ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, October 1, 2014

Windows 10 အကြောင်း သိထားသင့်သည့် အချက် (၉) ချက်

Windows 8 နှင့် ပတ်သက်ပြီး ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီးနောက် Windows 10 ဟုခေါ်သည့် Windows operating system သစ်ကို အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ပွဲတစ်ခုတွင် Microsoft က မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် Microsoft ၏ နောက်ဆုံးခြေလှမ်းသစ်ဖြစ်သော Windows 10 နှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်များကို ဖော်ပြလိုက်ပါသည်။
(၁) Windows 10 ကို ဘယ်အချိန် upgrade လုပ်နိုင်မလဲ။ ဘယ်လောက် ကုန်ကျမလဲ။
Microsoft သည် Windows 10 ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ကျင်းပမည့် Build developer conference နောက်ပိုင်း ဖြန့်ချိဖွယ်ရှိသည်။ အကယ်၍ Windows 10 ကို စမ်းသပ်အသုံးပြုချင်လိုပါက အောက်တိုဘာ ၁ ရက်မှ စတင်ကာ Windows Insider Program တွင် sign up လုပ်ပြီး preview build ကို အသုံးပြုနိုင်သည်။ လက်လီရောင်းချမည့် Windows 10 ဗားရှင်း၏ ဈေးနှုန်းများကို မသိရှိရသေးပေ။
(၂) Windows 9 ကို ကျော်ပြီး Windows 10 ကို ဘာကြောင့် မိတ်ဆက်ခဲ့သလဲ။
သုံးစွဲသူများ အနေဖြင့် Windows အလုပ်လုပ်ပုံ အခြေခံ ပြောင်းလဲမှုများကို သိရှိစေရန်အတွက် ဗားရှင်းနံပါတ် တစ်ခုကို ကျော်ပြီး Windows 10 ကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

(၃) Windows 10 ကို desktop ရော tablet မှာပါ အသုံးပြုနိုင်သလား။
Windows 10 ကို desktop ကွန်ပျူတာများတွင်သာမက စမတ်ဖုန်းများအထိ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် user interface ကိုလည်း သင့်တော်သလို ပြောင်းလဲချိန်ညှိနိုင်သည်။
(၄) Widnows 10 တွင် App များ အလုပ်လုပ်နိုင်သလား။
Windows 10 တွင် app များကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း အသေးစိတ် အလုပ်လုပ်ပုံကို Microsoft မှ ရှင်းပြခဲ့ခြင်း မရှိပေ။ သို့သော်လည်း Windows Store မှ ဝယ်ယူထားသည့် app တစ်ခုကို Windows 10 ထုတ်ကုန် အားလုံးတွင် အသုံးပြုနိုင်ဖွယ်ရှိသည်။ ထို့အတွက်ကြောင့် developer များအနေဖြင့် ထုတ်ကုန် အရွယ်အစားနှင့် လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်ပြီး အသွင်အပြင်နှင့် ခံစားမှုတို့ကို ချိန်ညှိပေးနိုင်မည့် universal app များကို ဖန်တီးရန် လိုအပ်မည် ဖြစ်သည်။
(၅) Full-screen “Modern” app များ ပါဝင်သေးသလား။
Windows 8 တွင် full-screen app များကို Metro သို့မဟုတ် Modern ဒီဇိုင်းဖြင့် မိတ်ဆက်ပေးခဲ့သော်လည်း Windows 10 တွင် full-screen app များကို ရွေးချယ်အသုံးပြုနိုင်ရန် ထောက်ပံ့ပေးထားသည်။ ဥပမာအနေဖြင့် Surface Pro 3 ကဲ့သို့သော convertible 2-in-1 ထုတ်ကုန်တွင် keyboard ကို တပ်ဆင် အသုံးပြုသည့်အခါ Windows 10 တွင် ယခင် Start menu အဟောင်းဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ သို့ရာတွင် keyboard ကို ဖြုတ်လိုက်သည့်အခါ Windows 10 က လက်ချောင်းများဖြင့် အသုံးပြုနိုင်မည့် full screen mode အဖြစ် ပြောင်းလဲပေးမည် ဖြစ်သည်။
(၆) ဝယ်ယူထားသည့် Modern app များ Windows 10 တွင် ဆက်လက် အလုပ်လုပ်နိုင်သလား။
Windows 8 developer များအနေဖြင့် အပြောင်းအလဲများကို မည်ကဲ့သို့ တုံ့ပြန်မည် ဆိုခြင်းအတွက် ပြောရန် စောသေးသော်လည်း Microsoft အနေဖြင့် full-screen Modern app အချို့ကို window mode တစ်ခုဖြင့် အသုံးပြုနိုင်မည့် နည်းလမ်းအား ပြသသွားခဲ့သည်။

