“အရင်ကထက်စာရင် အများကြီးသက်သာလာတယ်။ ဆရာဝန်တွေက လေကောင်းလေသန့်ရဖို့ သူ့ကို သီးသန့်ဆောင်မှာ ထား ထားပါတယ်။ လေကောင်းလေသန့်ရဖို့ မိသားစုတွေနဲ့အတူ ၀ှီးချဲသုံးပြီး အပြင်ကို သွားခိုင်း တယ်။ သူဆရာဝန်တွေကိုတွေ့ရင် လက်အုပ်ချီတယ်။ သိပ်ပြီး
လှုပ်ရှားလို့မရသေးဘူး။ အသိ စိတ်တော့ရှိပါတယ်။ မိသားစုတွေ၊ လာကြည့်တဲ့အနုပညာရှင်တွေကိုတွေ့ရင် နည်းနည်းပါးပါး မှတ်မိပါတယ်။ သူလုံးဝ အကောင်းကြီးတော့ မဟုတ်သေးဘူးပေါ့။ သူ့ရဲ့ခန္ဓာကိုယ်က ဆေးရဲ့သက်ရောက်မှုကို လက်ခံနိုင်ပြီး တိုးတက်မှုမြန်တယ်လို့
ပြောရင်ရပါတယ်”ဟု သူငယ်ချင်းဖြစ်သူက ပြောဆိုခဲ့သည်။
ဆိုတေး၏ ကျန်းမာရေးအခြေအနေကို အနုပညာရှင်များလည်း မန္တလေးမြို့အထိလာရောက်ကာ အားပေးလေ့ရှိကြကြောင်း၊ ဆိုတေး၏ကျန်းမာရေး အပြည့်အ၀ကောင်းမွန်သည်အထိ မန္တလေးပြည်သူ့ဆေးရုံ၌ပင် ကုသမှု ခံယူသွားမည်ဖြစ်ပြီး ယခုအခါတွင်ဆေးကုသမှုခံယူသည်မှာ သုံးလနီးပါး ကြာမြင့်နေပြီဖြစ်သည်။







0 comments:
Post a Comment