ရွှေတိဂုံစေတီတော်မြတ်ကြီး
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, April 2, 2014
အစ္စလာမ်ဘာသာဝင်အချို့ကို သန်းခေါင်စာရင်းကောက်ရာတွင် လူမျိုးအမည် မမေးဟုဆို
အစ္စလာမ်ဘာသာဝင်အချို့ကို ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မေးမြန်း ခြင်းမရှိဘဲ ကောက်ယူသွားသည်ဟု ပဲခူးတိုင်း မြန်မာမွတ်ဆလင်လူငယ်များအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်မြင့် က မတ်လ ၃၁ ရက်တွင် ပြောသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များသည် ဘင်္ဂါလီ၊ ရိုဟင်ဂျာတို့ နှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ အခြားလူမျိုးများနှင့် အခြားနိုင်ငံခြားသားများအဖြစ် ကုတ်နံပါတ်(၉၁၄)အုပ် စုတွင် ပါဝင်သည်ဟု ဆိုသည်။
“ကျွန်တော့်ကို အနယ်နယ်အရပ်ရပ်က အစ္စလာမ်ဘာသာဝင်တွေ ဖုန်းနဲ့ အကြောင်းကြားတယ်။ လူမျိုး အမည် ဖြည့်ခွင့်မရလိုက်ဘူး။ ကုတ်ပဲဖြည့်လိုက်ရတယ်လို့ ပြောတယ်။ မော်လမြိုင်နဲ့ ပေါက်ခေါင်းမှာ တော့ ပြန်ဖြည့်ခွင့်ရသွားကြပြီ။ ပြည်မှာတော့ မရသေးဘူး။ အခုလို လူမျိုးအမည်မရေးဘဲ(၉၁၄)ပဲ ရေး မယ်ဆိုရင် ကျွန်တော်တို့ အလိုလို ဧည့်နိုင်ငံသားထဲရောက်သွားမယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။
သို့သော် သန်းခေါင်စာရင်းကောက်ယူရာတွင် အစ္စလာမ်ဘာသာဝင်များကို လူမျိုးအမည် ထည့်သွင်းဖော် ပြပေးခဲ့သည်ဟု ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက် သန်းခေါင်စာရင်းရုံးမှ စာရင်းစစ် ဦးရဲလွင်က တုံ့ ပြန်ပြောဆိုသည်။
“လူမျိုးထည့်ရေးပေးပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်းပဲ လုပ်တယ်။ ကျန်တာရေးလို့မရ ဘူး။ ကျွန်တော်တို့က မှားပြီးရေးလို့မရဘူး။ သူတို့ဘက်က မှန်မှန်ကန်ကန်ပြောဖို့လိုသလို ကျွန်တော်တို့ ဘက်ကလည်း မှန်မှန်ကန်ကန်ရေးဖို့လိုတယ်”ဟု ဆိုသည်။
သန်းခေါင်စာရင်းကောက်ယူသည့် နေရာတချို့တွင် အစ္စလာမ်ဘာသာဟု ပြောလိုက်ရုံဖြင့် လူမျိုးအမည် မေးမြန်းခြင်းမရှိဘဲ ကုတ်နံပါတ်(၉၁၄)ဟုသာ ဖော်ပြမှုများရှိနေကြောင်း ၊ အစိုးရက နိုင်ငံခြားသားအဖြစ် အသိအမှတ်ပြုသွားမည်ကို အစ္စလာမ်ဘာသာဝင်များက စိုးရိမ်နေကြောင်း ဦးခင်မောင်မြင့်က သုံးသပ် ပြောဆိုသည်။
ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ဟိန္ဒူစတန်နီလူမျိုး ဦးဇော်ဝင်းဆိုသူက “ကျွန်တော်က အစ္စလာမ်ဘာသာလို့ ပြောလိုက်တာနဲ့ (၉၁၄)ပဲဆိုပြီး လာကောက်တဲ့ဆရာမက သူ့ဟာ သူဖြည့်လိုက်မယ်လို့ ပြောတယ်။ လူမျိုးဖြည့်ပေးဖို့ ရုံးသွားပြောတော့ ထည့်လိုက်ပါပြီ။ စိတ်ချပါလို့ပဲ ပြော တယ်။ ဖြည့်လား မဖြည့်လား ဘာမှကို မမြင်ရတာ။ ကျွန်တော် ဘာလူမျိုးပါဆိုတာ ပြောခွင့်မရသလိုဖြစ် နေတယ်”ဟု ပြောသည်။
သန်းခေါင်စာရင်းကောက်မှုနှင့်ပတ်သက်၍ ဖြည့်စွက်ပြီးစာရင်းစာရွက်များအား စာရင်းစစ်၊စာရင်းကောက် နှင့် ကော်မရှင်မှသာ ကြည့်ခွင့်ရှိသဖြင့် ကာယကံရှင်များ ပြန်လည်စစ်ဆေးခွင့်မပေးနိုင်ကြောင်း၊ လူမျိုး အမည်စာရင်း ထည့်သွင်းခြင်းမရှိဟုဆိုသည်မှာလည်း အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၎င်းတို့၏ ထင် မြင်ယူဆချက်ကို တစ်ဖက်သတ်ပြောဆိုခြင်းဖြစ်ကြောင်း ဦးရဲလွင်က ပြန်လည်ပြောဆိုသည်။
မောင်တောမြို့နယ် သာယာကုန်းရွာကို အကြမ်းဖက်ရန် ကြံဆောင်သူများကို ရွာသားများခုခံကာကွယ်ခဲ့ရ
မတ်လ ၃၁ ရက်နေ့ ညဥ့်သန်းခေါင် ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် သာယာကုန်းရွာအား ၀ိုင်းဝန်းတိုက်ခိုက် အကြမ်းဖက်ရန် ကြံစည်သူများဟု ယူဆရသူများကို ရွာသာများ ၀ိုင်းဝန်း ခုခံကာကွယ်ခဲ့ရသည်ဟု ရွာကျောင်း ဆရာတော်မှ နိရဉ္စရာသို့ ပြောကြားသည်။
အိမ်ခြေ ၄၀ ကျော်ခန့်ရှိသော သာယာကုန်းရွာအား လေးဘက် လေးတန်မှ လူများက အုပ်စုဖွဲ့၍ ဓါတ်မီးများထိုးကာ ချဉ်းကပ်လာခဲ့ကြောင်း၊ ရွာအနီးသို့ ရောက်စဉ် ရွာတွင် ကာကွယ်ရန် သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ကိုင်ထားသော သေနတ်ဖြင့် သုံးချက်တိတိ ပစ်ခတ်လိုက်ရာ ယင်းလူအုပ်မှာ ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း ဆရာတော် မိန့်ကြားသည်။
“ သူတို့က ဘင်္ဂလီတွေပါ။ ရွာကို တစ်ခုခု လုပ်မယ် အစီအစဉ်နဲ့ လာကြတာပါ။ လက်နက်တွေလည်း ပါလိမ့်မယ်ထင်ပါတယ်။ မဟုတ်ရင် ဒီလောက်ထိ အတင့်ရဲစရာ မရှိဘူး။ ရွာသားတွေက ဓါတ်မီးကိုင်ထားတဲ့ လူအုပ်ထဲကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ထည့်လိုက်တော့ ထွက်ပြေးသွားပါတယ်” ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် စစ်တပ်သို့ အကြောင်းကြားရာ နယ်မြေခံ စစ်ကြောင်း တစ်ခု မိနစ် (၂၀) အတွင်းရောက်ရှိလာခဲ့သည်ဟု ဆရာတော်က ပြောသည်။
“ တပ်က မိနစ် ၂၀ လောက်မှာ ရွာကို ရောက်လာတယ်။ လိုက်ရှာတော့ မတွေ့လိုက်တော့ဘူး” ဟု ဆက်ပြောသည်။
ယနေ့တွင် တပ်မတော် စစ်ကြောင်း တစ်ခုမှာ သာယာကုန်းရွာအနီးရှိ မကျည်းကုန်းတွင် တပ်စွဲထားကြောင်း၊ လုံခြုံရေး အခြေအနေ စိတ်မချရသေးကြောင်း၊ ယနေ့ ဧပြီလ ၂  ရက် ယနေ့ ညနေတွင်လည်း ရွာအနောက်ဘက်တွင် ဘင်္ဂလီ ၂၀ ခန့် စုနေသည်ဟု ကြားရ၍ တပ်ကို အကြောင်းကြားထားကြောင်း ဆရာတော်က ဆိုသည်။
လတ်တလော မောင်တောမြို့နယ် အခြေမှာ တည်ငြိမ်နေသော်လည်း စိတ်ချရသော အဆင့်တွင် မရှိကြောင်း မောင်တော ဒေသခံ တစ်ဦးကလည်း ပြောသည်။
သန်းခေါင်စာရင်းကောက်ယူနေသော ၀န်ထမ်းများအား KIA အဖွဲ့မှ နှောင့်ယှက်နေသည့်အပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN )သို့ ရှမ်းနီလူငယ်များမှ တိုင်ကြားခဲ့
ကျွန်တော်ဟာ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ရှမ်းနီလူမျိုးတစ်ယောက်ပါ။ ပြီးတဲ့ရက် ကစပြီး ကျွန်တော်တို့ ကချင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးမှာ သန်းခေါင်စာရင်းကောက်ယူနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာKIA အဖွဲ့ကြောင့် သန်းခေါင်စာရင်းကောက်လို့မရပါဘူး။ သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ ၀န်ထမ်းကို ပစ်သတ်မယ်၊ ရွာလူကြီးတွေကိုလည်း ပစ်သတ်မယ်လို့ ပြောထားပါတယ်။အဲဒီအတွက် ၀န်ထမ်းတွေလည်း မလာရဲကြဘူးဖြစ်နေပါတယ်။ကျွန်တော်သိသလောက် ကတော့ သန်းခေါင်စာရင်းကောက်တယ်ဆိုတာလူဦးရေတွေ၊ လူမျိုးတွေအတိအကျသိနိုင်ဖို့၊နိုင်ငံတော်မှာရှိတဲ့ ပြည်သူတွေရဲ့ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စတွေမှာ အရေးကြီးတဲ့ မူဝါဒတွေချမှတ်ဖို့၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်နိုင်ဖို့ဆိုပြီး သိထားပါတယ်။
ကချင်ပြည်နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်မှာဆိုရင် မြို့နယ်ခြောက်မြို့နယ်ကို သန်းခေါင်စာရင်း ကောက်ယူပြီးခဲ့ပါပြီ။ KIO/KIA ထိန်းချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲဖြစ်နေလို့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကောက်ခွင့်မရခဲ့ပါဘူး။ အဲဒီအကြောင်းပြချက်ဟာ KIO/KIA အနေနဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လိုစိတ် မရှိဘူးဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ကချင်ပြည်နယ်အတွက်ပြောပြော ကချင်ပြည်နယ်ထဲမှာရှိတဲ့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေအတွက် အများကြီးနစ်နာရပါတယ်။
 KIO/KIA ခေါင်းဆောင်ပိုင်းတွေက သူတို့ထိန်းချုပ် နယ်မြေတွေမှာ ကောက်ခွင့်မပေးတဲ့အပြင် အခု သန်းခေါင်စာရင်းကောက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဟန့်တားနှောင့်ယှက်မှုတွေ ပြုလုပ်လာပါတယ်။
သန်းခေါင်စာရင်းစတင်ကောက်ယူတဲ့ နေ့မှာပဲ လွယ်ဂျယ်မြို့နယ်ခွဲ၊ ပန်ခတ်ကျေးရွာအုပ်စု၊ လူစုပါကျေးရွာမှာ သန်းခေါင်စာရင်းနဲ့ အိမ်အကြောင်းအရာလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပညာဝန်ထမ်း နှစ်ဦးကို KIA အဖွဲ့က လာရောက်ဟန့်တားနှောင့်ယှက်မှုတွေ စတင်ပြုလုပ်လာပါတယ်။ ပန်ခတ်ကျေးရွာ မူ/အုပ် ဆရာ ဦးကျော်ညွန့်နဲ့ မူလတန်းပြဆရာမ ဒေါ်မေဇွန်ဖြူတို့ဆီကနေ စာရွက်စာတမ်းတွေ သိမ်းယူပြီး အဲဒီ ရွာကနေ မောင်းထုတ်ခံရတယ်လို့လည်း သိရပါတယ်။
ကျွန်တော်ပြောတာတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်မယ်ဆိုရင် အချိန်မရွေး အထက်ပါနေရာတွေကို သွားရောက် စုံစမ်းနိုင်ပါတယ်။
ကချင်ပြည်နယ်ထဲမှာ နေထိုင်နေကြတဲ့ ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေအများကြီးပါ။
ခုတော့ တဇောက်ကန်း KIA ကြောင့် ကျွန်တော်တို့လူမျိုးစု တစ်စုလုံးနဲ့ချီပြီး အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ နိုင်ငံသားအခွင့်အရေးကို ထိပါးခံရပါတယ်။
အခုလိုမျိုး သန်းခေါင်စာရင်း မကောက်နိုင်တဲ့အတွက်  ကျွန်တော်တို့ ရှမ်းနီလူမျိုးစုဝင်တွေများစွာလည်း  စာရင်းပျောက်မှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အဖြစ်မခံနိုင်ပါဘူး။
ဒီလိုသန်းခေါင်စာရင်းကောက်မှ အစိုးရအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ဘ၀တိုးတက်ရေး၊
အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးရေးစတဲ့ အခွင့်အလမ်းများစွာကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကေအိုင်အေဌာနချုပ်ရှိတဲ့ လိုင်ဇာထိလာကောက်တာကို လက်မခံဘူးဆိုရင်ထားပါ။
အခုတော့ ကျွန်တော်တို့ရှမ်းနီတွေနေထိုင်တဲ့ ဒေသတွေကိုပါ သန်းခေါင်စာရင်းကောက်တာကို လက်မခံပဲ နှောင့်ယှက်နေတာကတော့လွန်လွန်းပါတယ်။
အားနည်းတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို အနိုင်ကျင့် ဖိနှိပ်နေတာနဲ့ အတူတူပါပဲ။
ဘာပဲပြောပြော အခုသန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာ သမိုင်းမှတ်တိုင်တစ်ခုပါ။
အခုအချိန်မှမပေးရင် ကျွန်တော်တို့ဘယ်အချိန် သွားပေးရတော့မှာလဲ။ တိုင်းရင်းသားအခွင့်အရေးလို့ ရှေ့တန်းတင်ပြောဆိုနေပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေကို သက်သက်ဖိနှိပ်နေတာပါ။
သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းကို လူတစ်ဦးတစ်ယောက်ကဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကဖြစ်ဖြစ်၊ တားမြစ်တာ၊ ပိတ်ပင်တာ၊ ခြိမ်းခြောက်တာ၊ နှောင့်ယှက်ဟန့်တားတယ်ဆိုတာက နိုင်ငံတော်နဲ့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးလုပ်ရာရောက်တဲ့အပြင် ကမ္ဘာ့ကုလသမဂ (United Nations) အဖွဲ့အစည်းကြီးနဲ့ နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး ငါတို့ဒေသမှာ ငါတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။
KIA အနေနဲ့ ငါလုပ်ချင်ရာလုပ်မယ်ဆိုပြီး ရှမ်းနီလူမျိုးတွေအပေါ်  ထင်ရာစိုင်းနေတာကို ရပ်သင့်ပါပြီ။
အခုကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့ချုပ်အနေနဲ့လည်း
ကမ္ဘာ့ကုလသမဂ (United Nations) ကို တရားဝင်တိုင်ကြားစာပေးပို့သွားမှာဖြစ်ပြီး
KIA အဖွဲ့အနေနဲ့လည်း သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းမှာ အနှောင့်အယှက်မပေးဘဲ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်မှီသေးတယ်လီု့ ပြောချင်ပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ ရှမ်းနီလူမျိုးအပါအ၀င် နိုင်ငံနဲ့ပြည်သူလူထုတစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် သန်းခေါင်စာရင်းကောက်တဲ့ကိစ္စကို နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်းများမပြုဖို့နဲ့ ဆက်လက်ပြုလုပ်လာပါက နိုင်ငံတကာမှာလည်း ပြင်းထန်စွာ ဝေဖန်ရှုံ့ချခံရမယ့်အပြင် ဖြစ်လာမယ့် နောက်ဆက်တွဲ ကိစ္စအ၀၀အတွက်လည်း KIO/KIA အဖွဲ့မှာသာ တာဝန်ရှိမှာဖြစ်တယ်လို့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့က အသိပေးလိုက်ပါတယ်။
Pee Mark မင်းသမီး ပါဝင်မည့် မြန်မာရုပ်ရှင်ကား မေလပိုင်းတွင် ရိုက်ကူးမည်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ကြမည့် မြန်မာ့ရုပ်ရှင် ဇာတ်ကားတွင် Pee Mark ထိုင်းရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင်မင်းသမီးနှင့် တွဲဖက်ရိုက်ကူးမည့်