(၇) Windows 10 တွင် Start menu ပါဝင်သလား။
Windows 8 ၏ full-screen Start screen ကို မနှစ်သက်သူများ အနေဖြင့် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ Windows 10 တွင် ပါဝင်သည့် Start menu သစ်ကို screen ၏ ဘယ်ဘက်တွင် တွေ့မြင်ရမည် ဖြစ်ပြီး ၎င်းတွင် သုံးစွဲသူများနှင့် ရင်းနှီးပြီးသား ဖြစ်သော shortcut များကို တွေ့ရမည် ဖြစ်သည်။
(၈) Windows တွင် မည်သည့် အခြား အဆင့်မြှင့်တင်မှုများ ပါဝင်သလဲ။
Windows 10 တွင် Snap function ကို အဆင့်မြှင့်ထားသောကြောင့် app များကို ဘေးချင်းကပ်လျက် ယှဉ်ထားရာတွင် အလျင်အမြန် ပြုလုပ်နိုင်သလို quadrant layout သစ်ကြောင့် app လေးခုကို screen တစ်ခုတွင် အညီအမျှခွဲခြားကာ ဖော်ပြပေးနိုင်သည်။ ထို့အပြင် multiple desktops ကို ထောက်ပံ့ပေးထားသည့် အတွက် app များကို တစ်နေရာတည်းတွင် ထားကာ အလုပ်လုပ်နိုင်ပြီး desktop ထံသို့လည်း slide လုပ်ရုံဖြင့် အလျင်အမြန် သွားရောက်နိုင်သည်။ ထို့အပြင် taskbar တွင် task view button ပါဝင်လာသောကြောင့် ၎င်းကို click နှိပ်ရုံဖြင့် ဖွင့်ထားသည့် ဖိုင်များ၊ window များနှင့် desktop များကို အလျင်အမြန် ကြည့်ရှုနိုင်သည်။

(၉) Windows 10 ကို ဘယ် ထုတ်ကုန်တွေမှာ အသုံးပြုနိုင်သလဲ။
ဒီအကြောင်းကို ပြောရန် စောလွန်းနေသေးသည်။ Windows 8.1 ကို 64-bit ကွန်ပျူတာများ အတွက် မိတ်ဆက်ပေးခဲ့သော်လည်း အချို့ processor အဟောင်းများ အတွက် အထောက်အပံ့မပေးခဲ့သောကြောင့် Windows 10 ကို ခေတ်ဟောင်း ကွန်ပျူတာများပေါ်တွင် အသုံးပြုနိုင်ဖွယ် မရှိပေ။

ရန်ကုန်မြို့တွင် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ဦးနှုန်း စောင့်ရှောက်ပေးနေရ

 
လူဦးရေ ၇ သန်းကျော်ရှိတဲ့ ရန်ကုန်မှာ ရဲတပ်ဖွဲ့ ၀င်အင်အားက  ၅ ထောင် ကျော်သာရှိတဲ့ အတွက် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ယောက်နှုန်းနဲ့ ကာကွယ် စောင့်ရှောက်ပေး နေရတာလို့ ရဲတပ်ဖွဲ့က ပြောကြား လိုက်ပါတယ်။
ရန်ကုန်မှာ ဒီကနေ့ကျင်းပတဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့  ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲမှူးကြီးမြင့်ထွေးက ရဲတပ်ဖွဲ့ဝင်အရေအတွက်နဲ့ ယူရတဲ့ တာဝန်မမျှမတဖြစ်နေတဲ့အကြောင်း မီဒီယာတွေကို ပြောကြားသွားတာပါ။

ရန်ကုန်မြို့မှာ လက်ရှိရဲဝန်ထမ်း ၅၅၃၈ ဦးရှိပြီး ရဲ ၁ ဦးက   လူ ၁၃၆၅ ဦး စောင့်ရှောက် နေရတာဖြစ်တဲ့ အတွက် ဒါဟာ နိုင်ငံတကာ စံနှုန်းနဲ့တော့ မညီဘူးလို့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

“ရန်ကုန်မှာ လူဦးရေ ၇.၃ သန်း ရှိတယ်။ ရဲတပ်ဖွဲ့ဝင် ၅၅၃၈ ရှိတဲ့အတွက် ရဲ ၁ ဦးက ပြည်သူအချိုး ၁၃၆၅ ဦး နဲ့ စောင့်ရှောက်ရတယ်။ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် ရဲ ၁ ဦးက ပြည်သူ ၄၀၀ ပဲ အုပ်ချုပ်ရတယ်။ ကျနော်တို့မှာတော့ ရဲတပ်ဖွဲ့ အင်အားနည်းတဲ့အတွက် ရဲ ၁ ယောက်မှာ ၁၃၆၅ ဦး အုပ်ချုပ်ရတယ်။ သို့သော်လည်း ရန်ကုန်တိုင်းသည် တခြားပြည်နယ်နဲ့ တိုင်းတွေထက် လုပ်ငန်းတွေလည်း များတယ်၊ များတဲ့အတွက် မြန်မာနို်င်ငံ ရဲတပ်ဖွဲ့ချုပ်က ကျနော်တို့ကို အင်အားအနေနဲ့ ၆၂ ရာခိုင်နှုန်းထည့်ပေးထားတယ်။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာဆိုရင် ၄၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်။”

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဟာ အီးယူနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက်မှာ ပြည်သူတွေက လိုလားလာပြီး တိုင်ကြားမူတွေ ပိုများလာတယ်လို့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

“ဒီဘက်ကာလမှာ လှည့်ကင်းတွေလည်း စိုးမိုးပါတယ်။ လူတွေရှိတဲ့အတွက် အမှုတော့ ရှိပါတယ်။ ရှိလာတဲ့အမှုတွေကို ကျနော်တို့ ကြိုတင်ကာကွယ်မှုတွေ လုပ်တယ်။ ကြိုတင်ကာကွယ်မှုလုပ်ရင်းနဲ့ ဖြစ်ပွားတဲ့အမှုတွေကို ရအောင်ဖော်ထုတ်တယ်။ ဖော်ထုတ်တဲ့အမှုတွေကို ခိုင်မာစွာတည်ဆောက်ပြီးတော့ ပြစ်ဒဏ်ရရှိရေး တရားရုံးစွဲတင်တယ်။ အီးယူနဲ့လုပ်တဲ့အခါမှာ ကျနော်တို့ကိုလည်း ပြည်သူတွေက ရဲတပ်ဖွဲ့ကို လိုလားလာတာ တွေ့တယ်။ တိုင်တမ်းမှုတွေလည်း များလာတယ်။ ၁၉၉ ပဲဖြစ်ဖြစ်၊ ရဲစခန်းဖုန်းတွေပဲဖြစ်ဖြစ် အမြဲတမ်းဆက်သွယ်တာတွေ များတယ်။ အကူညီတောင်းတာတွေ များလာတယ်။”

