသန သင်္ဘောပေါ်က ခရီးသည်တွေကို ကယ်တင်လိုက်နိုင်ပြီလို့ သြစတြေးလျ ရေကြောင်းဘေးကင်းလုံခြုံရေးအာဏာပိုင်တွေက ပြောပါတယ်။

ခရီးသည်တွေဟာ အနီးအနားက သင်္ဘောပေါ် ဘေးကင်း ရန်ကင်းရောက်သွားပြီလို့ သင်္ဘောပေါ်ပါလာတဲ့ သိပ္ပံပညာရှင်တွေထဲက တစ်ဦးဖြစ်သူ Chris Turney က Twitter လူမှုကွန်ယက်ကတဆင့် ပြောဆိုပါတယ်။

သိပ္ပံပညာရှင်တွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ၊ သတင်းထောက်တွေ စတဲ့ လူစုံပါတဲ့ ၅၂ ယောက်အဖွဲ့ကို ကယ်ဆယ်ရေးရဟတ်ယဉ်နဲ့ ၁၂ ယောက်တကြိမ် သယ်ဆောင်သွားတာ ဖြစ်ပါတယ်။ အခုတော့ သူတို့တတွေ ကုန်းမြေဆီကိုရောက်ဖို့ သီတင်းပတ်အတော်ကြာ ခရီးဆက်ရပါဦးမယ်။

သူတို့ပိတ်မိနေတဲ့နေရာမှာ နှင်းမုန်တိုင်းကျနေတဲ့အတွက် အရင်က ရဟတ်ယာဉ်နဲ့ ကယ်တင်မယ့် အစီအစဉ်ပျက်ခဲ့ရတာပါ။ တရုတ်၊ သြစတေးလျနဲ့ ပြင်သစ်နိုင်ငံတို့က ရေခဲခွဲသင်္ဘောတွေ အဲဒီ ရုရှားသင်္ဘောထံကို ရောက်နိုင်အောင် အစောပိုင်းက ကြိုးပမ်းမှုတွေလည်း အောင်မြင်ခြင်း မရှိခဲ့ပါဘူး။

မြန်မာ အစိုးရ လွှတ်ပြီး အကျဉ်းသား ပြန်ဖမ်း

မြန်မာ နိုင်ငံမှာ သမ္မတ ဦးသိန်းစိန်က အကျဉ်းသား အားလုံးကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ကြေညာသွားခဲ့ပါတယ်။

သေဒဏ် ကျခံနေရသူတွေကို ထောင်ဒဏ် တသက် လျော့ပေါ့ ပေးမှာ ဖြစ်ပြီး ထောင်ဒဏ် တသက် ချခံထားသူတွေကိုတော့ နှစ်လေးဆယ်ထိ ပြစ်ဒဏ် လျော့ပေါ့ပေးကာ ကျန်တဲ့ ထောင်ဒဏ် နှစ် ၂၀အောက် ကျခံနေရသူတွေကို ကျခံထားရတဲ့ ပြစ်ဒဏ်တွေ ထက် ၂၅ ရာခိုင်နှုန်း လျော့ပေါ့ ပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ရဲ့ ကြေညာချက် အရ ဒီနေ့ ကြာသပတေးနေ့ ညနေ ၆နာရီ သတင်း မှာ အခုလို ထောင်ဒဏ်တွေ လျှော့ပေးလိုက်ပေမဲ့မယ် မနေ့ ကဘဲ နိုင်ငံရေးပုဒ်မ တွေ့ နဲ့ထိန်းသိမ်းထား တဲ့တပ်မတော် ထောက်လှမ်းရေးအရာရှိဟောင်း နှစ်ဦးကို ဇန်နဝါလ ၁ ရက် မနက်ပိုင်း အကျဉ်းထောင်က လွှတ်ပေးပြီး ပြန်ထိန်းသိမ်းခဲ့ပါတယ်။

လားရှိုးထောင် က အရင် တပ်မတော် ထောက် လှမ်း ရေး ဗိုလ်မှူးကြီးတင်ဦးနှင့် ဘားအံအကျဉ်းထောင်မှ ဗိုလ်မှူးဟောင်း မိုးသူ တို့ကို ဇန်နဝါရီ တစ်ရက် က လွှတ်ပေးခဲ့ပြီး ညနေပိုင်းမှာဘဲ ပြန်ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ် ကတော့ သူတို့ဟာ အီလက်ထရွန်းနဲ့ ဥပဒေ အပါအဝင် တခြား ပြစ်မှုတွေ ကျူးလွန်တာကြောင့် ပြန်အဖမ်းခံရတာလို့ ဆိုပါတယ်။

အခု လို တစ်ရက် အတွင်း ပြန်အဖမ်း ခံခဲ့ ရတဲသူတွေ ကတော့ ၂၀ဝ၄ခု နှစ် လောက်ထဲက အဖမ်း ခံရ တဲသူတွေ ဖြစ် ပါတယ် ဗိုလ်မှူးကြီးတင် ဦးကို လားရှိုးလေဆိပ် မှာ ဘဲ တာဝန်ရှိ သူတွေက ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး ဗိုလ်မှူးမိုးသူကိုမူ ရန်ကုန်အပြန် မှာ ပြန် ပြီး ထိမ်းသိမ်း ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီထောက်လှမ်းရေး အရာရှိဟောင်းတွေ အပြင် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါလာ နိုင်သလား ဆိုတာနဲ့ ပတ်သက်လို့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောတ် ရေး ဗဟိုကော်မတီဝင် ကိုရဲအောင် ကတော့ မြန်မာနိုင်ငံ အနှံ့က ထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားပေါင်း ၄၀ လောက်ရှိနိုင်ပါသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မတော် ထောက်လှမ်းရေးအရာရှိတွေ ၂၀ ကျော်လောက် ထောင်ထဲမှာ ပစ်ဒဏ်တွေကျခံ နေရဆဲ ဖြစ်ပြီး ဒီနှစ်ထဲမှာ လွတ်လာတဲ ဒီ တပ် မတော် ထောက်လှမ်းရေး အရာရှိ နှစ်ဦး က လွတ်ပြီး တစ်ရက် အတွင်း ပြန်အဖမ်းခံရသူတွေ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရဲတပ်သား သတ်ဖြတ်ခံရမှု ဖမ်းဆီးစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြော

 
ရခိုင်ပြည်နယ် စစ်တွေမြို့ မှန်စီကျေးရွာမှာ မွတ်ဆလင်တွေရဲ့တိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦး သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး တရားခံတွေကို ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက ထုတ်ဖော်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက မွတ်ဆလင်တွေနေထိုင်တဲ့ မှန်စီကျေးရွာနားက တရုတ်သင်္ချိုင်းကို မွတ်ဆလင်ရှစ်ဦးခန့်က ဖျက်ဆီးနေလို့ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဝင်နှစ်ဦးက မဖျက်ဆီးဖို့တားဆီးခဲ့ရာမှာ အဲဒီမွတ်ဆလင်တွေက တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား သန့်ဇော်ဝင် သေဆုံးပြီး ရဲတပ်သား ကျော်ကျော်မိုး ဆိုသူကတော့ ဦးခေါင်း နဲ့ နဖူးမှာ ပေါက်ပြဲဒဏ်ရာတွေ ရခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ မွတ်ဆလင်အမျိုးသား နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း ပြည်နယ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

" မုန်စီရွာက ဒေသခံ ဘင်္ဂါလီတွေက ကျွန်တော်တို့ အုပ်ဂူကို ဖောက်တဲ့ကိစ္စအတွက်အမှုရယ် နောက်ပြီးတော့ ပြည်သူ့ဝန်ထမ်းက တာဝန်အရ တားမြစ်တဲ့ အခါမှာ ပြည်သူ့ ဝန်ထမ်းကို ဒဏ်ရာရအောင် ပြုလုပ်တာရယ် နောက် ဒဏ်ရာရပြီးတော့ သေသွားတဲ့ အတွက်ကြောင့် လူသတ်မှုငြိတယ်ပေါ့ဗျာ၊ ဒါတွေနဲ့ အမှုဖွင့်ပြီးတော့ အရေးယူဆောင်ရွက်နေပါတယ် ရဲက၊ တရားခံ နှစ်ယောက်ကတော့ ရဲစခန်းမှာ ဖမ်းပြီးတော့ စစ်ဆေးနေပါတယ်၊ နောက်တရားခံနှစ်ယောက်ကိုလည်း ဖမ်းဖို့ ကြိုးစားနေပါတယ်လို့ ပြောပါတယ်"

အခုဖမ်းဆီးထားသူတွေကို စစ်တွေမြို့ မြို့မရဲစခန်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၇/၃၃၃ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာအခြေစိုက်ပြီး လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာအကူညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ မြို့ခံတွေရဲ့ဆန္ဒနဲ့အညီ ကူညီရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရက ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရ အဖွဲ့ဟာ မြောက်ဦးမြို့က ရပ်မိရပ်ဖတွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ မနေ့က မြောက်ဦးမြို့မှာ တွေ့ဆုံခဲ့ပြီး ပြည်နယ်အစိုးရက အကူညီပေးရေး ကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ မြောက်ဦးမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်က RFA ကို အခုလိုပြောပါတယ်။

" မြို့လူထု တောင်းဆိုထားတဲ့ အချက် ၉ ချက်ကို ဝန်ကြီးချုပ်ဆီကိုတင်ပြတယ်၊ အဲ့အခါမှာ ဝန်ကြီးချုပ်က ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ NGO တွေနဲ့ ဆက်သွယ်ရေးပိုင်း ကော်မတီတွေနဲ့ အဲ့အချက် ၉ ချက်ကို တင်ပြပြီးတော့ အဲ့မှာ ဆွေးနွေးဆုံးဖြတ် ပေးပါ့မယ်၊ NGO တွေလည်း ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်၊ အလားအလာကောင်းပါတယ်၊ တောင်းဆိုချက်တွေကလည်း ဒီလောက်ကြီးမဟုတ်ပါဘူးဆိုပြီးတော့ ပြောသွားပါတယ်"

မြောက်ဦးမြို့ခံတွေက နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေအနေနဲ့ မြောက်ဦးမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ မြို့ခံလူထုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေအကြား ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာ ပြုလုပ်ပေးဖို့ အပါဝင် အချက် (၉) ချက်ပါ ကြေငြာချက်တရပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာပါ။

မရမ်းကုန်းမြို့နယ် ပေါ်တော်မူစေတီတော် ဆင်းတုတော်မှ ယာဘက်မျက်လုံးတော်ပွင့်

 
ရန်ကုန်၊ ဒီဇင်ဘာ-၃၁

မရမ်းကုန်းမြို့နယ် အထက်ဗဟိုလမ်းရှိ ပေါ်တော်မူစေတီတော်၌ ယာယီ အပူဇော်ခံထားလျက်ရှိသော ဗုဒ္ဓဆင်းတု တော်မှဆံတော်များ ပေါ်ထွန်းလာပြီး ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီ က ယာဘက် မျက်လုံးတော် ထပ်မံပွင့်တော်မူခဲ့ကြောင်း သတင်းအရ စံတော်ချိန်မှ သွား ရောက်ဖူးမြော် မှတ်တမ်းတင်ခဲ့သည်။

အဆိုပါ ယာဘက်မျက်လုံးတော် ပွင့်တော်မူခဲ့သော ဗုဒ္ဓဆင်းတုတော်မှာ ဥာဏ်တော်ကိုးလက်မရှိပြီး ယခုနှစ်ဇူလိုင် ၁ ရက်က ဆံတော်များ ပေါ်ထွန်းခဲ့ ကြောင်း၊ ဆံတော်များထွက်ပေါ်ချိန်တွင် ဘုရားဒါယကာဖြစ်သူ ဦးခင်မောင်ဦးက အများပြည်သူ ဖူးမြော်ပူဇော်နိုင်ရန် မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက် ရေကူးဘူတာ ရုံလမ်း ပညာ့သိပ္ပံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပြောင်းရွှေ့အပူဇော်ခံထားကြောင်း၊ ယင်းပညာ့သိပ္ပံကျောင်းမှ မြို့တွင်း အပူဇော်ခံထွက်ရာ ၁၀ နေရာ အထိရှိပြီးဖြစ်ကြောင်း၊ ယခုအခါ၌ ပေါ် တော်မူစေတီတော်တွင် အပူဇော်ခံထားရှိရာမှ ယာဘက်မျက်လုံးတော် ပွင့်တော်မူခဲ့ကြောင်း ဘုရားဒါယကာ ဦးခင်မောင်ဦးက စံတော်ချိန်သို့ ပြောဆိုသည်။

" ဒီဘုရားက အရင်တုန်းက ရန်ကင်းဆည်မြောင်း ရုံးတည်ဆောက်ရေး (၆) က ဒုညွှန်ကြား ရေးမှူး ဦးဝင်းပိုအိမ်မှာ ကိုးကွယ်တဲ့ ဘုရား။ သူရာထူးတက်သွားတော့ကျွန်တော့်ကို ပေးခဲ့တာ။ (၂၀၁၂ )ခုနှစ်မှာ အိမ်မှာပင့်ပြီး ကိုးကွယ်ထားခဲ့တာ။ ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်က ဘုရား ဆံတော်တွေ စပွင့်ခဲ့တယ်။ ကျွန်တော် ၁၉ ရက်ကြာမှ အားလုံးကို ပြောပြခဲ့တာပါ " ဟု ဘုရားဒါယကာ ဦးခင်မောင်ဦးက ရှင်းပြသည်။

အဆိုပါ ဗုဒ္ဓဆင်းတုတော်အား ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီတွင် ပညာ့သိပ္ပံဘုန်းတော်ကြီး သင်ပညာရေး ကျောင်းသို့ ပြန်လည်ပို့ဆောင် အပူဇော်ခံထားမည်ဟု သိရသည်။ ဗုဒ္ဓ ရုပ်ပွားတော်အား ပင့်ဆောင်ပူဇော်လို သူများသည် ဇန်န၀ါရီ ၄ ရက် နောက် ပိုင်းတွင် ဦးခင်မောင်ဦး-ဒေါ်ခင်စော ၀င်း ဖုန်း-၀၉- ၄၂၁၁၂၁၁၁၅ ရုံးရှေ့ မှတ်တိုင် လှိုင်သာယာ ဆည်မြောင်း အိမ်ရာတိုက် (၁) အခန်း (၁၅) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အိသန္တာမိုး
စံတော်ချိန် နေ့စဉ်သတင်းစာ

မြစ်ဆုံ စီမံကိန်း သို့မဟုတ် အနာဂတ်မြန်မာအစိုးရအတွက် ချိန်ကိုက်ဗုံး

 
မြန်မာပြည်မြောက်ပိုင်းက ကချင် ပြည်နယ်တွင် ”အောင်မြင်သာ” စံပြ ကျေးရွာသည် လွန်ခဲ့သည့် ၃ နှစ်ခန့်အ ထိ အကောင်အထည် မဆိုထားဘိ။ အမည်သညာပင် မရှိေ သး။ ထို့ပြင် လက်ရှိ ကျေးရွာ သူ၊ ကျေးရွာသားများ ကလည်း ထိုစံပြရွာများ တည်ဆောက် ခြင်းကို ဘယ်တုန်းကမှ အလိုမရှိခဲ့ပါ။