မြန်မာဇာတ်ကားကြီးကို မေလပိုင်းတွင် စတင်ရိုက်ကူးမည် ဖြစ်ကြောင်းသိရ သည်။ ယင်းရုပ်ရှင်ကားကြီးသည် နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ရိုက်ကူးမည်ဖြစ်ပြီး နှစ်နိုင်ငံလုံး၏ အနုပညာသာမက စီးပွားရေးဘက်မှာလည်း ထိရောက်မည့် ဇာတ်ကားဖြစ်ကြောင်း စီစဉ်သူ ADMA Media ကိုဝေလင်းမောင်က ပြောကြားခဲ့သည်။ ''ဇာတ်လမ်းကို တော့ ကိုမင်းထင်ကိုကိုကြီးက ရေးနေတယ်။ ပြီးလည်းပြီးတော့မယ်။ ထိုင်းမှာသုံးလလောက် လေ့လာရေး ဆင်းပြီးလုပ်နေတာ။ ဒီဇာတ်ကားကြီးအတွက် ကျွန်တော်တို့ဘက်က အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထား တယ်။ ကျွန်တော်တို့ အတွက်ကတော့ စွန့်စားမှုတစ်ခုလို့ ပြောလို့ရတယ်။ ပြီးတော့ ဒီဇာတ်လမ်းအပေါ်မှာ တခြားမျှော်မှန်းတာ မျိုးလည်းမရှိပါဘူး။
ဒီဇာတ်လမ်းကို လုပ်ဖြစ်တယ်ဆိုတာက SEA Games မှာ တုန်းက အနုပညာရှင်တွေအားလုံး သေသေချာ ချာ လုပ်ပေးခဲ့တဲ့ ကျေးဇူးရှိပါတယ်။ ဒါကြောင့် အနုပညာရှင်တွေနဲ့ ပတ်သက်နေတဲ့ အနုပညာ လမ်းကြောင်း ကို သမိုင်းတစ်ခု အနေနဲ့ရော မှတ်တိုင်တစ်ခု အနေနဲ့ပါ ဖြစ်ချင်လို့ ရိုက်တာပါ''ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းဇာတ်ကားထဲတွင် Pee mark မင်းသမီး၊ စိုင်းစိုင်းခမ်းလှိုင်၊ လူမင်းနှင့် မိုးစက်ဝိုင်တို့ အပြင် အနုပညာ ရှင်ပေါင်းများစွာဖြင့် နှစ်နိုင်ငံမှ ရှုခင်းများကို အသားပေး ရိုက်ကူးသွားမည့် အချစ်ဇာတ်ကားကြီး တစ်ကား ဖြစ်ကြောင်းသိရသည်။
သန်းခေါင်စာရင်း သပိတ်မှောက် ရင် မှောက်သူသာနစ်နာမယ်လို့ ဝန်ကြီးပြော
ရခိုင်ပြည်နယ်က မွတ်စလင်တွေအနေနဲ့  ရိုဟင်ဂျာအမည် နဲ့ ဖြည့်သွင်းခွင့်မရတဲ့ အတွက် သန်းခေါင် စာရင်းကောက်ယူမှုတွေကို သပိတ်မှောက်မယ်ဆိုရင် မိမိတို့ရဲ့ အခွင့်အရေးတွေသာ ဆုံးရှုံးနစ်နာမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား ပါတယ်။
မတ်လ ၃၀ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ် မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရက ရိုဟင်ဂျာလို့ ဖြည့်သွင်းရေးသားခွင့်မပေးတဲ့ အတွက်  ရိုဟင်ဂျာအဖြစ် ထည့်သွင်းလိုသူတွေ က သန်းခေါင်စာရင်း ကောက်ယူတာကို ငြင်းဆန်နေ တာတွေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ် မေးမြန်း ရာမှာ ဦးရဲထွဋ်က ပြောကြားခဲ့တာပါ။
"မထည့်ဘူးဆိုရင်လဲ သူတို့အတွက်ပဲ ဆုံးရှုံးမှုပဲဖြစ်မှာပေါ့ ဘာလို့လဲဆိုတော့ သူတို့ရဲ့လူမှုစီးပွား ဘဝအခြေ အနေတွေ မြေယာပိုင်ဆိုင်မှု အခြေအနေတွေ လူဦးရေ အရေအတွက်တွေက အဲ့ဒီဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရကပဲလုပ်လုပ် နိုင်ငံတကာ အဖွဲ့အစည်းကပဲလုပ်လုပ် အခြေခံရမဲ့အဓိကအချက်တွေပဲ ဒီလိုအချက်မျိုးတွေမှာ သူတို့မပေးသွင်းဘူးဆိုရင် ဒါသူတို့ ဒီအခွင့်အရေးကို ဆုံးရှုံးသွားမှာပေါ့ နစ်နာတာလဲသူတို့ပဲဖြစ်မှာပေါ့"
စစ်တွေမြို့နယ် သဲချောင်းကျေးရွာက မူဆလင်ခေါင်းဆောင် ဦးအာဘူလု က အစိုးရအနေနဲ့ သန်းခေါင်စာရင်းမှာ လိုအပ်တဲ့အချက်တွေကို လွတ်လပ်စွာရေးသားခွင့်ပြုတယ်ဆိုပြီး လက်တွေ့မှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းရေးသားခွင့်မပြုတာကြောင့် သပိတ်မှောက်ရတာဖြစ်တယ်လို့  ပြောပါတယ်။
အလားတူ ဘူးသီးတောင် မောင်တောမြို့နယ်က မွတ်စလင်တွေကလဲ ရိုဟင်ဂျာ အဖြစ် ဖြည့်သွင်းခွင့် မရလို့ သန်းခေါင်စာရင်းကို သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းပုံစံမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်ပြုမှာ မဟုတ်ကြောင်း မတ်လ ၂၉ ရက်မှာ  အစိုးရက တရားဝင်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
သာသနာ့အလံအား မဖွယ်မရာပြုလုပ်သည့် နိုင်ငံခြားသူအား ပြည်ပထွက်ခွာခွင့် တားမြစ်
Wednesday, April 2, 2014
ရခိုင်ပြည်နယ်နယ် အတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဗုဒ္ဓဘာသာ သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်ခဲ့သည့် INGO၀န်ထမ်း အမျိုးသမီးအား မတ်လ ၃၀ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပ ထွက်ခွာခွင့်အား နိုင်ငံတော် အစိုးရမှ တားမြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး အနေဖြင့် ရခိုင် တိုင်းရင်းသားများမှသန်းခေါင်စာရင်း
ကောက်ခံချိန်တွင် ရိုဟင်ဂျာ အမည် လိမ်ညာ ထည့်သွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သည့် အချိန်နှင့် ရခိုင် တိုင်းရင်းသားများ၏ အိမ်တိုင်းတွင် ဗုဒ္ဓဘာသာ သာသနာအလံ လွှင့်ထူထားချိန်တွင် ယခုကဲ့သို့ သာသနာ့ အလံအား မဖွယ်မရာပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ရည်ရွယ်ချက် ရှိရမည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။
“အခု လောလောဆယ် ရန်ကုန် ပို့ထားတယ်။ သူတို့နဲ့ ပတ်သက်ပြီး တိုင်ကြားချက်ကို သေချာ စစ်ဆေးသွားမယ်။ ဟိုဘက်က ဖြစ်တဲ့ ကျူးလွန်မှုတွေကိုလည်း စုံစမ်း စစ်ဆေးသွားမယ်။ ပြည်နယ် အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းမှုကိုလည်း စုံစမ်း စစ်ဆေးသွားမယ်၊ INGO အားလုံးကတော့ သူတို့ရဲ့ ဘက်မလိုက်မှုတွေ၊ လူသားချင်း စာနာမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေရှိပြီးသားပါ၊ ဒါပေမယ့် ၀န်ထမ်း အချို့မှာတော့ ဘက်လိုက်မှုတွေ၊ အားနည်းချက်တွေ ရှိတယ်”ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ဆိုသည်။
သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်နေသည့် အမျိုးသား အမျိုးသမီးတို့အား လူပုဂ္ဂိုလ် လုံခြုံရေး အတွက် ပထမဦးဆုံး ဖြစ်သည့်နေ့နောက်တစ်ရက်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပို့ဆောင်ထားပြီး ဖြစ်စဉ် အထောက်အထားများအား ပြန်လည် စစ်ဆေး၍ အဖြစ်မှန် ပေါ်ပေါက်ပါက ဥပဒေအကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။
မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာသည့် INGO အဖွဲ့များ အနေဖြင့် စည်းမျဉ်း စည်းကမ်းများနှင့် အညီ လုပ်ဆောင်ရန် လိုအပ်ပြီး ခရီးသွား ဗီဇာများ၊ စီးပွားရေး ဗီဇာများဖြင့် ၀င်ရောက်လာပြီး ၄င်းအဖွဲ့တို့ လုပ်ဆောင်နေသည့် ဒေသများသို့ သွားရောက် နေထိုင်ခြင်းများ ရှိနေသည်ဟုလည်း ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
“၀န်ထမ်းတွေ အများကြီးရှိ လာရင် ဒေသခံတွေက သို့လော သို့လော ဖြစ်တာပေါ့”ဟု ၄င်းကဆိုသည်။
ရခိုင်တိုင်းရင်းသားများ အနေဖြင့်လည်း ပြည်ပ၀န်ထမ်း လုပ်ဆောင်သည့် အမှားများအား ဥပဒေ အကြောင်းအရ တိတိကျကျ တိုင်ကြားရမည် ဖြစ်သော်လည်း စိတ်လိုက်မာန်ပါဖြင့် လက်တုံ့ပြန် ခဲ့သည့် အတွက် နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်အား ထိခိုက်စေခဲ့သည်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှ သုံးသပ်သည်။
“ခံစားချက်ကို ဦးစားပေးပြီး ဥပဒေမဲ့ လုပ်လိုက်တော့ အကျိုးဆက်က ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေက တရား လက်လွတ် လုပ်တယ်။ ဥပဒေမဲ့ လုပ်ချင်တယ်။ ဘယ်ဘာသာက ဘယ်လို ဖြစ်တယ်ဆိုတဲ့ အမြင်က ပိုပြီးတော့ပဲ ဆိုးသွားတာပေါ့။ စောစောက ၀န်ထမ်း တစ်ယောက်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်က ပျောက်သွားပြီး ဒီပုံရိပ်က ပိုထင်သွားတာပေါ့”ဟု ၄င်းက မှတ်ချက်ပေးသည်။
( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၆) ပါသတင်း )
ရခိုင်တွင် ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြ
သန်ခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း စာရင်းကောက်များနှင့် ဒေသခံများထံမှ သိရှိရသည်။
ဘူးသီးတောင်မြို့နယ်ရှိ ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများကို မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တွင် သန်ခေါင်းစာရင်း သွားရောက်ကောက်ယူခဲ့ရာ ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုသဖြင့် ဘင်္ဂါလီများက အကောက်မခံကြသော်လည်း ရိုဟင်ဂျာ ထည့်ခွင့်မရဟု ဆိုကာ အကြမ်းဖက်မှုများ မရှိသေးကြောင်း စာရင်းကောက် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။
“ရွာလေးရွာကို သွားကောက်တယ်။ အဲဒီလေးရွာထဲက အုပ်ချုပ်ရေးမှူး တစ်ယာက်ပဲ ဘင်္ဂါလီလို့ သန်ခေါင်းစာရင်း အကောက်ခံတယ်” ဟု အဆိုပါ စာရင်းကောက်က မတ်လ ၃၁ ရက်နေ့ အခြေအနေကို ရှင်းပြသည်။
အလားတူ စစ်တွေ၊ မောင်တော အပါအဝင် မြို့နယ်များတွင် ဘင်္ဂါလီများက ရိုဟင်ဂျာဟု ထည့်သွင်းခွင့်မရ၍ သန်းခေါင်းစာရင်း အကောက်မခံဘဲ ဆန္ဒပြနေကြကြောင်း ဒေသခံများထံမှ သိရသည်။
သန်းခေါင်းစာရင်း ကောက်ယူခံသူ၏ ဆန္ဒအတိုင်း လူမျိုးအမည်ကို ရေးသွင်းရမည်ဟု အစိုးရက တရားဝင် အသိပေးထားသော်လည်း မတ်လ ၃၀ ရက်နေ့တွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုခြင်းမှာ ပြသာနာဖြစ်ပွားအောင် လုပ်ဆောင်ရာ ရောက်ကြောင်း၊ ရိုဟင်ဂျာဟု ထည့်ခွင့်မရ၍ သန်းခေါင်းစာရင်း အကောက်မခံကြောင်း စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်က ဆိုသည်။
သန်းခေါင်းစာရင်း ကောက်ယူရာတွင် မေးခွန်းများ ဖြေဆိုရန် ငြင်းဆိုခြင်း၊ သိလျက်နှင့် မှားယွင်းစွာ ဖြေဆိုခြင်း မပြုလုပ်ရဟု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ဥပဒေတွင် တားမြစ်ထားပြီး ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်းစာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ လဝခန့်ကြာ သပိတ်မှောက်ထားမှုကို ယင်းနေ့တွင် ရပ်ဆိုင်းလိုက်သည်။
