Monday, August 19, 2013

တိုင်းရင်းသားကလေးငယ်လေး အကူအညီလိုအပ်နေ

Aug 19, 2013

မွေးရာပါရောဂါဖြင့် ခွဲစိတ်ကုသရန်လိုအပ်နေသော တိုင်းရင်းသားကလေးငယ်လေး အကူအညီလိုအပ်နေ


ဒီတစ်လသားလေးကတော့တကယ်ကိုကံဆိုးရှာသူလေးပါ။မိခင်ဖြစ်ဖြစ်သူမချိုပြုံးသူ့ကို
မွေးဖွားစဉ်က မွေးရာပါစအိုကြီးနေတာကြောင့် အရပ်လက်သည်က
မမွေးဖွားရဲတော့
တာကြောင့် ကလေးကိုယ်တပိုင်းထွက်တန်းလန်းနဲ့ရွာငံဆေးရုံကို ထော်လာဂျီနဲ့ ပြေးရတာပါ။
ရွာငံဆေးရုံမှာ မွေးဖွားပြီးပေမယ့် မွေးရာပါစအိုကြီးတာက ပိုဆိုးရွှားလာတာကြောင့်
ရွှာကလူတွေ စုဆောင်းပေးလိုက်တဲ့ငွေလေးနဲ့မန္တလေးဆေးရုံကိုလာတက်ကြတာပါ
ကလေးဟာခွဲစိတ်ဖို့လိုအပ်နေပြီး မိဘတွေကငွေကြေးမတတ်နိုင်တာကြောင့်အခက်အခဲ
ဖြစ်နေရပါတယ်။မိဘတွေကတော့အဖေ ကိုအောင်ဆန်းဝင်း အမေ မချိုပြုံးပအိုဝ်
တိုင်းရင်းသားတွေပါ။နေတာကတော့ ရွှာငံမြို့နယ် လက်ပံပင်ကျေးရွှာဖြစ်ပါတယ်။
ကလေးငယ်ဟာ မန္တလေး ကုတင်
၅၅၀ဆန့် ကလေးဆေးရုံသစ် ခွဲစိတ်ရုံ(၂) မှာ
တက်ရောက်ကုသနေပါတယ်။

ကလေးငယ်အတွက်ဆက်သွယ်လှူဒါန်းလိုတယ်ဆိုရင်တော့ မန္တလေးမြို့ ကုတင်၅၀၀
ကလေးဆေးရုံ ခွဲစိတ်ရုံ(၂)သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထားပြီး
တင်ပြပေးလိုက်ရပါသည်။

0 comments:

Post a Comment

 
Twitter Bird Gadget