ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, February 6, 2014

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားအကြီးဆုံး အစ္စလမ်ဘာသာသို့ကူးပြောင်း




လူမြင်ကွင်းမှပျောက်ကွယ်နေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားအကြီးဆုံး Mr.Alexander ရဲ့ ပုံအချို့ ယနေ့ Social Network ဖြစ်သော Facebook ပေါ်တွင်ပျံ့နှံ့လျက်ရှိနေသည်။



၎င်း၏ဓါတ်ပုံအား http://www.nwasianweekly.com တွင် the-secret-visitor-at-the-july-4th-naturalization-ceremony ခေါင်းစဉ်ဖြင့်  ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အဆိုပါဆိုဒ်မှ ပြန်လည်
ဖျက်သိမ်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။


အဆိုပါသတင်းနှင့်ပါတ်သက်၍ လွှတ်တော်သို့တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်မေးမြန်းခဲ့ရာ မိမိ၏သားအကြီးနှင့် အဆက်အသွယ်မရသည်မှာ တစ်လခန့်ရှိသည်ဟုပြောဆိုခဲ့ပြီး မည်သူမဆို ဒီမိုကရေစီအရ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိ၍ အထက်ပါကိစ္စနှင့်ပါတ်သက်ပြီး အထွေအထူးမပြောလိုကြောင်း ပြန်လည်ဖြေကြားခဲ့သည်။



 http://www.nwasianweekly.com  တွင် ဖော်ပြခဲ့သော သတင်း

A secret guest was present at the Fourth of July naturalization ceremony at the Seattle Center, where hundreds of immigrants were sworn-in as new citizens. This guest was more prominent than anyone in the audience, including a U.S. Senator, the Secretary of State, the Mayor, and many other elected officials. This visitor, who left immediately after the ceremony, was never introduced. Only a handful of people were aware of his presence.
After all, who would have thought that the guy wrapped with a U.S. flag on his head was Alexander Aris Myint San Aung, the eldest son of Burmese National League for Democracy leader Aung San Suu Kyi?

Alexander is a friend to Simon Khin, a Burmese refugee who received a Spirit of Liberty Award from the Ethnic Heritage Council. Khin met Alexander because his wife was awarded a scholarship in the early 1990s from Prospect Burma, a scholarship foundation started with Kyi’s Nobel Prize money.
When this reporter requested to take his picture, Alexander almost freaked out, according to Khin.

“He has never been seen in public with his mother. The media has not been kind to him.
He’s a very private person,” said Khin. When the media could not interview him, they made up things about him, explained Khin.

(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားကြီးသြရသ အလက်ဇန်ဒါ အဲရစ် မြင့်စန်းအောင်




ပုံပါပုဂ္ဂိုလ်ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားကြီးသြရသ အလက်ဇန်ဒါ အဲရစ် မြင့်စန်းအောင်သည် မူဆလင် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြန်ကြားရေးတာဝန်ခံကဲ့သို့ ဖြစ်နေသော ခွန် ဒီးယမ် မှ ဝန်ခံလိုက်ပြီ ဖြစ်သည်။ ယင်းဝန်ခံမှု နှင့် တစ်ဆက်တည်းတွင် မိမိတို့ ပြည်သူများ မရှင်းမလင်းဖြစ်နေသော အောက်ပါပဟေဠိများကို ဖြေရှင်းပြီး ဖြစ်သည်ဟု ယူဆပါသည်။
* ဒေါ်အောင်ဆန်းစုကြည်မှ ကုလားကို ကုလားလို့ မခေါ်ပါနဲ့" ဟု ပြောရသော အကြောင်းရင်း။

* ဘာသာရေးနယ်ပယ်မှ သံဃာများ နိုင်ငံရေး မလုပ်သင့် ဟု NLD ပါတီဝင်များ၊ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူများက ဝိုင်းဝန်း ပိတ်ပင်ကြသည့် အကြောင်းရင်း။

* ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ သားများ နှင့် ချွေးမကို မြန်မာနိုင်ငံသား ခံယူခိုင်းလျှင် (သို့မဟုတ်) သူမ၏ သားများကို စွန့်ပစ်လျှင် သမ္မတဖြစ်နိုင်သည့် အခွင့်အရေးရှိပါလျက် ထိုအခွင့်အရေးများကို မျက်ကွယ်ပြု၍ ၅၉ (စ) ကိုသာ သဲသဲမဲမဲ ပြင်ဆင်လိုရသည့် အကြောင်းရင်း။

* အလက်ဇန်ဒါ အဲရစ် မြင့်စန်းအောင် မြန်မာပြည်သို့ မလာရောက်ရသော အကြောင်းရင်း။

* ရခိုင်အရေး၊ မိတ္ထိလာအရေး၊ မလေးရှားအရေးများတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမကို ထောက်ခံသူများ၊ NLD ပါတီဝင်များက အမှား/အမှန် မခွဲခြားပဲ မူဆလင်များဘက်မှ ရပ်တည်ရသည့် အကြောင်းရင်း။

Wednesday, February 5, 2014

ထိုင်းနိုင်ငံရောက် ပဒေါင်တိုင်းရင်းသားများ (ရုပ်/သံ)

 
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က နန်းဆွယ်ကျေးရွာ အနီးမှာရှိတဲ့ ကယန်းမျိုးနွယ်စုဝင် ပဒေါင် တိုင်းရင်းသားတွေဟာ ထိုင်းအစိုးရက ပုံမှန်ပေးနေတဲ့ အထောက်အပံ့တွေ ဖြတ်တောက်လိုက်တဲ့အတွက် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။

ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ရဲက စစ်မေး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းတယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

ရခိုင်ပြည်နယ် ဒုချီးရားတန်းအနောက်ကျေးရွာ မီးလောင်ကျွမ်းမှုမှာ ရဲတွေပါဝင်ပတ်သက်တယ်လို့ နယ်မြေခံတွေက သူ့ထံကို အကြောင်းကြားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ရွေးချယ်ခံရသူ ဦးရွှေမောင်က ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ် ပြည်နယ်အစိုးရကရော၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကပါ ပယ်ချငြင်းဆိုခဲ့ပြီး ဘင်္ဂါလီတွေ ကိုယ့်အိမ်ကိုယ် ရှို့သွားတာလို့ ထုတ်ပြန်ထားပါတယ်။

လွှတ်တော်ကျင်းပတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက မေးမြန်းဖို့ ကိစ္စကို သမ္မတရုံးက ပြည်ထောင်စုလွှတ်တော် နာယကထံကို သ၀ဏ်လွှာပေးပို့ ခွင့်တောင်းခဲ့ကြောင်းနဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်န၀ါရီ ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဦးရွှေမောင်ကို မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်က ရှင်းပြပါတယ်။

“အဓိကကတော့ ဒုချီးရားတန်းအနောက်ရွာမှာ မီးလောင်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ ဒီဗွီဘီနဲ့ ပြောတဲ့အချိန်မှာ ဒါဟာ ရဲတွေရှို့တယ်၊ ရွာသားတွေက တယ်လီဖုန်းနဲ့ ပြောတဲ့ အထောက်အထားတွေ သူ့မှာရှိတယ်၊ ဘာညာဆိုပြီးတော့ ပြောခဲ့တာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်က သိချင်တာတချက်ပေါ့။ ခိုင်မာတဲ့ အထောက်အထားရှိရင် သူတို့ကိုပေး။ မှန်ကန်တယ်ဆိုရင် တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်ပြီးအရေးယူမှာပေါ့။ နှစ်ကတော့ သူက မခိုင်မာဘဲပြောတယ်ဆိုရင် သူ့ရဲ့ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေသလို ရခိုင်ပြည်နယ်အပါအ၀င် ကျန်တဲ့မြန်မာနိုင်ငံရှိတဲ့ ဒေသတွေမှာလည်း အစ္စလာမ်ဘာသာဝင်နဲ့ ကျန်တဲ့လူတွေကြားထဲမှာ တင်းမာမှုတွေ မြင့်တက်စေနိုင်တယ်။ ပဋိပက္ခတွေ ပြန်ဖြစ်စေနိုင်တယ်ဆိုတာကို သူ သဘောပေါက်မပေါက်ပေါ့ဗျာ။ ဒါလေးကို သူ နားလည်မလည် ဒါမျိုးလေးလည်း မေးချင်တာ အဓိက” လို့ ပြောပါတယ်။

