ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, February 6, 2014

အိုဘားမား ပြီးနောက် ဂျာမနီ သမ္မတ ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပြောမည်


ဂျာမနီသမ္မတ Jochim Gauck သည် မြန်မာနိုင်ငံသို့ လာရောက်၍ သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ကို တွေ့ဆုံမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ဂျာမနီသံရုံးမှ သိရသည်။ ဂျာမနီသမ္မတသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ကို တွေ့ဆုံ၍ ဖေaဖ်ာဝါရီ ၁၁ ရက်တွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် နံနက်စာ အတူသုံးဆောင်ပြီး ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ “ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ မိန့်ခွန်းပြောဖြစ်ဖို့ရှိပါတယ်။ ပြီးရင် ဂိုသဲအင်စတီကျူ့ဒ် ဖွင့်ပွဲကို တက်ရောက်သွားမှာပါ”ဟု ဂျာမနီသံရုံးမှ ၀န်ထမ်းတစ်ဦးကပြောသည်။

ဂျာမနီသမ္မတသည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံမည့်အစီအစဉ်ရှိပြီး ဗဟန်းမြို့ နယ်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဂိုသဲအင်စတီကျူ့ဒ်ကို တက်ရောက်ဖွင့်လှစ်မည်ဖြစ်သည်။အစိုးရသစ်ကာလတွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ နိုင်ငံတကာ အကြီးအကဲအချို့၏ မိန့်ခွန်းပြောကြားမှုကို လက်ခံခွင့်ပြုနေသော်လည်း ဇန်န၀ါရီ ၃၀ ရက်က အာရှဒေသရေးရာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်းပြောကြားမှုအစီအစဉ်ကိုမူ ကြိုတင် ကြေညာ ခဲ့ပြီးနောက် နေရာရွှေ့ဆိုင်းရမှု ဖြစ်ပေါ်ခဲ့သည်။
By 7Day Daily

မွတ်ဆလင် ဘုရင်မင်းမြတ် ကိုယ်တိုင် အစွန်းရောက် မွတ်ဆလင်များ၏ အကြမ်းဖက်မှုများကို စိုးရိမ်လာ၍ ပြင်းပြင်းထန်ထန် အရေးယူတော့မည်


ဆော်ဒီအာရေဗျ ဘုရင်မင်းမြတ် အက်ဘ်ဒူလာက မိမိတို့နိုင်ငံ အပြင်ဘက်တွင် အစ္စလာမ်မစ် အစွန်းရောက် ဂျီဟတ်ဝါဒီအတွက် ဝင်ရောက်လှုပ်ရှားနေသည့် မည်သည့်နိုင်ငံသားကိုမဆို ကြီးလေးသော ပြစ်ဒဏ်ချမှတ် ရန် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။ တော်ဝင်နန်းတော်က တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သော အမိန့်အရ ဂျီဟတ်ဝါဒီ အစွန်းရောက် ဆော်ဒီနိုင်ငံသား တစ်ဦးသည် ထောင်ဒဏ်နှစ်(၃၀)ထိ ကျခံရ မည့် ပြစ်ဒဏ်မျိုး ကြုံလာမည်ဖြစ်သည်။

ဆော်ဒီတော်ဝင် တရားရုံးချုပ်က နိုင်ငံသားတိုင်း အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုများတွင် မပါဝင်ရန် တားမြစ်ကြောင်းနှင့် အကယ်၍ ယင်းသတ်မှတ်ချက် စည်းမျဉ်းကို ဖောက်ဖျက် ကျူးလွန်ပါက ထောင်ဒဏ် (၅)နှစ်မှ နှစ်(၃၀)ကြားထိ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဟု သတိပေး ကြေညာခဲ့ သည်။ ဆော်ဒီမှ လက်နက်ကိုင်အချို့သည် ဆီးရီးယားအရေးတွင် သွားရောက်ပါဝင်နေကြောင်း အထောက် အထားများ တွေ့ရှိလာသည့်နောက် တော်ဝင်မိသားစုက ယင်းအမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်း ဒေသ၏ ငြိမ်းချမ်းရေးကို နှောင့်ယှက်နေသော ဆီးရီးယား ပြည်တွင်းစစ်တွင် ဆော်ဒီ လူငယ် ရာပေါင်းများစွာတို့ စိတ်အားထက်သန်စွာ ပါဝင်လာခြင်းကို တော်ဝင်မိသားစုက စိုးရိမ်နေသည်။

အထူးသဖြင့် ဆီးရီးယားမှ ပြန်လာသည့် လူငယ်များ အနေဖြင့် လက်နက်များပါ ယူဆောင်လာပြီး တော်ဝင် မိသားစုကို ဆန့်ကျင်လာမည့် အခြေအနေကို ဘုရင်မင်းမြတ် အနေဖြင့် မလိုလားနိုင်ချေ။ ဆော်ဒီတွင် ဩဇာကြီးမားသည့် ဘာသာရေးခေါင်းဆောင် အချို့၏ ဆော်ဩမှုဖြင့် လူငယ်အများအပြားသည် ဆွန်နီမွတ် ဆလင် အများစုဖြစ်သော ဆီးရီးယား သူပုန်များထံ ပူးပေါင်းပြီး ရှီးယိုက်မွတ်ဆလင်များ ထောက်ခံ သည့် ဘာရှာအာဆက်ဒ် အစိုးရကို တိုက်ခိုက်နေကြောင်း သိရသည်။

ဘူးသီးတောင်မြို့တွင် ဒေသခံ တိုင်းရင်းသားတစ်ထောင်ကျော် ဆန္ဒထုတ်ဖေါ်

၆၊ဖေဖေါ်ဝါရီလ၊ ၂၀၁၄။
၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေဖြင့် ချက်ချင်းစိစစ် ဆောင်ရွက်ရန် ၊ ရခိုင်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့အား အဆင့်မြှင့်ပေးရန် ၊ UNHCR နှင့် INGO အဖွဲ့ ရခိုင်ပြည်မှ ခုနစ်ရက်အတွင်းထွက်ခွာပေးရန် အစရှိသော တောင်းဆိုချက် ကြွေးကြော်သံ များဖြင့် ဘူးသီးတောင်မြို့တွင် ယနေ့နေ့လယ် တစ်နာရီမှ စတင်ကာထုတ်ဖော် ဆန္ဒပြကြရာ လူအင်အား တစ်ထောင်ကျော်ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြကြောင်းသိရသည်။

ယခင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဆန္ဒပြရန်ပြင်ဆင်ခဲ့ကြသော်လည်း ခွင့်ပြုချက်မရသဖြင့် ဖျက်သိမ်းလိုက်ရသည်။ ယနေ့ဆန္ဒပြပွဲကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ထုတ်ပေးခဲ့ကြောင်းသိရသည်။

မြို့သူမြို့သားများ၏ တောင်းဆိုချက်များမှာ
(၁)UNHCR နှင့် INGO များ ၇ ရက်အတွင်းမောင်တောခရိုင်မှ ထွက်ခွာသွားရန်
(၂)ကုလသမဂ္ဂ မှ တဘက်သတ်မှားယွင်းကြေငြာချက်အား ပြန်လည်ရုတ်သိမ်းပေးရန်
(၃)ဒေသလုံခြုံ၊ အေးချမ်း တည်ငြိမ်ရေး နှင့် တရားသပဒေစိုးမိုးရေး
(၄)၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်
(၅)ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သတ်ဖြတ်ခံရမှုအား ဥပဒေအတိုင်းအမြန်ဆုံး ဆောင်ရွက်ပေးရန်
(၆)တိုင်းရင်းသား၊ ပြည်သူများအား ကာကွယ်ရန် ရဲတပ်ဖွဲ့အား အချိန်နှင့် တပြေးညီ လုပ်ဆောင်ခွင့် ပြုရန် တို့ဖြစ်သည်။






တယ်လီနောက စက်တင်ဘာတွင် ဆင်းကတ် သန်း ၃၀ စရောင်းပေးမည်


လာမယ့် ၂၀၁၄ စက်တင်ဘာဝန်းကျင်လောက် ရောက်ရင် မိုဘိုင်းဖုန်း ဆင်းကတ်ပေါင်း သန်း ၃၀ ကျော် စ ရောင်းပေးမယ်လို့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်လက်မှတ်ထိုးခဲ့ပြီ ဖြစ်တဲ့ တယ်လီနောဂရုဖ်ရဲ့ ဒုဥက္ကဋ္ဌနဲ့ အာရှဒေသအကြီးအကဲ မစ္စတာ ဆစ်ဂ် ဘရစ်ကီး (Mr. Sigve Brekke) က သတင်းထောက်တွေကို ပြောပါတယ်။

