Tuesday, September 10, 2013

မလေးရောက် မြန်မာများ အတွက် တာဝန်ယူကြောင်း အလုပ်သမား ၀န်ကြီးပြော

 
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရှိ အမှိုက် သိမ်းယာဉ်တချို့၏ နံပါတ်ပြား များသည် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံရမည့်အစီအစဉ်တွင် မပါဝင် သော်လည်း ယာဉ်များမှာဟောင်း နွမ်းနေပြီး မော်တော်ယာဉ်တစ်စီးပြည့်စုံရမည့် အချက်တချို့ မပါဝင်သောကြောင့် ဟောင်းနွမ်း ယာဉ်များကို ဖျက်သိမ်းသင့် ကြောင်း ခရီးသွားတချို့က ပြော ကြားသည်။
စည်ပင်အမှိုက်ယာဉ်များနှင့် ပတ်သက်ပြီး ခရီးသွားတစ်ဦးက ပြောကြားရာတွင် ““အလုပ်သွားရင် ဈေးရှေ့က အမှိုက်ပုံမှာ အမှိုက် ကားပေါ်အမှိုက်တင်တာ မြင်နေ ရတယ်။ အမှိုက်ရွေးနေတာနဲ့ ကားကတော်တော်နဲ့ မထွက်ဘူး။ ကားကလည်း ချုံးချုံးကျနေပြီ။ တာမွေဘက်ရောက်တော့လည်း အမှိုက်ကားတစ်စီးရပ်ထားတာ အမြဲလိုလိုတွေ့ရတယ်။ အဲဒီက အနံ့အသက်က လိုင်းကားထဲ အထိစွဲပြီး ပါလာတယ်။ ညနေ အလုပ်က ပြန်တော့လည်း မြေနီ ကုန်းမှတ်တိုင်နဲ့ အမှိုက်သိမ်းကား က တစ်နေရာတည်းဆိုတော့ ကားစောင့်ရင်းနဲ့ အမှိုက်နံ့ ရှူနေ ရတယ်။ ကားတွေက အပြင်ပန်း ကြည့်ရတာမကောင်းဘူး။စည်ပင် အနေနဲ့ အလုံပိတ်ကားတွေဝယ် ပြီး အစားထိုးသင့်ပါတယ်”” ဟု ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင် နယ်နိမိတ် (၃၃) မြို့နယ်၌ နေ ထိုင်သော ပြည်သူ (၅) သန်း ကျော်ရှိကာ ၎င်းင်းတို့စွန့်ပစ်သော အမှိုက်များကို သန့်ရှင်းရေး ၀န်ထမ်း (၄၀၀၀) ကျော်ဖြင့် နေ့ ဆိုင်း၊ ညဆိုင်းခွဲပြီး သိမ်းဆည်း ပေးနေရကြောင်း အမှိုက်သိမ်း ယာဉ်အသစ်များကိုလည်း ၀ယ် ယူဖြည့်တင်းပေးထားကြောင်း လည်း သိရသည်။   

0 comments:

Post a Comment

 
Twitter Bird Gadget