 မနေ့က ခေါ်ယူစစ်မေးတဲ နောက်ပိုင်းအခြေအနေကိုတော့ သူမသိရှိသေးဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

 မနေ့က ခေါ်ယူစစ်ဆေးမခံရမီ ဦးရွှေမောင်က သူ့ကို ခေါ်ယူစစ်မေးမယ်ဆိုတာကို သိရှိကြောင်းနဲ့ သမ္မတရဲ့စာမှာ သူ့အင်တာဗျူးဟာ နိုင်ငံတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အသရေပျက်စေတယ်၊ ပဋိပက္ခဖြစ်စေတယ်လို့ ဖော်ပြထားကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အင်တာနက်စာမျက်နှာတွေပေါ်မှာ ဒုချီးရားတန်းကျေးရွာဖြစ်စဉ်အတွင်း ဘင်္ဂါလီ ၁၀၀ ကျော် သေဆုံးတယ်ဆိုပြီး လူစာရင်းတွေ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က အခြေအမြစ်မရှိဘူးလို့ ထပ်မံဖြေရှင်းသွားပါတယ်။

“အီးယူသံအမတ်တွေလည်း ပြန်လာပါပြီ။ အီးယူသံအမတ်ရှေ့မှာ အမျိုးသမီးတယောက်က သူ့အမျိုးသား ပျောက်နေတယ်လို့ ပြောလို့တောင်မှ အဲဒီအမျိုးသားဟာ ရဲစခန်းမှာရှိကြောင်း ရဲက ရှင်းပြပေးပါတယ်။ ကျန်တဲ့သူတွေအားလုံးက မိန်းမတွေအားလုံးက ဒီကိစ္စကို မသိပါဘူးလို့ ပြောပါတယ်။”

လွန်ခဲ့တဲ့ရက်ပိုင်းက အဲဒီမောင်တောဒေသကို သွားရောက်စစ်ဆေးခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က လူသေဆုံးမှုနဲ့ ပတ်သက်ပြီး အထောက်အထားမတွေ့ရှိကြောင်းနဲ့ ရက်ပိုင်းအတွင်း ရှင်းလင်းထုတ်ပြန်မယ်လို့ ဖြေဆိုပါတယ်။

ဒီဗွီဘီက သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်ကို ယူနတီအပတ်စဉ်ထုတ်ဂျာနယ်တိုက်က သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက်သတင်းဖော်ပြခဲ့မှုနဲ့ စစ်မေးတာနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ ဂျာနယ်က ရေးသားသလို ဓာတုလက်နက်စက်ရုံ မဟုတ်ဘဲ ကာကွယ်ရေးနဲ့ ဆိုင်တဲ့စက်ရုံသာဖြစ်တယ်လို့ ဖြေဆိုပါတယ်။

ဒီအမှုကို ဥပဒေအတိုင်း ဆောင်ရွက်နေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

“ဒီအမှုက သုံးဆယ်ရက်နေ့ (ဇန်န၀ါရီ) မှာ သက်ဆိုင်ရာဌာနက ပေါက်မြို့နယ်ရဲစခန်းမှာ တိုင်ချက်ဖွင့်တယ်။ ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၄၊ ၁၆၁ အရ သူတို့ကို ခေါ်ပြီးတော့မှ မေးမြန်းမှုတွေ လုပ်တယ်။ အဲဒီအခါမှာ ၂၄ နာရီထက် ကျော်ပြီးတော့မှ ခေါ်ယူမေးမြန်းလို့ မရတဲ့အတွက်ကြောင့်မို့လို့  သက်ဆိုင်ရာတရားရုံးထဲမှာ ဖေဖော်ဝါရီလ ၁ ရက်ကနေစပြီးတော့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ နှစ်ပတ် ရမန်ယူပြီးတော့မှ ကျနော်တို့ မေးမြန်းနေတာရှိတယ်။ ခင်ဗျားမေးတဲ့ ဓာတုလက်နက်စက်ရုံ ဟုတ်လားလို့မေးရင် ကျနော်တို့နိုင်ငံက ဓာတုလက်နက်နဲ့ပတ်သက်တဲ့ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒါဟာ ကာကွယ်ရေးနဲ့ဆိုင်တဲ့ စက်ရုံသာဖြစ်ပါတယ်။ ဓာတုလက်နက်ထုတ်တဲ့စက်ရုံမဟုတ်ပါဘူး” လို့ ဖြေပါတယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄  ပထမသတင်းပေးတိုင်ချက် ရေးဖွင့်ခြင်း၊ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၁ အရ သက် သေများ စစ်ဆေးခြင်း တွေဆောင်ရွက်တာလို့ ပြောသွားပါတယ်။

ဒီကနေ့မနက်ပိုင်းက ယူနတီဂျာနယ်တိုက်က အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးကို ပုဇွန်တောင်မြို့နယ် နေကြာလမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ရဲက လာရောက်ခေါ်ဆောင်ပြန်တာကြောင့် ဖမ်းဆီးခံထားရသူ ငါးဦးထိရှိနေပြီဖြစ်ပါတယ်။

By အေးနိုင် (DVB)


အသစ်ရောက်လာတဲ့ လ၀ကအရာရှိ လုံခြုံရေးကြောင့် ပေါက်တောမှ စစ်တွေသို့ ပြန်ခဲ့ရ

(လ/ထ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး ဦးတင်မိုးကျော်)

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် တာဝန်ကျလာသော လ၀ကအရာရှိ တစ်ဦးသည် လုံခြုံရေး ရိမ်စိုးရိမ်ရသဖြင့် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာပြီး ၂ ရက်ခန့် အကြာတွင် ပေါက်တောမှနေ၍ စစ်တွေသို့ ပြန်လည် ထွက်ခွာသွားခဲ့ရသည်ဟု သိရသည်။

၎င်းလ၀က အရာရှိမှာ ပေါက်တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ အသစ်ရောက်ရှိလာသော ဦးတင်မိုးကျော် (လ/ထ လူဝင်မှုကြီးကြပ်ရေးမှူးဦးစီးမှူး) ဖြစ်ကြောင်း ပေါက်တော ဒေသခံတစ်ဦးက ပြောသည်။

“ သူက ဂေါ်ရခါး လူမျိုးလို့တော့ ပြောတယ်။ ဒါပေမယ့် သူက ဘင်္ဂလီနဲ့ ရုပ်ဆင်းဆင်တော့ ကျွန်တော်တို့မြို့မှ လူတွေက သူ့ကို မသင်္ကာဘူးလေ။ ဒါကြောင့် လူတွေက အမျိုးမျိုး ဝေဖန် ပြောဆိုနေကြတော့ နောက်ဆုံး ပေါက်တောကနေ စစ်တွေကို ဒီကနေ့ဘဲ ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ ပြန်သွားပါတယ်” ဟုဆိုသည်။

ယနေ့ နံနက် ၈ နာရီ အချိန်တွင် စစ်တွေသို့ ပြန်ရန် ရွှေပြည်တန်ရေယာဉ်ဆိပ်သို့ အသွား ပေါက်တောမြို့မှ သံဃာတော်များ၊ လူကြီး- လူငယ် ၊အရပ်ဖက် လူမှုကွန်ယက်များ (လူပေါင်း သုံးလေးရာခန့်) စုရုံး ရောက်ရှိလာပြီး  ယင်းအရာရှိအား စစ်ဆေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

သို့သော် ပေါက်တောမြို့နယ် လ၀ကနယ်မြေတာဝန်ခံ ဦးစောထွန်းဖြူက လူထုဆူပူမှု မဖြစ်စေလိုကြောင်း၊ သူသည် ဂေါ်ရခါးလူမျိုး တစ်ဦးသာဖြစ်ကြောင်း၊ မောင်တာမြို့နယ် ကျီးကန်းပြင်မှ ပေါက်တောမြို့သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ရောက်လာသူဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းဒေသခံက ပြောဆိုသည်။

ယင်းပြင် သူသည် ပေါက်တောမြို့မှ ရခိုင်တိုင်းရင်းသားများနှင့် မည်သို့မျှ ဆက်ဆံ၍ မရနိုင်တော့သဖြင့် ပြန်လည် ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း လ၀ကနယ်မြေတာဝန်ခံ ဦးစောထွန်းဖြူက ဆက်လက် ရှင်းပြခဲ့သည်ဟု ဆိုသည်။