ဆင်းကတ်တွေကို စပြီး ရောင်းပေးပေးမှာဖြစ်သလို အင်တာနက်ပါ သုံးလို့ ရအောင် ဆောင်ရွက် ပေးမယ်လို့လည်း သူက ဆိုပါတယ်။

အင်တာ နက် မြန်နှုန်းမြင့်အောင် ဆောင်ရွက်ပေး မှာ ဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံပိုင် ဆက်သွယ်ရေးဌာနဆီက ငှားရမ်းသုံးစွဲမယ်၊ နောက်ပိုင်း စာချုပ်ပါ ခွင့်ပြုချက်အတိုင်း ကိုယ်ပိုင် International Gateway တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

တယ်လီနော မြန်မာဟာ လာမယ့် ၅ နှစ်အတွင်း လူဦးရေ ၉၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။



နိုင်ငံခြားသတင်းထောက်တစ်ဦး ရွှေတိဂုံစေတီအနီး ဓားထောက်လုယက်ခံရ


ရွှေတိဂုံစေတီမှအပြန် ဗဟန်းဈေးအနီးတွင် လမ်းလျှောက်နေသည့် ဒီဗီဘီသတင်းထောက် စကော့တလန်နိုင်ငံသူကို စက်ဘီးစီးလူတစ်ဦးက ဓားထောက်လုယက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၄ ရက် ည ၉နာရီခွဲတွင် ဒီဗီဘီသတင်းထောက် စကော့တလန်နိုင်ငံသူ အလက်ဇန္ဒားဖောင်သည် ၎င်း၏ ဧည့်သည်အမျိုးသမီးတစ်ဦးနှင့် အတူဗဟန်းဈေးအနီး လမ်းလျှောက်နေစဉ် စက်ဘီးစီးလူတစ်ဦးက ဓားထောက်လုယက်သောကြောင့် အိုင်ဖုန်းတစ်လုံး၊ ဖုန်းဆင်းမ်ကတ်တစ်ကတ်၊ အမေရိကန်ဒေါ်လာ ၃၀၀ ခန့်၊ ဆွဲကြိုးတစ်ကုံး၊ မြန်မာငွေတစ်သိန်းနှင့် စာရွက်စာတမ်းများ လုယက်ခံရကြောင်း စကော့တလန်နိုင်ငံသူ အလက်ဇန္ဒားဖောင်ကပြောသည်။

““သူက စက်ဘီးနဲ့လာတာ။ ကျွန်မလက်ကို ဖမ်းကိုင်တယ်။ အစက သူ့ကို စိတ်မနှံ့တဲ့သူတစ်ယောက်လို့ ထင်နေတာ။ ဓားကိုထုတ်ပြီး လုယူတာပဲ။ ဓားထုတ်တော့ ကျွန်မသူငယ်ချင်းကလည်း ထွက်ပြေးသွားတယ်။ ဗဟန်းရဲစခန်းကို သွားပြီးအကြောင်းကြားထားခဲ့တယ်””ဟု အလက်ဇန္ဒားဖောင်ကပြောသည်။

အလက်ဇန္ဒားဖောင်သည် မြန်မာနိုင်ငံတွင် နေထိုင်သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီး မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေကို ယုံကြည်သောကြောင့် ညဘက်လမ်းလျှောက်ခြင်းဖြစ်ကြောင်း ပြောသည်။ အဆိုပါလုယက်ခံရမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ အမှုဖွင့်တိုင်ကြားထားခြင်းမရှိကြောင်း ပြောဆိုသည်။

““သူက အမှုမဖွင့်ခဲ့ပါဘူး။ အခုတော့ သူပြောပြတဲ့ပုံသဏ္ဌာန်နဲ့လူကို ဖမ်းဆီးမိဖို့ စောင့်ကြည့်နေပါတယ်။ အမှုမဖွင့်ပေမယ့် တရားခံကို မိအောင်ဖမ်းဆီးမှာပါ””ဟု ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးမြင့်လွင်စန်းကပြောသည်။


