ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, February 26, 2014

ဘင်္ဂလီများက ဘင်္ဂလီနေအိမ်များကို ၀င်ရောက်ဓါးပြတိုက်ကာ ရဲများဓါးပြတိုက်သည်ဟု သတင်းလွှင့်သည့် ဖြစ်ရပ်မှန် အဖြေရှာတွေ့


 
မောင်တေနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော ဌါနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများကို နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ခိုက်နေသည့် ဘင်္ဂလီများမှာ ဇာတ်တူသားစားသကဲ့သို့ ချမ်းသာသည့် ဘင်္ဂလီနေအိမ်များကို ၀င်ရောက် ဓါးပြတိုက်ကာ ရဲတပ်ဖွဲ့ဝင်များမှ ဓါးပြတိုက်နေသည်ဟု သတင်းမှားများ ထုတ်လွှင့်ခဲ့ ခြင်းမှာ ဖြစ်ရပ်အမှန်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့က မောင်တောမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တိုးတိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှာ မြို့ပေါ်ရွှေဆိုင်များတွင် ဘင်္ဂလီလူမျိုး (၅)ဦးခန့်မှ ရွှေထည်ပစ္စည်းများ လိုက်လံရောင်းချ နေကြောင်းသတင်းအရ စုံစမ်းရှာဖွေခဲ့ရာ သိန်း(၅၀)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ‘ယာဆိန်’ရွှေဆိုင်တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။
ရွှေထည်ပစ္စည်းများ လာရောက်ရောင်းချသူများမှာ အဒူမော်လောက် (ဘ) ဘာဆာမျှာ၊ အာဇီဇူရာမန် (ဘ) အဒူရှုကူရ်၊ မာမတ်အာယု (ဘ) မာမတ်ကာဆိမ်း၊ မာမတ်အာလောင် (ဘ) ဟာဆောင်းအာလီနှင့် အေနာမ်မူလာ (ဘ) ရော်ရှိတ်ဒူလာတို့ဖြစ်ပြီး ၄င်းတို့ထံမှ ရွှေထည်ပစ္စည်း (၁၆)မျိုး တန်ဖိုး သိန်း(၅၅၇၇၀၀၀)ကျပ်ကို သက်သေများနှင့်အတူ တွေ့ရှိရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေထည်ရောင်းချလာသူများကို စုံစမ်းစစ်မေးခဲ့ရာ ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်(၁)နာရီအချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ရှော်ဘီအူလာ (၆၂)နှစ်၊ (ဘ) နော်ဇီရာမောက်၏ နေအိမ်ကို သွားရောက်ပြီး ဓါးပြတိုက်၍ ရရှိလာသော ရွှေထည်များဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရကြောင်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်တိုးတိုးမှ ပြောကြားသည်။

“ပထမတော့ မသင်္ကာတဲ့အတွက် ခေါ်ယူစစ်ဆေးလိုက်တာပါ။ အဲဒီမှာ သူတို့လာရောင်းတဲ့ရွှေထည်တွေက ဓါးပြတိုက်လို့ရလာတဲ့ ပစ္စည်းတွေဖြစ်ပြီး အခုလာရောင်းတဲ့သူတွေကလည်း ဓါးပြတွေဖြစ်နေတာဖြစ်ပါ
တယ်။အဲဒီ ငါးဦးထဲမှာ တစ်ဦးပဲ အစိုးရကျောင်းထွက်ဖြစ်ပြီး ကျန်လေးဦးက ဘင်္ဂလီအာရဗီကျောင်းထွက်တွေဖြစ်နေပါတယ်။ မောင်တောမြို့မှာ ဓါးပြမှုတွေဖြစ်လို့ရှိရင် ရဲတိုက်တယ်လို့ သတင်းဌါနတစ်ချို့က မဟုတ်မမှန် သတင်းလွှင့်နေတာတွေ အခုမှ ဘင်္ဂလီတွေလက်ချက်ဆိုတာ
ဖော်ထုတ်နိုင်ပါပြီ။”ဟု ဆက်လက်ပြောပြသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တောမြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကမ္ဘာကျော်နေတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မြင်ကွင်း ဓါတ်ပုံ ဗွီဒီယို






သားနဲ့ သမီး ဆုံးရှုံးလိုက်ရလို့ သောကမီးတောက်လောင်နေတဲ့ မိဘရဲ့ ရင်နင့်ဖွယ် မြင်ကွင်းတွေနဲ့ ထိုင်းနိုင်ငံ က အဖြစ်ဆိုးတခုက အခု ထိုင်းမီဒီယာတွေသာမက ကမ္ဘာ့မီဒီယာတွေမှာလည်း ဖော်ပြနေကြပါ တယ်။
သားနဲ့ သမီးဟာ မကြာသေးခင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြသူတွေကို ရည်ရွယ်ပစ်ခွင်း လိုက်တဲ့ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးသွားတဲ့အခါ ကျန်ရင်တဲ့ ဖခင်ရဲ့ ပူဆွေးသောကဖြစ်နေ ပုံတွေပါ။
ဘယ်လောက်ထိ ကျေကွဲခံစားနေရမယ်ဆိုတာ ဒီပုံတွေနဲ့ ဈာပနချတဲ့ ဗီဒီယို မြင်ကွင်းတွေနဲ့ ခန့်မှန်း နိုင်ပါ တယ်။

ဘယ်လိုမှ မျှော်လင့်မထားဘဲ ဆန္ဒပြမှုတွေထဲလည်း မပါဝင်တဲ့ မိသားစုတစုက ကလေးငယ် ၂ ဦး ဟာ လောကကြီးက ရုပ်တရက် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ရပြီး ကျန်ရစ်သူ မိသားစုသာ မက ထိုင်း နိုင်ငံသားတွေ၊ နိုင်ငံတကာ မိသားစုတွေကလည်း ဒီမြင်ကွင်းကြောင့် ထပ်တူ ကြေကွဲကြရမှာ

မျိုးစောင့် ဥပဒေနှင့် ပတ်သက်သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာ ယနေ့ လွှတ်တော် တင်ပြမည်





နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

နိုင်ငံတစ်ဝန်းရှိ ရဟန်းသံဃာနှင့် ပြည်သူလူထု ၁၃ သန်းကျော်က လက်မှတ် ရေးထိုး ဆန္ဒပြုထားပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသက နိုင်ငံတော် သမ္မတထံ ပေးပို့ထားသော မျိုးစောင့် ဥပဒေနှင့် ပတ်သက်သည့် နိုင်ငံတော် သမ္မတ၏ သဘောထား သဝဏ်လွှာကို ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့) ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြား တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက မျိုးစောင့် ဥပဒေများ ပြဋ္ဌာန်းရန် နိုင်ငံတော် သမ္မတမှ တစ်ဆင့် တိုက်တွန်းထားခြင်း ဖြစ်ပြီး ယင်းသဝဏ်လွှာကို နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းထံ ပေးပို့ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းဖို့ ကောက်ထားတဲ့ လက်မှတ်တွေ အကြောင်း သဝဏ်လွှာမှာ ပါတယ်လို့ ပြောပါတယ်” ဟု လွှတ်တော်ရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရွာမ ဆရာတော်ကြီး ဦးဆောင်၍ ပြဋ္ဌာန်းပေးရန် တိုက်တွန်း တောင်းဆိုသည့် ဥပဒေများမှာ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေတို့ ဖြစ်ကြောင်း လွှတ်တော်နှင့် နီးစပ်သူများက ပြောဆိုသည်။

အဆိုပါ ဥပဒေများမှာ နက်နဲ သိမ်မွေ့သည့် ဘာသာ သာသနာ ကိစ္စရပ်များ ဖြစ်၍ ပြည်ထောင်စု လွှတ်တော်က လိုအပ်လျှင် ဥပဒေအဖြစ် ပြဋ္ဌာန်း ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမ္မတက ပေးပို့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ရှင်းပြသည်။

မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး အတွက် အင်းစိန်ရွာမ ဆရာတော် ဦးဆောင်သည့် လှုပ်ရှားမှုများ ၂၀၁၃ ခုနှစ် နှစ်လယ်ခန့်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ဆန္ဒမဲ လက်မှတ်များ လိုက်လံ ကောက်ယူခဲ့သည့် အပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် အနီး၌ ပရိသတ် ၂၇,၀၀၀ ကျော် တက်ရောက်သည့် မျိုးစောင့် ဥပဒေ ဟောပြောပွဲ တစ်ရပ် ကျင်းပခဲ့သည်။

သို့သော် အထက်ပါ သဝဏ်လွှာနှင့် ပတ်သက်၍ မသိရှိကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မူဆလင် ဆန့်ကျင်ရေးရုပ်ရှင် YouTube က ဖြုတ်ဖို့ တရားရုံးဆုံးဖြတ်





ဗွီဒီယိုတွေတင်ထားတဲ့ YouTube အင်တာနက်စာမျက်နှာထဲက မူဆလင်ဆန့်ကျင်ရေး ဗွီဒီယိုတခုကို ဖြုတ်ပစ်ဖို့ အမေရိကန် အယူခံတရားရုံးတရုံးက Google ကုမ္ပဏီကို အမိန့်ထုတ် ညွှန်ကြားလိုက်ပါတယ်။

Innocence Muslims ဆိုတဲ့ ဗွီဒီယိုထဲမှာ တမန်တော် မိုဟာမက်ကို မကောင်းမြင် ပုံဖော်ထားတာကြောင့် နိုင်ငံတကာမှာ အမျက်ဒေါသထွက်ပြီး ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါ။

လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ၂၀၁၂ ခုနှစ် စက်တင်ဘာလက ၀င်ရောက် တိုက်ခိုက်ခဲ့ချိန်နဲ့ အဲဒီဗွီဒီယို YouTube ပေါ်မှာ တက်တဲ့အချိန်က တိုက်ဆိုင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန် သံအမတ် အပါအ၀င် အမေရိကန် နိုင်ငံသားလေးဦး  သေဆုံးခဲ့ရပါတယ်။

ဗွီဒီယိုကိုဖြုတ်ပေးဖို့ YouTube ကို တရားစွဲဆိုလျှောက်ထားခဲ့တဲ့ သရုပ်ဆောင်အမျိုးသမီးတစ်ဦးကို ဆန်ဖရန်စစ္စကိုမြို့ အမှတ် ၉ အမေရိကန် Circuit Court ကနေ အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဗွီဒီယိုဇာတ်လမ်းဟာ မူဆလင် ဆန့်ကျင်ရေးဆိုတာကို မသိဘဲ လှည့်ကွက်မိပြီး သရုပ်ဆောင်ခဲ့တာပါလို့ အမျိုးသမီးကပြောခဲ့ပြီး အဲဒီဗွီဒီယိုကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများစွာကို ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

အမေရိကန် USAID အကြီးအကဲရဲ့ မြန်မာ့ခရီးစဉ်



မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီး အားကောင်းခိုင်မာလာစေဖို့  ကူညီဆောင်ရွက်ပေးမှု တစိတ်တပိုင်းအနေနဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ် USAID အကြီးအကဲ Dr. Rajiv Shah ဟာ မနက်ဖြန်ဆိုရင် မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ဖို့ ရှိပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့တော့ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

USAID အကြီးအကဲ Dr. Shah ဟာ ဖေဖ၀ါရီလ ၂၇ ရက်နေ့ကနေ ၂၈ နေ့အထိ မြန်မာနိုင်ငံ ရန်ကုန်နဲ့ နေပြည်တော်ကို ရောက်ရှိမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုတွေ ပိုမို နက်နက်ရှိုင်းရှိုင်းနဲ့ အားကောင်းလာစေဖို့အတွက် အရပ်ဖက် လူမှုအသိုင်းအ၀ိုင်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အကူအညီ ပေးသွားမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်အတိုင်း USAID အနေနဲ့ ဆောင်ရွက်နေရာမှာ အခု Dr. Shah ခရီးစဉ်ဟာ ဒီပိုင်းဖြတ်ဆောင်ရွက်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်းမှာတော့ Dr. Shah အနေနဲ့ အစိုးရပိုင်းရော အရပ်ဖက်က ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံပြီး၊ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ရန်ကုန် အမေရိကန်သံရုံး အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“Dr. Shah အနေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင်းအပြင် အခြားဖွံ့ဖြိုးရေးဆိုင်ရာ လက်တွဲဘက် အဖွဲ့တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ USAID ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပုံစံသစ်အရ ဆန်းသစ်ပြီး အလုံးစုံ ဖွံ့ဖြိုးမှုဖြစ်လာဖို့ဆိုတဲ့ USAID ရဲ့ ပိုင်းဖြတ်ချက်ကို အဓိက အလေးပေး ဆွေးနွေးသွားမှာပါ။”

Dr. Shah အနေနဲ့ မနက်ဖြန် ရန်ကုန်မှာ အရပ်ဖက် လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ရှိသလို၊ ကျေးလက်ဖွံ့ဖြိုးရေး အရှိန်အဟုန် ကောင်းမွန်လာရေးအတွက် လက်တွဲ ဆောင်ရွက်မှုရဲ့ ထိရောက်မှုဆိုတဲ့ ခေါင်းစဉ်နဲ့လည်း မနက်ဖြန်ညနေပိုင်း ရန်ကုန် UNOPS ရုံးဝင်းထဲမှာ မိန့်ခွန်းပြောဆိုမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာရှိစဉ်ပဲ သောက်ရေသန့် ကူညီထောက်ပံ့ရေး အစီအစဉ်တခုကိုလည်း ဖွင့်လှစ်ပေးသွားဖို့ ရှိပါတယ်။

“ပိုပြီးကျန်းမာတဲ့ မြန်မာပြည်အတွက် လက်တွဲဖက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မှာ P&G ကုမ္ပဏီနဲ့အတူလုပ်မယ့် တကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ Global Development Alliance ရဲ့ ပထမဆုံးလှုပ်ရှားမှုကို Dr. Shah အနေနဲ့ ရန်ကုန်မှာ ဖွင့်လှစ်ပေးပါလိမ့်မယ်။ အဲဒီအစီအစဉ်ဟာ ၀မ်းရောဂါကြောင့် သေဆုံးရတဲ့ အရေအတွက် သိသိသာသာ ကျဆင်းသွားဖို့ သောက်ရေသန့် လီတာ သန်း ၁၀၀ ခန့် အကူအညီပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။”

အမေရိကန်သံရုံး တာဝန်ရှိသူက ပြောဆိုသွားတာပါ။ ပုဂ္ဂလိကပိုင်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့အခါ စိုက်ပျိုးရေးအခြေခံတဲ့ စီးပွားရေးနဲ့ မိုဘိုင်းနည်းပညာပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာအောင် ဘယ်လို ကြိုးပမ်းဆောင်ရွက်နိုင်မလဲဆိုတာ အလေးပေး ဆွေးနွေးလိမ့်မယ်လို့ သိရပါတယ်။

နေပြည်တော်မှာတော့ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အစိုးရနဲ့ USAID အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံကို Dr. Shah အနေနဲ့ လာရောက်တာဟာ ဒါ ဒုတိယမြောက် ဖြစ်ပါတယ်။ မနှစ်ဆန်းပိုင်းတုန်းက ပထမဆုံးအကြိမ် လာခဲ့တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အလှူရှင်အဖွဲ့အစည်းတွေထဲမှာ USAID ရဲ့ ထိစပ်ဆောင်ရွက်မှုတွေကို အားအရဆုံးဖြစ်တယ်လို့ TBC (The Border Consortium) ရဲ့ စီမံကိန်းဒါရိုက်တာ ဒေါ်နီလာမြိုင်က ပြောပါတယ်။

“အလှူရှင်တွေအားလုံးပေါ့နော် နိုင်ငံတကာ အလှူရှင်တွေထဲမှာတော့ သူတို့ရဲ့အလုပ်ကို အားအရဆုံးလို့ ပြောရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ civil society group တွေနဲ့လည်းပဲ သေသေချာချာ ထိထိရောက်ရောက် ဟိုဟာပေါ့လေ အမြဲတမ်း တိုင်ပင်တယ်။ ဆွေးနွေးတယ်။ အမြဲတမ်း ထိစပ်မှုရှိတယ်။ အသံနားထောင်တယ်ပေါ့။ ပြီးသွားတဲ့အခါကျတော့ civil society တွေ လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့က နောက်ကွယ်ကနေ အမြဲတမ်း ထောက်ပံ့ပေးတယ်ပေါ့လေ။ လိုအပ်တဲ့ နည်းပညာပိုင်းအရရော၊ ငွေကြေးအရရော၊ အားလုံးကို အမြဲတမ်း ထောက်ပံ့ပေးတယ်ပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ USAID ကိုတော့ အားရပါတယ်။”

မေး။          ။ Dr. Shah အခုလာတယ်ဆိုရင် ဒုတိယမြောက် လာတာပေါ့နော်။ Dr. Shah လာခြင်းအားဖြင့်ရော လက်ရှိ လုပ်ငန်းတွေနဲ့ပတ်သက်လို့ ဘယ်လောက်အထိ အထောက်အပံ့ဖြစ်စေနိုင်မလဲ။
ဖြေ။           ။ “တစ်အချက်ကတော့ ဘာလဲဆိုရင် အစိုးရနဲ့ပတ်သက်ပြီးတော့ ပေါ်လစီပိုင်း၊ ဘာဖြစ်လို့လဲဆိုတော့ အခု လတ်တလော အခြေအနေမှာ ဒီအသင်းအဖွဲ့တွေ မှတ်ပုံတင်ရေးနဲ့ပတ်သက်တဲ့ ဥပဒေပေါ့နော်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ နောက်ဆုံး သူတို့ အတည်ပြုဖို့ရှိပါတယ်။ ဒီအချိန်မှာ ရောက်လာတယ် ဘာညာဆိုတော့ သူတို့ရဲ့ ဖိအားလေးနဲ့ ဘာနဲ့ဆိုရင် ကိုယ်လိုချင်တဲ့ ပုံစံလေးများ ထွက်လာမလား အဲ အဲ့ဒါလေးလည်း မျှော်လင့်တယ်ပေါ့။”

USAID အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးနေတဲ့ အထဲမှာတော့ ၅ နှစ်အောက် ကလေးငယ်သေဆုံးမှုနှုန်း လျော့ကျလာစေဖို့ ဆိုတာကို ရည်မှန်းချက်ထား ဆောင်ရွက်နေတာရှိပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးတွေအတွက်လည်း ဆောင်ရွက်နေတာ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကပဲ USAID က ဦးဆောင်ပြီးတော့ Cisco၊ Google၊ HP၊ Microsoft တို့ပါတဲ့ အမေရိကန်က အဆင့်မြင့် နည်းပညာ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး၊ အုပ်ချုပ်ရေးစနစ်မှာ ပွင့်လင်းမြင်သာမှု ရှိလာရေးအတွက် digital နည်းပညာ ပိုမို ကျယ်ပြန့်စေဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ လာရောက် လေ့လာစူးစမ်းမှုတွေ လုပ်ခဲ့ပါတယ်။

