ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, April 4, 2014

ထိုင်းဆန္ဒပြပွဲများတွင် ပါဝင်ရန် မြန်မာလုပ်သားများအား နေ့စားဖြင့်ခေါ်

Friday, April 04, 2014

ထိုင်းအစိုးရ ဆန့်ကျင်သူများ အစိုးရရုံးတစ်ရုံးရှေ့တွင် ဧပြီ ၂ ရက်က ဆန္ဒပြနေစဉ် (Nicolas ASFOURI/AFP)


လက်ရှိ ထိုင်းအစိုးရကို ထောက်ခံသည့် ထိုင်းနိုင်ငံ အလုပ်သမား ရေးရာ ဝန်ကြီးသည် စီးပွားရေး လုပ်ငန်း ရှင်များအား ဖိအားပေး၍ ဆန္ဒပြရာတွင် လူအင်အား များပြားစေရန် ရွှေ့ပြောင်း မြန်မာလုပ်သားများကို နေ့စားဖြင့် လိုက်လံ ခေါ်ယူ ခိုင်း နေကြောင်း သတင်းရရှိသည်။

အစိုးရကို ထောက်ခံသူများ နှင့် ကန့်ကွက်သူများနှစ်ဖက်လုံးက မြန်မာလုပ်သားများအား နေ့စားဖြင့် ခေါ်ယူနေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာလုပ်သားများက ပြောသည်။

လက်ရှိအစိုးရကို ထောက်ခံသော ရှပ်နီအဖွဲ့များသည် ဧပြီ ၅ ရက်တွင် ဘန်ကောက်မြို့၌ ဆန္ဒပြမှုစတင်မည်ဖြစ်သောကြောင့် ၎င်းတို့ဘက်တွင် လူအင်အားများစေရန် ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးက စီးပွားရေးလုပ်ငန်းရှင်များအား ဖိအားပေး၍ ရွှေ့ပြောင်းမြန်မာလုပ်သားများခေါ်ယူခိုင်းခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)ဥက္ကဋ္ဌဦးထူးချစ်က ပြောသည်။

‘‘ခေါ်တာက ရှပ်နီဘက်က ရော၊ ရှပ်ဝါဘက်ကရော နှစ်ဖက်လုံးက ခေါ်နေတာ။ ဒီကိစ္စက သူတို့နိုင်ငံရဲ့ နိုင်ငံရေးအုံကြွမှုဖြစ်တယ်။ အလုပ်သမားတွေအခွင့် အရေးအတွက် ဆန္ဒပြနေကြတာမဟုတ်ဘူး။ အဲဒါကြောင့် မြန်မာတွေအနေနဲ့ မပါစေချင်ဘူး။ အစိုးရကန့်ကွက်တဲ့အဖွဲ့မှာလည်း မြန်မာတွေပါနေတာတွေ့တယ်’’ ဟု ဦးထူးချစ်က ပြောသည်။

ရွှေ့ပြောင်းမြန်မာလုပ်သားများကို နေ့စားဖြင့်ခေါ်ယူရာတွင် စရိတ်ငြိမ်းဘတ်ငွေ ၃၀၀ ဖြင့် လိုက်လံ ခေါ်ယူနေခြင်းဖြစ်ကြောင်း  ဦးထူးချစ်က ဆက်လက်ပြောသည်။ အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ မြန်မာ သံရုံးသို့ ဆက်သွယ်မေးမြန်းရာ သံရုံးအနေဖြင့် မြန်မာလုပ်သားများကို ဆန္ဒပြပွဲများတွင်မပါဝင်ရန် အမိန့်စာ ထုတ်ထားပြီးပါဝင်၍ တစ်စုံတစ်ရာဖြစ်ခဲ့ပါက တာဝန်မယူနိုင်ကြောင်း ထိုင်းနိုင်ငံ၊ မြန်မာသံရုံးမှ အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင်က ပြောသည်။

ဧပြီလ ၅ ရက်တွင် စတင်မည့် ထိုင်းနိုင်ငံဆန္ဒပြပွဲများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပါဝင်ခြင်းမပြုရန် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအသင်းက လူမှုကွန်ရက်မှတစ်ဆင့် ဧပြီ ၅ ရက်တွင် သတိပေးမှုများ ပြုလုပ်ထားသည်။

ထိုင်းနိုင်ငံအစိုးရကို ကန့်ကွက်ဆန္ဒပြသူများသည် ၎င်းတို့အဖွဲ့ လူအင်အားများပြားရန်အတွက် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဇန်နဝါရီအတွင်းကပင် လိုက်လံခေါ်ယူနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

‘‘အရင်ကလည်း မြန်မာတွေကို ခေါ်နေတယ်လို့ကြားတယ်။ ခုလည်းခေါ်ပြန်ပြီလို့ကြားတယ်။ အခုက ၅ ရက်ဆို နှစ်ဖက်အပြိုင် ဆန္ဒပြမယ်လို့ ကြားနေတယ်။ အရင်လတွေကဆို ရှပ်နီအဖွဲ့မှာ မြန်မာတွေလိုက်ပြီး ဆန္ဒပြနေတာ တွေ့ဖူးတယ်’’ဟု ဘန်ကောက်မြို့ စားသောက်ဆိုင်တစ်ခုတွင် လုပ်ကိုင်နေသော ကိုအောင်စိုးက ပြောသည်။

ထိုင်းနိုင်ငံ  ဆန္ဒပြမှုများကြောင့် မြန်မာလုပ်သားများအနေဖြင့် ဆန္ဒပြရာနေရာအနီးသို့ မသွားရန် သတိပေးကြေညာချက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် တစ်စောင်၊ ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင်တစ်စောင် စုစုပေါင်းနှစ်စောင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၅ ရက်တွင် ဆန္ဒပြရာဧရိယာအတွင်းသို့ ဖြတ်သန်းသွားသော မြန်မာလုပ်သားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။

ထိုင်းအစိုးရကို ဆန္ဒပြသူများသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ ရက်မှစတင်ကာ ဘန်ကောက်မြို့တွင် ဆန္ဒပြနေပြီး နိုဝင်ဘာ ၂၉ ရက်တွင် ဆန္ဒပြသူများအား ထိုင်းနိုင်ငံအစိုးရအဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့သည်။ ထိုအကြမ်း ဖက်နှိမ်နင်းမှုကြောင့် လူငါးဦး သေဆုံးကာ ၂၅၆ ဦး ဒဏ်ရာရရှိ ခဲ့သည်။  ထိုနောက်ပိုင်းတွင်လည်း ဆန္ဒပြဧရိယာအတွင်း ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်၍ သေဆုံးမှုထပ်မံဖြစ်ပေါ်ခဲ့သည်။

အိမ်အကူ ကလေးငယ်ကို ဆီပူအိုးထဲ လက်နှစ် နှိပ်စက်ခဲ့သည့်အိမ်ရှင်များ တိမ်းရှောင်နေ

Friday, April 04, 2014



အိမ်အကူကလေးငယ်ကို ဆီပူအိုးထဲလက်နှစ်ပြီး မတရားညှဉ်းပန်းနှိပ်စက်ခဲ့သည့်အိမ်ရှင် လင်မယားနှစ်ဦးအား ဧပြီ ၂ ရက်က ပုသိမ်မြို့နယ်မြေရဲစခန်းမှ ဗဟန်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအမှုဖွင့်အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

ဗဟန်းမြို့နယ်၊ ကိုယ့်မင်း ကိုယ့်ချင်းရပ်ကွက်တွင်နေထိုင် သော အဆိုတော်အိမ်ရှင်လင်မ ယားနှစ်ဦးမှာ ၎င်း၏အိမ်ဖော်ဖြစ် သူအသက်(၁၄)နှစ်အရွယ်မိန်းကလေးငယ်အား ဟင်းအိုးတူး၍ ဆီပူအိုးအတွင်း လက်နှစ်ဖက်ဆွဲနှစ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ကတ်ကြေးဖြင့် လက်ကို ထိုးခြင်းစသည့်မတရား နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအိမ်ဖော်အမျိုးသမီးမှာ ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးကုသရန် ပုသိမ်မြို့ရှိ ဆေးခန်းတစ်ခုသို့ သွားရောက်ပြခဲ့ရာ ယင်းဆေးခန်းမှ ရဲအရေးပိုင်သောဒဏ်ရာများဖြစ်၍ ပုသိမ်ဆေးရုံသို့   ပြောင်းရွှေ့ကုသခဲ့သည်။

ထို့နောက် အိမ်ဖော်အမျိုးသ မီး၏ မိခင်ဖြစ်သူက ပုသိမ်မြို့အ မှတ်(၂)နယ်မြေရဲစခန်းတွင် မတ် လ ၂၉ရက်က အမှုဖွင့်ခဲ့သော် လည်း အခင်းဖြစ်ပွားခဲ့သည့် နေ ရာမှာ ဗဟန်းမြို့နယ်အတွင်းဖြစ် ပွားခဲ့ခြင်းဖြစ်၍ ဧပြီ ၂ရက်က လွှဲ ပြောင်းအမှုဖွင့်ခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ  သတင်းရရှိသည်။

 ယခုအမှုဖွင့်တိုင် ကြားခံထားရသည့် အိမ်ရှင်လင်မယားတွင် ဇနီးဖြစ်သူ၏အမည်မှာ မသီတာ(ခ) သီရိကိုကိုဟုဖော်ပြထား၍ အဆိုတော်ဗီဒီယိုသရုပ်ဆောင်သီရိကိုကိုဟု  သတင်းများထွက်ပေါ်လျက်ရှိသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာက  အတည်ပြုပြောကြားထားခြင်းမရှိသေးချေ။

‘‘ကျွန်တော်တို့ ဒီအမှုကို မ စစ်ရသေးပါဘူး။ လင်မယားနှစ် ယောက်ကို ခေါ်မစစ်ရသေးဘူးဆို တော့  သီရိကိုကိုဆိုတာအဆို တော်လား၊ ဘာလားဆိုတာ သေ ချာမသိရသေးဘူး။ စစ်လို့သိရပြီ ဆိုရင် ပြောပြပါမယ်’’ဟု ဗဟန်း မြို့နယ်ရဲစခန်းမှ အမှုစစ်ဒုရဲအုပ် ထွန်းမွှေးကပြောသည်။

ထို့အပြင် ယခုအမှုဖွင့်ခံထား ရသော အိမ်ရှင်လင်မယားနှစ်ဦး မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ ၍ သက်ဆိုင်ရာက ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။ ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်းမြို့ နယ်ရဲစခန်းတွင် အပြင်းအထန် နာကျင်စေမှုပုဒ်မဖြင့် ၎င်းတို့ကို အမှုဖွင့်ထားကြောင်း သတင်းရ ရှိသည်။

အဆိုပါအိမ်ဖော်အမျိုးသမီး သည် လွန်ခဲ့သည့် ၃လခန့်က ၎င်း တို့နေအိမ်သို့ရောက်ရှိခဲ့သည့်အ ချိန်မှစ၍ ထိုးကြိတ်ခြင်း၊အခန်း တွင်းပိတ်လှောင်ကာ  အစာ၀၀ လင်လင်မကျွေးခြင်း၊  ဟင်းအိုး တူးပါက လက်နှစ်ဖက်ကို ဆီပူအိုး  ထဲနှစ်ခြင်း၊  ပလာယာဖြင့်ညှပ် ခြင်း၊ ခေါင်းကိုတံမြက်စည်းတုတ် ဖြင့် ရိုက်နှက်ခြင်းစသည်တို့ကိုပြုလုပ်ခဲ့ကြောင်း ထွက်ဆိုထားသည်။

လှည်းကူးမှာ မူဆလင် - မြန်မာ အဓိကရုဏ်း ဖြစ်ပွားနေ

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့၊ မြို့မဈေးအတွင်းတွင် ယနေ့ (၃)နာကျော်က စတင်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာကနေ နေအိမ်တစ်အိမ်အား တိုက်ခိုက်နေမှု ဖြစ်ပွားခဲ့ ကြောင်း  သတင်းရရှိပါတယ်။
လှည်းကူးဈေးမှာ မိုးကာစ ရောင်းချနေသူ ကလေးငယ်တစ်ဦး၏ မျက်လုံးအား ဆိုင်နီးနားချင်း (အစ္စလာမ်ဘာသာဝင်) တစ်ဦးက ကတ်ကြေးဖြင့် ထိုးရာက စပြီး ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။  ကလေးငယ် တိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်သူ၏ နေအိမ်အား လူအုပ်စုက ဝိုင်းဝန်းဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ညနေ ၄ နာရီ မထိုးခင်မှာ လူအုပ်စုနစ်ခု  တုတ်တွေနဲ့ ရိုက်ကြတော့ ဗမာ ရဲ့ မျက်လုံးနဲ့ ဦးခေါင်း ထိသွားတယ် ထိသွားတယ်လို့ သိရပါတယ်။  အဲဒီနောက် လူအုပ်ပြန့်သွားပြီး ညနေ ၅ နာရီလောက်ကြတော့  လှည်းကူး မြို့မဈေး  ဟူဆင် မူဆလင် လက်ဖက်ရည်ဆိုင်မှာ  ခုနရိုက်တဲ့ မူဆလင် ရှိနေတယ်ဆိုပြီး ခဲတွေနဲ့ ပေါက်ကြတယ်။ ဟူဆင် လက်ဖက်ရည်ဆိုင် ကို ညနေ ၆ နာရီခွဲလောက်မှာ ဖျက်စီးပစ်တယ်။

သာမန်ရန်ပွဲတခုကနေ အစပြုပြီး လူအုပ်စုနစ်ခု ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာမှာ လုံထိန်းရဲ အင်းအား ၄၀၀ လောက်နဲ့ လူစုခွဲပြီး ထိမ်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါ  အခြေအနေ ပြန်လည် တည်ငြိမ်နေပြီ ဖြစ်ပြီ ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ ၃ ဦး ကို လုံထိန်းရဲ တပ်ဖွဲ့ က ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း စုံစမ်းသိရှိရပါတယ်။


လှည်းကူး အဓိကရုဏ်း မြင်ကွင်း ဓါတ်ပုံများ (ဓါတ်ပုံ- Hlegu Tsp)









Wednesday, April 2, 2014

ဘူးသီးတောင်၊ မောင်တော သန်းခေါင်စာရင်း ကောက်ယူမှု ဘင်္ဂါလီ လူမျိုးများ ငြင်းဆန်



ရခိုင်ပြည်နယ် မောင်တောမြို့ အဝင်ဝ မုခ်ဦး (ဓာတ်ပုံ – နိရဉ္စရာ)
ဘင်္ဂါလီ, ရခိုင်ပြည်နယ်, သန်းခေါင်စာရင်း ကောက်ယူမှု, ရိုဟင်ဂျာ, ဘူးသီးတောင်၊ မောင်တော
ရခိုင်ပြည်နယ် အတွင်းရှိ ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်များ၌ လူဦးရေ 