”အောင်မြင်သာ”သည် ဧရာဝတီ မြစ်အစပြုရာ မြန်မာပြည်မြောက် ပိုင်း မြစ်ဆုံဒေသတွင် တည်ဆောက်မည့် ကမ္ဘာ့အကြီးဆုံးစာရင်း ဝင် မြစ်ဆုံရေ အားလျှပ်စစ်စီမံ ကိန်းကြောင့် ရေလွှမ်း မိုးခံရမည့် ကျေး ရွာပေါင်း ၂ဝ ကျော်မှ လူပေါင်း ၂၇ဝဝ ကျော်အတွက် အစိုးရ က တည်ဆောက်ပေးသော စံပြကျေးရွာ နှစ်ရွာအနက်မှ တစ်ရွာဖြစ် သည်။

မြစ်ဆုံ ဆည်စီမံကိန်းကြောင့် ရေ လွှမ်းမိုးခံရမည့် တန်ဖရဲရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဆိုင်းပန်သည် အောင်မြင်သာရွာ သို့ ပြောင်းရွှေ့ ခဲ့ရ သော်လည်း သူမ၏ အသက်မွေးဝမ်း ကျောင်းအတွက် ထိုရွာက ဘာမှ အ ထောက်အကူမပြုနိုင်ခဲ့။ဆည်စီမံကိန်း ကြောင့် နေရင်းကျေးရွာကို စွန့်ခွာခဲ့ရ သည်။ မြစ်ဆုံအနီးမှ ၁ဝ ဧကခန့် ကျယ်ဝန်းသော ဒညင်းခြံ ဖျက်ဆီးခံခဲ့ရ သည်။ အားကိုးစရာ အမျိုးသား မရှိ တော့သော မုဆိုးမ ဆိုင်းပန်သည် က လေး သုံးယောက်အတွက် မြစ်ဆုံတွင် ရေသန့်နှင့် အချိုရည် ရောင်းချပြီး အ သက်ဆက် နေရသည်။

”ဒညင်းခြံကလည်း ဖျက်ဆီးခံ လိုက်ရပြီဆိုတော့ ပြန်မလိုချင်တော့ဘူး။ အဲဒီခြံက ၁ဝ နှစ်လောက် ပြုစုထားရ တာ။ ပြန်ရလို့ ပြန်စိုက်ရရင် လည်း နောက်ထပ် ၁ဝ နှစ် ၁၅ နှစ်လောက် အချိန်ယူရဦးမယ် ဆိုတော့ ဖြစ်နိုင်ရင် လျော်ကြေးပဲ လိုချင်တယ်”ဟု ဆိုင်းပန် က ပြောသည်။ ဆည်တည်ဆောက်ရေး စီမံကိန်းကို ရပ်ဆိုင်းထားသည့်အ တွက် လျော်ကြေးငွေပေးချေမှုကိုလည်း ရပ် ဆိုင်းထားသဖြင့် သူမ၏ ခြံမြေအတွက် လျော်ကြေးမရသေးဟုလည်း ဆိုသည်။

သူမ၏ နေရင်းရွာ တန်ဖရဲကား တားမြစ်မြို့တော်တစ်ခုသဖွယ် ဖြစ်နေ ပြီး ရွာခံအချို့ကမူ နေရင်းတန်ဖရဲရွာသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နေကြလေ ပြီ။ သို့ရာတွင် အာဏာပိုင်တို့က ယင်း ကို တရားဝင် ခွင့်ပြုထားခြင်း မဟုတ်။ ယာယီ သဘောနေထိုင်ခွင့် ပြုခြင်းသာ ဟု ထုတ်ပြန်ထားသည်။

ယခင်စစ်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့သော စာချုပ်အရ ၂ဝဝ၉ ခုနှစ် တွင် မြစ်ဆုံရေကာတာတည်ဆောက်ရေး လုပ်ငန်းကို စတင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။ ဆည်တည်ဆောက်ရေး အတွက် အဓိက ကန်ထရိုက်တာမှာ

China Power Invesment ကော်ပိုရေးရှင်း (CPI) ဖြစ် ပြီး မြစ်ဆုံဆည်သည် ကမ္ဘာ့နံပါတ် ၁၅ ခုမြောက် အကြီးဆုံး ဆည်စီမံကိန်း ဖြစ် သည်။ ယင်း စီမံကိန်းမှ ထုတ်ယူ ရရှိမည့် လျှပ်စစ်၏ ၉ဝ ရာခိုင်နှုန်းကို တရုတ်နိုင် ငံ ယူန်ပြည်နယ်သို့ တင်ပို့ရမည် ဖြစ် သည်။

မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ် သဖွယ်ဖြစ်သော ဧရာဝတီမြစ်ကြီးအစပြု ရာ မေခနှင့် မလိခမြစ်တို့ ဆုံရာဖြစ်သော ဧရာဝတီမြစ်ဆုံကို ပိတ်ကာ တည် ဆောက်မည့် ရေ ကာတာစီမံကိန်းကို ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း ဖြစ်သော (ကေအိုင်အို၊ ကေအိုင်အေ)ကလည်း ကန့်ကွက်ခဲ့ပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခွင့်အ ရေးတန်းတူခွင့်အတွက် နှစ်ပေါင်းများ စွာ လက်နက်ကိုင် တော်လှန်ခဲ့သည့် ကေအိုင်အေသည် မြစ်ဆုံဆည်စီမံကိန်း အတွက် ၁၇ နှ စ်ကြာတည်မြဲခဲ့သော အ ပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခံရ သည်။

