ဒီကောင်လေးကတော့ 2014 အတွက် အကြိုထုတ်လိုက်တဲ့.. 1-Click Maintenance လို့ နာမည်ပေးထားတဲ့ ဝင်းဒိုးတွေရဲ့အဓိက နေရာတွေဖြစ်တဲ့၊ ဝင်းဒိုးကို အဓိက လေးစေတဲ့ Clean
Registry, Defragment Registry, Remove Broken Shortcuts, Clean up
Windows and Programs, Clean up Browser, Optimize System Startup and
Shutdown, Defragment Hard Disk စတဲ့ နေရာတွေကို
တချက်ကလစ်ပေးလိုက်ယုံနဲ့ ရှင်းလင်းပေးမှာ ဖြစ်လို့.. လေးတတ်၊ နှေးတတ်၊
ဟမ်းတတ်တဲ့ စက်တွေမှာ ဆိုရင်တော့ မရှိမဖြစ် ဆောင်ထားရမယ့်
ဆော့ဝဲလ်ကောင်းလေးပါပဲ..။ အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ
ဆက်သုံးပါ..။ System ပိုင်းတွေကို ရှင်းလင်းပေးမယ့် ပရိုဂရမ်လေး
ဖြစ်တဲ့အတွက် အသုံးမပြုခင် မိမိတို့ရဲ့စက်ကို Restore Point လေးတွေနဲ့
Recover လုပ်ထားရမှာပါ..။
ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံလို့ရအောင် ဒေါင်းလော့ဖိုင်လေးထဲမှာ
patch နှင့် crack ဖိုင်၂-ခု ထည့်ပေးထားပြီး မိမိတို့အတွက် အသုံးပြုလို့
အဆင်ပြေမယ့် တခုနဲ့သာ ဖူးဖြစ်အောင် လုပ်ပေးရမှာပါ..။ ကျနော်ကတော့ patch
ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုပြထားပါတယ်..။ ဒီပိုစ့်တွက်
patch ဖိုင်ထည့်နည်းက တခြား ဆော့ဝဲလ် patch ထည့်နည်းတွေထက် နည်းနည်း
လုပ်နည်း မတူတဲ့အတွက် ဒီ patch ဖိုင်လေးကို အသုံးပြုတတ်အောင်နဲ့ ဒီ
ဆော့ဝဲလ်ကို ကျနော် သုံးထားတဲ့ ပုံလေးတွေပါ ပြပေးထားပါတယ်..။
စက်ကိုသွက်လက်အောင် လုပ်ပေးနိုင်တဲ့ ဒီဆော့ဝဲလ်လေးကို လိုအပ်တဲ့
သူများးကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 53 MB
ရှိပါတယ်..။
ဒါကတော့ Install ထည့်တဲ့ ပုံလေးတွေပါ..။ Install ပြီးမှ Patch ထည့်နည်းကို ဆက်ကြည့်ပေးပါ..။
Install ပြီးသွားရင်တော့ အောက်ကပုံလေးတွေ အတိုင်း PATCH နဲ့ ဖူးသုံးလို့ ရအောင် အရင် လုပ်ပေးလိုက်ပါ..။
Patch ဖိုင်လေးထဲမှာ Tuneup 2014 Activator လို့ နာမည်ပေးထားတဲ့ ကောင်လေးကို အောက်ကပုံလေးတွေအတိုင်း ထည့်ပြီး Run ပေး လိုက်ပါ..။
ဒုတိယ စာကြောင်းနေရာမှာ နာမည် ရိုက်ထည့်ပေးပါ..။
နောက်စာကြောင်း နေရာမှာ ကျနော်က အောက်ကပုံလေးအတိုင်း ရိုက်ထည့်ပေးလိုက်ပါတယ်..။
အပေါ်က ပုံအတိုင်း Exit စာသားလေး ပေါ်လာရင်တော့ ကီးဘုတ်မှ ကီးတခုခုကို
နှိပ်ပေးလိုက်ရင် ရပါပြီ..။ ဒါဆိုရင် ဒီကောင်လေးကို ဖူးသုံးလို့
ရသွားပါပြီ..။ ဖွင့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာပါ..။
ကျနော်ကတော့ အင်တာနက်ကို ပိတ်ပြီး အသုံးပြုပါတယ်..။
Start နေရာကို နှိပ်ပြီး အသုံးပြပေးယုံ ပါပဲ..။
Run Maintenance စာသားလေး ပေါ်လာရင် ကလစ်ပြီး ရှင်းပေးလိုက်ယုံပဲ..။
အမှန်ခြစ်လေး ပေါ်လာရင်တော့ ပိတ်ပြီး စက်ကို Restart ပေးလိုက်လို့ ရပါပြီ..။
ပိုမို အသုံးပြုလိုရင်တော့ အပေါ်ပုံမှာ ပြထားတဲ့ Go to Dashboard ကို
ကလစ်ပြီး အောက်ကပုံမှာ မြင်ရတဲ့ အတိုင်း တခုစီ လိုက်ပြီး
အသုံးပြုနိုင်ပါတယ်..။
တခြား Features တွေ အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။ အားလုံးပဲ အဆင်ပြေပါစေ..။
လွင်မင်းဗိုလ် မှ ကူးယူ ဖေါ်ပြပါသည်။
0 comments:
Post a Comment