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၄ စက်တင်ဘာလကုန်အထိ အမှုကြီး ၃၄၀ နဲ့ အခြားအမူ ၁၄၆၈ မှု ဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်ဖမ်းဆီးမှုအနေနဲ့ ၁၈၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၆၄ သြဂုတ် ၁ ရက်နေ့က စဖွဲ့ခဲ့ပြီး ဒီကနေ့ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ရွှေရတု အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့သလိုပဲ ရန်ကုန်မြို့မှာလည်း မူးယစ်ဆေးဝါးပြတိုက်မှာ ဒီကနေ့ မနက်ပိုင်း ကျင်းပခဲ့ပါတယ်။

ဒီ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းစစ်ဌာနမှူးဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ တိုင်းရဲတပ်ဖွဲမှူး ရဲမှူးကြီး ၀င်းနိုင်တို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ မှုခင်းနှိပ်နှင်းရေးမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့တဲ့ ရဲဝန်ထမ်းတွေကို ရာထူးတိုး ဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။

IS စစ်သွေးကြွများက အီရတ်ကို ဂျုံစစ်ဆင်ရေးဆင်နွဲ


ဆာလာပေါလစ်ဟာ အီရတ်နိုင်ငံထဲမှာ IS တွေသိမ်းပိုက်ထားတဲ့ မိုဆူမြို့ မှာ ဂျုံစိုက်ပျိုးသူပါ။ စက်တင်ဘာလဆန်း ပိုင်းမှာ IS ရန်ကိုကြောက်လို့  မိသားစုနဲ့ အတူ ထွက်ပြေးခဲ့ရပါတယ်။ အီရတ်မှာ နယ်မြေတွေတစ်ခုပြီးတစ်ခု သိမ်း ပိုက်နေတဲ့ IS ဟာ ဆာလာရဲ့ ဂျုံစိုက်ခင်းကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ဂျုံစိုက်ခင်းကိုစွန့် ခွာထွက်ပြေးပြီး နှစ်ပါတ် ခန့် အကြာမှာတော့ IS ကနေ ဆာလာကိုဖုန်းဆက်ပါတယ်။

‘IS ကပါ။ ကျွန်တော်တို့ ခင်ဗျားရဲ့  ဂျုံသိုလှောင်ရုံကိုရောက်နေတယ်။ ခင်ဗျား ခရစ်ယာန်ဘာသာကနေ အစ္စလာမ် ဘာသာကို ကူးပြောင်းပြီး IS အတွက် ရံပုံငွေ အမေရိကန်ဒေါ်လာ ၅၀၀ သွင်းမယ်ဆိုရင် ခင်ဗျားကိုဘယ်သူမှ လက် ဖျားနဲ့ တောင်မတို့ စေရပါဘူး’ လို့ ဖုန်းနဲ့ ပြောတာကို ဆာလာက ငြင်းလိုက်တော့ ‘ဒါဆိုလည်း ခင်ဗျားရဲ့ ဂျုံတွေ အားလုံးသိမ်းရပါလိမ့်မယ်’ လို့ ပြောပြီး ဆာလာနဲ့ မိသားတစ်စု စိုက်ပျိုးပြီးရိတ်သိမ်းထားတဲ့ ဂျုံတွေအားလုံးကို ယူ သွားပါတယ်။

ဆာလာလိုပဲ စစ်ဘေးကြောက်လို့  ထွက်ပြေးသွားတဲ့လယ်သမားတွေလည်း အလားတူဖြစ်ရပ်မျိုးနဲ့  ကြုံတွေ့ ခဲ့ရတဲ့ အတွက် IS ဟာ အီရတ်နိုင်ငံကို အငတ်ဘေးစိုက်အောင် ဂျုံစစ်ဆင်ရေးလုပ်နေပြီဆိုတာ ထင်ရှားပါတယ်။ အခုဆို ရင် အီရတ်နိုင်ငံရဲ့  နှစ်စဉ်ထွက်ဂျုံစုစုပေါင်းပမာဏရဲ့  ၄၀ ရာခိုင်နှုန်းဟာ IS လက်ထဲရောက်နေပါပြီ။ IS ဟာ နယ် မြေတွေကိုသိမ်းပိုက်ရုံတင်မက ကောက်ပဲသီးနှံတွေနဲ့  ရေနံလိုသယံဇာတပစ္စည်းတွေကိုလည်း လက်ဝါးကြီးအုပ်နေ ပါပြီ။

IS ဟာ ဂျုံကိုစိတ်ကြိုယ်ချယ်လှယ်ပြီး ငွေရမယ့်လမ်းစတွေ ထွင်နေပါတယ်။ သူတို့ နဲ့ ဘာသာရေးပြိုင်ဖက်တွေဖြစ် တဲ့ ခရစ်ယာန်နဲ့  ယာဇီဒီလူနဲစုတွေကို ဂျုံလိုပင်မအစားအစာဖြတ်တောက်ထားသလို သူတို့ နဲ့ ပေါင်းစပ်ထားတဲ့ ဆူနီ မွတ်ဆလင်တွေကိုလည်း ဂျုံနဲ့ ပဲ ထိမ်းထားပါတယ်။ အီရတ်နိုင်ငံရဲ့  မြောက်ပိုင်းထမင်းအိုးလို့ ခေါ်လို့ ရတဲ့ ဂျုံစိုက် ခင်းတွေမှာ IS က သူ့ လူတွေလွတ်ထားပြီး ဂျုံရောင်းဝယ်ဖောက်ကားမှုမှန်သမျှကို ထိန်းချုပ်ထားပါတယ်။

ဒါဟာလည်း IS ဟာ Al Qaeda ထက်ကြောက်ဖို့ ကောင်းရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ IS ဟာ Al Qaeda ကနေပေါက်ဖွားလာတယ်ဆိုပေမယ့် Al Qaeda ဟာ အသေခံဗုံးဖောက်ခွဲဖို့ ၊ ခြုံခိုတိုက်ခိုက်ဖို့ ပဲ အာရုံစိုက် ပါတယ်။ IS စစ်သွေးကြွတွေကတော့ သူတို့ ကိုသူတို့  အစိုးရတစ်ဖွဲ့ လို့ လဲ ခံယူထားပုံရပါတယ်။

IS ဟာ အီရတ်နိုင်ငံမှာပဲ ဂျုံကိုလက်ဝါးကြီးအုပ်ထားတာ မဟုတ်ပါဘူး။ ဆီးရီးယားမှာလည်း ဂျုံစိုက်ခင်းသုံးပုံတစ်ပုံ လောက်ကို အပိုင်စီးထားပြီးပါပြီ။ ဂျုံရောင်းရငွေအပြင် လုပ်ငန်းရှင်တွေဆီကနေ အခွန်လည်းကောက်ပါတယ်။ အနောက်တိုင်းသားတွေကို လုယက်တာ၊ ဓါးစာခံဖမ်းတာတွေအမြဲလုပ်နေပြီး ပြည်တွင်းရေနံထုတ်လုပ်မှုကိုပါ အပိုင် စီးထားပါတယ်။ IS ဟာ ရေနံရောင်းဝယ်မှုကနေ လစဉ် အမေရိကန်ဒေါ်လာသန်းနဲ့ ချီ ရနေလို့ သာ အမေရိကန်ဦး ဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုကြီးကို ဆက်လက်ခုခံဖို့  လူသူလက်နက်အင်အားတွေ ရှိနေသေးတာပါ။ ဒါကြောင့် လည်း မဟာမိတ်တပ်ပေါင်းစုက အဲဒီရေနံသန့် စင်စက်ရုံတွေကို သဲကြီးမဲကြီး ဖျက်စီးနေတာ ဖြစ်ပါတယ်။

IS တွေဟာ လယ်ယာမြေတွေကနေ ဂျုံတွေကိုပဲသိမ်းတာမဟုတ်ပါဘူး။ တွေ့ တွေ့ သမျှ အသားစား၊နို့ စား တိရိစ္ဆာန် တွေကိုလည်း ယူပါတယ်။ သြဂုတ်လအစောပိုင်းကဆိုရင် ဂျုံစိုက်ခင်းတစ်ခုကနေ ရိတ်သိမ်းပြီးဂျုံ ၅၄ တန်ယူသွား သလို ကြက် ၂၀၀ ကောင်နဲ့  ခို ၃၆ ကောင်ကိုပါ ယူသွားခဲ့တာပါ။ ဒါ့အပြင် မီးစက်၊ ကား လိုအဖိုးတန်ပစ္စည်းတွေကို လည်း တွေ့ မရှောင် အကုန်ယူသွားလေ့ရှိပါတယ်။ လမ်းတလျှောက်မှာလည်း မြေမြုပ်မိုင်းတွေ ထောင်ထားခဲ့တတ် ကြတဲ့အတွက် ဒေသခံစစ်တပ်က ပြန်သိမ်းပိုက်ပြီးတဲ့မြို့ ရွာတွေကိုတောင် လူထုကမပြန်ရဲပါဘူး။ မြေမြုပ်မိုင်းရန်ကို ကြောက်လို့ ပါ။

ဒီလိုအောင်မြင်ဖြစ်ထွန်းတဲ့ ဂျုံစိုက်ခင်းတွေဖြစ်လာဖို့  တောင်သူတွေက အနှစ် ၂၀ လောက် ကြိုးပမ်းခဲ့ရပါတယ်။ အခုတော့ IS က ရက်ပိုင်းအတွင်း ဒါတွေကို အပိုင်စီးလိုက်တာပါ။ တောင်သူများအဖို့ တော့ ဘ၀ကို သုညကနေ ပြန်စရပါတော့မယ်။

၁၉၉၀ ခုနှစ်မှာ အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်က ကူဝိတ်ကိုကျူးကျော်ဝင်ရောက်ခဲ့လို့  အမေရိကန်နဲ့  မဟာ မိတ်များရဲ့  ထိုးစစ်ဆင်နွဲမှုကို ခံခဲ့ရသလို နောက်ပိုင်း စီးပွားရေးပိတ်ဆို့ မှုကိုလည်း ပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။ ဒီတော့ ဟူစိန်ကလည်း အီရတ်နိုင်ငံမှာ အစားအသောက်ခွဲဝေရေးစနစ်ကို တင်းတင်းကြပ်ကြပ်ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့  အစားအစာနှင့်ရေနံလဲလှယ်တဲ့စနစ်ကို လက်ခံကျင့်သုံးခဲ့ပါတယ်။ အဲဒီတုန်းကတည်း က အီရတ်ပြည်သူ သုံးပုံနှစ်ပုံခန့် ဟာ ကုလရဲ့ ရေနံအစားပေး အစားအစာရယူခြင်းစနစ်နဲ့ ပဲ ၂၀၀၃ ခုနှစ်အထိ ရှင် သန်ခဲ့ရပါတယ်။

အခုနောက်ပိုင်းအထိကို အီရတ်နိုင်ငံမှာ အစားအသောက်ခွဲဝေမှုအချိုးအစားမညီမျှတဲ့ ပြဿနာရှိနေပါသေးတယ်။ အီရတ်ပြည်သူ လေးပုံတစ်ပုံခန့် ဟာ အစိုးရကခွဲဝေပေးတဲ့ အစားအစာအပေါ် မှီခိုနေရဆဲဖြစ်နေပေမယ့် နောက်ထပ် လေးပုံတစ်ပုံလောက်မှာတော့ အစားအစာတွေက အလျှံပယ်ဖြစ်နေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ဂျုံကိုထိန်းချုပ်လိုက်နိုင်တဲ့ IS ရဲ့ သြဇာအာဏာ ကြီးထွားလာတာ မဆန်းပါဘူး။ IS ဟာ တီ ဂရစ်မြစ်တလျှောက် နိုင်နာဗေပြည်နယ်ထဲက ဂျုံစိုက်ခင်း ၉ ခုလုံးကို ထိန်းချုပ်ပါတယ်။ ဒီပြည်နယ်ရဲ့ မြို့ တော် မို ဆူကိုသိမ်းပိုက်ပြီးတော့ ၃ လအတွင်းမှာ IS က အတင်းအဓမ္မသိမ်းပိုက်ခဲ့တဲ့ ဂျုံတန်ချိန်ပေါင်း သောင်းနဲ့ ချီ ရှိနေ ပါတယ်။

ဒီလောက်နဲ့ မကျေနပ်သေးဘဲ IS အာ သြဂုတ်လ ၇ ရက်နေ့ မှာ မာ့ခ်မာမြို့ ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မာ့ခ် မာ မှာ ဂျုံတန်ချိန် ၂၅၀၀၀၀ ထွက်တဲ့စိုက်ခင်းတွေ ရှိပါတယ်။ ဒါဟာ အီရတ်တစ်နိုင်ငံလုံးရဲ့  နှစ်စဉ်ဂျုံစိုက်ပျိုးထုတ် လုပ်မှုရဲ့  ၈ ရာခိုင်နှူန်းနီးနီး ရှိပါတယ်။

IS ရဲ့ ဂျုံစစ်ဆင်ရေးဟာ အောင်မြင်တယ်လို့ ဆိုရမှာပါ။ အခုကိုပဲ အဲဒီဂျုံကိုစိုက်ခဲ့တဲ့ မြို့ သူမြို့ သားတွေကိုယ်တိုင် က သူတို့ စိုက်ခဲ့တဲ့ဂျုံကို သူတို့ ပြန်ပြီး ဈေးကြီးပေးဝယ်နေရပါတယ်။ ဒါ့အပြင် နောက်လိုက် ဆူနီမွတ်ဆလင်များက လည်း မလှန်ရဲပါဘူး။ လက်နက်အင်အားဘယ်လောက်ကောင်းကောင်း အစားအသောက်တော့ နေ့ စဉ် သုံးကြိမ် လို နေတာမို့  ဂျုံပုံပေါ်ထိုင်နေတဲ့ IS ပြောသလိုပဲ ဆူနီတွေက လုပ်နေရတာပါ။

IS တွေက ဂျုံအ၀ယ်ဒိုင်တွေလည်းဖွင့်ထားပြီး ဘယ်သူလာရောင်းရောင်း အစစ်အဆေးအမေးအမြန်းမရှိ ၀ယ်ပါ တယ်။ ဈေးကိုသူတို့ စိတ်ကြိုက်နှိမ်ပြီးပေးတာ တစ်ခုပါပဲ။ ဒီတော့ တောင်သူတွေမှာ အဆမတန်နှိမ်ထားတဲ့ဈေးနှုန်း နဲ့  ရောင်းချရပါတယ်။ မရောင်းရင် သူတို့ ကသိမ်းမှာပဲလေ။ အစိုးရကိုယူသွားရောင်းဖို့ ကလည်း IS ထိန်းချုပ်တဲ့ နယ်မြေဖြစ်နေလေတော့ ဂျုံတစ်ပွင့်ကိုတောင် IS မသိဘဲ ထုတ်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် IS တွေဟာ အီရတ်နဲ့ ဆီးရီးယားမှာ သူတို့ သိမ်းပိုက်ခဲ့တဲ့နယ်မြေတွေထဲက သုံးလို့ ရတဲ့ အဆောက်အအုံ နဲ့  ယန္တရားတစ်ခုကိုမှ မဖျက်ဆီးခဲ့ပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ဆည်၊ ကား၊ စိုက်ခင်း၊ မွေးမြူရေးခြံ အားလုံးကို သူတို့  က ဆက်လက်ကြီးကြပ်လုပ်ကိုင်စေတာပါ။

IS ဆိုတဲ့  အစ္စလာမ်နိုင်ငံတော် စစ်သွေးကြွတွေဟာ နာမည်နဲ့ လိုက်အောင် ကိုယ်ပိုင်နိုင်ငံတော်တည်ဆောက်ဖို့ ကို မဟာမိတ်တိုက်လေယာဉ်တွေ အဆက်မပြတ်ပစ်ခတ်နေတဲ့ကြားက ကြိုးပမ်းနေဆဲဖြစ်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

ဦးဝီရသူနဲ့ သီရိလင်္ကာ BBS သဘောတူစာချုပ် ချုပ်ဆို



မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားသူများအဖြစ် ထင်ရှားကြတဲ့ ဦးဝီရသူနဲ့ သီရိလင်္ကာနိုင်ငံက အလွန်အကျွံ အမျိုးသားရေးဝါဒီအဖွဲ့အစည်း အင်္ဂါနေ့မှာ သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။
သူတို့အဆို ကမ္ဘာတလွှား ခြိမ်းခြောက်ခံနေရတယ် ဆိုတဲ့ ဗုဒ္ဓဘာသာကို ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ထိုးကြခြင်းပါ။

 



  • သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ပြုလုပ်တဲ့ Bodu Bala Sena ခေါ် ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့ရဲ့ အစည်းအဝေးကို တက်ရောက်လာသူ  ဦးဝီရသူ  (ဓာတ်ပုံ -  Reuters)

ဦးဝီရသူက ၉၆၉ လှုပ်ရှားမှုရဲ့ ဦးဆောင်သူပါ။ Bodu Bala Sena (BBS) လို့ ခေါ်တဲ့  ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့ရဲ့ အစည်းအဝေးကို အထူးဧည့်သည်အဖြစ် တက်ရောက်လာသူပါ။

သဘောတူညီချက်မှာ  ဗုဒ္ဓဘာသာ တည်တံ့ထွန်းကားရေးအတွက် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။
မကြာခင်မှာ ဒီသဘောတူညီချက်ကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

 ဗုဒ္ဓဘာသာအတွက် BBS အဖွဲ့နဲ့ လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ပြဿနာတွေ ပေါ်ပေါက်လာမယ်ဆိုတာကိုတော့ ကြိုတွက်ပြီးသားပါ။
ဘာကိုပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ပြဿနာတွေက အတွင်းကလာမှာ မဟုတ်ပါဘူး။ ပြင်ပက လာမှာပါ လို့ ဦးဝီရသူက မိန့်ကြားပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဟာ မည်သည့် ဘာသာရေးအုပ်စုကိုမှ ထိခိုက်ဖို့ မရည်ရွယ်ပါဘူးလို့ သူက ဆက်လက် မိန့်ကြားပါတယ်။

သီရိလင်္ကာမှာ လူများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး လူဦးရေ ၁ဝ ရာခိုင်နှုန်းက မူဆလင်တွေပါ။ နှစ်ဘက်ကြား တင်းမာမှုတွေ ရှိကြပါတယ်။

၉၆၉ အဖွဲ့နဲ့  BBS အဖွဲ့ ပူးပေါင်းလိုက်တဲ့အတွက် နှစ်ဘက်ကြား တင်းမာမှုတွေ ပဋိပက္ခတွေ မယုံကြည်မှုတွေ ပိုမို အရှိန်မြင့်လာနိုင်ပါတယ်။

အဓိကရုဏ်းတွေ ထပ်ဖြစ်လေမလား
http://burma.irrawaddy.org/news/2014/09/30/65339.html
Burma’s Wirathu and Sri Lankan Nationalist Monks Sign Agreement
http://www.irrawaddy.org/burma/burmas-wirathu-sri-lankan-nationalist-monks-sign-agreement.html
 

ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်ဟု ဦးသိန်းစိန် သတိပေး

ဦးသိန်းစိန်, ၂၀၁၅ အထွေထွေရွေးကောက်ပွဲ, ငြိမ်းချမ်းရေး , တိုင်းရင်းသား စည်းလုံး ညီညွတ် ရေး, အပစ်အခတ်ရပ်စဲရေး
အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ရေရာသေချာမည ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က သတိပေးပြောဆိုလိုက်သည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလအတွက် ပြောကြားသည့် လစဉ် မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာ နိုင်သည့် သဘောကို ပထမဦးဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောဆို သတိပေး လိုက်ခြင်းဖြစ်သည်။
“နိုင်ငံရေးအင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်း အားထုတ် မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါလည်း ဖြစ်သလို အခုလို အလွန်အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တနိုင်ငံ လုံး အတိုင်း အတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စတွေကို အောင်မြင် စွာ ဆောင်ရွက် နိုင်မှသာလျှင် မိမိတို့ နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင် နိုင်မှာဖြစ် ပါတယ်။ အဲဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင် စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာ သေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြု မိစေလိုပါတယ်” ဟု ဦးသိန်းစိန်က ထုတ်ဖော် ပြော ဆိုသည်။
သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ သတိပေးချိန်သည် DKBA နှင့် အစိုးရစစ်တပ်တို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် တိုက်ပွဲ များ ဖြစ်ပွားချိနှ်နှင့် တိုက်ဆိုင်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စား လှယ် အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့် ဆွေးနွေးပွဲများတွင် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်း မရသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်မှု ၇၀ ရာခိုင်နှုန်း မြင့်တက်လာရန် ဆက်သွယ်ရေး ကုမ္ပဏီလေးခု ဆောင်ရွက်မည်ဟုဆို

ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုနိုင်မှု  ရာခိုင်နှုန်းကိုလာမည့် ၂၀၁၅ အကုန်တွင် လက်ရှိအနေအထားမှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန် ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo Myanmar, Telenor Myanmar, MPT နှင့် YTP တို့က ရည်မှန်းထားကြောင်း သတင်းရရှိသည်။
ယခုလက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်သည် ကိုးသန်းကျော် ရှိလာပြီဖြစ်ပြီး ဆက်သွယ်ရေး ကုမ္ပဏီလေးခု မပေါ်ပေါက်မီ အချိန်တွင် ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူ ပမာဏသည် ၈သန်း ဝန်းကျင်အထိ ရှိလာခဲ့သည်။
အထက်ပါ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီလေးခုသည် ၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၇၀ ရာခိုင်နှုန်းအထိ တိုးတက်လာရန်အတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ရောင်းချနေပြီဖြစ်သည်။
ယခုလတ်တလောတွင် ကာတာဆက်သွယ်ရေး ကုမ္ပဏီ၏မိုဘိုင်းဖုန်း ဆင်းမ်ကတ်ကို အသုံးပြုသူမှာ MPT အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို အသုံးပြုနေသည့် အရေအတွက်ထက် ပိုမိုများပြားနေသည်။ ယခုလက်ရှိတွင် Ooredoo ဆင်းမ်ကတ် အသုံးပြုသူအရေအတွက်မှာ ၁၅ သိန်း ဝန်းကျင်ရှိလာပြီဖြစ်ပြီး MPT ၏ ဆင်းမ်ကတ် အသစ်များသည် တစ်လအတွင်း လူဦးရေ ၇ သိန်းကျော် အသုံးပြုနေပြီဖြစ်ကြောင်း   သတင်းရရှိသည်။
နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ Telenor Myanmar သည် ယခုနှစ်အတွင်း ၎င်းတို့၏ ဆင်းမ်ကတ်များကို အရေအတွက် ဆယ်သန်းအထိ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ထားသည်။
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပဆက်သွယ် ရေးကုမ္ပဏီလေးခု စတင်ယှဉ်ပြိုင် လုပ်ကိုင်နေပြီဖြစ်ပြီး MPT မှလွဲ၍ အခြားဆက်သွယ်ရေး ကုမ္ပဏီသုံးခုသည် ၎င်းတို့၏ ဆက်သွယ်ရေး ကွန်ရက်အသီးသီး ဖြန့်ကြက်မှုအတွက် တာဝါတိုင် လိုအပ်ချက်များလည်း ရှိနေကြောင်း အဆိုပါ ကုမ္ပဏီများနှင့် နီးစပ်သည့် ဆက်သွယ်ရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
“Telenor က အခုတောင် တာဝါတိုင်လိုအပ်ချက် ရှိနေတယ်။ ကျန်ကုမ္ပဏီ နှစ်ခုကလည်း အခြေခံအဆောက်အဦ ရာနှုန်းပြည့် ပြည့်စုံနေပြီလို့ မရှိသေးဘူး။ အခုအချိန်မှာ သူတို့တွေအနေနဲ့ အခြေခံအဆောက်အဦ မပြည့်စုံသေးဘဲ လုပ်ငန်းတွေစနေ ရတာဆိုတော့ အခက်အခဲအချို့ ရှိနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ နိုင်ငံရဲ့မိုဘိုင်းဖုန်း အသုံးပြုမှု ရာခိုင်နှုန်း တိုးတက်ဖို့ဆိုတာ ဒီကုမ္ပဏီလေးခုစလုံးက ညီညီမျှမျှနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်ခွင့် တွေရမှလွယ်ကူ မယ်ထင်တယ်”ဟု ကွန်ပျူတာလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။
ယခုလက်ရှိ မိုဘိုင်းဖုန်း အသုံးပြုသူအရေ အတွက်သည် နှစ်လအတွင်း ၁၇ သိန်းကျော်ရှိလာပြီဖြစ်ပြီး MPT သည် လာမည့် အောက်တိုဘာတွင် နောက်ထပ် ဆင်းမ်ကတ်အရေအတွက် ၁၀ သိန်းကို ထပ်မံရောင်းချဦး မည်ဖြစ်သည်။

ကုလ အထွေထွေ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင် ဘာပြောလဲ

မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောလိုက်တဲ့ စကားကြောင့် မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။ 



အကြောင်းကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ကို တော်တော်များများ ဖြေရှင်းပြီးဖြစ်တဲ့အပြင် မြန်မာ့လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်လာပြီဖြစ် တာကြောင့် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီတို့ မှာ မြန်မာကိစ္စ ခေါင်းစဉ်တခုအနေနဲ့ ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူးလို့ ဦးဝဏ္ဏမောင်လွင် က ပြောဆိုသွားခဲ့တာပါ။ 

 လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ မြန်မာနိုင်ငံဟာ ဆွေးနွေးရမယ့် ခေါင်းစဉ် တခုအဖြစ် ဆက်ပြီး ရှိမနေသင့်တော့ဘူး လို့ ဝန်ကြီးက ဆိုပါတယ်။ ဒီအကြောင်း သတင်း အပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်း http://www.irrawaddy.org/burma/burma-wants-country-un-human-rights-agenda.html မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။

လတ်တလော ရခိုင်ပြည်နယ်တွင်းက မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းကြားမှာ ရှိနေတဲ့ ခွဲခြားမှု၊ အတူယှဉ်တွဲ မနေနိုင်ပဲ ရန်သူတွေလို သဘောထားနေမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာ စစ်ပွဲတွေနဲ့ အခုထိ လူ့အခွင့် အရေးချိုးဖောက်နေမှုတွေကို ဝေဖန်သူတွေက ထောက်ပြနေကြ ပါပြီ။ 

 ဒီအပြင် မြန်မာနိုင်ငံ မြို့ပေါ်နဲ့ နယ်မြို့တွေမှာလည်း တားဆီးမှုတွေ၊ ဆန္ဒပြမှုတွေအပေါ် ဖမ်းဆီးမှု၊ ထိန်းသိမ်းမှုတွေနဲ့ မတရား ထောင်သွင်း အကျဉ်းချနေမှုတွေ ဆက်ရှိနေတယ်လို့လည်း ထောက်ပြနေ ကြပါပြီ။