၂ဝ၁၁ ခုနှစ်တွင် ကေအိုင်အေ တပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံနှင့် က ချင်ပြည်နယ်သို့ ဆက်သွယ်ထားသော ပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ပြီး မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်း သုံးပစ္စည်းပို့ဆောင်နေမှု ကို ရပ်ဆိုင်းစေ ခဲ့သည်။ ပို့ဆောင်ရေးလမ်းကြောင်းအ တွက် အဓိက ကျသော တံတားတစ်စင်း ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ ယင်းလုပ် ရပ်ကြောင့်ပင် အစိုးရနှင့် ၁၇ နှစ်ကြာ အပစ်ရပ်သဘောတူညီချက် ပျက်ပြယ်ခဲ့ရသည်ဟု ကေအိုင်အို ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလနန်က ပြော သည်။

၂ဝ၁၁ ခုနှစ်ဇွန်လတွင် တစ်ကျော့ ပြန် ကချင်ဒေသ တိုက်ပွဲများ ဖြစ်လာခဲ့ ရသည်။ ထိုဖြစ်ရပ်၏ အကျိုးဆက်က တိုက်ပွဲများ နှစ်နှစ် ကျော် ကြာလာ ခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူ ကချင်ဒုက္ခ သည် နှစ်သိန်းနီးပါး အထိရှိလာပြီဖြစ် သည်။

မြစ်ဆုံရေကာတာ စီမံကိန်းအ တွက် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးစဉ်က စစ်အစိုးရလက်ထက်ဖြစ် ၍ မည်သူမျှ ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောကြားခွင့် မရခဲ့။ သို့ရာတွင် လွတ် လပ်ပွင့်လင်းလာခြင်းနှင့်အတူ မြစ်ဆုံ စီမံကိန်း၏ ကောင်းကျိုးဆိုးကွက်များ အပေါ် ပြည်သူတို့၏ ဝေဖန်၊ ကန့်ကွက် မှုကား ပြင်းထန်လာခဲ့သည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း အား ၄င်းတို့အစိုးရလက်ထက်တွင် ရပ် နားထားမည်ဟု ၂ဝ၁၁ ခုနှစ် စက်တင် ဘာလတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် ဗိုလ်မှူး လနန်က သမ္မတ၏ အမိန့်ဒီဂရီသည် ရပ်ဆိုင်း ထားခြင်းမျှသာဖြစ်ပြီး အပြီးတိုင် ရပ် ဆိုင်းခြင်း မဟုတ်ခြင်းက မရိုးသားမှုတစ် ခု ဖြစ်ကြောင်း ဆိုသည်။”ကျွန်တော်တို့က ဒီစီမံကိန်း ကို အပြီး ရပ်ဆိုင်းသွားစေချင်တာ” ဟု ၄င်းက ဆိုသည်။

ယနေ့အချိန်အထိ ကေအိုင်အေ က အစိုးရနှင့် အပစ်ရပ် လက်မှတ် မရေးထိုးနိုင်သေးခြင်းသည် မြစ်ဆုံ ဆည်စီမံကိန်း အပေါ်တွင်လည်း မူ တည်နေသည်ဟု ၄င်းက ဆိုသည်။

ယခင်အစိုးရလက်ထက်သာမက ယခုအစိုးရလက်ထက်တွင်လည်း နီး ကပ်သော ဆက်ဆံရေးရှိနေသည့် တရုတ်တို့က ဤစီမံကိန်းအား မလွဲမ သွေ အကောင် အထည်ဖော်ရန် ကြိုးစား နေကြပါသည်။ ထို့အတွက် ဘက်ပေါင်း စုံမှ ကြိုးစားနေပြီး ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ တရုတ် ပြည်ခရီးစဉ်တွင်လည်း တရုတ်အာဏာ ပိုင်တို့က မြစ်ဆုံစီမံကိန်းပြန် လည်စတင် ရေးအတွက် ကူညီပေးရန် ကမ်းလှမ်းခဲ့ သည်ဟု သိရသည်။

”သူတို့က ဖြစ်နိုင်မယ်ဆိုရင် အခု ချက်ချင်းပဲ ဒီစီမံကိန်းကို ပြန်စချင်နေ တာ”ဟု ၈၈ ခေါင်းဆောင် ကိုမြအေးက ပြောသည်။

”မြန်မာပြည်သူတွေဟာ ဒီစီမံ ကိန်းကို ဘယ်နည်းနဲ့မှ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတာ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်”ဟု ၄င်းက ဆိုသည်။

မြန်မာသည် လျှပ်စစ်ဓာတ်အားလို အပ်ချက် များပြားနေသော နိုင်ငံဖြစ် ပြီး နိုင်ငံလူဦးရေ၏ ၃ဝ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားရယူသုံးစွဲခွင့် ရနေ ကြသည်။ ထိုသို့သော အခြေအနေတွင် စာချုပ်အသစ်ဖြင့် မြစ်ဆုံစီမံကိန်းကို အ ကောင်အထည်ဖော်ပြီး လျှပ်စစ်လိုအပ် ချက်ကို ဖြည့်ဆည်းပေး လျှင် ဖြစ်နိုင်ဖွယ် ရာ ရှိသော်လည်း လက်ရှိ အစိုးရက ပါး နပ်သည်။ သူတို့က လူထုအငြိုအငြင်မခံ ဘဲ နောင်လာမည့် ၂ဝ၁၅ ရွေးကောက် ပွဲအလွန် အစိုးရအတွက် ချိန်ကိုက်ဗုံး တစ်လုံး ထားပေးခဲ့ပါသည်။

၂ဝ၁၅ အလွန်တွင် ပေါ်ပေါက် လာမည့် အစိုးရကို အရပ်ဘက် အသွင် ပြောင်း ပြည်ခိုင်ဖြိုးပါတီက ဦးဆောင် သည်ဖြစ်စေ၊ နိုဘယ် ငြိမ်းချမ်းရေးဆု ရှင် ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီက ဦးဆောင်သည်ဖြစ်စေ ရပ်ဆိုင်း ထားသော မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်ရန် ကြိုးစားသည်နှင့် လူထုဆန့် ကျင်မှုကို ခံရတော့မည်။ မြန် မာပြည်သူ တို့က လျှပ်စစ်မီး မရသည့် အမှောင်ထဲ တွင် နေနိုင်သော်လည်း တရုတ်တို့ကမူ ချုပ်ဆိုထားပြီး စာချုပ်များအရ ဤစီမံ ကိန်းကို မရအရ အကောင်အထည် ဖော် ကာယူနန်ပြည်နယ်ကို လျှပ်စစ် ထောက်ပံ့ရန် စီစဉ်ပေလိမ့်မည်။

”ဒီစီမံကိန်းဟာ နောင်အစိုးရ အတွက် စနက်တံတပ်ထားတဲ့ ဗုံးတစ် လုံးလိုပါပဲ”ဟု ထိုအခါတွင် မြန်မာပြည် အနေနှင့် အကျပ်အတည်းတစ်ခုကို ရင် ဆိုင်ရမည်က သေချာသည်ဟု မြန်မာ့အ ရေး ကျွမ်းကျင်သူ ဘာတေးလင့်တနာ သုံးသပ်ခဲ့သည်။

ကျော်ရဲလင်း


သားသတ်လိုင်စင် (စီ)စနစ် ဖျက်သိမ်း

 
လာမည့်နှစ် ရန်ကုန်တွင် သိန်းရာ ဂဏန်းပေးရသော တိရစ္ဆာန်သားသတ် ခွင့် လိုင်စင် (စီ)စနစ်အား ဖျက်သိမ်းကာ ဈေးခုံ စနစ် (သို့မဟုတ်)ခေါင်းခွန် စနစ် ဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ သိ ရသည်။

သားသတ်ခွင့် လိုင်စင်(စီ) ရရှိရန် အတွက် သိန်းရာဂဏန်းပေးရပြီး မွေးမြူ သူများမှာ ၄င်းတို့ ချုပ်ကိုင်သော ဈေး နှုန်းအောက်တွင် ရှိခြင်း၊ ယင်းကြောင့် မွေးမြူထုတ်လုပ် သူများအတွက် အကျိုး အမြတ်နည်းသော သားသတ်ခွင့် လိုင် စင် (စီ)ကို ပြုပြင်ပြောင်းလဲရန် အချိန် တန်ပြီဖြစ်ခြင်းကြောင့် ဖျက်သိမ်းလိုက် ခြင်း ဖြစ်ကြောင်း သိရသည်။

မွေး/အဖွဲ့ချုပ်မှ အကြံပေးဒေါက် တာ သန်းလှက ”လိုင်စင်(စီ)အောက် မှာ ရောင်းချနေရတဲ့ မွေးမြူသူတွေဟာ လုပ်ငန်းတိုးချဲ့ချင်စိတ်မရှိတော့ဘူး။ သူ တို့က မွေးမြူတဲ့ သူတွေကို ဈေးနှိမ်ပြီး ပေးကြတယ်”ဟု ပြောသည်။

တိရစ္ဆာန်သားသတ်ရုံမှ ထွက်ရှိ သော အသားများကို မြို့နယ် စည်ပင်နှင့် မွေး/ကုဦးစီးဌာနတို့ရှိ တာဝန်ရှိသူများ က စားသုံးရန်သင့်သော အသား၊ အစိတ် အပိုင်းနှင့် စားသုံးရန်မသင့်သောအသား၊ အစိတ်အပိုင်း တို့ကို စစ်ဆေးပေးလျက် ရှိကြောင်း သိရသည်။

