Saturday, July 20, 2013
ဒီဗွီဘီ ရုပ်မြင်သံကြားက ဥသြဆွဲသံ ထုတ်လွှင့်ပေးပါမည်။
တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw)
တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw) ကို အများစု သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံအခြေဆိုက် Vestergaard Frandsen အထည်အလိပ် ကုမ္မဏီမှ တီထွင်ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ။် ၂၀၀၅ ခုနှစ်မှာ တိုင်းမ်မဂ္ဂဇင်း က ပေးတဲ့ ကမ္ဘာ့အကောင်းဆုံး တီထွင်မှု ဆုကို ရရှိသွားတဲ့ ပစ္စည်း ဖြစ် ပါတယ်။
၂၀၁၀ခုနှစ် ဟေတီမြေငလျင် ဒုက္ခသည်စခန်း၊ ၂၀၁၀ ပါကစ္စတန်ရေဘေး၊ ၂၀၁၁ ထိုင်းရေဘေး ဒုက္ခသည်တွေဆီကို အများအပြားလှူဒါန်းခဲ့တဲ့ ပစ္စည်း ဖြစ်ပါတယ်။ အလှူရှင်ကတော့ Frandsen တို့တင်မဟုတ်တော့ပဲ အင်္ဂလန်က ကုမ္မဏီကြီး တစ်ခုပါ ထောင်သောင်းမက အရေအတွက်ကို လှူဒါန်းပါတယ်။ရေဘယ်လောက်ပဲနှောက်နှောက်၊ ဘယ်လောက်ပဲ ဆိုးဆိုး ပါးစပ်နဲ့ တိုက်ရိုက် ဆုပ်သောက်နိုင်မှာ ဖြစ်ပါတယ်။ ၃၁၀ မီလီမီတာရှည်ပြီး အချင်း ၃၀ မီလီမီတာ အတိုင်းအတာရှိတဲ့ ပိုက်လေး ဖြစ်ပါတယ်။ ဖိုက်ဘာ နဲ့ လုပ်ထားပြီး အနယ်၊အညစ်အကြေး စစ်ပေးတဲ့ အလွှာပေါင်းများစွာ ပါဝင်ပါတယ်။ ဘာ ဓာတုဗေဒ ပစ္စည်းမှ မပါဝင်ပါဘူး။ filtering စနစ်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ထားတာ ဖြစ်ပါတယ်။
ရေထဲမှာပါဝင်တဲ့ ဘက်တီးရီးယားများအား ၉၉.၉၉ ရာခိုင်နှုန်းအထိ သန့်စင် ဖယ်ထုတ်နိုင်တဲ့အတွက် အံ့မခန်းစွမ်းရည် ရှိတဲ့ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ရေရှားပါးတဲ့ ဒေသတွေမှာ အသုံးပြုဖို့ သင့်တော်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချခြင်းအတွက်မဟုတ်ပဲ လှူဒါန်းဖို့အတွက် ရည်ရွယ်ပြီး ထုတ်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ရှာဝယ်လို့မရပါဘူး။ အစိုးရမဟုတ်သော ဒုက္ခသည် ကယ်ဆယ်စောင့်ရှောင့်ရေး အဖွဲ့အစည်းတွေကို ပေးအပ်ပါတယ်။ သူတို့မှ တစ်ဆင့် ရေရှားပါးတဲ့ ဒေသ၊ ရေမရတဲ့ ဒေသ၊ ဒုက္ခသည်များကို လှူဒါန်းပါတယ်။ စီးပွားဖြစ် ထုတ်လုပ်မယ်ဆိုရင် ဈေးအင်မတန်ကြီးတဲ့ အတွက် တော်ရုံလူ မဝယ်နိုင်ပါဘူး။ အနည်းငယ်ရောင်းချမှုတော့ ရှိနေတယ်လို့ သိရပါတယ်။
Lifestraw နဲ့ Lifestraw family လို့ခွဲထုတ်ထားပြီး Lifestraw က လီတာ ၁ထောင်စာရေကို စစ်ထုတ်နိုင်ပါတယ်။ ဒါကြောင့် တစ်နှစ်အသုံးပြုဖို့ လုံလောက်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ။် Lifestraw family ကျတော့ လီတာ ၁၈၀၀၀ အထိ ရေစစ်ထုတ်နိုင်ပြီး မိသားစု တစ်ခု တစ်နှစ်အသုံးပြု စာ ဖြစ်ပါ တယ်။
ကမ္ဘာတစ်လွှားက ဆင်းရဲတဲ့ ဒုက္ခသည်များကို ကူညီကယ်ဆယ်ဖို့အတွက် ဖန်တီးထားတဲ့ Lifestraw ဟာ ယနေ့တိုင် အကောင်းဆုံး ကယ်ဆယ်ရေး နည်းပညာ ပစ္စည်းတစ်ခုအဖြစ် စံချိန်တင်ထားနိုင်တယ်လို့ သိရပါတယ်။
ကျော်ကိုကို ဘောလုံးပြန် ကစား နိုင်ခြင်း ရှိ မရှိ ယခုလကုန်မှ အဖြေပေါ်မည်
ကျော်ကိုကို ဘောလုံးပြန် ကစား နိုင်ခြင်း ရှိ မရှိ ယခုလကုန်မှ အဖြေပေါ်မည်
တိုက်စစ်မှူး ကျော်ကိုကို ယခုနှစ် ဘောလုံးရာသီ ဘောလုံး ပြန်ကစားနိုင်ရေး ယခုလကုန် ရိုက်မည့် ဓာတ်မှန် အဖြေ ပေါ်သာ မူတည်သည်ဟု ရန်ကုန် ယူ နိုက် တက် ဘောလုံး အသင်းမှ သိရ သည်။
”သူ့ရဲ့ ဒဏ်ရာ အရှင်းမပျောက် သေးဘူး။ အပေါ့စား လေ့ကျင့်ခန်းတော့ လုပ်နေပါပြီ၊ ခြေထောက်နဲ့ လုပ်ရတဲ့ လေ့ကျင့်ခန်း မျိုးပေါ့။ ဒီရာသီ ဘောလုံး ပြန် ကန်ဖြစ် မဖြစ် ဆိုတာတော့ လကုန်ပိုင်းမှာ X-Ray ပြန်ရိုက်ပြီး ဆရာဝန် ညွှန်ကြားချက် အပေါ်ပဲ မူတည်ပါတယ်” ဟု ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းမှ အထွေထွေ မန်နေဂျာ ဦးကျော် လင်းထွေး က ပြောသည်။ယင်းအပြင် ဒဏ်ရာ ပျောက်ကင်း ခဲ့ပါကလည်း ရန်ကုန် ယူနိုက်တက် အသင်း နောက်ဆုံး ယှဉ်ပြိုင် ကစားရမည့် အမှတ်ပေး ပွဲစဉ်ကိုသာ ကစားရမည် ဖြစ်ကြောင်း သိရသည်။ ”ပြန်ကစားနိုင်ခဲ့ ရင်တော့ နေ ပြည်တော် နဲ့ ပွဲမှာပါလာမှာပါ။ ကျွန်တော့် အနေ နဲ့ကတော့ သူပြန်ကောင်း လာဖို့ အတွက် အကူအညီတွေ ပေးနေပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။
အမှတ် ဇယားနှင့် ပတ်သက်၍ တစ်ပွဲ ချင်းစီကို အာရုံစိုက် ကစားလျက် ရှိ ကြောင်း၊ အသင်း အနေဖြင့် နေရှင်နယ် လိဂ် သမိုင်းတွင် မည်သည့် အသင်းမှ သုံးနှစ်ဆက် ချန်ပီယံ မရသည့် အစဉ်အ လာကို ချေဖျက်၍ သမိုင်းတွင်မည့် မှတ် တိုင် အသစ်ကို စိုက်ထူ သွားရန် ကြိုး စားလျက်ရှိကြောင်း ၄င်းက ဆက်ပြော သည်။
လက်ရှိတွင် ရန်ကုန် ယူနိုက်တက် အသင်းသည် နေရှင်နယ်လိဂ် ပွဲစဉ် ၁၆ အပြီးတွင် ၁ဝ ပွဲနိုင် ၃ ပွဲရှုံး၊ ၃ ပွဲ သရေ ရမှတ် ၃၃ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်လျက် ရှိပြီး ပြိုင်ပွဲပြီး ဆုံးရန် ၆ ပွဲသာ ကျန် ရှိတော့ကြောင်း သိရသည်။ ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို သည် ယခုရရှိနေသော ပခုံး ညှပ်ရိုးကျိုး ဒဏ်ရာကို ပွဲစဉ် ၁၂ တွင် ဟံသာဝတီ အသင်းနှင့် တွေ့ဆုံသော ပွဲစဉ်၌ ရရှိ ခဲ့ကြောင်း သိရသည်။
တိုက်စစ်မှူး တစ်ဖြစ်လဲ တံငါသည် ရော်နယ်ဒို
တိုက်စစ်မှူး တစ်ဖြစ်လဲ တံငါသည် ရော်နယ်ဒို
လိဂ်ပြိုင်ပွဲတွေ ပြန်မစသေးလို့ ဘောလုံး
သမားတွေအေးအေးလူလူ ရှိနေပြီး ကိုယ့်ရဲ့ဝါသနာအရ ကိုယ်အပန်းဖြေနေကြတာပေါ့။ ဒီအချိန်
လက်ဗီးဂတ်စ်၊အိုင်ဘီဇာ၊ဒူဘိုင်းတို့လို နေရာတွေမှာ နာမည်ကျော် ဘောလုံးသမား တော်တော်များများကိုမြင်ရနိုင်ပြီး ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ခရေတီမှာ ငါးများနေလေရဲ့။ ခရေတီဆိုတာ ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးကျွန်းစုဖြစ်ပြီး မြေထဲပင်လယ်ထဲမှာ ရှိပါတယ်။
စက်လှေပေါ်ကနေ ငါးမျှားနေတဲ့ပုံကို တွစ်တာ စာမျက်နှာပေါ်တင်ခဲ့တဲ့ ရော်နယ်ဒိုဟာ သူ့တွစ်တာ အကောင့်ထဲက ထောက်ခံအားပေးသူတွေကိုလည်း
မေးခွန်းထုတ်ခဲ့ပါသေးတယ်။ ဒီမေးခွန်းကတော့ “ခင်ဗျားတို့ရော ငါးမျှားရတာကြိုက်လား။ ငါးမျှားဖို့ရော ကြိုးစားကြဖူးလား” ဆိုတာပါ။ ရော်နယ်ဒိုကတော့ ငါးမျှားရတာကို ၀ါသနာကြီးသူဖြစ်လို့ ခရေတီမှာ တော်တော်လေး ပျော်ရွှင်နေပုံပါပဲ။
ဂျရတ်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ အင်ဒိုပရိသတ်
ဂျရတ်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ အင်ဒိုပရိသတ်
ရာသီကြို ခြေစမ်းပွဲ ကစားဖို့ အင်ဒိုနီးရှားကို
ရောက်နေတဲ့ လီဗာပူးအသင်းအတွက် မယုံနိုင်စရာ ကောင်းတဲ့အားပေးမှုတွေနဲ့
ကြုံတွေ့ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အင်ဒိုနီးရှား အမျိုးသမီး
ပရိသတ်တစ်ယောက်ဟာ ဂျရတ်ကို တွေ့ဆုံခွင့်ရချိန်မှာ “ဂျရတ်၊ မင်းကို
ငါချစ်တယ်”လို့ ပြောပြီးတော့ ၀မ်းသာမျက်ရည် ကျခဲ့လို့ပါပဲ။ ဂျရတ်ဟာ
အဲဗာတန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲနောက်ပိုင်း လီဗာပူးအတွက်
ပါဝင်နိုင်ခဲ့ခြင်းမရှိသလို ပခုံးဒဏ်ရာ ခွဲစိပ်ကုသမှုကြောင့် နှစ်လနီးပါး
အနားယူခဲ့ရသူပါ။ဒါပေမဲ့ သူဟာ ဇူလိုင် ၂၀မှာ ခြေစမ်း ကစားမယ့် အင်ဒိုနီးရှားနဲ့ပွဲမှာ ပြန်ပါဝင်လာဖို့ရှိပြီး ဂျရတ် တစ်ယောက်တည်း မဟုတ်ဘဲ ကျန်တဲ့ လီဗာပူး ကစားသမားတွေဟာလည်း အင်ဒိုနီ်းရှား ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကြောင့် ကျေနပ်နေကြပါတယ်။ လီဗာပူးဟာ အင်ဒိုနီးရှားနဲ့ ပွဲစဉ်မတိုင်မီ သူတို့ရဲ့ ပထမဆုံး ခြေစမ်းပွဲမှာ ပရက်စတန် အသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
ရွန်နီအတွက် ကမ်းလှမ်းခဲ့ပါတယ်----ချဲလ်ဆီးအသင်းဝက်ဆိုက်
ရွန်နီအတွက် ကမ်းလှမ်းခဲ့ပါတယ်----ချဲလ်ဆီးအသင်းဝက်ဆိုက်
အခု အပြောင်းအရွှေ့ကာလမှာ နာမည်ကြီးနေတဲ့ ကာဗာနီတစ်ယောက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့
ပြီးတဲ့နောက်မှာဆွာရက်ဇ်
ရွန်နီတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ပိုပေါ်ပေါက်လာခဲ့ပါတယ်။ ရွန်နီကို
ဘာစီလိုနာ လာကစားဖို့ နေမာတို့ လူစုက ဖိတ်ခေါ်ထားသလိုမော်ရင်ဟိုကလည်း
သူ့ခြေစွမ်းကိုလေးစားတယ်လို့ ပြောခဲ့တဲ့အပြင် ကမ်းလှမ်းမှုလည်း
လုပ်ခဲ့ပါတယ်။ရွန်နီအတွက် ချဲလ်ဆီးရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို မန်ယူက ပယ်ချခဲ့ပြီး သတင်းတွေရဲ့ ဖော်ပြချက်
အရတော့ ဒေးဗစ်လူးဝစ်၊ ဟာဇက်တို့ တစ်ဦးဦးအပြင် ချဲလ်ဆီးက ပေါင် ၁၀သန်း အလိုက်ပေးခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးကလည်း ရွန်နီကို ကမ်းလှမ်းခဲ့တယ်လို့ ၀န်ခံခဲ့ပေမယ့် ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုမျိုး မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပြီး ရွန်နီကတော့ သူ့အနေအထားနဲ့ ပတ်သက်ပြီး မန်ယူအပေါ် စိတ်ပျက်နေပါတယ်။
Subscribe to:
Posts (Atom)