ရန်ကုန်မြို့တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့က သန်းခေါင်းစာရင်း ကောက်ယူရာတွင် လူမျိုးသင်္ကေတ မှားယွင်း ဖြည့်သွင်းခံရပြီး ထားဝယ် ငါးဦးနှင့် ဗမာတိုင်းရင်းသား တစ်ဦးကို စာရင်းကောက်ယူရာတွင် ခြောက်ဦးလုံးကို ဗမာအဖြစ် ထည့်သွင်းကောက်ယူသွားကြောင်း ထားဝယ်တိုင်းရင်းသူ တစ်ဦးက ပြောကြားသည်။
“ထားဝယ်လို့ ပြောတာကို ၅၀၁ (ဗမာ) ဆိုပြီး မှတ်သွားတယ်။ ထားဝယ် ကုတ်နံပါတ်က ၅၀၂ ဆိုပြီး ထားဝယ်အဖွဲ့တွေ ပြောကြတာ့တွေ့တယ်။ ဘာကြောင့် ၅၀၁ မှာ ထည့်ကောက်တာကိုတော့ မမေးလိုက်ရဘူး” ဟု ၎င်းကဆိုသည်။
သန်းခေါင်းစာရင်း မကောက်ယူမီ နှစ်ရက်ခန့်က ဆယ်အိမ်မှူးနှင့် စာရင်းကောက် ဆရာမများက အိမ်ထောင်စုစားရင်းနှင့် လူဦးရေစာရင်းများကို ကောက်ယူခဲ့သော်လည်း အကြောင်းအရင်းကို မသိရှိရသေးကြောင်း ၂၀၁၄ ခုနှစ် ကရင်မျိုးနွယ်စုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးစောကျော်စွာက ပြောကြားသည်။
“သန်ခေါင်းစာရင်း လာကောက်တာ အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ မေးလေ့မေးထ မရှိတဲ့ လူမျိုးတို့၊ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားကတ် အမျိုးအစားတွေကို မေးတယ်။ ဘာရည်ရွယ်ချက်နဲ့ ကောက်လဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရဘူး” ဟု ၎င်းကဆိုသည်။
နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်သည်။
ချမ်းသာလာချင်လို့ ခွေးအကို ကိုယ့်လိင်အင်္ဂါ ကိုယ်ပြန်ထိုးကျွေးခဲ့တဲ့လူ
အာဖရိကလူမျိုးတစ်ယောက်ဟာ သူ့ ကို ခွေးအတစ်ကောင်က တိုက်ခိုက်တာကို ငြိမ်ခံနေခဲ့ပြီး သူ့ ရဲ့ လိင်အင်္ဂါ တွေကို ခွေးအ စားတာကိုပါ ငြိမ်ခံနေခဲ့ပါတယ်။ အခုလိုလုပ်ရင် သူချမ်းသာလာမယ်လို့ ပြောတာကို ယုံပြီး လိုက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ချာမန်ဂီနီဇူးလူး လူမျိုးတစ်ယောက်ဖြစ်တဲ့ သူ့ ကို ချုံပုတ်တစ်ခုထဲမှာ ခွေးအက စုတ်ပြတ်သတ်အောင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခွေးအဟာ သူ့ ရဲ့ လိင်အင်္ဂါတွေကို စားသွားတဲ့အပြင် သူ့ ရဲ့ ခြေချောင်းသုံးချောင်း ကိုပါ စားသွားခဲ့တာပါ။
Times of Zambia သတင်းစာအရ ဒီဇူးလူးလူမျိုးဟာ အသက် ၂၀ ကနေ ၂၄ နှစ်အတွင်းရှိပြီး မာလာဝီ နိုင်ငံကနေ လာရောက်သူဖြစ်တယ်လို့ သိရပါတယ်။
“ကျုပ်က မာလာဝီကနေလာတာ၊ ချီပါတာရောက်တော့ မှော်ဆရာနဲ့ တွေ့ ပြီး ကျုပ်ကိုယ်ခန္ဓာအစိတ်အပိုင်း တွေကို ယစ်ပူဇော်စတေးတာက ချမ်းသာလာဖို့ အကောင်းဆုံးနည်းလမ်းပဲလို့ သူက ပြောတယ်။ ဒါနဲ့  ကျုပ်လည်း ခြုံပုတ်တစ်ခုထဲသွားပြီး ကိုယ်တုံးလုံးဖြစ်အောင် လုပ်လိုက်တယ်။ နောက်တော့ ခွေးအ တစ်ကောင်ရောက်လာပြီး ကျုပ် ခြေချောင်းတွေကို စပြီး စားတယ်။ နောက်တော့ ကျုပ်ရဲ့ ယောင်္ကျားအင်္ဂပါ စားသွားတယ်” လို့ သူက ဆေးရုံကုတင်ပေါ်ကနေ ပြန်ပြောပြပါတယ်။
ခွေးအရဲ့ တိုက်ခိုက်ဖြတ်စားမှုကို ခံပြီးနောက်မှာ သူဟာ လမ်းမပေါ်ကို တွားသွားတက်လာခဲ့ပြီး အနီးနားက ဖြတ်သွားတဲ့ ရဲဝန်ထမ်းတွေမြင်တော့မှ ဆေးရုံကို ပို့ ပေးခဲ့ရတာပါ။
အခုတော့ သူ့ ကို ချီပါတာအထွေထွေဆေးရုံကြီးမှာ တင်ထားပြီး ကုသမှုခံယူလျက်ရှိပါတယ်။
Twitter Bird Gadget