လ/ထ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးတင်မိုးကျော်မှ သူသည် ဘင်္ဂလီတစ်ဦးမဟုတ်ကြောင်း ၀န်ထမ်းကဒ်ကို ထုတ်ပြသော်လည်း ယင်းကဒ်တွင် ကိုးကွယ်သည့်ဘာသာ မပါဝင်သည့်အတွက် သူ့မှာ ဘင်္ဂလီလူမျိုး တစ်ဦးဖြစ်ပြီး ရခိုင်များရှိရာနေရာသို့ နေချထားခြင်းမှာ သိသိကြီးနှင့် ဆူပူအောင် ပြုလုပ်လို၍ ဖြစ်နိုင်ကြောင်း ပေါက်တောမြို့လူမှုကွန်ယက် အမျိုးသမီးတစ်ဦးမှ မှတ်ချက်ချ ပြောကြားသည်။

ယင်းအရာရှိသည် ပေါက်တောမြို့သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ရက်ခန့် ရှိပြီး လုံခြုံရေးကြောင့် ယခုလို ထွက်ခွာသွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

(နိရဉ္စရာ- ၅ ဖေဖေါ်ဝါရီလ ၂၀၁၄) / လင်းမြတ် (ပေါက်တော)


(ပေါက်တောတွင် လူတွေ စုရုံး မေးမြန်းနေကြစဉ်)

နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနှင့် သတင်းမီဒီယာ



ပြီးခဲ့တဲ့ ရက်အတွင်းမှာပဲ Unity ဂျာနယ်မှ မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီး နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွါးကို ထိခိုက်စေနိုင်သော၊ နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်စေနိုင်သော သတင်း ဆောင်းပါးအား ရေးသားဖော်ပြခဲ့ပါတယ်။ Unity ဂျာနယ်ပါ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ် ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတု လက်နက်စက်ရုံ” အမည်ရ သတင်းဆောင်းပါးတွင် ဓါတ်ပုံ၊ တည်နေရာနှင့် တကွ ရေးသားဖော်ပြခြင်းဟာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကန့်သတ် ထားသော တည်ဆဲဥပဒေတွေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။ အဆိုပါ သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး အမှုဆောင် အရာရှိချုပ် ဦးတင်ဆန်းနှင့် အဆိုပါ သတင်းဆောင်းပါး ရေးသားရာတွင် ပါဝင်သတင်းရယူ ခဲ့ကြသော ယူနတီဂျာနယ်မှ အကြီးတန်း သတင်းထောက် ကိုရာဇာဦး၊ ကိုသက်ပိုင်ကျော်နှင့်၊ အငယ်တန်း သတင်းထောက် ကိုစည်သူစိုးတို့ သုံးဦး ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခံရကြောင်း သိရပါတယ်။
ထိုသို့ ဖမ်းဆီးမှုများနှင့်ပါတ်သက်ပြီး သတင်းဌာနအများစုနှင့် မီဒီယာများတွင် ယခုကဲ့သို့သော သတင်းသည် မရေးသင့်၊ မဖော်ပြသင့်သော အကြောင်းအရာ ဖြစ်ကြောင်း သတင်းထောက်များက ပြောဆို ကြပါတယ်။ ဒီလိုရေးသားဖော်ပြခြင်းဟာ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ များနှင့်ညှိစွန်းနေပါတယ်။ အက်ဥပဒေ၏ ပုဒ်မ(၃)မှာ_

၁။ မည်သူမဆို နိုင် ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံတော်၏ အကျိုးစီးပွားကိုဖြစ်စေ နစ်နာရန် အလို့ဌာ_

(က) ပိတ်ပင်ထားသော နေရာကို ချဉ်းကပ်လျှင်သော်လည်းကောင်း၊ ဖြတ်ကျော်လျှင်သော် လည်းကောင်း၊ ထိုအရပ်အနီးအနားတွင်ရှိနေလျှင်သော်လည်းကောင်း၊ ထိုအရပ်ကို ၀င်ရောက်လျှင်သော်လည်းကောင်း၊

(ခ) ရန်သူတစ်ဦးအားတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အသုံးကျစေလိုသည့်၊ အသုံးကျစေမည့်၊ အသုံးကျစေရန် ကြံရွယ်၍၊ ရုပ်ပုံ၊ နယ်ပုံ၊ မှတ်စုတစ်ခုခုကိုပြုလျှင် သော်လည်းကောင်း၊