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ လူမျိုးများက ငြင်းဆန်မှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် မတ်လ ၃၁ ရက်က စတင်ပြီး တပြည်နယ်လုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဘင်္ဂါလီ(မွတ်စလင်)လူမျိုးများက ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသည့် အတွက် ကောက်ခံမှုများကို ငြင်းဆန်နေခြင်း ဖြစ်ကြောင်း ဘူးသီးတောင် မြို့နယ်တွင် နေထိုင်သည့် ရခိုင်လူမှု ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးထွန်းအောင်သိန်းက ဧရာဝတီသို့ ပြောသည်။
“ဘူးသီးတောင် မြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ စုရပ် ၁၀ ခုမှာ ရှိတဲ့ ဘင်္ဂါလီရွာတွေ တရွာမှ ကောက်လို့ မရဘူး၊ သူတို့က ဘင်္ဂါလီ ဆိုရင် မထည့်ဘူးလို့ ပြောတယ်၊ ရိုဟင်ဂျာလို့ပဲ ထည့်ခိုင်းတယ်၊ အစိုးရက သတ်မှတ်ထားတဲ့ အတိုင်း ရိုဟင်ဂျာလို့ ပြောတဲ့သူတွေကို မကောက်ဘူး”ဟု ၄င်းက ဆိုသည်။
ဘူးသီးတောင် မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အတွက် စုရပ်ပေါင်း ၁၀ ခု သတ်မှတ်ထားပြီး ယင်း စုရပ် ၁၀ ခု အတွင်းတွင် နေထိုင်သည့် ဘင်္ဂါလီ အများစုက ဘင်္ဂါလီ အစား ရိုဟင်ဂျာ ဟုသာ ထည့်သွင်းပေးရန် တောင်းဆိုကြကြောင်း သိရသည်။
မောင်တော မြို့နယ် အတွင်းရှိ ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများတွင်လည်း အလားတူ ကိစ္စရပ်များ ကြုံတွေ့ နေရကြောင်း မောင်တော ဒေသခံ တဦးက ပြောသည်။
“မနေ့က သန်းခေါင်စာရင်း စကောက်တယ်၊ ဘင်္ဂါလီတွေက ရိုဟင်ဂျာလို့ပဲ ထည့်ခိုင်းနေလို့ ကောက်လို့မရဘူး ဖြစ်နေတယ်၊ ရခိုင်အိမ်တွေကို ကောက်ရင် တအိမ် ၁၅ မိနစ်လောက်ပဲ ကြာတယ်၊ ဘင်္ဂါလီ ကျေးရွာတွေကို သွားရင် တအိမ်ကို နာရီဝက်၊ တနာရီလောက်သာ ကြာသွားတယ်၊ ဘာမှ ကောက်လို့ မရဘဲ ပြန်ထွက် လာခဲ့ရတယ်”ဟု ၄င်းက ဆိုသည်။
မောင်တော မြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၁၀၃ အုပ်စုရှိပြီး ဘင်္ဂါလီလူမျိုးများ နေထိုင်သည့် ကျေးရွာ အုပ်စုပေါင်းက ၈၀ ကျော် ရှိကြောင်း သိရသည်။
ဘင်္ဂါလီဟု ထည့်သွင်းရန် အစပိုင်း၌ ငြင်းဆန်နေသော်လည်း တချို့မှာ နောက်ပိုင်းတွင် ဘင်္ဂါလီ ဟု ထည့်သွင်းခြင်းကို သဘောတူ လက်ခံလာပြီ ဖြစ်ကြောင်း စစ်တွေ မြို့နယ်တွင် နေထိုင်သည့် ရခိုင် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြ ကျော်က ပြောသည်။
“ပထမတုန်းကတော့ အဲဒီလို ထည့်သွင်းဖို့ကို ငြင်းကြတယ်၊ သေချာ ရှင်းပြတော့မှ လက်ခံ လာကြတာ၊ အခု စစ်တွေမှာ နေ တဲ့ ဘင်္ဂါလီတွေကတော့ ဘင်္ဂါလီလို့ ထည့်သွင်းဖို့ကို သဘောတူကြတယ်၊ ဘင်္ဂါလီတွေ အနေများတဲ့ သဲချောင်း ကျေးရွာတို့၊ ဒုံပြင်(တောင်/မြောက်)တို့၊ ကန်ဒေါ်လီ ကျေးရွာတွေမှာတော့ သန်းခေါင်စာရင်း ကောက်လို့ ရပါတယ်”ဟု ၄င်းက ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်တွင် စတင်ခဲ့သော်လည်း ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်လူမျိုးများ အားလုံး က ရိုဟင်ဂျာဟု စာရင်း လက်ခံထည့်သွင်း ကောက်ခံမည် ဆိုပါက သန်းခေါင်စာရင်း ကောက်ယူမှုကို လက်ခံမည် မဟုတ်ကြောင်းနှင့် အစိုးရက တိကျသည့် အာမခံမှု ပေးရန် သပိတ်မှောက် ဆန္ဒ ပြခဲ့ကြသည်။
သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင်များက မတ်လ ၃၀ ရက်၌ပင် အစည်းအဝေး ကျင်းပပြီး ရခိုင်လူမျိုးများ သပိတ်မှောက် ဆန္ဒပြ တောင်း ဆိုချက်ကို လိုက်လျော ပေးခဲ့သည့် အတွက် မတ်လ ၃၁ ရက်တွင် ရခိုင်လူမျိုးများက သန်းခေါင်စာရင်း ကောက်ခံမှုကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က“သန်းခေါင်စာရင်း ကောက်တဲ့နေရာမှာ ကောက်ခွင့် ပြုတဲ့ အိမ်တွေကို ကောက်ပါတယ်၊ ကောက်ခွင့်မပြုတဲ့ အိမ်တွေကို မကောက်ပါဘူး၊ ဘယ်နေရာတွေက ပေးတယ် မပေးဘူး ဆိုတာတော့ အခု မပြောနိုင်သေးပါဘူး”ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လူမျိုး နေရာတွင် ရိုဟင်ဂျာ အမည် မဖြည့်သွင်းရေး အတွက် ရခိုင်လူမျိုးများက မြို့နယ် အများစုတွင် ဆန္ဒပြ တောင်းဆိုခဲ့ ကြသည်။
ရခိုင်ပြည်နယ် မောင်တော မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များတွင် နေထိုင်သော ရိုဟင်ဂျာဟု ခံယူထားသည့် လူမျိုးများကလည်း မည်သို့ပင် သန်းခေါင်စာရင်း ကောက်ခံစေကာမှု ဘင်္ဂါလီဟု ပြောကြားမည် မဟုတ်ဘဲ ရိုဟင်ဂျာ ဟုသာ ပြောကြား ရန် အစီအစဉ် ရှိကြောင်း မောင်တော ဒေသခံ တချို့က ပြောဆိုသည်။
နိုင်ငံတ၀န်း လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ကောက်ယူနေခြင်း ဖြစ်သည်။











