ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, October 28, 2013

မန္တလေးတွင် ပြုလုပ်မည့် ဆီးဂိမ်းစ်တွင် ရဲတပ်ဖွဲ့ဝင် ၁၈၀၀ ဖြင့် လုံခြုံရေး ရယူမည်ဖြစ်ပြီး မိုင်းရှာဖွေစက်များနှင့် Sniper သမားများ ပါဝင်မည်

အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့် မန္တလေး ဆီးဂိမ်းစ်တွင် ရဲတပ်ဖွဲ့ဝင် ၁၈၀၀ နီးပါးဖြင့် လုံခြုံရေး ရယူသွားမည်ဖြစ်ကာ မိုင်းရှာဖွေ စက်များနှင့် Sniper သမားများလည်း လုံခြုံရေးတွင် ပါဝင်မည်ဖြစ်ပြီး အဆင့်မြင့် လုံခြုံရေးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက The Daily Eleven သို့ ပြောကြားသည်။

လုံခြုံရေး ဆောင်ရွက်ရာတွင် နေရာ၊ လူပုဂ္ဂိုလ်၊ အားကစားသမားများ ယာဉ်တန်း၊ ကစားသမားများ တည်းခိုရာ ဟိုတယ်၊ အရေးပေါ် အခြေအနေ၊ မီးဘေးလုံခြုံရေး စသည့်ဖြင့် အပိုင်းခုနစ်ပိုင်းအထိ ခွဲခြားထားကာ ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေး ရယူရာတွင် ရဲတပ်ဖွဲ့အင်အား ၁၈၀၀ ခန့် အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များနှင့် အခြားသော အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် ကျင်းပမည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင်အား ကစားသမားများသည် ဟိုတယ်ခြောက်လုံးတွင် တည်းခိုကြမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းက ရွှေဖြူဟိုတယ်၊ ထိုင်း၊ မလေးရှား၊ အရှေ့တီမော၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အသင်းတို့ Grate wall ဟိုတယ်၊ သတင်းမီဒီယာများက Prince ဟိုတယ်၊ ဒိုင်အဖွဲ့ဝင်များက Mandalay ဟိုတယ်၊ နိုင်ငံအလိုက် အရေးကြီး ပုဂ္ဂိုလ်များက Sedona ဟိုတယ်တို့တွင် အသီးသီး တည်းခိုကြမည်ဖြစ်ကာ ယင်းဟိုတယ်များ အနီးတစ်ဝိုက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူ ဆောင်ရွက်ကြမည်ဖြစ်သည်။

"X-Ray Body Scanning တို့ လမ်းဖြတ်လျှောက်ရင် စစ်ဆေးတဲ့စက်တို့ ဗုံးစမ်းကိရိယာတို့၊ မိုင်းရှာစက်တို့ အဆင့်မြင့် စီစီတီဗွီကင်မရာတို့ အပါအ၀င် အရေးကြီး ပုဂ္ဂိုလ်တွေအတွက် အဆင့်မြှင့်တင် လုံခြုံရေးအတွက် S Sniper သမားတွေလည်း ထားရှိသွားမယ်။ အရေးပေါ် အခြေအနေတွေ ဖြစ်လာရင် ထိန်းသိမ်းဖို့ အတွက်လည်း အဓိကရုဏ်းနှိမ်နှင်းမှု ၀တ်စုံတွေကအစ ပြင်ဆင်ထားတယ်။ ကွင်းထဲမှာ ဖြစ်ပွားလာနိုင်တဲ့ ပရိသတ် လုံခြုံရေးတွေ အတွက်လည်း ရေသန့်ဘူးကအစ အိတ်နဲ့ထည့်ယူနိုင်ဖို့အထိ စဉ်းစားနေတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်ကိုတော့ ဆွေးနွေးနေကြတုန်းပဲ။ ကွင်းထဲက လုံခြုံရေး အတွက်ကတော့ တစ်ဦးချင်းစီ အနေနဲ့ အထူးသဖြင့် မြန်မာပရိတ်သတ်တွေ အနေနဲ့ နိုင်ငံကြီးသားပီသစွာ အားပေးနိုင်ရင် ပိုလုံခြုံတာပေါ့ဗျာ" ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားခဲ့သည်။

