Saturday, August 10, 2013

စစ်တွေ ဘင်္ဂါလီ ပဋိပက္ခ အစိုးရသတင်းထုတ်ပြန်ချက်

စစ်တွေ ဘင်္ဂါလီ ပဋိပက္ခ အစိုးရသတင်းထုတ်ပြန်ချက်



စစ်တွေမြို့နယ်၌ အလောင်းတစ်လောင်း တွေ့ရှိရာမှ ရဲတပ်ဖွဲ့ ဝင်များအား အကြမ်းဖက်မှု အခိျု့ ပြုလုပ်လာခဲ့သဖြင့် သက်ဆိုင်ရာက ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။

ယနေ့ (သြဂုတ်လ ၉ ရက်နေ့) နံနက် ၈ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မှန်စီကျေးရွာ မှန်စီချောင်းဝတွင် အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက မှုခင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ပတ်ဝန်းကျင်ကျေးရွာများမှ ဘဂင်ဂါလီလူမျိုးများက လာရောက်ကြည့်ရှု ခဲ့ကြောင်း၊ ကြည့်ရှုသူအင်အား ၅၀၀ ခန့်ဖြစ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ပြောကြားစဉ် အာလန် (၁၆ နှစ်) က ဒုတိယ ရဲမှူးဌေးဝင်းအား ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ကျန်လူများ ကလည်း ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်ဖြင့် သတိပေး ပစ်ခတ် တားဆီးခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ်လူစုခွဲမှုကြောင့် သုံးဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်ဖွယ် မရှိကြောင်း၊ ပြန်လည် ဆုတ်ခွာသွားသော လူအုပ်စုများက အုန်တောကြီး ရဲကင်းအား မီးရှို့ခဲ့သဖြင့် ယာယီ လူနေတဲလေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ၊ မီးရှို့ဖျက်ဆီးသူ ရှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘုမေကျေးရွာအုပ်စု ကော်ကာဒီရွာနှင့် သုံးဖာလုံခန့် အကွာ ပင်လယ်ဝတွင် ငါးဖမ်းလှေတစ်စင်း နစ်မြှုပ်ခဲ့ရာ လှေပေါ်ပါသူ
ဘဂင်ဂါ ခုနစ်ဦးအနက် အဒူရော်ရှိ (၃၄နှစ်) ဆိုသူ တစ်ဦးပျောက်ဆုံးခဲ့ကြောင်း ၊ ယခုတွေ့ရှိရသော အလောင်းမှာ ရေနစ် သေဆုံးသော အလောင်းဖြစ်နိုင်သဖြင့် အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးရှိ ဘောဒူဖရွာတွင် စုဝေးနေသော လူအုပ်စုအား ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့မှ တာဝန်ရှိသူများက အခြေအနေကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget