Monday, September 16, 2013

ဒုက္ခသည် စခန်းတစ်ခုတွင် ဘင်္ဂါလီနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွား


ပေါက်တောမြို့နယ်၊ ဆင်တက်မှော်ကျေးရွာ ဒုက္ခသည်စခန်းတွင်  ဘင်္ဂါလီလူမျိုး ငါးရာခန့်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား    ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရကြောင်း သတင်းရရှိသည်။

ဆင်တက်မှော်ကျေးရွာရှိ ဒုက္ခသည်စခန်းတွင် စက်တင်ဘာ ၁၄ ရက်က ဘင်္ဂါလီလူမျိုးများနှင့် ကမန်လူမျိုးများအကြား ခိုက်ရန် ဖြစ်ပွားခဲ့သည်။ ဦးဆောင်သူ ဘင်္ဂါလီလူမျိုးသုံးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ၀ိုင်းဝန်းရန်ရှာခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
““တပ်မတော်က မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲတာပါ။ ဥပဒေအတိုင်း ဆက်လုပ်နေပါတယ်””  ဟု   ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောသည်။

ယင်းဒုက္ခသည်စခန်းတွင် ကမန်လူမျိုးများအား နေရာချထားပေးမှုကို မကျေနပ်သော ဘင်္ဂါလီလူမျိုးများက စတင်ရန်ပြုခြင်းဖြစ်ပြီး ဦးဆောင်သူ သုံးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိထားသည်ဟုလည်း ဒေသခံများက ပြောသည်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကမန်လူမျိုးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသော်လည်း သက်ဆိုင်ရာမှ အတည်ပြုချက်မပေးချေ။ ခြောက်လှန့်ပစ်ခတ်လူစုခွဲရာတွင် ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိသည်ဟု ဒေသခံများက ပြောသော်လည်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သီးခြားအတည်ပြုချက်မပေးသေးပေ။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုတွင် ဦးဆောင်သူများကို စစ်ဆေးနေပြီး တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

0 comments:

Post a Comment

 
Twitter Bird Gadget