၄၈ နှစ်အတွင်း မြန်မာကာကွယ်ရေးဝန်ကြီးရဲ့ ပထမဆုံး အမေရိကန်ခရီး

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့် လုပ်ဆောင်လာနေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဖိတ်ကြား ချက်နဲ့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် မြန်မာ ကာကွယ်ရေး ၀န်ကြီး အမေရိကန်မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးကို တက်ရောက်လာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ ကာကွယ်ရေး ၀န်ကြီးတွေကြား ဆွေးနွေးကြမယ့် ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့က ထိပ်သီးအစည်းအဝေးကိုတော့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် တက်ရောက်လာတာပါ။

ဆယ်စုနှစ် ၅ ခုလောက်အကြာ ပြန်လည်နွေးထွေးလာတဲ့ ဆက်ဆံရေး အခြေအနေတွေကိုတော့ ဟိုနိုလူလူမှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ၀ိုင်းတော်သား ဦးရော်နီညိမ်းက သတင်းပေးပို့ထားပါတယ်။

ပထမဦးဆုံးသော ၀န်ကြီးများအဆင့် အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံ ကာကွယ်ရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးကို အမေရိကန် ပြည်ထောင်စုမှာ ၂၀၁၄ ခုနှစ်မှာ ကျင်းပဖို့ အမေရိကန်ဘက်က ကမ်းလှမ်းခဲ့တဲ့ အကြောင်းရင်းကိုလည်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“အဲဒီတုန်းက သူပြောတာက ကျနော်တို့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေကို သူကဖိတ်တာက ၂၀၁၄ ခုနှစ် မတ်လလောက်ကို ကျနော်တို့ မြန်မာနိုင်ငံကလည်း အဲဒီအချိန်မှာ အာဆီယံ အိမ်ရှင်နိုင်ငံ အစည်းအဝေးတွေ ကျင်းပမယ့်၊ တာဝန်ယူရမယ့် ကာလဖြစ်ပါတယ်။ ဆိုတော့ ဒီဟာအပေါ်မှာ ကျနော်တို့ မြန်မာနိုင်ငံကနေ ပြီးတော့မှ အာဆီယံကို ဦးဆောင်နေတဲ့ အချိန်အခါမှာ သူ့အနေနဲ့ ဟာဝိုင်ယီကို ဖိတ်ပြီးတော့ ဒီအစည်းအဝေးကို ကျင်းပချင်တယ်လို့ ကျနော်တို့ ကာကွယ်ရေး ၀န်ကြီးတွေကို ဖိတ်ပါတယ်။ အထူးသဖြင့် ထူးခြားတာက ဘာလဲဆိုတော့ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်နေတဲ့အချိန်မှာ အမေရိကန်ကနေ ဖိတ်ကြားလာတာဆိုတာ ဒါဟာ သမိုင်းဝင်ပါပဲ။ အင်မတန်လည်း ၀မ်းသာဖို့ ကောင်းပါတယ်။”

မြန်မာ့တပ်မတော်နဲ့ အမေရိကန် တပ်မတော် ၂ ရပ်ကြားမှာ ဆက်ဆံရေး တာဝန်တွေကို ထမ်းဆောင်နေတဲ့ အမေရိကန် အရန်တပ်မတော်က မြန်မာနိုင်ငံဖွား ဒုတိယဗိုလ်မှူးကြီး မီမီဝင်းဘတ် ကတော့ ဒီဒေသရဲ့ လုံခြုံရေးကို စည်းဝေးတိုင်ပင်ရာမှာ ဒီဒေသမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံကို ချန်ထားလို့ မရဘူးလို့ အခုလို ပြောပါတယ်။

“ဒီကနေ့ Security Environment က နိုင်ငံတခုတည်းနဲ့ လုပ်လို့မရဘူး။ အားလုံး ပူးပေါင်းပြီးတော့ လုပ်ရမယ်။ ဆိုတော့ မြန်မာနိုင်ငံဟာလည်း အာရှ-ပစိဖိတ် ထဲမှာလည်း ရှိနေတဲ့နိုင်ငံ။ နောက်ပြီးတော့ Strategic location (မဟာဗျူဟာကျတဲ့ နေရာ) လည်း ဖြစ်နေတယ်၊ အဲဒီအတွက် မြန်မာနိုင်ငံ မပါလို့ မရဘူး။ ဆိုတော့ ဒီ dialogue တွေဘာတွေ as a part of international community ပေါ့နော် ဆွေးနွေးပွဲတွေ ဘာတွေ သူတို့ရောက်သင့်တယ်၊ ရောက်ရမယ်။ ကျမတို့လည်း ဒီဘက်က အမေရိကားကလည်း အဲဒီလိုမျိုးတွေ လုပ်တဲ့အခါကျတော့ မြန်မာနိုင်ငံကို ဖိတ်ခေါ်တာပေါ့နော်။ ဆိုတော့ အဲဒါက ဒီဥစ္စာ ပထမဆုံး တွေ့ရတာပဲ။ ဒီနှစ်ကတော့ အရမ်း historic ဖြစ်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီနှစ်ကတော့ မြန်မာနိုင်ငံ ပထမဆုံး ဟာဝိုင်ယီကို လာပြီးတော့ participate လုပ်တယ်ဆိုတော့ အရမ်းထူးခြားတာပေါ့။ အဲဒီဥစ္စာ မြန်မာနိုင်ငံ အတွက်လည်းကောင်းတယ်၊ မြန်မာနဲ့ US relation အတွက်လည်း သိပ်ကောင်းပါတယ်။”

ဒေသတွင်း လုံခြုံရေးဆိုတာမှာ လက်နက်နဲ့ လုပ်ဆောင်ရတဲ့ လုံခြုံရေးအပြင် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး ကိစ္စရပ်တွေလည်း ရှိတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“လုံခြုံရေးဆိုတဲ့ နေရာမှာလည်း သမားရိုးကျ လုံခြုံရေး ခြိမ်းခြောက်မှုဆိုတာ လက်နက်ကိုင်ဆောင်ပြီးမှ လုံခြုံရေး ဆောင်ရွက်ရတယ်ဆိုတဲ့ ခေတ်ကာလက ကုန်ခဲ့ပါပြီ။ ဒီနောက်ပိုင်းမှာ လုံခြုံရေးဆိုတဲ့ဟာက သမားရိုးကျ လုံခြုံရေးအပြင် သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးတွေပါ ပါလာပါတယ်။ နိုင်ငံတကာ အကြမ်းဖက်မှုတွေ၊ အဖျက်စွမ်းအား ကြီးမားတဲ့ လက်နက် ထုတ်လုပ်မှုတွေ၊ လက်နက်မှောင်ခို ရောင်းဝယ်မှုတွေ၊ နယ်စပ်ဖြတ်ကျော် မှုခင်းတွေ၊ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင် ရောင်းဝယ်မှုတွေ၊ လူကုန်ကူးမှုတွေ၊ ပင်လယ်ရေကြောင်း လုံခြုံမှုတွေ၊ သဘာဝဘေးအန္တာရာယ် ကျရောက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေ၊ ကူးစက်ရောဂါ ဖြစ်ပေါ်ပျံ့ပွားမှုတွေ၊ တရားမ၀င် ရွှေ့ပြောင်းနေထိုင်မှုတွေဟာ ဒေသရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလို ခြိမ်းခြောက်နေတဲ့ အချိန်မှာ ခုနက သဘာဝဘေးအန္တာရာယ် ကျရောက်မှုတို့၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုတဲ့ဟာလည်း လုံခြုံရေး ကျိုးပေါက်တဲ့ အထဲမှာ ပါပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေကို ကျနော်တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ ဒေသရဲ့ တည်ငြိမ်ရေး၊ နောက် ဒီကနေတဆင့် ကမ္ဘာ့ရဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ အစည်းအဝေး Forum တရပ် ဖြစ်မယ်၊ သမိုင်းဝင်တဲ့ Forum တရပ်ဖြစ်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။”

အမေရိကန် ပြည်ထောင်စုရဲ့ ဖိတ်ကြားမှုနဲ့ ၁၉၆၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဝန်ကြီးပါ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် ၄၈ နှစ်အကြာမှာ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း (ဗွီအိုအေ မြန်မာဌာန)


မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ဦးရော်နီညိမ်း က ဟိုနိုလူလူမှာ တွေ့ဆုံမေးမြန်းနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

လူဦးရေ ၉၀ ရာခိုင်နှုန်းကို ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံရေး တယ်လီနောနှင့် Ericsson ဆောင်ရွက်

ရန်ကုန်၊ ဧပြီ ၁
မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို လာမည့် ငါးနှစ်အတွင်း မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်စေရန် နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောနှင့် ဆွီဒင် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Ericsson တို့ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် PetterFurberg က ဆိုသည်။

ပြည်တွင်း ဖြန့်ကြက် ချိတ်ဆက်မည့် 2G နှင့် 3G မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်တွင် Ericsson ၏ အဆင့်မြင့် နည်းပညာ အသုံးပြုပြီး ကွန်ရက်စီမံခန့်ခွဲမှု အပိုင်းကိုပါ တာဝန်ယူ ဆောင်ရွက်မည်ဟု တယ်လီနော မြန်မာကုမ္ပဏီထံမှ သိရသည်။
“Ericsson နဲ့ ၅ နှစ် စာချုပ်ချုပ်ခဲ့ပါတယ်။ တိုင်းပြည်မှာရှိတဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်း လာမယ့် ငါးနှစ်လောက်ကြာရင် မိုဘိုင်းလ် ဝန်ဆောင်မှုတွေကို သုံးစွဲလို့ရမယ်” ဟု ၎င်းကဆိုသည်။

Ericsson ကုမ္ပဏီအနေနှင့် မိုဘိုင်းလ် ဆက်သွယ်ရေးနှင့် မိုဘိုင်းလ် အင်တာနက်စနစ်များ ဖြစ်သည့် GSM/EDGE၊ WCDMA/HSPA၊ 4G LTE စနစ်များ အားလုံးဖြင့် ချိတ်ဆက် သုံးစွဲနိုင်သည့် Multi-Standard Network Solution နည်းပညာ အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်း Ericson Myanmar ကုမ္ပဏီထံမှ သိရှိရသည်။

“တယ်လီနောနဲ့ ပူးပေါင်းပြီး ဒီတယ်လီဖုန်း အခြေခံ အဆောက်အဦ ဖြန့်ကျက်မှုက မြန်မာပြည်ရဲ့ စီးပွားရေး အတွက်ရော၊ နိုင်ငံသားတွေရဲ့ ဘဝအတွက်ပါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရလိမ့်မယ်။ ဝန်ထမ်း ခေါ်ယူမှုတွေနဲ့ တည်ဆောက်မှု အပိုင်းတွေကို သိပ်မကြာခင် စတင်သွားမယ်” ဟု Ericsson Myanmar မှ Country Manager ဖြစ်သူ Jan Wassenius က ဆိုသည်။

တယ်လီနောက မြန်မာနိုင်ငံတွင်း မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် လိုအပ်သည့် ကွန်ရက် နည်းပညာကို တရုတ်ကုမ္ပဏီ Huawei နှင့် ဆွီဒင်ကုမ္ပဏီ Ericsson တို့ထံမှယူရန် ၂၀၁၃ ခုနှစ်က MoU ရေးထိုးပြီး Ericsson ကုမ္ပဏီကို ငါးနှစ်စာချုပ် ချုပ်ဆိုခြင်း ဖြစ်သည်။

ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရန်ကိုမူ အိန္ဒိယမှ Apollo Towers Myanmar ကုမ္ပဏီနှင့် စာချုပ်ထားပြီး IT နည်းပညာ ပူးပေါင်း ဆောင်ရွက်ရန် အိန္ဒိယမှ Wipro ကုမ္ပဏီနှင့် ပူးပေါင်းထားသည်။
“အရင်လို MPT ရဲ့တရုတ်ပစ္စည်းနဲ့ ဆောက်ထားတဲ့ ဆက်သွယ်ရေး ကွန်ရက်ပေါ်မှာ သုံးနေရတာထက်တော့ သာမယ်ထင်ပါတယ်” ဟု ကွန်ပျူတာ ပညာရှင် ကိုရဲဝင့်အောင်က ဆိုသည်။

အခြားပြည်ပဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည့် အော်ရီဒူး ကုမ္ပဏီကလည်း တာဝါတိုင် တည်ဆောက်ရန် Myanmar Towers ကုမ္ပဏီနှင့် မိုဘိုင်းလ်ကွန်ရက် နည်းပညာကိုမူ တရုတ်မှ ZTE နှင့် ဖင်လန်မှ Nokia ကုမ္ပဏီတို့ကို စာချုပ်ထားသည်။

The Voice Weekly


သမ္မတဦးသိန်းစိန် မလေးရှားသွားမည်




ရန်ကုန်၊ ဧပြီ ၁

အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် အစိုးရသစ်တွင် တာဝန်ယူပြီး နောက်ပိုင်း မလေးရှားနိုင်ငံသို့ တစ်ကြိမ်မျှ သွားရောက်ဖူးခြင်း မရှိခဲ့ဘဲ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် အဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်လေ့ ရှိသဖြင့် ယင်းခရီးစဉ်ကို စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်မည့် မလေးရှားခရီးစဉ် အသေးစိတ်ကို လတ်တလော အတည်မပြုနိုင်သေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ပြောဆိုသော်လည်း ဧပြီလ ၈ ရက်နေ့တွင် သွားရောက်ဖွယ် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့ ဖေဖော်ဝါရီလအတွင်း မလေးရှား နိုင်ငံသို့ သွားရောက်ခဲ့စဉ် သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရပြီး ယင်းဖြစ်ရပ်အတွက် နှစ်နိုင်ငံ ပူးပေါင်းစုံစမ်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

သမီးကလေးကျေးရွာသူ၊ ရွာသား ၁၉၉ ဦး DKBA နောက် လိုက်ပြီ



ဒီကေဘီအေနောက်သို့ လိုက်သွားမည့် သမီးကလေးကျေးရွာသူ၊ ကျေးရွာသားများအား အထုပ်အပိုးများနှင့်အတူ ဧပြီ ၁ ရက် ညနေက တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
တပ်မြေနေရာဟုဆိုကာ စစ်တပ်က ဖယ်ရှားခဲ့၍ အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံ နေသည့် သမီးကလေးကျေးရွာ အိမ်ထောင်စု ၇၉ စု မှ မိသားစုဝင် ၁၉၉ ဦးသည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နောက်သို့ ယနေ့ (ဧပြီ ၂ ရက်) တွင် လိုက်သွားတော့မည်ဖြစ်သည်။
ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် DKBA သည် သမီး ကလေးကျေးရွာမှ အိမ်ထောင်စု များအား ၁၂ ဘီးကား ငါးစီးဖြင့် ဧပြီ ၁ ရက်တွင် လာရောက်ခေါ် ဆောင်ပြီး ဧပြီ ၂ ရက်တွင် DKBA ဌာနချုပ်ရှိ ဆုံစည်းမြိုင်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။
‘‘နေထိုင်စရာအတွက်ရော အလုပ်အကိုင်အတွက်ပါ စီစဉ်ပေးမှာပါ။ မြေကွက်တွေကလည်း အပိုင်ပေးမှာပါ။ သူတို့ကို စစ်တပ်ထဲခေါ်ဖို့ အင်အားစုတာ မဟုတ်ပါဘူး။ ဒုက္ခရောက်နေလို့ ခေါ်ဆောင်တာပါ’’ ဟု သမီးကလေးကျေးရွာမှ အိမ်ထောင်စုများ အား လာရောက်ခေါ်ဆောင်သူ DKBA မှ ဗိုလ်ကြီး စောဝင်းဇော်လင်းက ပြောသည်။
 သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ် ပေးသော ကျေးရွာသစ်သို့ မတ် လ ၂၇ ရက်က ပြောင်းရွှေ့သွားခဲ့ ပြီး မတ်လ ၂၈ ရက်တွင် မနေနိုင်ဟုဆိုကာ အောင်သိဒ္ဓိဘုန်းကြီး ကျောင်းသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် ၎င်းတို့အားလုံးသည် DKBA နောက်သို့ လိုက်ပါသွားကြခြင်းဖြစ်သည်။
  ‘‘သူတို့ဆီလိုက်ရမှာ မကြောက်ပါဘူး။ နေထိုင်စရာရော၊ အလုပ်အကိုင်ရောပေးမယ်လို့ ပြောပါတယ်။ ဒီမှာနေရတာနဲ့ဆိုရင် ဟိုမှာလိုက်နေရတာက ပိုပြီး အဆင်ပြေလောက်ပါတယ်’’ ဟု သမီးကလေးကျေးရွာမှ ကလေး လေးဦး၏ မိခင်ဖြစ်သူ ဒေါ်သောင်းသောင်းကပြောသည်။
DKBA သည် ၎င်းတို့အား ဖေဖော်ဝါရီလအတွင်းက နှစ်ကြိမ် လာရောက်ခေါ်ဆောင်ခဲ့သည်။ သမီးကလေးကျေးရွာမှ ရွာသားအချို့သည် DKBA က စီစဉ်ပေးသော နေရာသို့ မတ်လအတွင်းက သွားရောက် ကြည့်ရှုခဲ့ကြသည်။

 
Twitter Bird Gadget