Saturday, September 21, 2013

ကျွန်းစုမြို့၌ ဦးခေါင်းခွံနှင့် မျက်လုံးပေါက်မပါရှိသော ကလေးငယ်တစ်ဦး မွေးဖွား



မြိတ် စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ သဇင်လမ်းနေ ဦးကျော်စွာမင်း၏ ဇနီးဖြစ်သူ မသူဇာဝင်း (၂၇)နှစ်၊ (ဘ) ဦးမြင့်အေး၊ ကျဘမ်းလုပ်ကိုင်သူသည် စက်တင်ဘာလ (၁၉)ရက်နေ့ ည (၉း၄၈)နာရီအချိန်ခန့်တွင် နေအိမ်၌ အရပ်လက်သည်ဖြင့် သမီးမိန်းကလေးတစ်ဦးမွေးဖွားခဲ့ရာ အဆိုပါကလေးငယ်တွင် ခြေလက်အင်္ဂါပြည့်စုံစွာပ...ါရှိသော်လည်း ဦးခေါင်းငယ်ထိပ် ဦးခေါင်းခွံမပါရှိဘဲ မျက်စိပေါက်အရာသာ ပါရှိကြောင်း၊ ကလေးငယ်၏ နှာခေါင်းမှာလည်း ပီပြင်စွာမပါရှိဘဲ ပါးစပ်ပေါက်နှင့် တဆက်တည်းဖြစ်လျှက် နှုတ်ခမ်းကွဲနေကာ မွေးဖွားလာခဲ့ကြောင်း သိရသည်။

၎င်းမိခင်နှင့်ကလေးအား ထိုနေ့ည (၁၀း၃၀)နာရီအချိန်ခန့်တွင် နေအိမ်မှ ကျွန်းစုမြို့နယ် ပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ ကလေးငယ်အား စက်တင်ဘာလ (၂၁) ရက်နေ့အထိ အောက်စီဂျင် ပေးထား၍ အသက်ရှင်လျှက်ရှိပြီး ကျွန်းစုမြို့နယ် ဒေသခံပြည်သူများမှ ၄င်းကလေးငယ်အား လာရောက်ကြည့်ရှုလျှက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

 
Twitter Bird Gadget