(ဂ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အသုံးကျစေလိုသည့်၊ အသုံးကျစေမည့်၊ အသုံးကျစေရန် ကြံရွယ်၍၊လျှို့ဝှက်သော အမှုထမ်းသုံး၊ အရာထမ်းသုံးစကားကို ဖြစ်စေ၊ စကားဝှက်ကိုဖြစ်စေ၊ ရုပ်ပုံ၊ နယ်ပုံရေးသားချက်၊ မှတ်စု၊ အခြားစာတမ်း အမှတ်အသား သတင်းတစ်ခုခုကိုဖြစ်စေ ရယူလျှင်သော် လည်းကောင်း၊ စုဆောင်းလျှင် သော်လည်းကောင်း၊ ပုံနှိပ်ထုတ်ဝေလျှင်သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦးအား သတင်းပေးလျှင်သော် လည်းကောင်း ပြစ်မှုမြောက်ပါတယ်။ ထိုကြောင့် Unity ဂျယ်နယ် သတင်းထောက် များ၏ လုပ်ရပ်သည် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ(၃)ကိုချိုးဖောက်ခဲ့ခြင်း ဖြစ်နေပါတယ်

တခြားသောနိုင်ငံများမှာ နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ကို ချိုးဖောက် လျှင် သေဒဏ်အထိ ချမှတ်ပါတယ်။ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ_၃ မှာ ထိုသို့သောပြစ်မှုကို ထောင်ဒဏ်(၃)နှစ်မှ(၁၄)အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ဥပဒေမှာ ပြဌာန်းထားပါတယ်။ နိုင်ငံတော်တစ်ခုလုံး ၏ လုံခြုံရေးနှင့် ဆိုင်သော လျှို့ဝှက်သော အကြောင်းအချင်းအရာများအား မည်သည့် အကြောင်းအရာနှင့်မျှ ဖော်ပြခွင့် မရှိပါ။

မြန်မာနိုင်ငံရှိ သတင်းမီဒီယာသမားများ အနေဖြင့် နိုင်ငံတော်ရှိ တည်ဆဲဥပဒေများအား သိထားသင့် ပါတယ်။ သတင်းထောက် တစ်ယောက် မီဒီယာ သမားတစ်ယောက် အနေဖြင့် အသိပညာ ဗဟုသုတ များစွာ လိုအပ်ပါတယ်။ သတင်းထူးရရှိရေး၊ ကိုယ့်ဂျာနယ် ကိုယ့် သတင်းတိုက် နာမည် ရဖို့ ရောင်းအားကောင်းဖို့ အတွက် စည်းလွတ်ဝါးလွတ် ရေးသားဖော်ပြနေရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်နေပါ လိမ့်မယ်။ ယခုကဲ့သို့သော လျှို့ဝှက်ချက်များအား ဖော်ထုတ်ရေးသားခြင်းသည် တခြားနိုင်ငံများရဲ့အန္တရာယ်များကို ဖိတ်ခေါ်နေသလို တခြားနိုင်ငံများသို့ သတင်းပေးနေခြင်း ဖြစ်ပါတယ်။
အခုခေတ်မီဒီယာကို အပြု သဘောနဲ့ အဓိပ္ပါယ် တိတိကျကျ ဖွင့်ဆိုမည်ဆိုလျှင် “မီဒီယာ ဆိုတာ အတိုက်ခံ နှင့်ပြည်သူအကြား၊ အစိုးရနဲ့အတိုက်ခံအကြား၊ အစိုးရနဲ့ ပြည်သူများအကြားမှာ အကြောင်းအမျိုးမျိုး နှင့် တို့မီး ရှို့မီးလုပ်ပြီး အောက်ဆီဂျင် ပေးနေသော ကြားခံအဖွဲ့အစည်းတစ်ခု“ ဟုပင် ပြောစရာ ဖြစ်လာပါ တယ်။ “နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကန့်သတ်ထားတဲ့ တည်ဆဲဥပဒေတွေကို သတင်းမီဒီယာ အပြင် နိုင်ငံသားအားလုံးက လေးစားလိုက်နာဖို့လိုပါတယ်၊ ဒါဟာ သတင်းလွတ်လပ်ခွင့်ကို တားမြစ်ကန့်သတ်နေတာ မဟုတ်ပါဘူးဆိုတာ မီဒီယာများ နားလည်သဘောပေါက်ကြရမှာဖြစ်ပါတယ်။ မီဒီယာများ အနေဖြင့် မိမိက ဘယ်ကိစ္စကို ဖော်ပြချင်တာလဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကိုလား? နိုင်ငံတော် အကြီးအကဲများ၏ ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ကိုလား? ဆိုတာကွဲကွဲပြားပြား ခွဲခြားပြီးမှ ဖော်ပြသင့်ပါတယ်။ ဒါမှသာ မီဒီယာ လောက၏ပုံရိပ် မညှိုးနွမ်းပဲ ပြည်သူအတွက် မီဒီယာဖြစ်ပါလိမ့်မယ်။