ပြည်တွင်း နိုင်ငံရေးအင်အားစုတွေကြားမှာလည်း လူ့အခွင့်အရေးဆိုတဲ့ ကိစ္စကို အဓိက ချိတ်ဆက် ထင်ဟတ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုတောင် အခုထိ အစိုးရက ပြင်ဆင်ဖို့ မရှိသေးတဲ့ အပြင် ပြည်သူ ၅ သန်းကျော် လက်မှတ်ရေး ထိုး ဆန္ဒပြုတာတောင်မှ အခုထိ မထူးခြားသေးတဲ့ အကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေပြီး တက်ကြွလှုပ်ရှား သူတွေကိုလည်း နည်းမျိုးစုံသုံး ဖမ်းဆီးမှုတွေ ဆက်ရှိနေတယ်လို့ ထောက်ပြနေကြပါတယ်။

လေကြောင်းမှ တိုက်ခိုက်ရုံဖြင့် IS အဖွဲ့ကို အပြီးသတ် မချေမှုန်းနိုင်ဟု ပင်တဂွန် ထိပ်တန်းအရာရှိ ပြောကြား

ဆီးရီးယား-အီရတ် နယ်စပ်အနီးတွင် တွေ့ရသည့် IS တပ်ဖွဲ့ဝင်များ
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရုံမျှဖြင့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို အပြီးသတ် ချေမှုန်းနိုင်မည် မဟုတ်ဟု အမေရိကန် စစ်ဘက် ထိပ်တန်းပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။
ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သည့် နောက်တန်း စစ်သေနာပတိ ဂျွန်ကာဘီက IS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် စစ်ရေးအရ ပံ့ပိုးမှု တစ်ခုသာဖြစ်ပြီး IS ၏ ပြိုင်ဘက် ဆီးရီးယား သူပုန်များကို လက်နက်တပ်ဆင် လေ့ကျင့်ပေးရန်၊ အီရတ် စစ်တပ်ကို ပိုမိုတောင့်တင်းစွာ စုဖွဲ့နိုင်ရန်အတွက် အကူအညီများ ပေးအပ်ရမည်ဟု မှတ်ချက်ပြုခဲ့သည်။
သတင်းအချို့က အမေရိကန်၏ လေကြောင်းထိုးစစ်သည် ကာလရှည်ကြာ အချိန်ယူရနိုင်ကြောင်း ဝေဖန်ထောက်ပြခဲ့သော်လည်း ကာဘီက IS အဖွဲ့အပေါ် အမေရိကန်က အရေးယူမည့် မဟာဗျူဟာအပေါ် စိတ်ရှည်ရှည်ထားကြရန် သတင်းထောက်များအား တိုက်တွန်းခဲ့သည်။
“ဒီစစ်ဆင်ရေးက မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ပြီးစီးသွားမယ်လို့ ဘယ်သူမှ မပြောခဲ့ပါဘူး။ တိကျတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆိုင်းငံ့သွားတဲ့အချိန် လုံခြုံရေးနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ခံစားချက်မျိုး ဖြစ်လာအောင် ဘယ်သူမှလည်း မလှုံ့ဆော်သင့်ဘူး။ ကျွန်တော်တို့က လေကြောင်း တိုက်ခိုက်မှုတွေကို ရပ်လိုက်မှာ မဟုတ်ဘူး။ သူတို့ကို စမ်းတဝါးဝါး အခြေအနေ တစ်ရပ်နဲ့ ဗုံးကြဲနေတာ မဟုတ်ဘူး”ဟု ကာဘီက ဆိုသည်။
၎င်းက အမေရိကန် အနေဖြင့် IS အဖွဲ့ကို ချေမှုန်းရန် ရေရှည်ဗျူဟာတစ်ရပ် ချမှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများသည် အစိတ်အပိုင်း တစ်ရပ်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဒီစစ်သွေးကြွ အဖွဲ့နဲ့ ပတ်သက်လို့ အလျင်စလို အရေးယူ တုံ့ပြန်သင့်ကြောင်း စိတ်ကူးမျိုးကို ကျွန်တော်တို့ မျှဝေလက်ခံနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ဒီစစ်ဆင်ရေးမှာ မဟာဗျူဟာ လိုအပ်ချက်အရ စိတ်ရှည်ဖို့ကိုလည်း အားလုံး မျှဝေ လက်ခံပေးကြပါ။ အခုလောလောဆယ် ဒီအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်”ဟု ကာဘီက သတင်းထောက်များအား ပြောကြားခဲ့သည်။
၎င်းက လေကြောင်းတိုက်ခိုက်မှု သက်သက်ဖြင့် IS တပ်ဖွဲ့များအပေါ် အသာစီး ယူနိုင်မည် မဟုတ်သည်ကို နားလည်ထားကြောင်းလည်း ဆိုသည်။ “ဒီကိစ္စကို ကျွန်တော်တို့ ရိုးရိုးသားသားပဲ ပြောပါမယ်။ လက်ရှိ စစ်ဆင်ရေး အနေအထားလောက်နဲ့ အပြီးသတ် အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီစကားဟာ အကျိုးသက်ရောက်မှု မရှိဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေက သူတို့ရဲ့ နည်းဗျူဟာတွေကို ပြောင်းလဲပစ်ရမယ်။ သူတို့ရဲ့ စီမံအုပ်ချုပ်ပုံတွေကို ပြန်ပြင်ရတော့မယ်။ ဒါတွေက ထိထိမိမိ သက်ရောက်မှုတွေလည်း ဖြစ်ပါတယ်”ဟု ကာဘီက မှတ်ချက်ပြုသွားသည်။

 
Twitter Bird Gadget