ပစ္စည်းအလုခံရသည့်အမျိုးသမီးက ရှင်းပြနေစဉ် ဓာတ်ပုံ-ကျော်ဇင်သန်း

ထားဝယ်တွင် လမစေ့သည့် မိန်းကလေး သုံးမြွှာပူးမွေး

ထားဝယ်၊ ဖေဖော်ဝါရီ ၅
ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းက လမစေ့သည့် မိန်းကလေးသုံးမြွှာပူး မွေးဖွားခဲ့သော်လည်း ယင်းကလေးငယ်များ အသက်ရှင်ရန် ကြိုးစားနေကြောင်း ထားဝယ် ဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန် ဒေါက်တာနှင်းနှင်းလွင်ထံမှ သိရသည်။

လမစေ့ဘဲ မွေးဖွားခြင်းကြောင့် အသက်ရှူသည့် အင်္ဂါအစိတ်အပိုင်းများ မဖွံ့ဖြိုးသေးကြောင်း၊ ထို့ကြောင့် အသက်ရှူရပ်ခြင်း၊ အသားဝါခြင်း၊ ခန္ဓာကိုယ်မှ သွေးထွက်ခြင်း၊ အစာအိမ်မှ အစာလက်မခံနိုင်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်နေကြောင်း ဒေါက်တာနှင်းနှင်းလွင်က ရှင်းပြသည်။
“အသက်ရှင်မယ် ဆိုတာတော့ သေချာပေါက် ပြောလို့မရသေးဘူး။ ကျွန်မတို့လည်း အစွမ်းကုန် စောင့်ရှောက် ပေးနေပါတယ်” ဟု ဒေါက်တာနှင်းနှင်းလွင်က ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက ဆိုသည်။

အဆိုပါ သုံးမြွှာပူးကလေးများ၏ မိဘများမှာ ထားဝယ်မြို့နယ် ရှင်မုတ္ထီး ကျေးရွာမှဖြစ်ပြီး ဖခင်ဖြစ်သူမှာ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်နေကြောင်း၊ ယခုအကြိမ် ကလေးမွေးဖွားခြင်းမှာ ၎င်းတို့အတွက် ပထမဆုံးအကြိမ် မွေးဖွားခြင်း ဖြစ်ကြောင်း ဦးလေးဖြစ်သူထံမှ သိရသည်။

ကလေးများကို အနွေးဓာတ်ရစေရန် ပြုလုပ်ပေးခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ အစာအိမ်မှ အစာလက်မခံနိုင်သည့်အတွက် အားဆေးများ သွင်းပေးခြင်း စသဖြင့် ဆောင်ရွက် ပေးနေကြောင်း၊ ကလေးမွေးဖွားရန်အတွက် ကိုယ်ဝန်ဆောင်ရသည့် အချိန်မှာ သာမန်အားဖြင့် အနည်းဆုံးအချိန် ၃၈ ပတ် ရှိသော်လည်း ယခုမွေးဖွားသည့် သုံးမြွှာပူး ကလေးငယ်များမှာ ကိုယ်ဝန်ဆောင်ချိန် ၃၁ ပတ်သာ ရှိသည်ဟု ဒေါက်တာနှင်းနှင်းလွင်က ရှင်းပြသည်။
“မွေးချိန်က နှစ်လလောက် စောနေတယ်။ အနည်းဆုံး တစ်နှစ်လောက် ကြာပြီးမှ အသက်ရှင်မယ်ဆိုတာ သေချာလိမ့်မယ်၊ ဆေးရုံမှာ လနဲ့ချီပြီးနေရဖို့ ရှိပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါ သုံးမြွှာပူးကလေးများ အသက်ရှင်ရန် မျှော်လင့်ကြောင်း ကလေးများ၏ ဦးလေးတော်စပ်သူက ဖွင့်ဟသည်။
“ကလေးတွေ စိတ်ချရတဲ့ အချိန်ကျမှပဲ ဆေးရုံက ဆင်းဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။
y


ရန်ကုန်တွင် မြေအောက်၊ ကောင်းကင် မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်မည်

နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်း ရန် မြေအောက်နှင့် ကောင်းကင် မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၂၅ ခုနှစ်တွင် ဖောက်လုပ်မည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ရထားလမ်းပိုင်းကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ရန်ကုန်မြို့တွင်း အရှေ့အနောက် အရှည် ၂၀ ဒသမ ၈ ကီလိုမီတာ အရှည်ဖောက်လုပ်ရာတွင် မြေအောက်လမ်း ၁၀ ဒသမ ၅ ကီလိုမီတာ၊ ကောင်းကင်လမ်း ၁၁ ဒသမ ၃ ကီလိုမီတာ ပါဝင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ရှင်းပြသည်။
“မြေအောက် ရထားလမ်း ဖောက်လုပ်ဖို့ လေ့လာမှုတွေ ပြုလုပ်နေပါပြီ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကို ခုံးကျော်တံတားများ တည်ဆောက်၍ ဖြေရှင်း ထားသော်လည်း ယာဉ်ကြော ပိတ်ဆို့မှုကို ရှင်းလင်းနိုင်ခြင်း မရှိသောကြောင့် မြေအောက်နှင့် ကောင်းကင် ရထားလမ်း ဖောက်လုပ်ခြင်းများကို လုပ်ဆောင်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ပြောကြားသည်။

ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရေးအတွက် မဟာရန်ကုန် မြို့ပြဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း လုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေ အေဂျင်စီ (JICA) တို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း သဘောတူလက်မှတ် ရေးထိုးထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထံမှ သိရသည်။





ဖုန်းအင်တာနက်မြန်နှုန်း မြှင့်တင်ရန် တယ်လီနော ကိုယ်ပိုင်လိုင်း တည်ထောင်မည်

နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ပြည်တွင်းအင်တာနက် အမြန်နှုန်းနှေးကွေးမှု ပြဿနာကြောင့် တယ်လီနောက ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်ရာတွင် မိုဘိုင်းလ် အင်တာနက် မြန်နှုန်းမြင့်စေရန် ကိုယ်ပိုင် အင်တာနက်လိုင်း တည်ထောင်မည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

“လိုင်စင်ထဲမှာကိုယ်ပိုင် International Gateway တွေကိုယ်ပိုင် ငှားရမ်းခွင့်၊ တည်ဆောက် လုပ်ကိုင်ခွင့် ပါဝင်ပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင်အင်တာနက် Gateway တည်ဆောက် လုပ်ကိုင်သွားပါမယ်။ လုပ်ငန်း စစချင်းမှာတော့ လက်ရှိ သုံးစွဲနေတဲ့ Gateway ကိုပဲမျှဝေ သုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အင်တာနက် အသုံးပြုခ ကောက်ခံရာတွင်လည်း Data ဖြင့် ကောက်ခံသောနှုန်းနှင့် အချိန်ဖြင့် ကောက်ခံသောနှုန်း စသည်ဖြင့် အမျိုးမျိုး သတ်မှတ်ထားမည် ဖြစ်ပြီး သုံးစွဲသူများ စိတ်ကြိုက်ရွေးချယ်ခွင့် ပေးမည်ဟု ၎င်းကဆိုသည်။
“တယ်လီနောကပေးမယ့် ဝန်ဆောင်မှုတွေမှာက ရွေးချယ်စရာမျိုးစုံ ရှိပါလိမ့်မယ်။ လူတိုင်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ ရပါလိမ့်မယ်။ နာရီပိုင်း သုံးချင်တဲ့သူက နာရီပိုင်းပဲ ဝယ်သုံးရမယ်။ Data သုံးချင်တဲ့သူကို Data နဲ့သတ်မှတ် ကောက်ခံမယ်။ မိနစ်နဲ့ ကောက်စေချင်သူကို မိနစ်နဲ့ ကောက်ခံမယ်” ဟု Petter Furberg ကဆိုသည်။

အင်တာနက် အမြန်နှုန်း ကောင်းမွန်စေမည်ဟု လုံးဝ ကတိပေးကြောင်း သုံးစွဲသူအပေါ် မူတည်၍ အင်တာနက်ပမာဏကို ဆက်တိုက် တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အင်တာနက်က ဒီရက်ပိုင်းမှာ ပိုပိုဆိုးလာသလိုပဲ။ ဘယ်လိုမှ အဆင်ပြေပြေကို သုံးမရတာ။ သူတို့မြန်မြန်စမှပဲ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံနေပြီး နိုင်ငံတကာ တွင်မူ အသုံးပြုသော Data ပမာဏအလိုက်သာ ကောက်ခံလေ့ ရှိသည်။




 
Twitter Bird Gadget