Wednesday, August 21, 2013

၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ကျင်းပမည်

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-prn1/1150267_504152319673324_625731571_n.png
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ကျင်းပမည်
--------------------------------------------------
•၂၅ - ၈ - ၂၀၁၃ နံနက်ပိုင်းတွင် သာသနာအလံတော်များကို ကြိုတင် လွင့်ထူကြ
ရမည်။

•၂၆ - ၈ - ၂၀၁၃ နေ့တွင် ဥပုသ်သီတင်း တည်ဆောက်ခြင်း လှူဒါနပြုလုပ်ခြင်း၊
တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊ ပရိတ်ပဋ္ဌာန်းစသော တရားတော်များ စုပေါင်း
ရွတ်ပွားခြင်း၊ မေတ္တာဘာဝနာ စုပေါင်းပို့သခြင်း၊ သြ၀ါဒခံယူပွဲများ ကျင်းပခြင်း၊ ဓမ္မဟောပြောပွဲများ၊ တရားပွဲများ ကျင်းပခြင်းတို့ကို စွမ်းနိုင်သမျှ ဆောင်ရွက်ကြ ရပါမည်။

•၂၇ - ၈ - ၂၀၁၃ နေ့ မွန်းလွဲပိုင်းတွင် အလံတော်များကို ပြန်လည်သိမ်းဆည်
နိုင်ကြပါသည်။

•FaceBook သုံးစွဲသူများ အနေဖြင့် နိုင်ငံတော်ဘာသာနေ့ ကို ပါဝင် ဆင်နွှဲရန်အတွက် ၂၅-၈-၂၀၁၃ နေ့နံနက်ပိုင်းမှ စတင်၍ သာသနာ့ အလံတော် များ ကို မိမိ Profile များတွင် Change ပေးပါရမည်။

ကျင်းပရခြင်း ရည်ရွယ်ချက်
----------------------------
အမျိုး-ဘာသာ-သာသနာ နှင့် နိုင်ငံတော် ကိုမြတ်နိုးတန်ဖိုးထား၍ ကာကွယ်စောင့်ရှောက်လိုစိတ်များထက်သန်ကြစေရန်။

ယဉ်ကျေးသော ဘာသာတရား အဆုံးအမများကို လိုက်နာ၍ ကုသိုလ်ကောင်းမှုများကို ဆောင်ရွက်ကြနိုင်စေရန်။

ဗုဒ္ဓဘာသာဝင်များ၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်အင်အားကို မေတ္တာတရားဖြင့်တည်ဆောက်၍ ဘာသာအချင်းချင်း လေးစားသော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်။


ထေရဝါဒ ဓမ္မကွန်ရက်

ထေရဝါဒ ဓမ္မကွန်ရက် ကို တိပိဋကဓရ ဆရာတော်ကြီးများ၏ ဩဝါဒ ကိုခံယူကာ ဘာသာရေးအသင်းအဖွဲ့များ စုစည်းချိတ်ဆက်၍
၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၆ နေ့ (နိုင်ငံတော်ဘာသာ ၅၁ နှစ်မြောက်နေ့) တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

0 comments:

Post a Comment

 
Twitter Bird Gadget