Wednesday, July 3, 2013
မြန်မာ့သမီးကောင်း
ဒီဓါတ်ပုံများအား facebook မြန်မာသမီးကောင်းမှ ကူးယူဖေါ်ပြပါသည်။
အလှမှာ တစ်မူ ၊ မြန်မာမူရယ်နဲ့  ...၊
ယဉ်ချက်က ကမ်းကုန်တယ် ........၊
ဘယ်မှာ ကွပ်လပ်ဖြည့် စရာနဲ့  ......၊
ထောက်ပြစရာ အပြစ်အနာအဆာရယ်လို့  ...၊
ဒီလိုမျိုး မြန်မာမအလှမှာ ရှိသေးရဲ့လား .......။ ။
မြန်မာ့သမီးကောင်း
အသွင်သဏ္ဍန် မြန်မာဟန်နှင့် .........
အေးဆေးတည်ငြိမ် သူရုပ်သွင် ........
သူ့ရုပ်သဏ္ဍန် ၊ သူပုံဟန်နှင့် သည်အလှတရား အမည်စွက်ရလျှင်......
မြန်မာ မိန်းကလေး တစ်ယောက်အဖို့  ..
ပြီးပြည့်စုံတဲ့ အလှ .....၊ တည်ငြိမ်ရင့်ကျက်တဲ့ အလှတွေနှင့် ............
အိနြေ္ဒတွေဖုံး အလှဆုံးမို့  မည်သည်အလှမှ တုနိုင်းယဉ်ပြိုင် မလုနိုင် ...။ ။
မြန်မာ့သမီးကောင်း
ပုံစံလေးက မြန်မာဆန်မူကို ပြနေတယ် ...
မျက်နှာလေးက တည်ငြိမ်မူကို ပြနေတယ် ...
ဆေးရောင် မချယ်တဲ့ ပုတုံးရောင် ဆံကေသာက
သဘာဝအလှကို ညွှန်းဆိုနေတယ် ....................။
အားလုံးထက် အေးဆေးလွန်းတဲ့ ....
မြန်မာဆန်ဆန်အ၀တ်အစားနဲ့ အမြင်တင့်တယ် ....။
ရိုးရိုးလေး မိတ်ကပ်မလိမ်းပဲ ......
ရှင်မတောင်လေးနဲ့  အလှချယ် အိုယဉ်စွနှမငယ် ....။
သူ့  အလှ....
ဝတ်ပုံ ၊စားပုံ မြန်မာမူပုံ နှင့် ...
ပြောပုံ ၊ ဆိုပုံ ပျူငှာပြေပြစ် ....
မြန်မာမ အစစ်မို့  ................
အစဉ်တင့်ပေ ဂုဏ်ကျက်သရေ .........။ ။
မိန်းကလေးချင်းချင်း .... လူချင်းတူလဲ ၊
မူချင်းမတူ ၊ ဂုဏ်ရည်မတူ ...............
မြန်မာမူ့ နှင့် ထိန်းသိမ်းစဉ်လာ ..........
ဂုဏ်တင့်စွာ .....................................။ ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment