Monday, September 30, 2013

ရန်ကုန် လေဆိပ်တွင် ၃၉ သိန်းခန့် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းမိ

ရန်ကုန်လေဆိပ် ပြည်တွင်း ထွက်ခွာ၌ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မှမြိတ်သို့ ထွက်ခွာမည့် လေကြောင်းလိုင်းတွင် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ရန်ကုန်မှမြိတ်သို့ ထွက် ခွာမည့် မြန်မာ့လေကြောင်း UB-Special ဖြင့် တင်ဆောင်ရန် ကျော်စွာဝင်း ၂၄ နှစ် အဲကမ္ဘောဇ လေကြောင်းလိုင်း အငယ်တန်း စာရေး မြဝတီ မင်းကြီးလမ်း ဆယ်မိုင်ကုန်းရပ်ကွက် အင်းစိန် မြို့နယ် နေသူသည် အဖြူရောင်ကြွပ် ကြွပ်အိတ်ကြီး တစ်လုံးဖြင့် ထည့်ထား သော TV ဂိမ်းစက်အား X-Ray စက် တွင်ဖြတ်သန်းစဉ် ၎င်းဂိမ်းစက်အတွင်း ၌ မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် ကျော်စွာဝင်းအား ၎င်းယူဆောင်လာသော TV ဂိမ်းစက်နှင့် အတူ လေကြောင်း ရဲတပ် ဖွဲ့မှူးရုံး (ရန်ကုန်)သို့ ခေါ်ယူ၍ သက်သေများ ရှေ့တွင် ဖွင့်ဖောက်စစ်ဆေးရာ ခရမ်းရောင် TV ဂိမ်းစက်အတွင်းမှ အဝါရောင် တိတ်များဖြင့် ပတ်လျက် အပြာရောင် ပလတ်စတစ် အိတ်ငယ်များ ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင် နှစ်ပြား ပေါင်း ၂ဝဝ ပြားပါ သုံးထုပ်၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၆ ပြား၊ အစိမ်းရောင် နှစ်ပြားပေါင်း ၁၉၈ ပြားပါ တစ်ထုပ်၊ ပေါင်းအထုပ်ငယ် လေးထုပ် စုစုပေါင်း ဆေးပြား ၇၉၈ ပြား အလေးချိန် ၇၉ ဒသမ ၈ ဂရမ်ခန့် ကာလတန်ဖိုး ငွေကျပ် ၃၉၉ဝဝဝဝ ကျပ် အား သိမ်းဆည်း ရမိခဲ့သည်။
ကျော်စွာဝင်း၏ ထွက်ဆိုချက် အရ ဆေးပြားများ ပါသည့် ဂိမ်းစက်အား ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် လက်ကိုင်ဖုန်း အမှတ် ဝ၉-၃၁၇၃၇၁၃၇ ကိုင်ဆောင်သည့် အမည်မသိ အမျိုးသား တစ်ဦးမှ လာရောက် ပေးခဲ့ခြင်း ဖြစ်ပြီး မြိတ်မြို့ရှိ လက်ကိုင်ဖုန်း အမှတ် ဝ၉-၁၆၆၇ဝဝ၉ ကိုင်ဆောင်သည့် ဦးနောင်ကို ၄၃ နှစ် ဆိုင်ကယ် ကယ်ရီမောင်း ထုံးဘိုလမ်း ကမ်းမြားရပ် မြိတ်မြို့ နေသူထံသို့ ပို့ဆောင်ပေးရန် ဖြစ်ကြောင်း သိရသည်။ မူးယစ် တပ်ဖွဲ့စု (၃၄) ကော့သောင်းမှ ဦးနောင်ကို ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအား ဆက်သွယ်၍ ယင်းနေ့မွန်းလွဲ ၁ နာရီ ၅ဝ မိနစ်တွင် ဦးနောင်ကိုအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကာ တရားခံများအား စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

 
Twitter Bird Gadget