အမျိုးသားကြီးတစ်ဦး ခေါ်ဆောင်ရာ လိုက်မိရာက အဓမ္မပြုကျင့်ခံရဟုအမှုဖွင်


ဇော်ဇော်ထွေး

အမည်မသိ အမျိုးသားကြီးတစ်ဦး၏ ခေါ်ဆောင်ရာသို့ လိုက်ခဲ့မိရာ အဓမ္မပြု ကျင့်ခံလိုက်ရသည်ဟုဆို၍ တိုင်တန်းမှုတစ်ခုကို လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းက ဖေဖော်ဝါရီ ၂၃ တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နံနက် ၉ နာရီအချိန်က လှိုင်သာယာ (၆)ရပ်ကွက်ရှိ အဆောင်တစ်ခုတွင်နေထိုင်သည့် အထည် ချုပ်စက်ရုံတစ်ခုမှ အသက် (၁၇)နှစ်ရှိ အမျိုးသမီးသည် မိဘများနေထိုင်ရာ ထန်းတပင်မြို့နယ်သို့ သွားရန် ကားဂိတ်သို့ တစ်ဦးတည်းထွက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအချိန်တွင် အမည်မသိ၊ အသက် (၄၀)နှစ်ခန့်ရှိ လူမြင်မှတ်မိ အမျိုးသားတစ်ဦးက မိတ်ဆက်စကားပြော ပြီး ဆိုင်ကယ်နှင့် လိုက်ခဲ့ရန်နှင့် ဆိုင်ကယ်ကယ်ရီ ခပေးစရာမလိုကြောင်း ပြောသဖြင့် လိုက်ပါသွားခဲ့ သည်ဟု ကာယကံရှင်က ရဲတိုင်ရာတွင် ပြောပြထားသည်။

ထို့နောက် ဆိုင်ကယ်သမားက ပြစရာရှိသည်ဟု ပြောဆိုပြီး (၅)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုသို့ ခေါ်သွား ပြီး အခန်းတွင်းသို့ အရောက်တွင် ခုတင်ပေါ်သို့ တွန်းလှဲကာ သားမယားအဖြစ်တစ်ကြိမ်ပြုကျင့်လိုက်သည်ဟု ဆိုထားသည်။

ထို့ကြောင့် အဆိုပါ အမျိုးသားအား အရေးယူပေးရန် ကာယကံရှင် အထည်ချုပ်စက်ရုံအလုပ်သမက စွပ်စွဲ တိုင်တန်းထားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာရဲ စခန်းက (ပ)၂၂၇/၂၀၁၄ ဖြင့်အမှုဖွင့်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သံသယရှိသူ အသက် (၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်သွားမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

Tuesday, February 25, 2014

မောင်တောမှာ ရဲစခန်း (၄) ခု တိုးချဲ့ချသွားမယ်


ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေး တိုးမြှင့်သွားဖို့ ရှိပါတယ်။

ဘင်္ဂ္လားဒေခ့်ျနဲ့ ကပ်ရပ်တည်ရှိတဲ့ ရခိုင်ပြည်နယ်က မောင်တောမြို့နယ်မှာ နောက်ထပ် ရဲစခန်း (၄) ခု ကို ထပ်မံ တိုးချဲ့ချသွားမှာ ဖြစ်ပါတယ်။

ရဲစခန်းတွေ ထပ်မံ တိုးချဲ့ချထားရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာ အရာရှိကြီးတွေဟာ မနေ့ကဘဲ အဲဒီနေရာတွေကို သွားရောက် စစ်ဆေး ကြည့်ရှု့ခဲ့ကြကြောင်း သိရပါတယ်။

များမကြာမီက ပြဿနာ ပေါ်ပေါက်ခဲ့တဲ့ ဒုချီးရားတန်း ကျေးရွာဟာလည်း အခု ရဲစခန်း (၃) ခု တိုးချဲ့ ချမယ့် မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိပြီး စခန်းတစ်ခုစီမှာ တပ်ဖွဲ့ဝင်အား (၄၅) ဦးနဲ့ ဖွဲ့စည်းပုံ အပြည့်ချသွားမယ်လို့ မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူး ဦးရွှေသန်းက ပြောပါတယ်။

ခေတ်မီလက်နက်တွေ တပ်ဆင်ရေးကတော့ အထက်ကို တင်ပြထားတုန်းဘဲလို့ ရဲမှူးကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်ကို အရင်ကတော့ နစက တပ်ဖွဲ့ဝင်တွေက လုံခြုံရေး တာဝန်ယူခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်း ပြီးတဲ့ နောက်ပိုင်းမှာ နစကကို ဖျက်သိမ်းပြီး ရဲတပ်ဖွဲ့ဝင်တွေကို အစားထိုး တာဝန် ချထားခဲ့တာ ဖြစ်ပါတယ်။

များမကြာမီကတော့ ဒုချီးရားတန်း ပြဿနာ ပေါ်ပေါက်ခဲ့ပြီး လုံခြုံရေးတိုးမြင့်မယ့် ရည်ရွယ်ချက်နဲ့ နောက်ပိုင်းမှာ ခုလို ရဲစခန်း (၄) ခုကို တိုးချဲ့ချထားဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။



လုံခြုံရေး တာဝန်ယူနေတဲ့ မြန်မာ ရဲတပ်ဖွဲ့ဝင်တွေ

မြန်မာအပေါ် လက်နက်ပိတ်ဆို့မှု အမေရိကန် ပြန်ရုတ်သိမ်းနိုင်


အာရှ ပစိဖိတ်ဒေသတခွင် လုံခြုံရေး တိုးမြှင့်ချဲ့ထွင်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေအပေါ် စစ်လက်နက်ပစ္စည်းအရောင်းအ၀ယ် ပိတ်ဆို့တားဆီးထားတာတွေကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပြုရေးဆီကို ဦးတည်သွားနိုင်တယ်လို့ ဗြိတိန်အခြေစိုက် IHS Jane’s ခေါ် စစ်တပ်နဲ့ ကာကွယ်ရေးလုပ်ငန်းများဆိုင်ရာ အထူးပြုလေ့လာရေးသားနေတဲ့ စာစောင်က ပြောပါတယ်။

လက်ရှိအနေနဲ့ မြန်မာနဲ့ ဗီယက်နမ်ကို စစ်လက်နက်ပစ္စည်းတွေ မရောင်းချနိုင်ပေမဲ့၊ အဲဒီနိုင်ငံတွေမှာ လူ့အခွင့်အရေးကိစ္စလို ပြဿနာမျိုးတွေ ဖြေရှင်းလာနိုင်တာနဲ့အမျှ လက်နက်အရောင်းအ၀ယ်တွေကို ပြန်လည်ခွင့်ပြုလာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေး စစ်ရေးဗျူရို၊ စစ်ရေး ကုန်သွယ်မှု ထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Kenneth Handelman က IHS Jane’s စာစောင်ကို ပြောကြားခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ လေကြောင်းပြပွဲရဲ့ ပြင်ပမှာ စာစောင်က သီးခြားတွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။ အမေရိကန်အစိုးရမှာ အာရှပစိဖိတ်နိုင်ငံတွေနဲ့ စစ်ရေးအရ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာရှိနေတာနဲ့အညီ၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေဆိုင်ရာ မူဝါဒလည်း ပြောင်းလဲသွားနိုင်ပါတယ်၊ အဲဒီနိုင်ငံတွေနဲ့အတူ လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးကို မိမိတို့ စလျှောက်နေပါပြီ၊ ဒါပေမဲ့ လက်နက်အရောင်းအ၀ယ်နဲ့ ပတ်သက်လာရင်တော့ လူ့အခွင့်အရေးကိစ္စဟာ အင်မတန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်လို့ လက်ထောက်ဝန်ကြီး Kenneth Handelman က ပြောဆိုကြောင်း Jane’s စစ်ရေးစာစောင်က ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာတဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ပြန်လည်ရုတ်သိမ်းလိုက်ကြပေမဲ့၊ စစ်လက်နက်ပစ္စည်း အရောင်းအ၀ယ် ပိတ်ဆို့မှုကိုတော့ မရုတ်သိမ်းဘဲ၊ ဆက်လက်ချမှတ်ထားပါတယ်။



 
Twitter Bird Gadget