ဈေးခုံ စနစ်သို့မဟုတ် ခေါင်းခွန် စနစ်ဆိုပါက ဈေးပိုပေးသော မည်သူနှင့် မဆို ရောင်းချ၍ ရကြောင်း၊ မွေးမြူသူ များ ဈေးပိုရလာမှသာ လုပ်ငန်းတိုးချဲ့ လာနိုင်မည်ဖြစ်ေ ကြာင်း မွေး/အဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခေတ်မီ မွေးမြူရေး စနစ်ဖွံ့ဖြိုးတိုး တက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင် လာရန်လိုအပ်ကြောင်း၊ ထို့ပြင် ဈေး ကွက်ကောင်းများ ဖန်တီးပေးမှ သာ မွေး မြူသူများမှာ အသေးစားမှ အလတ်စား လုပ်ငန်းများအဖြစ် ကူးပြောင်းလာနိုင် မည်ဖြစ်ကြောင်း သိရသည်။

ထက်ထက်မိုးမြင့်

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ သမ္မတအိပ်မက် အမှန်တကယ်ဖြစ်လာမည်လော


ညင်သာသောအပြောင်းအလဲနှင့် ဒီမိုကရေစီ အစိုးရတစ်ရပ်ကို အာဏာလွှဲပေးနိုင်ခဲ့သော
မြန်မာ့နွေဦးအပြောင်းအလဲသည် ကမ္ဘာကပါ ချီးကျူးရလောက်အောင် နာမည်ကျော်ခဲ့သည်မှာ အမှန်ပင်
ဖြစ်သည်။သဘောထားပျော့ပြောင်းသူ စိတ်ထားနူးညံ့သူဟု သတ်မှတ်ကြသော သမ္မတကြီး ဦးသိန်းစိန်၏ ဦးဆောင်မှုအောက်တွင်မြန်မာ့နိုင်ငံရေးဖြစ်စဉ်များသည် ကြီးကြီးမားမား သွေးထွက်သံယိုကိစ္စများမရှိဘဲ
တက်ရိပ်ပြလာသည်မှာလည်း မငြင်းသာပေ။ သို့သော် လက်ရှိအစိုးရမှ နောက်အစိုးရသို့ အပြောင်းအလဲသည်မည်ကဲ့သို့ ဖြစ်စဉ်များနှင့် ကြုံတွေ့လာရမည်ကို နိုင်ငံတကာကပါ စိတ်ဝင်စားနေကြသည်။၂၀၁၀ ကလို ညင်သာသော အပြောင်းအလဲလား။ လှိုင်းထန်သော အပြောင်းအလဲလားဆိုသည်မှာလက်ရှိအစိုးရနှင့် အတိုက်အခံတို့၏ နိုင်ငံရေးကစားမှုအပေါ်တွင် မူတည်နေသည်။

၂၀၁၅ နီးလာတာနဲ့ အမျှ သမ္မတဖြစ်ဖို့ အရေးကြိုးစားသူတွေက ကြိုးစားလာကြသည်။
ဆုတ်သာ တက်သာ လမ်းကြောင်းဖွင့်ပေးသူတွေကလည်း ဖွင့်ပေးသည်။ ဒီအထဲ ရှေ့လည်းမတိုးသာ
နောက်လည်းမဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသူများလည်းရှိသည်။ နိုင်ငံရေးကစားကွက်များ
ပိုမိုရှုပ်ထွေးလာသည်။ လူ့အခွင့်အရေးနှင့် အမျိုးသားရေး၏ အားပြိုင်မှု အခြေအနေများလည်း ဖြစ်ပေါ်နေသည်။ယခုလိုအခြေအနေမျိုးတွင် အမြော်အမြင်မရှိသူ၊ တိုင်းပြည်နှင့်
ပြည်သူလူထု၏ ဆန္ဒကို လျစ်လျူရှု၍ နိုင်ငံရေးအခင်းအကျင်းအားနည်းသူတို့အတွက် ၂၀၁၅ အိပ်မက်သည်
မှ ဖယ်ခွာသွားရနိုင်သည်။

သမ္မတဖြစ်ချင်သည်ဟု ပြောဆိုခဲ့ဖူးသူများထဲမှ ဒေါ်အောင်ဆန်းစုကြည်သည် လူကြိုက်အများဆုံးဟု ဆိုနိုင်သည်။ လက်ရှိသမ္မတဦးသိန်းစိန်သာ သမ္မတဆက်လုပ်မည်ဟု တရားဝင် ထုတ်ဖော်ပြောခဲ့ပါမူ ဦးသိန်းစိန်အတွက် ဒုတိယသမ္မတ သက်တမ်းက အဖြစ်နိုင်ဆုံး ဖြစ်ပေလိမ့်မည်။


 ပြည်တွင်းပြည်ပတွင် ကြေညာထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အတွက် အခက်အခဲတစ်ခုဖြစ်သည့် အခြေခံဥပဒေပုဒ်မ ၅၉(စ) သည်လည်း ပြင်ဆင်နိုင်မလားဆိုသည်မှာ
ယခုတိုင် မသေချာသေးပေ။ သို့သော် လက်ရှိအာဏာရပါတီကြီးတစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အခြေခံဥပဒေပြင်ဆင်ဖို့ ဆုံးဖြတ်ချက်တွင်လည်း၅၉ (စ)လုံးအတွက် ဖြေလျှော့ပေးမှုများ ပါဝင်မှုသည် ဒေါ်အောင်ဆန်းစုကြည်အတွက် လမ်းကြောင်းတစ်ခုဖြစ်လာနိုင်သည်။ အဆိုပါ ဖြေလျှော့ချက်အရ ဒေါ်အောင်ဆန်းစုကြည်၏သားနှစ်ယောက်က မြန်မာနိုင်ငံသားအဖြစ်