ထိုသို့ ဆီးဂိမ်းတွင် ရဲတပ်ဖွဲ့ဝင်အင်အား အပြည့်အစုံဖြင့် လုံခြုံရေး ဆောင်ရွက်ကြမည့်အပြင် စစ်တပ်ကပါ လုံခြုံရေးအတွက် လိုအပ်သလို တာဝန်ယူမည်ဖြစ်ပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်းတွင် ပရိတ်သက်ဦးရေ ၄၀၀၀၀ ၀င်ဆံ့ကြောင်း သိရသည်။

မန္တလေးမြို့၌ ညအချိန် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်မှု မြင်ကွင်းတစ်ခု

နိုင်ငံရေးခိုလှုံသူများကို ကွန်တိန်နာထဲထည့်၍ တင်ပို့



ဩစတြေးလျသို့ နိုင်ငံရေး ခိုလှုံရန်အတွက် ကွန်တိန်နာများ အထဲ၌ လိုက်ပါလာခဲ့သောလူများ သေဆုံးရမှုကို အထူးကြောက်ရွံ့ တုန်လှုပ်မိကြောင်း ဂရင်းခေါင်း ဆောင် ခရစ္စတင်းမိုင်းလ်ကပြော ကြားသည်။ အင်ဒိုနီးရှားရှိ လူမှောင်ခိုသမား တို့သည် နယူးဇီလန်နှင့် ဩစတြေး လျနိုင်ငံသို့ပို့ပေးမည်ဟု ကတိ ထား၍ နိုင်ငံရေးခိုလှုံခွင့်ရယူလို သူများအား ကွန်တိန်နာများ၌ထည့် ၍ ပိတ်လှောင်ကာ တင်ပို့ပေးနေ ကြကြောင်း Fair Fax မီဒီယာက ဖော်ပြခဲ့သည်။

မိုင်းလ်က ဆက်လက်ပြော ကြားရာတွင် ဤသတင်းအချက် အလက်များအရ ရက်စက်သော တားမြစ်ချက် မဟာဗျူဟာမှာ အောင်မြင်မှုမရှိသည်ကို ဖော်ပြ နေကြောင်း၊ အကြောင်းမှာ လူ များစွာမှာ ကြမ်းတမ်းရက်စက်စွာ အသုံးချခံရမှု ကျယ်ပြန့်လာနေ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဩစတြေးလျနှင့် နယူးဇီလန် တို့၌ ကွန်တိန်နာများကို မိမိတို့ ဖွင့်ကြည့်ခဲ့ရာ ကွန်တိန်နာများ အထဲ၌ လူများသေနေကြသည် ကို တွေ့ရသဖြင့် မိမိအနေဖြင့် တစ်ကိုယ်လုံးတုန်လှုပ်သွားခဲ့ရ ကြောင်း သူမက တနင်္ဂနွေနေ့က ABC သတင်းဌာနကို ပြောကြား ခဲ့သည်။

''လူတွေကို ဒီလိုမလုပ်ပါနဲ့ လို့ ကျွန်မမပြောလိုပါဘူး။ သူတို့ လဲ အန္တရာယ်များတာကို သိနေ ကြတာပဲ''ဟု သူမကဆိုသည်။ လှောင်ပိတ်ခံထားရပြီး အချိန် အတော်ကြာမှ အဖုံးဖွင့်မည်ကို သိကြသည်ဟုဆိုသည်။ယူကေနှင့်ဥရောပတွင်လည်း ကွန်တိန်နာကိုအသုံးပြု၍ လူ မှောင်ခိုများ တင်ပို့ကြသည်ဟုဆို သည်။

မြန်မာနိုင်ငံတွင် အမျိုးသား/ အမျိုးသမီး တန်းတူအခွင့်အရေးမရှိဟု ဒေါ်စု နှင့် နောက်လိုက်များပြောဆိုနေချိန် ကားမောင်းခွင့်ပိတ်ပင်သဖြင့် ဆော်ဒီအမျိုးသမီးများ ကိုယ်တိုင်ကားမောင်းနှင် ဆန္ဒပြကြ

ဆော်ဒီအာရေးဗီးယား နိုင်ငံတစ်ဝန်းတွင် အမျိုးသမီး များ ကားမောင်းနှင်ခွင့် ပိတ်ပင် ထားမှုကို ဆန့်ကျင်ကာ အောက် တိုဘာ ၂၆ရက်တွင် အမျိုးသ မီး ၆ဝကျော် ကားမောင်းနှင်ခဲ့ ကြသော်လည်း ရဲများက တားဆီးမှု အနည်းအကျဉ်းသာရှိခဲ့ကြောင်း သိရသည်။ အမျိုးသမီးများ ကားမောင်း နှင်သင့်ကြောင်း မက်ဆေ့ခ်ျဖြင့် မဲဆွယ်မှုများ ပြုလုပ်ခဲ့သည်။ ထို သို့ဖြစ်ပွားရခြင်းသည် အမျိုးသမီး များအပေါ် တင်းကျပ်သောစည်း မျဉ်းများ ချမှတ်ခြင်းကြောင့်ဖြစ်ပြီး ဆော်ဒီအသိုင်းအဝိုင်းတွင် အမျိုး သမီးများကို ကားမောင်းနှင်ခွင့်ပြု သင့်ကြောင်း ဝေဖန်သူများက သတိပေးခဲ့သည်။

အမျိုးသမီးများ သည် အာဏာပိုင်များက လိုင်စင် မထုတ်ပေးသဖြင့် နိုင်ငံခြားမှ ကား မောင်းလိုင်စင်ရယူကာ အောက် တိုဘာ ၂၆ရက်က ကားမောင်းနှင် ခဲ့ကြကြောင်း အတိုက်အခံများ က ပြောသည်။ ဆန္ဒပြသော အဖွဲ့အစည်းမှ ဗီဒီယိုဖိုင် ၁၃ခု နှင့် အမျိုးသမီးများထံမှ ဖုန်းမက် ဆေ့ခ်ျ ၅ဝခန့် လက်ခံရရှိခဲ့ကြ ကြောင်း သိရသည်။ အဆိုပါဗီဒီယိုဖိုင်များတွင် မိမိကိုယ်တိုင် ကားမောင်းခဲ့သော အမျိုးသမီးများ၏ပုံရိပ်များပါဝင် ကြောင်း King Saud တက္ကသိုလ် မှ ပါမောက္ခအေဇီ ဇာယူဆက်ဖ် နှင့် တခြားအတိုက်အခံများက ပြောခဲ့သည်။

အသက် ၃၂နှစ်အရွယ် အမျိုးသမီး အယ်ဆော်ယမ် သည် မိမိကိုယ်တိုင်ကားမောင်း ပြီး စတိုးဆိုင်ကို သွားခဲ့သည့်ပုံကို့ You Tube တွင် အတိုက်အခံ များက လေးမိနစ်စာတင်ခဲ့သည်။ ထိုဗီဒီယိုဖိုင်အတွက် အဖမ်းခံရ မည်ဆိုပါက အဆင်သင့်ပြင်ဆင် ထားခဲ့ကြောင်း သူမက ပြောခဲ့ သည်။ ''ကျွန်မ ကားမောင်းတဲ့ အတွက် ဘာမှ ပြဿနာမဖြစ်ခဲ့ တဲ့အတွက် ဝမ်းလဲသာတယ်။ ဂုဏ်လဲယူမိပါတယ်''ဟု သူမက ပြောခဲ့သည်။

Photo:

ဒေါ်စုနှင့် အဆင်ပြေသည့် ကင်းတားနားကို မြန်မာပြည်သူတို့ ကန့်ကွက်သဖြင့် လူ့အခွင့်အရေး ကိုယ်စားလှယ်အသစ် ထပ်ခန့်မည်

