ယခုတလော မည်သည့်နေရာ၊
မည်သည့်ပွဲပဲဖြစ်ဖြစ် ရှေ့ဆုံးမှမြောက်ကြွမြောက်ကြွမိုက်ကိုင်ပြီး
တက်ရောက်လာသူပရိတ်သတ်များစိတ်ပျက်ဖွယ်ကောင်းလောက်အောင် ပြောဆိုနေကြသည်မှာ
နိုင်ငံရေးသမားယောင်ယောင်၊ဟိုယောင်ယောင်၊ဒီယောင်ယောင် ထောင်ထွက်များပင်ဖြစ်သည်။
နိုင်ငံတော်သမ္မတကြီး၏ စေတနာဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေသည့်ကာလတွင် နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား ကျရာနေရာမှ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၄င်းတို့အား လွှတ်ပေးခဲ့သည့်အချိန်က ပြည်သူအများမှ
မျှော်လင့်တကြီးဖြင့် ကြိုဆိုခဲ့ကြဖူးသည်။

သို့သော်.....တဖြည်းဖြည်းဖြင့်
အချိန်ကာလကြာရှည်သောအခါ မယောင်ရာဆီလူးများ၊ တိုင်းပြည်၏
တိုးတက်ရာတိုးတက်ကြောင်းကို ဖျက်ဆီးနေကြသူများ၊ ၄င်းတို့ရောက်ရှိသည့်
နေရာတိုင်းတွင် ကောင်းကျိုးများ ဖြစ်ပေါ်လာသည်မရှိဘဲ
မတည်မငြိမ်မှုများဖြစ်ပေါ်ခြင်း၊ အမျိုးမျိုးသောဆန္ဒပြပွဲများ ကို
လုပ်ဆောင်နေသူများအဖြစ်
ပြည်သူများက သတိပြုမိလာခဲ့ပြီဖြစ်သည်။
ပြည်သူများက သတိပြုမိလာခဲ့ပြီဖြစ်သည်။
ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှလည်းနိုင်ငံရေးအမည်ခံ လုပ်စားများအကြောင်းအား
ဖော်ထုတ်ရေးသားခဲ့သည်ကို တွေ့ရမည်ဖြစ်ပေသည်...။

0 comments:
Post a Comment