ခံယူလိုက်လျှင် သမ္မတဖြစ်ခွင့်ရှိသည်။  ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်ရန် သားများကို နိုင်ငံသားခံယူခိုင်းမည်ဆိုလျှင်တောင် ပြည်ပတွင် အခြေကျနေပြီဖြစ်သည့် သားများ၏ အခြေအနေ၊သားအမိများအကြားဆက်ဆံရေးများအရ အမေဖြစ်သူ၏ ဆန္ဒကို သားများက လိုက်လျောနိုင်ပြီလား ဆိုသည်ကို စောင့်ကြည့်ရအုံးမည် ဖြစ်သည်။ သို့သော် သတိထားရမည်မှာ  ပြည်ခိုင်ဖြိုးပါတီ၏ ပြင်ဆင်ရန်သဘောတူညီချက်သည် အတည်ပြုပြီး ဖြစ်သည်ဟု မှတ်ယူလို့ မရသေးပေ။ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရအုံးမည် ဖြစ်သလို
အခြားတိုင်းရင်းသားပါတီများနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်များကို စောင့်ကြည့်ရအုံးမည် ဖြစ်သည်။ 

၅၉(စ) ပြင်ဆင်ရေး ကြိုးပမ်းချက်တစ်ခုဖြစ်သည့်  ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲများကျင်းပခဲ့ခြင်းသည်လည်း ဦးအောင်သိန်းလင်းဆိုခဲ့သည့် ပုဒ်မ၅၉(စ) မပြင်ဖို့
ပြည်သူလူထုထံမှ အကြံပြုစာ ၅၀၀၀၀ ကျော်ရထားသည်ဆိုသော စကားအောက်တွင် ပျောက်ကွယ်လု
ဖြစ်ခဲ့ရသည်။အဆိုပါစကားသည်ယုံကြည်မှုလွန်ကဲနေသော  ဒေါ်အောင်ဆန်းစုကြည်တွင်
 ထောက်ခံသူရှိသလို မထောက်ခံသူများလည်းရှိကြောင်း သတိပေးလိုက်သလို ဖြစ်သည်။ 

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းရေးအခြေအနေအရ လူ့အခွင့်အရေးနှင့် အမျိုးသားရေး
အားပြိုင်မှုတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် နိုင်ငံတကာမှ ဆုတံဆိပ်များစွာရရှိထားသော
ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်အချို့သည် သူ့အပေါ်လူထုထောက်ခံမှု ကျဆင်းစေခဲ့သည်။
ထိုအချက်များသည် ၂၀၁၅ အလွန်တွင် သမ္မတဖြစ်ချင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အိပ်မက်ကို
ကျဆုံးသွားစေနိုင်သည့် အလွန်အရေးကြီးသော အချက်များဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ရန် မသေချာသလို တခြားဖြစ်ချင်သည်ဟု ကြေညာထားသူများ
ထဲမှလည်း ဖြစ်သွားနိုင်သည်။ ထို့ပြင် ပြည်သူလူထု၏ လေးစားချစ်ခင်မှုနှင့် ယုံကြည်အားကိုးမှု
ရရှိထားသော လက်ရှိသမ္မတဦးသိန်းစိန်သာ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြီး ဒုတိယ သမ္မတဖြစ်ရေး
ကြိုးပမ်းလာပါက ကျန်သူများအတွက် သမ္မတဖြစ်ဖို့ရန် ရာခိုင်နှုန်းနည်းသွားနိုင်ပေသည်။

အချူပ်ဆိုရသော်မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား၊ လူမျိုးပေါင်းစုံလင်သော ပြည်ထောင်စုနိုင်ငံဖြစ်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား စသည်တို့အရ မြန်မာ့ဒီမိုကရေစီကို တခြားနိုင်ငံများ၏ ဒီမိုကရေစီလမ်းကြောင်းနှင့် ယှဉ်၍ ပုံစံတူတု၍ မရပေ။ ထိုအချက်ကို လျစ်လျူ`ရှုမိသူများသည် လူထုထောက်ခံမှုနှင့် တဖြည်းဖြည်းကင်းကွာသွားနိုင်သည်။ ဒီမိုကရေစီ စနစ်တွင်လူထုထောက်ခံမှုသည်သာ အဓိကဖြစ်သည်။ လူထုထောက်ခံမှုမရသူအတွက် မည်မျှပင်ကြိုးစားစေကာမူအချည်းနှီးသာ ဖြစ်ပေမည်။ ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေအရ 
ပြည်သူလူထု၏ လိုလားချက်သည် မည်သို့ ဖြစ်သည်ဆိုသည်ကို ပါးပါးနပ်နပ်မြင်၍ ပြည်သူ့လိုလားချက်ကို
ဖြည့်ဆည်းပေးနိုင်သူသည်သာ ၂၀၁၅ တွင် အောင်ပွဲခံသွားမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

 
Twitter Bird Gadget