Unity ဂျာနယ် သတင်းထောက်များ နှင့်ပါတ်သက်ပြီး မီဒီယာ လောက အတွက် သတိပြုဆင်ခြင်းစရာ သာဓက တစ်ခုအဖြစ်၊ ကိုယ်တွေ့မဟုတ်ပဲ ရလိုက်သောအတွေ့ အကြုံတစ်ခု အနေဖြင့် ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ တခြားသောနိုင်ငံများတွင် နိုင်ငံကလျှို့ဝှက်စွာ ပြုလုပ်နေသော တီထွင်ဆန်းသစ်မှုများကို နိုင်ငံတော်မှ အောင်မြင်စွာ စမ်းသပ်နိုင်ပြီး တရားဝင် ကြေငြာခြင်း မရှိဘဲ မည်သည် သတင်းမီဒီယာများမှ ဖော်ထုတ် သတင်းယူကြေငြာခြင်းမျိုးမရှိကြပါ။ ဒါဟာ ဥပဒေကို လေးစား လိုက်နာသည့်အပြင် နိုင်ငံတော်ရဲ့ လုံခြုံရေး အတွက် အသိစိတ်ရှိခြင်းဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ မီဒီယာတွေရဲ့အခန်းကဏ္ဍ ဟာ နိုင်ငံသူ နိုင်ငံသားတို့ရဲ့မျက်စိ၊ နား သဖွယ် အားကိုး အားထားပြုနေကြပါတယ်။ ဒါကြောင့် မီဒီယာများအနေဖြင့် တိုင်းသူပြည်သားတို့ အထင်အမြင်မှား စေနိုင်သော သတင်းမှားများ မသိရှိစေရေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် တည်ဆဲဥပဒေ များအား သိရှိပြီး အထူးပင် လေးစားလိုက်နာ ဆင်ခြင်သင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါတယ် ။

မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့တဲ့ ညီအစ်ကိုသုံးယောက်



ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုသုံးယောက်ဟာ သူတို့ ရဲ့ မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့ ဖိလစ်ပိုင်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုဟာ ရိုးရာဓလေ့ထုံးတမ်း တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ အမ်ပါတူယန်မြို့ အပိုင် ကျေးရွာတစ်ခုရဲ့  အိမ်မှာ အသက် ၅၆ နှစ်အရွယ်၊ မူဆာလာအမီးလ် ရဲ့ ရုပ်အလောင်းကို ရှာမတွေ့ မီ ရက်အနည်းငယ်က အဲဒီ့မိသားစုအိမ်ကနေ ထူးဆန်းတဲ့ဆူညံသံတစ်ချို့  ကြားခဲ့ရကြောင်း အိမ်နီးချင်းတွေက သတင်းပို့ ခဲ့ပါတယ်။
ရဲတွေ ရှာဖွေတွေ့ ရှိတဲ့အချိန်မှာ အလောင်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျောက်ဆုံးနေတဲ့အပြင် သွေးထုတ်ယူခံထားရတယ်လို့ လည်း သိရပါတယ်။
ဒန်တီ ၃၅ နှစ်၊ ပါရွိုင်း ၂၁ နှစ်နဲ့ အီဘရာဟင် ၁၈ နှစ်တို့ ဟာ သူတို့ အမေရဲ့ ကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့  စုံစမ်းရေးအရာရှိတွေက စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့်လည်း ညီအစ်ကိုသုံးယောက်လုံးကတော့ သူတို့ အမေကို မသတ်ခဲ့ဘူးလို့ ငြင်းဆန်နေကြပါတယ်။
သူတို့ ပြောကြားချက်အရ သူတို့ အမေဟာ မကောင်းတဲ့ဝိညာဉ်ကြောင့် ဖျားနာနေတယ်လို့ ယုံကြည်ပြီး နှင်ထုတ်ဖို့ ကြိုးပမ်းခဲ့ယုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတွေဟာ ဒီမိသားစု မှာ စိတ်ဖောက်ပြန်မှုနောက်ကြောင်းရာဇ၀င် ရှိခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒါပေမယ့် ဒီသတ်ဖြတ်မှုမှာ မူးယစ်ဆေးအလွဲသုံးမှုအပိုင်းကို ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။
အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ ရော်နယ်ဒီလီယွန် က သံသယရှိသူသုံးယောက်စလုံးဟာ မူးယစ်ဆေးဝါးစစ်ဆေးမှုတွေကို ခံယူရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီညီအစ်ကိုသုံးယောက်ဟာ မိုရို တိုင်းရင်းသားမူဆလင်လူမျိုးစုနွယ်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
သံသယရှိသူသုံးယောက်လုံးဟာ အမ်ပါတူယန်မြို့ နယ်အတွင်း ပူရော့ခ် နာဘဒ်တော့ဂ်ျ ရွာက မိသားစုလယ်မြေ မှာ သူတို့ အမေနဲ့ အတူ အခြေချနေထိုင်နေကြတာပါ။
ဒေသခံလူထုခေါင်းဆောင်တွေကတော့ ဒီလူသုံးယောက်ဟာ သူတို့ အမေကို သတ်ခဲ့ကြပြီး သားရိုင်းတိရိစ္ဆာန်တွေလို သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်ပွဲတော်တည်ခဲ့ကြတယ် လို့  ပြောကြားခဲ့ကြပါတယ်။
ဒီရွာဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ရွာတစ်ရွာဖြစ်ပြီး ၂၀၀၉ ခုနှစ်က လူ ၅၈ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။
ညီအစ်ကိုသုံးယောက်ဟာ ဒီအိမ်အတွင်းမှာ သူတို့ အမေကို ဓားကောက်တစ်မျိုးနဲ့ ခုတ်ထစ်သတ်ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို အစိမ်းလိုက်စားသုံးခဲ့ကြတယ်လို့ ယူဆထားပါတယ်။

Saturday, February 1, 2014

ထိုင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွား ရုပ် / သံ


ထိုင်းနိုင်ငံမှာ အစိုးရက စီစဉ်ထားတဲ့ မနက်ဖြန် ရွေးကောက်ပွဲ မတိုင်ခင် ဒီကနေ့မှာ အစိုးရ ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ အကြား ဘန်ကောက်မြို့မှာ တဘက်နဲ့ တဘ်က ထိပ်တိုက် ရင်ဆိုင် အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့ရာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေ နဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ ပါတယ်။

ဘန်ကောက်မြို့ မြောက်ဘက်ပိုင်း ထိပ်တိုင်ရင်ဆိုင်ပွဲ မှာတော့ ဗုံးတွေပစ်သွင်း သေနတ်တွေနဲ့ ပစ်ခတ်မှုတွေ ကြောင့် လူအတော်များ များ ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲကို အဓိက အတိုက် အခံ ပါတီက သပိတ်မှောက် ထားပြီး၊ ရွေးကောက်ခံတွေ မပါတဲ့ ကြားဖြတ် ပြည်သူ့ကောင်စီမျိုးနဲ့ လက်ရှိအစိုးရကို အစားထိုးဖို့ကို တောင်းဆို ထားပါတယ်။

အတိုက်အခံ ထောက်ခံသူတွေဟာ မဲပြားတွေ ဖြန့်ဝေ နေတာတွေကိုလည်း လိုက်လံ တားဆီး ပိတ်ပင်မှုတွေ ပြုလုပ်နေကြပါတယ်။



ထိုင်းမှာရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြသူများ



 
Twitter Bird Gadget