From : ..the voice

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ထပ်မံခန့်အပ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့် အရေး ကြေညာစာတမ်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် တာဝန် ထမ်းဆောင်နေသည့် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနားသည် ခြောက်နှစ် သက်တမ်းပြည့်ပြီး တာဝန်မှ အနားယူမည် ဖြစ်ကြောင်း၊ ယင်းနေရာတွင် အစားထိုး ခန့်အပ်ရန် ကိုယ်စားလှယ် အသစ်ကို ၂၀၁၄ ခုနှစ် မတ်လတွင် စတင်တာဝန်ပေးမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော်လည်း ကိုယ်စားလှယ်အသစ် ထပ်မံခန့်အပ်ရန် အသေးစိတ် အစီအစဉ်နှင့် ကိုယ်စားလှယ်သစ်၏ အမည်နာမတို့ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် လူ့အခွင့်အရေး အခြေအနေများ ပိုမိုတိုးတက် လာသော်လည်း မထင်မှတ်ထားသည့် ပြည်တွင်း ပဋိပက္ခများ၊ တင်းမာမှုများ၊ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကိစ္စများ အပေါ် ပြည်ပ နိုင်ငံကြီးများ၏ ဖိအားများကြောင့် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဆက်လက်ခန့်အပ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံကို စောင့်ကြည့်ရမည့် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ထပ်မံခန့်အပ်ရန် လုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ တတိယကော်မတီ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုဆိုင်ရာ မှတ်တမ်းများပေါ်တွင် များစွာ မူတည်နေကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ဦး၏ သက်တမ်းမှာ ခြောက်နှစ်ရှိပြီး ယင်းကိုယ်စားလှယ်များသည် အခကြေးငွေ မယူဘဲ Independent Expert များအဖြစ် လုပ်ဆောင်သူများ ဖြစ်၍ သက်တမ်းကုန်ဆုံးပါက ထပ်မံထမ်းဆောင်ခွင့် မပြုကြောင်း၊ ကင်တားနားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာနမှ ဆက်သွယ်ရေးအရာရှိ ဦးအေးဝင်းက ပြောကြားသည်။

ကင်တားနားသည် လူ့အခွင့်အရေး အခြေအနေ များကို လေ့လာရန် မြန်မာနိုင်ငံသို့ တရားဝင် ရှစ်ကြိမ် ရောက်ရှိခဲ့ပြီး ၎င်းရေးသားသည့် အစီရင်ခံစာများသည် ဘင်္ဂါလီများအတွက် တစ်ဖက်သတ် အစီရင်ခံသည်ဟုဆိုကာ မြန်မာနိုင်ငံ ခရီးစဉ်များတွင် ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များကို လူ့အခွင့်အရေး အခြေအနေ အထူးစောင့်ကြည့်ရမည့် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ဟေတီ၊ မြောက်ကိုရီးယား၊ ပါလက်စတိုင်း၊ ဆိုမာလီယာ၊ ဆူဒန်၊ အီရန်၊ ဘူရွန်ဒီ၊ အီရစ်တီး-ရှိက်လာ စသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ခန့်အပ်ထားသည်

ဗြိတိန်စစ်တပ် ကြောင့် ဒုက္ခ ရောက်ခဲ့ ရတဲ့ မြန်မာပြည်သူ များ နှင့် ပြာကျ ခဲ့ရသည့် မြန်မာ နိုင်ငံ၏ သမိုင်းဝင်ဓာတ်ပုံများ (၄)



ဗြိတိန်စစ်တပ်မှ လေယဉ်တစ်စီး၏ ပစ်ခတ်မှုကြောင့်  ပြိုပျက်ခဲ့ရသော အဆောက်အဦးများ၊ သေဆုံးသူအမျိုးသမီး နှင့် မိခင်မဲ့ ကလေးအတွက် ဝမ်းနည်းနေသည့် မြန်မာပြည်သူ တစ်ဦး နှင့် နေအိမ်စွန့်ခွာထွက်ပြေးကြသော မြန်မာပြည်သူများ
 မန္တလေးမြို့ကို ဒုတိယအကြိမ် အင်္ဂလိပ်တို့ ဝင်ရောက်တိုက်ခိုက်စဉ် တွေ့သမျှ အကုန်ပစ်ခတ် ဖြိုချသဖြင့် စေတီပုထိုးများစွာ နှင့် သမိုင်းဝင်အဆောက်အအုံများစွာ မီးလောင်ပြာကျခဲ့ရသည်

သမိုင်းဝင် အမွေအနစ် နန်းမြို့ရိုးအား ပစ်ခတ်ဖြိုချခဲ့သည့် ဗြိတိန်စစ်သားများ
ပုန်ကန်သည့် မြန်မာအာဇာနည်များကို တိုက်ခိုက်သတ်ဖြတ်ရန် 
မြန်မာ့မြေပေါ် တွင် လေ့ကျင့်သင်ကြားနေသည့် ဗြိတိန်စစ်သားများ

ဗြိတိန် စစ်တပ်မှ မြန်မာပြည်သူများ အပေါ် ခေါင်းဖြတ် သတ်ခဲ့သည့် သမိုင်းဝင် ဓာတ်ပုံများ (၃)




  ဗြိတိန်စစ်တပ်ကို တော်လှန်ခဲ့သည့် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား သူရဲကောင်းတို့၏ ခေါင်းများကို ဖြတ်ပြီးနောက်
 စံနမူနာပြအဖြစ်
ဗြိတိန်စစ်တပ်နှင့် တည့်အောင်မပေါင်းသည့် မြန်မာပြည်သူအားလုံးကို ယခုကဲ့သို့ ခေါင်းဖြတ်သတ်မည်ဟုကြေညာကာ ပြည်ဂါတ်ဝင်းအတွင်း အများပြည်သူကို ပြသထားခဲ့စဉ်

(ရက်စက်ကြမ်းကြုပ်ကာ သွေးဆာနေသည့် ဗြိတိန်စစ်သားများကြောင့် အပြစ်မဲ့ မြန်မာတောင်သူဦးကြီးပေါင်း များစွာနှင့် ၎င်းတို့၏ ဇနီးသည်များ အသေဆိုးဖြင့် သေခဲ့ကြရသည်။)

 ဗြိတိန်စစ်သားများ၏ ရက်ရက်စက်စက်ခေါင်းဖြတ် သတ်ခံခဲ့ရသူ တောင်သူလယ်သမား အာဇာနည် ဆရာစံ

ဗြိတိန်စစ်သားများနှင့် ပျော်ပါးနေသည့် ဒေါ်အောင်ဆန်းစုကြည်

Saturday, October 26, 2013

ဒုက္ခသည် ၇၀၀ ကျော် အီတလီ ကယ်တင်

စစ္စလီ ရေလက်ကြားမှာ နေ့ရောညပါ ပြုလုပ် နေတဲ့ ဒုက္ခသည် စောင့်ကြည့်ရေး လုပ်ငန်းစဉ် တွေအတွင်း လူပေါင်း ၇၀၀ ကျော်ကို ကယ် တင်ခဲ့ပြီလို့ အီတလီ အာဏာပိုင်တွေက ပြော ပါတယ်။

ဒုက္ခသည် အများစုဟာ ဆီးရီးယားက ထွက်ပြေးလာ ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလ အစောပိုင်းက အီတလီ နိုင်ငံ ကမ်းလွန် ပင်လယ်ပြင် တဝိုက်မှာ သင်္ဘောတွေ မြုပ်လို့ ရွှေ့ပြောင်း ဝင်ရောက်လာသူ ၃ ရာကျော် သေဆုံး ခဲ့ရပြီးနောက် ဥရောပ သမဂ်ဂကနေ ကင်းလှည့် စောင့်ကြည့်မှုတွေကို တိုးမြှင့် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့အပြီး အီတလီက အခုလို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လူတွေကို ကယ်ဆယ်ရမှုတွေဟာ နေ့စဉ်လိုလို ဖြစ်နေပြီး အများစုကို အီတလီက လမ်ပီဒူဇာ ကျွန်းကို ခေါ်ဆောင်သွားကြတာ ဖြစ်ပါတယ်။ အဲဒီ ကျွန်းပေါ်က ဒုက္ခသည်တွေအတွက် ဆောက်ထားတဲ့ အဆောက်အဦး တွေမှာလည်း သတ်မှတ်ထားတဲ့ အရေအတွက်ထက်ကို ၂ ဆလောက် ထားနေရတယ်လို့ ဆိုပါတယ်

ဗုဒ္ဓဘာသာလူနည်းစုကို အစ္စလမ်ဘာသာ လူများစုမှ အကြမ်းဖက်တိုက်ခိုက်မှုတွင် မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်


 မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်း အထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ် ဆောင် သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။

မလေးရှား၌ အောက်တိုဘာ ၁၈ရက်ကတိုက်ခိုက်ခံရပြီး ဒဏ် ရာရ ကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက် အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသမီးအမည်မှာ မဝေမာလင်းဖြစ်ပြီး အောက်တို ဘာ၁၈ရက်က ၎င်း၏အမျိုးသား နှင့်အတူ အလုပ်မှ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မလေး ရှားနိုင်ငံရှိ အမ်းဘန်းမြို့ဆေးရုံ ၌ ဆေးကုသခံနေရသည်။
အဆိုပါအမျိုးသမီးနှင့်ပတ် သက်၍ သီတဂူအထောက်အကူ ပြုအဖွဲ့မှ ဦးအောင်မြင့်က ''အခု ပြန်လာတဲ့သူတွေကို သွားကြိုရင်း ဓားခုတ်ခံရ တဲ့ ကောင်မလေးတက် နေတဲ့ ဆေးရုံကို သွားကြည့်ဖြစ် တယ်။ ယောက်ျားဖြစ် သူကပြန် လာဖို့ အခက်အခဲရှိတယ်လို့ပြော တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန် တော်တို့ဘက်က လေယာဉ်စီးလို့ ရမယ့်အနေအထား ရတာနဲ့ မြန်မာ နိုင်ငံ ပြန်ခေါ်လာလို့ရအောင် ကူ ညီပေးမှာဖြစ် တယ်''ဟု ပြောသည်။

ယင်းကဆက်လက်၍ အ ဆိုပါအမျိုးသမီး၏ အခြေအနေ စိုးရိမ်ရဖွယ် ရှိကြောင်း၊ ပြင်းထန် စွာ တိုက်ခိုက်ခံရသည့်အတွက် လက်နှစ်ဖက်နှင့် ဦးခေါင်းမှာ ဓား ဒဏ်ရာရရှိပြီး လက်တစ်ဖက် မှာ ပြန်ဆက်၍ ရကြောင်း၊ ဆေးဝါး ကုသရန်လိုအပ်နေပြီး လေယာဉ် စီးနိုင်သည့် အနေအထားကို ရောက် ရှိပါက မြန်မာနိုင်ငံတွင် ပြန်လည် ကုသနိုင်ရန် ကူညီမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

သီတဂူအထောက်အကူပြု အဖွဲ့မှ ဦးပီဂျေစန်းမောင်က ''ဆရာ တော်က မလေးရှားမှာ ဒုက္ခရောက် နေသူတွေကို ကူညီပေးချင်နေ တာဖြစ်တယ်။ အခုလဲ မလေးက ကမ့်ထဲမှာရှိတဲ့ မြန်မာတွေထဲက ပြန်လာချင်တဲ့သူတွေ မလေးရှား လူဝင်မှုကြီးကြပ်ရေးကို ပေးဆောင် ရမှာတွေကို ရရှိထားတဲ့အလှူငွေ တွေထဲကနေ ဆက်လက်ကူညီ ပေးဖို့ရှိပါတယ်'' ဟုပြောသည်။

မဝေမာလင်းမှာ ပါးနှစ်ဖက် တွင် ဓားဒဏ်ရာရရှိသောကြောင့် မေးရိုး အစားထိုးရမည်ဖြစ်ပြီး ဆေး ကုသစရိတ် ရင်းဂစ် ၄ဝဝဝခန့် ကုန် ကျရန် အလှူငွေလိုအပ်နေပြီး ဓားဖြင့်ခုတ်ရန်စေခိုင်းသူ အမျိုး သမီးနှင့် ဓားဖြင့်ခုတ်သူ သုံးဦးကို မလေးရှားနိုင်ငံ အမ်းဘန်းမြို့ရဲ တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း မလေးရှားရောက်မြန်မာများ၏ ပြောပြချက်အရ သိရသည်။

 
Twitter Bird Gadget