ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးနောက် ဗိုလ်ချုပ်၏ မိခင်ကြီး ပြောခဲ့သည့် စကား
အောင်ဆန်းဟာ ငယ်ငယ်ကလေးကစပြီး မှုန်တေတေနှင့် ဘာကလေးပဲလုပ်လုပ် စိတ်ပါလက်ပါ လုပ်လေ့ရှိတယ်။ ဘ၀င်းကတော့ သူ့လိုမဟုတ်ဘူး။ အမြဲ အေးအေးစက်စက်နှင့် စကားနည်းတယ်။ အခုတော့ အောင်ဆန်းဟာသူ အလွန် မုန်းတီးရွံရှာတဲ့ ချောင်းမြောင်းလုပ် ကြံတဲ့နည်းနဲ့ပဲ ကွယ်လွန်သွားရှာပြီ။ တိုင်းပြည်တစ်ခုလုံး ပူဆွေးတာတွေ ကြားရ မြင်ရတော့ သားနှစ်ယောက်ဆုံးရတဲ့ စိတ်မချမ်းသာမှုနှင့် အတူ ကျဆုံးကြသူ အပေါင်းပါ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ ဆွေမျိုးတစ်စုဟာ အဒေါ်နှင့် ကံတူအကျိုးပေးပေါ့။ တိုင်းပြည်က ဒါလောက် အားထား လေးစား ကြည်ညိုတဲ့သားတွေကို မွေးထုတ်ရလို့ ဂုဏ်ယူမိပေတဲ့ ငယ်ငယ်ရွယ်ရွယ် အသေဆိုးနှင့် သေသွားကြတာကိုတော့ သနားပြီး ယူကျုံးမရ ဖြစ်မိတယ်။ နောက်ဆုံး မှာကြားလိုတာကတော့ သေတဲ့လူတွေလည်း သေကုန်ကြပြီ။ လူဆုံးရုံမက တိုင်းပြည်ရဲ့ အခွင့်အရေးတွေ မဆုံးရှုံးဖို့နှင့် သူ့ကို အားကိုးလေးစားကြသလို နောက်တက်လာတဲ့ ခေါင်းဆောင်များရဲ့ ညွှန်ကြားချက်ကို တိုင်းပြည်ရှိတဲ့ လူထုက ယုံယုံကြည်ကြည် လေးလေးစားစားနှင့် လိုက်နာကြပြီး လိုလားတဲ့ ခရီးကို ရောက်ရင်ဖြင့် အဒေါ်မှာ ခံစားရတဲ့သား နှစ်ယောက်ဆုံးရတဲ့ အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် သားအောင်ဆန်း အမြဲပြောလေ့ရှိတဲ့ လူထုတောင့်ထား ဆိုတဲ့အတိုင်း လုံးဝလွတ်လပ်ရေး မရမချင်း ဖဆပလအဖွဲ့ချုပ်ကြီးကို လုံးဝ ထောက်ခံအားပေးပြီး ညီညာဖြဖြ သူချခဲ့တဲ့ လမ်းစဉ်အတိုင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုတာပါပဲ။
0 comments:
Post a Comment