Thursday, August 22, 2013

ဆရာကြီး ဒဂုန်တာရာ မိသားစုထံ သမ္မတဦးသိန်းစိန် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့


Aug 22, 2013

ဆရာကြီး ဒဂုန်တာရာ မိသားစုထံ သမ္မတဦးသိန်းစိန် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့


ငြိမ်း ချမ်းရေး စာရေးဆရာကြီး ဒဂုန် တာရာ၏ မိသားစုထံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က
ပုဂ္ဂိုလ်ရေး ဝမ်းနည်းကြောင်းသဝဏ်လွှာ တစ်စောင်နှင့် ဆရာကြီး၏ဈာပနအတွက် ကူငွေ
ကျပ်နှစ်သိန်း ကို သက်ဆိုင် ရာ ဒေသအာဏာ ပိုင်များမှတစ်ဆင့် ယနေ့ ညနေ ပိုင်းက
ပေးပို့ခဲ့ကြောင်း မိသားစု ဝင်တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ပြောကြားသည်။

''အခုလေးတင်ပဲ စာအိတ်ဖွင့်ကြည့်လိုက်ပါတယ်။သမ္မတကြီးထံကဝမ်းနည်းကြောင်းသဝဏ်
လွှာနဲ့နာရေးကူငွေကျပ်နှစ်သိန်းရယ်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရဲ့နာရေးကူညီငွေကျပ်တစ်သိန်း
ရယ်ကိုလက်ခံရရှိပါတယ်''ဟု အဆိုပါမိသားစုဝင်ကပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆရာကြီးဒဂုန်တာရာအား အောင်ပန်းမြို့မင်းဂူသုသာန်တွင်
မီး သင်္ဂြိုဟ်ခဲ့သည်။ ဈာပနအခမ်း အနားသို့ ကျော်ကြားသော နိုင်ငံ ရေးသမားများ၊
စာပေအနုပညာ ရှင်များနှင့် ဆရာကြီးကို ချစ်ခင် သော ပြည်သူများကလိုက်လံ
ပို့ ဆောင်ခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget